Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကြိုတင်ကြံစည် ခြုံခိုတိုက်ခိုက်လိုက်တဲ့ လွှတ်တော်ထဲကအဖြစ်အပျက်

$
0
0
မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ချွတ်ခြုံကျမှုဟာ ဆန်ရှင်ကြောင့်လို့ ဘယ်လိုများလေ့လာ သုံးသပ်လိုက်ပါလိမ့် ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု?
သောကြာနေ့ လွှတ်တော်မှာ ကျားဖြူပါတီက ဒေါ်နန်းဝါနု က လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကို ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးသွားတာပါ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒါ အရေးကြီးတယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။

ယုဇန ဦးဌေးမြင့်ကလည်း အသင့်ပါလာတဲ့ စာရွက်တွေ ထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ ရခိုင်ဘက်က လွှတ်တော်အမတ်ကလည်း ပါလာတဲ့ စာရွက်ထုတ်ပြီး ထောက်ခံ ဆွေးနွေးပါတယ်။ NLD အမတ် ဦးဝင်းထိန်က ထဆွေးနွေးမယ်လုပ်ပြီး မိုက်ကရိုဖုန်း ခလုပ်နိုပ်တာ မီးလင်း မလာခဲ့ပါဘူး။ နောက်က ခုံတွေမှာ သွားလင်းနေတယ် ပြောပါတယ်။ တော်တော်ကြာမှ ဖွင့်ပေးလိုက်၊ ဖွင့်ပေးလိုက် ဆိုပြီး စပီကာက အသံတွေကြားနေရကြောင်း ဦးဝင်းထိန်နဲ့ VOA ဆွေးနွေးခန်းမှာ ဦးဝင်းထိန်က ပြောပါတယ်။

မိုက်ကရိုဖုန်းတွေက အော်တိုမဟုတ်ပဲ စက်ခန်းက လိုသလို ထိန်းချုပ်နေပုံရပါတယ် လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ ဦးဝင်းထိန် ၀င်ရောက်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ NLD ကနှစ်ယောက် ထ ဆွေးနွေးပြီးနောက် အချိန်မရှိတော့ပါဘူး။ အတင်းကြီး အသံနဲ့ မဲခွဲအတည်ပြု လိုက်ပါတယ်။

ရုတ်တရက်ကြီး အခုလိုဆွေးနွေးလိုက်လို့ NLD က လက်တန်းတွေ ထပြောရတော့တာပါ။ စစ်စကားနဲ့ပြောရရင်တော့ ခြုံခိုတိုက်လိုက်တာပေါ့လေ။
DD85 (MMCP)

ဒီအဆိုဟာ နဂိုမူလက အစည်း​အ​ဝေး​အစီအစဉ်မှာ မပါဘဲ ကြား​ဖြတ် တင်သွင်း​တဲ့​အဆိုဖြစ်ပြီး​ လွှတ်​တော်ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က​နေ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်​ သုံး​ပြီး​ အဲဒီအဆိုကို အတည်ပြုလိုက်တာလို့​ ပြည်သူ့​လွှတ်​တော်အစည်း​အ​ဝေး​မှာ တက်​ရောက်​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က မိတ္ထီလာမြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဝင်း​ထိန်က ​ပြောပါတယ်။
“နား​ထောင်​နေရင်း​နဲ့​ ပုံစံက မကျဘူး​။ ​ပြောမယ်ဆို​တော့​လည်း​ ​ပြောလို့​မရဘူး​။ ကျ​နော်​ပြောချင်တာက မြန်မာနိုင်ငံမှာ စီး​ပွား​ရေး​ပိတ်ဆို့​တဲ့​ အဓိက အ​ကြောင်း​အရင်း​က လူ့​အခွင့်​အ​ရေး​တွေ ချိုး​ဖောက်လို့​ စီး​ပွား​ရေး​ပိတ်ဆို့​တာ။ အဲဒီအ​ကြောင်း​ကို မသိဘဲနဲ့​။ အဲဒီအ​ကြောင်း​တွေကို ​ကောင်း​ကောင်း​ သိချင်ရင် ​ကောင်း​ကောင်း​ ​လေ့​လာဖို့​ လိုတယ်။ မြန်မာနိုင်ငံက လူ့​အခွင့်​အ​ရေး​ ဘယ်​လောက်ချိုး​ဖောက်တာ​တွေ​ကြောင့်​ စီး​ပွား​ရေး​ပိတ်ဆို့​တာ။

“အခု ဦး​သိန်း​စိန် ​ခေါင်း​ဆောင်တဲ့​ အစိုး​ရက မီဒီယာ​တွေကိုလည်း​ အထိုက်အ​လျောက် လွတ်လပ်ခွင့်​ပေး​တယ်။ ကျ​နော်တို့​ကိုလည်း​ ​ရွေး​ကောက်ပွဲ ဝင်လို့​ရ​အောင်အထိ ညှိ​ပေး​တယ်။ စီး​ပွား​ရေး​ပိုင်း​မှာလည်း​ ​မော်​တော်ကား​ကိစ္စ​တွေ အထိုက်အ​လျောက် လုပ်​ပေး​တယ်။ နိုင်ငံတကာကလည်း​ သူတို့​ရဲ့​ စီး​ပွား​ရေး​ ပိတ်ဆို့​တာ​တွေကို ​လျော့​ပေး​တယ်။ ဦး​သိန်း​စိန်အစိုး​ရဘက်က အထိုက်အ​လျောက် ​လျော့​ပေး​လို့​ စီး​ပွား​ရေး​ပိတ်ဆို့​တာ​တွေလည်း​ ​လျော့​ပေါ့​လာတာ။ ပိုပြီး​တော့​ ​လျော့​ပေါ့​ပေး​ချင်ရင် ပိုပြီး​ လူ့​အခွင့်​အ​ရေး​နဲ့​ ဒီမိုက​ရေစီအ​ရေး​ကို လုပ်ရမယ်။ ဒါ​ကြောင့်​ စီး​ပွား​ရေး​ပိတ်ဆို့​မှု ရုပ်သိမ်း​ရေး​ကို ​တောင်း​ဆိုမယ့်​အစား​ ဒီနိုင်ငံမှာ ဦး​သိန်း​စိန်အစိုး​ရက​နေ လူ့​အခွင့်​အ​ရေး​ကို ပိုပြီး​ ပွင့်​ပွင့်​လင်း​လင်း​ လုပ်​ပေး​ပါဆိုတဲ့​ အဆိုကို တင်ချင်တာ မတင်လိုက်ရဘူး​။ အဲဒါပါပဲ။”အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဝင်း​ထိန် ..(DVB)



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>