Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရင်းနှီးမြှုပ်နှံမှုကို တံခါးဖွင့်ခြင်းကြောင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးစိန်ခေါ်မှုကြုံ

$
0
0
(30 July 2012 ရက်စွဲပါ VOA News မှ နိုင်ငံခြားရေးဝန်ကြီးဌာန၏ Opening for Investment, Burma faces human rights challanges ကိုဘာသာပြန်ဆိုသည်)

(အမေရိကန်သံအမတ်ကြီး Derek Mitchell ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် တိုင်းပြည်ကိုပို၍ ပွင့်လင်းပြီး၊ တာဝန်ယူမှုပိုမိုဖြစ်စေနိုင်ပာု ပြောကြားမှုများအတွက် ရေးသားသော ဆောင်းပါးဖြစ်သည်)

မြန်မာနိုင်ငံတွင်နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကြောင့်အမေရိကန်နှင့်ဥရောပတို့မှအရေးယူမှုများ ဖြေလျော့သွားခြင်းနှင့်အတူ နိုင်ငံခြားကုမ္ပဏီများပို၍ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည်။

သို့သော် အိုဘားမားအစိုးရက ပြောကြားရာတွင် အမေရိကန်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်သားအခြေအနေများ တိုးတက်ရေးကိုသာ ဦးတည်စေရန်မျှော်လင့်ပြီး၊ မြန်မာနိုင်ငံသည် ပို၍တံခါးဖွင့်လာခြင်းကြောင့် လူကုန်ကူးမှု ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ကြောင်းဆိုသည်။

အမေရိကန်နှင့်ဥရောအရေးယူမှုများသည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကိုထိခိုက်ပြီး နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ခက်ခဲစေသည်။ သို့သော် ယခုအခါ အဆိုပါအရေးယူမှုများ ဖြေလျော့ပေးသောအခါ Google၊ ကိုကာကိုလာနှင့် General Motors တို့သည် မြန်မာနိုင်ငံသို့ ဦးဆောင်ဝင်ရောက်ရန်တာစူနေသည်။ မြန်မာနိုင်ငံသို့ အကြီးဆုံးအမေရိကန်ကုန်သွယ်ရေးမစ်ရှင်အဖြစ် သွားရောက်မည့်အဖွဲ့၏ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က ပြောကြားရာတွင် တာဝန်ယူသော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုများဆောင်ကြဉ်းပေးမည့် အေးဂျင့်များဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ကလင်တန်က မြန်မာသမ္မတဦးသိန်းစိန်အား ဝါရှင်တန်သည် လုပ်ဆောင်သောပြုပြင်ပြောင်းလဲမှုတစ်ခုခြင်းအပေါ် တုန့်ပြန် သွားမည်ပာု ပြောခဲ့သည်။

ယူနီဆက်၏ မြန်မာနိုင်ငံကိုယ်စားလှယ် Ramesh Shrestha ကပြောကြားရာတွင် ဆင်းရဲမွဲတေမှုနှုန်း ၃၀ ရာခိုင်နှုန်းရှိသော မြန်မာနိုင်ငံတွင် အကြီးဆုံးအန္တရာယ်များထဲမှတစ်ခုမှာ ကလေးများအပေါ်မှ ခေါင်းပုံဖြတ်ခြင်းဖြစ်သည်ပာုဆိုသည်။ “တကယ်လို့ရှိရင် အရာရာကိုရှင်းရှင်းလင်းလင်း တံခါးဖွင့်ဖို့လိုပါတယ်။ ဆိုလိုတာက လက်ရှိအခြေအနေကို ဆိုးရွားစွာထိန်းချုပ်ထားခြင်းကို ဖြေလျော့ပေးရပါမယ်။ ဆိုလိုတာက ပြည်သူတွေပာာ ဆန္ဒရှိတာလုပ်ပါစေလို့။ တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် အရာရာဘာမဆို ဖြစ်နိုင်ပါတယ်”ပာု ၎င်းကပြောသည်။

World Vision မှ ကလေးသူငယ်အကာအကွယ်ပေးရေး အကြီးတန်းမူဝါဒအကြံပေး Jesse Eaves ကပြောကြားရာတွင် အရေးကြီးသောအချက်မှာ အပေါင်းလက္ခဏာဆောင်သောခြေလှမ်းများ လှမ်းနေခြင်းပင်ဖြစ်ကြောင်းဆိုသည်။ “မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ သူ့နယ်စပ်မှာ အမှန်တကယ်ဖြစ်ပျက်နေတာတွေ၊ သူ့နိုင်ငံသားတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာ ကြည့်နေပြီး၊ သင့်လျော်တဲ့ တုန့်ပြန်မှုတွေ ကြိုးစားလုပ်ဆောင်နေတာ တွေ့နေရပါပြီ”ပာု ၎င်းက ပြောသည်။

Eaves ကပြောကြားရာတွင် World Vision သည် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုနှင့် ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ်ခြင်းများအကြောင်း အသိပညာမြင့်လာရန် လုပ်ဆောင်လျက်ရှိသည်။ “အံ့သြဖွယ်ကောင်းတာက ပြောင်းလဲမှုကို တွေ့လာရတာပါပဲ။ အကြီးဆုံးပြဿနာအများစုက နားမလည်ကြတာပါပဲ။ သူတို့က ဒါတွေကို သာမန်လုပ်ရိုးလုပ်စဉ်လို့ထင်နေတာ။ ဒါကို ကျွန်တော်တို့က ရှင်းပြနေရတာ”ပာု ၎င်းကပြောသည်။

Brookings Institution မှ စီးပွားရေးပညာရှင် Lex Rieffel ကပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု အမြန်နှုန်းသည် လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို စိန်ခေါ်လာနိုင်ဖွယ်ရှိသည်ပာု ဆိုသည်။ “သဘာဝသယံဇာတပေါ်တွင် များစွာရင်းနှီးမြှုပ်နှံသော တိုင်းပြည်များတွင် လူ့စွမ်းအားအရင်းအမြစ်တွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးသည့်ပုံစံကို ကျွန်တော်တို့ တွေ့နေရပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ လူ့စွမ်းအားအင်းအမြစ်မှာ ရင်းနှီးမြှုပ်နှံခြင်းကသာ ရေရှည်အကျိုးစီးပွားဖြစ်မယ် ဆိုတာပါပဲ”ပာု ၎င်းကပြောသည်။

သို့သော်ဗြိတိန်၏ရင်းနှီးမြှုပ်နှံမှုအကြီးအကဲNickBairdကပြောကြားရာတွင် နိုင်ငံခြားကုမ္ပဏီများသည် မြန်မာနိုင်ငံပေါ်တွင် သက်ရောက်မှု ကြီးမားအောင်ပြုလုပ်နိုင်သည်ပာု ဆိုသည်။ “စီးပွားရေးလုပ်တာသက်သက်မပာုတ်ပါဘူး။ လွတ်လပ်ပွင့်လင်းပြီး တာဝန်ယူတဲ့ နည်းလမ်းများနဲ့အတူတကွ လုပ်ကိုင်ခြင်းဖြင့် တကယ်တမ်း တိုင်းပြည်တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေပါတယ်”ပာု ၎င်းက ဆိုသည်။

Yangonchronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>