Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းမှုအပေါ် MJA သတင်းထုတ်ပြန်

$
0
0
၂၀၁၂ သြဂုတ်လ ၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ်(၆၁/၂၀၁၂)ဖြင့် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းမှုအပေါ် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ သြဂုတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၂) ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသတင်းထုတ်ပြန်ချက်များမှာ အမြုတေစာနယ်ဇင်းကောက်စီဖွဲ့စည်းရာတွင် ထုတ်ပြန်ခဲ့သည့်အချက်များထဲမှ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း(MJA)မှ လက်မခံနိုင်သည့် ပြောင်းလဲရန်နှင့် ပြောင်းလဲခြင်းမပြုပါက မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) ကိုယ်စားပြုသော ကိုယ်စားလှယ်များမှ အမြုတေစာနယ်ဇင်းကောင်စီတွင် ပါဝင်တော့မည်မပာုတ်ကြောင်း သြဂုတ်လ ၁၁ ရက်နေ့၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းနိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်အတည်ပြုခဲ့ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်း၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(MJA)မှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးဝန်ကြီးအပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့သည် သြဂုတ်လ၁၂ရက်နေ့တွင်ရန်ကုန်မြို့၊သိမ်ဖြူလမ်းရှိဗပိာုပုံနှိပ်တိုက်ခန်းမတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ ကြေညာချက်ပါ ဖော်ပြထားသည့် စာသားများကို ပြင်ဆင်ပယ်ဖြုတ်ပေးရန် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေတွင် အမြုတေစာနယ်ဇင်းကောင်စီတွင် အခြားအမျိုးအစားများက များနေပြီး အဓိကကျသည့် သတင်းစာဆရာအရေ အတွက် နည်းပါးခြင်းများ၊ စာနယ်ဇင်းကျင့်ဝတ်ရေးဆွဲရန် တာဝန်ရှိသည့်အဖွဲ့တွင် စာနယ်ဇင်းကျင့်ဝတ်နှင့်ပတ်သက်၍ မေးခွန်းထုတ်ဖွယ်ဖြစ်နိုင်သူ (သို့) ဖြစ်နိုင်သူများ မပါဝင်သင့်ကြောင်း တင်ပြခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှလည်း လက်ရှိအမြုတေကောင်စီ၏ လုပ်ငန်းများကို ဆိုင်းငံ့ထားပြီး MJA နှင့် ဆွေးနွေးမှုပြီးပြတ်သည်အထိ စောင့်ဆိုင်းမည်ပာု ပြန်လည်ကတိပေးပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ စောင့်ဆိုင်းစဉ်အချိန်ကာလနှင့် အမြုတေစာနယ်ဇင်းကောင်စီလုပ်ငန်း လည်ပတ်ချိန်ကာလအထိ စာပေစိစစ်မှုများကို ဆက်လက် ထားရှိဦးမည်ဖြစ်ပြီး အမြုတေကောင်စီနှင့်ပတ်သက်၍ နောက်ထပ် ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုပါက MJA အား ကြိုတင်အသိပေးရန် တောင်း ဆိုခဲ့ကြောင်း သိရသည်။

Yangonchronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>