Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဘယ်သူ့ကိုလာဘ်ပေးရလဲ တိတိကျကျပြော အရေးယူမယ်

$
0
0
ယခုအခါ နိုင်ငံတော်တရား စီရင်ရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာ ပုဂ်္ဂိုလ်များရဲ့ စီးပွားရေးလုပ်ငန်း များ၊ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံပေးပို့ရမယ်လို့ နိုင်ငံတော် သမ္မတရုံးမှ သက်ဆိုင်ရာ ပုဂ်္ဂိုလ် အသီးသီးထံ ညွှန်ကြားထားကြောင်း သိရပါတယ်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ နေ ပြည်တော်စက်မှုဝန်ကြီးဌာနအစည်း အဝေးခန်းမတွင် မီဒီယာတွေ့ဆုံ ပွဲ၌စက်မှုဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ““ဘယ်သူ့ကို လာဘ်ပေးရတယ်ဆိုတာ တိတိ ကျကျပြော၊သိပ်တိကျရင် မနက် ဖြန်ကျွန်တော်အရေးယူမယ်။ ကျွန်တော့်ကိုလာဘ်ပေးရတယ် ဆိုရင်လည်းကျွန်တော့်ကိုယ်ကျွန်တော် အရေးယူမယ်။မီဒီယာတွေအနေနဲ့ ကျွန်တော်တို့ဆောင်ရွက်နေတာ မှန်ကန်ရင် ကူညီကြပါ။အာပေး ကြပါမှားနေတယ်ဆိုရင်လည်းတည့် မတ်ပေးကြပါ။ဒါပေမမဲ့ ကျွန်တော် တို့လာဘ်စားနေတယ်လို့တော့ ရမ်းမလုပ်လိုက်ကြပါနဲ့။ကျွန်တော် လာဘ်ယူရင် ကျွန်တော်ထွက်ပါ မယ်။ဒီလိုပဲ ကျွန်တော့်မိတ်ဆွေ ၀န်ကြီးတွေ၊ကျွန်တော့အဖွဲ့သား တွေလာဘ်ယူရင်လည်းအရေးယူဖို့ အတွက် နိုင်ငံတော်သမ္မတကြီးကို တင်ပြသွားမှာပါ။”ဟု ရဲရဲဝံ့ဝံ့ပြော ကြားသွာသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးဦစိုးသိန်းကကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေကိုအချိန်မရွေးပေး နိုင်ကြောင်းနှင့် ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း၊၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီတို့ကလည်းမိမိတိုလာဘ်စားမိပါကမိမိတို့ကိုယ်တိုင်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပေါ် ပြည်သူ လူထုက အလွန်သဘောကျနှစ် ခြိုက်ခဲ့ကြောင်းလည်းသိရသည်။
Hot news သတင်းဂျာနယ်



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>