
နိုင်ငံပိုင် သတင်းစာကြီး ဖြစ်သည့် ကြေးမုံနေ့စဉ် သတင်းစာသည် စောင့်ကြည့်ဂျာနယ်မှ အောက်ဖော်ပြပါ ပုံဖြင့် ယခုရက်သတ္တပတ် ထုတ်ဝေမှု အတွက် ကြော်ငြာထည့်ခြင်းကို လက်ခံသုံးစွဲ ကြော်ငြာပေးခြင်း မပြုခဲ့ပေ။
အောက်ပါ ကြော်ငြာနှင့် အလားသဏ္ဍာန်တူညီသည့် အခြားကြော်ငြာများကို ယခင်က ပေးစဉ်အခါကမူ ကြော်ငြာကို လက်ခံသော်လည်း စောင့်ကြည့်ဂျာနယ်မှ တာဝန်ရှိသူများထံ အကြောင်းကြားခြင်း မပြုဘဲ ပြင်ဆင် တည်းဖြတ်ပြီး ကြော်ငြာပေးခဲ့ဖူးသည်။ ယင်းသို့ ပြင်ဆင်ကြော်ငြာခြင်းကို ဂျာနယ်တိုက်ဘက်မှ စောဒက တက်ခဲ့ရာ နောက်ပိုင်းတွင် ယခုလို ကြော်ငြာများကို အဆိုပါ နိုင်ငံပိုင် သတင်းစာကြီးက လက်ခံခြင်း မပြုခဲ့တော့ပါကြောင်း။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal