Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အင်အားသစ်များမွေးဖွားခြင်း

$
0
0

အင်အားသစ်များမွေးဖွားခြင်း

ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုစောင့်ရှောက်ခြင်းသည် ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်း မည်ပေ၏။ ဟူသော မြတ်စွာဘုရား၏ ဆိုဆုံးမ သြဝါဒစကားအတိုင်း နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ် ဖြစ်ဆေးခန်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး ကျန်းမာရေးချို့ယွင်းနေသော အများပြည်သူတို့ အား (အခမဲ့) ကုသိုလ်ဖြစ် ကုသဆောင်ရွက်ပေးနေသည်နှင့်အညီ တိုင်းပြည်အတွက် မိမိတို့၏ ယုံကြည် ချက်ကြောင့် အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများအတွက်ပါ ကျန်းမာရေးဝန်ဆောင်မှုများကို ပြုလုပ်ပေးလျှက်ရှိသည်။

၃.၇.၂ဝ၁၂ ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာကြသော နိုင်ငံ့ အကျိုးသယ်ပိုးကြသော နိုင်ငံရေးအကျဉ်းသားများသည် ၆.၇.၂ဝ၁၂ ရက်နေ့၌ နာရေးကူညီမှုအသင်း(ရန် ကုန်)ရှိ သုခအာဟာရ စားသောက်ဆိုင်တွင် နေ့လည်စာထမင်း စားသောက်ခဲ့ကြပြီးနောက် သုခကုသိုလ် ဖြစ်ဆေးခန်း၌ နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသော ဦးခင်ဝင်း၊ ကိုအေးအောင်၊ ကိုအေးသိန်းတို့ အပါ အဝင် စုစုပေါင်း (၁၂) ဦးတို့အား Check X-ray, Ultrasound ရိုက်ကူးခြင်းနှင့် CP, ESR, R.Sugar, Ratrovirus Test, HBsAg, HCVAb, Aso, Uric acid သွေးစစ်ဆေးခြင်းတို့အပြင် သက်ဆိုင်ရာ ဆရာဝန် များသည် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြပြီးသည့်နောက် လိုအပ်သောဆေးဝါးများကို ပေးအပ် ခဲ့ပါသည်။ ယင်းနောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အား လုပ်ဆောင်ပေးဆပ်မှု များ၊ သုခအလင်း စာကြည့်တိုက်သို့လည်း ဝင်ရောက် လေ့လာခဲ့ပြီး ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့နှင့် ရင်းနှီးစွာ လူမှုရေးလုပ်ငန်းများအကြောင်း ပြောကြားခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ယခုကဲ့သို့သော ကျန်းမာရေး ဝန်ဆောင်မှုများ ပြုလုပ်ပေးခြင်းကြောင့် မကြာမီကာလအတွင်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ကမ္ဘာတွင် ထင်ပေါ်လာစေမည့် အင်အားသစ်များကို မွေးဖွားပေးခဲ့ခြင်းပင်ဖြစ်သည်။

ကိုကျော်သူ



Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ကရဝေး စိုက်ပျိုးနည်း


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>