Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ မှားယွင်းဖော်ပြမှုသည် ပညာရေးလောက ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ဟုဆို

$
0
0
ဒီဇင်ဘာလ ၁၆ရက်က ခရိုင်အဆင့် စတုတ္ထတန်းစာမေးပွဲ ရန်ကုန်တိုင်းအတွင်း မြန်မာစာမေးခွန်းလွှာရှိ ၁၀ မှတ်တန်မေးခွန်းတွင် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ကို ဖေဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်းဖော်ပြမှုသည် ပညာရေးလောကတွင် အန္တရာယ်ရှိလာသည့် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်သည်ဟု ဆရာ၊ ဆရာမများ သမဂ္ဂမှ ဒေါက်တာ အာကာမိုးသူက ပြောသည်။ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ အမှန်မှာ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဖြစ်သည်။

ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မြို့နယ်များတွင် မြို့နယ်များတွင်စစ်ဆေးသောမြန်မာစာမေးခွန်းနံပါတ် ၅၊ ၁၀ မှတ်တန် မေးခွန်းတွင် “ဗိုလ်ချုပ်အောင်ဆန်းကို နတ်မောက်မြို့တွင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်မှာ မွေးဖွားခဲ့သည်” ဟု ဖော်ပြထားခြင်း ဖြစ်ပါသည်။
ရန်ကင်းမြို့နယ် အ.ထ.က (၁) ကျောင်းအုပ်ကြီး ဒေါ်မိုးသူက ''ဒီလို မေးခွန်းမှာ စာရိုက်တာလွဲမှားသွားပေမယ့် ဖြေတဲ့ ကလေးတွေ အားလုံးက ဗိုလ်ချုပ်မွေးနေ့ကို ၁၃ရက်လို့ ပြန်ပြင်ပြီးဖြေတယ်။ တစ်ယောက်မှ ၁၅ရက်လို့ ဖြေတာမရှိပါဘူး။ စာရိုက်တာ အမှားဖြစ်သွားတာပါ။ စာမေးပွဲဖြေတဲ့အချိန်မှာ ခရိုင်က သိသိချင်းပဲ ချက်ချင်းပြင်လိုက်နိုင်ပါတယ်'' ဟု ပြောသည်။
ဆရာ၊ဆရာမများသမဂ္ဂမှ ဒေါက်တာအာကာမိုးသူကဘည်း “ဒါက သမိုင်းကြောင်းဆိုင်ရာ အားနည်းမှုလို့တွေ့တယ်။ အဲဒီလို မဖြစ်သင့်တဲ့ အမှားမျိုးဖြစ်တယ်။ အာဇာနည်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မျိုးဆက်တစ်ခုလုံးမှာ ပညာရေး ဦးဆောင်သူတွေ ကိုယ်တိုင်က သမိုင်းကြောင်း တစ်ခုကို မေ့ပျောက်ထားလိုက်ပြီးလို့လည်း အဓိပ္ပာယ်ယူသင့်တယ်။ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ခေါင်းဆောင်တစ်ယောက် ရဲ့ မွေးသက္ကရာဇ်ကို မှားတယ်ဆိုရင် နောက်မျိုးဆက်ကို ဘယ်လိုမှန်ကန်တိကျတဲ့ အမွေ ပေးမလဲဆိုတာ မေးခွန်းထုတ်စရာပါ။ ပညာရေးလောကကို အန္တရာယ်ရှိလာတဲ့ ခြိမ်းခြောက်မှု တစ်ရပ်လည်းဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ မြန်မာစာမေးခွန်းလွှာ နံပါတ် ၅တွင် အောက်ပါစာပုဒ်များကို ဖတ်၍ ပေးထားသော မေးခွန်းများကို ဖြေဆိုပါ။ ၁၀ မှတ်တန် မေးခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိ၊ မွေးသက္ကရာဇ်နှင့် မိဘများကို ဖော်ပြပါဟု မေးထားခြင်း ဖြစ်သည်။
“ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို မှေးမှိန်အောင်လုပ်တာ မဖြစ်နိုင်ဘူးလားလို့လည်း မေးခွန်းထုတ်မယ်ဆိုရင် ထုတ်လို့ ရတယ်။ မေးခွန်းထုတ်တဲ့သူလည်း မမှားပါဘူးဆိုရင် မျိုးဆက်သစ် လူငယ်စာစီသမားတွေက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို မသိရအောင်ကို အမှောင်ခေတ်တစ်ခတ်ကို ဖြတ်သန်းရတယ်ဆိုတာလည်း ပြန်ပြီး ကောက်ချက်ချနိုင်တယ်။ ပညာရေးဌာနက ဝန်ထမ်းများအားလုံးဟာ ကိုယ်တိုင်ပြည်ရဲ့ ပညာရေး အားနည်းချက်များစွာကို အဆိုးဆုံးအချိန် ရောက်နေတာကို အမြန်ဆုံးမြှင့်တင်နိုင်ဖို့အတွက် အသေးအဖွဲ့ကစပြီး အရာရာဂရုစိုက်စေချင်ပါတယ်”ဟု မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများအသင်းချုပ် ဥက္ကဌ ဒေါက်တာ ဦးစိုးဝင်းဦးပြောသည်။

ပညာရေးဝန်ကြီးဌာနသည် စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့အတွက် သက်ဆိုင်ရာခရိုင်အလိုက် မေးခွန်းထုတ်၍ စစ်ဆေးသည့် စနစ်ကို ၂၀၁၄-၁၅ ပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး ယင်းကို စာမေးပွဲအကြို အစမ်းစာမေးပွဲများ စစ်ဆေးနေခြင်းဖြစ်သည်။

မဇ္ဈိမ

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>