PR က လွယ်လွယ်ကူကူပဲ မလုပ်ဘူးလို့ အပြောခံလိုက်ရတော့ ဒီကြိုးပမ်းမှုတွေက ဘာမှ အနှစ်မပါ၊ အကာ ဖြစ်ပြီး အဓိပ္ပာယ်မရှိ ဖြစ်သွားတာပေါ့။ အစကတည်းက အခြေခံဥပဒေခုံ ရုံးကို မေးပြီးတော့ ဒီအဆိုဟာဖြင့် အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီးတော့ အဆိုကိုပယ် ချရင် ပြည်သူလူထု ဘဏ္ဍာငွေတွေ၊ လုပ်အားတွေ၊ အချိန်တွေ မကုန်တော့ဘူးပေါ့ . . .
~~~~~~~~~~~~~~~~~~~~~~~~~
PR မီးက အညွန့်တော့ ကျိုးသွားပြီ။ ပြည်သူ့လွှတ်တော်မှာ PR မဲစနစ်ကို မသုံးတော့ကြောင်း ဆုံးဖြတ်လိုက် သည်။ အခြေ ခံဥပဒေ (၂၀၀၈)နှင့် မညီဟု အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်အား ပြည်သူ့လွှတ် တော်ကို အကြောင်းကြားခဲ့ပါသည်။ ထိုသို့ အကြောင်းကြားရသည်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က အကြံပြုချက် တောင်းခံခဲ့၍ဖြစ်ပါသည်။ ထို့ကြောင့် PR မီးက လောင်နေခဲ့တာ မီးညွန့်ကျိုးသွားသည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။ သို့ကြောင့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ပင် ပြည်သူ့ လွှတ်တော်က PR စနစ်ကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် မကျင့်သုံးတော့ဟုဆုံးဖြတ်ခဲ့ပါသည်။ ထိုဆုံး ဖြတ် ချက်ကြောင့် NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ““နိုင်ငံရေးအပြောင်းအလဲမှာ ညင်သာချောမွေ့စေဖို့ သာ PR စနစ်တင်သွင်းခြင်းဖြစ်ပါတယ်။…
ကြိုက်ခြင်း မကြိုက်ခြင်းက လွှတ်တော်ကိစ္စမို့ NDF နဲ့ မဆိုင်တော့ပါဘူး။ ကျွန်တော်တို့မှာ ဘာရလဒ် ကျန်ခဲ့သလဲဆိုတော့ PR အရူး၊ PR အရူးမ ဆို ပြီးတော့ မဆင်မခြင် အပြောခံ ရတာတွေပဲ အဖတ်တင် ကျန်ရစ် ခဲ့တာပေါ့။ တကယ်တော့ PR ကို လွှတ်တော်မှာ ဆုံးခန်းတိုင် အောင်တော့၊ ဆွေးနွေးစဉ်းစားပြီးတော့ တင်ပြ ဆုံးဖြတ်ဖို့ လိုတာပေါ့။ အခုတော့ PR က လွယ်လွယ်ကူကူပဲ မလုပ်ဘူးလို့ အပြောခံလိုက်ရတော့ ဒီကြိုးပမ်းမှုတွေက ဘာမှ အနှစ်မပါ၊ အကာဖြစ်ပြီး အဓိပ္ပာယ် မရှိဖြစ်သွားတာပေါ့။ … အစကတည်းက အခြေခံဥပဒေခုံရုံး ကို မေးပြီးတော့ ဒီအဆိုဟာဖြင့် အခြေခံဥပဒေနဲ့ မကိုက်ညီ ဘူးဆိုပြီးတော့ အဆိုကိုပယ်ချရင် အစ ကတည်းက ဇာတ်လမ်းပြတ်နေပြီ။ ပြည် သူလူထုဘဏ္ဍာငွေတွေ၊ လုပ်အားတွေ၊ အချိန် တွေ မကုန်တော့ဘူးပေါ့လို့ …”” ပြောစကားတွေကို ၂၅-၁၁-၂၀၁၄ ရက်စွဲ နှင့် ထုတ်သည့် စောင့်ကြည့် ဂျာနယ် တွင် ဖတ်ရပါသည်။
သို့သော်လည်း PR စနစ်ကျင့်သုံးရေး မသုံးရေးကိစ္စမှာ အမျိုးသားလွှတ်တော်၌ မီးမသေသေးပါ။ ဖွဲ့စည်းပုံ အခြေ ခံဥပဒေခုံရုံးကို တင်ပြထားသည့်အတွက် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ““နောက်ဆက်တွဲဘာတွေ ဆက် လုပ်ဖို့ဆိုတာ ခုံရုံးရဲ့အဆုံးအဖြတ်ပေါ် မူ တည်မှာပါ””လို့ ပြောပါသည်။ အမျိုး သားလွှတ်တော်မှာ PR စနစ်ကျင့်သုံးဖို့စတင် အဆိုပြုခဲ့သည့် ဒေါ်ခင်ဝိုင်းကြည်ကတော့ ““အန်တီတို့က သေချာ အကုန်လုံး စေ့စေ့စပ်စပ်ကြည့်ပြီး ညီတယ်ဆိုလို့ ဆောင်ရွက်ကြတာလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွတ်တယ် လို့ ပြောထားပြီးသား။
အစကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ရွေး ချယ်ပုံချင်းက မတူဘူးလေ။ မဲဆန္ဒနယ်ခွဲတာတွေက မတူဘူး””ဟု ပြောပြန်ပါသည်။ သည်အခါမှာ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ပြောတာနှင့် ကွဲလွဲနေတာတွေ့ရပါသည်။ NDF တစ်ပါတီတည်းမှာပင် အပြောတွေ လွဲနေ တာ ပါ။ ဦးခင်မောင်ဆွေက အစကတည်းက အခြေခံဥပဒေခုံရုံးကိုမေးပြီးတော့ ဒီအဆို ဟာဖြင့် အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီးတော့ အဆိုကိုပယ်ချရင် အစကတည်းက ဇာတ်လမ်းကပြတ်နေပြီဟု ပြောသည်။ ဒေါ်ခင် ၀ိုင်းကြည်က ညီတယ်ဆိုလို့ ဆောင်ရွက်ကြတာလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွတ်တယ်လို့ ပြောထား ပြီးသားဟု ပြောပါသည်။ ဒီတော့ ဒေါ်ခင်ဝိုင်းကြည်ကို ဘယ် သူက ဘယ်နေရာမှာပြောခဲ့တာလဲ။ မေး စရာဖြစ် လာပါသည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် PR စနစ်ကျင့်သုံးရေး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ် ကွဲလွဲနေပြီဖြစ်သည်မှာ ငြင်းစရာမရှိ၊ အထင် အရှားကွဲလွဲနေသည်မှာ မြင်သာနေပါသည်။ ယခုလို ကွဲလွဲ လာလျှင် မည်သို့ဆောင်ရွက် ကြရမည်နည်း။ ယခု PR ပြဿနာကို အမျိုးသားလွှတ်တော်က အခြေခံဥပဒေခုံ ရုံးသို့ အကြံပေးရန် တင်ပြထားပြီးဖြစ်သည်။ ထိုခုံရုံးကလည်း တစ်ရုံးတည်းရှိသည်။ ပြည်သူ့လွှတ်တော်ကို အကြံပေး သကဲ့သို့ အဖြေထွက်ရန်မှ တစ်ပါး အခြားမရှိနိုင်။ ထိုအခါ အမျိုးသားလွှတ်တော်က မလိုက်နာလျှင် ပြည်ထောင်စု လွှတ်တော်တွင် တင်၍ အဆုံးအဖြတ်ယူရမည်ဖြစ်သည်။
တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၉၇ (ဃ)တွင် ““နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေ ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲ ပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေး နွေးဆုံးဖြတ်ရမည်”” ဟု ပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်၍ ပြည်ထောင် စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန်သာ ရှိတော့သည်။ ထိုအခါ ပြည်ထောင်စုလွှတ်တော်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ သဘောထားကို လေ့လာသုံး သပ်ရပေမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ လုပ်ငန်းတာဝန် များ ပြဋ္ဌာန်းသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၂(က)တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းအရ PR စနစ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း မှတ်ချက်ပြုခဲ့ပြီးဖြစ်သည်။ ထပ်မံ၍ ညီပါသည်ဟု ပြောင်းလဲမည် မဟုတ်ပေ။ NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင် ဆွေကလည်း PR စနစ်နှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း ရန်ရှိနေပြီး ယင်းစနစ်ကျင့်သုံးရေးသည် ဖြစ်နိုင်ခြေနည်းပါးကြောင်း ၂၅-၁၁-၂၀၁၄ရက်စွဲဖြင့် ထုတ်ဝေေ သာ စောင့်ကြည့်ဂျာနယ်တွင် ဖော်ပြထားပါသည်။ ပြည်သူ့လွှတ်တော်က PR စနစ်မကျင့်သုံးဟု ဆုံးဖြတ်ချက် သည် ပြည်သူ့အသံ၊ လွှတ်တော်အသံပင်ဖြစ်ပါ သည်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald