မူရင်းလင့် အပြည့်အစုံကိုhttp://tribune.com.pk/story/413231/taliban-threaten-myanmar-over-rohingya/မှာ ဖတ်နိုင်ပါတယ်...
ပါကစ္စတန်နိုင်ငံရှိ တာလီဘန် အစွန်းရောက်အဖွဲ့တစ်ဖွဲ့မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါကြေညာချက်ထဲတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ ပါဝင်ကြောင်း သိရသည်။ ယင်းကြေညာချက်ကို ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreek-e-Taliban Pakistan (TTP) အဖွဲ့မှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန် ယင်းကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟု ကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားမှုကို အေအက်ဖ်ပီ သတင်းဌာနတွင် ဖော်ပြထားပါသည်။ အဆိုပါအဖွဲ့မှာ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က မအောင်မြင်ဘဲဖြစ်ခဲ့သည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Times Square ကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ကြိုးကိုင်ခဲ့သော အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းလည်း သိရှိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံစဉ်တွင် တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့်နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း စသည်တို့ကို ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။
ရိုဟင်ဂျာကိစ္စ အကြောင်းပြုပြီး ကျွန်တော်တို့နိုင်ငံကို ချိမ်းခြောက်တဲ့ Tehrik-i-Taliban Pakistan (the TTP) ဆိုတဲ့ အကြမ်းဖက်သမားအုပ်စုဟာ US Drone (မောင်းသူမဲ့လေယာဉ်) စာ ခဏခဏ မိလို့ ခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် ကြွနေတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်..။
ပါကစ္စတန် ကောင်းကင်ယံမှာ ၀ဲနေတဲ့ US UAV Drone တွေကြောင့် အင်အားချိနဲ့လာတဲ့အဖွဲ့ဖြစ်သော်လည်း မနေ့က ပါကစ္စတန်အစိုးရနဲ့ ပတ်သက်တဲ့ Bajaur Agency ကို မနေ့က ဗုံးခွဲခဲ့လို့ လူ ၉ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်..။
ဖော်ပြပါပုံထဲက ညာဖက်က မုတ်ဆိတ်နဲ့ လူကတော့ မြန်မာနိုင်ငံကို ခြိမ်းမြောက်တဲ့ TTP အကြမ်းဖက် အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ Ehsan Ullah Ehsan ဖြစ်ပါတယ်...။
သူတို့ရဲ့ခေါင်းဆောင် Ameer Hakimullah Mehsud (သေနတ်နဲ့ချိန်နေသူ) ဟာ ၂၀၁၀ ဇန်န၀ါရီ ၁၄ တုန်းက သူအိပ်နေချိန် မှာ US Drone က ပစ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းကြောင့် သူ့လူ ၁၈ ယောက်နဲ့အတူ သေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် မသေခဲ့ပါဘူး..။ ဒဏ်ရာသာရခဲ့ပြီး နှစ်လအကြာ ဗီဒီယိုမှတ်တမ်းတွေထဲမှာ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်..။
ဒါပေမယ့် ယခုနှစ် ၂၀၁၂ ဇန်န၀ါရီ ၁၂ ရက်နေ့ညမှာUSDroneကပစ်ခတ်လိုက်တဲ့ဒုံးကျည်ကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်..။
TTP ဘက်က မသေဘူးလို့ ငြင်းဆိုပေမယ့် အရင်ကလို သူတို့ခေါင်းဆောင်ရဲ့လှုပ်ရှားမှု ဗီဒီယိုဖိုင်ကို ယနေ့အထိ ထပ်မံမထုတ်ပြန်တော့ပါဘူး။
US က ဒီအဖွဲ့ကို သဲကြီးမဲကြီး နှစ်ပေါင်းများစွာတိုက်ခိုက်ချေမှုန်းနေပြီး ပါကစ္စတန်အစိုးရက US Drone တွေ သူတို့ကောင်းကင်မှာ ၀ဲနေတာကို ဘာ့ကြောင့်လက်ပိုက်ကြည့်နေရတာလဲဆိုရင် ..
TTP တာလီဘန်အဖွဲ့ဟာ...
၂၀၀၇ ဒီဇင်ဘာ မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၂၀၀၈ ရွေးကောက်ပွဲကို ၀င်ရောက်အရွေးခံမယ့် ပါကစ္စတန် အမျိုးသမီးဝန်ကြီးချုပ်ဟောင်း လူထုခေါင်းဆောင် ဘနာဇီဘူတို ကို လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင်ပတ်သက်ခဲ့လို့ပါ..။
ထူးခြားတာက ကုလသမဂ္ဂနဲ့ ကမ္ဘာ့ထောက်လှမ်းရေးဌာနပေါင်းစုံရဲ့ စုံစမ်းထောက်လှမ်းချက်များအရ ယခင်ပါကစ္စတန် သမ္မတဟောင်း မူရှာယက်ဖ်ပါ ဘနာဇီဘူတိုကိုသတ်ရန်ကြံစည်မှု မှု ဖမ်းဝရမ်းနဲ့ တရားရင်ဆိုင်နေပါတယ်.။
ဘနာဇီဘူတို ဟာ Oxford က ကျောင်းပြီးသူပါ.....။
ဒီလောက်ဆို အခြေအနေကို အားလုံး သတိထားသင့်ပြီလို့ ထင်ပါတယ်.။
အားလုံး လက်တွဲညီကြပါစေ..။
eleven media group,ရန်အောင်