Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၂၀၁၆ ခုနှစ် Diversity Visa (DV) 2016 အတွက် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်

$
0
0
အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်အတွက် အီလက်ထရွန်နစ်စနစ်ဖြင့် မဲဖောက်ပေးမည့် Diversity Visa(DV) 2016 program အတွက် လျှောက်လွှာတင်ခြင်းများပြုလုပ်ခြင်းများကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ပြုလုပ်နိုင်ပြီ နိုဝင်ဘာက ၃ ရက်နေ့ နောက်ဆုံးထားကာ ပြုလုပ်ရမှာဖြစ်ပါတယ်။ အဆိုပါက Diversity Visa (DV) 2016 လျှောက်လွှာတင်ခြင်းများကို www.dvlottery.state.gov တွင် ၀င်ရောက်ကာ ပြုလုပ်ရမှာဖြစ်ပါတယ်။

လျှောက်လွှာတင်ခြင်းများကို နောက်ဆုံးအပတ်အထိ မစောင့်ဆိုင်းပဲ စတင် လျှောက်လွှာတင်ခြင်းများပြုလုပ်ကြပါ ရန်နှင့် နောက်ဆုံးရက်မှ ကပ်ပြီး ပြုလုပ်ပါက ၀က်ဆိုက်ဘ် အတွက် အချိန်နောက်နှေးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်ပါတယ်။

ထိုအပြင် သတ်မှတ်ရက် ဖြစ်သော နိုဝင်ဘာ ၃ ရက်နေ့ထက် နောက်ကျသော မှတ်ပုံတင် လျှောက်လွှာများကို လက်ခံစဉ်းစားခြင်း ပြုလုပ်မှာ မဟုတ်သည့်အတွက် အချိန်မှီစေရန်အတွက် ကြိုတင်ပြုလုပ်ထားသင့်ပါတယ်။ Diversity Visa (DV) 2016 အတွက် လျှောက်လွှာပြုလုပ်ခြင်းကို လူတစ်ဦးစီအတွက် တစ်စောင်စာ လျှောက်ထားခွင့်ရှိပြီး လူတစ်ဦးထက် ပိုပြီး လျှောက်ထားသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ထိုကဲ့သို့ အစီအစဉ်အတွက် မည်သည့်ငွေကြေးပမာဏ တစ်စုံတစ်ရာကိုမှ ပေးသွင်းစရာမလိုပဲ အင်တာနက်မှတစ်ဆင့် လူကိုယ်တိုင်ဖြစ်စေ ၊ အခြားတစ်ဦးဦးမှ ဖြစ်စေ လျှောက်လွှာများ တင်သွင်းနိုင်ပါတယ်။

2016 Diversity Immigrant Visa Program နှင့် ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါလင့်တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။ : http://go.usa.gov/pzTY

Ref : U.S. Embassy Rangoon
===========================================
‪#‎YangonMediaGroup‬

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...