Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

UNFC မှ နုတ်ထွက်ရန် KNU ၏ဆုံးဖြတ်ချက်ကို ကရင်အမျိုးသမီးများ အဖွဲ့ချုပ် ပြင်းထန်စွာဝေဖန်

$
0
0
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ နုတ်ထွက် ရန် ကရင်အမျိုးသားအစည်း အရုံး KNU ၏ ဆုံးဖြတ်ချက်အား ကရင် အမျိုးသမီးများ အဖွဲ့ချုပ် KWO က ဝေဖန်ပြောကြားလိုက်သည်။ UNFC မှ အပြည့်အ၀နုတ်ထွက်ပါက KNU ကို နိုင်ငံရေးအရ ပိုမိုထိခိုက်စေနိုင်သည်ဟု ကရင်အမျိုးသမီး ၄၉,၀၀၀ အား ကိုယ်စားပြုသည့် KWO အဖွဲ့၏ အတွင်းရေးမှူး ဒေါ်နော်ကညောဖော က ပြောကြားသည်။

“KNU က UNFC နဲ့ လက်တွဲလုပ်ကိုင်တာကို ရပ်ဆိုင်းလိုက်ရင် နိုင်ငံရေး အရ သေကြောင်းကြံသလိုဖြစ်သွားပါမယ်”ဟု ဒေါ် နော်က ညောဖော က ပြောကြားပြီး KNU က အဘယ်ကြောင့် ထိုသို့ ဆုံးဖြတ်ခဲ့သည် ကို ကရင်လူထု က အမြင်ရှုပ်ထွေး လျက်ရှိသည်ဟုဆိုသည်။

“ဒီလိုအရေးကြီးတဲ့အချိန်မှာ KNU ကဘာလို့ UNFC နဲ့ လက်တွဲမှုကို ရွှေ့ဆိုင်း ရလဲဆို တာနဲ့ ဆုံး ဖြတ်ချက်နောက်ကွယ်မှာ ဘာတွေက တွန်းအားပေးနေ လဲဆိုတာ နားမလည်ပါဘူး” ဟု ၎င်းကပြော ကြားခဲ့သည်။

KNU က UNFC သို့တင်သွင်းသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုချက်အား အဖွဲ့ဝင် အများစုက ငြင်းပယ်ခဲ့ပြီး နောက် KNU က UNFC တွင် ပါဝင်မှုအား ရပ်ဆိုင်းခဲ့သည်။ KIO က ဥက္ကဋ္ဌနေရာယူထားသည့် UNFC ၏ အထက်အောက်ခေါင်းဆောင်မှု အဆင့်ဆင့်ပုံစံအား မနှစ်သက်ကြောင်း KNU က ဖော်ပြခဲ့သည်။ KNU ၏ ဆုံးဖြတ်ချက်မှာ အရေးပါသည့် သက်ရောက်မှု တစ်ခုဖြစ်ခဲ့ပြီး လေ့လာသူနှင့်အဖွဲ့အစည်း ခေါင်းဆောင်အချို့က ထောက်ခံခဲ့ကာ UNFC မှာ KIO လွှမ်းမိုးမှုခံနေရသည်ဟု ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း KNU ၏ဆုံးဖြတ်ချက်က ငြိမ်းချမ်းရေးနှင့် တန်းတူ အခွင့်အရေးရရှိရေး၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ ကြိုးစားမှု ကို အားလျော့စေသည်ဟု သတိပေးမှုများ ထွက်ပေါ်လျက်ရှိသည်။

ဒေါ်နော်ကညောဖောက “ဒီအချိန်ဟာ တိုင်းရင်းသားလူမျိုးစုတွေ လက်တွဲဆောင်ရွက် ဖို့ အရေးကြီးတဲ့အချိန်ပါ။ ညီညွတ်ပြီး အားကောင်းတဲ့ မဟာမိတ်ဖြစ်ရမှာပါ။ တိုင်းရင်းသားလူနည်းစုတွေရဲ့ တန်းတူညီမျှမှုနဲ့ နိုင်ငံရေး ရည်မှန်းချက်တွေရရှိဖို့ အားလျော့စေတဲ့ KNU ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူ ပါဘူး။ KNU ကို UNFC မှာ အမြန်ဆုံးပြန်လည်ပါဝင်ဖို့ တောင်းဆိုပါတယ်” ဟု ဆိုသည်။

KNU နှင့်အစိုးရတို့ ၂၀၁၂ တွင် အပစ်အခတ်ရပ်စဲရေး အကြိုသဘော တူညီချက် ရရှိခဲ့သော်လည်း ကရင် ပြည်နယ်တွင် လူ့အခွင့်အရေးချိုး ဖောက်မှုများ ရှိနေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကဆိုသည်။ အစိုးရ (သို့) အစိုးရနှင့် ဆက်နွှယ်မှုရှိသည့် ကုမ္ပဏီများ၏ မြေသိမ်းယူမှုများရှိနေကြောင်း KHRG ၏ ၂၀၁၄ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုချိုးဖောက်မှုများအား KNU က သင်ခန်းစာယူသင့်သည်ဟု ဒေါ် နော်ကညောဖောကဆိုသည်။

KNU ၏ အထွေထွေ အတွင်းရေးမှူး ဖဒိုခွဲထူးဝင်းက ထိုဆုံးဖြတ်ချက်မှာ KNU က အခြား တိုင်းရင်းသား လူမျိုးစုများနှင့် လက်တွဲဆောင်ရွက်မှုအား စွန့်ခွာခြင်း မဟုတ်ဟု ပြောကြားခဲ့သည်။

“ဒါဟာ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက် မှုအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ ဥပမာ KNU က သီးခြားအဖွဲ့တစ်ခုအနေနဲ့ အခြားတိုင်းရင်းသား အဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ UNFC မှာမပါတဲ့ နိုင်ငံရေးအဖွဲ့ အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲဆောင်ရွက်သွားမှာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ထိခိုက်စေမှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

KHTun

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>