Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

ကိုးကန့်တပ်က လောက်ကိုင်မြို့ကနေ လူ ၃၀၀ ကျော်ခေါ်ဆောင်ခဲ့

$
0
0

လောက်ကိုင်မြို့
လောက်ကိုင်မြို့
ရှမ်းပြည်နယ် လောက်ကိုင်မြို့ကို ကိုးကန့်လက်နက်ကိုင်တပ်တွေ မနေ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည် ဆုတ်ခွာချိန်မှာ မြို့တွင်း လောင်းကစားဝိုင်းက ၀န်ထမ်း ရာနဲ့ချီ ခေါ်ဆောင်ခဲ့တယ်လို့ မြောက်ပိုင်း စစ်ရေးမဟာမိတ် အဖွဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။ ဒီလူတွေကိုတော့ လုံခြုံရေး စိုးရိမ်ချက်နဲ့ ခေါ်ဆောင်သွားတာဖြစ်ပြီး တရုတ်နိုင်ငံ နမ့်ဆန်မြို့က ဒေသဆိုင်ရာ အာဏာပိုင်တို့ထံကို လွှဲအပ်ပြီးဖြစ်လို့ ဒီလူတွေရဲ့ လုံခြုံရေး အာမခံပါတယ်လို့လည်း ပြောပါတယ်။ လောက်ကိုင်မြို့ပေါ်ကနေ လောင်းကစားဝိုင်းက ၀န်ထမ်းတွေကို ဘာကြောင့် ရွေးပြီး ခေါ်သွားရပါသလဲ ဆိုတာနဲ့ တန်ဆာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိပါသလားဆိုတဲ့ အပေါ် ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ ပါဝင်တဲ့ မြောက်ပိုင်း စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ ပြောခွင့်ရ TNLA တအာင်းပလောင် လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အတွင်းရေးမှူး တာ့ဖုန်းကျော်ကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို ဖြေကြားပါတယ်။

“ဖြေ။ ။ ကာစီနို (Casino) ၀ိုင်းကို ၀င်ပြီးတော့ စီးတဲ့အချိန်မှာ ကာစီနိုဝိုင်းမှာရှိတဲ့ ၀န်ထမ်းတွေရှိပါတယ် အဲဒီဝန်ထမ်းတွေက အမျိုးသမီးရော၊ ယောက်ျားလေးရော လူ ၃၀၀ ကျော်ပါတယ်။ အဲဒါကတော့ ကျနော်တို့ဘေးလွတ်ရာကို ပို့ဆောင်ပြီးဖြစ်ပါတယ်။

မေး။ ။ လောက်ကိုင်မြို့ပေါ်မှာ ဒီလောင်းကစားဝိုင်းမှာ အလုပ်လုပ်တဲ့ သူတွေပေါ့နော် ဟုတ်ပါသလား။

ဖြေ။ ။ဟုတ်ကဲ့ပါ။ လောက်ကိုင်မြို့ပေါ်မှာ ပိုင်ဆောက်ချိန်တို့ ဖွင့်ထားတဲ့ ဒီလောင်းကစားဝိုင်းမှာ တရုတ်နိုင်ငံသား တွေရော ကိုးကန့်တွေရော ဒေသခံ တရုတ်တွေရော ပြီးတော့ တခြားတိုင်းရင်းသား လူမျိုးတွေလည်း ပါပါတယ်။ အဲဒီမှာ ၀န်ထမ်းတွေ လုပ်နေတာဖြစ်ပါတယ်။

မေး။ ။ သူတို့ သဘောဆန္ဒအရ ဗိုလ်မှူးတို့က ရွှေ့ပေးခဲ့တာပါလား ဘယ်လိုစိုးရိမ်ချက်တွေ ပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ပါ ကျနော်တို့က ဒီလိုတိုက်ပွဲတွေပြင်းထန်တဲ့အခြေအနေ ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ တိုက်ပွဲပြင်းထန်ပြီဆိုရင် သူတို့မှာ လုံခြုံမှုမရှိနိုင်ဘူး အဲဒါကြောင့်ကျနော်တို့က သူတို့ကို လုံခြုံတဲ့နေရာ ပို့ပြီးတော့မှ ခေါ်သွားပြီးတော့မှ အဲဒီ တရုတ်ဘက်ကိုကျနော်တို့ ပို့ပေးတာဖြစ်ပါတယ်။ဒါက ကျနော်တို့ဘက်က စီမံမှုပါ ၊ ကျနော်တို့ဘက်က စဉ်းစားပြီးတော့မှ လုံခြုံတဲ့နေရာကို ကျနော်တို့ ပို့ပေးတာပါ အခုဆိုရင်တော့ အကုန်လုံး သူတို့ တရုတ်ပြည်နယ်စပ်ကို မကျော်ခင်မှာတော့ ကျနော်တို့ ကိုးကန့်အဖွဲ့ကတော့ သူတို့ကို သေချာရှင်းပြပါတယ်။ ကိုးကန့်က ဘာဖြစ်လို့ ဒီလိုတော်လှန်ရေးတွေလုပ်ရသလဲ၊ ဘာဖြစ်လို့ တိုက်ပွဲတွေလုပ်ရသလဲ စသဖြင့် သူတို့ နားလည်သဘောပေါက်အောင် ရှင်းပြပြီးတော့မှ သူတို့ကို ခရီးစရိတ်အဖြစ် သူတို့ အရေးပေါ်သုံးနိုင်ဖို့ ၁ ယောက်ကို ယွမ်ငွေ ၃၀၀ ပေးပြီးတော့မှ နမ့်ဆန်မြို့ထဲကို၊ နမ့်ဆန်မှာရှိတဲ့ ဒေသခံ အာဏာပိုင်တွေ လက်ထဲကို အကုန်အပ်ပေးလိုက်ပါတယ်။ လုံခြုံတဲ့ နေရာကို။

မေး။ ။ ဒီလူတွေက တရုတ်နိုင်ငံသားတွေ ဖြစ်တဲ့ အတွက်ကြောင့် ကယ်ထုတ်သွားရပါသလား။ ဒါမှမဟုတ် လောက်ကိုင်မြို့ခံတွေ မဟုတ်တဲ့ အတွက်ကြောင့် ဒီလို ရွှေ့ပြောင်းပေးရပါသလား။ လောက်ကိုင်မှာ သူတို့ အပြင် တခြား သူတွေလည်း နေနေကြတာပဲ။ သူတို့ဘဲ ဘာကြောင့် ရွှေ့ပြောင်းခံရတာလဲ။ ဒါလေး သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ အဲဒီမှာ ရှိတဲ့ လောင်းကစား ၀န်ထမ်းတွေက တရုတ်ပြည်မှာရှိတဲ့ တရုတ်လူမျိုးတွေလည်း ပါတယ်။ ယောကျာ်းရော မိန်းကလေးရော။ နောက်ပြီးတော့ လောက်ကိုင် ဒေသခံ တရုတ်လူမျိုး ကိုးကန့်လူမျိုးတွေလည်း ပါတယ်။ အဲဒါ အပြင်ကို မြန်မာနိုင်ငံက တခြား ဒေသက လာတဲ့ တရုတ်စကား ပြောတတ်တဲ့ ၊ တရုတ် စကားမပြောတတ်ပေမယ့် အဲဒီမှာ အလုပ်လုပ်နေတဲ့ တခြား တိုင်းရင်းသူတွေလည်း ပါပါတယ်။ အဲဒါကို တိုက်ပွဲကလည်း ပြင်းထန်လိုက်တဲ့ မြို့ထဲမှာလည်း တိုက်ပွဲ ပြင်းထန် နိုင်တဲ့ အနေအထား ရှိတဲ့ အတွက် ကျနော်တို့က ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

ဒါက ကျနော်တို့ရဲ့ ကျနော်တို့က ၀င်ရောက် ဒါ ပယ်ဆောက်ချိန်ရဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ ၀င်ရောက် ရှင်းလင်းတဲ့ အချိန်မှာ ကျနော်တို့က မတတ်နိုင်တဲ့ အဆုံး ကျနော်တို့က ဒီလိုတွေ့တဲ့ အတွက်ကြောင့် ကျနော်တို့က အကောင်းဆုံး ဖြစ်အောင် စီမံတာဘဲ ဖြစ်ပါတယ်။ ဒီလောက်ကိုင်မြို့ အတွင်းထဲမှာ ရှိနေတဲ့ ဒုက္ခသည်တွေကတော့ တချို့ ကျနော်တို့ ကူပေးနိုင်တာ ရှိတယ်။ တချို့ ကျနော်တို့ မကူပေးနိုင်တာတွေလည်း ရှိပါတယ်။ သူတို့ဟာ သူတို့လုံခြုံတဲ့ နေရာကို ထွက်ပြေးတဲ့ဟာတွေလည်း ရှိပါတယ်။

မေး။ ။ တန်ဆာခံတွေကို ၀င်တိုက်ခဲ့တဲ့ တပ်တွေက ခေါ်သွားတယ် ပြောပါတယ် ဒီအပေါ်မှာရော …

ဖြေ။ ။ ကျနော်တို့ အဲလို တန်ဆာခံ အနေနဲ့ ဖမ်းထားတာ မရှိပါဘူး။ အခုလောလောဆယ်မှာ ကျနော်တို့ ဒီ မြန်မာ့တပ်မတော်ဘက်က အစိုးရဘက်က လက်နက်တွေရော၊ တချို့ ကိုးကန့်နဲ့ အမျိုးတူတဲ့ ပိုင်ဆောက်ချိန်တို့ ဘက်က နယ်ခြားစောင့်တပ် တဖြစ်လဲပေါ့နော် အဲဒါ သူတို့ရဲ့ လူတွေရော၊ တချို့ လက်နက်တွေရော ကျနော်တို့ ရတယ် လူတွေလည်း အနည်းအကျဉ်း ဖမ်းမိထားတာ ရှိတယ်။ အဲဒါ အပြင်ကို မြန်မာ အစိုးရရဲ့ တပ်တွေ အဲဒီမှာ တာဝန်ယူထားတဲ့ တပ်မ ၅၅ တို့ တပ်မ ၆၆ တို့က အဲဒီမှာ ကျနော်တို့ဆီလာပြီး အလင်းဝင်နေတဲ့ ဟာတွေလည်း ၂၀ ကျော်ကျော်တော့ ရှိပါတယ်။ လောလောဆယ်။

မေး။ ။ဗိုလ်မှူးတို့ ရွှေ့ပြောင်းပေးခဲ့တယ်ဆိုတဲ့ ဒီ လူ ၃၀၀ ကျော်ပေါ့နော်။ ဒီလူတွေ လုံခြုံရေး အတွက် ဗိုလ်မှူးတို့ ဘယ်လောက် အာမခံထားပါလဲ။

ဖြေ။ ။ အခုက တရုတ်ပြည်ထဲကို ရောက်သွားပြီ ဆိုတော့ လုံးဝကို လုံခြုံသွားပြီလို့ ကျနော်တို့ ပြောလို့ ရပါတယ်။ ဒါက ဒေသခံ တရုတ် အာဏာပိုင်တွေ နမ့်ဆန် တရုတ် တာဝန်ရှိသူတွေက အကုန်လုံး တာဝန်ယူထားပြီး ဖြစ်ပါတယ်။ သူတို့ လုံခြုံရေးက လုံးဝ အာမခံသွားပြီလို့ ပြောလို့ ရပါတယ်။
VOA Burmese News

မြန်မာနိုင်ငံသား အသိအမှတ်ပြု လက်မှတ် ထုတ်ပေး

$
0
0
မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံက ငါးနဲ့ အထည်ချုပ် လုပ်ငန်းတွေမှာ အဓိက လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်

ထိုင်း နိုင်ငံမှာ တရားမဝင် အလုပ်သမား အဖြစ်နဲ့ ရှိနေသေးတဲ့ သူတွေကို မြန်မာ နိုင်ငံ အစိုးရက အခု မတ်လ ၃ ရက်နေ့က စပြီး၊ မဲဆောက်မြို့ အပါ အ၀င်၊ ထိုင်းနိုင်ငံ ကနေရာ ၆ ခုမှာ CI certificate of idendity လို့ခေါ်တဲ့ မြန်မာ နိုင်ငံသား ဖြစ်ကြောင်း အသိ အမှတ်ပြု လက်မှတ် တွေကို ထုတ်ပေးနေ ပါတယ်။

CI လက်မှတ်တွေကို ထုတ်ပေးနေတာ ဟာ မြန်မာ နိုင်ငံသား မှတ်ပုံတင်နဲ့ သန်းခေါင် စာရင်း မရှိတာ ကြောင့် မြန်မာ နိုင်ငံကူး လက်မှတ် လုပ်မရလို့ ထိုင်းနိုင်ငံကို တရားမ၀င် လာပြီး အလုပ်လုပ်ကိုင် နေသူတွေ ဖြစ်ပါတယ်။

အဲဒီလို မြန်မာ အလုပ်သမားတွေကို ထိုင်းအစိုးရက ယာယီ လုပ်ကိုင် စားသောက်နိုင်အောင် တနှစ်ခံ ကတ်ပြားတွေကို ထုတ်ပေး ထား ပါတယ်။

အဲလို မြန်မာ အလုပ်သမားတွေ ထိုင်းနိုင်ငံ အနှံ့ အပြားမှာ ၃ သိန်း နဲ့ ၅ သိန်းကြားမှာ ရှိတယ်လို့ အခု CI လက်မှတ် လာထုတ် ပေးတဲ့ မြန်မာ အရာရှိတွေ ကပြောပါတယ်။

ဒီ လက်မှတ်တွေ ရလာရင် လက်ရှိ တနှစ်ခံ လက်မှတ် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ အတွက် အများကြီး အကျိုးရှိမယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ ရောင်ခြည်ဉီး အဖွဲ့က ကိုဟိန်းက အပြောပါတယ်။

အခု ဒီ CI လို့ ခေါ်တဲ့ မြန်မာ နိုင်ငံသား ဖြစ်ကြောင်း အသိအမှတ် ပြုလက် မှတ်တွေကို ထိုင်းနိုင်ငံက မဲဆောက်၊ မယ်ဆိုင်၊ရနောင်း၊ ဆမွတ်တ်ရကန်၊ ဆမွတ်ဆားခေါ်န် နဲ့ မဟာချိုင် ခရိုင် ၂ နေရာ မှာ စတင် ထုတ်ပေး နေပြီ ဖြစ်ပါတယ်။

ဒီလက်မှတ် ရတဲ့ သူတွေဟာ လောလောဆယ် ထိုင်း နိုင်ငံက ၄ နှစ် အတွက် ဗီဇာပေးပြီး၊ အလုပ်လုပ် ခွင့် လက်မှတ်လည်း ထုတ်ပေး မှာ ဖြစ်ပါတယ်။

၎ နှစ် သက်တန်း ကုန်ရင်တော့ သူတို့ဟာ မြန်မာ နိုင်ငံ ကို ပြန်၊ နိုင်ငံကူး လက်မှတ် လုပ်ပြီး၊ အလုပ် သမား ငှားရမ်းရေး သဘောတူညီချက် အစီစဉ်နဲ့ ထိုင်း နိုင်ငံကို တရားဝင် ပြန်လာပြီး အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။
BBC Burmese

လောက်ကိုင်မြို့ကနေ တရုတ်ဖက်ကို ထွက်ပြေးသူ ၂ သောင်းကျော်နဲ့ လားရှိုးကို ထွက်ပြေးသူ ၁၆၀၀ ၀န်းကျင်ရှိ

$
0
0


ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် လားရှိုးဖက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင် သူ နှစ်သောင်းကျော်အထိ ရှိနေပြီး လားရှိုးမြို့ကို ထွက်ပြေးလာသူ ၁၆၀၀ ၀န်းကျင် ရှိနေပါတယ်။

စစ်ဘေး ဒုက္ခသည်တွေကို တရုတ်အစိုးရက တရုတ်-မြန်မာနယ်စပ်အနီး အမှတ် ၁၂၅ နေရာမှာ ဒုက္ခသည် စခန်းဖွင့်လှစ်ပေးထားတယ်လို့ တရုတ်နိုင်ငံအတွင်း မှာ သတင်းသုံးတဲ့ ဆရာတော် ဦးကေသရ က မိန့်ပါတယ်။

"ကောင်းမွန်စွာနေရာချထားတာ။ ၁၂၅ နေရာမှာ။ မြန်မာ-တရုတ်နယ်စပ်နားမှာပေါ့နော်။ နယ်စပ်ရဲ့ တစ်မိုင် မရောက်တစ်ရောက်မှာ အဲ့မှာကောင်းမွန်စွာနေရာချ ထားပါတယ်။ တရုတ်ရဲ့ ဒုက္ခသည် စခန်းကောင်းမွန်စွာ နေရာချထားတာ အမှန်အကန်ပါ "

တရုတ်ပြည်ဘက်မှာ ဆွေမျိုးသားချင်းရှိသူတွေက တရုတ်အစိုးရ နေရာချထားပေးတဲ့ အမှတ် ၁၂၅ နေရာ မှာ နေထိုင်တာမျိုးမလုပ် ဘဲ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေမှာ ခိုလှုံမှုတွေရှိနေတယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံဘက်ကို ဝင်ရောက်လာသူတွေကို တရားမဝင်ပစ္စည်းတွေ သယ်ဆောင် လာတာမျိုးတွေ ရှိ မရှိ တရုတ်အစိုးရဘက်က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ ဒီနေ့ အထိလည်း တရုတ်နိုင်ငံ ဘက်ကို ဝင်ရောက်ခိုလှုံတာတွေ ရှိနေဆဲဖြစ်ပါတယ်။

လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာသူတွေကိုတော့ မန်ဆူဆရာတော်ဘုရားကြီးနဲ့ လူမှုကူညီရေးအဖွဲ့တွေ ဌာနဆိုင် ရာတွေက နေရပ်ပြန်နိုင်ရေးအတွက် ကူညီပေးနေကြပါတယ်။ မတ်လ ၆ ရက်နေ့ တိုက်ပွဲတွေ ဖြစ်ပွား ပြီးနောက်ပိုင်း ဒီနေ့ နေ့လယ်အထိ ထွက်ပြေးလာသူတွေကို ကူညီပေးနေတာနဲ့ပတ်သက်ပြီး လားရှိုး မြို့အောက်မင်္ဂလာ မန်ဆူကျောင်းတိုက်ဆရာတာ် ဘဒ္ဒန္တ ပုညနန္ဒ က အခုလိုမိန့်ကြားပါတယ်။

အလုပ်သမားတွေဟာ လောက်ကိုင်မြို့ကနေ နီးစပ်ရာကားတွေ ဆိုင်ကယ်တွေနဲ့ လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာကြတာဖြစ်ပါတယ်။

ထွက်ပြေးလာသူတွေ နေရပ်ပြန်နိုင်ဖို့အတွက် လားရှိုး-မန္တလေး လမ်းတစ်လျှောက် လူမှုကူညီရေး အသင်းတွေကလည်း ကူညီပေးနေပါတယ်။

လောက်ကိုင်မြို့ပေါ်မှာ မနေ့ညနေပိုင်းအထိ ပစ်ခတ်သံတွေကြားနေရသလို နေရပ်ပြန်ဖို့ ကားစောင့်ဆိုင်းနေသူတွေ သောင်းနဲ့ချီ ရှိနေပါသေးတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသူ နှစ်သောင်းလောက်အထိ ရှိနေပြီး သူတို့ကို တရုတ်နိုင်ငံက ကူညီပေးနေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြောက်ကိုရီးယားအရေး ကုလ လုံခြုံရေးကောင်စီတံခါးပိတ် စည်းဝေးမည်

$
0
0

မြောက်ကိုရီးယားက မကြာသေးခင်ကပဲ ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီကနေ့ တံခါးပိတ်အစည်းအဝေး လုပ်ဖို့ရှိပါတယ်။

ထိပ်တိုက်ရင်ဆိုင်တွေ့တာမျိုးကို ရှောင်ကြဖို့ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကို တရုတ်က တောင်းဆိုထား ချိန်မှာပဲ အခုလို လုံခြုံရေးကောင်စီအစည်းအဝေး လုပ်မှာပါ။

မြောက်ကိုရီးယားဘက်က နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်တာတွေကို ရပ်ဆိုင်းပြီး အပြန်အလှန်အားဖြင့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အဆိုပြုထား ပါတယ်။

တဘက်ရဲ့ လုပ်ရပ်တခုချင်းစီကို နောက်တဘက်က ပြစ်တင်ဝေဖန်ထားပြီး ဘယ်ဘက်ကမှ လမ်းမပေးချင်ဘဲ ထိပ်တိုက် အရှိန်မြှင့် မောင်းနေကြတဲ့ ရထားတွေလိုဖြစ်နေတယ်လို့ ၀န်ကြီး Wang ကဆိုပါတယ်။

အင်္ဂါနေ့မှာ မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်လွှတ်စမ်းသပ်တာကို ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချထားပြီး ဒေသတွင်းမှာ လက်နက်အပြိုင်အဆိုင် တပ်ဆင်လာမယ့်အရေးကို သတိပေးထားပါတယ်။

ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံ DPRK က လူထုမှာ ကြီးမားတဲ့လိုအပ်ချက်တွေ မပြည့်မစုံရှိနေချိန်မှာ အစိုးရက ပဲ့ထိန်း ဒုံးကျည်တွေ တပ်ဆင်ဖို့အတွက် အရင်းအမြစ်တွေကို လွှဲပြောင်းအသုံးပြုနေတယ်လို့လဲ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

$
0
0

မန္တလေး မတ် ၈

ဆေးတက္ကသိုလ်(မန္တလေး) နောက်ဆုံးနှစ်အပိုင်း(က)ကျောင်း သားတစ်ဦးအဆောင်အခန်းအတွင်း ယခုလ ၅ ရက် မွန်းလွဲပိုင်းက မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယခုလ ၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ က ၂၉ လမ်းနှင့် ၃ဝ လမ်းကြား၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိအဆောင်တွင် မောင်ဗိုလ်သူရဦး (အသက်၂ဝ) (၂)ရပ်ကွက် ဘုရင့်နောင်လမ်း မတ္တရာမြို့နေသူ ဆေး တက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း(က)သည် သူငယ်ချင်းနှင့်အဆောင် အပေါ်ထပ် ရှေ့မျက်နှာစာအခန်းတွင် အတူနေထိုင်၍ စာမေးပွဲဖြေရန် ရှိပြီး စာသိပ်မရသေးသဖြင့် အခန်းတံခါးပိတ်ပြီး စာကျက်နေခဲ့သည်။

 မောင်ဗိုလ်သူရဦး။ ။ဓါတ်ပုံ - Bo Thura Oo (FB)
သူငယ်ချင်းမှာ အပြင်ထွက်၍ အအေးဝယ်ရန် အခန်းတံခါးဖွင့်ခိုင်းရာ မောင်ဗိုလ်သူရဦးက ဖွင့်မပေးသဖြင့် တရုတ်ကတ်မှန်ကချောင်းကြည့် ရာ အခန်းထုပ်တန်းတွင် နိုင်လွန်ကြိုးအပြာရောင်ဖြင့်ချည်လျက် လည်ပင်းတွင် ကြိုးတန်းလန်းနှင့်တွေ့မြင်ရသဖြင့် လူမနေသည့် ဘေးချင်းကပ်အခန်းမှ သစ်သားတန်းအား ချိုးဖျက်ဝင်ရောက်ရာ မောင်ဗိုလ်သူရဦးတွင် လည်ပင်းညိုမည်းကြိုးဒဏ်ရာတွေ့ရပြီး သတိ မေ့နေသဖြင့် အဆောင်နေသူငယ်ချင်းများအား အကူညီတောင်း၍ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

မိမိကိုယ်ကို ကြိုးဆွဲချသေကြောင်းကြံစည်၍ ဆေးရုံတက်ရောက် ကုသနေသည့် မောင်ဗိုလ်သူရဦးမှာ ယခုလ ၆ ရက် နံနက် ၅ နာရီ ၁ဝ မိနစ်တွင် သေဆုံးသွားခဲ့သည်။ မိမိကိုယ်ကို သေကြောင်းကြံစည် သူ မောင်ဗိုလ်သူရဦးအား ချမ်းအေးသာစံမြို့မရဲစခန်း က(ပ)၇၆/ ၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၉ ဖြင့် အမှုဖွင့်၍ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Union Daily
https://www.facebook.com/uniondaily.net/

လိပ်ကျွန်းလူသတ်မှု အယူခံ ဆက်တင်ဖို့ မြန်မာသံရုံးအဖွဲ့ နဲ့ ထိုင်းရှေ့နေများကောင်စီ ဆွေးနွေး

$
0
0


ထိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို တွေ့ရစဉ်။ Photo: Supapong Chaolan
မကြာသေးခင်က အယူခံပယ်ချခံထားရတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ယာယီသံအမတ်ကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရှေ့နေ များ ကောင်စီရုံးမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။

အယူခံပယ်ချခံလိုက်ရတဲ့အကြောင်းအရင်းနဲ့ နောက်တစ်ဆင့် အယူခံဆက်တက်ဖို့ကိစ္စတွေကို တွေ့ဆုံဆွေးနွေး တာဖြစ်တယ်လို့ တွေ့ဆုံရာမှာ ပါဝင်တဲ့ လိပ်ကျွန်းအမှု စုံစမ်းရေးအဖွဲ့ဝင် ဦးထူးချစ်က ပြောပါတယ်။

"ပြီးခဲ့တဲ့လ ၂၃ ရက်နေ့က အယူခံကို ပယ်ချတာနဲ့ပတ်သက်ပြီးတော့ မြန်မာ  ယာယီသံအမတ် ဦးဆောင်ပြီး လာတွေ့တာပါခင်ဗျ။ အဓိက ဆွေးနွေးဖြစ်တာကတော့  ဘာကြောင့် ကျနော်တို့ အယူခံကို ပယ်ချခံရတာ လဲ။ နောက်တစ်ခုကတော့ ကျနော်တို့  နောက်တစ်ဆင့်တက်မယ့် ဗဟိုအဆင့်အယူခံကို ကျနော်တို့ ဘယ်လိုပြင်ဆင်မလဲ။  ဘယ်တော့လဲ ဆိုတာမျိုးပေါ့။ ဒါမျိုးတွေ ဆွေးနွေးပါတယ်။"

လက်ရှိအချိန်မှာ အယူခံ ပယ်ချခံရတဲ့ အကြောင်းအရင်းကို လေ့လာနေကြပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ အယူခံကိုတော့ ၃ လအတွင်း ဆက်တင်သွား ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

အယူခံပယ်ချလိုက်ချိန်မှာ တရားရုံးက အယူခံနောက်တဆင့်ကို ရက်ပေါင်း ၃၀ အတွင်း တင်ဖို့ အမိန့်ချခဲ့ပေမယ့် ထိုင်းနိုင်ငံဥပဒေအရ အယူခံတင်သူတွေဟာ သတ်မှတ်ရက်ကို ထပ်တိုးတောင်းခွင့်ရှိတယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရ ဦးရွှေမန်းကလည်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး အယူခံဆက်တက်ရာမှာ ဆောင်ရွက်ရမယ့်ကိစ္စတွေကို ၀ိုင်းဝန်း ဆောင်ရွက်ပေးကြဖို့နဲ့ သူ့အနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းခေါ် ခိုတောင်ကျွန်းကို လာရောက်လည်ပတ်တဲ့ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက ၂၀၁၅ ခုနှစ်က သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး အယူခံဆက်တက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အဲဒီအယူခံကို ပယ်ချ ခံလိုက်ရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကန် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု စနစ်သစ် လွှတ်တော်မှာ တင်သွင်း

$
0
0

အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုစနစ်ကို ရီပတ်ဘလစ်ကန်ပါတီက ပြောင်းလဲပစ်မယ့် အစီအစဉ်ဟာ သိပ်ကို ကောင်းမွန်တဲ့အကြောင်း သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီအစီအစဉ်ကို ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက် ရရှိနိုင်ဖို့က မသေချာကြောင်းလည်း ပြောပါတယ်။

သမ္မတဟောင်း Barack Obama ချမှတ်ခဲ့ပြီး Obamacare လို့ခေါ်တဲ့ လက်ရှိ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ဥပဒေဟာ လုံးဝကို ပြိုလဲပျက်စီးနေတဲ့ စနစ်ဖြစ်တဲ့အကြောင်း သမ္မတ Trump က အင်္ဂါနေ့မှာပဲ Twitter အင်တာနက် လူမှုကွန်ယက်မှာ ပြောဆိုလိုက်တာပါ။

စနစ်သစ်မှာတော့ အဖိုးအခကြီးတဲ့ ဆေးတွေကို ဈေးသက်သက်သာသာနဲ့ ၀ယ်နိုင်အောင် ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီတွေကြား ပြိုင်ဆိုင်မှုတွေကို အားပေးပြီး - ကျန်းမာရေးအာမခံ ၀ယ်ထားသူတွေအတွက် ဈေးသက်သာစေဖို့ မျှော်လင့်ချက်နဲ့ ကျန်းမာရေးအာမခံကုမ္ပဏီတွေကို ပြည်နယ်တိုင်းမှာ ရောင်းချခွင့်ပြုမှာ ဖြစ်ကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။

Obamacare လို့ လူသိများတဲ့ အဖိုးနှုန်းချိုသာတဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု အက်ဥပဒေကို ဖျက်သိမ်းဖို့ ရီပတ်ဘလစ်ကန်တွေက အချိန်အတော်ကြာကတည်းက ကြိုးပမ်းနေတာ ဖြစ်ပေမဲ့လည်း - ရီပတ်ဘလစ်ကန် လွှတ်တော်ခေါင်းဆောင်တွေ တင်သွင်းတဲ့ အခုနောက်ဆုံး ဥပဒေသစ်အတွက် အဆိုပြုချက် အပေါ်မှာ ရီပတ်ဘလစ်ကန် အထက်နဲ့ အောက်လွှတ်တော် အမတ်တွေအပါအ၀င် သမ္မတဟောင်း အိုဘားမား လက်ထက်က ဥပဒေကို ဆက်ထားချင်ကြတဲ့ ဒီမိုကရက်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်လုပ်ငန်းဌာန ၀န်ကြီး Tom Price က - အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ဒီအဆိုပြုချက်ကို ကာကွယ်ပြောဆိုရာမှာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ အစိုးရကမဟုတ်ဘဲ လူနာနဲ့ ဆရာဝန်တွေက ဆုံးဖြတ်ချက်ချဖို့ သူ့အစိုးရအနေနဲ့ လိုလားကြောင်း လက်ရှိ ကျန်းမာရေးပြုစုစောင့်ရှောက်မှု စနစ်ဟာ လူနာတွေကို ထိခိုက်စေပြီး ကုန်ကျစရိတ် တိုးစေတဲ့အတွက်ကြောင့် ဖျက်သိမ်းဖို့ လိုအပ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အိမ်ဖြူတော် ကမောက်ကမ အခြေအနေသတင်း Trump ငြင်းဆို

$
0
0

အိမ်ဖြူတော်အတွင်း ကမောက်ကမတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ မမှန်ကန်ကြောင်း ပြသဖို့ သမ္မတ Donald Trump က ကြိုးပမ်းနေပါတယ်။

သမ္မတ Trump အစိုးရအဖွဲ့အတွင်း အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတယ် - ဆိုတဲ့ မဟုတ်မှန်တဲ့ သတင်းတွေ ပြောဆိုနေတာတွေကို မယုံကြဖို့ သမ္မတ Trump က Twitter လူမှုကွန်ယက်ကတဆင့် အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ သူတို့အကြားမှာ အချင်းများနေခြင်း မရှိကြောင်း၊ ကြီးမားတဲ့ လုပ်ငန်းတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။

သူနဲ့ သက်ဆိုင်တဲ့ အငြင်းပွားစရာ ကိစ္စရပ်တွေကို သူ့လက်အောက် ၀န်ထမ်းတွေက ကိုင်တွယ် ဖြေရှင်းမှုတွေနဲ့ ပတ်သက်လို့ သမ္မတ Trump က အမျက်ဒေါသထွက်နေတယ်ဆိုပြီး အမေရိကန် သတင်းမီဒီယာတွေမှာ လွန်ခဲ့တဲ့ ရက်အနဲငယ်အတွင်း ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် သမ္မတ Trump က တုံ့ပြန် ပြောဆိုလိုက်တာပါ။

အမေရိကန် ပုံနှိပ်သတင်းဌာနတွေနဲ့ ရုပ်သံဌာနတွေက အိမ်ဖြူတော်အတွင်း ဖြစ်နေတဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို ရေးသား ပြောဆိုကြတဲ့အခါ အမည်မဖော်လိုတဲ့ သူတွေကို ကိုးကား သုံးနှုန်းနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ သမ္မတ Trump က အဲဒီ ပင်မ သတင်းဌာနတွေကို ပြန်လည် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ သူတွေကို ကိုးကား ပြောဆိုမှုတွေဟာ စိတ်ကူးယဉ်ဆန်တဲ့ သတင်းအတုတွေဖြစ်ကြောင်း သမ္မတ Trump က အကြိမ်ကြိမ် ထိုးနှက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မိုဆူးလ်မြို့တွင်းရှိ အစိုးရအဆောက်အအုံနှင့် ပြတိုက်တို့ကို အီရတ်အစိုးရ တပ်ဖွဲ့များက ပြန်လည်သိမ်းယူရရှိ

$
0
0

မိုဆူးလ် မတ် ၇

လွန်ခဲ့သည့်သုံးနှစ်ခန့်က အိုင်အက်စ်စစ်သွေးကြွများ၏လက်ချက်ဖြင့် ရှေးဟောင်းရုပ်တုများနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လက်ရာပစ္စည်းများ ပျက်စီးမှုဖြစ်ပေါ် ခဲ့ရသော မိုဆူးလ်မြို့ အနောက်ပိုင်းဒေသရှိ အစိုးရအဖွဲ့ရုံး၊ ဗဟိုဘဏ်ရုံးနှင့် ပြတိုက်တို့ကို အီရတ်အစိုးရတပ်ဖွဲ့များက မတ် ၇ ရက်တွင် ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။

မိုဆူးလ်မြို့တွင်းရှိ အီရတ်အစိုးရပိုင်အဆောက် အအုံများသည် အိုင်အက်စ် စစ်သွေးကြွများ၏ဖျက်ဆီးမှုကြောင့် အသုံးပြုနိုင်သည့် အခြေအနေတွင် မရှိတော့ သော်လည်း ၎င်းတို့၏ နောက်ဆုံးအခြေစိုက်စခန်းကို ပြန်လည်သိမ်းယူနိုင်သည့် အောင်ပွဲအထိမ်းအမှတ် သင်္ကေတဖြစ်သည်ဆို၏။

အီရတ်လျှပ်တစ်ပြက်တိုက်ခိုက်ရေး လက်ရွေးစင် တပ်ဖွဲ့ဝင်များသည် မိုဆူးလ်မြို့တွင်းရှိ အုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံနှင့် အခြားသော အစိုးရအဆောက် အအုံများကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အီရတ်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အဗ္ဗဒယ် အေမီ အယ်လ်အိုဟာမက် ဒါဝီက ပြောကြားသည်။

အီရတ်အစိုးရတပ်ဖွဲ့သည် အိုင်အက်စ်အဖွဲ့က တရားစီရင်ရေးဌာနအဖြစ် အသုံးပြုခဲ့သော အဆောက်အအုံတစ်ခုကိုလည်း သိမ်းယူခဲ့သည်။ ယင်းအဆောက် အအုံသည် ရာဇဝတ်အပြစ်သားများအား ကျောက်ခဲများ ဖြင့် ပစ်ပေါက်ကာပြစ်ဒဏ်ပေးခြင်း၊ အဆောက်အအုံ၏ခေါင်မိုးမှ လွှင့်ပစ်ခြင်းနှင့် လက်များအား ဖြတ်ပစ်သော ပြစ်ဒဏ်ပေးခြင်းစသော ပြင်းထန်သည့်ပြစ် ဒဏ်စီရင်ချက်များ ချမှတ်ရာနေရာအဖြစ် လူသိများထင်ရှားသော အဆောက် အအုံဖြစ်သည်။

ရိုက်တာ။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

နိုင်ငံတကာအမျိုးသမီးများနေ့ ကမ္ဘာအ၀ှမ်းကျင်းပ

$
0
0

သမ္မတ Donald Trump ကို ကန့်ကွက်ဆန္ဒပြကြမယ့် “အမျိုးသမီးမပါတဲ့ တနေ့တာ” လို့ဆိုရမယ့် “A Day Without Woman” ဆိုတဲ့ ဆန္ဒပြပွဲမှာ ပါဝင်ဖို့ ကျောင်းသွားမှာ မဟုတ်ဘူးလို့ ဆရာ ဆရာမတွေက ပြောထားတာကြောင့် အမေရိကန်က အစိုးရ ကျောင်းအများအပြား ဒီကနေ့ ပိတ်ထားရဖို့ရှိပါတယ်။

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့နဲ့ တိုက်ဆိုင်ပြီးတော့ အခုဆန္ဒပြပွဲ ကိုလုပ်ဖို့ စီစဉ်ထားကြတာပါ။

ပြီးခဲ့တဲ့ဇန်န၀ါရီလက ၀ါရှင်တန်မြို့တော်မှာ အမျိုးသမီးများ ချီတက်ဆန္ဒပြပွဲကို ကမကထပြု စီစဉ်ခဲ့တဲ့အဖွဲ့အစည်းတွေကပဲ ဒီကနေ့ဆန္ဒပြပွဲကို စီစဉ်ထားတာပါ။ မစ္စတာထရမ့်ပ် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီး နောက်တရက်မှာ အမေရိကန် နိုင်ငံတ၀န်း မြို့အသီးသီးမှာလုပ်တဲ့ ချီတက် ဆန္ဒပြပွဲတွေတုန်းက လူ သန်းပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။

ဖိလစ်ပိုင်မှာတော့ ရာပေါင်းများစွာသော အမျိုးသမီးဆန္ဒပြသူတွေဟာ မနီလာမြို့တော်က အမေရိကန်သံရုံးရှေ့ ကို ချီတက်ကြပြီး သမ္မတထရမ့်ပ်ပုံပါတဲ့ အမေရိကန်အလံအတုကို မီးရှို့ပြီးတော့ ဆန္ဒပြကြပါတယ်။

သူတို့အဆိုအားဖြင့် ဆင်းရဲတဲ့နိုင်ငံတွေနဲ့ အမျိုးသမီးတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ နယ်ချဲ့ ဗိုလ်ကျစိုးမိုးမှုဆိုတာကို ဖြိုဖျက်ပေးဖို့ ဆန္ဒပြ ဖိလစ်ပိုင်အမျိုးသမီးတွေက တောင်းဆိုကြပါတယ်။

ကနဦးတုန်းက နိုင်ငံတကာ အလုပ်လုပ်သူ အမျိုးသမီးများနေ့ကနေ အမျိုးသမီးများနေ့အဖြစ် ပြောင်းလဲသတ်မှတ်ထားတာကို နှစ်စဉ် မတ်လ ၈ ရက်နေ့မှာ ဆင်နွှဲကြပြီး အမျိုးသမီးအခွင့်အရေးအတွက် ရုန်းကန် တိုက်ပွဲဝင်ကြတာကို အထိမ်းအမှတ်ပြုတာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တာမွေမြို့နယ်ရှိ ခုနစ်ပင်လိမ်ချောင်းအတွင်း ကျည်များနှင့်ဓားများ သိမ်းဆည်းရမိ

$
0
0

ရန်ကုန် မတ် ၇

တာမွေမြို့နယ်ရှိ ခုနစ်ပင်လိမ်ချောင်းအတွင်း ယနေ့ နံနက်အစောပိုင်းက ကျည်များနှင့်ဓားများ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီခန့်က တာမွေမြို့နယ် တာမွေလေးရပ်ကွက် လေးထောင့်ကန်လမ်းအနီးရှိ ခုနစ် ပင်လိမ်ချောင်းအတွင်း ကုန်းရေနှစ်မျိုးသွားဘတ်ဖိုးယာဉ် ဖြင့် နုန်း၊ သဲ၊ အမှိုက်များ ဆယ်တင်ရှင်းလင်းမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ချောင်းအတွင်းမှ ကျည်မျိုးစုံ ၃၃ တောင့်နှင့် ဓားမျိုးစုံ ၁၂ လက်ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ ခြင်းဖြစ်ပြီး သိမ်းဆည်းရမိသောကျည်များမှာ ၉ မမ ကျည် ၂၇ တောင့်၊ ၃ဝ၃ကျည် နှစ်တောင့်၊ ကာဘိုင်ကျည် တစ်တောင့်တို့ဖြစ်ကာ ၉မမ ကျည်ခွံ တစ်ခုနှင့် ဖြတ်ပိုင်း ထားသော ၃ဝ၃ ကျည်ခွံ တစ်တောင့်အပါအဝင် စုစု ပေါင်းကျည်နှင့် ကျည်ခွံ ၃၂ တောင့်၊ ဓားအရှည် ၁ဝ လက်၊ ဓားအတို နှစ်လက်ဖြင့် စုစုပေါင်း ၁၂ လက်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ပွားရာနေရာသို့ သတင်းရလျှင်ရခြင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၊ စည်ပင်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ လာရောက်ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းလည်း လာရောက် ကြည့်ရှုခဲ့ကြောင်းသိရကာ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သိမ်းဆည်း ရမိပစ္စည်းများကို တာမွေမြို့မရဲစခန်းမှ စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

(စိုးဝင်း-MLA)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

မြဝတီမြို့တွင် ရွှေဆိုင်ဝန်ထမ်းတစ်ဦး ပြန်ပေးဆွဲခံရမှုဖြစ်ပွား

$
0
0

မြဝတီ မတ် ၆

ကရင်ပြည်နယ် မြဝတီဘုရင့်နောင်ဈေးကြီးအတွင်း မောင်တင်စိန်ရွှေဆိုင်တွင် အရောင်းဝန်ထမ်းလုပ်ကိုင်နေသူအား နယ်ခြားစောင့်ဝတ်စုံဝတ်ဆင်ထားသူ လက်နက်ကိုင်တစ်စုက လာရောက်ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်ဈေးကြီးအတွင်းရှိ မောင်တင်စိန်ရွှေဆိုင်တွင် မတ် ၆ ရက် မွန်းလွဲပိုင်းက အရောင်းဝန်ထမ်း မထက်ထက်ဇော်ဖြိုးအား နယ်ခြားစောင့်တပ်ယူနီဖောင်းဝတ်ဆင်ထားသော လက်နက်ကိုင်လူတစ်စု ရောက်ရှိလာပြီး လက်နက်ဖြင့် ခြိမ်းခြောက်ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အခင်းဖြစ်စဉ်သိရသည်နှင့်တစ်ပြိုင်နက် ရှေ့တန်းအမှတ်(၃၁ဝ)ခြေမြန် တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန်းဝင်းနိုင် ဦးစီးသောအဖွဲ့၊ အမှတ်(၁) စစ်ဘက်ရေးရာလုံခြုံရေးတပ်စုမှ တပ်ကြပ်ကြီးလင်းလင်းဦး ဦးစီးအဖွဲ့၊ နယ်ခြား စောင့်တပ်နယ်(၃)မှ ဒေးဗစ်ဦးစီးအဖွဲ့၊ နယ်ခြားစောင့်တပ်နယ်(၄)မှ စောဟဲ ဦးစီးအဖွဲ့၊ မြဝတီမြို့မရဲစခန်းမှ ခေတ္တနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင်စိုး ဦးစီးအဖွဲ့နှင့် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းတို့ပါပူးပေါင်းအဖွဲ့တို့ဖြင့် ပြန်ပေးဆွဲအဖွဲ့အား ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။

(တင်ဝင်းလှိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

၁၀ တန်း စာမေးပွဲစတင်ဖြေဆို

$
0
0



ကျောင်းသူ ခန့်ခန့်နီသီဟအားတွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

    ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဆယ်တန်း စာမေးပွဲကြီးကို  ကျောင်းသား၊ကျောင်းသူများ ယနေ့ စတင်ဖြေဆိုနေကြပြီဖြစ်ပြီး၊ စာမေးပွဲအား စိတ်အေးအေးထားဖြေဆိုကြရန်၊ ၁၀ တန်းစာမေးပွဲသည် ဘဝကို ပြောင်းလဲစေမည့် တစ်ခုတည်းသော အဆုံးအဖြတ် မဟုတ်ကြောင်း မော်လမြိုင်တက္ကသိုလ် မှ စိတ်ပညာပါမောက္ခ ဒေါက်တာအောင်မြတ်ကျော်စိန်က ဆင်ဟွာကိုပြောသည်။

ဒေါက်တာအောင်မြတ်ကျော်စိန်က “မြန်မာစာပြီးတော့ နောက်ထပ် တခြားဘာသာရပ်တွေ လာတော့မယ်။ ဂုဏ်ထူးမှန်းပြီး ဖြေပေမယ့် ရချင်မှ ရမယ်။ ဂုဏ်ထူးမမှန်းပေမယ့်လည်း ရချင်ရမယ်။ ကလေးတွေအားလုံး စိတ်အေးအေးထားပြီးဖြေဖို့ ပြောချင်တယ်။ ကိုယ်ဖြေတဲ့ ဘာသာအားမရရင်တောင် ၊ ကိုယ်ရတဲ့ အမှတ်၊ ကိုယ်ရတဲ့ မေဂျာကနေ ကိုယ့်ဘဝကို အထူးချွန်ဆုံးတည်ဆောက်လို့ ရတယ်’’ ဟုပြောသည်။

မြန်မာတစ်နိုင်ငံလုံး ဆယ်တန်းစာမေးပွဲအားလုံး ယနေ့ စတင်ဖြေဆိုကြပြီ ဖြစ်သည်။ ဇီဝဗေဒ နှင့် ဘောဂဗေဒ ဘာသာတွဲများ ယူထားသူများသည် မတ်လ ၁၅ ရက်နေ့ အထိ စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး၊ ဝိဇ္ဇာတွဲ ယူထားသည့် သူများအနေဖြင့် မတ်လ ၁၇ ရက်နေ့ အထိ စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။
၁၀တန်းကျောင်းသားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)
စာမေးပွဲဖြေဆိုပြီး ထွက်လာကြသည့် ကျောင်းသားကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- ပညာရေးဝန်ကြီးဌာန) 
အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း (တာမွေ) တွင် ၁၀ တန်းဖြေဆိုသည့် ကျောင်းသူ ခန့်ခန့်နီသီဟက “ဂုဏ်ထူးမှန်းထားတယ် ၅ လုံး လိုချင်တယ်။ ၃ လုံး လောက်တော့ သေချာရနိုင်မယ်လို့ထင်ပါတယ်။ဆရာဝန်ဖြစ်ချင်လို့ ကြိုးစားခဲ့တာပါ။’’ ဟု ဆင်ဟွာကိုပြောသည်။

ကျောင်းသားမိဘများသည် မိမိသားသမီးများ၁၀ တန်းစာမေးပွဲကောင်းစွာဖြေဆိုနိုင်ရန် အဓိဌာန်ဝင်ခြင်း၊ ယတြာချေခြင်းများ ပြုလုပ်ပေးကြသလို ၁၀ တန်းစာမေးပွဲ ဖြေဆိုကြသည့် မိမိတို့ သားသမီးများအား ကျောင်းအပေါက်ဝတွင် စောင့်မျှော်လျက်ရှိကြသည်။

ယနေ့ မြန်မာစာဖြေဆိုရသည့် နေ့ဖြစ်ပြီး ကျောင်းသား အများစုသည် ဖြေဆိုနိုင်ကြကြောင်း၊ ကျက်မှတ်ထားသည်များ နှင့် တိုးခဲ့ကြောင်း စာမေးပွဲခန်းမှ ထွက်လာသည့် ကျောင်းသားတချို့အားမေးမြန်းချက်အရ သိရသည်။

အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း (တာမွေ) တွင် ၁၀ တန်းဖြေဆိုသည့် ကျောင်းသား ကိုကိုထက်က “မြန်မာစာမေးခွန်းက လွယ်ပါတယ်။ မေးခွန်းတွေတိုးတယ်။ ကိုယ်ကျက်တာတွေ ပါတယ်။’’ ဟု ဆင်ဟွာကိုပြောသည်။

ဇီဝဗေဒ တွဲနှင့် ဘောဂဗေဒ တွဲတို့ သည် ၁၁ ရက်နေ့ ၁ရက် ပိတ်မည်ဖြစ်ပြီး၊ စိတ်ကြိုက်မြန်မာစာတွဲ သည် ၁၃၊၁၄၊၁၅ နားကာ ၁၆ ရက်နေ့ နှင့် ၁၇ ရက်ကို ဆက်လက်ဖြေဆိုရမည်ဖြစ်သည်။  ၁၀ တန်း အောင်စာရင်း ထွက်သည့်အချိန်တွင် ကျရှုံးကျောင်းသူ၊ ကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်း ကျောင်းများဖွင့်ပေးသင့်ကြောင်း ပညာရှင်တချို့ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား ၊ ကျောင်းသူများ စိတ်အေး ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး အတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်နယ်မြေရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ၀န်ဆောင်မှု များ ဆောင်ရွက်ပေးရန် ၊ စာမေးပွဲမေးခွန်း/အဖြေလွှာများ ထုတ်/သွင်း ပို့ဆောင်စဉ် စီမံချက်ပါအတိုင်း လုံခြုံရေး အထူး ဂရုပြု ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

(Xinhua)
http://www.xinhuamyanmar.com

NCA လက်မှတ်ထိုးထားတဲ့ RCSSနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

$
0
0


ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: RFA
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည် တပ်မတော်တောင်ပိုင်း တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ မနေ့ညနေကစပြီး တိုက်ပွဲဖြစ်ပွား နေပါတယ်။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချူပ် လက်အောက်ခံ အမှတ် ၅၀၂ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၂၄၃ ခြေလျင် တပ်ရင်းက လှုပ်ရှားစစ်ကြောင်းတွေက သီပေါမြို့နယ်ထဲက RCSS တပ်ဖွဲ့တွေ အခြေချထား တဲ့ တပ်စခန်းတွေကို လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ RCSS/SSA ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။

"ဖြစ်တာကတော့ သီပေါမြို့နယ် အိုမုကျေးရွာအုပ်စု ဆိုတဲ့ အဲ့ဒီဒေသဖက်မှာပါ။ ကျနော်တို့ တပ်တွေ ရှိတဲ့နေရာကို တပ်မတော်ဖက်ကပေါ့နော် စစ်ကြောင်းတွေ ထိုးစစ်ဆင်ပြီး လာတိုက်ခြင်း ဖြစ်ပါတယ်။ နေရာ သုံးလေးနေရာမှာ သူတို့ချဉ်းကပ်ပါတယ် ဒါပေမယ့် မနေ့က တိုက်ပွဲဖြစ်တဲ့ နေရာကတော့ အိုမု ဘက်မှာဖြစ်တာပါ။ အကြောင်းပြချက်တော့ မရှိဘူး လက်နက်ကြီး စမ်းပြီးပစ် တဲ့နေရာက ထန်စမ့် ဆိုတဲ့ နေရာမှာ သူတို့ လက်နက်ကြီး စမ်းပြီး အရင်ပစ်တာ။ တပ်မတော်ကတော့ အမှန်ဆိုရင် အခြေခံဥပဒေ နဲ့ သူတို့ပြောပြောနေကြကတော့ အစိုးရရဲ့ လက်အောက်ပေါ့နော် ဒီအခုအစိုးရလက်အောက်က။ ဒါပေမယ့် အခုအချိန်မှာကတော့ တပ်မတော်က သူထင်ရာဆိုင်းလုပ်နေတယ်လို့ မြင်ရပါတယ်။ ဒီလိုမျိုး တပ်မတော်က ထင်ရာဆိုင်း လုပ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကတော့ ဘယ်အစိုးရပဲ တက်တက်ပေါ့နော် လုပ်ဆောင်ဖို့က ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ မြင်ရပါတယ်။ "

မနေ့ညနေက တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် ဒီကနေ့မနက်မှာတော့ စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

တိုက်ပွဲမှာ အစိုးရတပ်မတော်ဖက်က စစ်လက်နက်ပစ္စည်းတချို့ကို RCSS တပ်ဖွဲ့က သိမ်းဆည်း ရရှိခဲ့ပေမယ့် နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေကို အသေးစိတ် မသိရှိရသေးဘူးလို့လည်း ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ သီပေါမြို့နယ်မြောက်ဖက်မှာရှိတဲ့ RCSS တပ်ဖွဲ့တွေအခြချရာ ထန်စန့် နဲ့ ပါခါး ဒေသဖက်မှာ အစိုးရတပ်မတော်စစ်ကြောင်းနဲ့ RCSS တပ်ဖွဲ့ဝင်တွေ နှစ်ဖက်ရင်ဆိုင်ထားပြီး စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွန်ကြားရေးမှုးရုံးက ညွန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း ထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုသူ အရာရှိက ဗိုလ်ချုပ် အောင်ရဲဝင်း ခရီးထွက်သွားတဲ့အတွက် ဖြေဆိုလို့မရနိုင်ကြောင်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြန်မာနောင်း သတင်းထောက်ချုပ်ကို ပုဒ်မ ၆၆ဃနဲ့ အမှုဖွင့်

$
0
0


 ဦးကိုနီကို လုပ်ကြံသူတွေကို ကျေးဇူးတင်ကြောင်း ဦးဝီရသူက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးခဲ့
ဖေ့စ်ဘွတ် ပေါ်က ဘကောင်း အမည်နဲ့ အကောင့်ပိုင်ရှင် မြန်မာနောင်း သတင်းထောက်ချုပ် ကိုဆွေဝင်းကို မန္တလေး တိုင်းဒေသကြီး အမှတ် ၆၅၀ ဟေမ မာလာမြောက် အရပ် မဟာအောင်မြေ မြို့နယ်နေ ကိုကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃနဲ့ အမှုဖွင့်လိုက်ပါတယ်။

ဘကောင်း အကောင့်မှာ ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်ပြီး ရေးထားတဲ့ အကြောင်းအရာ တွေကြောင့် တရားစွဲဆိုခဲ့တာလို့ မန္တလေး အမှတ် ၇ ရဲစခန်းက တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

ကိုကျော်မျိုးရွှေရဲ့ တိုင်ချက်ဖွင့်စာမှာတော့ ဆရာတော်ဦးဝီရသူက ကိုဆွေဝင်းကို အဲဒီလို ရေးသားမှုနှင့် ပတ်သက်ပြီး ၇ ရက်အတွင်း တောင်းပန်ဖို့၊ မတောင်းပန်ပါက တရားစွဲမယ်လို့ ဖေ့စ်ဘွတ်ကတဆင့် အသိပေးခဲ့ကြောင်းနဲ့ မတောင်းပန်တဲ့အတွက် အခုလို တရားစွဲဖို့ သူ့ကို ညွှန်ကြားခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အမှုဖွင့်ခံရသူ သတင်းထောက် ကိုဆွေဝင်းကတော့ ဒီအမှုနဲ့ ပတ်သက်လို့ ရဲက သူ့ကို တရားဝင် အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဦးကိုနီကို လုပ်ကြံသူတွေကို ကျေးဇူးတင်ကြောင်း၊ ဒီရာဇဝတ်မှုကို ထောက်ခံကြောင်း ဦးဝီရသူက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးခဲ့တာကို ကိုဆွေဝင်းက သတင်းပြန်ရေးခဲ့ပြီး ဦးဝီရသူရဲ့ ပြောဆိုမှုဟာ ပါရာဇိက ကျသွားပြီ ဆိုတဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ ပါခဲ့တဲ့ ဆရာတော်တပါးရဲ့ မိန့်ဆိုချက်ကို ကိုဆွေဝင်းရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ဝေမျှခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တရားစွဲဆို အမှုဖွင့်တာဟာ ဦးကိုနီအကြောင်း စုံစမ်းစစ်ဆေးနေမှု သတင်းစာ ရှင်းလင်းပွဲမှာ တုန်းက ဒီအမှုမှာ ပါဝင် ပတ်သက်သူတချို့နဲ့ မဘသ ဆရာတော်တွေ အချိတ်အဆက် ရှိသလား ဆိုပြီး သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးကို သူမေးမြန်းခဲ့တာနဲ့ ပတ်သက်လို့ မဘသ ထောက်ခံသူတွေက မကျေမနပ် ဖြစ်ပြီး ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားနေတာတွေ ရှိနေပြီး ဒါတွေရဲ့ အကျိုးဆက်လို့ မြင်ကြောင်း မြန်မာနောင်း သတင်းထောက်ချုပ် ကိုဆွေဝင်းက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

CDNH ပြည်သူ့နီတိ အစိုးရပြဌာန်းစာအုပ် မဟုတ်ပါ

$
0
0


CDNH အဖွဲ့ကထုတ်ဝေတဲ့ ပြည်သူ့နီတိ တတိယတန်းစာအုပ်ကို တွေ့ရစဉ်။ Photo: CDNH FB
လူမှုရေးစာမျက်နှာများတွင် ဝေဖန်မှုအများအပြားပေါ်ထွက်နေတဲ့ အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့ လာရေးအဖွဲ့ CDNH ထုတ်ဝေတဲ့ ပြည်သူ့နီတိစာအုပ်များဟာ အမျိုးသားသင်ရိုးညွှန်းတန်းကော်မတီက အတည်ပြု ထားတဲ့ ပြဌာန်းစာအုပ်မဟုတ်ဘူးလို့ ပညာရေး ဝန်ကြီးဌာနက မတ်လ ၇ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထား ပါတယ်။

 အဲဒီ CDNH အဖွဲ့ကထုတ်ပြန်ထားတဲ့ ပြည်သူ့နီတိစာအုပ်မှာ ကမ္ဘာပေါ်ရှိ လူအများစု ကိုးကွယ်လျက် ရှိသော ဘာသာကြီး ၄ ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာများ ရဲ့ အခြေခံအကြောင်းအရာများကို တတိယတန်းနှင့် စတုတ္ထတန်းစာအုပ် ထည့်သွင်းဖော်ပြထားပါတယ်။

ဒီစာအုပ်များနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လက်ခံနိုင်ဖွယ်မရှိလို့ သဘောထား ထုတ်ပြန်ပြီး အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 အလားတူ CDNH အဖွဲ့ကလည်း သူတို့ထုတ်ဝေတဲ့ ပြည်သူ့နီတိစာအုပ်ဟာ အစိုးရအဖွဲ့အစည်းများနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိဘူးလို့ မတ်လ ၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

NCA စာချုပ်လက်မှတ်ထိုး RCSS/SSA တပ်စခန်းအား အစိုးရတပ် ထပ်မံတိုက်ခိုက်

$
0
0

မတ် ၈ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်စခန်းတခုအား အစိုးရတပ်မတော် မှ သွားရောက် တိုက်ခိုက်သောကြောင့် ယမန်နေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

၂၀၁၇ မတ် ၇ ရက် မွန်းလွဲ ၂ နာရီခန့် မှ စ၍ ညနေပိုင်းအထိသီပေါမြို့ မြောက်ဘက် ၇ မိုင်အကွာခန့် ရှိ RCSS/SSA ၏အုံမုကျေးရွာအုပ်စုလွယ်မုံစုတပ်စခန်းအားသီပေါမြို့ အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၅၀၄ လက်အောက်ခံစစ်ကြောင်းက သွားရောက် တိုက်ခိုက် ခြင်းဖြစ်သည်ဟု ဒေသအတွင်းတပ်မှူးတဦး ၏ ပြောပြချက်အရသိရသည်။

“အမှတ် ၅၀၄ ဆိုတာဒေသအတွင်းတပ်ဘဲ။ ကျနော်တို့ အဲဒီမှာနေတယ် ဆိုတာသူတို့ သိတယ်။ ထန်ဇန့် ပန်ခါးက လက်နက်ကြီးတွေနဲ့ အရင်ထုတယ်။ မွန်းလွဲ ၂ နာရီလောက်က။ ၅ နာရီလောက်ကနေ ၆ နာရီထိုးခါနီးအထိ အင်နဲ့ အားနဲ့ထပ်လာတိုက်တယ်။ တက်လာတဲ့ စစ်သည်တွေဒဏ်ရာတွေတော်တော် ရ လို့ ပြန်ဆုတ်သွားတယ်ပြောတယ်။ ခုထက်ထိတော့ ပြန်ပြီးထပ်ပြီးတက်မလာတော့ဘူး၊ ငြိမ်သွားပြီ။ ဒီညဦးပိုင်းတော့” - ဟုအမည်မဖေါ် လိုသည့် အရာရှိတဦးကပြောသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော် RCSS/SSA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းလှ က ဟုတ်မှန်ကြောင်းအတည်ပြုပြောဆိုသည်။
တိုက်ပွဲကြောင့် နှစ်ဘက် အကျအဆုံးရှိသည်ဟုဆိုသော်လည်း သီးခြားအတည်ပြုချက်မရရှိသေးပေ။

RCSS/SSA သည် မြန်မာအစိုးရနှင့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ် ၈ ဖွဲ့ တွင်ပါဝင်သည်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးသည့်နောက်ပိုင်း လွိုင်လင်၊ မိုင်းကိုင် မြို့နယ်အတွင်းရှိ RCSS/SSA တပ်စခန်းအားအစိုးရတပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးစီမံချက်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပိုမို ပါဝင်ဖို့ အမျိုးသမီးတွေကို ဒေါ်စု တိုက်တွန်း

$
0
0

 ငြိမ်းချမ်းရေး အတွက် ဦးစားပေး ပြောဆို
ဒီကနေ့ မတ်လ ၈ ရက်နေ့ ဟာ အမျိုးသမီး အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန် ခဲ့ကြ ရတာ တွေရဲ့ အထိမ်းအမှတ် အဖြစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အဖြစ် သတ်မှတ် ထားတဲ့ နေ့ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ကဏ္ဍမှာ အမျိုးသမီး တွေ အမျိုးသားတွေနဲ့ ဆတူ ပါဝင် နေကြသလို၊ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာလည်း အမျိုးသမီးတွေရဲ့ ပါဝင် ပတ်သက်မှု ၅ဝ% အထိ ရှိလာအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

ဒါပေမယ့်လည်း အစည်းအဝေး ခန်းထဲ ရောက်လာမှ ပါဝင်တာလို့ မယူဆကြပဲ၊ စိတ်နှလုံးသားနဲ့ ဦးနှောက်တွေကို ငြိမ်းချမ်းရေး အတွက် စတင် အသုံးချကြပါ ဆိုပြီးတော့လည်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုပါတယ်။

လောလောဆယ် အခြေအနေကိုကြည့်ရင် အစိုးရရော လက်နက်ကိုင် အဖွဲ့တွေ ထဲမှာပါ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင် ပတ်သက်နေတဲ့ အမျိုးသမီးတွေရဲ့ ရာခိုင်နှုန်း အချိုးအစား အင်မတန် နည်းနေတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အပြည်ပြည် ဆိုင်ရာ အမျိုးသမီးနေ့ကို "၂၀၃ဝ အမီ ကမ္ဘာကြီးကို ပြောင်းလဲဖို့ အမျိုးသမီးများရဲ့ စီးပွားရေး စွမ်းဆောင်မှုကို မြှင့်တင်စို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတာ ဖြစ်ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ငြိမ်းချမ်းရေး အတွက် ဦးစားပေး ပြောဆို နေတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင် စေချင်တယ် ဆိုရင် ပါဝင်လာနိုင်ဖို့ အခွင့်အလမ်းတွေကို အစိုးရဘက်ကလည်း ဖန်တီးပေးဖို့ လိုအပ်တယ် ဆိုပြီး အမျိုးသမီး တက်ကြွလှုပ်ရှားသူ တချို့က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

Myanmar Now အယ်ဒီတာချုပ် ပုဒ်မ၆၆(ဃ)နဲ့ အမှုဖွင့်ခံရ

$
0
0


Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း
ရှေ့နေကြီး ဦးကိုနီလုပ်ကြံခံရတဲ့ အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းရေးသားနေတဲ့ Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဘသ အဖွဲ့ဝင်တဦးကနေ ဆက်သွယ် ရေးပုဒ်မ ၆၆ (ဃ) နဲ့ မနေ့ အင်္ဂါနေ့က မန္တလေး မဟာအောင်မြေရဲစခန်းမှာ အမှုဖွင့်တရား စွဲဆိုလိုက်ပါတယ်။

သူ့အနေနဲ့ ဥပဒေနဲ့အညီ ရင်ဆိုင်ဖို့အသင့်ရှိပေမယ့် မြန်မာနိုင်ငံမှာ တရားရေးမဏ္ဍိုင်ခိုင်မာမှုမရှိတာကြောင့် သတင်းသမားတဦးအနေနဲ့ ဥပဒေကြောင်းအရ အကာကွယ်ရပါ့မလားလို့ စိုးရိမ်မကင်းဖြစ်မိကြောင်း ကိုဆွေဝင်းက ဗွီအိုအေကို ပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် (မန်းမဘသ) အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေကနေ မန္တလေး မဟာအောင်မြေ အမှတ် (၇)ရဲစခန်းမှာ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို အမှုဖွင့် တိုင်ကြားခဲ့တာနဲ့ပတ်သက်ပြီး ရဲစခန်းတာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဖွင့်သွားတဲ့သူက ဦးကျော်မျိုးရွှေပါခင်ဗျ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ဖွင့်ပါတယ်ခင်ဗျ။ ကိုကျော်မျိုးရွှေက သူရဲ့ ဖေ့စ်ဘုတ်ခ်အကောင့်ကို ဖွင့်ကြည့်လိုက်ပါတယ်။ ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ Ba Kaung အကောင့်သုံးစွဲသူ Myanmar Now သတင်းစာဂျာနယ် သတင်းထောက် ဦးဆွေဝင်းက ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ရက်စွဲနဲ့ တင်လိုက်တာက “ရွေးကောက်ပွဲအပြီး အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ” ဆိုပြီးတော့ ရေးလိုက်ပါတယ်ခင်ဗျ။ နောက် ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ မှာ ထပ်ရေးတာက “ဦးဝီရသူ ပါရာဇိက ကျပြီး ရဟန်းဘ၀ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှကျတာတော့ မဟုတ်လောက်ဘူး စတဲ့ စာသားတွေရေးလိုက်ပြီး ဆက်သွယ်ရေးကွန်ယက်ပေါ်ကို တင်လိုက်ပါတယ်။ အဲဒါကြောင့်မို့လို့ ရဲစခန်းကိုလာရောက်ပြီး တိုင်တန်းလို့ ကျနော်တို့က အမှုဖွင့်ပါတယ်ခင်ဗျာ။”

မေး။ ။ အခုအမှုဖွင့်လာပြီဆိုလို့ရှိရင် ဘာဆက်လုပ်ဖို့ရှိပါလဲရှင့်။

ဖြေ။ ။ အဲဒီရဲလုပ်ငန်းကတော့ အမှုစစ်တဲ့ လူအပေါ်မှာ မူတည်ပါတယ်။ အမှုစစ်တဲ့သူက လုပ်မှာပါခင်ဗျ။

မေး။ ။ ကိုဆွေဝင်းကိုရော ရဲစခန်းဘက်က အကြောင်းကြားပြီပြီးလာရှင့်။

ဖြေ။ ။ အဲဒါကတော့ ကျနော်က အမှုစစ်မဟုတ်တဲ့အတွက် အမှုစစ်ကို မေးမှ သိမှာပါခင်ဗျ။ ရဲလုပ်ငန်းမပြီးသေးတဲ့အတွက် ကျနော်မသိရသေးဘူးခင်ဗျ။

မန္တလေးရဲစခန်းဘက်က အခုချိန်ထိ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားတာမျိုးမရှိပေမယ့် အမှုဖွင့်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး သူသိရှိထားတဲ့အချက်တွေကို ကိုဆွေဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရဲတပ်ဖွဲ့က ကျနော့်ကို တိုက်ရိုက်တရားဝင်လာပြီး အကြောင်းကြားတာ မရှိသေးဘူး အခုချိန်ထိလေ။ ဒါပေမဲ့ ကျနော်တို့ရုံးအဖွဲ့ တယောက်ကနေပြီး မန္တလေးရဲစခန်းက တာဝန်မှူးတယောက်ကိုဆက်တော့ သူကနေ အတည်ပြုတယ်။ ဟုတ်တယ်။ သူကနေ အမှုဖွင့်လိုက်ပြီဆိုတဲ့အကြောင်း ပြောတယ်။ မဘသနဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်တယောက်ကပဲ အမှုဖွင့်တယ်။ ဖွင့်ရတဲ့ အကြောင်းရင်းကလည်း မဘသ ပြန်လာပြီ။ ဦးကိုနီလုပ်ကြံခံရမှု သတင်းစာရှင်းလင်းပွဲအပြီးနောက်ပိုင်းမှာ ပြည်သူလူထုကို ပြန်လည်ခြိမ်းခြောက်တဲ့ စကားတွေပြောဆိုလာတဲ့ အခြေအနေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ အင်တာဗျူးတွေလုပ်တော့ အဲဒီလုပ်တဲ့ သတင်းအင်တာဗျူးတွေကို ကျနော့် ဖေ့စ်ဘုတ်ခ်မှာ ရှယ်ပြီးတော့မှ မဘသ ပြန်လာပြီဆိုတဲ့ စကားလုံးနဲ့ ကျနော်တင်လိုက်တယ်။ အဲဒီအချက်ရယ်၊ နောက်တခါကျတော့ ဦးဝီရသူကနေပြီးတော့ ဦးကိုနီလုပ်ကြံသတ်ဖြတ်တဲ့သူတွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ပြောဆိုတာကို ကျနော်တို့က သတင်းရေးတယ်။ သတင်းရေးတဲ့အထဲမှာ ကျနော်တို့ အင်တာဗျူး ဘယ်သူ့ကို လုပ်လဲဆိုတော့- မန္တလေးမှာရှိတဲ့ ရွှေဝါရောင်ဆရာတော် ဦးစိန္တိတ ကို ကျနော်တို့ အင်တာဗျူးလုပ်တော့ ဆရာတော်ကနေ ဦးဝီရသူရဲ့ ပြောဆိုချက်က ရဟန်းဘ၀ကနေပြီးတော့ လုံးဝကုန်ဆုံးသွားစေတဲ့ ပြစ်မှုမျိုးဖြစ်ကြောင်း၊ ပါရာဇိက ကျပြီဆိုတဲ့အကြောင်း ဆရာတော်က မိန့်တယ်။ အဲဒီ မိန့်ကြားတဲ့အချက်ကို ကျနော်ကနေပြီးတော့ ကျနော့်သတင်းထဲမှာ ထည့်ရေးတယ်၊ ပြီးတော့ အဲဒီသတင်းကို ကျနော့် ဖေ့စ်ဘုတ်ခ်မှာ ပြန်ပြီးရှယ်တယ်။ ဦးဝီရသူ ပါရာဇိက ကျပြီ၊ ရဟန်းဘ၀ နိဌိတံသွားပြီ ဖြစ်ကြောင်းသိရပါတယ် ဆိုပြီး ကျနော်က ပြန်ရှယ်တာပါ။ ပထမပြောတဲ့ မဘသ ပြန်လာပြီဆိုတဲ့ စကားလုံးရယ်။ အဲဒီနှစ်ခုနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက်ကြောင့် ရဲစခန်းမှာ ၆၆ (ဃ) ဆက်သွယ်ရေးပုဒ်မ ဥပဒေနဲ့ ကျနော်ကိုအမှုဖွင့်တာကို ရဲစခန်းကနေ လက်ခံလိုက်တယ်ဆိုပြီး ကျနော်တို့ရုံးက ကျနော့်မိတ်ဆွေက ရဲစခန်းကို လှမ်းမေးတဲ့အခါမှာ သိရတယ်။

မေး။ ။ အခုလို ဆက်သွယ်ရေးပုဒ်မ နဲ့ တရားစွဲခံရတဲ့အပေါ်မှာ ကိုဆွေဝင်း ဘယ်လို သုံးသပ်လဲရှင့်။

“ဒါက ကျနော်တို့ ဘာနဲ့ သွားဆိုင်သလဲဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ သွားဆိုင်တာပေါ့ဗျာ။ တရားဥပဒေစိုးမိုးရေးက မခိုင်ခံဘူးဆိုလို့ရှိရင် ကျနော်တို့တွေက ခံရမှာပဲဗျ။ ရာဇ၀တ်မှုကို အားပေးအားမြှောက်ပြုလုပ်နေတဲ့သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘာတခုမှ အရေးယူခြင်းမရှိပဲ ဒီအခြေအနေဖြစ်စဉ်တွေအပေါ် သတင်းရေးသားနေတဲ့သူတွေအပေါ် အရေးယူမယ်ဆိုရင်တော့ တရားရေးမဏ္ဍိုင် ဘယ်လောက်ဆိုးရွားနေတယ်ဆိုတာကို အားလုံးကို ထပ်ပြီး မီးမှောင်ထိုးပြတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။”

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ အင်းဝ အပ်ချုပ်ဆိုင်က အိမ်ဖေါ်မိန်းကလေးနှစ်ဦး အနှိပ်စက်ခံရတဲ့ သတင်းကို ရေးသားဖေါ်ထုတ်နိုင်မှုကြောင့် ၂၀၁၆ခုနှစ် စက်တာဘာလ (၂၂)ရက်နေ့က နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခံခဲ့ရပါတယ်။ ဒါအပြင် ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာလည်း အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းဖေါ်ထုတ် ရေးသားမှုတွေကြောင့် သူ့ကို ပိုပြီး လူသိများလာခဲ့ပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လောက်ကိုင်မြို့ဝန်းကျင် တိုက်ပွဲဆက်ဖြစ်

$
0
0

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ဝန်းကျင်မှာ ဒီကနေ့ထိ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေဆဲရှိပြီး လက်နက်ကြီးကျည်တချို့ဟာ တရုတ်နိုင်ငံဘက်ကို ကျရောက် ပေါက်ကွဲတာတွေ ရှိနေပါတယ်။ လောက်ကိုင်မြို့ကနေ စစ်ရှောင်ဒုက္ခသည် ၂သောင်းလောက်ထိ တရုတ်နိုင်ငံဖက် တိမ်းရှောင်နေသလို မြန်မာပြည် အလယ်ပိုင်းက လာရောက်အလုပ်လုပ်ကိုင်သူတွေ ကတော့ လားရှိုးမြို့ကနေ နေရပ်ပြန်တာ အနည်းဆုံး ၁ထောင်ကျော်ဝန်းကျင်အထိရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနင်္လာနေ့ မနက်အစောပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲတွေဟာ လောက်ကိုင်မြို့မှာ ငြိမ်သက်ခဲ့ပေမယ့် ရန်လုံကျိုင်းနဲ့ နယ်စပ်တလျှောက်မှာ ဒီကနေ့ ပစ်ခတ်တာတွေ ဆက်လက်ဖြစ်ပွားနေဆဲရှိနေပါတယ်။

ဒီကနေ့ နယ်စပ်ဒေသမှာ ဖြစ်ပွားနေဆဲအခြေအနေကို တရုတ်နိုင်ငံဖက်ကို တိမ်းရှောင်နေသူ တဦးက အခုလို ပြောပါတယ်။

“အခုအထိက တိုက်တုန်းပဲ ၊ အမြောက်တွေလည်းကျတုန်းပဲ ရန်လုံကျိုင်းနဲ့ နယ်စပ်တလျှောက်မှာ တိုက်နေတာ။”

လက်နက်ကြီး ကျည်တချို့ဟာ တရုတ်နိုင်ငံနယ်နမိတ်အတွင်း ကျရောက်တာတွေရှိကြောင်းလည်း ဆက်ပြောပါတယ်။

“မြန်မာက ပစ်လာတဲ့ အလုံးပေါင်း ၁၀ လုံး-၂၀ လုံးလောက်ရှိပြီ ဒီတရုတ်ပြည်မှာ ၀င်ခဲ့ပါတယ်။ တခုတော့ မြန်မာ တောင်ယာခုတ်သမား ၁ ယောက်တောင်ထိသွားပြီ ၊ လက်မောင်းအောက်မှာ ထိသွားတယ်။ ၂ ယောက်ထိတယ် ၁ ယောက်ကတော့ တရုတ်အစိုးရက ကောင်းကောင်းမွန်မွန်သယ်သွားပြီးတော့ တရုတ်မှာ သွားကုပေးတာပေါ့နော်။”

တကျော့ပြန်ထပ်မံဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့က လူသောင်းနဲ့ချီပြီး တရုတ်နိုင်ငံဖက်ကိုတိမ်းရှောင်နေကြောင်းလည်း ပြောပါတယ်။

“၂ သောင်းကျော်ပြီပေါ့နော်၊ ကိုယ့်အသိအိမ်၊ ကိုယ့်အမျိုးအိမ်ရှိတဲ့လူတွေက သွားတည်း ကြတာပေါ့နော် ၊ အခု တရုတ်ပြည် ဒုက္ခသည်ထားတဲ့ နေရာတွေက ကောင်းမွန်စွာလုပ်ထားပါတယ်။ အခုလောလောဆယ်ကတော့ သောင်းဂဏန်းလောက်ရှိပြီပေါ့နော် ဒီမှာ ရောက်နေကြတာ။”

မြန်မာနိုင်ငံ မြေပြန့်ဒေသဖက်ကနေ လောက်ကိုင်မြို့ကို သွားရောက်အလုပ်လုပ်သူတွေကတော့ လားရှိုးကနေတဆင့် နေရပ်ရင်းကို ပြန်နေကြပြီး ဒီလို နေရပ်ပြန်သူတွေကို လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းကနေ ကူညီထောက်ပံ့ပေးနေပါတယ်။

လားရှိုးက နေရပ်ပြန်သွားသူတွေရဲ့ အခြေအနေကိုတော့ မန်ဆူကျောင်းက ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ ဦးမောင်မောင်သန်းက အခုလို ပြောပါတယ်။

“ခုနကပဲ ၀င်လာတာက ၁၀၀ ၀န်းကျင်လောက်ရှိတယ်ခင်ဗျ။ ၃ နာရီလောက်က ၀င်တာက ၁၀၀ ၀န်းကျင်လောက်ရှိတယ်။ အခု နောက်ထပ် ၂ နာရီအကြာမှာ ရောက်မှာက ၄၀၀ ၀န်းကျင်လောက်ရှိမယ်။ အကြမ်းဖျဉ်းပြောရင်တော့ ၁၂၀၀ ၀န်းကျင်လောက်တော့ရှိတယ်ခင်ဗျ။ ဒီကျောင်းထဲဝင်ပြီး ဖြတ်သွားတာ ကျနော်တို့ စာရင်းမယူတာကတော့ ၁၀၀ ကျော်ရှိတယ်ခင်ဗျ။ သူတို့က ကားနဲ့ မန္တလေးသွားမှာဆိုတော့ ကျနော်တို့ ထမင်းတွေကျွေးလိုက်တယ် အဲဒါ ၁၀၀ ကျော်ရှိတယ်ခင်ဗျ ။ မနေ့ကဆိုရင် ၁၀ နာရီနောက်ပိုင်းမှ ၀င်တာ ၄၀၀ လောက်ရှိတယ် ၁၀ နာရီနောက်ပိုင်း ညသန်းခေါင်အထိ ၀င်တာ။”

တချို့နေရပ်ပြန်သူတွေဟာ မန်ဆူဘုန်းတော်ကြီးကျောင်းကို မ၀င်ဘဲ မြို့အတွင်းက တည်းခိုခန်းတွေကနေတဆင့် ပြန်တာတွေလည်း ရှိကြောင်း၊ ဒီလို ပြန်နေသူတွေဟာလည်း ၁ထောင် ကျော်လောက် ရှိနိုင်ကြောင်း ပြောပါတယ်။

ဒီကနေ့မှာတော့ လောက်ကိုင်ကနေ နေရပ်ပြန်သူတွေကို ဌာနဆိုင်ရာတွေကပါ လာရောက် ကူညီပေးနေကြောင်းလည်း အခုလို ပြောပါတယ်။

“အခုတော့ လူကယ်ပြန်လည်း တော်တော်လေး လာကူပေးနေပါတယ်။ လူကယ်ပြန်လည်းကူညီတယ် ထွေအုပ်ကလည်း ပူးပေါင်းကူညီနေပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ အဆင်ပြေပါတယ် စစ်တပ်ကလည်း ဒီမှာ နေရာထိုင်ခင်းယူပြီး ကျပ်မှတ်ပြီးကုသပေးနေပါတယ် လူနာပါလာရင်။ နောက် ဒေသန္တရ ကျန်းမာရေးဌာနကနေပြီးတော့လည်း အစိုးရဘက်ကလည်း သူတို့လာထိုင်ပြီးကုသပေးနေတယ်။ နောက်အခုတဖွဲ့ဒီနေ့ညနေရောက်တာ ကြက်ခြေနီတဖွဲ့ပါ သူတို့က ဆွေမျိုးတွေချိတ်ဆက်ပေးဖို့ ၊ ကွဲနေတဲ့ ဆွေမျိုးတွေ ကိုဆက်သွယ်ပေးဖို့လုပ်မယ်ဆိုပြီး ခုနက ကျနော်နေရာချထားပေးပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလမှာလည်း လောက်ကိုင်မြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီအချိန်က လောက်ကိုင်မြို့ကနေ တိမ်းရှောင်ထွက်ပြေးရသူပေါင်း အနည်းဆုံး ၇သောင်းကျော်လောက်ရှိခဲ့သလို လောက်ကိုင်မြို့ကိုလည်း စစ်အုပ်ချုပ်ရေးကြေညာခဲ့ရပါတယ်။ ၂၀၀၉ခုနှစ်က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာတော့ ဒုက္ခသည် ၃သောင်းကျော်လောက် တရုတ်နိုင်ငံဖက်ကို တိမ်းရှောင်ခဲ့ပါတယ်။

ကိုမိုးဇော်
VOA Burmese News
Viewing all 32865 articles
Browse latest View live