Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

IS အဖွဲ့၏ ၀င်ငွေလမ်းအားပိတ်ဆို့ရန် အနောက်နိုင်ငံများအခက်တွေ့

$
0
0
အစ္စလာမ်မစ်နိုင်ငံတော် အိုင်အက်စ် စစ်သွေးကြအဖွဲ့၏ ၀င်ငွေရလမ်းများ အား ပိတ်ဆို့ရန် ကြိုးပမ်းနေသည့် အနောက်နိုင်ငံအစိုးရများမှာ အခက် အခဲများ ရင်ဆိုင်နေရသည်။ အိုင် အက်စ်စစ်သွေးကြအဖွဲ့သည် အီရတ် နှင့် ဆီးရီးယားနိုင်ငံအတွင်းရှိ ၎င်းင်း တို့သိမ်းပိုက်ထားသည့်ဒေသတွင် မာ ဖီးယားဂိုဏ်းတစ်ခုသဖွယ် လုပ်ဆောင် ၍ ၀င်ငွေရှာဖွေလျက်ရှိသည်။ ပုဂ္ဂလိ ကလှူဒါန်းမှုများအပေါ် မှီခိုသည့် အယ်လ်ကိုင်ဒါကွန်ရက်နှင့်မတူဘဲ အိုင်အက်စ်အဖွဲ့သည် အီရတ်နှင့်ဆီး ရီးယားရှိ နယ်မြေအများအပြားအား ထိန်းချုပ်ထားပြီး ခြိမ်းခြောက် ငွေ တောင်းခြင်း၊ ပြန်ပေးဆွဲခြင်း၊ ရေနံ နှင့် ရှေးဟောင်းပစ္စည်းများ မှောင်ခို ရောင်းဝယ်ခြင်းတို့ဖြင့် ၀င်ငွေရရှိနေ သည်ဟု လေ့လာသူများကဆိုသည်။

ထိုဝင်ငွေရလမ်းများကြောင့် အိုင် အက်စ်အဖွဲ့အား အနောက်နိုင်ငံများ က အရေးယူပိတ်ဆို့ရန် ခက်ခဲလျက် ရှိသည်။ နိုင်ငံပေါင်း ၁၆၀ ကျော်၏ ပိတ်ဆို့အရေးယူမှုက ဘဏ်များအ တွင်း အယ်လ်ကိုင်ဒါအဖွဲ့၏ ငွေကြေး စီးဆင်းမှုအား ရပ်တန့်စေနိုင်ခဲ့သော် လည်း အိုင်အက်စ်အဖွဲ့မှာမူ ၎င်းင်း ထိန်းချုပ်ထားရာဒေသအတွင်း ငွေ ၀င်လမ်းများရှိနေခဲ့သည်။ လျှော့ချ ခန့်မှန်းတွက်ချက်မှုများတွင်ပင် အိုင် အက်စ်အဖွဲ့၏ ၀င်ငွေမှာ နေ့စဉ်ဒေါ် လာတစ်သန်းခန့်ရှိပြီး ကမ္ဘာ့အချမ်း သာဆုံး အစွန်းရောက်အဖွဲ့ ဖြစ်လာ စေသည်။ အိုင်အက်စ်အဖွဲ့တွင် ငွေ ကြေးအမြောက်အမြားရှိနေသည်ဟု အမေရိကန်တာဝန်ရှိသူများကဆို သည်။ “အိုင်အက်စ်အဖွဲ့ဟာ ဒေသ ခံစီးပွားရေးလုပ်ငန်းတွေဆီက ငွေ ကြေးတောင်းခံနေပြီး သူတို့ထိန်းချုပ် ထားတဲ့လမ်းတွေပေါ်မှာ ဖြတ်သန်းတဲ့ ယာဉ်တွေကို အခွန်ကောက်နေပါ တယ်။ သူတို့ငွေရှာတဲ့ပုံက မာဖီးယား ဂိုဏ်းနဲ့ တူနေပါတယ်” ဟု အမေရိ ကန်အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။

အိုင်အက်စ်အဖွဲ့သည် သတင်း ထောက်များအား ပြန်ပေးဆွဲခြင်းဖြင့် ဥရောပအစိုးရများထံမှ ပြန်ရွေးငွေ ဒေါ်လာသန်းနှင့်ချီ၍ ရရှိခဲ့သည်ဟု စွပ်စွဲခံထားရသည်။ စစ်သွေးကြများ အားငွေမပေးရန် ၀ါရှင်တန်ကတောင်း ဆိုခဲ့သော်လည်း ထိုကဲ့သို့ ရရှိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ အိုင်အက်စ် အဖွဲ့ ထိန်းချုပ်ထားသည့် အီရတ်ဒု တိယအကြီးဆုံးမြို့ မိုဆူးလ်ရှိ ဘဏ် တစ်ခုမှ ဒေါ်လာသန်းရာနှင့်ချီ ရရှိခဲ့ သည်ဆိုသောသတင်းများမှာမူ တိကျ မှုမရှိဘဲ ပုံကြီးချဲ့ထားခြင်းဖြစ်သည် ဟု ကျွမ်းကျင်သူများကဆိုသည်။

အိုင်အက်စ်အဖွဲ့၏ အဓိက၀င်ငွေ ရလမ်းမှာ ဆီးရီးယားအရှေ့ပိုင်းရှိ ၎င်းင်းတို့သိမ်းပိုက်ထားသော ရေနံမြေ ၁၁ ခုဖြစ်သည်။ ထိုရေနံမြေများမှ ရေနံများအား ဈေးပေါပေါဖြင့်ရောင်း ချရာမှ နေ့စဉ် ဒေါ်လာ ၂ သန်းထိ ရရှိနိုင်သည်ဟုဆိုသည်။ ရေနံများ အား ထရပ်ကားများ၊ လှေများနှင့် လားများဖြင့်တင်ဆောင်ကာ အီရတ်၊ တူရကီ၊ ဂျောဒန်နှင့် အီရန်သို့ တင် ပို့ကာ လျှော့ဈေးရောင်းချလေ့ရှိသည်။ ရောင်းချရာတွင် ကမ္ဘာ့ပေါက်ဈေး ရေ နံတစ်စည်လျှင် ဒေါ်လာ ၁၀၀ အစား ၂၅ ဒေါ်လာမှ ဒေါ်လာ ၅၀ ကြားဈေးဖြင့် ရောင်းချသည်ဟုဆိုသည်။

KHTun

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...