Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မနေ့က သတင်းလွတ်လပ်ခွင့်မီဒီယာဖိနှိပ်မှုရပ် (Stop Killing Press) လှုပ်ရှားမှုတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ပြောကြားချက်များ

$
0
0

မနေ့က နေ့လည် ၁၁ နာရီအချိန်က ရန်ကုန်မြို့မှာ သတင်းလွတ်လပ်ခွင့်အတွက် မီဒီယာဖိနှိပ်မှုရပ် (Stop Killing Press) ဆိုတဲ့စာတမ်းပါ တီရှပ်အင်္ကျီအမဲတွေ ၀တ်ပြီး လူငယ် မီဒီယာသမားတွေ တိုက်ပွဲဝင်ခဲ့ကြပါတယ်။

ကျွန်တော်ပါတဲ့ အဖွဲ့က ဗိုလ်အောင်ကျော်လမ်းကနေ The Voice ဂျာနယ်တိုက်ရှိရာ ရုံးခန်းအထိ မြို့တော်ခန်းမ နဲ့ ဆူးလေကို ဖြတ်ပြီး လမ်းလျှောက်ကြတယ်။ အဲ့ဒီမှာ စကားပြောဆို တွေ့ဆုံမှုတွေလုပ်အပြီး ဆူးလေကနေ လိုင်းကားစီးပြီးမြေနီကုန်းကို ခရီးဆက်ကြပါတယ်။
မြေနီကုန်း ကားမှတ်တိုင်ကနေ Envoy ဂျာနယ်တိုက်ရှိရာ ဂမုန်းပွင့် ကုန်တိုက်ကို လမ်းလျှောက်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားတယ်။ စကားအပြန်အလှန်ပြောကြရတယ်။ ကိုမင်းကိုနိုင်က လာပူးပေါင်းတယ်။ ပြီးနောက် Envoy ဂျာနယ်တိုက် ရုံးခန်းပေါ် တက်ပြီး စကားပြောကြတယ်။

ပထမ Envoy ဂျာနယ် ထုတ်ဝေသူ ရုပ်ရှင် ဒါရိုက်တာ ဇင်ယော်မောင်မောင်က စကားပြောပါတယ်။

သူပြောတာက ကျေးဇူးတင်ကြောင်းပေါ့။

အဲ့ဒါပြီးတော့ ဘယ်သူမှ မပြောသေးဘဲ စောင့်နေကြတုန်း ကျွန်တော်က ကိုမင်းကိုနိုင် ကျွန်တော်တို့အတွက် တစ်ခုခုပြောပေးပါ လို့ အသံဖမ်းနေတဲ့ ကျွန်တော့်ဖုန်းလေး သူ့ရှေ့တိုးပေးပြီး တောင်းဆိုလိုက်တယ်။

အဲ့ဒီမှာ ကိုမင်းကိုနိုင် ဘာတွေပြောသလဲ ဆိုတာ သိချင်ကြမယ့်သူတွေ အတွက် ပြန်ရေးပေးလိုက်ပါတယ်။

*** *** *** ****** ****** ***
ခုနကလည်း ပြောပြီးပါပြီ၊ အဓိက ကတော့ ကျွန်တော်တို့ ဒီမိုကရေစီ အရေးအတွက် အလုပ်လုပ်နေကြတဲ့အချိန် ဒီမိုကရေစီမှာ မီဒီယာ မပါလို့ ဘယ်လိုမှ မရဘူး။ ကျွန်တော်တို့ မီဒီယာကို အားလည်းကိုးတယ်၊ ယုံလည်းယုံတယ်၊ နောက်ပြီးတော့ မီဒီယာသမားတွေဟာ မတရားဘူးဆိုရင် တရားမျှတတဲ့ဘက် က ရပ်ရမယ် ဆိုတဲ့စိတ် အများစုမှာ ရှိတယ်ဆိုတာကို ကျွန်တော် သိပါတယ်။

မီဒီယာဆိုတာ ဘက်မလိုက်ရဘူးလို့ မည်သို့ပင် ပြောစေကာမူ တရားမှု နဲ့ မတရားမှုဖြစ်လာရင်တော့ တရားတဲ့ဘက်က မီဒီယာက ရေးမယ် ရပ်မယ်ဆိုတာ ကျွန်တော် ယုံတယ်ဗျ၊

ကျွန်တော်တို့နဲ့ မီဒီယာနဲ့ ဒီတစ်ချက်နဲ့တင် သွားတူနေတယ်။

ဒါပေမယ့် မီဒီယာ ဆိုတဲ့နေရာမှာ သိမ်မွေ့တဲ့ အချက်တွေရှိပါတယ်။

အဲ့ဒါ ဘာလဲ ဆိုတော့ တိုင်းပြည်ရဲ့ အချိုးအကွေ့တွေမှာ အာဏာရှင် စနစ်ကနေပြီးတော့ ဒီမိုကရေစီ စနစ်ကို အကူးအပြောင်းတွေ အာဏာရှင်လုပ်ရပ်တွေ အာဏာရှင် ဆုံးဖြတ်ချက်တွေနဲ့ ဒီမိုကရေစီ သမားတွေရဲ့ ဆုံးဖြတ်ချက်တွေ မတူညီတာတွေ ရှိပါတယ်။ အားပြိုင်တာတွေရှိပါတယ်။ အဲ့ဒီနေရာတွေမှာ မီဒီယာသမားတွေဟာ အရင်းအတိုင်း ဆိုပါတော့.. ပြည်သူလူထု ကြားထဲမှာ ကြားရတဲ့အသံ၊ မတူညီဘဲနဲ့ ကွဲပြားနေတဲ့ အသံတွေကို နှစ်ဖက်စလုံးကို ဖေါ်ပြဖို့ လိုပါတယ်။

ပြီးခဲ့တဲ့ ကျွန်တော်တို့ ထောင်ထဲမှာ ရှိခဲ့တဲ့ ကာလမှာတုန်းက ဆန္ဒခံယူပွဲရယ် နောက်တစ်ခါ ၂၀၁၀ ရွေးကောက်ပွဲရယ်ကို အဲ့ဒီလိုမျိုးမှာ အာဏာရှင်ရဲ့ လမ်းပြမြေပုံ မှသာလျှင် မှန်တယ် မှတစ်ပါး အခြားမရှိပြီ လို့ ပြောခဲ့တဲ့ မီဒီယာသမားအချို့ရှိခဲ့ပါတယ်။ အဲ့တော့ အဲ့ဒါကို မလိုက်ခဲ့တဲ့ လူတွေကိုဘဲ မသိရကောင်းလား ဆိုတာမျိုး ငေါက်ငမ်းတာမျိုးလည်း ရှိခဲ့ပါတယ်။ စာဖတ်ပရိသတ်ကို ပြည်သူတွေကို ....

ကိစ္စမရှိပါဘူး။ ဒါက ကိုယ့်သမိုင်းနဲ့ ကိုယ်ပါ...

ကျွန်တော်တို့ဟာ ဒီနေ့ ဘယ်သူ့ကို ထိထိ မီဒီယာသမားတွေကို ထိတာ မှန်လို့ရှိရင် ကျွန်တော်တို့ ကူညီကြဖို့ရှိပါတယ်။
ကျွန်တော်တို့နဲ့ တစ်ချိန်က မတူညီခဲ့သည့် တိုင်အောင်တောင်မှ အဲ့ဒီ သဘောထား မတူညီခွင့်အတွက် ကျွန်တော်တို့ ကိုယ်တိုင်က မီဒီယာသမားတွေနဲ့အတူ ရှိပါ့မယ်။

မီဒီယာရဲ့သဘောကိုက ဒီမိုကရေစီ အမိုးအကာအောက်မှာဘဲ ရှိနေသည့်အလျှောက် သဘောထား မတူတွေကို ကျွန်တော်တို့ မေ့ထားရပါ့မယ်။ ဆက်လည်း သီးခံရပါ့မယ်။

အဲ့ဒီလို သဘောထား မတူညီတဲ့သူတွေ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရဖို့အတွက် ကျွန်တော်တို့ အားလုံး တစ်ညီတစ်ညွတ်ထဲ ရပ်တည်ပါရစေ၊

ကျွန်တော်လည်း ခင်ဗျားတို့နဲ့အတူ ရပ်တည်နေပါမယ်လို့ ပြောချင်ပါတယ်။အဲ့ဒီလိုဆို ပြည့်စုံပြီ ထင်ပါတယ်။... ခရီးလည်း ဆက်ကြအုံးမယ် မဟုတ်လား....

******** ******** ******** ******** ********

အဲ့ဒီကနေ ဆင်းတော့ ကျွန်တော်တို့တွေ လူစုခွဲပြီး ခရီးဆက်ခဲ့ကြပါတယ်။

သတင်း..Zaw lwin win
photo...komarky



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>