အိမ်တွေဖျက်ခံရ၊ မြေတွေသိမ်းခံရ စတဲ့ မတရားမှု သတင်းတွေ ကြားရတိုင်း ကလေး ဘ၀က စွဲလမ်းခဲ့ရတဲ့ ‘ရှိန်း’ ကို သတိရတယ်။ ငယ်စဉ်က နှစ်နှစ်ခြိုက်ခြိုက် ကြည့်လေ့ရှိ တဲ့ သေနတ် ပစ်ကားတွေထဲမှာ Cowboy (ကောင်းဗွုင်) နွားကျောင်းသား ရုပ်ရှင်တွေလို အသတ်အ ဖြတ်တွေ တင်းကျမ်းပြည့်မနေတဲ့ သဘာဝ ကျကျရုပ်ရှင်ကား ‘ရှိန်း ၁၉၅၃’ ထဲက ဇာတ် ကောင် ‘ရှိန်း’ ဟာ ဆရာကြီးရွှေဥဒေါင်းရဲ့ စွန့်စားခန်း ဝတ္ထုတွေထဲက မဟုတ်မခံ စိတ် အပြည့်နဲ့ တရားမျှတမှု ကို မြတ်နိုးကြောင်း အမြဲပြတတ်တဲ့ ဇာတ်လိုက်တွေလိုပဲ ကလေး ဘ၀မှာ အားကျ အတုယူ စရာ ဖြစ်ခဲ့တယ်။
‘ရှိန်း’ ဇာတ်ကားမှာ ၁၉ ရာစု အမေရိကန် အနောက်ပိုင်း နယ်ခြားဒေသတွေက ဓားမ ဦးချ လုပ်ကိုင်စားသောက်ခဲ့သူ မိသားစုတွေနဲ့ ကျွဲ၊ နွား၊ ခြံမြေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ထိပ်တိုက်တွေ့မှုကို ဇာတ်ကွက်ယူထားတယ်။ ရေကြည်ရာမြက်နုရာ စားကျက်မြေတွေမှာ အခြေချနေထိုင် တနိုင်ဝမ်းကျောင်းနေသူ သာ မန်မိသားစုတွေကို စီးပွားလုပ်ငန်းရှင်ကြီးများ က ကြေးစားသေနတ်သမားတွေငှား ခြိမ်း ခြောက် မြေနေရာတွေက ဖယ်ခိုင်းတတ်တဲ့ အင်အားကြီးသူနိုင်စတမ်း တောရိုင်းဥပဒေ သာကြီးစိုးရာ ‘ကြမ်းတမ်းတဲ့ အမေရိကန် အနောက်ပိုင်းဒေသ’ ကို ပုံဖော်ထားတယ်။
အဲဒီလို မတရားမှုတွေ ကြီးစိုးနေရာ ဝိုင်အိုမီပြည်နယ် တောင်ကြားဒေသတခုကို ]ရှိန်း} ဆိုတဲ့ မြင်းစီးသေနတ်သမား လူစိမ်းတယောက် ရောက်လာတယ်။ သူဟာ ယာတောအိမ်လေး တခုမှာ ရေဝင်သောက်ရင်းကနေ အိမ်ရှင် မိသားစုနဲ့ ရင်းနှီးသွားပြီး အကူအလုပ်သမား အဖြစ် ခေတ္တ ဝင်လုပ်ဖို့အထိ ဖြစ်သွားတယ်။ အိမ်ရှင်ရဲ့သားငယ် ‘ဂျိုဝီ’ ကလေးဟာ တစိမ်း သေနတ်သမားရဲ့ ယောက်ျား ပီသတဲ့အမူအ ရာနဲ့ သေနတ်ပစ်ဟန်ကို သိပ်သဘောကျ တယ်။ ရိုးရိုးတောင်ယာလုပ်ကိုင် ဝမ်းကျောင်း နေရတဲ့ ဖခင်ရဲ့ဟန်ပန်ကို ‘ရှိန်း’ နဲ့ ယှဉ်ကြည့် ပြီး ကလေးဟာ ဖခင်အရင်းကိုတောင် အား မလိုအားမရ ဖြစ်လာတယ် ၊‘ရှိန်း’ ကိုလည်း ပို သံယောဇဉ် တွယ်လာတယ်။ ‘ရှိန်း’ က လည်း မိသားစုနဲ့ တဖြည်းဖြည်း ရင်းနှီး လာပြီး ဒေသ တဝိုက် ယာသမားတွေ ရင်ဆိုင်နေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ ခြိမ်းခြောက်မှု အန္တရာယ် ကိုပါ သိလာတယ်။
နောက်ဆုံး ဇာတ်သိမ်းမှာ လုပ်ငန်းရှင်ကြီး ငှားထားတဲ့ ကြေးစားလူသတ်သမားတွေကို ရင်ဆိုင် ဖို့ ယာသမား ဖခင်က သွားမယ်လုပ် တော့ ‘ရှိန်း’ က မသွားနိုင်အောင် နောက် ကောက် အလဲထိုးလိုက်တယ်။ သူက ကိုယ် စားသွားပြီး သေနတ်သမားတွေကို ရင်ဆိုင် အနိုင်ယူခဲ့တယ်။
ဒီဇာတ်လမ်းမှာ ယောက်ျားပီသမှုဆိုတာ သေနတ်တလက် ခါးချိတ်ပြီး တဒိုင်းဒိုင်း ပစ် နေမှ မဟုတ်၊ ဇနီး၊ သားသမီးတာဝန်ကို ပခုံး ထမ်းယူနေတဲ့ ဖခင်တယောက်ရဲ့သတ္တိဟာ သူ့လို တကိုယ်တော်သေနတ်သမားထက် အ များကြီးသာကြောင်း၊ မိသားစု တာဝန်ကို ယူ ရဲ၊ တာဝန်ခံရဲတဲ့ သတ္တိရှင် သာမန်ဖခင်များ ဟာ ယောက်ျားအပီသဆုံးသူတွေ ဖြစ်ကြောင်း ကို ‘ရှိန်း’ က ‘ဂျိုဝီ’ ကလေးကို မပြောဘဲနဲ့ သိစေခဲ့တယ်။ ဝမ်းရေးအတွက် ရိုးသား အေး ဆေးစွာ ငြိမ်းငြိမ်းချမ်းချမ်း သမ္မာ အာဇီဝ လုပ် ကိုင်စားသောက်နေသူ အားနည်းသူ လူတန်းစားတွေ ဘက်က ရပ်တည်ရမယ်၊ မတရားမှု ကို ဆန့်ကျင်ရမယ်၊ အင်အားမဲ့သူကို ဖေးကူရ မယ်၊ အားကြီးသူ အနိုင်ရတဲ့ တောရိုင်းဥပဒေ ကို တိုက်ဖျက်ရမယ်ဆိုတာတွေကို ‘ရှိန်း’ က လမ်းပြ ခဲ့တယ်။
မျက်မှောက်ခေတ်သစ်ရဲ့ ကမ္ဘာလုံးဆိုင် ရာဖြန့်ကြက် စီးပွားလုပ်မှုသဘောမှာလည်း လုပ်ငန်း အရင်းရှင်ကြီးများဟာ ကမ္ဘာအနှံ့မှာ အုပ်စိုးသူအာဏာရအစိုးရများနဲ့ ပူးပေါင်းပြီး ဒေသခံတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို စက်မှု လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ် အမျိုးမျိုးအောက်မှာ အဓမ္မ သိမ်း နေကြတယ်။ ပုဂ္ဂလိကအကျိုးစီးပွား ‘ငါ့ဘို့(ဖို့)’ တခုတည်း အတွက် မျက်နှာမွဲနင်းပြားများရဲ့ မိရိုးဖလာအသက်မွေးဝမ်းကျောင်းလုပ်ငန်း တွေ စတေးခံနေရတယ်။ ရိုးရာ ထုံးတမ်းစဉ် လာ ဓလေ့တွေပျက်စီးရတယ်။ အခြေခံ လူ့ အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်။ စီးပွား လုပ်ငန်းကြီးများရဲ့ စက်ရုံအလုပ်ရုံများ၊ သယံ ဇာတတူးဖော်ရာ မိုင်းတွင်းများက အန္တရာယ် ရှိ ဓာတုစွန့်ပစ် ဓာတ်ပစ္စည်းများကြောင့် ကျန်း မာရေးတွေ ထိခိုက်ရတယ်။ သဘာဝပတ်ဝန်း ကျင်လည်း ပျက်စီး၊ ဂေဟစနစ် ပျက်ယွင်း ရာသီဥတုတွေ ဖောက်ပြန်ကုန်တယ်။ ဒေသခံ လူအများရဲ့ လူမှုစီးပွားကျန်းမာ အရာရာ ဆုံး ရှုံးနစ်နာကြရတယ်။
ဒီလိုနဲ့ ညစ်ညမ်းနေတဲ့ လေထု၊ ခဲဆိပ် သင့်နေတဲ့ ရေ၊ အဆိပ်ဓာတ်မြင့်မားနေတဲ့ ငါး၊ ခန်းခြောက်နေတဲ့မြစ်၊ ပြုန်းနေတဲ့တော၊ တုံးနေတဲ့တောင်နဲ့ ဆင်းရဲနုံချာ လူစဉ်မမီ ဖြစ်နေတဲ့ လူအများစုဆိုတဲ့ တဖက်စောင်းနင်း လူမှုလောကရှုခင်းဟာ အားကြီးသူသာ အရာ ရာ အောင်နိုင် အနိုင့်အထက်ပြုရာပဲ ဖြစ်နေ သေးတဲ့ ခေတ်သစ် အရင်းရှင်စီးပွားရေးစနစ် ဆိုးနဲ့အတူ ကမ္ဘာအနှံ့မှာ ကျယ်ပြန့်နေတယ်။ အထူးသဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကူအညီနဲ့ ဆင်းရဲတွင်းက ရုန်းထွက်ဖို့ ကြိုးစားနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများက ပြည်သူ များဟာ လှိမ့်ခံနေရတယ်။
ဗမာပြည်အနေနဲ့ မြင်သာတဲ့ ဥပမာ တခု ကတော့ လတ်တလောမှာ အာဏာပိုင်ရဲ့ ၂ ရက်ဆက်တိုက် ပစ်ခတ်မှုကြောင့် ယာသိမ်းခံ တောင်သူတဦး သေဆုံး၊ အများအပြား ဒဏ် ရာရတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပါပဲ။ ပြီးခဲ့တဲ့ ၂ နှစ် ကလည်း ဒီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ သ ပိတ်စခန်းကို လုံထိန်းတပ်က အကြမ်းဖက် ဝင်ရောက် မီးဗုံးပစ် ဖြိုခွင်းခဲ့လို့ ရဟန်းရှင်လူ လူအများ ဒဏ်ရာ အနာတရ အကြီးအကျယ် ရခဲ့သေးတယ်။ အခုတော့ လူပါသေခဲ့ရပြီ။
ဒီစီမံကိန်းကို အားလုံးသိကြတဲ့ အတိုင်း တရုတ်နိုင်ငံပိုင် “China North Industries Corporation” လက်နက်ကုမ္ပဏီကြီးတခုရဲ့ လက်အောက်ခံ ဝမ်ပေါင်သတ္တုတွင်းတူးမိုင်း ကုမ္ပဏီနဲ့ ဗမာပြည်က စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်တို့ ပူးပေါင်းလုပ် ငန်းဖော်ဆောင်နေကြတယ်။ လွန်ခဲ့တဲ့ ၂ နှစ် အကြမ်းဖက်မှုအပြီးမှာ အစိုးရက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ ဒီ စီမံကိန်း ရှေ့ဆက်သင့်/မသင့် လေ့လာသုံး သပ်စေတယ်။ ကော်မတီက ဒေသခံတွေရဲ့ အကျောက်အကန် ကန့်ကွက်မှုတွေကို လျစ် လျူရှုပြီး ထိုက်သင့်တဲ့ တာဝန်ယူမှု၊ လျော် ကြေးပေးမှုတွေ ပြုလုပ်ပေးရမယ်ဆိုတဲ့ သတ် မှတ်ချက် တချို့နဲ့အတူ စီမံကိန်းဆက်ဖို့ ဆုံး ဖြတ် အစီရင်ခံစာ ထုတ်ခဲ့တယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ဒီကော်မရှင် ဟာ အသုံးချခံသက်သက်သာ ဖြစ်သွား ခဲ့ပြီး ဒေသ ခံတွေ ဘာသာရေးအရ အလေးထားတဲ့ လယ်တီသိမ်နဲ့ တောင်ကြား စေတီ အဖျက်ခံရခြင်းလို ကိစ္စတွေအပါအဝင် အဓမ္မအမှုတွေဟာ ပိုသာ တိုးလာခဲ့တယ်။ ဒေ သခံရွာသားတွေရဲ့ မကျေနပ်မှု ခံစားချက်တွေ လည်း ပိုမိုပြင်းထန်လာခဲ့ပြီး ဆန္ဒပြကန့်ကွက် မှုတွေ ဆက်တိုက် မပြတ်ဖြစ်နေတယ်။ လျော် ကြေးငွေ မယူဘဲ အခု အသေခံတဲ့အထိ ကိုယ့် မြေအတွက် ဆက်လက်တောင့်ခံနေသူတွေလည်း အများအပြား ရှိနေတယ်။
တကယ်တော့ မြေကိုရင်း လုပ်ကိုင်စား သောက်နေရသူ တောင်ယာသမား အတွက် လျော်ကြေးငွေ အလျှံပယ်ပေးရင်တောင်မှ ရေ ရှည် ဝမ်းရေးအတွက် ထည့်သွင်း စဉ်းစားစရာ အခြားအချက်အလက်များ အများအပြားရှိ တာပါ။ အခုသူတို့ခမျာ အများစု ရတဲ့ ငွေက ၁ ဧကကို (၇၀၀-၁၂၀၀) ဒေါ်လာပဲရှိတယ်။ ခိုင်းနွားကောင်းကောင်း တရှဉ်း ကို မြန်မာငွေ သိန်းအစိတ်၊ သုံးဆယ် ပေးနေရတဲ့ခေတ်မှာ ပေးတဲ့ မြေတန်ဖိုးက ဘာမှမပြောပလောက် တဲ့အပြင် တသက်လုံး ရင်းနှီးလုပ်ကိုင် စရာ မြေမဲ့ဘ၀ အဖြစ်က တွေးကြည့်ဝံ့စရာမရှိပါ။
ဒါမျိုး ဖြစ်စဉ်တွေဟာ ဗမာပြည်မှာ အဲဒီ ဒေသတခုတည်း၊ တရုတ် ကုမ္ပဏီ တခုတည်း၊ စစ်တပ်ဦးပိုင် တခုတည်း ထင်တိုင်းကြဲခွင့်ရ နေတာမျိုးလည်း မဟုတ်ပါ။ အရင် န၀တ၊ နအဖ စစ်အစိုးရ ခေတ်ကတည်းက အစဉ်အ ဆက် အစိုးရနဲ့ ပုလင်းတူဘူးဆို့ ပေါင်းစားနေသူ ခရို နီကြီးများ အားလုံး လုပ်ပိုင်ခွင့်တွေရ၊ တော ခုတ်၊ တောင်ဖြို၊ ကျောက်တူး၊ မြေသိမ်း၊ ယာသိမ်း ရင်းနဲ့ သဘာဝကို မုဒိမ်းကျင့်၊ ]လူ အများ} မျက်ရည်တွေ စတေးကာ ‘လူတစု’ ဓနအင်အားကို တည်ဆောက်လာခဲ့ကြတာပါ။
နိုင်ငံခြားကုမ္ပဏီဆိုလည်း စစ်အစိုးရ အ ဆက်ဆက်နဲ့ အကြောင်းအပေါင်းသင့်တဲ့ တ ရုတ်နိုင်ငံ စီးပွားများ လွှမ်းမိုးနေတာမှန်ပေ သည့်၊ အခြား ကိုရီးယား၊ ထိုင်းလို ဒေသတွင်း နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတိုင်းမှာ ဒေသခံလူအများ နစ်နာရမှုတွေ အပြည့်ပါပဲ။ လူ့အခွင့်အရေး ကို မြတ်နိုးလှ၊ ဒီမိုကရေစီ ရှိလှဆိုတဲ့ အမေရိကန်၊ ပြင်သစ်လိုနိုင်ငံကြီး တွေက Unocal, Chevro, Total လို ရေနံ နဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းစုကြီးတွေရဲ့ ဗမာ ပြည်က စီးပွား လုပ်ကွက်တွေနဲ့ အကျိုးအမြတ် တွေမှာပါ အငြင်းပွားဖွယ်ရာ မတရားမှု ဖြစ် စဉ်တွေ ရှိခဲ့ဖူးတာပါပဲ။
ဒါတွေအားလုံးရဲ့ လက်သည်တရားခံက တော့ ‘အစိုးမရတဲ့ အစိုးရ’၊ ‘အကျင့်ပျက်ခြ စားနေတဲ့ အစိုးရယန္တရား’၊ ‘လူတစုအကျိုး စီးပွားကိုသာ ကာကွယ်တဲ့ စနစ်အဖွဲ့အစည်း’ ကြောင့်လို့ တိုတိုဆိုနိုင်ပါတယ်။
အခု ဝမ်ပေါင် က ပြန်လည်ဖြေရှင်းရာမှာ အဓိကအကြောင်း ပြတာကိုက အစိုးရခွင့်ပြုလို့ ယာမြေတွေကို ကုမ္ပဏီပိုင်အဖြစ် ခြံစည်းရိုးခတ်တယ်၊ ကြေးနီတူး ဖော်ရေးစီမံကိန်းလည်း ဆက်လုပ်မယ်ဆိုထား တာပါ။ ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ကလည်း သူတို့ တင်ပြ ချက်တွေ အပြည့်အဝ ဖော်ဆောင်မပေးတဲ့ အစိုးရနဲ့ ကော်မတီရဲ့ ချို့ ယွင်းပျက်ကွက်မှု ကိုပဲ ထောက်ပြခဲ့တယ်။
ရင်းမြစ် ပြဿနာကတော့ ပြည်တွင်း ပြည်ပ ဘယ်လုပ်ငန်းကြီးများမဆိုဟာ အစိုးရ နဲ့ လုပ်ပိုင်ခွင့် ချပေးနိုင်သူ လူတစုကိုသာ နား လည်မှုယူ အကျိုးအမြတ်ခွဲပေးနိုင်ရင် မြေနေ ရာ အပါအဝင် စီးပွားရေး ထင်တိုင်းကြဲ လုပ် နိုင်ခွင့်ကို အလွယ်တကူ ရနေတယ်။ ဆန္ဒ ထုတ်ဖော်ခွင့် မရှိ၊ သတင်း လွတ်လပ်ခွင့်မဲ့၊ သတင်းစီးဆင်းမှု နှေးကွေးတဲ့ အရင်ခေတ် ကဆို ပိုသာ ဆိုးခဲ့တယ်။ ပြည်သူခမျာ ပြား ပြားဝပ် နင်းခံခဲ့ရတယ်။ မျက်မှောက်မှာလည်း အထိုက်အလျောက် မကျေနပ်ချက်တွေ၊ မတ ရားမှုတွေ ထုတ်ဖော်ခွင့်ရနေပေမယ့် အဆုံး သတ်ရလဒ် လှိမ့်ခံနေရမှုကတော့ မပြောင်း လဲသေးပါဘူး။
လွှတ်တော်၊ ရွေးကောက်ပွဲ၊ နိုင်ငံရေးပါ တီ အပေါ်ယံ အမည်ခံတွေနဲ့ ဒီမိုကရေစီစနစ် ကြွေးကြော်နေပေမယ့် လုပ်နည်း၊ လုပ်ဟန်၊ အကျင့်၊ စရိုက်၊ အတွေးအခေါ် အပုပ်အဆွေး အဟောင်းတွေက အရင် စစ်အာဏာရှင်စနစ် အတိုင်း မပြောင်းလဲသေးပါ။ ‘တရားမျှတမှု အမှန်တရားသည်သာ အင်အား -- Right is Might ” မဖြစ်၊ ‘အင်အားသည်သာ အမှန်တရား -- Might is Right” ဖြစ်နေဆဲပါပဲ။ ကြီးနိုင်ငယ်ညှဉ်း အင်အားကြီးသူသာ အမြဲတမ်းအသာရတဲ့ “The Law of the Jungle-- တောတွင်း ဥပဒေသ တိရစ္ဆာန်ဝါဒ” သာ ကြီးစိုးနေဆဲပါ။ အာဏာရှိသူနဲ့ အပေါင်းအပါ လူတန်းစားတခုသာ အခွင့်ထူးခံ မင်းမူနေ ဆဲပါ။ အာဏာ စီးပွား ကိုယ်ကျိုး အတွက် လိုအပ်တဲ့ အခါတိုင်းလည်း လက်နက်ထုတ် သုံး၊ သေနတ်ပစ်ပြ၊ မီးဗုံးခွဲ၊ အမြောက်ထု လူ သတ်၊ အကြမ်းဖက်၊ ဘုရားဖျက်၊ ကျောင်းဖျက်၊ သိမ်ဖျက်၊ အိမ်ဖျက်ဘူဒိုဇာထိုးနည်းနဲ့ ပြဿနာ အစုံစုံကို ဖြေရှင်းလိုဆဲပါပဲ။
ဆိုတော့ ဆရာကြီး ဒဂုန်တာရာ မျှော်လင့် ရည်မှန်းခဲ့တဲ့ သာတူညီမျှ ‘လောကအမွန်’ (၁၉၃၉ အိုးဝေ မဂ္ဂဇင်း ကဗျာ) ဟာ စိန်ရတု တိုင်ခဲ့၊ ကိုယ့်မင်းကိုယ့်ချင်း ဖြစ်တာ လည်း နှစ် ၆၀ ကျော်ခဲ့ပေမယ့် လက်ရှိ တိုင် ‘အားပြည့်သူက အားငယ်သူကို နိုင်ရာ စားတယ်၊ ဖားမျိုသည့် မြွေပမာ’ ဖြစ်နေဆဲပါပဲ။ ကိုယ့်လူမျိုးအချင်းချင်း မတရားကျွန်ပြုခံ ဖြစ်လျက်၊ လူမျိုးခြားနိုင်ငံများရဲ့ ခေတ်သစ် စီးပွားနယ်ချဲ့ခံလည်း ဖြစ်လျက်ပါပဲ။
ဗိုလ်ချုပ် အမြော်အမြင်ကြီးကြီး ကြိုမြင်ထောက်ပြခဲ့တဲ့ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့အောက်ကျို့ ရတဲ့ နိုင်ငံလည်း ရေတဖြန်းဖြန်း ဆေးရင်း ဖြစ်နေခဲ့တာ ကြာပါပြီ။ ကိုယ့် နိုင်ငံသားများလည်း လူသတ်၊ မုဒိမ်း ရာဇဝတ်သမားများ အဖြစ် မတရား ယိုးစွပ်ခံရင်း အိမ်နီးချင်းနိုင်ငံ တွေမှာ မျက်နှာငယ်ငယ်နဲ့ ကျွန်ခံနေရတာ အတော်တောင် အသားကျနေရရှာပါပြီ။
တိုင်းပြည်ရဲ့ နိုင်ငံရေး စနစ်ဆိုး၊ အစိုးရ အုပ်ချုပ်ပုံ ညံ့ဖျင်းမှုနဲ့ အကျင့်ပျက်မှု ဆိုးကျိုး ဆက်ဟာ ဆိုရှယ်လစ်၊ ဒီမိုကရေစီ မျက်နှာ ဖုံး အမျိုးမျိုး၊ နာမည်အဖုံဖုံ၊ အသုံးတော်ခံ အစုံစုံနဲ့ ရာစု ဝက်ကျော် သက်ဆိုးရှည် လည် ပတ်နေတယ်။ လူသတ်၊ အကြမ်းဖက်မတရား မှုတခုဖြစ်လိုက် အသုံးချခံ စုံစမ်းရေးကော်မ ရှင်ဖွဲ့လိုက်၊ အချည်းအနှီး အစီရင်ခံစာတွေ ထုတ်လိုက် သံသရာကလည်း မဆုံးနိုင်ဖြစ်နေ တယ်။ စီးပွားရေးလုပ်ငန်းကြီးများရဲ့ CSR (Corporate Social Responsibility) ဆိုတဲ့ လူမှုရေးလုပ်ငန်းများကလည်း စားကောင်း သောက်ကောင်း ပါးပါးလှီးခေါင်းပုံဖြတ်ကောင်း အောင် ဟန် ပြလုပ်ပြရုံသက်သက်ဖြစ်နေတယ်။ အခု ဗမာပြည်က ခရိုနီတိုင်းမှာ လူမှုရေးရန်ပုံ ငွေဖောင်ဒေးရှင်းတွေရှိတယ်၊ လူမှုလုပ်ငန်း တွေ၊ အလှူတွေ အားတက်သရောလုပ်နေကြ တယ်။ ဒါပေမဲ့ နိုင်ငံရေးစနစ် မပြောင်းဘဲ ဒီမိုး ဒီလေ ဒီလူတွေ အခွင့်သာနေသမျှ တိုင်း ပြည်ရဲ့ ဆင်းရဲချမ်းသာကွာဟာမှု ပြဿနက ပျောက် သွားမှာ မဟုတ်၊ လူအများစုဆင်းရဲ တွင်း နက်သထက်နက်ဦးမှာသာ ဖြစ်တယ်။
ဒီအတွက် လူသတ်ကောင်တွေကို သုတ် သင်ခြင်း၊ သူခိုးဓားပြ အကြီးစားတွေဆီက ပြန်လည် လုယူခြင်း၊ ဖိနှိပ်သူ အာဏာရှင်တွေ ကို တော်လှန်ခြင်း ဆိုတဲ့ ‘လူမှုတရားမျှတ ရှာမှု’ တန်ပြန် အလုပ်တွေ လိုနေပါတယ်။ ဒါပေမဲ့ ‘ရှိန်း’လို အဖိ နှိပ်ခံ လယ်သမား၊ ယာသမားတွေ ဘက်က ရပ်တည် လူဆိုးတွေကို ‘ဓား’ ‘ဓား’ ချင်း၊ ‘လှံ’ ‘လှံ’ ချင်း စိန်ခေါ်အန်တုလို့တော့ မရ တော့ပါ။ အဖိနှိပ်ခံပြည်သူအများရဲ့ ပဋာမြေ လူး ဒုက္ခ ငိုကြွေးသံတွေကို စာနာနားလည် ခံစားတတ်ကာ တရားမျှတမှုကို ဦးထိပ်ထား တဲ့ ‘ရှိန်း စိတ်ဓာတ်’ ကိုသာ လူအများကြားမှာ တိုးပွားစေပြီး အားကြီးသူ အဓမ္မပြုခွင့်သာနေ တဲ့ စနစ်ဆိုးကြီးကို ‘အကြမ်းမဖက်’ လူထု အားနဲ့ တိုက်ဖျက်ရမှာပါ။
ဒါကြောင့် လက်ပံတောင်း အကြမ်းဖက် လူသတ်မှု အပါအဝင် တရားမဲ့မှုအစုစုကို မီး မောင်း ထိုးပြမယ့် ‘ရှိန်း’ စာနယ်ဇင်းတွေလည်း များများ ပိုလိုနေပါတယ်။ တရားမှုဘက်က ရပ်တည်မယ့် ဥပဒေသမား ‘ရှိန်း’တွေ အများ ကြီးလိုနေပါတယ်။ ကြီးနိုင်ငယ်ညှဉ်းမှုကို အသံထွက်မယ့် တက်ကြွလှုပ်ရှားသူ ‘ရှိန်း’ လူမှုရေး သမားတွေလည်း များများလိုနေပါတယ်။
နိုင် ငံရေးသမားတွေ နိုင်ငံရေးပီပီပြင်ပြင် လုပ်ဖို့က တော့ မရှိမဖြစ် အလိုအပ်ဆုံး အချက် ပါပဲ။ ပြည် သူ့ဘ၀ ဆင်းရဲတွင်းကျွတ်၊ မင်းအပါအဝင် ရန်သူမျိုးငါးပါးဘေးက လွတ်ဖို့ ရာ နိုင်ငံရေးကုထုံးမှလွဲလို့ လူမှုရေးအပါအဝင် အခြားဆေး မြီးတိုများ ဆေးမတိုး၊ ဆေးမမီတော့ ပါ။
အထူး သဖြင့် အို၊ နာ၊ သေ လက္ခဏာရေး သုံးပါး မကြား၊ မမြင်ရတဲ့ ကျတ်ပြေးအရပ်က ဆင် စွယ်နန်းတော် စင်မြင့်နိုင်ငံရေးထက်မှာ ဒီမို ကရေစီ ပေါက္ခရဝဿမိုးရွာကာ လူတစုအတွက် သက်သက် လောကနိဗ္ဗာန် တည်ဆောက်သာယာ မိန်းမောနေကြတဲ့ လွှတ်တော်နိုင်ငံရေး သမားများ ‘ရှိန်းစိတ်ဓာတ်’ ကို အတုယူအ လုပ်ကောင်းတွေလုပ်ပြဖို့ အရေးတကြီးလိုနေ ပါတယ်။
နိဂုံးချုပ်ရရင် ‘ရှိန်း’ဇာတ်ကား အဆုံးမှာ ဂျိုဝီ ကလေးက မြင်းစီးထွက်သွားတဲ့ ‘ရှိန်း’ကို ပြန်လာပါ ‘ရှိန်း’ ရေတကြော်ကြော် အော်သလိုပဲ အခု အော်ချင်ပါတယ်။ ၂၀၁၅ နှစ်သစ်မှာ ဗမာပြည်က ‘ရှိန်းများ’ လူထုရင် ခွင်ဆီ များများ မြန်မြန်ပြန်လာစေချင်ကြောင်း အသံကုန်အော်လိုက်ကြောင်းပါခင်ဗျာ။
ငြိမ်းချမ်းအေး
The Ladies News Journal