Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သတိလစ်နေသည့် မျောက်ကို မျောက်တကောင်က ကယ်တင်ပုံ ထူးခြားဖြစ်ရပ်

$
0
0

ဓာတ်လိုက်ပြီး သတိလစ်နေတဲ့ မျောက်တကောင်ကို တခြားအဖော် မျောက်တကောင်က အသက်ပြန်ရှင်လာအောင် ပြုစုနေပုံဟာ အသိဉာဏ်ရှိတဲ့ လူတယောက်အလား အောက်မေ့ရပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ကန်ပါးဆိုတဲ့မြို့မှာ ရထားဘူတာမှာ တွေ့ရတဲ့ ဒီမြင်ကွင်းကို လူတွေ မင်သက်အံ့သြသွားကြပါတယ်၊၊

ပထမ မျောက်က ရထားဘူတာအနီးက ဓာတ်အားမြင့်တဲ့ ၀ါယာပေါ်မှာ လမ်းလျှောက်မိလို့ ဓာတ်လိုက်ပြီး သတိလစ်သွားခဲ့တယ်။

မေ့မြောပြီး ရထားလမ်းပြေးလမ်းပေါ် လဲကျနေတဲ့ မျောက်ကို နောက်မျောက်တကောင်က သွားကယ်ပါတယ်။ မေ့မြောနေတဲ့ မျောက်ကို ပြန် သတိလည်လာအောင် ရိုက်လိုက်၊ ကိုက်လိုက်၊ ရေနစ်လိုက်နဲ့ နည်းပေါင်းစုံနဲ့ ကြိုးစားလိုက်တာ မိနစ် ၂၀ အကြာမှာတော့ ပထမ မျောက်ဟာ သတိပြန်လည်လာပြီး စတင်လှုပ်ရှားလာပါတယ်။

ပထမ မျောက်ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကို လူတွေ အံ့အားသင့်ကြပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ယူကြပါတယ်။

ဓာတ်လိုက်တဲ့ မျောက် သတိပြန်လည်လာပြီး ထထိုင်တဲ့အချိန်မှာတော့ ၀ိုင်းကြည့်နေသူတွေက လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ တချို့ မြို့တွမှာ ဒီလို မျောက်တွေကို တွေ့ရလေ့ ရှိပါတယ်။ တချို့က ဒါကို မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် လူတွေကြားထဲမှာ မျောက်တွေ ရောက်နေတာဟာ လူဦးရေများတဲ့ အိန္ဒိယမှာ မြို့တွေ၊ ရွာတွေ တိုးချဲ့တာကြောင့်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ဆိုကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74458

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>