Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တံတားဆောက်လုပ်ရေး စီမံကိန်းကြောင့် သိမ်းခံထားရတဲ့ မြေပိုင်ရှင်တွေ ဆန္ဒပြ

$
0
0
မန္တလေးတိုင်း အမရပူရမြို့နယ်အတွင်းက ရတနာပုံတံတား တည်ဆောက်စဉ် သိမ်းထားတဲ့မြေတွေထဲက ပိုနေတဲ့မြေ ၁၀ ဧကကို ပြန်ပေးဖို့ အမရပူရမြို့နယ် ရွေကြက်ယက်ရွာက လယ်သမားတစ်ရာလောက် ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီဇင်ဘာလကုန်မှာ အဲဒီလယ် ၁၀ ဧကကို ပြန်မပေးဘူးဆိုရင် တရားနည်းလမ်းနဲ့ ထပ်မံတောင်းဆိုသွားမယ်လို့ ဒီနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့(အထက်ဗမာပြည်၊ MDCF) က ကိုစောလှအောင်က ပြောပါတယ်။

"အထက်အမိန့်အတိုင်း ပြန်မရဘူးဆိုရင် မိမိတို့တောင်သူတွေက မိမိတို့ပိုင်ဆိုင်တဲ့ အထောက်အထားတွေ လက်ဝယ်ကိုင်ပြီးတော့ မိမိတို့လယ်တွေကို ဒီလကုန်မှပြန်မပေးရင် ကာယကံရှင်တွေကိုယ်တိုင် လက်ရောက်ပြန်လည်တရားသဖြင့် သိမ်းဆည်းကြတော့မှာဖြစ်ပါတယ်၊ ဒါတောင်သူတွေရဲ့ နောက်ဆုံးအတိအလင်း အစည်းအဝေးဆုံးဖြတ်ချက်ပါ"

ရတနာပုံ ဧရာဝတီမြစ်ကူးတံတား ဆောက်လုပ်ဖို့အတွက် ရွေကြက်ယက်ကျေးရွာက လယ်ဧက ၂၀ ကျော်ကို စစ်အစိုးရက ၂၀၀၁ ခုနှစ်က သိမ်းဆည်းခဲ့တာပါ။ စီမံကိန်းပြီးလို့ ပိုနေတဲ့မြေ ၁ဝ ဧကလောက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အထူးစီမံကိန်းကြီး ၂ အဖွဲ့က ပြန်မပေးဘဲ အဆောက်အဦးတွေ ဆောက်လုပ်နေထိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတံတားကို လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး သိမ်းဆည်းခဲ့တဲ့မြေတွေထဲက ပိုနေတဲ့မြေတွေကို ပြန်ပေးဖို့  ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တံတားဆောက်လုပ်ရေးကို တာဝန်ယူခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းအထူးအဖွဲ့ကြီး ၂ က ပြန်မပေးဘဲ လျော်ကြေးငွေသာပေးဖို့ ကြိုးစားပေမယ့် တောင်သူတွေက လက်မခံခဲ့ပါဘူး။

RFA Burmese

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>