Quantcast
Viewing all articles
Browse latest Browse all 32865

ခြိမ်းခြောက်မှုများကြောင့် The Interview ဇာတ်ကားပြသမှု ဖျက်သိမ်း

Image may be NSFW.
Clik here to view.

The Interview ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု

မြောက်ကို ရီးယားခေါင်းဆောင်ကင်ဂျုံအမ် အားလုပ်ကြံသတ်ဖြတ်ရေးလျှို့ ဝှက်ပူးပေါင်းကြံစည်မှုကို ရိုက် ကူးတင်ဆက်ထားသည့် အမေရိ ကန်အက်ရှင်ဟာသဇာတ်ကား The Interview ကိုရုပ်ရှင်ရုံများ တွင်မပြသရန်ဆုံးဖြတ်ခဲ့ပြီးနောက် လာမည့်ခရစ္စမတ်နေ့၌ ယင်း ဇာတ်ကားဖြန့်ချိမည့်အစီအစဉ် ကို Sony ကုမ္ပဏီကဖျက်သိမ်း လိုက်သည်။ဟက်ကာများသည် The Interview ရုပ်ရှင်ဇာတ်ကားကို ဖြန့်ချိမည့်ကုမ္ပဏီ၏ပင်ရင်းဌာန ဖြစ်သော Sony Pictures Enter -tainment ကို နိုဝင်ဘာတွင် ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ် ခဲ့သည့်အပြင် ပြည်သူများအနေ ဖြင့် ယင်းဇာတ်ကားပြသသည့် ရုပ်ရှင်ရုံများသို့ သွားရောက်ခြင်းမှရှောင်ရှားကြရန် သတိပေးခဲ့ သည်။ ဟက်ကာများက ယင်းရုပ်ရှင်ဇာတ်ကား ပြသသည့်ရုပ်ရှင်ရုံများကို ၉/၁၁ ကဲ့သို့အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု ဒီဇင်ဘာ ၁၆ရက်တွင်ခြိမ်းခြောက်ခဲ့သည်။ ယင်းဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုကို FBI က ဦးဆောင်စုံစမ်းနေသည်ဟုလည်း သိရ သည်။

‘‘ဒီဇင်ဘာ ၁၇ ရက်နေ့ အစောပိုင်းတွင် နယူးယောက်မြို့ ၌ The Interview ရုပ်ရှင်ဇာတ် ကားပွဲဦးထွက်ရုံတင်ပြသမှုကို ဖျက်သိမ်းခဲ့သည်။ ခြိမ်းခြောက်မှု များကြောင့် မြောက်အမေရိက ရုပ်ရှင်ရုံများစွာသည် ယင်းရုပ်ရှင် ဇာတ်ကားကိုမပြသရန် ဆုံးဖြတ် ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၅ ရက် တွင် ယင်းဇာတ်ကားဖြန့်ချိမည့် အစီအစဉ်ကို ဖျက်သိမ်းသည်ဟု Sony ကုမ္ပဏီကကြေညာခဲ့သည်။ ‘‘ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက် တွေရဲ့ဆုံးဖြတ်ချက်ကိုလေးစား ပါတယ်။ နားလည်ပါတယ်။ အလုပ်သမားတွေနဲ့ ရုပ်ရှင်ကြည့် သူတွေရဲ့ ဘေးအန္တရာယ်ကင်း ရှင်းမှုကို အဓိကထားတဲ့သူတို့ကို အပြည့်အဝနားလည်ပါတယ်။ ရုပ်ရှင်ဖန်တီးတင်ဆက်သူတွေနဲ့ သူတို့ရဲ့လွတ်လပ်စွာထုတ်ဖော် ပြောကြားခွင့်ဘက်ကနေလည်း ရပ်တည်ပါတယ်။ ဒီရလဒ်ကြောင့် အလွန့်အလွန် စိတ်ပျက်ရပါ တယ်’’ဟု Sony Pictures Enter -tainment ကပြောခဲ့သည်။

The Interview ရုပ်ရှင် ဇာတ်ကား ရုံတင်ပြသမည့်အစီ အစဉ်များ ဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ တွစ်တာစာမျက်နှာ၌ တုံ့ပြန်ချက်များစွာရှိခဲ့သည်ဟုသိ ရသည်။ အမေရိကန်ဒေါ်လာ ၄၄ သန်းခန့်အကုန်အကျခံရိုက်ကူး ထားသည့် ယင်းဇာတ်ကားတွင် ဂျိမ်းစ်ဖရန်ကိုနှင့် ဆက်သ်ရိုဂန်တို့ အဓိကပါဝင်သရုပ်ဆောင်ထား သည်။ ၎င်းတို့နှစ်ဦးသည် နာမည် ကျော်ကြားသူများအား တွေ့ဆုံ မေးမြန်းသောသတင်းထောက် များအဖြစ် သရုပ်ဆောင်ထားပြီး ယင်းသတင်းထောက်များသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နှင့် အင်တာဗျူး လုပ်နိုင်ရန်ကြိုးပမ်း၍ အင်တာ ဗျူးရရှိပြီးနောက်တွင် ကင်ဂျုံအမ် အားလုပ်ကြံရန် စီအိုင်အေ၏ညွှန် ကြားခြင်းကို ခံထားရသူများ အဖြစ် သရုပ်ဖော်တင်ဆက်ထား သည်။
 Ref: BBC
7Day Daily

Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


TTA Oreo Gapp Installer


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ကျောင်းသူတဦးအား ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီး အလိုမတူဘဲ သားမယားပြုကျင့်ရန်...


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မင်းဆက်ဝေ-တတိယ(ဘလော့စုစည်းမူ)


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>