Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

မြန်မာတပ်တွေ ကျူးကျော်တယ်လို့ အိန္ဒိယဒေသခံတွေ စွပ်စွဲ

$
0
0


အိန္ဒိယ-မြန်မာနယ်စပ်
မြန်မာနဲ့ နယ်စပ် အိန္ဒိယ နိုင်ငံ မဏိပူ ပြည်နယ်ထဲက ကျေးရွာတခုကို မြန်မာ့ တပ်မတော်က ကျူးကျော် ၀င်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး အိန္ဒိယ အစိုးရက အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာ စစ်တပ်က ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က မဏိပူ ပြည်နယ် Tengnoupal က Holenphai ရွာထဲကို ၀င်ရောက်ခဲ့ပြီး လွှစက် တခုကို မီးရှိုပြီး စက်ပစ္စည်းတွေ အားလုံးကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုကြတာကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားပါတယ်။မြန်မာ စစ်တပ်တွေ ၀င်ရောက်ခဲ့တယ်လို့ ပြောဆိုပြီး လုံခြုံရေး တပ်ဖွဲ့တွေ ချထားပေးဖို့ Lhangcham နဲ့ Holenphai ရွာတွေက ဒေသခံတွေ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဆန္ဒပြခဲ့ကြပါတယ်။ နယ်စပ်ဒေသမှာ နေထိုင်သူတွေ အနှောင့်အယှက် ကင်းကင်းနဲ့ လုံခြုံ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် အိန္ဒိယ အာဏာပိုင်တွေဘက်က ဆောင်ရွက်ပေးဖို့ Holenphai ရွာရဲ့ အကြီးအကဲ Haokip ကတောင်းဆိုပါတယ်။

"ကျနော်တို့က အိန္ဒိယ နိုင်ငံတွင်း ငြိမ်းချမ်းစွာ နေလိုပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ လုံခြုံမှု မရှိပါဘူး။ ကျနော်တို့ မြန်မာ စစ်တပ်ကို ကြောက်နေ ရပါတယ်" လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

လယ်ကွင်းတွေ၊ ရေကန်ကြီးတွေနဲ့ စိမ်းလန်းတဲ့ တောတောင်တွေကြောင့် အိန္ဒိယရဲ့ ရတနာလို့ တင်စားခေါ်ကြတဲ့ မဏိပူ ပြည်နယ်ကတော့ ဆယ်စုနှစ်တွေနဲ့ချီပြီး တိုက်ပွဲလေးတွေ ဖြစ်နေတာပါ။ သူပုန်တွေက မြန်မာဘက်ကို အကာအကွယ်ပြု နေထိုင်နေကြသလို မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ နယ်စပ်ကို ဖြတ်ပြီး ၀င်ရောက်ရာ အဖြစ်လည်း အာဏာပိုင်တို့က စွပ်စွဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပိုမိုပြင်းထန်တဲ့ အမူအယာမျိုးနဲ့ တုံ့ပြန်သွားမယ်လို့ ဉီးဝီရသူ ပြောကြား

$
0
0


ဆရာတော်ဉီးဝီရသူ
မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်ကနာယက အဖွဲ့ဝင်ဆရာတော် ဉီးဝိစိတ္တာဘိဝံသခေါ် ဉီးဝီရသူကို ဘာသာတခုနဲ့တခုကြား အမုန်းတရား ပွားများပြီး ဘာသာရေး အဓိကရုန်းဖြစ်အောင် ဟောပြောမှု နိုင်ငံရေး ဘက်လိုက် ဝေဖန်မှုစတဲ့ လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့က တတိုင်းပြည်လုံး တရားဟောခွင့်ကို တနှစ်ပိတ်ပင်လိုက်ပါတယ်။

ဒီလိုပိတ်ပင်တာနဲ့ ပတ်သက်လို့ အရင်တုန်းကဆို မဟနအနေနဲ့ခေါ်ယူသတိပေးတာ ခံဝန်ချက် လက်မှတ်ထိုးခိုင်းတာ စာထုတ်တာတွေ အဆင့်ဆင့်လုပ်ပြီးမှ နောက်ဆုံးအဆင့် တရားဟောတာ ပိတ်ပင်လေ့ရှိကြောင်း အခုတော့ အဆင့်ဆင့် သတိမပေးပဲလုပ်တာဟာ ဧရာဝတီတိုင်း အစိုးရနဲ့ သာသနာရေး ဝန်ကြီးဌာနတို့ ပေါင်းပြီး ဆရာတော်ကြီးတွေကို အတင်း လက်မှတ်ရေးထိုး အမိန့်ထုတ်အောင် လုပ်သွားတာ လို့ ဉီးဝီရသူက ဘီဘီစီကို ပြောပါတယ်။

အိမ်မဲမြို့နယ်မှာ တရားပွဲမိန့်ရပြီးသားဖြစ်လို့ ဒကာဒကာမတွေ အဖူးမျှော်ခံတာဖြစ်ပြီး ဝစီပိတ် လုပ်ထားတာကတော့ မဟနဆရာတော်တွေရဲ့ အမိန့်ကို လိုက်နာတယ်ဆိုတာ ပြသတာဖြစ်ကြောင်း ပြောပါတယ်။

အခု ခွင့်ပြုမိန့်ရ ပြီးတရားပွဲတွေနဲ့ပတ်သက်လို့ အခုလိုပဲ လိုလိုလားလားရှိတဲ့ ပွဲတွေမှာ ဝစီပိတ် တရားဟောသွားမှာဖြစ်ပြီး ဒီထက်ဖိနှိပ်တာတွေ လုပ်လာရင် ပိုပြင်းထန်တဲ့အမူအယာတွေနဲ့ ခုခံကာကွယ်သွားမယ်လို့ ပြောပါတယ်။

အခုလို ဟောပြောတာဟာ အခြားဘာသာတွေကို တိုက်ခိုက်တာမျိုးမဟုတ်ပဲ ကိုယ့်ဘာသာကို ကာကွယ် စောင့်ရှောက်တာဖြစ်ကြောင်း တကယ်လို့ အရေးယူမယ်ဆိုရင်လည်း ဘယ်ဥပဒေနဲ့အရေးယူမယ်ဆိုတာ သိလိုကြောင်းပြောကြားသွားပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပထမဆုံး အာရှခရီးစဉ်

$
0
0


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဒီသီတင်းပတ်ထဲမှာပဲ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို အမေရိကန် ထိပ်တန်း သံတမန်တဦး အနေနဲ့ ပထမဆုံး အကြိမ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကနေ ဒေသတွင်းသာမက ကမ္ဘာကြီး အတွက်ပါ ခြိမ်းခြောက်မှု ရှိနေတဲ့ မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီယားနဲ့ စစ်ရေးဆိုင်ရာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်တွေ ရှာဖွေနိုင်ဖို့ပါ ဝန်ကြီး Tiller က မျှော်လင့်ထားတာပါ။

ဂျပန်နိုင်ငံမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ အစမ်းလေ့ကျင့်တာဖြစ်နိုင်တဲ့ ဒီလထဲ မြောက်ကိုရီးယားရဲ့ ဂျပန်ပင်လယ်ထဲ ဒုံးကျည်အများအပြား ပစ်လွှတ်မှုလို စိန်ခေါ်တဲ့ လုပ်ရပ်တွေကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un နဲ့ရော တခြား မြောက်ကိုရီးယား အရာရှိတွေနဲ့ပါ တိုက်ရိုက်ဆွေးနွေးပြောဆိုဖို့ စဉ်းစားမှုကို ရွှေ့ဆိုင်းလိုက်တာ လို့ အမေရိကန်အစိုးရက ပြောပါတယ်။

တောင်ကိုရီးယားမှာ သမ္မတကို ရာထူးကဖယ်ရှားဖို့ မကြာသေးခင်ကမှ ဆုံးဖြတ်ခဲ့တာအပြင် တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်က အငြင်းပွါးဖွယ် ဒုံးခွင်းဒုံးစံနစ် တပ်ဆင်တာအတွက် တရုတ်ကဒေါသထွက်နေပြီး တောင်ကိုရီးယား နဲ့ တရုတ်တို့ကြား ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေနေ တရပ်ပေါ်ပေါက်နေတာကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အဲဒီနိုင်ငံတွေမှာ ပြုလုပ်မယ့် ဆွေးနွေးမှုတွေကို အနှောက်အယှက် ဖြစ်စေမယ့် အနေထားပါ။

တောင်ကိုရီးယား သမ္မတ Park Guen-hye ရာထူးကနေ အဖယ်ရှား ခံခဲ့ရတဲ့နောက် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ အသစ် ကျင်းပဖို့ လုပ်နေတဲ့ ယာယီသမ္မတ တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် Hwang Kyo-ahn ကိုလည်း ဝန်ကြီး Tillerson က ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဝန်ကြီး Tillerson ဟာ တောင်ကိုရီးယား အတိုက်အခံတွေနဲ့တော့ တွေ့ဆုံမှာ မဟုတ်ပါဘူး။

တရုတ်နိုင်ငံမှာတော့ ဝန်ကြီး Tillerson ဟာ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံဖို့ ရှိပြီး သူ့ရဲ့ တရုတ်နိုင်ငံခရီးမှာ အဓိက လုပ်ဆောင်မှာက ဒီနှစ်နှောင်းပိုင်းလောက် အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ မျှော်လင့်ထားတဲ့ တရုတ်သမ္မတရဲ့ ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်မှု တွေ လုပ်ဖို့ ဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ တရုတ်ဘက်က နိုင်ငံတကာဥပဒေတွေ လေးစားလိုက်နာမှု ရှိစေဖို့နဲ့ ၂ နိုင်ငံ ကုန်သွယ်ရေးမှာ မျှတမှု ရှိစေဖို့ လိုလားနေတာနဲ့ တချိန်ထဲမှာပဲ တရုတ်နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကိုပါ လုပ်ဆောင်ဖို့ အမေရိကန်ဘက်က လိုလားနေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ထိုင်း ရုပ်သံဇာတ်လမ်းတွဲကို သီပေါမင်း အနွယ်တော်တွေ မကျေနပ်

$
0
0

ထိုင်းနိုင်ငံမှာ ပြသနေတဲ့ ရုပ်သံ ဇာတ်လမ်းတွဲတစ်ခုဟာ မြန်မာ့ နောက်ဆုံး ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်း လက်ထက် သွေးထွက်သံယို နန်းတွင်းနိုင်ငံရေးအာဏာလုပွဲ ဖြစ်ရပ်တွေကိုယူပြီး အဆိုးမြင်သဘော ရိုက်ကူးထားတဲ့အတွက် သီပေါမင်းရဲ့ အဆက်အနွယ်တော်တွေ မကျေနပ်ကြကြောင်း AFP သတင်းက ဖေါ်ပြပါတာယ်။

ထိုင်းဘာသာနဲ့ ‘ပီလရမ် ဖရာနမ်’၊ အင်္ဂလိပ်ဘာသာနဲ့ ‘A Lady's Flames’ အမည်ရှိတဲ့ အဲဒီဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ် နန်းတွင်းမင်းဆက်တစ်ခုအကြောင်း ရိုက်ကူးထားတယ် လို့ဆိုပေမဲ့၊ ၁၉ ရာစု မြန်မာ့ နောက်ဆုံး မင်းဆက်ရဲ့ နောက်ဆုံးနေ့တွေအကြောင်း ဆိုတာထင်ရှားတယ်လို့ သီပေါဘုရင်ရဲ့ မြစ်တော်စပ်သူ ဦးစိန်ဝင်း က ပြောဆိုကြောင်းလည်း သတင်းမှာ ဖေါ်ပြပါတယ်။

အဲဒီ ရုပ်သံဇာတ်လမ်းမှာ ကုန်းဘောင်ခေတ် နောက်ဆုံးပိုင်း နန်းတွင်းမှာ ဆင်ဖြူမရှင် တန်ခိုးထက်လာပုံ၊ သီပေါမင်းသား ဘုရင်ဖြစ်ရေးအတွက် မင်းညီမင်းသား တစ်ရာနီးပါး သတ်ဖြတ်ခံရပုံတွေ ပါဝင်နေဟာ မြန်မာသမိုင်းဖြစ်ရပ်တွေနဲ့ အတူတူဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် ဘုရင့်မိသားစုဝင်တွေဟာ တစ်ယောက်ကိုတစ်ယောက် ပါးရိုက်ကြတဲ့အခန်းတွေ ပါဝင်နေလို့၊ အရိုင်းအစိုင်းတွေအဖြစ် ပုံဖေါ်ထားတယ်လို့လည်း ဦးစိန်ဝင်းက ပြောပါတယ်။

ဒီဇာတ်လမ်းအတွက် မိမိတို့အနွယ်တော်ဝင်တွေ စိတ်ဆိုးဒေါသဖြစ်ရကြောင်း၊ မိမိတို့ မြန်မာရုပ်ရှင် ကုမ္ပဏီတစ်ခုက ထိုင်းနိုင်ငံနဲပပတ်သက်ပြီး အလားတူ ရုပ်ရှင်မျိုး ရိုက်ကူးမယ်ဆိုရင် လက်ခံနိုင်မလားလို့ မေးချင်ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဘက်က တစ်စုံတရာ မဆောင်ရွက်ဘူးဆိုရင် ထိုင်းဘုရင့်မိသားစုကို အကူအညီတောင်းခံမှာဖြစ်ကြောင်း ဦးစိန်ဝင်းက AFP သတင်းကို ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်နဲ့ မိသားစုကို သရော်ပြောင်လှောင်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သ၀ဏ်လွှာပေးပို့

$
0
0

၁၉၈၈ခုနှစ် မတ် ၁၃ ရက်တွင် ကျဆုံးခဲ့သော စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့၏ ၂၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို မတ် ၁၃ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ကြို့ကုန်းရှိ ရန်ကုန်နည်းပညာတက္ကသိုလ်စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံကပေးပို့သောသ၀ဏ်လွှာတွင် မြန်မာပြည်၏ အပြောင်းအလဲများသည် မတ်လမှ အစပြုကာ ဖြစ်ပေါ်လေ့ရှိပြီး ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးမှုသည်လည်း မတ်လ၏ သမိုင်းမှတ်တမ်းတစ်ခုဖြစ်ကြောင်း၊ အငြင်းပွားမှုကို လက်နက်ဖြင့် ဖြေရှင်းကြခြင်းကြောင့် ၀မ်းနည်းဖွယ်အဖြစ်ဆိုးမျိုးကို ကျောင်းသားထုနှင့် ပြည်သူလူထု ကြုံဆုံခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ကျဆုံးခဲ့ရခြင်းသည် အထွေထွေအကျပ်အတည်းကြောင့် အပြောင်းအလဲလိုလားနေသူ ပြည်သူများကို တပ်လှန့်သလိုဖြစ်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန် အချိန်တန်ကြောင်း၊ စတင်လျှောက်လှမ်းရန် အချိန်ကျပြီဟု ပြည်သူလူထုတရပ်လုံးကို အသိပေးနှိုးဆော်ခဲ့ကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။


ထို့အပြင် ဒီနေ့ဒီအချိန်တွင် ထိုအဖြစ်ဆိုးမျိုးကို မမေ့မလျော့ကျင်းပခြင်းသည် အတိတ်၏ သမိုင်းဒဏ်ချက်အတွင်း ပိတ်လှောင်နေရန်မဟုတ်ကြောင်း၊ သမိုင်းသင်ခန်းစာယူပြီး နောင်တွင် အခုလိုမျိုး ထပ်မံမကြုံတွေ့ရအောင် မည်ကဲ့သို့ဆောင်ရွက်မည်၊ မည်ကဲ့သို့ ရင်ဆိုင်ကျော်လွှားပြီး အနာဂတ်အတွက် ကောင်းအောင်ဖန်တီးမည်ဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံအတွက် အနစ်နာခံ၊ အထိခိုက်ခံခဲ့သော အာဇာနည်များကို လွမ်းဆွတ်တန်ဖိုးထားသောအားဖြင့် ငြိမ်းချမ်းသောလူ့ဘောင်နှင့် ဒီမိုကရေစီပန်းတိုင်ကို အမှန်တကယ်ရောက်သည်အထိ ချီတက်သွားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။

News Watch
https://www.facebook.com/NewsWatchJournal/

ကျော်မျိုးရွှေကို အမှုဖွင့်

$
0
0

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အင်တာနက်ပေါ်မှာ ပုတ်ခတ်ရေးသားမှုနဲ့ မန္တလေးမြို.မှာနေထိုင်နေတဲ့ ကိုကျော်မျိုးရွှေကို ရန်ကုန်မြို. စမ်းချောင်းမှာနေထိုင်တဲ့ ဒေါ်မြမြဌေးက တရားလိုလုပ်ပြီး စမ်းချောင်းရဲစခန်းမှာ မတ်လ ၈ ရက်နေ့အမှုဖွင့်ခဲ့ပါတယ်။

စမ်းချောင်းရဲစခန်းက ရဲဝန်ထမ်းအချို.က ကိုကျော်မျိုးရွှေနေထိုင်ရာ မန္တလေး မဟာအောင်မြေမြို.နယ် အမှတ် ၇ ရဲစခန်းကို ယနေ့မနက် ရောက်ရှိပြီး ကျော်မျိုးရွှေကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

"ဗလောင်းဗလဲတတ်တဲ့ ခင်ဗျားတို့ အစိုးရအဖွဲ့နဲ့ အကိုက်ညီဆုံးအလုပ်ကလေ ယဉ်ယဉ်ကျေးကျေး ပြောရရင် ဇိမ်ခန်းထောင်တဲ့အလုပ်ပဲ" ဆိုပြီး ကိုကျော်မျိုးရွှေက သူ့အကောင်မှာ ဒီလ ၃ ရက်နေ့က ရေးသားခဲ့ကြောင်း တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။

ကိုကျော်မျိုးရွှေဟာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ဆရာတော် ဦးဝီရသူရဲ့ နောက်လိုက်တစ်ဦးဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့အပတ်က Myanmar Now သတင်းဌာနက ကိုဆွေဝင်းကို ဦးဝီရသူရဲ့ဂုဏ်သိက္ခာ ညိုးနွမ်းစေမှုအရေးအသားများ လူမှုကွန်ရက်ဖေ့ဘွတ်ပေါ်မှာ ဖြန့်ချိတယ်လို့ စွပ်စွဲပြီး မန္တလေး အမှတ် ၇ ရဲစခန်းမှာပဲ အမှုဖွင့် တိုင်ကြားခဲ့သူဖြစ်ပါတယ်။

ကိုကျော်မျိုးရွှေကို အမှုဖွင့်တိုင်ကြားခဲ့သူ ဒေါ်မြမြဌေးကတော့ ဒီလို ဆောင်ရွက်ရခြင်းဟာ ကိုဆွေဝင်း အမှုဖွင့်ခံရလို့ လက်တုံ့ပြန်တာမဟုတ်ဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တိုက်ခိုက်တဲ့ အရေးအသားတွေ ပြုလုပ်ထားတာ တွေ့ရှိခဲ့ခြင်းကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်မြမြဌေးတို့ ရဲ့ တရားဥပဒေစိုးမိုးရေးကွန်ရက်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့ဘွတ်ပေါ်မှာ အသရေဖျက်ရေးသားခဲ့တဲ့ ငဖာ ခေါ် ဇော်ဇော်ကို မနှစ်က အမှုဖွင့် တိုင်ကြားခဲ့ပါသေးတယ်။ တရားရုံးက ကိုဇော်ဇော်ကို ထောင် ၆ လ အမိန့်ချမှတ်ခဲ့ပါတယ်။

Myanmar Now
https://www.facebook.com/myanmarnownews/

မလေးရှားက ISအဖွဲ့ နှင့် ဆက်စပ်နေသည့် ဖိလစ်ပိုင် ငါးဦးအား ဖမ်းဆီး

$
0
0


ISအကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသူတစ်ဦးအား မလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးလာစဉ် (ဓါတ်ပုံ-အင်တာနက်)
    ကွာလာလမ်ပူ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

    မလေးရှားရဲတပ်ဖွဲ့က IS စစ်သွေးကြွအုပ်စု နှင့် ဆက်စပ်နေသည့် ဖိလစ်ပိုင်လူမျိုး ငါးဦး နှင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဝန်ထမ်း တစ်ဦးအပါအဝင် သံသယရှိသူ ၇ဦးအား မတ်လ ၁၃ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖမ်းဆီးထားသည့် သံသယရှိသူ ဖိလစ်ပိုင်လူမျိုး ငါးဦးသည် မလေးရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထား သူများဖြစ်ပြီးယင်းတို့သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ISစစ်သွေးကြွများ နှင့် ဆက်သွယ်ကာ အကြမ်းဖက်အုပ်စု အတွက် လူစုဆောင်းပေးနေသော မလေးရှားနိုင်ငံသား တရားခံပြေးများဖြစ်သည့် Dr. Mahmud Ahmad နှင့် Mohamad Joraimee Awang Raimme တို့အား ငွေကြေးများထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အခြားသံသယရှိသူ နှစ်ဦး သည် အင်ဒိုနီးရှားနိုင်ငံသား စစ်သွေးကြွ သုံးဦးကို မလေးရှားနိုင်ငံ ဆာဗားပြည်နယ်မှ တစ်ဆင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း သို့ ပို့ဆောင်ရာတွင် အကူအညီပေးခဲ့သည်ဟု ယူဆရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထားသော လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းသည် အကြမ်းသမားများစွာအား တရားဝင်အထောက်အထားမရှိဘဲ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းသို့ သွားရောက်ရန် စီစဉ်ကူညီပေးခဲ့သည်ဟု ယုံကြည်ကြသည်။

အဆိုပါ တရားခံများအား မတ်လ ၈ ရက် နှင့် ၁၂ရက်အတွင်း ဆာဗား ပြည်နယ် နှင့် ဆီလန်ဂေါ ပြည်နယ် ၌ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးများအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်အစိုးရ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နေသည့် အဘူဆေးယက် ဂျီဟတ်အုပ်စု ကြီးစိုးနေသော ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း နှင့် ဆာဗား ပြည်နယ်အကြား စစ်သွေးကြွများ နှင့် ချိတ်ဆက်နေမှုများအား ရဲတပ်ဖွဲ့ကဖော်ထုတ်နိုင်ခဲ့ခြင်းသည် ပထမဆုံးမဟုတ်တော့ကြောင်း သိရသည်။

မလေးရှားနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီလ၌ အဖွဲ့ဝင်လေးဦးပါဝင်သော အကြမ်းဖက်အုပ်စုငယ်တစ်ခုအား ဖြိုခွဲခဲ့ပြီး ယင်းအုပ်စုသည် မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ IS စစ်သွေးကြွများနှင့် ဆက်စပ်နေသော အကြမ်းဖက်သမားလူသစ်များကို ဖိလစ်ပိုင်နိုင်ငံ မာရဝီ မြို့ သို့ မလေးရှားနိုင်ငံ ဆာဗားမှတဆင့် ပို့ဆောင်ပေးရာတွင် ကူညီပေးနေကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com

အနုပညာရှင်တွေ အခွန်ရှောင် နေကြသလား

$
0
0


၂၀၁၆ ခုနှစ် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှ ဆုရရှိတဲ့ အနုပညာရှင်များ
လာမယ့် မတ်လ ၁၈ ရက်နေ့ဆိုရင် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ ကျင်းပပါတော့မယ်။ အကယ်ဒမီ ပေးပွဲ မတိုင်ခင် ရုပ်ရှင်လောကသားတွေအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတဲ့ ပြသနာတစ်ခုကတော့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်တွင်း အခွန်ဦးစီးဌာနကနေ အစိုးရပိုင် သတင်းစာတွေကနေ တဆင့် အခွန်ဆောင်တဲ့ ရုပ်ရှင်အနုပညာရှင် စာရင်း ထုတ်ပြန်လိုက်တဲ့ ကိစ္စပါ။ ကြေငြာချက်မှာ ၂၀၁၆-၁၇ ခုနှစ် အတွက် ၀င်ငွေခွန်ဆောင်ထားသူ စာရင်းမှာ အနုပညာရှင် ၁၉ ယောက်ပဲ ပါဝင်နေတာ တွေ့ရပါတယ်။ ဒီအထဲ ဆောင်ထားတဲ့ အခွန်ငွေကလည်း အဲဒီ အနုပညာရှင်တွေ ရတဲ့ ၀င်ငွေနဲ့ နှိုင်းယှဉ်ရင် မဆိုစလောက် ပမာဏ လောက်ပဲ ဖြစ်နေတာမို့ ပြည်သူတွေကြား ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။ တစ်ပြိုင်နက်တည်း အခွန်ဆောင် စာရင်းမှာ မပါတဲ့ အနုပညာရှင်တစ်ချို့ကလည်း အခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မကုန်သေးဘူး၊ ခါတိုင်း သူတို့ အခွန်ဆောင်ပါတယ်၊ အခုလည်း ဆောင်မှာပါ၊ ခုလို ဘဏ္ဍာနှစ် မကုန်ခင် ကြေငြာတာဟာ အခွန်ဌာနက မရိုးသားဘူး စသဖြင့် ဝေဖန်ကြတာတွေလည်း ရှိလာပါတယ်။ အနုပညာရှင်တွေ အခွန်ဆောင်သင့်သလား၊ အနုပညာရှင်တွေ အခွန်ဆောင်တာ မဆောင်တာဟာ တိုင်းပြည် အတွက် ဘယ်လောက် အရေးကြီးလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေးသုံးသပ်ကြည့်ကြရအောင်။

ပြည်တွင်းအခွန်က ထုတ်ပြန်တဲ့ စာရင်းမှာ ပြေတီဦး၊ နေတိုး၊ ဖွေးဖွေးနဲ့ ခန့်စည်သူတို့ဟာ တစ်နှစ်စာအတွက် အခွန်ငွေကျပ်သိန်း(၂၀)ကျော်ကနေ သိန်း(၅၀)အထိပေးသွင်းခဲ့ကြပြီး အခွန်အများဆုံးပေးဆောင်သူအနုပညာရှင်တွေဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဇေရဲထက်တို့က ငွေကျပ်(၁၀)သိန်းကျော်ကနေ သိန်း(၂၀)၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ချစ်သုဝေ၊ မေသန်းနုနဲ့ နေမင်းတို့က ငွေကျပ်(၃)သိန်းကနေ(၁၀)သိန်း၊ နေမျိုးအောင်၊ ချစ်စနိုးဦး၊ ရန်အောင်၊ ဝါဝါအောင်နဲ့ နေထူးနိုင်တို့က ငွေကျပ်(၁)သိန်းကျော်ကနေ(၃)သိန်း၊ ဂွမ်းပုံကြီး၊ အရိုင်းနဲ့ ဦးဝင်းမြိုင်တို့က ငွေကျပ်(၁)သိန်းအောက်တို့ကိုပေးဆောင်ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခွန်အကောက် ဥပဒေအရ ပြည်တွင်းအခွန်ဦးစီးဌာနဟာ အခွန်ထမ်း ပြည်သူတစ်ယောက် ဘယ်လောက် အခွန်ဆောင်ထားတယ် ဆိုတဲ့ ပမာဏ အတိအကျ ထုတ်ပြန်ပြောဆိုခွင့် မရှိပါဘူး။ ဒါကြောင့် အခွန်ပမာဏ ဘယ်လောက်ကနေ ဘယ်လောက်ကြား အခွန်ထမ်းဆောင်သူတွေ အဖြစ်၊ အကြမ်းဖျဉ်းလောက်ပဲ ဖော်ပြနိုင်တာ ဖြစ်ပါတယ်။ အနုပညာရှင်တွေ အခွန်ဆောင်ထားတဲ့ငွေတွေ များသလား၊ နည်းနေသလား တွက်ချက်ကြည့်ကြရအောင်ပါ။

၂၀၁၆ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေမှာ တစ်နှစ် ၀င်ငွေ ကျပ် သိန်း ၂၀ အောက်ကို အခွန်ကင်းလွတ်ခွင့်ပြုထားပါတယ်။ တစ်နှစ် ၀င်ငွေ သိန်း ၂၀ကျော်ကနေ ၅၀ ကြားကို အခွန် ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ ကျော်ကနေ သိန်း ၁၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ကျော်ကနေ သိန်း ၂၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၂၀၀ကျော်ကနေ သိန်း ၃၀၀ အထိ ၂၀ ရာခိုင်နှုန်းနဲ့ သိန်း ၃၀၀ အထက်ကို ၂၅ ရာခိုင်နှုန်းကောက်ဖို့ ပြဌာန်းထားပါတယ်။ ပြဌာန်းချက်အရ ဆိုရင် အခွန်အများဆုံး ထမ်းဆောင်ပါတယ် ဆိုတဲ့ ပြေတီဦး၊ နေတိုး၊ ဖွေးဖွေးနဲ့ ခန့်စည်သူတို့ ကိုယ်တိုင်ပင်လျင် တစ်နှစ်လုံးနေမှ ကျပ် သိန်း ၄၅၀ လောက်ပဲ ၀င်ငွေရှိတယ်လို့ ပြောဆိုထားပုံ ပေါက်ပါတယ်။ အကြောင်းကတော့ အခွန်တွက်ချက်မှု စနစ်အရ အချက်အလက်တွေ ပြည့်စုံရင် သက်သာခွင့်ပေါင်းစုံ ကျပ် သိန်း ၂၀၀ လောက်ရနိုင်ပြီး ကျန်တဲ့ကျပ် သိန်း ၂၅၀ အပေါ်လောက်မှာပဲ အခွန် ၂၀ ရာခိုင်နှုန်း ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါမှ အခွန် ကျပ် သိန်း ၅၀ ကျသင့်မှာပါ။ အဲဒီ ထိပ်တန်း အခွန်ဆောင်တဲ့ အနုပညာရှင် ၄ ယောက်ဟာ ကျပ် သိန်း ၂၀ကနေ ၅၀အကြား ဆောင်တာဆိုတော့ အဲဒီ ကျပ် သိန်း ၄၅၀ ပမာဏ ထက်နည်းတဲ့ ၀င်ငွေပဲ ရပါတယ်လို့ ပြောဆိုထားတဲ့ အဓိပ္ပါယ် ထွက်ပါတယ်။

တကယ့်လက်တွေ့ အခြေအနေအရ ဆိုရင် အဲဒီနာမည်ကြီး မင်းသား မင်းသမီးတွေဟာ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ရင် ကျပ်သိန်း ၂၀၀ကနေ ၂၅၀၊ ဗီဒီယို တစ်ကားရိုက်ရင် ကျပ် သိန်း ၁၀၀ ကနေ ၁၅၀ ရနေကြတာပါ။ ၀င်ငွေ အလွန်ကောင်းပြီး အလွန်ချမ်းသာကြတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နည်းများမဟူ ဒီမိုကရေစီ အစိုးရခေတ်မှာ အခွန်ဆောင်တယ် ဆိုရင်ပဲ သူတို့ကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ သူတို့ထက် ပိုဆိုးတာက အခွန်လုံးဝ မဆောင်တဲ့ အခြား အနုပညာရှင်တွေပါ။ ဒီ စာရင်းထဲမှာ မပါဘူး ဆိုကတည်းက တစ်နှစ် ကျပ် တစ်သိန်းအောက်၊ တစ်နည်း တစ်လကိုမှ ကျပ်ငွေ ထောင်ဂဏန်း လောက်တောင် အခွန်မဆောင်ဘူး ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

ဒီအတွက် တစ်ချို့ အနုပညာရှင်တွေကတော့ ရှင်းကြ လင်းကြပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဌ ရုပ်ရှင်မင်းသား လူမင်းကတော့ သူဟာ အရင်တုန်းကတည်းက အခွန်ဆောင်ခဲ့တယ်၊ အခုနှစ်အတွက် အခွန်မဆောင်ရသေးတာ ဖြစ်တယ်၊ ဆောင်မယ်၊ ဒါပေမယ့် ခုလို ရုပ်ရှင် အကယ်ဒမီ ပေးပွဲ နီးလာမှ အနုပညာရှင်တွေရဲ့ အခွန်ဆောင်စာရင်း ဘာကြောင့် ထုတ်ပြန်လာသလဲ၊ မေးခွန်းထုတ်စရာ ဖြစ်တယ် ဆိုပြီး ပြောဆိုခဲ့ပါသေးတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် မြန်မာနိုင်ငံက အနုပညာရှင်တွေ အများကြီးထဲကမှ လက်တစ်ဆုတ်စာ လူတွေလောက်ပဲ အခွန်ဆောင်ကြတာ၊ ဆောင်တော့လည်း နည်းနည်းလေးပဲ အခွန်ဆောင်ကြတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ရုပ်ရှင် အနုပညာရှင်တွေထဲက အများစုဟာ ဒီမိုကရေစီကို လိုလားသူ၊ ဒီမိုကရေစီ စနစ်ကို ကြိုက်နှစ်သက်သူတွေအဖြစ် ပြောဆိုထားသူတွေ၊ တစ်ချိန်က ဆန္ဒထုတ်ဖော်တာမျိုး လုပ်ခဲ့သူတွေ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုဆို တိုင်းပြည်မှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရ တစ်ရပ် တာဝန်ယူထားပါတယ်။ ဒီအစိုးရဟာ တိုင်းပြည်အတွက် လိုအပ်တဲ့ အသုံးစားရိတ်ကို ငွေစက္ကူတွေ ဗုံးပေါလအော ရိုက်ထုတ်ပြီး မဖြေရှင်းသလို၊ သယံဇာတတွေကိုလည်း ဖြစ်တဲ့ဈေးနဲ့ ရောင်းပြီး မဖြေရှင်းပါဘူး။ ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံတွေနည်းတူ ပြည်သူလူထုဆီက ကောက်ခံရရှိတဲ့ အခွန်အကောက်နဲ့ တိုင်းပြည်အတွက် လိုအပ်သမျှ သုံးစွဲပါတယ်။ ဒါကြောင့် ဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီ အစိုးရကို ထောက်ခံတဲ့နိုင်ငံသားတိုင်း အခွန်ဆောင်ဖို့ လိုကို လိုအပ်ပါတယ်။ ဒီအထဲမှာ ရုပ်ရှင် အနုပညာရှင်တွေလည်း ပါနေတဲ့အတွက် ထိပ်ဆုံးကနေ အခွန်ဆောင်ပြသင့်ပါတယ်။

ပြောရရင် အရင် စစ်အာဏာရှင်တွေ ခေတ်တုန်းက ရုပ်ရှင်အနုပညာရှင် အများစုဟာ အခွင့်ထူးခံတွေပါ။ တစ်ဖက်မှာ စစ်အာဏာရှင်တွေက ဖိအားပေးပြီး ဟိုဇာတ်ကားရိုက်ပေးပါ၊ ဒီဇာတ်ကား သရုပ်ဆောင်ပေးပါ ဆိုပြီး အတင်းအကြပ် ဖိအားပေး စေခိုင်းတာမျိုး ရှိပေမယ့် အခြားတစ်ဖက်မှာတော့ ရုပ်ရှင်အနုပညာရှင်တွေကို မြေကွက်ချပေးတာ၊ ကားတင်သွင်းခွင့်ပါမစ် ထုတ်ပေးတာလိုမျိုး အပါအ၀င် အခြား သာမန်ပြည်သူတွေမရနိုင်တဲ့ အထူးအခွင့်အရေး အမျိုးမျိုးပေးပြီး စည်းရုံးသိမ်းသွင်းတာမျိုးလည်း လုပ်ခဲ့ပါတယ်။ အဲဒီအခြေအနေအောက်မှာ စစ်အာဏာရှင်တွေဆီက အခွင့်ထူး အမျိုးမျိုး ရယူပြီး ကြီးပွားချမ်းသာသွားကြတဲ့ ရုပ်ရှင် အနုပညာရှင်တွေလည်း မနည်းမနောပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိကာလဟာ ဒီမိုကရေစီ အစိုးရကနေ တိုင်းပြည်ကို ဒီမိုကရေစီ အပြည့်အ၀ ရအောင် ကြိုးစားအားထုတ်နေတဲ့ကာလမို့၊ ပြည်သူ့အချစ်တော်တွေဖြစ်တဲ့၊ ပြည်သူတွေ အတုခိုးစရာ ပုဂ္ဂိုလ်တွေလည်းဖြစ်တဲ့ အနုပညာရှင်တွေ အနေနဲ့ စံပြ အဖြစ် ထိပ်ဆုံးကနေ အခွန်ထမ်းဆောင်သင့်ပါတယ်။ ခုဆိုရင် အခွန်ဌာန ၀န်ထမ်းတွေဟာ မအားမလပ် ဖြစ်နေကြတဲ့ အနုပညာရှင်တွေ ရှိရာ အရောက်လာပြီး one stop services အနေနဲ့ အခွန်ကောက်ခံပေးဖို့တောင် စီစဉ်နေပါပြီ။ ဒီလို ထိုက်သင့်တဲ့ အခွန်ဆောင်ကြမှသာ အနုပညာရှင်တွေဟာ ဒီမိုကရေစီစနစ်ကို ကြိုက်နှစ်သက်ပါတယ် ဆိုတာ ပါးစပ်ပြောမဟုတ်၊ တကယ်လည်း နှစ်နှစ်ကာကာ လိုလားသူတွေ ဖြစ်ကြောင်း သက်သေထူပြီး ဖြစ်နေပါလိမ့်မယ်။

 ဦးစည်သူအောင်မြင့်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လောက်ကိုင်မြို့နယ်မှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေ

$
0
0


လောက်ကိုင်တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ စစ်ပြေး ဒုက္ခသည်တွေကို မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Tar/RFA
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က စပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်း အစိုးရတပ်မတော် နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြား ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေဟာ ဒီနေ့အထိ ဆက်လက်ပြင်းထန်နေ ဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံနယ်နမိတ်အတွင်းကို လက်နက်ကြီး ကျည်တွေ နေ့စဉ်ကျရောက် နေတဲ့ အတွက် နယ်စပ် ၃ ဖာလုံက ရာနဲ့ချီတဲ့တိုက်ခန်းတွေမှာ နေထိုင်ကြသူတွေ ပြောင်းရွှေ့နေကြ ရတယ်လို့ တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ ရှောက်ချမ်းကိုး ဘုန်းတော်ကြီးကျောင်းက ဆရာတော် ဦးကေသရက မိန့်ပါတယ်။

"တိုက်ပွဲကတော့ ပုံမှန်ပါပဲ။ မနက်ဖြစ်လိုက်၊ ညဖြစ်လိုက်၊ နေ့တိုင်းနေ့တိုင်း ကျပါတယ်။ တိုက်အိမ်ပေါ်မှာလည်း ကျတယ်။ ရိုးရိုးအိမ်ပေါ်မှာလည်း ကျတယ်။ ကြမ်းခင်းပေါ်မှာလည်းကျတယ်။ အဲ့မှာ အနည်းဆုံး သုံးဖာလုံ ပတ်ဝန်းကျင် နယ်စပ်တစ်လျှောက်အကုန်လုံးရွှေ့ခိုင်းတယ်။ တိုက်ကတော့ ၆ ထပ်အထက်၊ ၁၀ ထပ်အထက်၊ ၂၀ ထပ် အထက်တို့ အကုန်လုံးရွှေ့ခိုင်းတယ်။ အိမ်တိုက်ပေါင်း ရာနဲ့ချီပါတယ်။ နောက်ဦးရေကတော့ မပြောနိုင်ဘူး အင်း ထောင်ဂဏန်းပေါ့။ လူဦးရေထောင် ဂဏန်းပေါ့နော်"

ဒါ့အပြင် လောက်ကိုင်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် လာတဲ့ မြန်မာနိုင်ငံသား စစ်ဘေး ဒုက္ခသည် သုံးသောင်းဝန်းကျင်ခန့်ရှိလာပြီး အဲဒီဒုက္ခသည်တွေကို တရုတ်အစိုးရက တရုတ်-မြန်မာ နယ်စပ်အနီး အမှတ် ၁၂၅ နေရာမှာ ဒုက္ခသည်စခန်းဖွင့်လှစ်ပေးထား တယ်လို့ ပြောပါတယ်။

တရုတ်အစိုးရတာဝန်ရှိသူတွေက တရုတ်နိုင်ငံနယ်နမိတ်အတွင်းကျရောက်တဲ့ လက်နက်ကြီး အရေအတွက်နဲ့ အမျိုးအစားတွေကို မှတ်တမ်းတင်တာတွေ၊ စာရင်းကောက်ယူတာတွေ ပြုလုပ်တာတွေရှိတယ်လို့လည်း သိရပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်မှုတွေရှိသလို စာ သင်ကျောင်းတွေ၊ နေအိမ်တွေလည်း လက်နက်ကြီးထိမှန်တာတွေရှိနေပြီး အခုလ ၁၁ ရက်နေ့က အသက် ၄၅ နှစ်အရွယ် တရုတ်နိုင်ငံသား ကျောင်းဆရာ ကော်ရှောက်ဝေ ဆိုသူဟာ ဦးခေါင်းကို လက်နက်ကြီး ထိခိုက်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

လောက်ကိုင် သတင်းထုတ်ပြန်ချက်

$
0
0


လောက်ကိုင်မြို့အတွင်း MNDAA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်မှုလုပ်ရပ်များနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
နေပြည်တော် ၊ မတ် ၁၃

ဖုန်ကြားရှင်နှင့် ဖုန်တာရွှင်ဦးဆောင်သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသအတွင်း တရားမ၀င်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ် ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့မှရရှိသည့် ၀င်ငွေများဖြင့် အင်အားများတိုးချဲ့တည်ဆောက်ပြီး ၂၀၀၉ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီ ၁၈ ရက်အတွင်း လောက်ကိုင်သို့လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၅ ရက်အတွင်း မုံးကိုးဒေသသို့လည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းမှစ၍ ပွိုင့် -၂၁၄၅ သို့လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ မတ် ၆ ရက်တွင် လောက်ကိုင်မြို့သို့လည်းကောင်း ၀င်ရောက်တိုက်ခိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရအဖွဲ့အား ထိခိုက်နစ်နာဆုံးရှုံးစေရန်နှင့် တိုက်ပွဲများကြောင့် ငွေကြေးလိုအပ်ချက်ရရှိစေရေး ပြန်ပေးဆွဲ၊ လူသတ်၊ ဓားပြတိုက်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်၊ မတ် ၆ ရက် နံနက်အစောပိုင်းတွင် လောက်ကိုင်မြို့ပေါ်ရှိ တပ်စခန်းများ၊ ရဲစခန်းများနှင့် အများပြည်သူပိုင် အဆောက်အဦနေရာများကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲလူသစ်စုဆောင်းခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များ လောက်ကိုင်ဒေသ အတွင်း ထပ်မံလုပ်ဆောင်လာခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက် နယ်မြေရှင်းလင်းခဲ့ရသည်။


MNDAA အကြမ်းဖက်သောင်းကျန်းသူအင်အား ၃၀၀ ခန့်သည် မတ် ၆ ရက် နံနက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်မှ နံနက် ၃ နာရီခန့်အတွင်း အင်အားများဖြန့်ခွဲ၍ ရန်လုံကျိုင်းရှိ တပ်စခန်းနှင့်ရဲစခန်းများ၊ လောက်ကိုင်မြို့ရှိ ကိုးကန့်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင်ဦးဝေဆန်း၏ နေအိမ်နှင့် နှစ်နိုင်ငံနယ်စပ် မှတ်တိုင်များအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းများအား တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ပြီး အင်အား ၅၀ ဦးခန့်သည် အင်အား ၃/၄ဦးခန့်ပါ အဖွဲ့ငယ်များခွဲ၍ လောက်ကိုင်မြို့အတွင်းရှိ ဖူလီလိုက်ဟိုတယ်၊ ကျင်ဖုဟိုတယ်နှင့် ကျင်ကျန်းဟိုတယ်တို့အား ၀င်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ပြန်ပေးဆွဲခြင်းနှင့် ဓားပြတိုက်ခြင်းတို့အား အကြမ်းဖက် လုပ်ဆောင်ခဲ့ပြီး ပယ်စိမ်းဟိုတယ်ရှေ့ရှိ အများပြည်သူပိုင်မော်တော်ယာဉ် ၂၀ စီးခန့်အား မီးရှို့ဖျက်ဆီးခဲ့သည်။


ဖူလီလိုက်ဟိုတယ် အကြမ်းဖက်မှုဖြစ်စဉ်တွင် MNDAA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၄၅ ဦးခန့်သည် နံနက် ၃ နာရီခန့်တွင် အဆိုပါဟိုတယ်သို့ရောက်ရှိလာခဲ့ပြီး ဟိုတယ်ဂိတ်ပေါက်ရှိ လုံခြုံရေးခန်းတွင် ချိတ်ဆွဲထားသည့် မော်တော်ယာဉ်သော့များအား သိမ်းဆည်းပြီး ဟိုတယ်မှ ယွမ်ငွေ သိန်း ၃၀၀၀ ခန့်အား ဓားပြတိုက်ယူဆောင်၍ ဟိုတယ်ရှေ့တွင် ရပ်ထားသည့် မော်တော်ယာဉ်များဖြင့် ၀န်ထမ်း အမျိုးသား ၁၂၀ ဦး၊ အမျိုးသမီး ၂၀၀ ဦး စုစုပေါင်း ဟိုတယ်ဝန်ထမ်း ၃၂၀ ဦးခန့်တို့ကို ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ ထိုသို့ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်စဉ် လိုက်ပါရန်ငြင်းဆန်ခဲ့သည့် ၀န်ထမ်း ၁ ဦး(အမည်စိစစ်ဆဲ)အား သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး အမျိုးသမီးဝန်ထမ်း ၁ ဦး (အမည်စိစစ်ဆဲ)ကိုလည်း MNDAA အကြမ်းဖက် သောင်းကျန်းသူများက မုဒိမ်းကျင့်ခဲ့ကြောင်း၊ ထို့နောက် တောလမ်းမှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ တောင်ကုန်းတစ်ခုသို့ အရောက်၌ ခေတ္တရပ်နားစဉ် MNDAA အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားသည့် ၀န်ထမ်းအမျိုးသမီးများအား ၎င်းတို့အဖွဲ့အတွင်း တာဝန်ထမ်းဆောင်ရန်ဆန္ဒရှိ/မရှိ မေးမြန်းခဲ့ရာ အမျိုးသမီး ၄ ဦးသာ သဘောတူခဲ့သော်လည်း တစ်ဖက်နိုင်ငံသား အမျိုးသမီးများမှအပ ကျန်အမျိုးသမီး ၅၀ ဦးတို့ကို ၎င်းတို့အဖွဲ့အတွင်း တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် ၀န်ထမ်းအမျိုးသား ၁၂၀ ဦးအနက် တစ်ဖက်နိုင်ငံသား ၁၀ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၁၁၀ ဦးနှင့် အမျိုးသမီး ၁၅၀ ခန့်တို့ကို နန်စန်မြို့သို့ မော်တော်ယာဉ်များဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အခြားဆက်စပ်သတင်းများအရ ဖမ်းဆီးသွားသူများအား MNDAA အကြမ်းဖက်သောင်းကျန်းများ လှုပ်ရှားနေသည့် ကုန်းကြမ်းမြို့နယ်၊ ဟုန်အိုင်ဒေသခန့်မှန်းမြေပုံညွှန်း (MG- ၈၆၄ ၆၃၀)သို့ နန်စန်မြို့မှတစ်ဆင့် ပို့ဆောင်၍ အကြမ်းဖက်သင်တန်းများ တက်ရောက်စေမည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ MNDAA အကြမ်းဖက်သောင်းကျန်းသူများ၏ လောက်ကိုင်ဒေသအတွင်း အကြမ်းဖက်မှု လုပ်ရပ်များကြောင့် အများပြည်သူပိုင်အဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့အရပ်သား တိုင်းရင်းသားပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ အပြစ်မဲ့အရပ်သား တိုင်းရင်းသားပြည်သူ ၃၂၀ ဦး ပြန်ပေးဆွဲ လူသစ်စုဆောင်းခံခဲ့ရကြောင်း၊ အပြစ်မဲ့အရပ်သား တိုင်းရင်းသားပြည်သူ ၅ ဦးနှင့် ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦး သေဆုံးခဲ့ရပြီး ကိုးကန့်ယာဉ်ထိန်းရဲ ၄ ဦး ဓားစာခံအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။


မတ် ၆ ရက်မှ ၁၂ ရက်အထိ တပ်မတော်စစ်ကြောင်းများက လောက်ကိုင်ဒေသ အကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာတွင် MNDAA အကြမ်းဖက်သောင်းကျန်းများနှင့် ထိတွေ့တိုက်ပွဲ ကြီး/ငယ် စုစုပေါင်း ၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ အကြမ်းဖက် လုပ်ရပ်များကို လိုက်လံတားဆီးရင်း နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ပေးလှူခဲ့ရကာ အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သတင်းရေးသားချိန်အထိ နှစ်နိုင်ငံနယ်စပ်အနီး ပွိုင့်-၁၀၈၈ ၊ ပွိုင့်-၁၂၆၉၊ ဘီပီ ၁၂၆ နှင့် ဘီပီ ၁၂၇ အနီးတစ်ဝိုက် MNDAA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နှစ်နိုင်ငံနယ်စပ် နီးကပ်မှုတစ်လျောက် တောင်ကုန်းတောင်ကြောနှင့် မြေအနေအထား အသာစီးရမှုအခွင့်ကောင်းရယူ၍ နယ်မြေရှင်းလင်းလျက်ရှိသည့် တပ်မတော်စစ်ကြောင်းများအား ရင်ဆိုင်ခုခံလျက်ရှိရာ တပ်မတော်စစ်ကြောင်းများကလည်း နယ်မြေအမြန်ဆုံး အေးချမ်းတည်ငြိမ်နိုင်ရေး အကြမ်းဖက်သောင်းကျန်းသူများအား ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ပြည်သူလူထုတစ်ရပ်လုံးက ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် မျှော်လင့်တောင့်တနေချိန်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူများက ရည်ရွယ်ချက်ရှိရှိဖြင့် လောက်ကိုင်ဒေသရှိ တပ်စခန်းများနှင့် အရပ်ဖက်ပစ်မှတ်များအား နှောင့်ယှက်ပစ်ခတ်ခြင်း၊ အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် အများပြည်သူပိုင် အဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်းများကို နေရာအနှံ့အပြား၌ ထပ်မံဆောင်ရွက်လာ၍ တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီး ပုံမှန်လည်ပတ်လျက်ရှိကြသည့် စီးပွားရေးလုပ်ငန်းများရပ်တန့်လာသဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားဥစ္စာကို များစွာထိခိုက်ပျက်စီးပြီး စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်မှုအတွက် စိတ်အနှောင့်အယှက်ဖြစ်နေကြပြီး မတည်ငြိမ်မှုမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးပျက်ပြားနိုင်မှုကို မလိုလားကြဘဲ တည်ငြိမ်မှုအမြန်ဆုံးရရှိနိုင်ရေး အကြမ်းဖက်သောင်းကျန်းသူများ၏ တရားမ၀င်အုပ်ချုပ်မှုလမ်းကြောင်းများအား နှစ်နိုင်ငံပူးပေါင်းတားဆီး ဆောင်ရွက်ပေးနိုင်ရေး လိုလားလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/

ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဗင်ကားနဲ့ ထရပ်ကားတိုက်မှုကြောင့် မြန်မာခရီးသည်(၂)ဦးသေဆုံး

$
0
0


ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဗင်ကားနဲ့ ထရပ်ကားတိုက်မှုကြောင့် လူ(၂)ဦးသေ၊ (၃)ဦးဒဏ်ရာရ
မတ်လ(၁၂)ရက်နေ့က ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကာ လူ(၂)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ မီဒီယာရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီမတော်တဆမှုဟာ ဒေသစံတော်ချိန် နံနက်(၅)နာရီအချိန်မှာ Kamphaengphet(ကမ်ဖရန်ဖက်)ပြည်နယ်အလယ်ပိုင်းမှာ မြန်မာခရီးသည်တွေကို တင်ဆောင်လာတဲ့ ဗင်ကားနဲ့ထရပ်ကားတို့ တိုက်မိခဲ့ကြတာဖြစ်တယ်လို့ Thairath(ထိုင်းရပ်သ်)သတင်းစာကဖော်ပြခဲ့ပါတယ်။


 အခင်းဖြစ်ပွားရာနေရာမှာတင် မြန်မာခရီးသည်(၂)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့သူတွေကိုတော့ ဆေးရုံကိုပို့ဆောင်ပေးခဲ့ကာ ဒဏ်ရာရရှိတဲ့ သူတွေထဲမှ(၃)ဦးဟာ စိုးရိမ်ဖွယ် အခြေအနေရှိတယ်လို့သိရပါတယ်။

ဒီဖြစ်ရပ်မှာ ဗင်ကားမောင်းသမားဟာ အိပ်ငိုက်နေတာဖြစ်မယ်လို့ ရဲတွေက သံသယရှိခဲ့ပါတယ်။ ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း စင်ဟွာသတင်းမှာဖော်ပြထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

ပုဂ္ဂလိကလုပ်ငန်းရှင်အများစု နဂိုအစီအစဉ်အတိုင်း သင်္ကြန်ဆယ်ရက်ပိတ်မည်

$
0
0

နိုင်ငံတော်အစိုးရက မဟာသင်္ကြပိတ်ရက်ကို ယခုနှစ်မှစ၍ ဆယ်ရက်မှ ငါးရက်သို့ လျော့ချလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်အများစု နဂိုအစီအစဉ်အတိုင်း ဆယ်ရက်ပိတ်ပေးမည်ဖြစ်ကြောင်း ယနေ့ (မတ် ၁၃) တွင်ပြုလုပ်သော အလုပ်သမားဝန်ကြီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် အလုပ်ရှင်များ၏ တင်ပြပြောကြားချက်များအရ သိရသည်။

သင်္ကြန်ကာလတွင် အစိုးရရုံးပိတ်ရက်ငါးရက်အဖြစ် ပြောင်းလဲသတ်မှတ်မှုနှင့်ပတ်သက်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အလုပ်ပိတ်ရက်သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် ညွှန်ကြားမှုဦးစီးဌာနက လုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

“သင်္ကြန်ပိတ်ရက်နဲ့ပတ်သက်ပြီး ခွင့်ပေးမှုမှာ ဥပဒေနဲ့ညီတဲ့ လုပ်ငန်းရှင်တွေရှိသလို အလုပ်ပိတ် ရက် ဥပဒေနဲ့မညီတဲ့ လုပ်ငန်းအသေးစားတွေရှိပါတယ်။ အစိုးရကြေညာချက်က ရုတ်တရက်ထုတ်ပြန်လိုက်တဲ့ အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင်္ကြန်ကာလမှာ ခွင့် ၁၀ ရက်တဆက်တည်းပေးဖို့ စီစဉ်ထားပါတယ်” ဟု တောင်ဒဂုံစက်မှုဇုန် (၂) ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

ထို့အပြင် အထည်ချုပ်လုပ်ငန်းရှင်တဦးဖြစ်သူ ဦးကျော်အောင်ကလည်း အစိုးရရုံးပိတ်ရက်ကြေညာမှုမှာလည်း အလုပ်ရှင်နှင့် အလုပ်သမားကြား ပဋိပက္ခဖြစ်ပေါ်သွားစေနိုင်ကြောင်း၊ နိုင်ငံတွင် အစိုးရ၀န်ထမ်းထက် ပုဂ္ဂလိက ၀န်ထမ်းဦးရေများပြားပြီး အသားကျနေသော ပိတ်ရက်အတိုင်း အလုပ်ပိတ်ရက်အဖြစ် အလုပ်ရှင်နှင့် အလုပ် သမားအကြား ညှိနှိုင်းထားကြောင်း လာမည့်နှစ်မှသာ အစိုးရပိတ်ရက်အတိုင်း လိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လှိုင်သာယာစက်မှုဇုန်မှ လုပ်သားတဦးဖြစ်သူ ဦးကျော်အောင်ကလည်း “ကျွန်တော်တို့ အလုပ်မှာကတော့ ပိတ်ရက်ကို ကြိုတင်ညှိနှိုင်းထားပြီးသားပါ။ အရင်နှစ်တွေကလို ဆယ်ရက်ပဲ ပိတ်မှာပါ။ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ညှိနှိုင်းမှုနဲ့ ဆောင်ရွက်တာပါ” ဟု ပြောကြားသည်။

ထူးမြတ်
News Watch
https://www.facebook.com/NewsWatchJournal/

တစ်နှစ်နီးပါး ဖမ်းဆီးခံထားရသည့် SSPP/SSA တပ်ဖွဲ့ဝင်များ မူစယ်မြို့၌ယနေ့ ရုံးထုတ်စစ်ဆေး

$
0
0


ဓါတ်ပုံ- SSPP/SSA ကေဒါ တပ်သားများအား ရုံးထုတ်စစ်ဆေးရန် စီစဉ်နေကြပုံ
ဖေဖော်ဝါရီ ၁၃ ရက် ၂၀၁၇

အစိုးရတပ်မတော်မှ တစ်နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းထားသည့် သျှမ်းပြည် တပ် မတော် SSPP/SSA ၏ တပ်ဖွဲ့ဝင်များအား ယနေ့ မူဆယ်မြို့တရားရုံး၌ ရုံးထုတ် စစ်ဆေး မည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရစဉ်ကတည်းက နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ထံ တင်ပြတောင်းဆို သော်လည်း ယနေ့ ထိ တုံ့ပြန်မှု မရှိသည့်အပြင် တရားရုံးတော်ကလည်း တစုံတရာ စီရင် ဆုံးဖြတ်ချက် မချ ဘဲ မူစယ်အချုပ်ခန်းတွင် တနှစ်နီးပါး ချုပ်နှောင်ထား သည်ဟု ဗိုလ်မှူး စိုင်းဖုန်းဟန် ကပြောသည်။

“ဥပဒေကြောင်းအရဆိုရင် ကျနော်တို့ SSPP/SSA အနေနဲ့ ၁၉၈၉ အပစ်စရပ် စဉ်ကတည်းက ၁၇ (၁) ဆိုတာမရှိတော့ဘူး ၊ တပ်မတော်ကနေ ၁၇ (၁) နဲ့ ခြိမ်းခြောက်ပြီး တရားစွဲတဲ့ကိစ္စ၊ တပ်မတော်ဘက်က စွပ်စွဲတဲ့ကိစ္စတွေ က မူဆယ်မြို့နယ် တရားသူကြီးဦးသောင်းစိုး ကတော့ တရားမဝင်ဘူးလို့ တော့ပြော တယ်။ ဒီနေ့ကျနော်တို့လူတွေကို ရုံးထုတ်စစ်မယ်” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန် ကပြောသည်။

သျှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ကေဒါတပ်သား ၂၁ ဦးအား အစိုးရ တပ်မတော် မှ ၂၀၁၆ ခု ဧပြီလနှောင်းပိုင်းက မူစယ်မြို့နယ်အတွင်း ဖမ်းဆီးကာ မူစယ်ရဲစခန်းသို့ ပို့ဆောင်ချုပ်နှောင်ထားသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရ နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသည့်အပြင် စစ်တပ် အသွင်ပြောင်း ဦးသိန်းစိန်အစိုးရ နှင့်လည်း ၂၀၁၂ ခု နှစ်ဆန်းဆန်း ပိုင်းက တောင်ကြီးမြို့၌ ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင်တပ်မတော် တခုဖြစ်သည်။

သျှမ်းသံတော်ဆင့်၊ ဆိုင်ဖူး
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

ချစ်သူနှစ်ဦး တစ်ပြိုင်နက် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

$
0
0

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ တပြေးကျေးရွာအုပ်စု အောင်ရွာနဲ့ အောင်ယာကျေးရွာအကြား လယ်ကွင်းရှိ သရက်ပင်မှာ မတ်(၁ဝ)ရက်၊ မနက်ပိုင်းက (၁၉)နှစ်အရွယ် အမျိုးသားနဲ့အမျိုးသမီးလူငယ် နှစ်ဦးတို့တစ်ပြိုင်နက်ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ထန်းတပင် မြို့မရဲစခန်း၊ စခန်းမှူးရဲ့ ပြောကြားချက် အရသိရပါတယ်။

 သေဆုံးသူတွေဟာ ချစ်သူစုံတွဲဖြစ်ကြပြီး သရက်ပင်ကိုင်းမှာကြိုးချည်ကာ ကြိုးဆွဲချသေဆုံးဖို့အတွက် ကြိုတင်ကြံစည်ခဲ့ကြတာဖြစ်တယ်လို့ ထန်းတပင် မြို့မရဲစခန်း၊ စခန်းမှူးက သုံးသပ်ပြောကြားပါတယ်။

 သေဆုံးသူတွေဟာ ပုဂ္ဂလိက ကရင် ဘော်ဒါဆောင်မှာ အတူ တက်နေတဲ့ကျောင်းသား၊
ကျောင်းသူတွေဖြစ်ပြီးသူတို့နှစ်ဦးကို မိဘတွေက သဘောမတူတဲ့အတွက် တစ်ပြိုင်နက်ကြိုးဆွဲချ သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 သေဆုံးသူနှစ်ဦးမှာ ထန်းတပင်မြို့နယ် ရှားစေးဖိုကျေးရွာအုပ်စု တောကုန်းကျေးရွာကရင် အ-ထ-က ကျောင်းမှာ (၉)တန်းတက်ရောက်နေတဲ့ ကျောင်းသားနဲ့ ကျောင်းသူတို့ ပညာသင်နေတဲ့စောစိန်မာလင်း(ခ)ရှယ်လဲလယ်နဲ့ နော်ကဘိုးဖောတို့ ဖြစ်ပြီး အဲဒီသေဆုံးမှုဖြစ်စဉ်ကို သေမှု သေခင်းအမှတ်စဉ်(၂/၂ဝ၁၇)ရေးဖွင့်ကာ စစ်ဆေး နေတယ်လို့ ထန်းတပင်မြို့မရဲစခန်းမှ သိရပါတယ်။ ဒီသတင်းကို Central News Bureau မှ စန်းဝေအောင် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

သတင်းထောက် ကိုဆွေဝင်း ကို အမှုဖွင့်ခဲ့တဲ့ ကိုကျော်မျိုးရွှေ ၆၆(ဃ)နဲ့ ပြန်လည်အမှုဖွင့်ခံရ

$
0
0

ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ကိုကျော်မျိုးရွှေကို တွေ့ရစဉ်။ Photo: Kyaw Myo Shwe/ Facebook
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ အသရေပျက်အောင် ပုတ်ခတ်ရေးသားမှုနဲ့ Kyaw Myo Shwe ဖေ့ဘွတ်စ်အကောင့်ပိုင်ရှင် ဦးကျော်မျိုးရွှေကို ရန်ကုန်မြို့ စမ်းချောင်းမြို့မှာ နေထိုင်တဲ့ ဒေါ်မြမြဌေးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ စမ်းချောင်းရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

ကိုဆွေဝင်းကို အမှုဖွင့်ခဲ့လို အခုလို ပြန်လည်စွဲဆိုခံရတာ ဖြစ်တယ်လို့ အမှတ် ၇ ရဲစခန်းမှာ စစ်ဆေးခံယူမှုအပြီး ဦးကျော်မျိုးရွှေ က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ကို အသရေဖျက်တယ်ဆိုပြီးတော့ ကျနော်တင်တဲ့  စာတွေနဲ့ ပတ်သက်ပြီးတော့ ၆၆(ဃ)နဲ့ ဖွင့်တာပေါ့၊ ကျနော်တင်တဲ့ စာတစ်ခုကို နမူနာပေးမယ်၊ ဒီတစ်ခါ တပ်မတော်က အာဏာသိမ်းရင် သမိုင်းတရားခံက ဗိုလ်ချုပ်သမီးပဲလို့ ကျနောင်တင်လိုက်တာ၊ အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း နာမည်မပါဘူး၊ မြန်မာပြည်မှာ ဗိုလ်ချုပ်တွေလည်းအများကြီးပဲ၊ အဲတော့ ဒါတွေကို ကျနော်တရားရုံးထဲမှာပဲဖြေရှင်းမယ်"

ဦးကျော်မျိုးရွှေ ကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းက ဒီကနေ့ ခေါ်ယူစစ်ဆေးခဲ့တာဖြစ် ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာချရေးသားတိုက်ခိုက်တဲ့အတွက် ကိုကျော်မျိုးရွှေကို ၆၆ (ဃ)နဲ့ အရေးယူပေးဖို့ တိုင်ကြားတာဖြစ်ပြီး ကိုဆွေဝင်းကို အမှုဖွင့်လို့ တိုင်ကြား တာ မဟုတ်ကြောင်း ဒေါ်မြမြဌေး က ပြောပါတယ်။

"၈ ရက်နေ့ည ၈ နာရီလောက်မှာ စမ်းချောင်းမြို့မ ရဲစခန်း အမှတ် ၂၄ ရဲစခန်းမှာ ကိုကျော်မျိုးရွှေ ကိုအမှု ဖွင့်ပါတယ်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို သူ ပုတ်ခတ်စော်ကားတဲ့ ပို့စ်တွေ ဖိုတိုရှော့တွေကို ကျမကတွေ့လို့ပေါ့နော်၊ ကိုဆွေဝင်းကို ကိုကျော်မျိုးရွှေက တရားစွဲလို့ ကျမက ကိုကျော်မျိုးရွှေကို တရားစွဲတာ မဟုတ်ပါဘူး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတကြီး ဦးထင်ကျော်တို့၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သူတို့ရဲ့ ပုံတွေ ဖိုတိုရှော့တွေ စော် ကားတာတွေ ပို့စ်တွေတွေ့ရင် ဒီလူတွေကိုသိရင် တရားစွဲတာပါ"

Kyaw Myo Shwe ဖေ့စ်ဘွတ်အကောင့်အသုံးပြုသူ ကိုကျော်မျိုးရွှေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတစ်ကြိမ်၊ မတ်လ ၃ ရက်နေ့မှာတစ်ကြိမ်၊ မတ်လ ၆ ရက်နေ့မှာတစ်ကြိမ် သူ့ရဲ့ဖေ့စ်ဘွတ်မှာ ညစ်ညမ်းပုတ်ခတ်ပြီး ရေးသားခဲ့ကြောင်း တိုင်ကြားစာမှာ ပါရှိပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်ဖြစ်သူ မြန်မာ့ဝံသာနုအားမာန်အဖွဲ့ ဦးဆောင်သူ ဦးကျော်မျိုးရွှေ ဟာ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားသူ ဖြစ်ပါတယ်။

အဲဒီအတွက် ဦးကျော်မျိုးရွှေ ကို မန္တလေးမြို့အမှတ် ၇ ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီး သက်သေခံပစ္စည်းအနေနဲ့ Facebook အသုံးပြုထားတဲ့ ဖုန်းကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

လိပ်ကျွန်းအမှုကိစ္စ မျှတမှုရှိအောင် အစိုးရ ကြိုးပမ်းမည်

$
0
0

သေဒဏ်ချမှတ် ခံထားရတဲ့ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ လွတ်မြောက်ဖို့အတွက် မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့မှာ မေတ္တာပို့ ဆုတောင်းစဉ်သေဒဏ်ချမှတ် ခံထားရတဲ့ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ လွတ်မြောက်ဖို့အတွက် မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့မှာ မေတ္တာပို့ ဆုတောင်းစဉ် 

Photo: Aung Thain Kha/ RFA

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်း အမှုကိစ္စကို ထိုင်းနိုင်ငံ တရားဥပဒေနဲ့အညီ သက်သာရာ ရအောင် ဆောင်ရွက်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒီနေ့ နေပြည်တော်က သင်္ဂဟဟိုတယ်မှာကျင်းပတဲ့ ကလေးအလုပ်သမား ပပျောက်ရေးအလုပ်ရုံ ဆွေးနွေးပွဲအပြီး မှာ ၀န်ကြီးဦးသိန်းဆွေ က ပြောတာဖြစ်ပါတယ်။

"ဒါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် စိတ်ဝင်စားပါတယ်၊ ပြီးတော့ ဟိုနေ့ကပဲ သံရုံးကအဖွဲ့တွေ သွားပြီးတော့မှ ဆောင်ရွက်နေတယ်၊ သူ့နိုင်ငံရဲ့ဥပဒေနဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တရားဥပဒေအရ နည်းလမ်းအရ ဖြေရှင်းရမှာပဲ"

အမျိုးသားရေး တက်ကြွလှုပ်ရှားနေတဲ့ ဆရာတော်တွေနဲ့ လူပုဂ္ဂိုလ် ၅၀ လောက်က သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ လွတ်မြောက်ဖို့ အတွက် ရန်ကုန်မြို့ထိုင်းသံရုံးရှေ့မှာ ဒီနေ့ မေတ္တာပို့ဆုတောင်း ခဲ့ကြပါတယ်။

ထိုင်း အစိုးရအနေနဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ပေးမှာ စိုးရိမ်တဲ့အတွက်ကြောင့် အခုလိုမေတ္တာပို့ ဆုတောင်းတာဖြစ်တယ်လို့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

"သူတို့ရဲ့တရားရေးကို ဝင်ရောက်စွက်ဖက်တယ်ဆိုပြီးတော့ ဘုန်းကြီးတို့ရဲ့လုပ်ရပ်တွေကို မကျေနပ်မုန်းတီး ပြီးတော့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်း သေမိန့်ကျသွားမှာကိုလည်း ဘုန်းကြီးတို့က ထည့်တွက်ရပါတယ်၊ ဒါကြောင့် ဘုန်းကြီးတို့က အနူးညံ့ဆုံး ပျော့ပျောင်းဆုံးနည်းနဲ့ မေတ္တာဆက်လက်ပေးပို့မှာဖြစ်ပါတယ်"

မြန်မာအလုပ်သမား ၀င်းဇော်ထွန်းနဲ့ ဇော်လင်း တို့ဟာ လိပ်ကျွန်းကို အလည်လာတဲ့ ဗြိတိန်နိုင်ငံသား စုံတွဲကို သတ်မှုနဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ်ချမှတ်ခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မေလက အယူခံတင်သွင်းခဲ့ပေမယ့် ထိုင်းအစိုးရအယူခံတရားရုံးက ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပယ်ချလိုက်တာဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းဥပဒေအရ အယူခံပယ်ချခံရပြီးနောက် တစ်လအတွင်း အယူခံဝင်ရ မှာဖြစ်ပါတယ်။
RFA

ထိုင်းရုပ်သံဇာတ်လမ်းကို သီပေါမင်းရဲ့ မြစ် ဝေဖန်

$
0
0
ဦးစိုးဝင်း (၀ဲ)၊ တော်ဘုရားလေး (အလယ်) တို့ မန္တလေးနန်းတွင်း သို့ရောက်ရှိလာစဉ် (နိုဝင်ဘာလ၊ ၂၀၁၆ခုနှစ်)
ဦးစိုးဝင်း (၀ဲ)၊ တော်ဘုရားလေး (အလယ်) တို့ မန္တလေးနန်းတွင်း သို့ရောက်ရှိလာစဉ် (နိုဝင်ဘာလ၊ ၂၀၁၆ခုနှစ်)
မြန်မာနိုင်ငံရဲ့ နောက်ဆုံး မင်းဆက်နဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ A Lady’s Flame ထိုင်းရုပ်သံ ဇာတ်လမ်းတွဲဟာ ကိုယ့်နိုင်ငံမှာ ကိုယ့်ဘုရင်နဲ့ မင်းမျိုးမင်းနွယ်တွေကို အသရေဖျက်မှုမလုပ်အောင် ပြင်းပြင်းထန်ထန် တားမြစ်ပိတ်ပင်ထားတဲ့ ထိုင်းနိုင်ငံရဲ့ လုပ်ရပ်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ သီပေါမင်းရဲ့ အနွယ်တော်တွေက ဝေဖန်လိုက်ပါတယ်။

ဇာတ်လမ်းဟာ ရာဇဝင်ကား ဖြစ်ပြီး ဇာတ်လမ်း တခုလုံးနီးပါးဟာ ၁၉ ရာစု ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်းနဲ့ နန်းတွင်းရေးကို သရော်ထားတာမျိုး တွေ့ရတယ်လို့ AFP သတင်းမှာဖေါ်ပြထားပါတယ်။

သီပေါမင်းရဲ့ ဖခမည်းတော် မင်းတုန်းမင်းကြီး ၁၈၇၈ ခုနှစ် နတ်ရွာစံသွားတဲ့ နောက်ပိုင်း သြဇာကြီးတဲ့ ဘုရင်မနဲ့ သမီးတော်တွေက ဘုရင့် အရိုက်အရာဆက်ခံတဲ့ သီပေါမင်းရဲ့ ထီးနန်းကို မလုအောင် မင်းညီမင်းသား တရာလောက်ကို ကွပ်မျက်ခဲ့တာဟာ သမိုင်းအချက်လက်အဖြစ် ရှိနေပေမယ့် ထိုင်းလို ကိုယ့်ထီးကိုယ့်နန်း အကြောင်း ဝေဖန်ပြောဆိုမှုတွေကို တားမြစ်ထားတဲ့ နိုင်ငံတနိုင်ငံကနေ ဒါကို ရုပ်ရှင်ဇာတ်လမ်း တွဲအဖြစ် ဖန်တီးထုတ်လုပ်ခွင့် ပြုတာတွေ့ရတာမို့ သီပေါမင်းရဲ့ မြစ်တော်သူ ဦးစိုးဝင်းက စိတ်ဆိုးဒေါသထွက်နေတယ်လို့ ရေးသားထား ပါတယ်။

အထူးသဖြင့် မင်းမျိုးမင်းနွယ်တွေကြား အပြန်အလှန် ရိုက်ပုတ်ပြီး အရိုင်းအစိုင်းတွေအဖြစ် သရုပ်ဖေါ်တဲ့ ပြကွက်မျိုးအတွက် စော်ကားမှု တရပ် အဖြစ်ခံစားရတယ်လို့ ဆိုပါတယ်။ တကယ်လို့ ထိုင်းမင်းဆက်တွေ အကြောင်း မြန်မာကုမ္ပဏီတွေက ဒီလိုဇာတ်လမ်းတွေ ရိုက်ကူးရင် လက်ခံမှာလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။ ဒါ့အပြင် ဒီလို အသရေဖျက်တဲ့ ရုပ်ရှင်ရိုက်ကူးတာနဲ့ ပတ်သက်ပြီး အရေးမယူရင် ထိုင်းဘုရင်ရဲ့ အနွယ်တော်တွေဆီ အကူအညီတောင်းဖို့ ရှိတယ်လို့လည်း ဦးစိုးဝင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ထိုင်းနန်းတွင်း မိသားစုအပေါ် ဝေဖန်မှုတွေ အသရေဖျက်မှုတွေ မလုပ်ဖို့ ဥပဒေထုတ်ပြန် တားမြစ်ပြီး တင်းတင်းကြပ်ကြပ် အရေးယူနေသလို၊ ဒီဥပဒေချိုးဖေါက်လို့ ထောင်ဒဏ်ချခံရသူ အရေအတွက်ဟာ အခုနှစ်ပိုင်းအတွင်းမှာပဲ တိုးလာနေတာပါ။ တချို့ဟာ နှစ်ပေါင်း ၃၀ အထိ ထောင်ဒဏ် အပစ်ပေး ခံနေရတာ ဖြစ်ပါတယ်။

ထိုင်းမြန်မာ အိမ်နီးချင်း ၂ နိုင်ငံကြား ရာစုနှစ်ပေါင်းများစွာ သွေးမြေကျ စစ်ပွဲတွေ ဖြစ်ပွါးခဲ့တာ ဖြစ်ပြီး မမေ့စေတဲ့ ဖြစ်ရပ်တခုကတော့ ၁၇၆၇ ခုနှစ် ထိုင်းမင်းဆက်ရဲ့ ဒုတိယအကြီးဆုံး မြို့တော် အယုဒ္ဒယကို မြန်မာတပ်တွေက ဝင်တိုက်ခဲ့ပြီး မြို့ပါ ပျက်ခဲ့ရတာပါ။ အခုလို နှစ်ပေါင်း များစွာ စစ်ပွဲတွေနဲ့ အတုန့်အလှည့်ရှိကြတဲ့ ၂ နိုင်ငံကြား ပုံပြင်တွေမှာတော့ တဖက်နဲ့တဖက် ဆိုးသွမ်းတဲ့ ဇတ်ကောင်တွေအဖြစ် ပုံဖေါ်လေ့ရှိကြပါတယ်။
VOA Burmese News

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မေလမှ ကျင်းပနိုင်မည်

$
0
0

၂၁ ရာစုပင်လုံညီလာခံအကြို နိုင်ငံတော်အတိုင်ပင်ခံ ပုဂိုလ် ဒေါ်အောင် ဆန်းစု ကြည်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးစဉ်
၂၁ ရာစုပင်လုံညီလာခံအကြို နိုင်ငံတော်အတိုင်ပင်ခံ ပုဂိုလ် ဒေါ်အောင် ဆန်းစု ကြည်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးစဉ်
ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံ၊ ဒုတိယ အစည်းအဝေးကို လာမယ့် မေလထဲမှသာ ကျင်းပနိုင်လိမ့်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ပြောဆိုလိုက်ပါတယ်။ ဒီအတောအတွင်း NCA လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ကြား ဆွေးနွေးမှုတွေပြေလည်မှုရသွားရင်တော့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တက်ရောက်လာနိုင် လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို မတ်လ ၁၁ ရက်က နေပြည်တော် NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနချုပ်ရုံးမှာကျင်းပခဲ့ပြီး ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ပြန်လည်ကျင်းပ နိုင်မယ့် ကာလကို ဆွေးနွေးခဲ့ကြတာပါ။

NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ငန်းအားလပ်မယ့်ကာလကို ထည့်သွင်းစဉ်းစားပြီး ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် မေလထဲ ကျင်းပသွားနိုင်ဖို့ လျာထားကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တဦးဖြစ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က VOA ကိုပြောပါတယ်။

"၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို အကြမ်းဖျင်း မေလဆန်းလောက် ပထမပတ်ထဲ ဖြစ်မလား၊ ဒုတိယပတ်ထဲ ဖြစ်မလားပေါ့ဗျာ။ အခု ဒီမတ်လ (၁၄)ဆိုရင် KNU ရဲ့ ညီလာခံ ရှိတာပေါ့လေ။ အဲဒီညီလာခံက အကြမ်းဖျင်း နှစ်ပတ်တို့ သုံးပတ်တို့ ကြာလောက်တယ်။ အဲဒါဆိုရင်တော့ ဧပြီလ ပထမပတ် ဒါမှမဟုတ် ဒုတိယပတ်ထဲ ရောက်သွားလိမ့်မယ်။ ပြီးရင် သင်္ကြန်ရောက်ပါလိမ့်မယ်။ အဲတော့ သင်္ကြန်ပြီးတော့ လုပ်ငန်းကော်မတီ အစည်းအဝေးတွေရှိအုံးမယ်။ အဲဒါဆိုရင် အစောဆုံး မေလ ပထမပတ် ဒုတိယပတ်ထဲမှာ ဖြစ်မလားပေါ့။"

UPDJC အစည်းအဝေးကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ၁၅ ဦး တက်ရောက်ခဲ့ပြီး သူတို့ရဲ့ဆွေးနွေးချက်တွေ ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာ ဦးဆောင်သူတွေထံ တင်ပြသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၆ သြဂုတ်လကုန်မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာတော့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရော၊ မထိုးရသေးတဲ့ အဖွဲ့တွေပါ တက်ရောက်နိုင်ခဲ့ပြီး အဖွဲ့အသီးသီးက သူတို့ရဲ နိုင်ငံရေးရပ်တည်ချက်နဲ့ အာသီသတွေကို စာတမ်း တင်သွင်းခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တချို့နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲပြန်ဖြစ်လာပြီး၊ ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်လိုရင် NCA လက်မှတ်ထိုးရမယ်လို့ တပ်မတော်ဖက်က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ဒီအတောတွင်း UNFC က တောင်းဆိုထားတဲ့ အခြေခံ ၉ ချက်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN ခေါင်းဆောင်တွေ မတ်လ ၃ ရက်နေ့က မူအားဖြင့် သဘောတူညီမှုရခဲ့ပြီး၊ ၂၁ ပင်လုံညီလာခံ တက်ရောက်နိုင်ရေး ဆက်လက်ညှိနှိုင်း သွားဖို့ကိုလည်း သဘောတူညီခဲ့ကြတာပါ။ ဒီလို သဘောတူထားချက်ပေါ်မှာ အစိုးရနဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကြား ဘယ်လောက် အပေးအယူလုပ် ညှိနှိုင်းနိုင်မလဲဆိုတဲ့အပေါ် မူတည်ကြောင်း SNLD တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က သုံးသပ်ပါတယ်။

"ပြီးခဲ့တဲ့ပွဲမှာ အစိုးရနဲ့ DPN ဆွေးနွေးတဲ့အချိန်မှာ မူအားဖြင့်လက်ခံထားတယ်ပေါ့လေ။ ဒီအပေါ်မှာ ဒီထက် ဖြစ်ပေါ် တိုးတက်မှုရှိအောင် အစိုးရဘက်ကလည်း ဆက်လုပ်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကောင်းကောင်း ညှိုနှိုင်းဆွေးနွေး ပြီးပြီဆိုရင်တော့ NCA လမ်းကြောင်းပေါ်မှာပဲ လျှောက်လှမ်းလာနိုင်ချေရှိနိုင်ပါတယ်။ ဒါကတော့ အစိုးရရဲ့ ပါးနပ်မှုနဲ့ အစိုးရရဲ့ ဆွေးနွေးနိုင်မှုအပေါ်မှာ မူတည်ပါလိမ့်မယ်။"

NCA လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ၂၁ ရာစုပင်လုံညီလာခံကို တက်ရေး မတက်ရေးဆိုတာက အစိုးရနဲ့ ညှိနှိုင်းတဲ့ကိစ္စမှာ အောင်မြင်မှု ဘယ်လောက် ရမလဲ ဆိုတဲ့အပေါ် မူတည်နေတယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာက မြင်ပါတယ်။

"ပြီးခဲ့တဲ့ အပတ်တုန်းကပေါ့နော်။ သူတို့ အဲဒီ (၉)ချက်ကို မူအရပဲသဘောတူညီမှုရတာပေါ့။ ဒါပေမဲ့ မူအရထဲမှာလည်း အတည်ဖြစ်မလား၊ အတည်မဖြစ်ဘူးလား ဆိုတဲ့ဟာကတော့ နှစ်ဘက်စလုံးပေါ်မှာ မူတည်နေတယ်။ နှစ်ဘက်စလုံးက လက်ခံနိုင်ကြမယ်ဆိုရင် NCA မှာ လက်မှတ်ထိုးဖြစ်မယ်ပေါ့။ တချို့ကိစ္စတွေကတော့ ကြားမှာ ထပ်ညှိုဖို့ လိုလိမ့်အုံးမယ်။"

၂၁ ရာစုပင်လုံညီလာခံကို ၆ လ တစ်ကြိမ် ကျင်းပဖို့ သတ်မှတ်ထားခဲ့ပြီး၊ ဒုတိယအကြိမ် ညီလာခံကို ဖေဖော်ဝါရီ ၂၈ ရက်မှာ အစောဆုံး ကျင်းပဖို့ UPDJC က မှန်းထားပေမယ့် NCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမှု မပြီးပြတ် တာကြောင့် မတ်လလယ်မှာ ကျင်းပနိုင်ဖို့ ရွှေ့ဆိုင်းခဲ့ပေမယ့်လည်း အခုတခါ အခြားအကြောင်းတွေကြောင့် မေလထဲ ကျင်းပဖို့ ထပ်မံ ရွှေ့ဆိုင်းတာ ဖြစ်ပါတယ်။
VOA Burmese News

ရခိုင်အရေး နိုင်ငံတကာစုံစမ်းရေးလုပ်ဖို့ မြန်မာလက်မခံ

$
0
0

ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်တရပ်ဖွဲ့ဖို့ အဆိုပြုချက်တွေကို မြန်မာအစိုးရက ပယ်ချလိုက်ပြီး၊ အင်မတန်ရှုပ်ထွေးတဲ့ ရခိုင်ပြည်နယ်အခြေအနေအပေါ်မှာ နိုင်ငံတကာက ပိုပြီး နားလည်မှုပေးကြဖို့ မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာပြောခဲ့ပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ဒီကနေ့ တင်ပြချက်အပေါ်မှာ တုံ့ပြန်သွားတာဖြစ်ပြီး၊ မြန်မာနိုင်ငံအနေနဲ့ စွပ်စွဲချက်တွေကိုလည်း အလေးအနက်ထား စုံစမ်းဖြေရှင်းနေပါတယ်လို့ မြန်မာကိုယ်စားလှယ်က ပြောခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးပါလိမ့်မယ်။

ရခိုင်ဒေသအပါအ၀င် မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက်၊ ဒီအပေါ်မှာ ကုလသမဂ္ဂအနေနဲ့ သင့်တင်တဲ့ တုံ့ပြန်ကိုင်တွယ်မှုတွေပဲ လုပ်သင့်တယ်လို့ မြန်မာအစိုးရ ကိုယ်စားလှယ် မြန်မာနိုင်ငံခြားရေးဌာန အကြီးအကဲ ဦးထင်လင်းက ဒီကနေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောဆိုသွားပါတယ်။ လုံခြုံရေးအကန့်အသတ်တွေကြားထဲကပဲ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ်ယန်ဟီလီးကို သူသွားလိုတဲ့နေရာတွေ သွားနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေဟာ ပြင်းထန်လွန်းပြီး၊ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ဆိုတဲ့ အဆိုပြုချက်တွေကိုလည်း မြန်မာနိုင်ငံအနေနဲ့ လက်မခံနိုင်ဘူးလို့ ဦးထင်လင်းက ပြောသွားပါတယ်။

“နိုင်ငံတကာစုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ဆိုတာကို မြန်မာနိုင်ငံအနေနဲ့ လက်မခံနိုင်ပါဘူး။ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ အလေးအနက်ထား စုံစမ်း ဖြေရှင်းနေပါတယ်။ အတည်မပြုနိုင်တဲ့ တဖက်သတ်သတင်းအချက်အလက်တွေနဲ့ ရည်ရွယ်ချက်ရှိရှိစွပ်စွဲချက်တွေပေါ်မှာအခြေခံပြီး လူသားထုအပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှုဖြစ်နေတယ်ဆိုတဲ့ အသုံးအနှုန်းကို လက်မခံနိုင်ပါဘူး။ ဥပဒေဆိုင်ရာရည်ညွှန်းချက်တွေကို အခြေခံပြီး အမျှော်အမြင်ရှိရှိနဲ့ သုံးစွဲ ပြောဆိုသင့်ပါတယ်။”

ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ် ကုလသမဂ္ဂအနေနဲ့ စုံစမ်းရေးကော်မရှင်တရပ်ဖွဲ့ဖို့ဆိုတာကို မြန်မာအထူးကိုယ်စားလှယ်က အကြံပြုထားသလိုပဲ၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးကိုယ်တိုင်ကလည်း တိုက်တွန်းထားတာပါ။ မြန်မာနိုင်ငံအနေနဲ့ ဒီပြဿ နာကို ကိုယ်ပြည်တွင်းအနေအထားနဲ့ ရအောင် ဖြေရှင်းနေပြီး၊ ရှုပ်ထွေးလှတဲ့ ဒီအခြေအနေကို နိုင်ငံတကာက ပိုပြီး နားလည်ဖို့လိုအပ်တယ်လို့လည်း ဦးထင်လင်းက ပြောသွားပါတယ်။ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်မှုတွေ ဟန့်တားနိုင်ဖို့လည်း လက်ရှိအစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်နေပါတယ်လို့ ဦးထင်လင်းက ပြောသွားပါတယ်။

“ အမုန်းစကားပြန့်ပွားတာနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တာမျိုးတွေကို မြန်မာနိုင်ငံအနေနဲ့ အမြဲဆန့်ကျင်နေပါတယ်။ အမုန်းစကားတွေကိုတားမြစ်နိုင်ဖို့ နိုင်ငံတကာဥပဒေတွေနဲ့ဆီလျော်တဲ့ ဥပဒေကြမ်းတရပ်ကိုလည်း ပြင်ဆင်ရေးဆွဲနေကြပါတယ်။”

လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်သီးခြား ချမှတ်တာမျိုးကို မလိုလားဘူးလို့ မြန်မာကိုယ်စားလှယ်က ပြောထားပေမယ့်၊ အီးယူ ဥရောပသမဂ္ဂကတော့ လက်ရှိ မြန်မာ့လူ့အခွင့်အရေးအခြေအနေတွေအပေါ် အကြံပေးတိုက်တွန်းချက်တွေပါမယ့် ဆုံးဖြတ်ချက်တရပ် ပြင်ဆင်နေပါတယ်။ ဒါကိုလည်း မြန်မာအပါအ၀င် သက်ဆိုင်ရာအစိုးရတွေနဲ့ ညှိုနှိုင်းဆောင်ရွက်သွားမှာပါလို့ အီးယူ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောခဲ့ပါတယ်။

“ လူ့အခွင့်အရေးကိုယ်စားလှယ် ဆက်ထားရှိရေးအတွက် ဥရောပသမဂ္ဂအနေနနဲ့ အခု လူ့အခွင့်အရေးကောင်စီကနေ မြန်မာ့အရေးဆုံးဖြတ်ချက်တရပ်ချမှတ်နိုင်ဖို့ အစိုးရရော အခြားနိုင်ငံတွေပါ အားလုံးနဲ့ ညှိုနှိုင်းဆောင်ရွက်နေပါတယ်။”

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေကိစ္စ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်ရေးပဋိပက္ခတွေအပေါ်မှာ စိုးရိမ်တဲ့အကြောင်းနဲ့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းမှုတွေလုပ်သွားဖို့ အီးယူ ဥရောပသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီမှာ နိုင်ငံကိုယ်စားလှယ်တွေက ဒီကနေ့ တုံ့ပြန်ဆွေးနွေးကြရာမှာတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်အခြေအနေအပေါ် အများစုက စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသလို၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ စစ်ရေးပဋိပက္ခတွေ တိုးမြင့်လာတဲ့အခြေအနေအပေါ်မှာလည်း စိုးရိမ်ကြောင်း ပြောခဲ့ကြပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့နဲ့၊ အစုအဖွဲ့အားလုံး ပါဝင်ပတ်သက်နိုင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား ပါကစ္စတန်ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးဖြစ်လာစေဖို့ အလေးအနက်တိုက်တွန်းခဲ့ပါတယ်။

“ နိုင်ငံတကာဥပဒေတွေ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေနဲ့ လူ့အခွင့်အရေးစာချုပ်စာတမ်းတွေမှာ ရေးသားပြဌာန်းထားတာတွေကို လေးစားလိုက်နာဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးအတိုင်း ကျင့်ကြံဆောင်ရွက်ကြဖို့နဲ့၊ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူနိုင်ဖို့ပါ။”

ဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံအနေနဲ့ ဥပဒေအတော်များများကို ပြင်ဆင် ဖျက်သိမ်းတာ၊ အထူးသဖြင့် ဖိနှိပ်ရေးဥပဒေတွေကို ဖျက်သိမ်းတာတွေကို အစိုးရသစ်ရဲ့ တနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သလို နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်ကိုအာမခံတဲ့ ဥပဒေတရပ်ကို မကြာသေးခင်ကပဲ ပြဌာန်းနိုင်ခဲ့တယ်လို့ မြန်မာကိုယ်စားလှယ် ဦးထင်လင်က လူ့အခွင့်အရေးကောင်စီကို ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးဖြေရှင်းမှုနဲ့ပတ်သက်လို့ကတော့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်ဖွဲ့ ဆောင်ရွက်နေတာရှိသလို၊ နိုင်ငံမဲ့ဖြစ်နေသူတွေအရေး ဖြေရှင်းနိုင်ဖို့ နိုင်ငံသားစီစစ်ရေးလုပ်နေပြီး ဒေသခံတွေ နားလည်နိုင်မယ့် ဘာသာစကားနဲ့ ရေဒီယိုအစီအစဉ်တခုကိုလည်း ထုတ်လွှင့်နေတယ်လို့ မြန်မာကိုယ်စားလှယ်ပြောပါတယ်။ မောင်းတောအရေး အစိုးရကော်မရှင်အနေနဲ့လည်း မကြာခင်အချိန်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားရောက်ဖို့ ရှိနေတယ်လို့ ပြောဆိုသွားပါတယ်။

သားညွန့်ဦး
VOA Burmese News

မတ်လ ၁၃ ကိုဖုန်းမော်နေ့ ကျင်းပ

$
0
0

စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးခဲ့ရတဲ့ (၂၉)နှစ်မြောက် နှစ်လည်အခမ်းအနား
စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးခဲ့ရတဲ့ (၂၉)နှစ်မြောက် နှစ်လည်အခမ်းအနား
အရပ်သားအစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် ၁၉၈၈က လုံထိန်းရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ကျဆုံးခဲ့ရတဲ့ စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးခဲ့ရတဲ့ (၂၉)နှစ်မြောက် နှစ်လည်အခမ်းအနားကို ရန်ကုန်စက်မှုတက္ကသိုလ် RIT ရဲ့ စုဝေးခန်းမမှာ ကျင်းပခွင့်ရခဲ့ပါတယ်။ နောက်နောင် မြန်မာပြည်သမိုင်းမှာ ဒီလိုဆိုးဝါးလှတဲ့ အဖြစ်အပျက်မျိုးတွေ ထပ်မဖြစ်စေချင်အောင် ကြိုးစားကြရမယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က(၂၈)နှစ်မြောက် နှစ်လည်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ စက်မှုတက္ကသိုလ်မှာကျင်းပတဲ့ နှစ်လည်အခမ်းအနားအကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၇ခုနှစ် တနင်္လာနေ့ မတ်လ ၁၃ရက်နေ့ ဒီကနေ့ဟာ လွန်ခဲ့တဲ့ ၂၉နှစ်-၁၉၈၈ မတ်လ ၁၃ရက်တုန်းက အဓိကရုဏ်းနှိမ်နှင်းရေး လုံထိန်းရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့ (၂၉)နှစ်မြောက်နေ့ဖြစ်ပါတယ်။ ဒီ၂၉နှစ်မြောက် နှစ်လည်အခမ်းအနားကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အရပ်သားအစိုးရ လက်ထက်မှာ ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်စက်မှုတက္ကသိုလ် RIT စုဝေးခန်းမမှာ တရားဝင် ကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်။

ကိုဖုန်းမော် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့ ၂၉နှစ်မြောက် နှစ်လည်အခမ်းအနားကျင်းပရေးကော်မတီ အဖွဲ့ဝင် ရန်ကုန်စက်မှုတက္ကသိုလ် RIT ကျောင်းသားဟောင်း ကိုကျော်ဝဏ္ဍက အခုလိုမျိုး ပထမဆုံး စက်မှုတက္ကသိုလ် စုဝေးခန်းမမှာ ကျင်းပခွင့်ရခဲ့တဲ့ အခမ်းအနားနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

“ဒါကတော့ ၂၉နှစ်တာကလာမှ ပထမဦးဆုံးအကြိမ်ကျောင်းမှာ ပြုလုပ်ခွင့်ရတဲ့ နှစ်ပေါ့နော်။ ကျနော်တို့ ၈၈ ပြီးကတည်းက ၈၉ ခုနှစ်မှာ တကြိမ်လုပ်တယ် အဲဒါက အားလုံး စုပေါင်းပြီးလုပ်ခဲ့တဲ့ ကျောင်းရဲ့ရင်ပြင် မြက်ခင်းပြင်မှာ လုပ်ခဲ့တာပေါ့နော်။ ကျောင်းရဲ့စုဝေးခန်းမမှာ တရားဝင်ခွင့်ပြုခွင့်ရတာကတော့ ဒီနှစ်က ပထမဦးဆုံးအကြိမ်ပါပဲခင်ဗျ။”

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးခဲ့ရတဲ့ (၂၉)နှစ်မြောက် နှစ်လည်အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီသဝဏ်လွှာထဲမှာပါတဲ့ မြန်မာပြည်သမိုင်းမှာ ကိုဖုန်းမော်တို့ကျဆုံးခဲ့ရတာအပါအဝင် ကျောင်းသားပြည်သူရဟန်းရှင်လူတွေ အသက်သွေးမြေကျခဲ့ရသလို အဖြစ်ဆိုးမျိုး ထပ်မဖြစ်အောင် အားလုံးက ဝိုင်းကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သလိုဒီလို တရားလက်လွတ်မပြုမှုနိုင်အောင် ဥပဒေအရ တားဆီးနိုင်အောင် ကြိုးစားကြရမယ်လို့လည်း ကိုကျော်ဝဏ္ဍက ပြောပါတယ်။

“ဒီနေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပေးပို့တဲ့ သဝဏ်လွှာထဲမှာပါသလိုပဲ နောက်နောင် မြန်မာပြည်သမိုင်းမှာ ဒီလိုမျိုး ဆိုးရွားလှတဲ့ အဖြစ်ပျက်မျိုးတွေ နောက်နောင်မဖြစ်အောင်တော့ ကျနော်တို့တွေ ကြိုတင်တားဆီးနိုင်အောင်တော့ ကျနော်တို့တွေ အသက်ဝင်အောင်တော့ ကြိုးစားရလိမ့်မယ်ပေါ့နော် ပြီးခဲ့တာတွေကတော့ အများကြီးပါပဲ ၁၉၆၂ ခုနှစ်ကနေ အခုအချိန်အထိဆိုရင် ဒီလို အဓမ္မ နှိပ်စက်မှုတွေ မြောက်များစွာရှိခဲ့ပါတယ်။ နောက်နောင် ဒီလိုအလားတူအဖြစ်မျိုးမဖြစ်အောင်တော့ ကျနော်တို့ ကြိုတင်ကာကွယ်လုပ်ဖို့ကတော့ ကျနော်တို့မြင်ပါတယ်ခင်ဗျ။”

နဝတ၊ နအဖ အရင်စစ်အစိုးရခေတ်အဆက်ကတော့ ဖုန်းမော်ကျဆုံးခဲ့တဲ့ မတ်လ ၁၃ရက်နေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် ဒီမိုကရေစီအင်အားစုတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အထိမ်းအမှတ်ပြု ဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။ မတ်လ (၁၃)ရက်နေ့မှာကျဆုံးခဲ့ရသူတွေနဲ့ ၈လေးလုံးအရေးတော်ပုံကြီးအတွင်း အသက်ပေးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူ စွန့်လွှတ်ခဲ့သူ အာဇာနည်တွေအတွက် တရားဝင်အသိအမှတ်ပြု အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်နိုင်ရေးကိုလည်း ဒီမိုကရေစီအင်အားစုတွေဘက်က ကြိုးစားသွားကြမှာဖြစ်တယ်လို့လည်း ကိုကျော်ဝဏ္ဍက ပြောပါတယ်။

မြန်မာပြည်ရဲ့အပြောင်းအလဲတွေတိုင်းဟာ မတ်လမှာ အစပြုလို့ပေါ်ပေါက်လာလေ့ရှိသလို ကိုဖုန်းမော်တို့ကိုစိုးနိုင်တို့ကျဆုံးရတဲ့မတ်လ ၁၃ရက်နေ့ဟာလည်း မတ်လရဲ့ သမိုင်းမှတ်တမ်းတခုဖြစ်ကြောင်းနဲ့ အတိတ်သမိုင်းကြောင်းတွေမှာ ပိတ်လှောင်မနေပဲ ဒီသမိုင်းသင်္ခန်းစာကိုယူပြီး နိုင်ငံအနာဂတ်ကောင်းအောင် ဘယ်လိုဖန်တီးကြမလဲ ဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးဝိုင်းဝန်း ထူထောင်သွားကြရမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာထဲ တိုက်တွန်းပြောဆိုထားပါတယ်။ နိုင်ငံအတွက် အထိခိုက်ခံ အနစ်နာခံခဲ့တဲ့ စစ်မှန်တဲ့ အာဇာနည်တွေကို တန်ဖိုးထားခြင်းအားဖြင့်လည်း ငြိမ်းချမ်းတဲ့လူ့ဘောင်နဲ့ ဒီမိုကရေစီပန်းတိုင်ကို အမှန်တကယ်ရောက်တဲ့အထိ ချီတက်သွားကြရမယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မတ်လ ၁၃ရက်နေ့မှာတိုက်တွန်းနိုးဆော်သွားပါတယ်။
VOA Burmese News
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>