Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တရားခွင်တွင် အထိန်းသိမ်းခံရသူ စာရေးဆရာ ထင်လင်းဦးကို NLD ကူညီမည်

$
0
0
လင်းသစ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၇

သာသနာညှိုးနွမ်းစေမှုဖြင့် အမှုရင်ဆိုင်နေရသော စာရေးဆရာ ဦးထင်လင်းဦးကို ဗုဒ္ဓဟူးနေ့က စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးတင် စစ်ဆေးပြီးနောက် အာမခံ မပေးဘဲ ထိန်းသိမ်းလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးထင်လင်းဦး၏ အမှုကို အကူအညီ ပေးသွားမည်ဟု ဆိုသည်။

“ပါတီအနေနဲ့က ဥပဒေ အကာအကွယ်က လုပ်နိုင်သလောက် လုပ်ပေးမှာပါ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဦးထင်လင်းဦး၏ အောက်တိုဘာ ၂၃ ရက်နေ့ ချောင်းဦးမြို့၊ သုံးပန်လှ ကျေးရွာ စာပေဟောပြောပွဲ ပြောကြားချက်များမှာ သာသနာညှိုးနွမ်းစေသည်ဟုဆိုကာ သာသနာရေးဦးစီးဌာနက တရားစွဲခဲ့သည်။

သူ၏ အငြင်းပွားဖွယ် ဟောပြောချက်ထဲတွင် ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းကို မုဆိုးက သင်္ကန်းအကာအကွယ်ဖြင့် လုပ်ကြံခဲ့သကဲ့သို့ ယခုအချိန်တွင်လည်း သင်္ကန်းအကာအကွယ်ဖြင့် ဗုဒ္ဓဘာသာကို ဖျက်ဆီးမှုများ ရှိနေသည်ဟူသော အချက်လည်း ပါဝင်သည်။

ဟောပြောချက်ဗွီဒီယိုဖိုင်မှာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများသို့ ချက်ချင်း ရောက်ရှိကာ ဝေဖန်သံများ ကြုံတွေ့ခဲ့ရသည်။

ဟောပြောချက်နှင့် ပတ်သက်ပြီး တောင်းပန်ရန် အများအပြားက တောင်းဆိုနေချိန်တွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည့် ချောင်းဦးမြို့နယ် သံဃာတော်များက ဦးထင်လင်းဦး တောင်းပန်ခြင်း မပြုလျှင် ကံဆောင် သပိတ်မှောက်မည်ဟု ကြေညာခဲ့သည်။

ဦးထင်လင်းဦးကလည်း အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဆရာတော်များထံသို့ သွားရောက်တောင်းပန်ခဲ့သည်။

ထိုဖြစ်ရပ်နောက်ပိုင်း NLD က ဦးထင်လင်းဦးကို ဗဟိုပြန်ကြားရေးအဖွဲ့ဝင် တာဝန်မှ ရုပ်သိမ်းလိုက်ပြီး ဟောပြောပွဲတွင် ဘာသာရေးအကြောင်းအရာများ ထည့်သွင်း ဟောပြောခြင်းမပြုရန်လည်း တားမြစ်လိုက်သည်။

ရန်ကုန်တွင် နေထိုင်သော ဦးထင်လင်းဦးကို ဗုဒ္ဓဟူးနေ့ ရုံးချိန်းအတွက် အမှုရင်ဆိုင်ရန် ဆင့်ခေါ်ခဲ့သည့် ချောင်းဦးမြို့နယ် တရားရုံးက တရားခွင်ကို အများပြည်သူ လွတ်လွတ်လပ်လပ် ဝင်ရောက် လေ့လာခွင့် ပြုခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အာမခံပေးရန် တင်ပြသည့် အထောက်အထားများ ခိုင်လုံမှုမရှိဟု တရားရုံးက ဆုံးဖြတ်အပြီး ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု အာမခံသက်သေခံတစ်ဦးဖြစ်သူ မုံရွေးမြို့နယ် NLD မှ ကိုဇော်ဖုန်းမြင့်က ဆိုသည်။

တင်သွင်းသည့် အာမခံကို တရားရုံးက ပယ်ချပြီးနောက် သူ့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အချုပ်ကားဖြင့် ခေါ်သွားပြီး မုံရွာထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

တရားခွင်သို့ ရန်ကုန်နှင့်မန္တလေးမြို့များမှ အမျိုးဘာသာ သာသနာ စောက်ရှောက်ရေး (မဘသ) သံဃာတော်အပါး ၃၀ ကျော် တက်ရောက်ခဲ့ပြီး၊ ၄င်းတို့ထဲမှ ဦးဆောင်ဆရာတော် ဦးပါမောက္ခမှ အစိုးရဥပဒေအရာရှိအား ဖိအားပေးခဲ့မှုများ ရှိကြောင်း သိရှိရသည်။

ချောက်မြို့နယ် ရဟန်းပျိုများသမဂ္ဂမှ ဦးနန္ဒသာရက ဆရာတော်ဦးပါမောက္ခသည် အစိုးရရှေ့နေအား ကိုထင်လင်းဦးအမှုကို အာမခံမပေးရန် တိုက်တွန်းမိန့်ကြားခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ပြုလုပ်သည်မှာ ရဟန်းတော်များအနေဖြင့် တရားစွဲတရားပြိုင်မပြုလုပ်ရဟုဆိုသော ၀ိနည်းသိက္ခာပုဒ်ကို ကျုးလွန်ရာရောက်သည်ဟု မိန့်ကြားသည်။

“ကိုထင်လင်းဦးပြောတာကို မကျေနပ်လို့ ဒီမှာရှိတဲ့ ချောင်းဦးကိုယ်တော်တွေက ပတ္တနိက္ကုဇနကံပြုထားပြီးပြီ။ ဒါပြုတယ်ဆိုတာလည်း ပြုခံရသူက လာတောင်းပန်ရင် ကျေနပ်ရမှာ။ခုက ကိုထင်လင်းဦးလည်း မဘသဆရာတော် ဦးတိလောကကို တောင်းပန်ပြီးသွားပြီ။ ခု ဒီမနက်လည်း ဦးဇင်းနဲ့ တွေ့တော့ အရှင်ဘုရား
တပည့်တော် ဘယ်ကို သွားတောင်းပန်ရဦးမလဲဘုရားလို့ ပြောသွားတယ်” ဟု ဆရာတော်ဦးနန္ဒသာရက ဆိုသည်။

ဤအမှု၏ နောက်ကွယ်တွင် တခြားသော ရည်ရွယ်ချက်များလည်း ရှိနိုင်သည်ဟု သူက သုံးသပ်သည်။

“ဒီကိစ္စမှာ လူဆိုတာထက် NLD ပါတီကို တိုက်ခိုက်ချင်လို့ လုပ်တာပဲ။ ၂၀၁၅ ရွေးကောက်ပွဲကလည်း နီးပြီလေ။ ကိုထင်းလင်းဦးလည်း မြန်မာလူမျိုးပဲ။
ဒီကိစ္စကို အကျယ်မဖြစ်စေချင်ဘူး။ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ ရဟန်းနဲ့ပြည်သူ တစ်သားတည်း ဖြစ်စေချင်တယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဦးထင်လင်းဦး၏ အမှုကို ဆက်လက် စစ်ဆေးမည်ဟု သိရသည်။
##

ဓာတ်ပုံ--(Soe Moe/Facebook)

The Yangon Globe

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>