ခေတ်နှင့်အညီ ပြောင်းလဲလာသော ယနေ့အချိန်အခါတွင် သိသိသာသာ တိုးလာသော လူနေမှု ပုံစံများနှင့်အတူ ပုံစံမျိုးစုံဖြင့် ကျူးလွန်လာသော မှုခင်းများလည်း တိုးလာခဲ့သည်။
မှုခင်းမျိုးစုံ အများဆုံး ဖြစ်ပွားရာ နေရာ ဒေသများမှာလည်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ဒေသများတွင်မှ ပညာရည်၊ အတွေးခေါ် နိမ့်ပါးသော နေရာများတွင် ဖြစ်ပွားမှုများကာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် အခြေခံ လူတန်းစားများ နေထိုင်ရာ ဒေသများတွင် အများဆုံး ဖြစ်ပွားမှု များနေကြောင်းလည်း သိရသည်။ အဆိုပါ ဖြစ်ပွားသည့် မှုခင်းများတွင်လည်း လူသတ်မှု၊ မုဒိမ်းမှု၊ အုပ်စုဖွဲ့ကာ ဂိုဏ်းဂဏဆန်ဆန် လုယက် ကျူးလွန်မှုများမှာ များသထက်များ လာရာ အသေချာ သုံးသပ်ခြင်းအားဖြင့် လူနေမှုအဆင့်တန်း တွေးခေါ်ပုံနှင့်တကွ လူမှုဘ၀ စီးပွားရေး မပြေလည်မှုများကို ထင်ထင်ရှားရှား မီးမောင်းထိုးပြလို့နေသည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ ရာဇ၀တ်မှု များစွာတွင် ကျူးလွန်သူ လက်သစ်များကိုလည်း မြင်တွေ့နေရကာ အချို့မှာ ပုံစံတူ ပြစ်မှုကျူးလွန်မှုဖြင့် အရေးယူခံထားဖူးသူများ၊ အဆိုပါ ပြစ်မှုများမှ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများ၊ နည်းပါးလွန်းသော ထောင်ဒဏ်များကြောင့် ချုပ်ရက်ဖြင့်သာ လွတ်မြောက်လာ သူများလည်း ပါဝင်နေသည်ကို တွေရှိလာရပြီ ဖြစ်သည်။
ဒုစရိုက်သမားများ၏ လွတ်ငြိမ်းချမ်းသာခွင့်
မြန်မာနိုင်ငံ အပါဝင် နိုင်ငံအတော်များများတွင် နိုင်ငံ၏ အခါကြီး ရက်ကြီးများ၊ အမှတ်တရနေ့များတွင် လွတ်ငြိမ်းချမ်းသာခွင့် များပေးလေ့ရှိကာ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် များမှာလည်း အမှန်တစ်ကယ် လွတ်ငြိမ်းသင့်သည့် သူများကိုသာ ပေးအပ်သင့်ကြောင်းလည်း သိရသည်။
“လွတ်ငြိမ်းချမ်းသာဆိုတဲ့ နေရာမှာ အမှန်တစ်ကယ် ပေးသင့်တဲ့လူပဲ လွတ်ငြိမ်းချမ်းသာ ပေးသင့်တယ်၊ လူမဆန်အောင် ပြစ်မှုကျူးလွန်ခဲ့သူတွေနဲ့ ပြစ်ဒဏ် နှစ်များစွာ ကျခံသင့်တဲ့ ရာဇ၀တ်သားတွေကို လွတ်ငြိမ်းချမ်းသာ ပေးလိုက်တဲ့ အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်တယ်”ဟု ဥပဒေ ပညာရှင် တစ်ဦးမှ ထောက်ပြ ပြောကြားခဲ့သည်။
ယင်းနှင့် ပတ်သတ်၍ နိုင်ငံရေး သတင်းစာ ဆရာတစ်ဦင်္းမှလည်း “မြန်မာနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့လူ အများစုကပဲ အပြင်မှာ ရာဇ၀တ်မှုတွေ အများအပြား ဆက်တိုက် ကျူးလွန်နေတာ တွေ့ရတယ်။ အခုဆိုရင် ထောင်ကနေ လွတ်ပြီး ရက်ပိုင်းအတွင်းမှာတင် ဒုစရိုက်မှု ကျူးလွန်ပြီး ထောင်ထဲ ပြန်ဝင်ရတာတွေ ရှိလာတယ်။ ယင်းကဲ့သို့ ကျူးလွန်သူအတွက် အမှုကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ဥပဒေမှာရှိသည့် အတိုင်း သူ့နောက်ကြောင်းမှ ဖြစ်စဉ် အဟောင်းများကို မထောက်ထားဘဲ သက်ညှာစွာနဲ့ ထောင်ဒဏ် ၁၀နှစ်သာ ချမှတ်ခဲ့ခြင်းပင် ရှိခဲ့ဖူးသည်။ ယင်းကဲ့သို့သော တရားခံအား တစ်သက်တစ်ကျွန်း အထိပင် ပြစ်ဒဏ် ချနိုင်ကြောင်း တရားလွတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပြခဲ့သည်။
ဒါတွေ ဘာကြောင့်ဖြစ်လာလဲဆိုတော့ မြန်မာနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ ပုံစံဟာ နိုင်ငံတကာနဲ့ မတူဘူး။ ကွဲပြားခြားနားနေတယ်။ နိုင်ငံတကာမှာ ထောင်ထဲ ရောက်နေတဲ့ အကျဉ်းသား တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ သူ့ရဲ့ ခံယူချက်တွေ ကောင်းမွန်လာတယ်ဆိုရင် လူ့အဖွဲ့အစည်းကို ရောက်ရှိသင့်တဲ့ လူတစ်ယောက်လို့ ထောင်က ထောက်ခံပေးတယ်။ အပြစ်ဒဏ် မပြည့်ခင် ထောင်က လွှတ်ပေးတာတွေရှိတယ်။ မြန်မာနိုင်ငံမှာ ကျတော့ ပြစ်ဒဏ်များတဲ့ လူကို တစ်ဝက် လျှော့မယ်။ တစ်ဝက်ရှိတဲ့ လူကို တစ်စိတ် လျှော့မယ်။ တစ်စိတ်ရှိတဲ့ လူကို အကုန်လွှတ်ပေးတဲ့ စနစ်နဲ့ သွားတဲ့အခါကျတော့ တစ်ဦးချင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေကို မကြည့်ဘဲ လွှတ်ပေးတဲ့ အခါကျတော့ ရာဇ၀တ်မှုတွေ ပိုပြီး ပေါများလာတယ်။) ဒါတွေ ဘာကြောင့်ဖြစ်လာ လဲဆိုတော့ မြန်မာနိုင်ငံမှာ လွတ်ြှိုငိမ်းချမ်းသာခွင့်ပေးတဲ့ပုံစံဟာ နိုင်ငံတကာနဲ့ မတူဘူး။ကွဲပြားခြား နားနေတယ်။ နိုင်ငံတကာမှာ ထောင်ထဲရောက်နေတဲ့ အကျဉ်း သားတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင် ရာ ပြောင်းလဲမှုနဲ့ သူ့ရဲ့ခံယူချက် တွေ ကောင်းမွန်လာတယ်ဆိုရင် လူ့အဖွဲ့အစည်းကို ရောက်ရှိသင့် တဲ့လူတစ်ယောက်လို့ ထောင်က ထောက်ခံပေးတယ်။အပြစ်ဒဏ် မပြည့်ခင် ထောင်က လွှတ်ပေး တာတွေရှိတယ်။ မြန်မာနိုင်ငံမှာ ကျတော့ ပြစ်ဒဏ်များတဲ့လူကို တစ်ဝက်လျှော့မယ်။ တစ်ဝက်ရှိတဲ့ လူကို တစ်စိတ်လျှော့မယ်။ တစ် စိတ်ရှိတဲ့လူကို အကုန်လွှတ်ပေးတဲ့ စနစ်နဲ့ သွားတဲ့အခါကျတော့ တစ်ဦးချင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေကို မကြည့်ဘဲ လွှတ် ပေးတဲ့အခါကျတော့ ရာဇ၀တ်မှု တွေ ပိုပြီးပေါများလာတယ်။++ဟု သုံးသပ်ပြောကြားခဲ့သည်။
လွတ်ငြိမ်းချမ်းသာခွင့် နောက်ကွယ်
ပြီးခဲ့တဲ့လအတွင်း ဖြစ်ပွားခဲ့သော နာမည်ကြီး လူသတ်မှု တစ်ခုဖြစ်သည့် ဒုစရိုက်မှုများကို ထောင်ထဲမှာတင် ကျူးလွန်နေသော တရားခံ တစ်ယောက်သည် လွတ်ငြိမ်းချမ်းသာခွင့် အဆင့်ဆင့်နှင့် လွတ်မြောက်လာသောအခါ ယင်းထောင်ထဲတွင် ရှိနေစဉ် အချိန်က မိန်းမဖြစ်သူသည် နောက်ယောက်ျား ယူသွားပြီး ရရှိလာသော သမီးလေးကို အဆိုပါ ဒုစရိုက်သမားက မုဒိန်းပြန်လည် ကျင့်သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။
“ဘာကြောင့်ဖြစ်လာလဲဆိုတော့ မြန်မာနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ပုံစံဟာ နိုင်ငံတကာနဲ့ မတူဘူး။ ကွဲပြားခြားနားနေတယ်။ နိုင်ငံတကာမှာ ထောင်ထဲ ရောက်နေတဲ့ အကျဉ်းသား တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ သူ့ရဲ့ခံယူချက်တွေ ကောင်းမွန်လာတယ်ဆိုရင် လူ့အဖွဲ့အစည်းကို ရောက်ရှိသင့်တဲ့ လူတစ်ယောက်လို့ ထောင်က ထောက်ခံပေးတယ်။ အပြစ်ဒဏ် မပြည့်ခင် ထောင်က လွှတ်ပေးတာတွေရှိတယ်။ မြန်မာနိုင်ငံမှာကျတော့ ပြစ်ဒဏ်များတဲ့ လူကို တစ်ဝက်လျှော့မယ်။ တစ်ဝက်ရှိတဲ့ လူကို တစ်စိတ်လျှော့မယ်။ တစ်စိတ်ရှိတဲ့ လူကို အကုန်လွှတ်ပေးတဲ့ စနစ်နဲ့ သွားတဲ့အခါကျတော့ တစ်ဦးချင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေကို မကြည့်ဘဲ လွှတ်ပေးတဲ့အခါကျတော့ ရာဇ၀တ်မှုတွေ ပိုပြီးပေါများလာတယ်။ မြန်မာနိုင်ငံမှာ ရာဇ၀တ်မှု ထပ်ဖန်တလဲလဲ ကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုတွေ ရှိနေတယ်။
အဲဒီ့အမှုဟာဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်တွေကို အကြိမ်ကြိမ် ကျူးလွန်ထားတာ။ လူကောင်းသူကောင်း တစ်ယောက် အနေနဲ့ နေထိုင်ပြုမူရမယ့်အစား ပိုမိုဆိုးရွား ရက်စက် ကြမ်းကြုတ်တဲ့ မုဒိမ်းမှုကိုပါ ကျူးလွန်တော့ သူ့အပေါ်မှာ ပေးထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေကို ပြန်လည်ပယ်ဖျက် ပေးရမယ်။ အဲဒီ့နေရာမှာ အင်းစိန်ထောင် တာဝန်ရှိသူက အရေးကြီးဆုံးပဲ။ အဓိက ပြောချင်တာ တရား ဥပဒေ စိုးမိုးရေးကို တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အစိုးရ အဖွဲ့တွေ သီးခြားရှိပြီး အစိုးရ အဖွဲ့တွေမှာ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ၀န်ကြီးက သေချာတာဝန်ယူ ဆောင်ရွက်ရမယ်”ဟု ဦးရောဘတ်စန်းအောင်က ထောက်ပြခဲ့သည်။
ရာဇ၀တ်မှုများ ခြိမ်းခြောက်လာသော လူမှုဝန်းကျင်
ယင်းကဲ့သို့ ရာဇ၀တ်မှုများ အစဉ်အမြဲ ကျူးလွန်နေကြလျှင် လူ့အဖွဲ့အစည်းသည် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်မှုတွေ ကြုံတွေ့နေရမည်ဖြစ်ပြီး မိဘများ အနေဖြင့် မိမိတို့၏ သားသမီးများကို အပြင်ပင် မလွှတ်ရဲလောက်သည် အထိ ကြောက်ရွံလာကြရလိမ့်မည် ဖြစ်သည်။
“ကွက်ကွက်ကွင်းကွင်း ပြောပြရရင် ပဲခူးတိုင်းဒေသကြီးမှာ အရွယ်မရောက်သေးတဲ့ ကလေးကို အဓမ္မပြုကျင့်တာကို ထောင်ဒဏ်တစ်နှစ်ကျော်ပဲ ချခဲ့တာတွေ့ရပြီး၊ သိပ်မကြာခင်မှာ ငါးနှစ်အရွယ် ကလေး မုဒိမ်း ကျင့်ခံရပြီး အသတ်ခံရတယ်၊ ဒါတွေဟာ လူမှုဝန်းကျင်ကို အကြီးကျယ် ခြိမ်းခြောက်လာတာပဲ”ဟု လူ့အခွင့်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသူ တစ်ဦးက ပြောပြခဲ့သည်။
ယင်းအပြင် တစ်နှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ယခုကဲ့သို့ ရာဇ၀တ်မှုမျိုးတွေ များပြားလာပြီဆိုလျှင် ပြည်နယ် ရဲတပ်ဖွဲ့မှူးများ ခရိုင် ရဲတပ်ဖွဲ့မှူးများ မြို့နယ် ရဲတပ်ဖွဲ့မှူးများကို အခြား ပြည်နယ်နှင့် တိုင်းများသို့ ပြောင်းရွှေ့ပစ်ရမည်ဖြစ်ပြီး ယင်းကဲ့သို့ မဟုတ်လျှင် ရာဇ၀တ်မှု ကျဆင်းရေးနဲ့ ဒုစရိုက်မှု ကျဆင်းရေး လုပ်ငန်းများသည် အောင်မြင်မှု မရှိနိုင်ပေ။ ထိုအချင်းအရာနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ထောင်သားဟောင်း တစ်ဦး ဖြစ်သူက “မြန်မာနိုင်ငံမှာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခံတဲ့လူ အများစုကပဲ အပြင်မှာ ရာဇ၀တ်မှုတွေ အများအပြား ဆက်တိုက် ကျူးလွန်နေတာ တွေ့ရတယ်။ အခုဆိုရင် ထောင်ကနေ လွတ်ပြီး ရက်ပိုင်း အတွင်းမှာတင် ဒုစရိုက်မှု ကျူးလွန်ပြီး ထောင်ထဲပြန်ဝင်ရတာတွေ ရှိလာတယ်။” ဟု ပြောကြားခဲ့သည်။
လိုအပ်ချက်များစွာဖြင့် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေး
ယင်းကဲ့သို့ မြန်မာနိုင်ငံအနှံ့၌ ဖြစ်ပွားနေသော လူသတ်မှုများတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ၀န်ကြီးဌာနတွေနဲ့ နိုင်ငံတော် အစိုးရကြားမှာ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သည့် အတွက်ဖြစ်ပြီး တိုင်းရင်းသား ဒေသတွေများတွင်လည်း သူကဦး သူသတ်၊ ကိုယ်ကဦး ကိုယ်သတ်ဆိုသည့် အမျိုးမျိုးသော ဖြစ်စဉ်များ ဖြစ်လာကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဝေဖန်သုံးသပ်သည်။
ထို့အပြင် ယင်းနေရာဒေသများတွင် တရားဥပဒေစိုးမိုးမှု အားနည်းနေကြောင်း မြို့ပြများတွင်မူ တက္ကသိုလ်ရိပ်သာလမ်းရှိ ငါးလောင်းပြိုင် လူသတ်မှု ကဲ့သို့သော ရဲတပ်ဖွဲ့က မဖော်ထုတ် နိုင်သေးသည့် လူသတ်မှုအပြင် အခြားသော လူသတ်မှုများကိုလည်း မဖော်ထုတ်နိုင်သေးသော အခြေအနေများ၊ အုပ်စုဖွဲ့ ကျူးလွန်တဲ့ လူ သတ်မှုတွေ အပေါ်မှာ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်မှု အားနည်းနေခြင်းတို့ကြောင့် လူသတ်မှုများသည် မုဒိမ်းမှုများ နှင့်အတူ ခေတ်ပြိုင်ပေါ်ပေါက်လာတော့သည်။
ယင်းကဲ့သို့ ဖြစ်နေခြင်းသည် တိုင်းပြည်၏ တရားဥပဒေ စိုးမိုးရေး ၇၅%သာ ရှိသည်ဟု ပြသ သကဲ့သို့ ရှိနေသည်ဖြစ်ကြောင်း ရှေ့နေအချို့က တစ်ပြိုင်နက် သုံးသပ်ကြသည်။ ထို့ပြင် ယင်းကိစ္စရပ်များသည် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့် သူများကို ဟန့်တားရာ ရောက်သည့် အတွက် နိုင်ငံတော် အစိုးရမှ အရေးယူ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်နှင့် ယင်းရာဇ၀တ်မှုများကြောင့် ရင်းနှီးမြှုပ်နှံမှု အားနည်းလာပြီး ၊ နိုင်ငံစီးပွားရေး ကျဆင်းလာမည်။ ထို့နောက် ပညာ မတတ်သူ ပေါများလာတော့သည်။ ပညာမဲ့လျှင် စဉ်းစား ဉာဏ်မရှိနိုင်ရွေ့ ဒုစရိုက်မှုများ ကျူးလွန်ကြခြင်း ဖြစ်ကြောင်း သုံးသပ်နိုင်လေသည်။
ပညာရည်နိမ့်ပါးမှုနှင့် အသိဥာဏ်တိမ်ကောမှု
နေ့စဉ်နှင့်အမျှ ဂျာနယ်၊ မဂ္ဂဇင်းနှင့် မီဒီယာများတွင် မှုခင်းများစွာကို ဆက်တိုက် ဆိုသလို မြင်တွေ့လာရပြီး ယင်းကဲ့သို့ ကျူးလွန်မှုများသည် လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ အင်းစိန် အစရှိသော အခြေခံ လူတန်းစား အများစု နေထိုင်ရာ နေရာများတွင် ဖြစ်ပွားလျက် ရှိနေကြောင်းကို အများသိရှိပြီး ဖြစ်ပါလိမ့်မည်။
ထိုကဲ့သို့ ကျူးလွန်ကြခြင်းမှာ လူတစ်ဦးချင်းစီအလိုက် စိတ်ခံစားချက်ကြောင့်သော်လည်းကောင်း အများစုမှာ ပညာရည်နိမ့်ကျမှုကြောင့် ကျူးလွန်ကြသည်ဟု ပညာရှင် အချို့က သုံးသပ်ဖူးသည်။ အကြောင်းအရာများမှာ တစ်ခုနှင့် တစ်ခု ဆက်စပ်နေပေသည်။ ပထမဦးစွာဖြင့် မြန်မာနိုင်ငံ၏ ပညာရေး အဘယ်ကြောင့် နိမ့်ကျရသနည်းဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။ ပညာရေး နိမ့်ပါးရခြင်း အကြောင်းရင်းက နိုင်ငံတော်ကို အပြစ်တင်ရဦးပေလိမ့်မည်။ ကျွန်ုပ်တို့ နိုင်ငံတော်၏ ပညာရေး စနစ်မှာ ၁၉၈၈ ခုနှစ် မတိုင်မီ အချိန်က အရှေ့တောင်အာရှတွင် သာမက အာရှတွင်ပါ နိုင်ငံများ၏ အားကျလေးစားဖွယ်ကောင်းသော ပညာရေးအဆင့် တစ်ခုကို ထူထောင်နိုင်ခဲ့သော်လည်း ၈၈ ခုနှစ် နောက်ပိုင်းတွင်မူ လုံးဝဆိုသလို ကွဲပြားခြားနားသွားလေသည်။
“ဒုစရိုက်မှုတွေ ဖြစ်ရတယ်ဆိုတာ ငယ်ငယ်လေးကတည်းက ဆရာမတွေက ဒါသင် ဒါကျက် ဒါပဲ ဖြေရမယ်ဆိုတော့ ကလေးတွေကို အလွန်အကျူး အမိန့်ပေးသလို ဖြစ်နေတယ်။ အဲ့တော့ စိတ်ခံစားချက် မတူတဲ့ ကလေးက သူတို့ရဲ့စိတ်တွေ မထိန်းချုပ်နိုင်ဖြစ်ပြီး တွန်းကန်မှုများပြီး စိတ်ထွက်ပေါက် အဖြစ် တစ်ခုခုကို သက်ရောက်လိုက်တာပဲ ဖြစ်တယ်။ အဲ့တော့ အခုအချိန် နိုင်ငံ အတွင်းမှာ ဒုစရိုက်မှုတွေ ဖြစ်လာတာသည် ပညာရေးစနစ်၏ နိမ့်ကျနေတာကြောင့်လို့လည်း သုံးသပ်ချင်ပါတယ်”ဟု ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂ အဖွဲ့ဝင် ဒေါက်တာ အာကာမိုးသူက ဆိုသည်။
ပညာရေး အဆင့်အတန်း ကျဆင်းမှုကြောင့် နိုင်ငံတော်၏ အရေးပေါင်းများစွာ ထိခိုက်လေသည်။ အခြားအရေး ထိခိုက်သည်မှာ ပြင်ဆင်လျှင်ရနိုင်သော်လည်း အားလုံးသော အရေးတို့၏ အခြေခံ အရေးဖြစ်သည့် ပညာရေး နိမ့်ကျလျှင်မူ ဒုစရိုက်မှုဆိုသည်များ ဖြစ်ပွားလာလေတော့သည်။ ဒုစရိုက်မှု ကျူးလွန်သူ အများစုကို လေ့လာ ကြည့်လျှင် ပညာမဲ့သူ အများစုက ကျူးလွန်သည့် မှုခင်းမှာ ပိုများလေသည်။ ပညာမဲ့လျှင် စဉ်းစားအသိဉာဏ်ပါ မဲ့နိုင်၍ ဒုစရိုက်မှု ကျူးလွန်ရန် ၀န်မလေး ကျတော့ဘဲ လက်ရဲဇက်ရဲဖြင့် ကျူးလွန်မိကျတော့သည်။
လွန်ခဲ့သော နှစ်ပိုင်းခန့်က ကျောင်းပြင်ပ မူလတန်း ပညာရေး သင်ကြားရာ၌ ပညာကို လုံးဝ မသင်ကြားဖူးသေးသော ကလေးငယ်တစ်ဦးအား အတန်းဖော် ကျောင်းသားလေး တစ်ဦးမှ ကျီစယ် မိရာမှ အစခံရသူ ကလေးငယ်လေးက ခဲတံနှင့် ထိုးလိုက်လေသည်။ ထို့ကြောင့် ဆရာဦး... က အဆိုပါ ကလေးအား ကောင်းမွန်စွာ ထိန်းကျောင်းပေးပြီး လေ့ကျင့် သင်ကြားပေးရာ လိမ္မာသော ကျောင်းသားလေး တစ်ဦး ပြန်ဖြစ်လာခဲ့ကြောင်း ၄င်း၏ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုကို ပြောကြားဖူး သည်။
ယင်းအခြေအနေကို လေ့လာခြင်းဖြင့် ပညာမဲ့ခြင်း၏ အကျိုးရလဒ်ကို တွေ့မြင်နိုင်ပြီး ပညာမဲ့ခြင်းကြောင့် အရိုင်းစိတ်များ ဖြစ်ပေါ်လေတော့သည်။ ထို့ကြောင့် ဒုစရိုက်မှုများကို ကျုးလွန်ကာ ရာဇ၀တ်မှုများသည် ယနေ့အချိန်အခါတွင် မရည်မတွက် နိုင်အောင်ပင် များပြား လာတော့သည်။
ရဲတပ်ဖွဲ့၏ အားနည်းချက် ဒုစရိုက်သားများ အတွက် အားဆေးဖြစ်နေ
ရာဇ၀တ်မှုများကို အားကောင်းလာစေသော အခြားတစ်ချက်မှာ ရဲတပ်ဖွဲ့ပိုင်း ဆိုင်ရာဖြစ်ပြီး ရဲများကို လုံလောက်သော အင်အား မတိုးချဲ့နိုင်ခြင်းနှင့် လုပ်ငန်းများအား ထိရောက်စွာ မဆောင်ရွက်နိုင်ခြင်း များလည်း ပါဝင်လို့နေသည်။
ပြည်သူ့ရဲများမှာ နေ့ဘက်ဆိုလျှင် တရားရုံးထုတ် တရားရုံးတွင် စောင့်ရခြင်း ညဘက်တွင် ကင်းစောင့် တာဝန်ယူရခြင်းတို့ကြောင့် လူသားတစ်ယောက်ဖြစ်သော ရဲဝန်ထမ်းများသည် ပင်ပန်းလာပြီး အားအင် မစိုက်ထုတ်နိုင်ဘဲ ဖြစ်ကြရသည်။ ယင်းသို့လစ်ဟာမှုများ ဖြစ်ပေါ် လာသောအခါ လူသတ်မှုများ မုဒိမ်းမှုများ အုပ်စုဖွဲ့ ကျူးလွန်ခြင်းများ ခေတ်စားလာပြီး ဒုစရိုက်သမားများ အတွက် အခွင့်အရေး ပေးလာသကဲ့သို့ ဖြစ်သည်ဟု ဥပဒေအရာရှိ တစ်ဦးက ဆိုသည်။
“အုပ်ချုပ်ရေးပိုင်းက အရေးယူ ဆောင်ရွက်တဲ့ နေရာမှာလည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ လယ်သမားတွေ၊ တခြားဆန္ဒဖော် ထုတ်တဲ့သူတွေကို ရဲအင်အား အလွန်အကျွံ သုံးစွဲမှု၊ ဒုစရိုက် နှိမ်နင်းရေး ကိစ္စတွေမှာ အင်အားကို လျှော့ပြီးသုံးတာ။ အထက်အမိန့်ကို အကြောင်းပြပြီးတော့ ရှောင်ဖယ်နေတာတွေဟာ ဒုစရိုက်သမားတွေ အတွက် အားဆေးတစ်ခွက်လို ဖြစ်လာတယ်။ ရုံးပိုင်းကို ပြောမယ်ဆိုရင်လည်း ဆန္ဒဖော်ထုတ်တဲ့ ပုဒ်မ ၁၈လိုဟာမျိုးတွေ လယ်သမားတွေကို ဆွဲတဲ့ပုဒ်မ ၄၄၇လို မျိုးတွေကျတော့ ပေါပေါသီသီ ထောင်ချပြီးတော့ ဒုစရိုက်မှုတွေကျတော့ အရေးယူ အပြစ်ပေးမှုတွေ အားနည်းနေတယ်။”ဟု ဥပဒေ ပညာရှင် တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
လာလေဦးမည့် လွတ်ငြိမ်းချမ်းသာခွင့်
ယခုလတ်တလောတွင် ထွက်ပေါ်နေသော သတင်းများအရ ရှေ့လအတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် တစ်ရပ်ရပ်သည် သမ္မတ အိုဘားမား မလာခင်တွင် ပေါ်ပေါက်လာနိုင်ပြီး ထိုအချိန်တွင် ကြီးမားသော မူးယစ်ရာဇာကြီးများ ဒုစရိုက်သမားများ ပါမသွားရန် လိုအပ်နေပြီ ဖြစ်သည်။
နိုင်ငံတော် သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်ဆိုခြင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ပါ သမ္မတကို အပ်နှင်းထားတဲ့ အခွင့်အာဏာအရ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁အရ ပေးခြင်းဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် တစ်ရပ်အရ လွတ်လာသူဟာ နိုင်ငံရေးနဲ့ လှုပ်ရှားသူမှအပ အခြား ရာဇ၀တ်မှု ကျူးလွန်သူတွေဟာ ထပ်မံပြီး ကျူးလွန်လျှင် မူလက ပေးအပ်ထားသော လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ပယ်ဖျက်နိုင်ပြီး မူလက ပြစ်ဒဏ် ပြန်လည် ကျခံစေနိုင်ကြောင်း သိရသည်။
ယခုအချိန်တွင် အကျဉ်းဦးစီးဌာန အတွင်း မိမိတို့ လိုချင်သည့် အချက်အလက်ကို ကွန်ပျူတာ Systemဖြင့် လွယ်ကူစွာ ပြန်လည်ရှာဖွေနိုင်ပြီဖြစ်ရာ ဖြစ်ပေါ်လာသော ရာဇ၀တ်မှုများကို အရင်းမှစ၍ ဖော်ထုတ်နိုင်တော့မည် ဖြစ်သည်။ ယင်းအပြင် လွတ်ငြိမ်းချမ်းသာဟု ဆိုရာ၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ရာဇ၀တ်မှုကို တစ်ကြိမ်တစ်ခါလောက်သာ ကျူးလွန်ဖူးသူများကိုသာ ပေးသင့်ကြောင်း ကြိမ်ဖန်များစွာ အသက်မွေးဝမ်းကြောင်းမှု တစ်ခုသဖွယ် မိုက်ကြေးခွဲ လုပ်စားနေသော ရာဇ၀တ်ကောင်များကိုမူ ပေးရန်မသင်လျော်ကြောင်း သုံးသပ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင်မူ ယင်းကဲ့သို့ ရာဇ၀တ်ကောင်များကို လွတ်ငြိမ်းချမ်းသာခွင့်များ ပေးလျက်ရှိနေကြောင်း ရှေ့နေများထံမှ သိရသည်၊ အဓိက အချက်မှာ တရား ဥပဒေ စိုးမိုးရေးကို တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပြီး။ ပြည်နယ်နှင့်တိုင်း ဒေသကြီး အစိုးရ အဖွဲ့များနှင့် နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီးက သေချာ တာဝန်ယူ ဆောင်ရွက်ရမည့် အရေးကိစ္စ တစ်ခု အဖြစ် ရေးသား ဖော်ပြလိုက်ရပ်ါသည်။
- ကိုလူသစ်၊ လျှမ်းလူ
Tomorrow news journal