Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အဲအေးရှ လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်း အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းစဉ် ပျောက်ဆုံးနေ

$
0
0
အဲအေးရှ လေကြောင်းလိုင်း၏ အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းလာသည့် ခရီးသည်တင် လေယာဉ်တစ်စင်းသည် အဆက်အသွယ်
ပြတ်တောက် ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
Air-Aisar
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့မြင်ရသည့် အဲအေးရှလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို တွေ့မြင့်ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ခရီးစဉ်အမှတ် QZ8501 လေယာဉ်သည် ယနေနံနက် ဒေသံတော်ချိန် ၇ နာရီ ၂၄ မိနစ်ခန့်တွင် လေ ကြောင်း ထိန်းချုပ်ရေးဌာနနှင့် အဆက်အသွယ်ပျောက်တောက်သွားခြင်းဖြစ်ကြောင်း လေကြောင်း လိုင်းက အတည်ပြုခဲ့သည်။
"အဆက်အသွယ်ပြတ်တောက်နေသောလေယာဉ်သည် မှတ်ပုံတွင်အမှတ် PK-AXC အဲဘတ်စ် A320-200 အမျိုးအစား ခရီးသည်တင်လေယာဉ်ဖြစ်ကြောင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တွင် လေကြောင်းလိုင်းက အပြည့်အ၀ပူးပေါင်းဆောင်ရွက်နေကြောင်း" ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ပျောက်ဆုံးနေသော လေယာဉ်ပေါ်တွင် ခရီးသည် ၁၅၅ ဦးပါသွားပြီး အင်ဒိုနီးရှားနိုင်ငံသား ၁၄၉ ဦး၊ စင်ကာပူနိုင်ငံသားတစ်ဦးနှင့် အခြား နိုင်ငံ ခြားသား ငါးဦးတို့ ပါဝင်ကြောင်း သိရသည်။ 

နိုင်ငံခြားသား ငါးဦးတွင် ဗြိတိန်တစ်ဦး၊ မလေးရှားတစ်ဦးနှင့် ကိုရီးယားသုံးဦးတို့ဖြစ်ကာ ကိုရီးယားတစ်ဦးသည် ကလေးငယ်ဖြစ်သည်။
အရွယ်အားဖြင့် အရွယ်ရောက်ပြီးသူ ၁၃၈ ဦး၊ ကလေး ၁၆ ဦးနှင့် ကလေးငယ် တစ်ဦးတို့ဖြစ်ကာ လေယာဉ်မှူးနှစ်ဦး၊ လေယာဉ်အမှုထမ်းတစ်ဦး အင်ဂျင်နီယာတစ်ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ QZ8501 ခရီးစဉ်လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘယ မြို့မှ စင်ကာပူသို့ ပျံသန်းလာစဉ် ဆက်သွယ်မှု ပျက်တောက်ပျောက်ဆုံးနေခြင်းဖြစ်သည်။

လေယာဉ်ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ အရေးပေါ်ဌာနသို့ ဆက်သွယ်ရေ ဖုန်းနံပါတ်ကိုလည်း ထုတ်ပြန်ထားပြီး နောက်ဆုံးရသတင်းများကို လေကြောင်းလိုင်း၏ www.airasia.com ၀က်ဘ်ဆိုက်တွင် ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/35798-2014-12-28-04-41-46

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လုလုအောင် HD အသစ်


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>