Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လက်ပံတောင်း ကြေးနီတောင် မြေသိမ်းခံတောင်သူ အမျိုးသမီးတဦး ဦးခေါင်းထိမှန်

$
0
0
တိုင်းတပါးသား တရုပ်တွေက မြန်မာတောင်သူလယ်သမားပြည်သူတွေကိုကျည်ကာအကျီတွေ ၀တ်ပြီး အကြမ်းဖက်နေတာ ကိုယ်နဲ.မဆိုင်ဘူးလို.
ခင်ဗျားတို.နေရင် ကျုပ်တို. ခေတ်သစ်တရုပ်ကျွန်တိုင်းပြည် ဖြစ်ပြီ ။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း ကြေးနီစီမံကိန်း ဧရိယာအတွင်း ပါဝင် သော လယ်မြေများကို ၀မ်ပေါင်ကုမ္ပဏီနှင့် ရဲတပ်ဖွဲ့က ၀င်ရောက်၍ ခြံစည်းရိုး ခတ်ရာ ဒေသခံတောင်သူများ၏ ထိပ်တိုက် ရင်ဆိုင် ကန့်ကွက်မှု ကြုံတွေ့ရပြီး ရဲတပ်ဖွဲ့က ဆန္ဒပြကန့်ကွက်သည့် တောင်သူများအား သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်း သဖြင့် တောင်သူတဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှ စတင်ပြီး မိုးကြိုးပြင်ကျေးရွာ အနီးရှိ လိပ်ခွံတောင်ခြေ ရှိ လယ်ယာမြေ များ နှင့် ဆည်တည်း ကျေးရွာအနီးရှိ ပဒပ်ကုန်း လယ်ယာ မြေနေရာများကို ၀မ်ပေါင်ကုမ္ပဏီမှ ၀န်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက စက်ယန္တရားကြီး များဖြင့် အင်အား အလုံးအရင်း ၀င်ရောက် ခြံစည်းရိုးဝင်ခတ်ခဲ့ရာ ရွာသားများ ကလည်း ပိတ်ဆို့တားဆီးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်အလယ်ကျေးရွာမှ တောင်သူ ဒေါ်ခင်ဝင်းသည် ဦးခေါင်း ထိမှန် သေဆုံးသွားပြီး၊ အခြား လယ်သမား အများအပြားမှာလည်း သေနတ်ဒဏ်ရာနှင့် အခြား အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာများရရှိခဲ့ ကြောင်းသတင်းရရှိသည်။

လက်ရှိတွင် လက်ပံတောင်း ကြေးနီစီမံကိန်းအား တပ်မတော်၏ စီးပွားရေး လုပ်ငန်းကြီး ဖြစ်သည့် မြန်မာ့ဦးပိုင်၊ သတ္တုတွင်း ၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ ၀မ်ပေါင် ကုမ္ပဏီ တို့က ဦးစီးလုပ်ဆောင်နေခြင်း ဖြစ်သည်။

ဓါတ်ပုံ - ဟန်ဝင်းအောင်

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>