Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြား နားလည်မှုလွဲအောင် ကြံဖွံ့ပါတီ လုပ်ကြံ

$
0
0

ဇွန်လ ၃၀ ရက်နေ့က ဥရောပခရီးစဉ်မှပြန်လာသော ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုပွဲတွင် ရှစ်မိုင်လမ်းဆုံ၌ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမစုကြည်အလိုမရှိဟုဆိုကာ ဆန္ဒပြခဲ့သူများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်အမျိုးသား အင်အားစုမှဖြစ်ကြောင်း သတင်းရရှိသည်။

ထိုရခိုင်ပြည်အမျိုးသားအင်အားစုမှာ ပြည်ခိုင်ဖြိုးကြံဖွံ့ပါတီမှ လက်သတ်ငွေစားထားသော ပါတီတစ်ခုဖြစ်ပြီး၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် အခြေစိုက်ကြောင်း သိရှိရသည်။

“ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးအပြန်ပြည်သူလူထုက ကြိုဆိုပွဲမှာ ဒီလိုမဟုတ်မက၊ လုပ်ကြံဆန္ဒပြဖို့အတွက် အဓိကလုပ်ကြံခိုင်းသူကတော့ ကြံဖွံ့ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက အဲဒီမြန်မာနိုင်ငံ ရခိုင်အမျိုးသားအင်အားစုကို ငွေပေးပြီး အသုံးချလိုက်ခြင်းဖြစ်တယ် ” ဟု ရခိုင်အမျိုးသားအင်အားစုနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြခဲ့ခြင်းမှာ ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကြား တွင် သဘောထားနားလည်မှုများလွဲမှားအောင် ကြံဖွံ့ပါတီအနေနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်သော တစ်ခြားတိုင်းရင်းသားပြည်သူများရှေ့မှောက်တွင် ရခိုင်တိုင်းရင်းသားများကို သိက္ခာချခြင်းဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ချို့က ပြောဆိုနေကြသည်။

ယင်းရှစ်မိုင်လမ်းဆုံတွင် ဆန္ဒပြခဲ့သော လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးယူထားသော NLD အဖွဲ့ဝင်များတို့ ထိုးကြိတ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အင်တာနက် သတင်း Website စာမျက်နှာတစ်ချို့ တွင် NLD အား ဝေဖန်မှုတစ်ချို့လည်း ထွက်ပေါ်ခဲ့သည်။

http://arakantimes.net/



Viewing all articles
Browse latest Browse all 32865

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ချစ်စရာ့ မြန်မာ့ဓလေ့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>