Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲ ဝေဖန်ခံရ

$
0
0

နှစ်ပေါင်း ၆၅ နှစ် ကျော်ကြာ မကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ဟာ ချို့ယွင်းချက်တွေ ရှိနေပြီး၊ တရားမျှတမှု မရှိနိုင်ဘူးလို့ လေ့လာ သူတွေက ဝေဖန် နေကြကြောင်း AFP သတင်းက ဖော်ပြပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေတွေဟာ ကန့်သတ်ချက်တွေ များလွန်းပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မညီပဲ ဒီမိုကရေစီ မဆန် လွတ်လပ် မျှတမှုမရှိဘူးလို့ ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသူ Susanne Kempel က ပြောဆိုကြောင်း AFP ကဆိုပါတယ်။

မဲပေးရာမှာ တစ်အိမ်ထောင် လူတစ်ယောက်သာ မဲပေးခွင့်ရှိတဲ့အတွက် ရန်ကုန်မြို့တော် လူဦးရေ ၅ သန်းထဲက လူ ၄ သိန်းသာမဲပေးခွင့်ရမှာဖြစ်ပါတယ်။ အရွေးခံမယ့် ကိုယ်စားလှယ်တွေရဲ့ အသက်ကို ကန့်သတ်ထားပြီး နိုင်ငံရေးပါတီဝင်လည်း မဖြစ်ရပါဘူး၊ ပြီးတော့ စည်းမျဉ်းတွေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ရွေးကောက်ခံရသူတွေထက် တိုက်ရိုက်ခန့်ထားသူတွေက အရေအတွက် ပိုများနေတယ်လို့လည်းဆိုပါတယ်။

ဒီ ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းချိုက စည်းမျဉ်းတွေ တရားမျှတမှုမရှိပေမဲ့၊ သူ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ ဝင်မပြိုင်ရင် ပြည်သူတွေအတွက် ဘာမှလုပ်ပေးနိုင်မှာမဟုတ်ကြောင်း AFP ကို ပြောဆိုပါတယ်။ ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးကတော့ မဲအများဆုံးရသူ နိုင်မှာဖြစ်တဲ့အတွက် တရားမျှတမှုမရှိဘူးလို့ မပြောနိုင်ကြောင်း ပြောဆိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကို စနေနေ့မှာ ကျင်းပမှာဖြစ်ပေမဲ့၊ ရန်ကုန် လူထုအနေနဲ့ စိတ်ဝင်စားမှု နည်းပါးနေတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကဲခတ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီရွေးကောက်ပွဲ ရဲ့ မမျှတမှုတွေဟာ လာမယ့်နှစ် နိုင်ငံရေး ရွေးကောက်ပွဲအပေါ် ကူးစက်မှုတွေရှိလာမှာ စိုးရိမ်နေကြတယ်လို့ AFP သတင်းကဖော်ပြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>