Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်ရှိတရားစီရင်ရေးစနစ်သည် ငွေရှာရန်အကောင်းဆုံးလက်နက်ဖြစ်နေ

$
0
0
ရည်မွန်
ရန်ကုန်၊ ဒီဇင်ဘာ ၁၉-မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် ငွေရှာရန် အကောင်းဆုံးလက်နက်တစ်ခုဖြစ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးသိန်းညွန့်က ပြောသည်။

''အခုဆိုရင် မြန်မာနိုင်ငံရဲ့ တရားရေးစနစ်က အကောင်းဆုံးငွေရှာလို့ရတဲ့ လက်နက်ကိရိယာကြီးဖြစ်နေပြီ။ အခုရုံးတစ်ရုံးမှာ အမှုတစ်မှုရောက် ပြီဆိုရင် ငွေပေါ်မှာမူတည်ပြီးတော့ အဆုံးအဖြတ်ပေးနေတာ အားလုံးသိတဲ့ အတိုင်းပဲ''ဟု ဦးသိန်းညွန့်က ပြောသည်။

ဒီဇင်ဘာ ၁၉ရက်တွင် အမျိုးသားဒီမိုကရေစီပါတီသစ်ရုံးတွင် လက် ရှိတရားစီရင်ရေးစနစ်အပေါ် ဦးသိန်းညွန့်က သတင်းမီဒီယာများ၏မေးမြန်း ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

တရားစီရင်ရေးစနစ် ယခင်ခေတ်စီရင်ထုံးများအရတွင် တရားသူကြီးများ လာဘ်ပေးလာဘ်ယူပြုလုပ်ပါက လက်ပူးလက်ကြပ်မိမှသာ အရေးယူ ပိုင်ခွင့်ရှိပြီး လက်ရှိဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ တွင်လည်း လာဘ်ပေးလာဘ်ယူပြု လုပ်ပါက ခိုင်လုံသည့် အထောက် အထားများကို တင်ပြမှသာအရေးယူ မည်ဆိုသည့်အချက်မျိုးမှာ အဓိက အားနည်းချက် များ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။

''လာဘ်ပေးလာဘ်ယူလုပ်တာ တွေက ခေတ်နဲ့အညီ ပိုမိုခေတ်မီ လာပြီ။ ဟိုခေတ်စီရင်ထုံးတွေအရ လာဘ်ပေးလာဘ်ယူလုပ်ရင် လက်ပူးလက်ကြပ်မိမှ အရေးယူလို့ရတယ်။ အခု အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေမှာလည်း ခိုင်လုံတဲ့အ ထောက်အထား ဒါတွေကိုတင်ပြမှ လာဘ်ပေးလာဘ်ယူကို အရေးယူ မယ်ဆိုတာမျိုးပေါ့။ အခုက လာဘ် ပေးလာဘ်ယူလုပ်မယ်ဆိုရင် ဖုန်းလေးနဲ့ ဘယ်နေရာမှာ လာပေးရမလဲဆို တာမျိုးဖြစ်နေပြီ။ ဒါမှမဟုတ် ဘဏ် အကောင့်ထဲ သွင်းပေးရမလား။ ဒီလို မျိုးတွေဖြစ်နေပြီ။ အင်မတန်မှ ခေတ် မီတဲ့နည်းတွေနဲ့ လာဘ်ပေးလာဘ် ယူမှုတွေ အဆင့်မြင့်လေပဲ''ဟု ဦး သိန်းညွန့်က ပြောသည်။

လက်ရှိ မြန်မာ့တရားစီရင်ရေး စနစ်အပေါ် ပြည်သူ့လွှတ်တော် တ ရားစီ ရင်ရေးနှင့် ဥပဒေပြုရေးကော် မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက လက်ရှိ တရားစီရင်ရေးလောကတွင် အဂ တိလိုက်စားမှုများ အများအပြားရှိနေကြောင်း RFA သတင်းဌာန၏မေးမြန်းချက်အပေါ် ဖြေကြားထားကြောင်း သိရသည်။

''အဓိကကတော့ တရားရေး နယ်ပယ်မှာပေါ့။ လာဘ်ပေး လာဘ်ယူ အကျင့်ပျက်ခြစားမှုတွေဟာ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးအားကောင်းနေ ဆဲဖြစ်ပါတယ်။ ငွေများ တရားနိုင် ဖြစ်နေတယ်'' ဟု သူရဦးအောင်ကို က ပြောကြားထားကြောင်း သိရသည်။

''ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ် ခိုင်ခိုင်မာ မာဖြစ်ချင်ရင် လာဘ်ပေးလာဘ်ယူပြုလုပ်တဲ့ တရားသူကြီးတွေကို ပင်စင်ပေးလိုက်ရုံဆိုရင်တော့ မရဘူး။ ပင်စင်ပေးလိုက်ရင် လာဘ် ယူထားတဲ့ငွေတွေနဲ့ ဆယ်သက်နေ နိုင်တဲ့သူတွေ အများကြီးပဲ'' ဟု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု တ ရားလွှတ်တော်ချုပ်မှ တရားစီရင်စနစ်တိုး တက်ရေး သုံးနှစ်မဟာဗျူဟာ စီမံကိန်းကို ထုတ်ပြန်ထားပြီး ယင်းစီမံကိန်း အတိုင်းလုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ယခုကဲ့သို့အချိန်မျိုးတွင် တရား စီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း များချမှတ်ရုံဖြင့်၊ သင်တန်းများပေးရုံ ဖြင့် အကျင့်ပျက်သည့် ဥပဒေအရာ ရှိများ ပျောက်ပျက်သွားမည်မဟုတ် ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

လက်ရှိဥပဒေအရ တရားသူကြီးများကို တရားစွဲဆိုလိုပါက စွဲဆိုရန် ခက်ခဲအောင် (သို့မဟုတ်) တရား မစွဲဆိုနိုင်အောင် တရားသူကြီးများကို အကာကွယ်ပေး ထားသည့် ဥပဒေများအား ဖျက်သိမ်းမှသာ မဟာဗျူ ဟာစီမံကိန်းအောင်မြင် လိမ့်မည်ဟု ဦးသိန်းညွန့်က ဆိုသည်။

ပြည်သူများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေး စနစ် ပေါ်ထွန်းလာရေးအပါအ ဝင် ပြည်ထောင်စု တရားလွှတ်တော်မှဆောင် ရွက်မည့် တရားစီရင်ရေး ဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ၂၀၁၅ခုနှစ်မှ ၂၀၁ရခုနှစ်အထိ သုံးနှစ်တာဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများကို ယုံကြည်ကိုးစားသည့် ပြည် သူ့အကျိုးပြု တရားစီရင်ရေးစနစ်ပေါ်ထွက်လာရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်အောင် စီရင်ရေးနှင့် တရားရုံးများ၏ ဂုဏ် သိက္ခာမြှင့်တင်ရေး စသည့်ရည်မှန်းချက်များ အောင်မြင် မှုရစေရန် အဓိကထား ဆောင်ရွက်မည်ဟု ပြည်ထောင်စု တရားလွှတ်တော် ချုပ်က ဒီဇင်ဘာ ၁၇ရက်တွင် ထုတ်ပြန်ခဲ့သည်။

မဟာဗျူဟာစီမံကိန်းအရ တရားရုံးအသုံးပြုသူများ၏ တရားစီရင်ရေးနှင့် ဝန်ဆောင်မှုအပေါ် စိတ်ကျေ နပ်မှုနှုန်း ၈ဝရာခိုင်နှုန်း၊ နှစ်အလိုက် အမှုပြီးပြတ်မှုနှုန်း ရာနှုန်းပြည့်ရရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ထုတ်ပြန်ချက်အရ သိရသည်။

''ပြည်သူတွေအတွက် တကယ် အားကိုးသော၊ ယုံကြည်သော၊ စိတ်ကျေနပ် မှုရှိသော တရားရုံးတွေ၊ တ ရားစီရင်ရေးဆုံးဖြတ်ချက်တွေဖြစ်ဖို့ လိုကို လိုအပ်နေပါပြီ။ တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ တရားဥပဒေစိုးမိုးရေးရှိဖို့ လိုပါတယ်။ တရားဥပ ဒေစိုးမိုးဖို့အတွက် တရားစီရင်ရေးစနစ်ကို ပြည်သူတွေ ယုံကြည်ဖို့လိုပါ တယ်။ ဒီမဟာဗျူဟာ သုံးနှစ်စီမံကိန်းက ဘယ်လောက် ထိအောင်မြင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ''ဟု အထက်တန်းရှေ့နေ ဦးသန်းငွေက ပြောသည်။

‪#‎Democracytoday‬

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>