Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်မြို့သစ်စီမံကိန်း ခွင့်ပြုရန် တိုင်းအစိုးရ လွှတ်တော်သို့ အဆိုတင်

$
0
0
ပွင့်လင်းမြင်သာမှုမရှိဘဲ ဆောင်ရွက်ခဲ့သည့်အတွက် ဝေဖန် မှုများစွာ ကြုံတွေ့နေသော ရန်ကုန်မြို့သစ် စီမံကိန်းအား တိုင်းဒေသကြီးလွှတ်တော်မှ ခွင့် ပြုပေးနိုင်ရန် တိုင်းဒေသကြီးအစိုး ရအဖွဲ့က လွှတ်တော်သို့ အဆို တစ်ရပ်ကို စက်တင်ဘာ ၂၂ ရက် တွင် တင်သွင်းလိုက်သည်။

အဆိုပါစီမံကိန်း အကောင် အထည်ဖော်မည့် ဒေသရှိ ပြည်သူအများစုသည် ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မြို့သစ် စီမံကိန်းကို မျှော်လင့်ကြိုဆိုနေကြခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ယခုစီမံကိန်းသည် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒပင် ဖြစ်ကြောင်း အဆိုတင်သွင်းသည့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကပြောကြားသည်။

ယခုလ ၂၂ ရက်တွင်ပြုလုပ် သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အထူးအစည်းအဝေး တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များအရ လွှတ်တော်၏ခွင့် ပြုချက်ရရှိမှသာ စီမံကိန်းစတင် ဆောင်ရွက်ခွင့်ရမည့်ဖြစ်သဖြင့် တိုင်းဒေသကြီးအစိုးရမှ စီမံကိန်း ပြုလုပ်မည့် အဆိုတစ်ရပ်ကို တင် သွင်းခဲ့ခြင်းဖြစ်သည်။

‘‘စီမံကိန်းကို အကောင်အ ထည်ဖော်ဆောင်ရွက်ဖို့ သဘော တူညီချက်ရရှိလျှင် ပွင့်လင်းမြင် သာစွာဖြင့် ရန်ကုန်မြို့သစ်စီမံ ကိန်းကို တင်ဒါခေါ်ယူ ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ တင်ဒါ စိစစ်ခြင်းကိုလည်း အများပြည်သူ လေးစားတဲ့ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံ တကာ အတွေ့အကြုံရှိတဲ့ပညာ ရှင်ကြီးများ ပါဝင်တဲ့အဖွဲ့ကို ဖွဲ့ စည်းဆောင်ရွက်သွားပါမယ်’’ဟု ဦးလှမြင့်က ဆိုသည်။

ရန်ကုန်မြို့အနောက်ဘက်တွင် ဧကသုံးသောင်းခန့် ကျယ်ဝန်းမည့် မြို့သစ်စီမံကိန်းကို ကျပ်ဘီလီယံ ခုနစ်ထောင်ကျော်နှင့် အမေရိကန်ဒေါ်လာရှစ်ဘီလီယံ (စုစုပေါင်းဒေါ်လာ ၁၅ ဘီလီယံဝန်းကျင်) အကုန်အကျခံတည် ဆောက်သွားမည့် ကိစ္စရပ်ကိုသြဂုတ် ၂၂ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ပုံမှန်အစည်းအဝေးသို့ပေးပို့ သည့်သဝဏ်လွှာတွင် စတင်ဖော် ပြခဲ့သည်။

‘‘ဒီနေ့ အဆိုတင်သွားတဲ့ တင်ပြချက်တွေထဲမှာ ကွဲလွဲချက် တွေအများကြီးရှိတယ်။ နောက် တစ်ခုက JICA နဲ့လုပ်တဲ့မြို့ပြ ဖွံ့ဖြိုးရေးစီမံချက်နဲ့ ဒီစီမံကိန်းကို ရောပြီးတင်ပြသွားတယ်။ အမှန် က ဘာမှမဆိုင်ဘူး ဒီနှစ်ခုက။ဒီလိုလုပ်ခြင်းအားဖြင့် လူထုကို ရှုပ်ထွေးအောင်လုပ်တာဖြစ်ပြီး အစိုးရအဖွဲ့ရဲ့ ရိုးသားမှုကို မေး ခွန်းထုတ်စရာဖြစ်နေတယ်’’ ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာညိုညိုသင်း ကပြောသည်။

ယခုကဲ့သို့ လွှတ်တော်သို့ တင်ပြခြင်းသည် လုပ်ထုံးလုပ် နည်းအရသာဆောင်ရွက်ခြင်းဖြစ် ပြီး လွှတ်တော်တွင်း အချင်းချင်း လက်ဝါးရိုက်ကာ နောက်ဆုံးတွင် အတည်ပြုနိုင်သည့်အနေအထား သာဖြစ်လာနိုင်ကြောင်း ပြည် ထောင်စုလွှတ်တော် ကိုယ်စား လှယ်တစ်ဦးက သုံးသပ်ပြောကြား သည်။

‘‘တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက ပြည်ထောင်စု လွှတ်တော်လောက် အားမကောင်းဘူး။ များသောအားဖြင့် သက်ဆိုင် ရာအစိုးရတွေကတင်လာရင် ခွင့် ပြုလိုက်တာများတယ်။ လက်ညှိုး ထောင်၊ ခေါင်းညိတ်ပေါ့။ အခု လည်း ဒီအတိုင်းပဲဖြစ်လာနိုင်ပါ တယ်’’ဟု ၎င်းကပြောသည်။

ဝေဖန် ကန့်ကွက်နေသည့်ကြားမှ မြို့သစ်စီမံကိန်းကိုလုပ်ဆောင်ခဲ့မည်ဆိုပါက မိမိလုပ်ခဲ့သည့်လုပ်ငန်းကို လက်ရှိတိုင်းအစိုးရအဖွဲ့တစ်ခုလုံး အနေဖြင့် တာဝန်ယူရမည်ဖြစ်ပြီး နောက်တက်လာမည့် တိုင်းအစိုးရအဖွဲ့လက်ထက်တွင် စစ်ဆေးခံနိုင်ရန် အသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းကပြောသည်။

လူဦးရေနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကြောင့် မြို့ သစ်တည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ယခုမြို့သစ်စီမံကိန်းမှာ အခြားစီမံကိန်းများကဲ့သို့ နိုင်ငံ တော်ဘဏ္ဍာငွေမသုံးဘဲ စီမံကိန်း တည်ဆောက်သူများ၊ ဒေသခံ ပြည်သူများအပါအဝင် အလွှာ အသီးသီးမှ ရင်းနှီးမြှုပ်နှံလိုသူများ ပါဝင်နိုင်ရန် ပြင်ဆင်ဆောင်ရွက် ထားကြောင်း ဦးလှမြင့်က ဆိုသည်။

7Day News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>