![]() |
Photo - Thiha Tun/ RFA |
ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ V Gastro Bar ဆိုင်ပိုင်ရှင် ကိုထွန်းသူရိန် ၊ မန်နေဂျာ ထွဋ်ကိုကိုလွင် အပါအ၀င် နယူးဇီလန်နိုင်ငံသား အထွေထွေမန်နေဂျာ Mr.Philip တို့ကို သာသနာ ညှိးနွမ်းစေမှု ပုဒ်မ (၂၉၅ ) ၊ ၂၉၅ (က) ၊ မြို့နယ်အုပ်ချုပ်ရေးမှုးက ထုတ်ပြန်ထားတဲ့ အမိန့်ကို မလိုက်နာမူ ပုဒ်မ ၁၈၈ တို့နဲ့ ဒီနေ့ဗဟန်းမြို့နယ် တရားရုံးမှာ စွဲချက်တင် စစ်ဆေးခဲ့ပါတယ်။
ဗုဒ္ဓရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ Buddha Bar လို့ အမည်ပေးထားတဲ့ ဘားဆိုင် ကြော်ငြာကို အင်တာနက် လူမှုကွန်ရက် facebook မှာ ပြန့်နှံ့ခဲ့ရာမှာ ဆိုင်ကို ချိပ်ပိတ်လိုက်ပါတယ်။
Gastro Buddha Bar ဆိုင်ပိုင်ရှင်၊ အထွေထွေမန်နေဂျာ နဲ့မန်နေဂျာ တို့ကို အရေးယူပေးဖို့ ဗဟန်းမြို့နယ် မြို့နယ်သာသနာရေးဦးစီးမှုး ဦးရဲစိုးမြင့် နဲ့ဗဟန်းရဲစခန်းက တရားလိုပြုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံသား အထွေထွေမန်နေဂျာ Mr.Philip ရဲ့ တရားလွှတ်တော် ရှေ့နေ ဦးမြသွေးက စွဲချက်တင်ထားတဲ့ ပုဒ်မတွေအရ ထောင်ဒဏ် ၄ နှစ်အထိ ကျခံရနိုင်တယ်လို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127