Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကိုကာကိုလာ အလောသုံးဆယ်လုပ်ငန်း မစဘဲ၊ မြန်မာဈေးကွက်ကိုလေ့လာ(Coca-Cola eys Myanmar no immediate prospects)

$
0
0
(Reuters မှ 13 July 2012 ရက်စွဲပါ “Coca-Cola eys Myanmar no immediate prospects” သတင်းကို ဘာသာပြန်ဆိုသည်)

ကိုကာကိုလာအချိုရည်ကုမ္ပဏီသည် မြန်မာနိုင်ငံမှကြီးမားသော အလားအလာကိုလေ့လာကာ အလားအလာကောင်းသော မြန်မာ စီးပွားဖက်များနှင့် ဆွေးနွေးနေသော်လည်း လုပ်ငန်းများမစတင်မီ အချိန်ကြန့်ကြာနိုင်သည်ဟု ကိုကာကိုလာဒေသဆိုင်ရာအကြီးအကဲက သောကြာနေ့တွင် ပြောကြားသည်။

ကမ္ဘာတွင် ကိုကာကိုလာကုမ္ပဏီ မရောက်သေးသော ၃ နိုင်ငံထဲတွင် ပါဝင်ပြီး၊ စစ်အုပ်ချုပ်ရေးမှရုန်းထွက်နေသော မြန်မာနိုင်ငံသည် ဆွဲဆောင်အားကောင်းသော ဈေးကွက်တစ်ခုဖြစ်သော်လည်း ကမန်းကတန်း သဘောတူစာချုပ်များကို အပြေးအလွှားချုပ်ဆိုမည် မဟုတ်ပါဟု ကိုကာကိုလာ၏ အာဆီယံဒေသအကြီးအကဲ မန်နူရယ်အာရိုယိုက ပြောကြားသည်။

“မြန်မာဈေးကွက်ရဲ့ အလားအလာကောင်းကတော့ သံသယရှိစရာမလိုပါဘူး။ ဒါပေမယ့် လုပ်ငန်းမစတင်မီမှာ အလွန်ရှင်းလင်း၊ ပွင့်လင်း၊ ပြတ်သား၊ မြင်သာတဲ့လမ်းကြောင်းကို ကျွန်တော်တို့လျှေက်သွားဖို့ လိုအပ်ပါတယ်”ဟု ကမ္ဘောဒီးယားရှိ အမေရိကန်ကုမ္ပဏီများ အစည်းအဝေးတွင် ပြုလုပ်သော အင်တာဗျူး၌ မန်နူရယ်အာရိုယိုက ရိုက်တာသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အလားလာကောင်းတဲ့စီးပွားဖက်တွေနဲ့ တခြားရွေးစရာလုပ်ငန်းတွေကို အကဲဖြတ်နေပါတယ်။ဒါမှမဟုတ် ကျွန်တော်တို့ ကိုယ်တိုင်လုပ်မလားလို့လည်း စဉ်းစားနေပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

“တကယ်လုပ်ငန်း စတင်နိုင်ဖို့အတွက် လပေါင်းများစွာအလုပ်တွေ အများကြီးလုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ဟာ အခုမှတကယ့်ကို သန္ဓေ တည်နေတုန်းအဆင့်ပါ”ဟု ကိုကာကိုလာ အာဆီယံဒေသ အကြီးအကဲက ဆိုသည်။

ယခုတပတ် သမ္မတအိုဘားမားထုတ်ပြန်ကြေညာခဲ့သော မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံခွင့်ပြုမည့် စည်းကမ်းသစ်များအရ မြန်မာနိုင်ငံတွင်းမှ အလားအလာကောင်းသော စီးပွားဖက်များ သင့်လျှော်မှန်ကန်မှုရှိရဲ့လားဆိုသည်ကို သေချာစေရန် အမေရိကန်နိုင်ငံခြားရေးဌာနနှင့် အနီးကပ်ဆက်သွယ် ဆောင်ရွက်နေသည်ဟု ၎င်းကပြောကြားသည်။

မြန်မာပြည်တွင်း အချိုရည်ကုမ္ပဏီများအနက် ကိုကာကိုလာ၏ လက်တွဲဖော်ဖြစ်နိုင်သူများ Pinya Maunfacturing Co. Myanmar Golden Star(MGS) နှင့် Loi Hein Co တို့ဖြစ်သည်ဟု သိရှိရသည်။

“ဒီ ၃ ဖွဲ့အပြင် တခြားကုမ္ပဏီတွေကိုလည်း ကျွန်တော်တို့လေ့လာနေပါတယ်။ အကောင်းဆုံးစီးပွားဖက်နဲ့တွဲလုပ်မလား၊ ကိုယ်တိုင်လုပ်မလားဆိုတာကို ဆုံးဖြတ်ဖို့အတွက် ကျွန်တော်တို့ အဲဒီမှာပဲ အလုပ်လုပ်နေကြတုန်းပါ”ဟု အာရိုယိုက ဆိုသည်။

၁၉၆၀ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိကကုမ္ပဏီများ ရပ်ဆိုင်းသွားခဲ့သော်လည်း ထိုင်းနိုင်ငံနယ်စပ်မှ မှောင်ခိုသွင်းယူလာသော ကိုကာကိုလာအချိုရည်များ နိုင်ငံအနှံ့တွင် ပျံ့နှံ့လျက်ရှိသည်ဟု သိရှိရသည်။

yangonchronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>