Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မလေးရှားတွင် မြန်မာများကိုသတ်မှုဖြင့် သံသယရှိသူ ၂ ဦး ထွက်ပြေး

$
0
0

မလေးရှားနိုင်ငံ ပီနန်မှာ မြန်မာတွေကို သတ်ဖြတ်မှုနဲ့ စုံစမ်းစစ်ဆေးရာမှာ အကူအညီပေးဖို့ အတွက် ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ မြန်မာ ၂ ဦး ထွက်ပြေးသွားပါတယ်။

ဓာတ်ပုံတွေကို သတင်းစာတွေမှာ ဖော်ပြပြီးတဲ့နောက် အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်မြန်မာ ၂ ဦး ထွက်ပြေးသွားတယ်လို့ ပီနန် ရဲတပ်ဖွဲ့ အကြီးအကဲ အက်ဒူရာဟင်ဟန်နာဖီကို ကိုးကားပြီး မလေးရှား သတင်းတွေက ရေးပါတယ်။

“ရဲတပ်ဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးချက်အရ လူ ၂ ဦးက ပီနန်ကနေ ထွက်ပြေးသွားပါတယ်၊ ဒါပေမယ့် သူတို့တွေက မလေးရှားမှာ ရှိနေတုန်း ဖြစ်သလို သူနောက်ကို လိုက်နေပါတယ်၊ သူတို့ကို သိတဲ့ မြင်တဲ့ သူတွေက ရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး စုံစမ်း စစ်ဆေးမှုကို ပူးပေါင်း ဆောင်ရွက်ဖို့ မေတ္တာရပ်ခံပါတယ်” လို့ သူက ပြောပါတယ်။

ဒီ ၂ ဦးအပြင် သူတို့ စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့ တခြား သံသယရှိ မြန်မာ ၂ ဦးကိုလည်း ရှာဖွေနေသလို သူတို့ ဓာတ်ပုံတွေကို သတင်းတွေမှာ ဖော်ပြသွားမယ်လို့ ဆိုပါတယ်။

ဒီနှစ်အစောပိုင်းကတည်းက မလေးရှား ပီနန်မှာ မြန်မာနိုင်ငံသားတွေ အပါအ၀င် လူ ၁၈ ဦး အသတ်ခံခဲ့ရပါတယ်။

ကနဦးကတော့ သတ်ထားတဲ့ အလောင်းတွေကို အ၀တ်ဖြူတွေနဲ့ ထုတ်ပြီး လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အသတ်ခံရတဲသူတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တနေရာစီမှာ ခွဲပြီး စွန့်ပစ်ထားပါတယ်။

ဒီအတွက် မြန်မာ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီလူသတ်မှုမှာ သံသယရှိတဲ့ တခြား မြန်မာနိုင်ငံသား အုပ်စုတွေကိုလည်း လိုက်လံရှာဖွေနေပါတယ်။

ဒါအပြင် မလေးရှားမှာ နေထိုင်ခွင့် လက်မှတ်မရှိတဲ့ နေထိုင်သူတွေကို ရှာဖွေဖမ်းဆီးရေး လုပ်ဆောင်ချက်တွေ လုပ်ဆောင်နေတဲ့ အတွက် တရားဝင် လက်မှတ်မရှိတဲ့ မြန်မာ နိုင်ငံသားတွေ ထွက်ပြေးနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမား ၂ သိန်းကျော်နဲ့ တရားမ၀င် မြန်မာ အလုပ်သမား ၁ သိန်းကျော် ရှိတယ်လို့ ပီနန် နာရေးကူညီမှု အသင်းက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74046

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>