Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရှေ့ ကို - ရေးသူ-ကိုမျိုး(မြန်မာစာ)

$
0
0
(ဤစာဖြင့်အာဇာနည်ကြီးများနှင့်တကွအာဇာနည် မြန်မာပြည်သူ့ အချစ်ပန်းဗိုလ်ချုပ်ဦးအောင်ဆန်း၏ဆိုဆုံးမ မှကြားချက်များ အား လက်စုံမိုးရှိခိုးဂါရ၀ပြုပါ၏)
ရှေ့ ကို

“ရှေ့ကို လွတ်လပ်ရေးအရသာကိစ္စ
အတွက် အလုပ်လုပ်တဲ့နေရာမှာလည်း
ခင်ဗျားတို့ သောက်ကျင့်တွေကို ပြင်ဖို့လို့
ကျွန်တော်ပြောခဲ့မယ်”
ဦးအောင်ဆန်း

အာဇာနည်နေ့ နားနီးခါမှ ဗိုလ်ချုပ် အောင်ဆန်းကို သတိရနေကြတာဟု ဆိုဆို၊ခါတော်မီဟုပြောပြောနိုင် ငံ လွတ်လပ်ရေး အတွက် အသက်ပေးသွားသူ အာဇာနည်တွေ နှင့်တကွ ဗိုလ်ချုပ်တို့၏ ကျေးဇူးကို ဤအခါသမယမှာကျွန်တော်တို့ စာနယ်ဇင်း သမားတွေ အနေနှင့် အခြားသော မြန်မာပြည်သူ၊ ပြည်သားတွေထက် ပိုမိုကျေးဇူးတင်ထိုက်သည်ကအမှန်။

““ဗိုလ်ချုပ်မပြောနှင့် ဗိုလ်ချုပ် သမီးအကြောင်းဗိုလ်ချုပ်သမီး ဓာတ်ပုံ ပါရင်တောင်ရောင်းမလောက်ဖြစ်နေ တာ စာနယ်ဇင်းသမားတွေညတိုင်း ဗိုလ်ချုပ်ကိုဦးသုံးကြိမ်ချပြီးအိပ်သင့်တယ်”” ဟူသော စကားမကြာ မကြာကြားရ တတ်ဖူးသည်ကိုး။

သို့ပေမင့် မရှက်တမ်းဝန်ခံရလျင်ဗိုလ်ချုပ်ကို ညစဉ်မပြတ် ရှိခိုးဦးချခြင်း မပြုဖြစ်ခဲ့ဘူးရုံမက“ဗိုလ် ချုပ်ကျေးဇူးကြီးလှ ပါပေသည်” ဆိုကာ အိမ်ဦးခန်းမှာချိတ်ထားသော ဓာတ်ပုံကို လည်း နေ့စဉ်မပြတ်ဖုန်သုတ်ပေးမိခြင်း မျိုးမရှိခဲ့ပါ။ ထိုမျှမက ကျွန်တော်တို့ ငယ်စဉ် အခါက အထပ်ထပ်သင်ယူ ရွတ်ဖတ်ဖူးသည့်အာဇာနည်ခေါင်း ဆောင်ကြီး များ၏စာတွေကဗျာတွေ၊ငယ်စဉ်အခါအာစရိယဆရာတို့ အခါခါသင်ကြားနာယူစေခဲ့ကြသည့်“အာဇာနည်ခေါင်းဆောင်ကြီးတွေကိုချစ်မြတ်နိုးကြောင်းပြောနေတာထက် သူတို့လမ်းညွှန်မှာကြားသွားတဲ့ စကားတွေ လိုက်နာဆောင်ရွက်ပြီးသက်သေပြသင့်တယ်”” ဟူသော စကားမျိုးကိုပင်နှစ်စဉ် သတိသိပ်မရတက်ချင်မိခဲ့ပါ။

အာဇာနည်နေ့မှာ ဥသြသံတွေကွယ် ပျောက်နေခဲ့ခြင်းကြောင့်လော။

အာဇာနည် ဗိမာန်ကိုသွားရောက်ဂါရ၀ပြုခွင့်တားဆီးပိတ် ပင်ခြင်းတွေ အကန့်အသတ်များနေခဲ့ခြင်း ကြောင့်လော။

သတင်းစာမှာ အာဇာနည်နေ့ အကြိုဂုဏ်ပြု ဗိုလ်ချုပ်မိန့်ခွန်းတွေဖော်ပြမှုလျော့နည်းလာခြင်းကြောင့်လော။

ရုပ်သံမှာ အာဇာနည်နေ့ အကြိုဂုဏ်ပြုနှိုးဆော် သတိ ပေးမှုတွေမပြုလုပ်ခြင်းကြောင့်လော။ရုပ် ရှင်ရုံတွေမှာ အာဇာနည်နေ့ အမှတ်တရမော် ကွန်းရုပ်ရှင်ကားထုပ်တွေ မပြသတော့ခြင်းကြောင့်လော။

ငွေစက္ကူတွေပေါ်မှာဗိုလ်ချုပ် ရုပ်ပုံလွှာတွေမပါရှိလာတော့ခြင်းကြောင့်လော ဟု အာဇာနည်နေ့အပေါ် ကျွန်တော့် ပျက် ကွက်ခြင်းအဖြစ်တွေ အတွက် သို့လောသို့ လော တွေးတောမိရင်းက လွန်ခဲ့သောလမှာ ဆရာကြီးဘဘကာတွန်း ဦးဖေသိန်း၏သမီးအစ်မ“ဇွန်ပွင့်”စာပေလက်ဆောင်ပေးလာသည့်စာအုပ်ထဲကဗိုလ်ချုပ်မိန့်ခွန်းဖော်ပြချက်ကိုသွားအမှတ်ရသည်။

အဆိုပါဖော်ပြချက်မှာ ချက်မှာဤဆောင်းပါး အစကောက်နုတ်တင် ပြထားသည့် ဗိုလ်ချုပ် မိန့်ခွန်းဖြစ်ပြီး၎င်းနှင့် ကပ်လျက် စာမျက်နှာမှာ

““လူတိုင်းက

သူများ ပြောင်းလဲတာကို

မြင်ချင်တယ်။

ဒီလူမျိုးက

ဟိုလူမျိုး ပြောင်းလဲတာကို

မြင်ချင်တယ်။

ဒါပေမဲ့ လူတိုင်းလူတိုင်း

ကိုယ်တိုင်က အရင်ပြောင်းလဲမပြဘဲ

သူတစ်ပါးက ပထမစပြီး

ပြောင်းလဲတာကို စောင့်နေကြတယ်။

ကမ္ဘာ့ပြဿနာတွေအတွက် အဖြေကို

အလိုရှိရင် ဘယ်မှာရှာမလဲ။

တွေ့ပြီတွေ့ပြီ

အဖြေဟာကိုယ့်မှာ ပဲရှိတယ်။

ကိုယ်ကစပြီးပြောင်းလဲပြရမယ်။

ပြီးတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးက

ပထမ ပြောင်းလဲပြရမယ်””

ဟူ၍လည်းဖော်ပြထားရာ၆၅နှစ်မကကြာမြင့်ခဲ့ပြီ ဖြစ်သောဗိုလ်ချုပ်၏ မိန့်မှာချက် ဆိုလိုရင်းကို နားလည်လိုက်မိသလို ရှိသည့် တဒင်္ဂကိုလည်းအမှတ်ရသည်။

တစ်တိုင်းပြည်လုံးကချစ်လှပါသည်ဆို သောဗိုလ်ချုပ်၏လွန်ခဲ့သောနှစ်ပေါင်း၆၅ နှစ်ကြာက“ပြင်ဆင်သင့်တာတွေပြင်ဖို့”ဟူ၍မိန့်မှာခဲ့မှုအားမည်သူတွေလိုက်နာနိုင်ခဲ့ကြ၊အကျင့်တွေပြင်နိုင်ခဲ့ကြသည်ကိုကျွန်တော်မသိပေမယ့်အကျင့်တွေပြင်နိုင်ခဲ့သူ တွေထဲမှာကျွန်တော်မပါနိုင်သေးခြင်းကိုတော့ ကျွန်တော်သေသေချာချာ သိလိုက် မိခဲ့သော တဒင်္ဂဟုလည်း ဆိုနိုင်၏။

ကွယ်လွန်ချိန်မှာ အသက်၃၂နှစ်အရွယ် သာရှိခဲ့ပေမယ့် အမျိုးသား ခေါင်းဆောင်ကြီးပီပီ၊ လူသဘာဝကို သိကာလူတို့၏ အကျင့် စရိုက်မှာ ကိုယ်တိုင်ကိုယ်ကျ ကိုယ့်အကျင့်ကိုပြောင်းလဲမပြနိုင်ပေမယ့် တစ်ပါးသူကိုသာ ပြု ပြင်ပြောင်းလဲစေလိုတတ်သည့်သဘော

လူ့ မနောကိုကောင်းစွာသိသူပီပီ၊ကရုဏာဒေါသော ပြောဆိုမှာကြားခဲ့ရသည်ဆိုခြင်းကို ယခုကျွန်တော် အသက်၄၀ကျော်ခါမှတောင် သိလိုက်သလိုလို သာရှိသေးသည့်အဖြစ်အတွက်တော့များစွာစိတ်မကောင်းဖြစ်ရသည်။

““သူတို့တွေတောင် မှမပြောင်းလဲကြသေးတာ””ဟူသောသေဖော်ညှိလိုတတ်သည့်ဉာဉ်နှင့်
အကျင့်ဆိုး(ဗိုလ်ချုပ် မိန့်ကြားခဲ့သလိုစေးစေးပိုင်ပိုင်စကားဖြင့်ဆိုလျှင်သောက်ကျင့်)ကို
ကျွန်တော်ပြင်နိုင်ဖို့မှာ..။

ကိုမျိုး(မြန်မာစာ)



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>