Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဆရာမ သန်းမြင့်အောင် ၆၁နှစ်ပြည့်မွေးနေ့ ကျင်းပ(ရုပ်-သံ)

$
0
0

ပရဟိတ ကဝေမကြီးရယ်လို့ ဦးကျော်သူက တင်စားရတဲ့ ဆရာမ ဒေါ်သန်းမြင့်အောင်ရဲ့ ၆၁နှစ်ပြည့် မွေးနေ့ပွဲကို စက်တင်ဘာ ၂၅ရက်နေ့က မြောက်ဒဂုံမှာရှိတဲ့ အောင်ဖောင်ဒေးရှင်းမှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ အခုလို မွေးနေ့ရောက်တိုင်း ဆရာမသန်းမြင့်အောင် ဘာကို အမှတ်တရရှိပါသလဲ။

မွေးနေ့ရောက်တိုင်း ပရဟိတလုပ်ဖို့ သက်တမ်းတစ်နှစ်တိုးလာတယ်လို့ မှတ်ယူပြီး ဒီအလုပ်တွေ လုပ်နိုင်ဖို့ မွေးဖွားပေးတဲ့ မိဘ၊ စာပေနဲ့ ပရဟိတနယ်ပယ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလှူရှင်တွေရဲ့ ကျေးဇူးတရားကို သတိရဆင်ခြင်မိပါတယ်လို့ ကမာရွတ်မီဒီယာကို ဆရာမက အမှတ်တရ ပြောပြပါတယ်။ အများအတွက် လူဖြစ်ရတဲ့ဘဝမှာ နေချင်တာကြောင့် မွေးနေ့တိုင်းကို အိပ်ယာထဲမှာ မကျင်းပချင်ဘဲ ကျန်းကျန်းမာမာ ရှိချင်တယ်လို့ ဆိုပါတယ်။

စာရေးဆရာမ သန်းမြင့်အောင်ရဲ့ ၆၁နှစ်ပြည့် မွေးနေ့ကို စာပေနဲ့ ပရဟိတအသိုင်းအဝိုင်းက မိတ်ဆွေတွေနဲ့ အတူတကွ ဆုံစည်းစေချင်တာကြောင့် အခုလို စီစဉ်တာဖြစ်ပြီး ဆရာမ တစ်ရက်အသက်ရှည်ရင် လူ့အဖွဲ့အစည်းအတွက် တစ်ရက်အကျိုးရှိမှာမို့ အသက်ရှည်စေချင်တယ်လို့ အောင်ဖောင်ဒေးရှင်းက ကိုရဲဝင်းဇော်က ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ပရဟိတလုပ်ငန်းတွေ လိုအပ်နေချိန် ဆရာမ သန်းမြင့်အောင်လို ပုဂ္ဂိုလ်တွေပေါ်လာဖို့ လိုတာကြောင့် နှစ်ပေါင်းတစ်ရာတိုင် အများအကျိုးကို ပျော်ပျော်ရွှင်ရွှင် လုပ်နိုင်ပြီး ဆရာမလိုလူတွေ ထပ်ပြီးမွေးထုတ်ပေးနိုင်ဖို့ ဆုတောင်းပေးချင်တယ်လို့ စာရေးဆရာမ မိချမ်းဝေက ပြောပါတယ်။

ဆရာမ သန်းမြင့်အောင်ရဲ့ စာပေအသိုင်းအဝိုင်းက စာရေးဆရာတွေဖြစ်တဲ့ မြသန္တာ၊ ဝင်းအောင်နဲ့ ကြည်မွှေးအိမ်တို့က အခုလိုပဲ ဆရာမမွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။
Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>