Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

DNS Changer ဗိုင်းရပ်စ်ကြောင့် ဇူလိုင် ၉ ရက်တွင် ကမ္ဘာပေါ်မှကွန်ပျူတာအချို့အင်တာနက်ပြတ်တောက်ဖွယ်ရှိ

$
0
0
လွန်ခဲ့သော တစ်နှစ်က ဒိုမိန်းအမည်ပေးစနစ်(DNS Changer)များတွင်ဝင်ရောက်တိုက်ခိုက်ခံထားရသော ကွန်ပျူတာများ ကို အမေရိကန် အာဏာပိုင်များ၏ယာယီပြင်ဆင်ထားမှု ဇူလိုင်လ ၉ ရက်တွင် သက်တမ်း ကုန်ဆုံး မည် ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာအသုံးပြုသူ သောင်းနှင့်ချီ၍ အင်တာနက် ချိတ်ဆက်မှု ပြတ်တောက်ဖွယ်ရှိကြောင်းသိရသည်။

ယခုပြဿနာမှာ DNS Changer ဟုလူသိများသော Malware ဗိုင်းရပ်စ်တစ်မျိုးကို ဆိုက်ဘာရာဇ၀တ်မှု ကျူးလွန်သူများ က ဖန်တီးခဲ့ ပြီးပစ်မှတ်ထားသည့် Web Browser များ၏ ဒိုမိန်းအမည်စနစ် (DNS)များကို ကြားမှဖြတ်တောက်လမ်းလွှဲရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။

ယင်းဗိုင်းရပ်စ်အား ဖြန့်ချိသော ကွင်းဆက်ကို ၂၀၀၇ ခုနှစ်တွင် ရှာတွေ့ခဲ့ပြီး ပြီးခဲ့သည့်နှစ်က အမေရိကန်
အက်ဖ်ဘီအိုင်အဖွဲ့၊ အက်စ်တိုးနီးယားရဲတပ်ဖွဲ့နှင့် အခြားဥပဒေရေးရာအဖွဲ့အစည်းများက ပိတ်ပင်ခဲ့သည်။
သို့သော် ယင်းဗိုင်းရပ်စ်ဝင်နေသည့် ကွန်ပျူ တာများမှာ ကမ္ဘာတစ်ဝန်း၌ ဇွန် ၁၁ ရက်အထိ လုံးရေ ၃၀၀၀၀၀ကျော်ရှိနေပြီး အမေရိကန်တွင်လုံးရေ ၆၉၀၀၀ နှင့် အီတလီ၊ ဂျာမနီ၊ အိန္ဒိယ၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊သြစတြေးလျတို့မှ ကွန်ပျူတာများမှာလည်း အဆိုပါစာရင်းတွင် ပါဝင်နေသည်ဟုယုံကြည်ရသည်။

တာဝန်ရှိသူများက မိမိ၏ ကွန်ပျူတာတွင် ယင်းဗိုင်းရပ်စ် တိုက်ခိုက်ခံထားရသည်ဟု ယူဆသူများအနေဖြင့်
DNS Changer ဗိုင်းရပ်စ်ဖြေရှင်းရေးဝက်ဘ်ဆိုက် www.dcwg.org သို့ ၀င်ရောက်စစ်ဆေးနိုင် ကြောင်း ဆိုထားသည်။ အင်တာနက်လုံခြုံရေးကုမ္ပဏီတစ် ခုဖြစ်သည့် Internet Identityလည်း Fortune မဂ္ဂဇင်း၏ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၅၀၀ စာ ရင်းတွင် ပါဝင်သည့်ကုမ္ပဏီ ၅၈ ခုနှင့်အစိုးရဌာနကြီး ၅၅ ခုအနက်မှ ၂ ခုတွင် အနည်းဆုံး ကွန်ပျူတာ (သို့မဟုတ်) Router ၁ လုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဆိုသည်။

သို့သော် အချို့သော တာဝန်ရှိသူများနှင့် ကွန်ပျူတာပြုပြင်ရေးကျွမ်းကျင်သူများကမူ အဆိုပါဗိုင်းရပ်စ် တိုက်ခိုက်မှုများ ကြောင့် ဆိုးဆိုးရွားရွားထိခိုက်မှုမဖြစ်နိုင်ကြောင်း ပြောသည်။ အကယ်၍ယင်းဗိုင်းရပ်စ်ဝင်ရောက်ခဲ့ပါကလည်း ကွန်ပျူတာများရှိ ဗိုင်းရပ်စ်ကာကွယ်ရေးစနစ်များက သိရှိ၍ ရှင်းလင်းပြီးဖြစ်နိုင်ကြောင်း အမေရိကန် နိုင်ငံမှ ကျွမ်းကျင်သူများက ပြောပါသည်။ အကယ်၍ ယင်းဗိုင်းရပ်စ် ၀င်ရောက်ခဲ့ပါကလည်း ကွန်ပျူတာ ပြင်ဆင်ရေး ကျွမ်းကျင်သူများကို ဆက်သွယ်အကူအညီ တောင်းခံ၍ အလွယ်တကူဖြေရှင်းနိုင်သည်ဟု ၄င်းတို့က ဆိုသည်။

—Ref: AFP
7Day News Journal



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>