Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အောင်ရတနာ ရန်ကုန်-ထားဝယ် အဝေးပြေးယာဉ် ဓားပြတိုက်ခံရ၊ ၂ ဦးသေဆုံး ==== ==== ==== ====

$
0
0

ရန်ကုန်-ထားဝယ် အောင်ရတနာ အဝေးပြေးယာဉ်တစီး ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်ခန့်က ဓားပြတိုက်ခံခဲ့ရကြောင်း သတင်းရရှိ သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်မှာ ထားဝယ်မှ ရန်ကုန်သို့ ဦးတည်မောင်းနှင်လာသော ခရီးသည် ၄၀ ကျော်ပါ အောင်ရတနာ မှန်လုံအဝေးပြေးယာဉ် (၄စ/ ၇၄၉၆) သည် ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ အနီး ၇၉ မိုင် ၄ ဖာလုံခန့်အရောက် တွင် ပြောက်ကျားအင်္ကျီများဝတ်ဆင်ထားသော ဓားပြအဖွဲ့က ကားကိုတား၍ ခရီး သည်များအား ကားပေါ်မှဆင်းစေပြီး မြေ ပြင်ပေါ် ထိုင်ခိုင်းကာ ကိုယ်ပေါ်ဝတ်ဆင် လာသော လက်ဝတ်ရတနာများအား ချွတ်ခိုင်းခဲ့သည်။ ၎င်းင်းဖြစ်စဉ်ကိုမသိဘဲ KNU/KNLA တပ်မဟာ (၄) တပ်ရင်း (၁၀) တပ်ခွဲ ၂ မှ တပ်စုမှူးဗိုလ်ခင်ဝင်း နှင့်တပည့် ယာဉ်မောင်းစောမောင်အေး မောင်းနှင်လာသော ဏနြေမသ ယာဉ်အား ၎င်းင်းဓားပြအဖွဲ့မှ တားဆီးရာ ယာဉ်မှ မရပ်ဘဲ မောင်းနှင်အရှိန်ပြုလိုက်ခြင်းကို ၎င်းင်းအဖွဲ့မှလက်နက်ငယ်ဖြင့် တိုက်ခိုက် ပစ်ခတ်ခဲ့သည်။ အခင်းဖြစ်ပွားရာနေရာ သည် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် နယ်မြေနှင့် KNU/KNLA တပ်မဟာ (၄)နယ်မြေအတွင်း၌ဖြစ်ကြောင်း သိရ သည်။

အဆိုပါအဝေးပြေးယာဉ်သည် မလွှဲ တောင်လုံခြုံရေးစခန်းအရောက်ဖြစ်စဉ် အား သတင်းပို့ခဲ့ရာ ဒေသခံစစ်တပ်နှင့် ရဲတပ်ဖွဲ့ကသွားရောက် စစ်ဆေးရာ ဏနြေမသ ကားပေါ်ပါ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) အဖွဲ့မှ ယာဉ်မောင်းတပ်သား ပွဲချင်းပြီး သေဆုံးပြီး ဒုတပ်စုမှူးမှာ ဒဏ်ရာဖြင့် သတိလစ်နေ သည်ကို တွေ့ရသည်။ ဒဏ်ရာရ ဒုတပ်စု မှူးအား ရေးမြို့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းပေါ်၌ပင် သေဆုံးခဲ့ကြောင်းသိရ သည်။

““ဓားပြတွေက ပြောက်ကျားအင်္ကျီ တွေ ၀တ်ထားပြီး မွန်စကားပြောတယ်လို့ သိရတဲ့အတွက် မွန်သူပုန်လို့ပဲ ယူဆပါ တယ်။ အတိအကျတော့ မသိရသေးပါ ဘူး။ အဖွဲ့အစည်းတွေ ပါဝင်နေတဲ့အတွက် အမှု ကိစ်္စကို စုံစမ်းနေဆဲဖြစ်ပါတယ်””ဟု ကလိန်အောင်ရဲစခန်းမှ တာဝန်ကျ ရဲအရာ ထမ်းတဦးက ၿနတ် ၽႊေအခ့ သို့ ပြော သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>