Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အလှဆင်မည့်ခြေလှမ်းများ (ကျော်သူ)

$
0
0
ကမ္ဘာလောကကြီးတွင် လူရယ်လို့ မွေးဖွားလာသည်နှင့်အမျှ ကမ္ဘာလောကကြီးမှ ပြန်လည်ထွက်ခွာ သွားသူများလည်း ဒုနဲ့ဒေး ရှိကြသည်။ ဤသည်ကား လောက၏နိယာမတရားပင် ဖြစ်တော့သည်။ ယင်းလောက၏ နိယာမတရားအား မေ့ပျောက်နေသူများလည်း ရှိကြသည်။ ထိုကဲ့သို့ မေ့ပျောက်နေသူများ ထဲတွင် တေးသံရှင် ဖြိုးကြီး တစ်ယောက်မပါဝင်ချေ။ အကြောင်းမှာ ရှင်သန်ခြင်း၏ အနက်အဓိပ္ပါယ်နှင့် ရှင်သန်နေစဉ်ကာလတွင် မည်ကဲ့သို့ လောကကြီးထဲတွင် နေထိုင်၊ ကျင့်ကြံသွားရမည်ကို ဖြိုးကြီး တစ်ယောက်သိရှိခဲ့၍ လူသားများအား ဖေးမကူညီမှုလုပ်ငန်းအား အချိန်ပြည့်လုပ်ဆောင်ပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ၁.၈.၂ဝ၁၂ ရက်နေ့ နံနက် (၉း၃ဝ) နာရီအချိန်တွင် လာရောက်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်မှု ပေးဆပ်မှုများအား လေ့လာခဲ့ပြီးနောက် နာရေးကူညီမှု ဈာပနလမ်းကြောင်း (၂) ကြောင်းအား ညနေ (၄း၃ဝ) နာရီအချိန်ထိ အသင်းသား/သူများ နှင့် လက်တွဲ၍ ကုသိုလ်ဖြစ် လုပ်အားဒါနပြုခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အလှူရှင်များအား (ကန့်သတ်)အဖြစ် ပြန်လည်၍ လက်ဆောင်ပေးအပ်သော “လူမှုရေးဂီတသူရဲကောင်းများ Vol:2” အားဂီတပညာရှင်များဖြစ်သော ဦးရဲလွင်၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ကိုနေဝင်း၊ ဘိုဘို (Outsider)၊ အနဂ္ဂ၊ ကောင်းပြည့်၊ မေခလာ၊ နှင်းဧကရီ၊ စိုးသိင်္ခ၊ ဇေယျာသော်၊ J-me၊ လားရှိုးသိန်းအောင် … စသည့် နာမည်ကြီး တေးသံရှင်များမှ ဂီတသံစဉ်တို့ဖြင့် ကုသိုလ်ဖြစ် ရေးသား၊ သီဆို၊ တီးခတ်မှုများ ပြုလုပ်ပေးလျှက်ရှိရာ အဆိုတော် ဖြိုးကြီးသည်လည်း အပါအဝင်ဖြစ်ခဲ့သည်။ ထို့ကြောင့် ယနေ့ ဖြိုးကြီးတစ်ယောက် နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးအဖြစ် နာရေးကူ ညီမှု ဈာပနလမ်းကြောင်းများအား လာရောက်ကုသိုလ်ယူစဉ် “လူမှုရေးဂီတသူရဲကောင်းများ Vol:2” အတွက် ရိုက်ကူးရေးကဏ္ဍကိုပါ ဆောင်ရွက်ခဲ့သည်။ ပထမဦးဆုံး နာရေးလမ်းကြောင်းအဖြစ် မြောက်ဒဂုံ မြို့နယ်၊ ဇေယျသုခလမ်းတွင် နေထိုင်သော ဦးသန်းမောင် အသက် (၈၁)နှစ်၏ ဈာပနနှင့် ဒုတိယ နာရေး လမ်းကြောင်းအဖြစ် စမ်းချောင်းမြို့နယ်၊ ဟံသာဝတီကမ္မဋ္ဌာန်းတိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဇဝန သက်တော် (၉၃)နှစ်၊ သိက္ခာတော် (၇၂)ဝါ ဆရာတော်ဘုရားကြီး ၏ အန္တိမဈာပန လမ်းကြောင်းတို့အား ကိုယ်တိုင်ကိုယ်ကျ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/ သူများနှင့် လက်တွဲကာ ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင်ပြီး ကွယ်လွန်သူတို့၏ ရုပ်ကလပ်တို့အား သယ်ယူပို့ဆောင်ကာ ရေဝေးသုဿန်တွင် မီးသင်္ဂြိုလ်ခြင်းအခမ်းအနားကို ပြုလုပ်ပေး ခဲ့သည်။

မညီမညာ ကြမ်းတမ်းသော လူ့ဘဝကြီးထဲတွင် ခရီးသွားနေကြသော လူသားများအတွက် ကူညီ ဖေးမမှုများကို ပြုလုပ်ပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူ အဆိုတော် ဖြိုးကြီးသည် လောကကြီးအား အလှဆင်နိုင်ရန်အတွက် လူမှုရေးခြေလှမ်းသစ်တစ်ရပ် ပေးဆပ်မှုခြေလှမ်း လျှောက်လှမ်းခဲ့ပြီဖြစ်ပါသည်။

အလှဆင်

ရေး/ဆို - ဖြိုးကြီး



လောကရဲ့အခန်းထဲမှာ မွေးဖွားခဲ့ကြ

အားလုံးသော လူ့ဘဝဟာ ခရီးသွားများ

မညီညာ ကြမ်းတမ်းတဲ့ လမ်းဖြစ်ပါစေကွာ

တို့ … ဖြတ်သန်းရမှာ



အဆိုးအကောင်း အကျိုးအပြစ်တွေ ခွဲခြားလို့မရ

တစ်ခါတစ်လေတော့ လောကရဲ့တစ်ချို့ကိစ္စ

အမှန်တရားရဲ့ အဆုံးအဖြစ်ဟာ

ကြိုတင်ပြီး … မသိနိုင်ပြီလား



ဒီကမ္ဘာမြေဖျားနာ မွှန်းကျပ်နေပြီ

အားလုံးဟာ မဆိုင်သလိုဘဲ ငေးကြည့်ကြမလား

တို့တစ်တွေ ဖေးမကူညီ … ဝိုင်းဝန်းကာ စောင့်ရှောက်ကြပါ

စာနာ နားလည်ပေးကာ လောကကို လှခွင့်ပေးပါ





မျှော်လင့်ချက်တို့ အသက်ဆက်ကာ နှစ်သိမ့်အားပေး

နွေးထွေးတဲ့ လူ့အသိုက်အမြုံ အဆုံးမရှိတဲ့နေ့

ရှင်သန်ခြင်းရဲ့ အနက်အဓိပ္ပါယ်မှာ

လူသားတိုင်း … နားလည်ခံစား …

x x x x x



(ကျော်သူ)



Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>