Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ယခုလမှစ၍ အိမ်သုံးမီတာများကို မြင်းကောင်ရေကြေး ထည့်သွင်း ကောက်ခံလာ

$
0
0
စစ်ကိုင်းမြို့နယ်၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း အနေဖြင့် ပြည်သူလူထုအား ကြိုတင် အသိပေး အကြောင်းကြားခြင်း မရှိဘဲ ယခုလပိုင်းမှ စတင်၍ အိမ်သုံး လျှပ်စစ်မီတာ တစ်လုံး လျှင် မြင်းကောင်ရေ ကြေး ငွေကျပ်၂ဝဝ စီ ဓာတ်အားခ တောင်းခံလွှာတွင် ထည့်သွင်း ဖော်ပြ ကောက်ခံ လာကြောင်း သိရသည်။

ယခင်က လုပ်ငန်းသုံး ပါဝါမီတာများ ကိုသာ သုံးစွဲသည့် မြင်းကောင်ရေကို လိုက်၍ မြင်းကောင်ရေကြေး ကောက်ခံကြောင်း၊ အိမ်သုံးမီတာ များကို မြင်းကောင်ရေကြေး ကောက်ခံမှု မရှိခဲ့ကြောင်း သိရသည်။ ယခုလပိုင်းမှစတင်၍ လျှပ်စစ် ဓာတ်အားခ၊ မီတာ ဝန်ဆောင်ခ အပြင် မြင်းကောင်ရေကြေး ငွေကျပ် ၂ဝဝ ကိုပါ ထည့်သွင်း ကောက်ခံ လာကြောင်း သိရသည်။

''အရင်က လုပ်ငန်းသုံး ပါဝါမီတာ တွေကိုပဲ မြင်းကောင်ရေကြေး ဆိုတာ ကောက်ခံ ပါတယ်။ ဆယ်ကောင် မီတာ တပ်ထားတဲ့ အတွက် လစဉ် မြင်းကောင်ရေကြေး ငွေကျပ် နှစ်ထောင် ထည့်သွင်း ပေးဆောင် ရတယ်။ အခုလပိုင်း ကစပြီး ဓာတ်အားခ တောင်းခံလွှာ တွေ ထွက်လာတဲ့ အခါ အိမ်သုံးမီတာ တွေကိုပါ မြင်းကောင်ရေကြေး ကျပ်နှစ်ရာစီ ထည့်သွင်း တောင်းခံလာတာ တွေ့ရတယ်။ လျှပ်စစ်ဌာန အနေနဲ့ ဘာကြောင့် ကောက်ခံရတယ် ဆိုတာကို ပွင့်လင်း မြင်သာစွာ ချပြ ကောက်ခံ တာမျိုး ဖြစ်သင့်တယ်။ ပြည်သူလူထု ကို ကြိုတင် အသိပေးခြင်း မရှိဘဲ တောင်းခံလွှာထဲ ထည့်သွင်း ကောက်ခံ လိုက်တာမျိုး မဖြစ်သင့်ဘူး ... '' ဟု ပုံနှိပ်စက်လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း အနေဖြင့် အိမ်သုံးမီတာ များကို သုံးစွဲယူနစ် (၁-၁ဝဝ) ယူနစ်အထိ တစ်ယူနစ် လျှင် ငွေကျပ် ၃၅ ကျပ်နှုန်း၊ (၁ဝ၁-၂ဝဝ) ယူနစ်အထိ ငွေကျပ် ၄ဝ နှုန်းအပြင် မီတာ ဝန်ဆောင်ခ ငွေကျပ် ၅ဝဝ ကောက်ခံကြောင်း၊ ယခုအခါ မြင်းကောင်ရေကြေး ငွေကျပ်၂ဝဝ ထပ်မံ ထည့်သွင်း တောင်းခံ ကောက်ခံ လာကြောင်း သိရသည်။ (၁၇ဝ)

#PyiChitThar

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>