Protesters holding yellow umbrellas are stopped by police after trying to gain access to the area where President Xi Jinping is staying in Macau. Photograph: Isaac Lawrence/AFP/Getty Images
မကာအို၊ ဒီဇင်ဘာ ၁၉
လောင်းကစားမြို့တော် မကာအိုအား တရုတ်ကလွှဲပြောင်းယူသည့် (၁၅)နှစ်မြောက်နေ့ အခမ်းအနားသို့တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင် မကာအိုသို့လာရောက်သည့် ဒီဇင်ဘာ ၁၉ရက်က မိုးဖွဲဖွဲရွာ နေသော်လည်း ထီးဆောင်းခွင့်မပြုခဲ့ကြောင်း၊ အကြောင်းမှာ ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒပြသမားများက ထီးကိုအသုံးပြုခဲ့၍ဖြစ်သည်ဟုဆိုသည်။
တရုတ်သမ္မတ၏ ပေါ်တူဂီကို လိုနီဟောင်းမြို့သို့ နှစ်ရက်တာအ လည်အပတ် ခရီးမှာ ဟောင်ကောင်၌ ခေါင်းဆောင်ရွေးကောက်ပွဲကို လွတ်လပ်စွာရွေး ချယ်ရန် တောင်းဆိုဆန္ဒပြမှုအား ရဲများရှင်းလင်းပြီး ရက် မကြာမီ ရောက် လာခဲ့ခြင်းဖြစ်သည်။
ရှီ၏အလည်လာခြင်းမှာ တစ် ပိုင်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအား ကာစီနိုလောင်း ကစား ကို ဖယ်ရှားပစ် ရန်လိုအပ်သည်ကို သတင်းပေး ရန် ဖြစ်ကြောင်း၊ ဤလုပ်ငန်းမှာ ဝင်ငွေ ရသောလုပ် ငန်းဖြစ်သော်လည်း အမျိုး သားလာဘ်ပေးလာဘ်ယူ တိုက်ဖျက် ရေးနှင့် စီးပွားရေးနှောင့်နှေးမှု များကို ဖြစ်စေ သည်ဟု ဆိုသည်။
ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒ ပြနေရာသိမ်းပိုက်မှုကို အကြောင်း ပြု၍ မကာအိုမြို့လယ်မှ ဒီမိုကရေ စီလိုလားသူများက စနေနေ့တွင် ချီ တက်ဆန္ဒပြကြ မည်ဟု ဆိုသည်။
ရှီအား စောင့်ဆိုင်းနေသည့် သတင်းထောက်များကိုလည်း အာ ဏာပိုင်များက ထီးဆောင်းခွင့်မပေး ခဲ့ကြောင်း၊ မိုးကာအင်္ကျီကိုသာ ဝတ် ဆင်စေခဲ့ကြောင်း သိရသည်။ လေ ဆိပ်ဝန်ထမ်းတချို့က လေယာဉ်ပျံ သန်းမှုကို ထီးကြောင့် ထိခိုက်စေသည် ဟုဆို၍ တချို့ကလေပြင်း၍ ထီးများ လွင့်သွားနိုင်သည်ဟု အကြောင်းပြ ခဲ့သည်ဟု ဆိုသည်။
မိုးဖွေးဖွေးရွာနေသော် လည်း အာဏာပိုင်များကလည်း ထီးကိုမ ဆောင်းကြဟု သိရသည်။ အကြောင်း မှာ ဟောင်ကောင်ဒီမိုကရေစီ ဆန္ဒ ပြသမားတို့၏ သင်္ကေတဖြစ်နေ၍ဖြစ် သည်။ သို့သော် မူလတန်းကျောင်း သားကလေးများမှာ တရုတ်၊ မကာ အိုအလံနှင့် ပန်းစည်းများကိုင်ကာ ရှီကျင့်ဖျင်ကို ပန်းဆက် ရန်စောင့်နေ ခဲ့ ကြသည်ဟု ဆိုသည်။
REF:: AFP
#Democracytoday