Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒီကိစ္စ ရှင်းပြီးမှ တရားစွဲပါ -ဒေါက်တာသိန်းမြင့်

$
0
0
လေးရောင် 4 Hi တစ်လုံးလျှင် ဒေါ်လာ ခုနစ်သိန်းဖြင့် ပြန်ကြားရေးမှ ၀ယ်ယူခဲ့သော အိန္ဒိယကုမ္ပဏီမှ Eleven Media Group သို့ ပေးပို့ထားသော Proposal -

စက်တင်ဘာ ၂၂ ရက်က လွှတ်တော်မှာ ကျမ်းလာကျိန်တဲ့ ဦးရဲထွဋ်ရဲ့ အဖြေစကားတွေကြောင့် ကျွန်တော်ဒီဆောင်းပါးကို ရေးရတာပါ။

ဦးရဲထွဋ်က The Daily Eleven မှာပါတဲ့ ကိုမာန်သူရှိန်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ရေးခဲ့တာနဲ့ပတ်သက်ပြီး ပြောတာပါ။ တကယ်တော့ ဒီလိုရေးသားမှုဟာ ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးမဟုတ်ဘူး။ အစိုးရအတွင်းမှာ အဂတိတရားလိုက်စားမှုတွေ မြင့်တက်လာတယ်။ မီဒီယာတွေက ထောက်ပြပေမယ့် အစိုးရက ဂရုမစိုက်ဘူး။ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် ထောက်ပြလည်း ဂရုမစိုက်ဘူး။ ဒါကြောင့် တိတိကျကျ မှန်မှန်ကန်ကန် ရေးသားထောက်ပြတာတွေကို ဘာလို့ကာနေတာလဲ။
တကယ်လည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာဘတ်ဂျက်တွေအရင်ထက်ပိုများသလို အဂတိလိုက်စားမှုလည်း ပိုမြင့်လာနေတာပဲ။ ဒီလိုအဂတိလိုက်စားမှု မြင့်တက်နေတာကို ဦးသိန်းစိန်အနေနဲ့ လုံးဝမတိုက်ဖျက်နိုင်ဘူး။ အားလုံးထောက်ပြနေကြတဲ့ သမ္မတရဲ့အဓိကအားနည်းချက်က လာဘ်စားနေတဲ့ဝန်ကြီးတွေကို လုံးဝအရေးမယူတာပါပဲ။

ဒီလိုပြဿနာတွေ ဖြစ်တဲ့အချိန်မှာ ဒီလိုဝေဖန်မှုတွေ၊ ရေးသားမှုတွေရှိတဲ့အချိန်မှာ ဦးရဲထွဋ်အနေနဲ့ ကျွန်တော်တို့ Eleven Media Group နဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန်ဖြစ်တဲ့ ကိစ္စတစ်ခုလိုပြောတာ၊ ဖြေတာလုပ်လာလို့ ကျွန်တော်ကိုယ်တိုင်ပဲ အခုလိုရှင်းဖို့ဖြစ်လာတာပါ။

Eleven Media Group နဲ့ ဦးရဲထွဋ်ကြား အဓိကဒိုင်ခံဆက်သွယ်ရတာ ကျွန်တော်ပါ။ စာမူကိစ္စ အပြန်အလှန် အီးမေးလ်ပေးပို့မှုတွေရှိခဲ့တယ်။ ဦးရဲထွဋ်ဆီမှာလည်း အဲဒီမေးလ်တွေ ရှိမှာပါ။ အဲဒီတုန်းက ဦးရဲထွဋ်က စာရေးဆရာတစ်ယောက်အနေနဲ့ စာရေးတယ်။ ကျွန်တော်တို့ကလည်း မူနဲ့ကိုက်ရင် စာမူတွေလက်ခံထည့်သွင်းပြီး မူနဲ့မကိုက်ရင် ဦးရဲထွဋ်ရဲ့ ဆောင်းပါးစာမူတွေကို ဘယ်လိုပယ်ခဲ့သလဲဆိုတာ ဦးရဲထွဋ် အသိပါ။ ၂ဝဝ၉ ခုနှစ်လောက်ကစခဲ့တဲ့ ဆောင်းပါးပေးပို့ခြင်းအဆက်အသွယ်ဟာ ၂ဝ၁၂ ခုနှစ် မတ်လနောက်ပိုင်းကနေ အခုထိ စာမူကိစ္စအဆက်အသွယ် မရှိတော့ပါဘူး။

EMG မှ ၀ယ်ယူလိုသော လေးရောင် 4 Hi သုံးလုံးနှင့် တစ်ရောင် တစ်လုံးအတွက်Proposal
(အဆိုပါပေးပို့မှုအရ ပြန်ကြားရေးမှ ခုနစ်သိန်းဖြင့် ၀ယ်ယူသောစက်မှာ ဒေါ်လာနှစ်သိန်းခွဲနှင့် သုံးသိန်းကြားသာ ကျသင့်မည်ဖြစ်သည်။)

ဦးရဲထွဋ် အခုလို ပြောလိုက်တော့လည်း ကောင်းပါတယ်။ ဒါပေမဲ့ အခုပြောလိုက်တဲ့ ဦးရဲထွဋ်ရဲ့ ပြောကြားချက်က EMG ကို ပြောတယ်လို့ မယူဆပါဘူး။ နောက်ပြီး ဦးရဲထွဋ် တစ်ယောက်တည်းအတွက် ပြောတယ်လို့လည်း မယူဆဘူး။ ဦးရဲထွဋ်က သမ္မတကိုယ်စား၊ အစိုးရအဖွဲ့ကိုယ်စား ပြောလိုက်တယ်လို့ ယူဆတယ်။ ဒီအတွက် သမ္မတရော၊ အရေးပါတဲ့ ဝန်ကြီးတွေရော၊ အစိုးရအဖွဲ့ဝင်တွေပါ အဂတိလိုက်စားမှု ရှိ၊ မရှိ မီဒီယာနဲ့ ပြည်သူလူထုက ဆက်တိုက်စောင့်ကြည့်သွားမှာပါ။ အဂတိလိုက်စားမှုတွေ ပေါ်လာခဲ့ပြီဆိုရင်တော့ ဥပဒေအတိုင်း ရှင်းကြရမှာပေါ့။ ကျွန်တော်တို့ကတော့ ဦးရဲထွဋ်ရဲ့ စကားကို ပြန်ချေပနေမှာမဟုတ် ဘူး။ ဒီကိစ္စတွေက အခုလောလောဆယ်မှာ အဖြေပေါ်ဦးမှာမဟုတ်တဲ့အတွက် စောင့်ကြည့်နေမယ်။ ဦးရဲထွဋ်ကလည်း သမ္မတကိုယ်စား၊ ဝန်ကြီးတွေကိုယ်စား၊ အစိုးရအဖွဲ့ကိုယ်စား စိန်ခေါ်လိုက်ပြီပဲ။ ဒါကြောင့် မီဒီယာတွေ၊ ပြည်သူတွေကလည်း စောင့်ကြည့်နေမယ်။ အတိအကျရလာတဲ့ အချိန်ရောက်ရင် အရေးယူနိုင်တဲ့ အခြေအနေရှိလာပြီဆိုရင် အခုအစိုးရလက်ထက် မဟုတ်ခဲ့ရင်တောင် နောက်အစိုးရလက်ထက်မှာပါ ဆက်ပြီး အရေးယူမှုတွေ ပြုလုပ်ရမှာပါ။

ဦးရဲထွဋ်ရဲ့အဖြေထဲမှာ Eleven Media Group က အစုရှယ်ယာတွေ ဘယ်သူပါသလဲဆိုတာမျိုး ထင်ယောင်ထင်မှားဖြစ်အောင်ပြောတာမျိုးက ရှင်းမှရမှာပါ။ ပြီးတော့ ဘယ်သူတွေ အစုရှယ်ယာပိုင်သလဲ၊ နေ့စဉ်အရှုံးခံပြီး ထုတ်နိုင်အောင် ဘယ်လိုများရပ်တည်နေသလဲ ဆိုတဲ့ပြောဆိုပုံတွေက ဒေါက်တာဆိတ်ဖွားအရေးအသားနဲ့တော်တော်လေးတူနေတယ်။ တရားစွဲဖို့ တစ်ချိန်လုံးပြောတာမျိုးလည်း အတူတူပါပဲ။ ဦးရဲထွဋ်ကိုယ်တိုင် တရားစွဲဖို့တစ်ချိန်လုံးခြိမ်းခြောက်တာမျိုးက ဒေါက်တာဆိတ်ဖွားပြောလေ့ရှိတဲ့ Eleven က File တွေ သူ့မှာရှိတယ်၊ တစ်ချိန်ချိန်ဖွင့်ချမယ် ပြောသလိုမျိုးဖြစ်နေတယ်။ ဒေါက်တာဆိတ်ဖွားအနေနဲ့တင် မဟုတ်ပါဘူး။ ဦးရဲထွဋ်ကိုယ်တိုင် ဒီလိုအချက်အလက်တွေ ရှိတယ်ဆိုရင် ဖွင့်ချလိုက်ပါ။

ကျွန်တော်တို့ရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုက ရှင်းပါတယ်။ ပုံစံ ၆/၂၆ နဲ့ ကုမ္ပဏီများမှတ်ပုံတင်ရုံးမှာ တရားဝင်ရှိပြီးသားပါ။ ကျွန်တော်ရယ်၊ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ သူ့ဇနီး၊ ဦးမီးပွား ပြီးတော့ အယ်ဒီတာချုပ်နှစ်ယောက် စုစုပေါင်းခြောက်ယောက်ရှိတယ်။
အစုရှယ်ယာ ၉၇ ရာခိုင်နှုန်းက ကျွန်တော်တို့နှစ်ယောက် ပိုင်တယ်။ ဒါတွေက ရှင်းရှင်းလင်းလင်း ရှိပြီးသားပါ။ ကျွန် တော်တို့ အရှုံးခံထုတ်စရာမလိုဘူး။ ဘယ်သူ့ငွေမှ မပါဘူး။ ဘယ်သူကမှ ကျွန်တော်တို့အပေါ် ဩဇာလာလွှမ်းမိုးလို့ မရဘူး။ ဆုံးဖြတ်ချက်တွေ အားလုံးက ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေအတိုင်းပဲ ဆောင်ရွက်တယ်။ ကျွန်တော်တို့ကိုပဲဖြစ်ဖြစ်၊ CEO ဒေါက်တာ သန်းထွဋ်အောင်ကိုပဲဖြစ်ဖြစ်ဝယ်လို့ရတယ်၊ ဩဇာလွှမ်းမိုးလို့ရတယ်၊ လက်ဆောင်တွေပေးပြီးတော့ ဩဇာလွှမ်းမိုးလို့ရတယ်လို့ ဘယ်ခရိုနီ၊ ဘယ်ဗိုလ်ချုပ်၊ ဘယ်အာဏာရှိအသိုင်းအဝိုင်းကဖြစ်ဖြစ်ဆိုခဲ့ရင် ကျွန်တော်တို့ ရှင်းလို့ရတယ်။ ကျွန်တော်တို့
အရှုံးခံထုတ်စရာအကြောင်း မရှိပါဘူး။ The Daily Eleven စထုတ်တဲ့ ဒီနှစ်မှာ ကုန်သွယ်လုပ်ငန်းခွန်သိန်း ၂၆ဝဝ ကျော်ဆောင်ထားပြီးတော့ ဝင်ငွေခွန် ၂၁ဝဝ ကျော် ဆောင်ထားပါတယ်။ ကျွန်တော်တို့မှာ ရှုံးရင် ဒီလိုအခွန်မဆောင်နိုင်ပါဘူး။ နိုင်ငံခြားကရော ပြည်တွင်းဘယ်သူ့ဆီကမှ တစ်ပြားတစ်စေ့ မယူဖူးပါဘူး။ ပေးဖူးတဲ့လူရှိရင် အခုချက်ချင်းလာပြောပါ။ နောက်လည်း ထပ်မရှင်းတော့ဘူး။ ဦးရဲထွဋ် ယုံထင်ကြောင်ထင်တွေပြောလွန်းလို့ ဒီလိုပြောရတာပါ။ ဦးရဲထွဋ်ရဲ့ ဝါဒဖြန့်ချိရေးလူတွေကပဲ ဒီလိုတွေရေးနေကြတာပဲ။ ယုံထင်ကြောင်ထင်တွေ လာပြီးမပြောနဲ့။ ကျွန်တော်တို့ကိုပေးခဲ့တဲ့လူရှိရင် လာပြော။ ကျွန်တော်တို့မှာ တရားမဝင် ရှယ်ယာရှင်တွေရှိရင် လာပြော၊ တရားမဝင် ရှယ်ယာရှင်တွေ ဘာမှမရှိဘူး။

ကျွန်တော်တို့ဖော်ပြသလို ဦးရဲထွဋ်ရယ်၊ ဦးရဲထွဋ်ရဲ့ပိုင်ဆိုင်မှုကိုမဖော်ပြချင်ရင် ဦးရဲထွဋ်တို့ ဝန်ကြီးအချင်းချင်းပဲ ဖော်ပြကြ၊ ကျွန်တော်က တစ်ခုပဲတောင်းဆိုချင်တယ်။ ဦးရဲထွဋ်နဲ့ရင်းနှီးတဲ့ Forever က ကိုဝင်းမော်တို့၊ ရွှေသံလွင်ကိုကျော်ဝင်းတို့ရဲ့ ငါးနှစ်အတွင်း အခွန်ဆောင်မှုကိုပဲ ဖော်ပြလိုက်ပါ။ ဒါတွေက ကျွန်တော်တို့အချင်းချင်းပဲညှိမယ်။ သူတို့ရဲ့ ငါးနှစ်အခွန်ဆောင်မှုကို ကျွန်တော်တို့ရဲ့ ငါးနှစ်အခွန်ဆောင်တာနဲ့ ယှဉ်ကြည့်မယ်။ သူတို့ရဲ့ဝင်ငွေက ကျွန်တော်တို့ထက် ဆယ်ဆပိုများတယ်။ အဲဒါပဲ ကျွန်တော်ပြောချင်တယ်။ ကျန်တာမပြောချင်ဘူး။ ဦးရဲထွဋ်က ပုံနှိပ်စက်ကိစ္စ တရားစွဲမယ်ဆိုလို့ ပုံနှိပ်စက်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ရှင်းပါတယ်။ ရှင်းတဲ့စာကို ဦးရဲထွဋ်ဖတ်ပြီးမှ တရားစွဲဖို့၊ မစွဲဖို့ ဦးရဲထွဋ်ရော၊ သမ္မတရော ရှေ့နေချုပ်ရုံးရော၊ သေချာစီစဉ်ပါ။ ကျွန်တော်တို့မှာ သက်သေအထောက်အထား အခိုင်အမာရှိပါတယ်။

နံပါတ်တစ်အချက်- အရင်တုန်းကလည်း ကျွန်တော်တို့ဖော်ပြပြီးပြီ။ ကျွန်တော်တို့ဝယ်တဲ့ ပုံနှိပ်စက်က ဒီတန်ဖိုးရှိတယ်။ ဒါပေမဲ့ အခုနောက်ဆုံးဖော်ပြမယ့်အကြောင်းရင်းက ရှေးရှေးတုန်းကလည်း တော်တော်များများ အားလုံးသိပြီးပါပြီ။ 4 Hi Tower 4 Unit ပုံနှိပ်စက်တစ်လုံးကို ဒေါ်လာခုနစ်သိန်း နဲ့ The Printer House ကနေ အောင်မြင်စွာဝယ်ယူခဲ့တယ်လို့ ဖော်ပြပါတယ်။ ဦးရဲထွဋ် ဒုဝန်ကြီးတာဝန်ယူတဲ့အချိန်မှာ ဒီတင်ဒါခေါ်တာပါ။ အဲဒီပုံနှိပ်စက်မျိုးကို ဒေါ်လာ ခုနစ်သိန်းနဲ့ ဝယ်ယူခဲ့တယ်။ နှစ်ရောင်ရိုက်လို့ရတဲ့ ပုံနှိပ်စက်ကို ခင်ဗျားတို့ဝယ်ခဲ့တာ ဒေါ်လာ လေးသိန်းဝန်းကျင်နဲ့ ဝယ်ခဲ့တယ်။ လေးရောင်ရိုက်လို့ရတဲ့ ပုံနှိပ်စက်တစ်လုံးကို ဒေါ်လာ ခုနစ်သိန်းဝန်းကျင်နဲ့ ဝယ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ရှင်းပါတယ်။ အဲဒီကုမ္ပဏီကပဲ ကျွန်တော်တို့ကို 4 Hi သုံးလုံး၊ Mono တစ်လုံးအတွက်ကို ၈၉၅ဝဝဝ နဲ့ ကမ်းလှမ်းနေပါတယ်။ သူတို့ဖော်ပြချက်ကို ကျွန်တော်တို့က ဈေးဆစ်တဲ့အခါမှာ ဒေါ်လာ ရှစ်သိန်းလောက်နဲ့ ရနိုင်တယ်လို့ အကြောင်းပြန်ပါတယ်။ တစ်လုံးတည်းဝယ်ရင် ဒီစက်ရဲ့ တန်ဖိုးက ဒေါ်လာသုံးသိန်းအောက်မှာပဲ ရှိပါတယ်။ ဒေါ်လာခုနစ်သိန်းနဲ့ ဝယ်ယူခဲ့တဲ့စက် လေးရောင်ရိုက်လို့ရတဲ့စက်ကို ကျွန်တော်တို့ကို ဒေါ်လာသုံးသိန်းအောက်နဲ့ ကမ်းလှမ်းခဲ့တဲ့သဘောဖြစ်နေတယ်။ ဒီဟာမှာ ကွာခြားချက်ရှိနေတဲ့အတွက် ကျွန်တော်တို့က တိုင်းပြည်ဘဏ္ဍာငွေတွေ နစ်နာတယ်ဆိုပြီးတော့ရေးတာကို ဦးရဲထွဋ်တို့ ဝန်ကြီးဌာနက အဲဒါကိုအသရေဖျက်တယ်၊ ဂုဏ်သိက္ခာကျဆင်းတယ် လို့ပြောနေတယ်။

တကယ်တော့ ဒါဟာ ဂုဏ်သိက္ခာကျဆင်းတာလောက် မဟုတ်ဘူး။ တိုင်းပြည်ရဲ့ဘဏ္ဍာငွေ နစ်နာတာက ဦးရဲထွဋ်တို့ရဲ့ ဂုဏ်သိက္ခာထက် ဆိုးပါတယ်။ ပြည်သူရဲ့ချွေးနဲစာနဲ့ယူထားတဲ့ငွေတွေကို ဗုံးပေါလအော သုံးချင်တိုင်းသုံးစွဲချင်တိုင်းစွဲတာဟာ တော်တော်ကြီးဆိုးပါတယ်။

နံပါတ်တစ်အချက်အနေနဲ့ ဦးရဲထွဋ်တို့ဘက်က ထောက်မယ်ဆိုရင် စက်အမျိုးအစားမတူဘူးဆိုတာနဲ့တော့ ထောက်လို့မရပါဘူး။ အဲဒီကုမ္ပဏီကပဲ ကျွန်တော်တို့ကို ကမ်းလှမ်းခဲ့တာပါ။ စက်အမျိုးအစားနဲ့ Specification တွေ အားလုံးကိုလည်း ဖော်ပြထားပြီးဖြစ်ပါတယ်။ စက်အားလုံးကို စုံစမ်းစစ်ဆေးလိုက်ရင် သိနိုင်ပါတယ်။

နံပါတ်နှစ်အချက်- ငွေကြေးကြိုတင်စိုက်ရအောင်လည်း The Printers House က ငွေကြေး ကြိုတင်စိုက်စရာမလိုပါဘူး။ နိုင်ငံခြားကုမ္ပဏီကဝယ်ယူရင် LC ဒါမှ မဟုတ် Credit နဲ့ရောင်းချနိုင်တဲ့ ကုမ္ပဏီတွေပါ။

နံပါတ်သုံး- Training ကိစ္စကြောင့်ဆို ပြီး အကြောင်းပြတာတွေလည်း တွေ့ပါတယ်။ ကျွန်တော်တို့ Technician ကို ခြောက်လ ဒီကိုခေါ်ယူပြီး ဒီကလုပ်သားတွေ အကုန်လုံးကို Training ပေးတာက ဒေါ်လာတစ်သောင်းအောက်ပဲ ကုန်ကျပါတယ်။ အဓိကအကြောင်းရင်းက ဦးရဲထွဋ်တို့ဌာနဟာ ဈေးကြီးပေးပြီးတော့ ဝယ်ယူခဲ့ပါတယ်။ တကယ်လို့ ဦးရဲထွဋ်တို့အနေနဲ့ ကိုယ့်ပစ္စည်းဆိုရင် ဒီလိုပဲလက်လွှတ်စပယ် ဈေးကြီးပေးပြီး ဝယ်မလား။ တိုင်းပြည်ရဲ့ဘဏ္ဍာတွေ အလွဲသုံးစားအလုပ်ခံလိုက်ရတယ်။ မတရားအလုပ်ခံရတယ်။ ဒါကတော့ ထင်ရှားနေပြီ။

အဲဒါကြောင့် ဒီကိစ္စကိုရှင်းပြီးမှ တရားစွဲချင်ရင် စွဲပါ ။အဂတိတရားလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကလည်း ဒီကိစ္စတွေမှာ ကျွန်တော်တို့တိုင်ကြားမှုကို တစ်ခုမှ ဖြေရှင်းခြင်းမရှိပါဘူး။ တရားမျှတမှုဆိုတာ ဘယ်နားမှာလဲလို့ ဦးရဲထွဋ် ထင်ပါသလဲ။ ခုနစ်သိန်းနဲ့ ဘာကြောင့်ဝယ်ယူရသလဲဆိုတာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာနက စစ်ဆေးပြီးမှ ကျွန်တော်တို့ကို လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကျွန်တော်တို့မှားရင် ကျွန်တော်တို့ခံပါ့မယ်။

အခုဖြစ်နေတာက အစိုးရရဲ့စီမံခန့်ခွဲမှု အားနည်းတာ၊ အဂတိတရားလိုက်စားမှုနှိမ်နင်းဖို့ ပျက်ကွက်တာ၊ ခေါင်းဆောင်လုပ်တဲ့ သမ္မတက မပြတ်သားတာတွေကြောင့် တိုင်းပြည်က တစ်စစနဲ့ ချွတ်ခြုံကျလာတာကို ကျွန်တော်တို့ Eleven Media Group က တစ်ချက်ချင်းထောက်ပြလာတဲ့ကိစ္စ ဖြစ်ပါ တယ်။ ပုံနှိပ်စက်ကိစ္စက နမူနာတစ်ခုပါ။ ပြန်ကြားရေးဝန်ကြီး ဂုဏ်သိက္ခာ၊ ဦးရဲထွဋ်ရဲ့ ဂုဏ်သိက္ခာ၊ အစိုးရအဖွဲ့ရဲ့ဂုဏ်သိက္ခာ သမ္မတရဲ့ ဂုဏ်သိက္ခာတွေထက် အရေးကြီးတာက တိုင်းပြည်ရဲ့အနာဂတ်၊ လူငယ်တွေရဲ့အနာဂတ်၊ တိုင်းပြည်ကိုယ်ကျင့်တရားနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။

ကျွန်တော်တို့ကို တရားမစွဲခင် ဒီကိစ္စကို အများပြည်သူ ထင်သာ၊ မြင်သာအောင် စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့ တောင်းဆိုရတာဟာ သမ္မတနဲ့ ဦးရဲထွဋ်တို့ရဲ့ ကိုယ့်ကျင့်တရား၊ သိက္ခာတရားကို မေးခွန်းထုတ်လိုက်တာပါပဲ။ ဘဝဆိုတာ တိုတိုလေးပါ။ တစ်ခဏလည်း စံလို့ရပါတယ်။ တစ်ဘဝလည်း စံလို့ရပါတယ်။ မတရားလုပ်တဲ့သူတွေဟာ သံသရာမှာတော့ မစံနိုင်ပါဘူး။
Mono Unit
4 Hi Tower 4 Unit

http://www.news-eleven.com/

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>