Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပါရမီ-အဓိပတိ ယာဉ်လိုင်းများမှ ကားကြီး မောင်းနှင်ခွင့် လိုင်စင်မရှိသည့် ဒရိုင်ဘာများကို ယာဉ်မောင်းအဖြစ် ခန့်ထားလျက်ရှိဟု ဆို

$
0
0
ဒီဇင်ဘာလ ၈ရက် တနလာင်္နေ့ ညနေပိုင်း ၆ နာရီခန့် အလုပ်ပြန်ချိန်တွင် Royal Express အမြန်ချောပို့ လုပ်ငန်းမှ ၀န်ထမ်းတစ်ဦးဖြစ်သူ မအေးစန္ဒာသိန်းသည် သိမ်ဖြူ လမ်း ကို ဖြတ်ကူး စဉ် ဦးပိုင်လုပ်ငန်းမှ ပိုင်ဆိုင်သည့် အဓိပတိ(အနီ) ယာဉ်က တိုက်ပြေးသွားခဲ့ပါသည်။ မအေးစန္ဒာသိန်းမှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဆောင်တွင် ဦးခေါင်းတွင် ရရှိသည့် ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သည်။

အဆိုပါ အဓိပတိ ခရီးသည်တင်ယာဉ် ဘက်စ်ကား၏ ယာဉ်မောင်းသည်
စည်းကမ်းမဲ့ ၄င်း၏ ယာဉ်ကြောမှ ကျော်လွန်ကာ ပြောင်းပြန်မောင်းနှင် မှုကြောင့် တဖက်လမ်းကြောတွင် လမ်းဖြတ် ကူးနေသော မအေးစန္ဒာသိန်းအား အရှိန်မထိန်းပဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်မောင်းမှာ ပါရမီ အဓိပတိ ယာဉ်လိုင်းတို့မှ ယာဉ်မောင်းအများစု၏ လုပ်ရိုးလုပ်စဉ်အတိုင်း ယနေ့အထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း မအေးစန္ဒာသိန်း ၏ ညီမဖြစ်သူ သန္တာ က The Ladies သို့ ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှု တရားခံ ယာဉ်မောင်းအမည် - ကျော်ဇင်လတ် ၊ လိုင်စင်အမှတ် ( ခ/ ၀၁၁၀၁/၁၂)၊ မှတ်ပုံတင်အမှတ် - ၁၂/ ကမရ (နိုင်) ၁၄၅၁၄၅ ၏ အဓိပတိ ယာဉ်လိုင်းနှင့် မထသ (ဗဟို) မှ လုပ် ကိုင်ခွင့်လက်မှတ်( နံပါတ်) ကို
တာဝန်ရှိသူများမှ ပြသရန် ငြင်းဆိုခဲ့ကြောင်း မသန္တာ က ဆက်လက်ပြောကြားခဲ့သည်။

တရားခံ ကျော်ဇင်လတ် ကိုင်ဆောင်သော (ခ) လိုင်စင် သည် ကားကြီး မောင်းနှင်ခွင့် မရှိ။ ခရီးသည်တင် ကားမောင်းရန် တရားဝင်မောင်းနှင်ခွင့်လိုင်စင် မိတ္တူကို ပါရမီ-အဓိပတိ ယာဉ်လိုင်း မှာ တာဝန်ရှိသူများက မပြသနိုင်သော်လည်း ထိုသူများကို ၄င်းတို့ပိုင် ပြည်သူစီး ယာဉ်လိုင်းများအား မောင်းနှင်ခွင့်ပေးထားခြင်းမှာ လူသတ်ခွင့် လိုင်စင်ချထားပေး သကဲ့သို့ ဖြစ်နေကြောင်း မသန္တာက ပြောကြားခဲ့သည်။

ဓါတ်ပုံ - သန္တာ

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လုလုအောင် HD အသစ်


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>