Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနှလုံးသား၊မြန်မာ ခံစားမှုကို အဓိက ချဉ်းကပ်သော မှတ်တမ်းရုပ်ရှင် တစ်ခု ရိုက်ကူးလျက်ရှိ

$
0
0

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနှလုံးသား၊ မြန်မာခံစားမှုကို အဓိက ချဉ်းကပ်ထားသော မှတ်တမ်း ရုပ်ရှင်တစ်ခုကို ဇူလိုင် ၂၁ ရက် က စတင်ရိုက်ကူးခဲ့ကြောင်း မြန်မာ အင်ဒီပဲန်ဒင့်သို့ ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ပြောကြားခဲ့သည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ဒေါ်အောင်ဆန်းစုကြည်၏ အခြားအောင်မြင်မှုများ၊ လှုပ်ရှားမှုများ ကို အဘယ်ကြောင့် အဓိကထား ရိုက်ကူးမှုမပြုခြင်းနှင့် ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့်မှ မေးမြန်းရာ “အမေစုရဲ့ အောင်မြင်မှုတွေက တစ်ကမ္ဘာလုံးသိတယ်လေ၊ အဲဒီတော့ တစ်ကမ္ဘာလုံးကမသိသေးတဲ့ သူရဲ့နှလုံးသား၊ သူ့ရဲ့စိတ်ကူး၊ သူ့ရဲ့ မြန်မာနှလုံးသား၊ သူ့ရဲ့ မြန်မာခံစားမှုကို အခြေခံတဲ့ အဓိက ချဉ်းကပ်တဲ့ မှတ်တမ်းရုပ်ရှင် ပေါ့နော်။ ပြီးတော့ အမေစုရဲ့ နှလုံးသား အတွင်းဆုံး အနက်ဆုံးမှာ ရှိနေတဲ့အရာကို တူးဆွကြည့်ဖို့ ကြိုးစားမှာပေါ့၊ ဒီမှတ်တမ်းရုပ်ရှင်နဲ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်း စုကြည်အား သွားရောက် တွေ့ဆုံဖြစ်ခဲ့ပုံနှင့် ပတ်သက်၍လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “အမေစု လွတ်လာတဲ့ အချိန်က တစ်ခါ တွေ့တယ်။ နောက်ပြီး ကိုလံဘီယာ ကဗျာပွဲတော် အတွက် အမေစုဆီက ကဗျာသွားတောင်းတုန်းက တစ်ခါတွေ့တယ်။ တတိယအကြိမ် တွေ့တာက အဲဒီကဗျာပွဲတော်က အတွေ့အကြုံတွေကို ပြောပြရင်းနဲ့ ဒီမှတ်တမ်းရုပ်ရှင် ရိုက်ချင်တဲ့ အကြောင်း ပြောဖြစ်တာ၊ အဲဒီမှာ အမေစုက ဘယ်လိုရိုက်မှာလဲ မေးတယ်၊ အဲဒီတော့ ဘယ်လို ရိုက်မလဲဆိုတာ ပြင်ဆင်တာပေါ့။ အဲဒီအချိန်ကတည်းက ရိုက်ခွင့်ပြုခဲ့တာ အခုရိုက်ဖြစ်တဲ့အချိန်က ခွင့်ပြုပြီး ၁နှစ်လောက်ကြာမှ ရိုက်ဖြစ်တာ”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်း ရုပ်ရှင်အတွက် ကြိုတင်ပြင်ဆင်ခဲ့မှု အပိုင်းနှင့်ပတ်သက်၍လည်း ““အမေစု အော်စလိုကို သွားတုန်းကလည်း လိုက်ပြီး မှတ်တမ်းရိုက်တယ်၊ ကိုယ်မမီလိုက်တဲ့ သူ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေ၊ စတေဓာတ်ပုံတွေ၊ Movie တွေကတော့ ထပ်ပြီး ရှာရဦးမယ်”ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် အခြားပုဂ္ဂိုလ် အများအပြား ရှိသည့်အနက် ဒေါ်အောင်ဆန်းစုကြည် အား အဘယ်ကြောင့် ရွေးချယ်ရခြင်း နှင့်ပတ်သက်၍လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ဒီမှတ်တမ်း ရုပ်ရှင်ရိုက်မယ်လို့ စိတ်ကူးမိချိန်မှာ အမေစု တစ်ယောက်ပဲ လွတ်မြောက်သေးတယ်။ အခြားသူတွေ မလွတ် မြောက်သေးဘူး၊ ပြီးတော့ ကမ္ဘာမှာ မြန်မာနိုင်ငံအတွက် အမေစုက icon တစ်ခုဖြစ်နေတယ်ဆိုတော့ အဲဒါကို ကိုယ့်မှာရှိတဲ့ အနုပညာနဲ့ မှတ်တမ်းတစ်ခု တင်မှဖြစ်လိမ့်မယ်လို့ ခံစားချက်လည်း ရှိလို့ပါ”ဟု ပြန်လည်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရိုက်ကူးထားသော The Ladies ရုပ်ရှင်ကားနှင့် ယခုရိုက်ကူးသည့် မှတ်တမ်းရုပ်ရှင်တို့ နှစ်ခုကွာခြားမှု အခြေအနေနှင့် ပတ်သက်၍လည်း “ The Ladies က ကျတော့ Features ပေါ့။ ဖန်တီးတဲ့ပုဂ္ဂိုလ်က ဖန်တီးချင်သလို ဖန်တီးခွင့်ရှိတယ်။ မှတ်တမ်းရုပ်ရှင် ဆိုတာကကျတော့ တကယ့် အဖြစ်အပျက်၊ တကယ့်ဘဝတွေကို အခြေခံထားရတယ်။ ဒါပေမယ့် ကိုယ်ရိုက်တဲ့ မှတ်တမ်းရုပ်ရှင်မှာကျတော့ အချက်အလက် တွေကို အခြေခံထားတာ မဟုတ်ဘဲနဲ့ သူ့ရဲ့ခံစားမှုတွေကို အခြေခံတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်မှာပါ”ဟု ပြောကြားသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို အချိန် ၁ နှစ်ခွဲ၊ ၂နှစ်ခန့်ယူ၍ ရိုက်ကူးရမည်ဟု သိရသည်။ ဒေါ်အောင်ဆန်း စုကြည်၏ အချိန်ပေးနိုင်မှုအပေါ် မူတည်၍ ရိုက်ကူးသွားမည်ဟု သိရသည်။ ပရိသတ်ထံသို့ မည်သည့်အချိန်တွင် ပြသနိုင်ပြီး မည်သည့် ခံစားမှုများ ကြည့်ရှုသူ ပရိသတ်က ရရှိနိုင်ကြောင်းကိုလည်း မေးမြန်းရာ “ဘယ်အချိန်ပြီးမယ်လို့တော့ မပြောနိုင်သေးဘူး။ ပရိသတ် ဘာရသွားမလဲ ဆိုတာထက် ကိုယ်ချစ်ခင်လေးစားရတဲ့ မြန်မာနိုင်ငံအတွက် အင်မတန်ကို တန်ဖိုးရှိတဲ့ လူသားတစ်ယောက် ရဲ့ခံစားမှုတွေကို တတ်နိုင်သလောက် ကြိုးစားပြီး မှတ်တမ်းတင် ကြည့်ချင်တာပါ”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂ဝဝ၆ ခုနှစ်က ပထမဦးဆုံး မှတ်တမ်းရုပ်ရှင်အဖြစ် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် နယ်၊ နန့်စွယ်ရွာရှိ ကယန်း(ပဒေါင်)လူမျိုး အကြောင်း ရိုက်ကူးထားသော HUMAN ZOO မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ ဒုတိယမြောက် မှတ်တမ်းရုပ်ရှင်အဖြစ် အင်းသီး(The Floating Tomatoes) မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ အဆိုပါ အင်းသီးမှတ်တမ်း ရုပ်ရှင် သည် ဗီယက်နမ်နိုင်ငံတွင်ကျင်းပသော အာဆီယံ ရုပ်ရှင်ပွဲတော်၌ အာဆီယံ ၁ဝ နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ၁၇၈ ကားအနက် ဒုတိယဆု ရရှိခဲ့သည်။
www.myanmarij.com



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>