Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကျောက်တံတားမြို့နယ် NLD ဗိုလ်ချုပ်နှစ်တရာပြည့်ပွဲ အကြို ရံပုံငွေဈေးရောင်းပွဲ ပြုလုပ်

$
0
0
၃၆ လမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ကျောက်တံတားမြို့နယ် NLD မှ ကြီးမှူး၍ ဗိုလ်ချုပ်နှစ်တရာပြည့်အကြိုဈေးရောင်းပွဲတော်နှင့် ကဗျာရွတ်ဆိုပွဲကို ယနေ့(ဒီဇင်ဘာ ၁၃ရက်)က ပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ် NLD ဥက္ကဌ ဦးကျော်မိုးက ဗိုလ်ချုပ်အတွက် “လမ်း”အမည်ရှိ ကဗျာကို ရွတ်ဆိုပြီး ကဗျာဆရာ သော်ဇင်အုန်း၊ ကဗျာဆရာ ပိုင်သစ်နွယ် တို့ကလည်း အသီးသီး ကဗျာများ ရွတ်ဆိုခဲ့ကြပြီး ဗိုလ်ချုပ်၏ ဂုဏ်ပုဒ်များကို ထုတ်ဖော်ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ ရံပုံငွေဈေးရောင်းပွဲတွင် ဗိုလ်ချုပ်နှင့်ပတ်သက်သည့် စာအုပ်များ၊ ဒီမိုကရေစီနှင့်ပတ်သက်သည့် စာအုပ်များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ ရောင်းချခဲ့ကြ
သည်။

“ကျွန်တော်တို့ ဗိုလ်ချုပ်နှစ်တရာပြည့် မွေးနေ့အတွက် အကြိုရံပုံငွေ ရရှိအောင်ပြုလုပ်တာပါ၊ ဒါကလည်း အမျိုးသားခေါင်းဆောင်ကြီးရဲ့ နှစ်တရာမွေးနေ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် တဖက်တလမ်းက ကူညီတဲ့ သဘောပါ၊ ဗိုလ်ချုပ်ကို ချစ်တဲ့သူတွေအတွက် ရည်ရွယ်ရောင်းချတာပါ”ဟု NLD အဖွဲ့ဝင်တဦးက ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>