Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ISIS နှင့် ပူးပေါင်းခဲ့သည့် ပြည်ပတိုက်ခိုက်ရေး သမား ၁၀၀ ခန့် ထွက်ပြေးရန် ကြိုးပမ်းမှုဖြင့် ကွပ်မျက်ခံရ

$
0
0

ဒမတ်စကတ် ၊ ၂၁-၁၂-၂၀၁၄

ISIS စစ်သွေးကြွ များသည် ဆီရီးယားနိုင်ငံ အတွင်းရှိ ဌာနချုပ်စခန်း များမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့် ၄င်းတို့၏ တပ်ဖွဲ့ဝင်ဦးရေ ၁ဝဝ ကို ကွပ်မျက် ခဲ့ကြောင်း သိရသည်။

ကွပ်မျက်ခံ ရသည့် စစ်သွေးကြွ အဖွဲ့ဝင်များသည် ပြည်ပနိုင်ငံများမှ ဝင်ရောက် လာသည့် စစ်သွေးကြွများ ဖြစ်ပြီး ၄င်းတို့ကို စစ်သွေးကြွ များက ရက်ကာမြို့ တွင် ကွပ်မျက် ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့ကို ဌာနချုပ် အား သတင်းပို့ခြင်း မရှိသည့် စစ်သွေးကြွ အဖွဲ့ဝင်များကို ရှာဖွေဖမ်းဆီးရန် ဖွဲ့စည်းထားသည့် စစ်ရဲအဖွဲ့က တစ်အိမ်တက် - ဆင်း လိုက်လံ ရှာဖွေခဲ့ပြီး ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ISIS စစ်သွေးကြွ အဖွဲ့တွင် ဗြိတိန် နိုင်ငံသား ငါးဦး၊ ပြင်သစ်နိုင်ငံမှ သုံးဦးနှင့် ဂျာမနီနိုင်ငံမှ နှစ်ဦးတို့ ပါဝင် တိုက်ခိုက်လျက် ရှိသည်ဟု ဗြိတိန် မီဒီယာတစ်ခု က အောက်တိုဘာ လအတွင်းက ထုတ်ပြန် ခဲ့သည်။ သို့ရာတွင် ၄င်း စစ်သွေးကြွ များသည် ၄င်းတို့၏ နေရပ်သို့ ပြန်ရန် ဆန္ဒရှိနေ သော်လည်း ISIS စစ်သွေးကြွ အဖွဲ့က ၄င်းတို့ကို ဖမ်းဆီးထား ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက် များအရ ဆီးရီးယားနှင့် အီရတ် နိုင်ငံအတွင်းရှိ ISIS စစ်သွေးကြွ များနှင့် သွားရောက် ပူးပေါင်းခဲ့သည့် ပြည်ပ နိုင်ငံသား ဦးရေမှာ ပျမ်းမျှအားဖြင့် ၁၅ဝဝဝ ခန့် ရှိကြောင်းနှင့် ၄င်းတို့ အနက် ၈ဝ ရာခိုင်နှုန်းမှာ ယခင်က အကြမ်းဖက် တိုက်ခိုက်မှု များတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ သည် ပြည်တွင်းစစ်ဒဏ် ကို ၂ဝ၁၁ ခုနှစ် မတ်လအတွင်း မှ စတင်ကြုံတွေ့ ခဲ့ရပြီး သမ္မတ ဘာရှာအာဆတ် ကို တိုက်ခိုက်လျက် ရှိသည့် အတိုက်အခံ တပ်ဖွဲ့များကို ကာတာ၊ ဆော်ဒီအာရေဗျ နှင့် တူရကီ စသည့်နိုင်ငံ တို့က အထူးသဖြင့် ထောက်ခံလျက် ရှိကြောင်း သိရသည်။ (ဝဲပုံ)

#PyiChitThar
http://www.pyichitthar.com/2014/12/isis_85.html

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>