ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့ နယ်၊ ကုက္ကိုင်းကျေးရွာနေ တောင်သူ ၉၆ ဦး ပိုင်ဆိုင်သည့် လယ်ဧက ၁၈၅.၃၃ ဧက ကို ရန်ကုန်-မန္တလေး အမြန် လမ်း ဖောက် လုပ်ရေးအတွက် အစိုးရက ၂၀၀၆ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီးချ ပေးထား သည့် လျော်ကြေးငွေများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး က ခရီး စရိတ် အဖြစ် ဖြတ်တောက် ယူဆောင် ခြင်းများရှိနေသည်ဟု လယ်သမားများကဆိုသည်။
သိမ်းဆည်းခံလယ်မြေများအတွက် အစိုးရက ၂၀၁၄၊ မတ်လ ၂၉ ရက် တွင် မြို့နယ်ထွေအုပ်ရုံး တွင် တစ်ဧ ကလျှင် ကျပ် ၅ သိန်းပေးအပ်ခဲ့ သော် လည်း ကျေးရွာအုပ်ချုပ်ရေးမှူး က တစ်ဧက လျှင် ကျပ် သုံးသောင်း ဖြတ်ယူမှု များရှိနေသည်ဟု ဒေသခံ လယ်သမားများက စက်တင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၊ မြန်မာဂျာ နယ်လစ် ကွန်ရက်ရုံးခန်း၌ သတင်း စာရှင်းလင်းပွဲ ပြုလုပ် ခဲ့ကြသည်။
“ကျွန်တော်တို့ကို အစိုးရက တစ် ဧကကို ၅ သိန်းနှုန်းနဲ့ သိမ်းဆည်း ထားတဲ့ လယ်မြေတွေ အတွက် လျော် ကြေးပေးခဲ့တယ်။ အဲ့ဒါကို ကုက္ကိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်တွေက လျော်ကြေးရတဲ့အထဲက တစ်ဧကကို သုံးသောင်းနှုန်းနဲ့ ငါးဧက ကို တစ်သိန်းခွဲကောက်ယူတယ်” ဟု ဒိုက်ဦးမြို့ နယ်၊ ကုက္ကိုင်းကျေးရွာနေ ဦးရွှေသိန်း ကပြောသည်။
အဆိုပါ ကိုက္ကိုင်းကျေးရွာသည် ရန်ကုန်-မန္တလေးအမြန်လမ်းဘေး တွင် တည်ရှိပြီး ရန်ကုန်-မန္တလေး အမြန်လမ်းဖောက်လုပ်ရာတွင် သိမ်း ဆည်းခံခဲ့ရသည့် ကျေးရွာများ၌တစ်ခု အပါအ၀င်ဖြစ်သည်။
“သုံးသောင်းကောက်တယ်ဆိုတာ က ကျွန်တော်တို့လျော်ကြေးရအောင် လုပ်ပေးတဲ့အခါ ခရီး စရိတ်အနေနဲ့ ယူတာပါ။ သူတို့ကျေနပ်ရင် ပေး၊ မ ကျေနပ်လို့မပေးလည်း ရပါတယ်။ သူတို့ ကလည်း ကျေနပ်လို့ပေးတာ အခုမှ တိုင်းတာတောတာ လုပ်လာတာပါ” ဟု ကက္ကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးလွင်ကပြောသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေအ ရ အရေးယူပေးရန် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်း ထံ ၂၀၁၄ ခုနှစ်၊ မေလ ၁၂ ရက်က တိုင်ကြား စာပေး ပို့ထားကြောင်း သိရသည်။
ယင်းကဲ့သို့ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်သို့ တိုင်းကြားထားသော်လည်း အကျိုးအကြောင်း တစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂ အဖွဲ့ဥက္ကဋ္ဌဦးတင့်လွင်ထံက သိရသည်။
သတင်း - MMK
The Ladies News Journal