ဆိတ်ထိန်းရွာနှင့် ကမ်းဖြူရွာအ နီး မြေအောက်မှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ စီးပွားဖြစ် ရှာဖွေ့တွေ့ရှိ ပါက သဘာဝဓတ်ငွေ့တာဘိုင်များ ဖြင့် ဒေသခံကျေးရွာများသို့ လျှပ်စစ် မီးလင်းနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စွမ်းအင် ဒု-၀န်ကြီး ဦးအောင်ထူးက စက်တင်ဘာ ၁၇ ရက်တွင် ပြောဆိုလိုက်သည်။
ဆိတ်ထိန်းရွာနှင့် ကမ်းဖြူရွာအ နီး မြေအောက်မှ သဘာဝဓာတ်ငွေ့ ရရှိပါက တာဘိုင်ဖြင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးလင်း နိုင်ရေး အတွက် စမ်းသပ်ထုတ်လုပ် ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိနှင့် စပ် လျဉ်း ၍ ကျောက်ပန်းတောင်း မဲဆန္ဒ နယ်မှ ဦးအောင်ကြိုင်၏ မေးမြန်း မှု ကို ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဒေသကို Block PSCE ဟုသတ်မှတ်ပြီး ၁၉၉၂ ခုနှစ် နောက်ပိုင်း တွင် နိုင်ငံခြားရေနံ ကုမ္ပဏီ Petro Canada Company မှ န၀ရတ်(၁)နှင့် ကဗတ်(မြောက်-၁)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ န၀ရတ် (၂)၊ န၀ရတ်(၃)၊ ကျွဲကန်၊ မြင်းမူနှင့် ထီးဘူး အစမ်းတွင်း များကို တူးဖော်စမ်းသပ် ခဲ့ရာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေမတွေ့ရကြောင်း၊ Asia Orient International Ltd. မှ ရေနံရှာဖွေတူးဖော်မှုလုပ်ငန်းများ ဆက်လက် ဆောင် ရွက်နေပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များ စီးပွားဖြစ် ရှာဖွေ့တွေ့ရှိပါက တာဘိုင်များဖြင့် ဒေသခံ ကျေးရွာများ လျှပ်စစ် မီးလင်းနိုင်ရေးနှင့် နိုင်ငံတော်အတွက် အကျိုးရှိမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး မည်ဖြစ်သည်ဟု ဒု-၀န်ကြီး ဦးအောင်ထူးက ပြောသည်။
အဆိုပါလုပ်ကွက်အား စိတ်ဝင်တစားရှိသော Asia Orient International ကုမ္ပဏီက PSC စာချုပ် ချုပ်ပြီး ရှာဖွေနေကြောင်း၊ လွန်ခဲ့သည့်နွေရာသီက Submit, two dimensional Submits စာတွေ့ များ တိုင်းတာပြီး Processing နှင့် Underproduction လုပ်ဆောင်နေပြီး ရရှိသည့် Results ကောင်းမွန်ပါက ယင်းဒေသများတွင် အစမ်းတွင်းများ ထပ်မည် တူးဖော် မည်ဖြစ်ကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ် လုပ်နိုင်မည်ဆိုပါ က စွမ်းအင်ဝန် ကြီးဌာနနှင့် ညှိနှိုင်းပြီး သဘာဝဓာတ်ငွေ့ တာဘိုင်များနှင့် ကျေးရွာတွေ မီးလင်းနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ် ကြောင်း ဒု-၀န်ကြီး ဦးအောင်ထူးက ဆက်လက်ပြောကြားခဲ့သည်။
သတင်း - ဇော်မင်းထွန်း
ွှ့The Ladies News Journal