Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

ကိုနန္ဒာစစ်အောင် ကိုဆက်လက် ဖမ်းဆီး ထား

$
0
0
လက်ပံတန်းမှာ ဖမ်းဆီးခံ ရတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေး သိမ်ကြီးဈေး ဆန္ဒပြပွဲမှာ ဖမ်းဆီး ခံခဲ့ရတဲ့ ကျောင်းသား (၃)ဦး ထဲက (၂)ဦးကို နောက်တနေ့ မှာ အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။တဦး ကိုတော့ ဆက်လက် ဖမ်းဆီး ထားဆဲ ဖြစ်ပါတယ်။

ကိုရှိန်းရာဇာထွန်း နဲ့ ကို အောင်ထက်အောင် တို့ကို အာမခံ နဲ့ ပြန်လွှတ်ပေး လိုက်တယ် ဆိုပေမယ့် ဆန္ဒပြရာမှာ ခွင့်ပြုချက် မတင်ဘဲ တရားမဝင် စီတန်း လှည့်လည် တဲ့ ပုဒ်မ (၁၈) နဲ့ ပန်းဘဲတန်း ရဲစခန်းမှာ အမှု ဖွင့်ထား ပါတယ်။

ဗကသ အဖွဲ့ဝင် ကိုနန္ဒာစစ်အောင် ကို တခြားပြစ်မှုတွေ ရှိနေတဲ့ အတွက် ဆက်လက် ဖမ်းဆီး ထားပါတယ်။

လောလောဆယ် ကိုနန္ဒာစစ်အောင် ကို ပုဒ်မ (၁၈) အပြင် လူစုလူဝေး မှု၊ အမိန့် မနာခံမှု၊ လှုံဆော်မှု ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု လို ပုဒ်မ (၅) ခုနဲ့ ကမာရွတ် ရဲစခန်း ကလည်း အမှုဖွင့်ထားပါတယ်။

ရန်ကုန်မှာ စစ်ဆေး ပြီးရင် သူ့ကို လက်ပံတန်း ရဲစခန်းကို လွှဲ ပေးပြီး အဲဒီမှာ ဖွင့်ထားတဲ့ အမှု တွေနဲ့ ဆက်လက် စစ်ဆေးမယ် လို့ ပဲခူးတိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူး ကြီး ဦးဝင်းစိန်က ပြောပါတယ်။

ကိုနန္ဒာစစ်အောင် ဟာ လက်ပံတန်း ကျောင်းသား သပိတ် မှာ ပါဝင်တယ် ဆိုပြီး ရဲတပ်ဖွဲ့က ထုတ်ပြန် တဲ့ တရားခံပြေး (၄) ဦးထဲမှာ ပါဝင်သူ ဖြစ်ပါတယ်။

တကယ်တော့ ရဲတွေဟာ လက်ပံတန်း ကိစ္စမှာ အဓိက ဦးဆောင်ခဲ့သူ တွေကို လိုက်လံ ဖမ်းဆီး နေတာ ဖြစ်ပြီး ဗကသ ခေါင်းဆောင် ကျော်ကိုကို အပါအဝင် ကျန်တဲ့ (၃)ဦး ကိုလည်း တရားရုံး မှာ ဖမ်းဝရမ်း ထုတ်ပြီး ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ဖို့ ရှိနေပါတယ်။

ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ကိုလင်းထက်နိုင် က ကျောင်းသားတွေ ဖမ်းဆီးမှု လွတ်မြောက်ဖို့ ဆန္ဒပြ တဲ့ နည်းအပါအဝင် ဆက်လက် တောင်းဆို သွားမယ်လို့ ပြောပါတယ်။

စနေနေ့ မနက် ကလည်း လှည်းတန်းမှာ ဖမ်းဆီးခံ ကျောင်းသား တွေ ပြန်လည် လွတ်မြောက်ရေး အတွက် သရုပ်ပြဆန္ဒ ဖော်ထုတ်မှု ကို ဦးဆောင်တဲ့ ကိုထက်အောင်လင်း ကို ရဲတွေ က ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်း မှာတော့ သူ့ကို ပုဒ်မ (၁၈) နဲ့ အမှုဖွင့် အရေးယူပြီး ကိုယ်ပိုင် ခံဝန် နဲ့ ပြန်လွှတ် ပေးခဲ့ပါတယ်။
.
Credit : BBC
.


လူငယ်အားကို အများကြီးလိုသည်

$
0
0
ဦးမြင့်ဆွေ အမှိုက်ကောက်နေသော ဓာတ်ပုံမှာ ဖေ့စ်ဘွတ်ခ်၌ ပျံ့နှံ့ခဲ့ပြီး ချီးကျူးသူအချို့ရှိသကဲ့သို့ နာရေးကူညီမှုအသင်း အမှိုက်ကောက်ခွင့် တောင်းစဉ်က ခွင့်မပြုဘဲ ရွေးကောက်ပွဲနီး၍ အမှိုက်ကောက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုအချို့လည်းရှိသည်။
ရန်ကုန်တိုင်းဒေသ ဝန်ကြီးချုပ်ဦးမြင့်ဆွေက အမှိုက်မရှိတဲ့လမ်းမှာ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက် လာချ ထားတဲ့ ရေသန့်ဘူးခွံကို လက်အိတ်ကြီးနဲ့ကောက်ပြီးတော့ အမှိုက်အိတ်ထိုးခံတဲ့သူရဲ့ အိတ်ထဲထည့်လိုက်တဲ့ သတင်း ညက မြင်ပြင်းကတ်စွာ ကြည့်လိုက်ရပါတယ်။

အလို … ဘယ့်နှယ် ငါတို့တိုင်းပြည်က အုပ်ချုပ်သူတွေနဲ့ သူ့အပေါင်းအဖော်တွေဟာ ပိုးထည်တွေဝတ်၊ တိုက်ပုံ တွေဆင်၊ ရွှေကြိုးတွေမြန်းပြီးတော့ အမှိုက်ကောက်ပွဲကို ဆင်နွှဲနေကြတာပါလားဆိုပြီးတော့ အံ့အားလည်း သင့်မိသပေါ့။ ထိုင်နေအကောင်းသား၊ ထသွားမှန်း အကျိုးမှန်းသိ ဆိုတဲ့ မြင်ကွင်းပေါ့။

တို့တိုင်းပြည်မှာ အဲဒီလို ရေပေါ်ဆီတွေက နေရာယူပြီး ဟန်ရေးပြနေကြတာတွေနဲ့ လုပ်စားနေကြတာ ကြာလှ ပေါ့။ လူငယ်တွေကို တစ်ခုပြောချင်တာက ခုချိန်မှာ စစ်အာဏာရှင်ပုံစံနဲ့ ဖမ်းလိုက်၊ ဆီးလိုက်၊ ထောင်ထဲထည့်လိုက် လုပ်နေတာကို အနှိပ်စက်ခံ၊ အရိုက်နှက်ခံပြီး အချိန်တွေသွားအကုန်ခံမှာလား၊ အပြင်မှာနေပြီး တစ်ခုခုလုပ်ကြ မလား စဉ်းစားသင့်တဲ့ အချိန်ရောက်ပြီလို့ထင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဖို့ဝရမ်းထုတ်တော့ အဖမ်းမခံဘဲ ရှောင်တိမ်းပြီး ရတဲ့နေရာကနေ ကိုယ့်ကိုဖိနှိပ် ချုပ်ချယ်သူကို ပြန်ပြီးတော်လှန်ဖို့ ကြိုးစားခဲ့တာ သတိပြုစေချင်ပါတယ်။

လူငယ်တွေ ပင်ပန်းလှပြီ။ တိုင်းပြည်အတွက် အနစ်နာခံလုပ်နေတယ်ဆိုတာလည်း အသိအမှတ်ပြုတယ်။ ဒါပေမဲ့ သတ်မယ် ရိုက်မယ်ဆိုတဲ့လူတွေကို ခေါင်းထိုးပေးပြီး သတ်လိုက်၊ ရိုက်လိုက် လုပ်နေတာ အဖြေမဟုတ် ဘူးဆိုတာတော့ စဉ်းစားစေချင်ပါတယ်။

မကြာခင် ၂၀၁၅ ဆိုတဲ့ကာလ ရွေးကောက်ပွဲကို ရင်ဆိုင်ကြရတော့မယ်။ ခုလို လွှတ်တော်ထဲ ပေါက်ပန်းဈေး တွေထည့်ထားရတဲ့ ဘဝလွှတ်ကင်းအောင် လုပ်နိုင်ဖို့ဆိုတာ လူငယ်တွေအားကို အများကြီးလိုတာပေါ့။ သမ္မတ အိုဘားမား နေရာရလာအောင် လူငယ်တွေ အားကြိုးမာန်တက် လုပ်ပေးခဲ့တယ်ဆိုတာ သမ္မတအိုဘားမား ကိုယ်တိုင် ဝန်ခံခဲ့တာပဲ။ သူတို့ ဆိုရှယ်ကွန်ရက်တွေပေါ်ကနေ တိုင်းပြည်အတွက် ဘယ်သူ့ကို ရွေးသင့်တယ်ဆို တာတွေ ဖြန့်ဝေအသိပေးကြတယ်။ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးပေးကြတယ်။ လူမှုရေးအသင်းအဖွဲ့ တွေမှာ ပြည်သူ့အကျိုးတွေလုပ်ရင်းနဲ့ အိုဘားမားကို မဲဆွယ်ပေးသွားကြတယ်။ ဒါကြောင့်လည်း အမေရိကမှာ မဖြစ်နိုင်တဲ့အိပ်မက်တစ်ခုဖြစ်တဲ့ လူမည်းသမ္မတ တက်ရောက်နိုင်ခဲ့တယ်။ မာတင်လူသာကင်းပြောသွားတဲ့ သူ့မှာရှိတဲ့ အိပ်မက်ကို အိုဘားမားက အကောင်အထည်ဖော်ပြသွားနိုင်ခဲ့တာဖြစ်ပါတယ်။

လူငယ်တို့ … ထောင်ထဲသွားနေမယ့်အစား တိုင်းပြည်ကောင်းကျိုး သယ်ပိုးနိုင်တဲ့ အလုပ်တွေ အများကြီး ရှိပါတယ်။ မကြာခင် ရေပေါ်ဆီတွေက ပြည်သူတွေ ယောင်တောင်တောင်ဖြစ်သွားအောင် မဲဆွယ်သလို၊ မဲဝယ်သလို လုပ်နိုင်စရာ တွေ အများကြီးဖြစ်လာတော့မယ်။ ကိုယ့်တိုင်းပြည် လူမှန်နေရာမှန်ရောက်စေရေး၊ နောက်လာမယ့် ငါးနှစ်သက်တမ်းအတွင်း ပြည်သူကို အမှန်တကယ် ကိုယ်စားပြုတဲ့ ပြည်သူ့အကျိုးပြု ထက်မြက်တဲ့ တိုင်းကျိုး ပြည်ကျိုးဆောင်ရွက်နိုင်သူတွေ၊ ပြည်သူအပေါ် အမှန်တကယ် မေတ္တာစေတနာ ထားနိုင်သူတွေ တိုင်းပြည်ရဲ့ ဥပဒေပြုနိုင်တဲ့ နေရာတွေရောက်နိုင်ရေးအတွက် ယခုထဲက အမှိုက်တုတွေကိုရှင်းပြဖို့လိုပါပြီ။

အမှိုက်ဆိုတာ ကားလမ်းဘေးက ရေသန့်ဘူးခွံလေးလောက်မဟုတ်ဘူး။ မြောင်းပုပ်ထဲမှာ လောက်တွယ်ပြီး ပတ်ဝန်းကျင်ကို ဒုက္ခပေးနေတာတွေလည်းပါတယ်။ အဲဒီအမှိုက်တွေ မရှိဖို့ ရေစီးရေလာကောင်းအောင် မြောင်း တွေဖောက်ထုတ်ပေးဖို့လိုတယ်ဆိုတာ လူငယ်အားကိုပြဖို့ အချိန်ရောက်ပြီလို့ထင်ပါတယ်။

၂၉.၃.၂၀၁၅

Tin Nyunt

တိုင်ပတ်နေသော မြန်မာ့ပညာရေး

$
0
0
ကျောင်းဆရာဖြစ်ခါစက သင်ရိုးညွှန်းတမ်းဆိုင်ရာ သင်တန်းဆိုလို့ စိတ်ဝင်စားပြီးတက်ခဲ့ပါတယ်။ အထူးသဖြင့် မူလတန်းတွေကို အင်္ဂလိပ်စာ သူငယ်တန်းကပြန်သင်ဖို့ ပြန်လုပ်ကြတဲ့အခိုက်မှာပေါ့။ အရင်က ငါးတန်းရောက်မှ အင်္ဂလိပ်စာသင်ကြဟလို့ စမ်းသပ်လိုက်တော့ ကမ္ဘာ့အလယ်မှာ နောက်ကောက်ကျသွားတယ်။ ပညာမတတ်တဲ့ စစ်ဗိုလ်စစ်သားတွေ တိုင်းပြည်ကိုတက်ပြီးအုပ်ချုပ်တော့ ပညာရေးကို ဘယ်အထင်ကြီးမှာလဲ။ ပညာရှင်ဆိုတာ တွေကိုလည်း စစ်ဗိုလ်စစ်သားတွေက ထညက်လေးပစ်ပေးလိုက်တာနဲ့ ရမ်းတမ်း ရမ်းတမ်းပါသွားပြီး၊ ခိုင်းတော် မူပါဘုရား၊ ရွှေစိတ်တော်အလိုကျ ပညာရေးကို ပညာပြပေးပါ့မယ်ဆိုတာနဲ့ မြန်မာ့ပညာရေးဟာ ခုချိန်အထိ အိုးခြမ်းပဲ့နဲ့ ထမင်းရည်သောက်နေရတဲ့အဆင့်မှာပဲရှိနေခဲ့ရတယ်။

သင်တန်းမှာ အရမ်းရယ်ရပြီး ပျော်စရာကောင်းတယ်။ ဆရာကြီးတွေကို နမူနာပြပြီး ထွက်သင်ခိုင်းတော့ တောကျောင်းက ဆရာကြီးတစ်ယောက်က ရုပ်ပုံကားချပ်ကြီးကို ဟန်ပါပါထောက်ပြီး

နိုးဝမ်း အဘွတ်ခ

နိုးတူး အပင်စိ

နိုးသရီး အရူးလား တဲ့။ ရယ်လိုက်ရတာ။

ဆရာကြီး သင်ရတာက

No. 1 a book

No.2 a pencil

No.3 a ruler ပါ။

သူလည်း သူသင်တတ်သလိုသင်တာ။ ဘာပြောမလဲ။ နှစ်ပေါင်းများစွာ စမ်းသပ် ပညာရေးရဲ့ ရလဒ်တစ်ခုလေ။

သင်္ချာသင်တဲ့နေ့က သရုပ်ပြဆရာမလေးက ဆရာတို့ စက်ဝိုင်းအကြောင်းသင်မယ်။ ကလေးတွေကို စက်ဝိုင်းကို စက်ဝိုင်းလို့မပြောဘဲ ပုံတွေနဲ့ သရုပ်ပြပြီး ဘယ်လိုသင်ရမလဲဆိုတာ ဆရာတို့ လုပ်ပြရမယ်။ ကျွန်မလည်း နမူနာ ယူလာမယ်တဲ့။

ကျွန်တော်တို့လည်း ကြံဖန်ရတာပေါ့။ ကာကာလက်ဖက်ရည်ဆိုင်ကိုသွားပြီး နံပြားဝိုင်းဝိုင်းလေးတစ်ချပ် ဖုတ်ခိုင်းရတယ်။ နံပြားကို စက်ဝိုင်းလို ပုံစံပြသင်မယ်ပေါ့။ သင်တန်းပြန်စတော့ ဆရာမလေးက တယ်ရီယာ ခွေးလေးတစ်ကောင်ကို အတန်းထဲပိုက်ပြီးဝင်လာတယ်။ သူက “ကဲ … ဆရာတို့ စက်ဝိုင်းအကြောင်းသင်” လို့ပြောလိုက်တယ်။ ဆရာတွေလည်း အမျိုးမျိုး ပုံစံတွေထုတ်ပြီး သင်ကြတာပေါ့။ အမှန်တော့ အိုင်ဒီယာတွေ ထုတ်ကြတာ။ စက်ဝိုင်းကို ဒီလိုသင်ရင်ရတယ်လို့ brainstorming လုပ်ကြတာ။ အားလုံးပြီးပြီဆိုမှ ဆရာမလေးက “ကျွန်မ စက်ဝိုင်း အကြောင်းသင်ရင် ဒီလိုသင်မယ်” ဆိုပြီးတော့ သရုပ်ပြတယ်။

သူက တယ်ရီယာခွေးလေးကို လည်ပင်းမှာ ကြိုးတပ်ပြီး တိုင်တစ်ခုမှာ ချည်ထားလိုက်တယ်။ ကြိုးရှည်ရှည်နဲ့ ခွေးကို တိုင်ပတ်ခိုင်းပြီး ခွေးက တစ်ပတ်လှည့်ရင် အဲဒါလည်း စက်ဝိုင်းလို့ ပြောသင်ချင်လို့ စီစဉ်လာပုံရပါတယ်။ ဆရာမက ခွေးကို ကြိုးလှန်ပြီးတော့မှ ရှေ့က မုန့်လေးပြပြီး “ဘော်ဘီ … လာ … လာ” လို့ခေါ်တယ်။

အားလုံးကလည်း စိတ်ဝင်စားလို့ ဝိုင်းပြီး ကြည့်နေကြတယ်။ ဘော်ဘီဆိုတဲ့ ခွေးကလည်း ဘာဖြစ်သလဲ မသိ ပါဘူး ဆရာမ မုန့်နောက်ကို စိတ်မပါစွာနဲ့ကြည့်လိုက်ပြီး လှဲချလိုက်တယ်။ ဆရာမ နည်းနည်း စိတ်ဆိုးသွားပုံရ တယ်။

“ဘော်ဘီ … လာ … လာ” ဆိုပြီး ထပ်ခေါ်တယ်။ ခွေးက တိုင်ပတ်ဖို့နေနေသာသာ ထကို မထတော့တာ။ ရယ်လိုက်ရတာ။ သင်ထောက်ကူသုံးတယ်ဆိုတာ တိရစ္ဆာန်ကို ယုံစားလို့မရဘူးဆိုတာ ကောင်းကောင်း ပညာပေးသွားတာပဲ။

အဲဒီအချိန်ကတော့ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုတာကို စိတ်ပါစွာနဲ့ လိုက်လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ နှစ်ပေါင်း ၂၀ လောက်ကြာအောင် “နိုး သရီး အရူးလား” ဆိုတာနဲ့ပဲ သွားနေခဲ့ရတော့ ဖတ်စာတွေ အချဉ်ပေါက်လာတယ်။ ဆရာတွေကလည်း ပုံသေနည်းတွေမှာ ပျော်မွေ့လာတယ်။ ဆန်းသစ်ပြီး ခွေးနဲ့ သင်ချင်ပေမယ့် ခွေးကပေပြီး အိပ်နေတော့ ဘာမှ လုပ်လို့မရတော့ဘူး။ ခွေးနဲ့ ပုံပြပြီးသင်ဖို့ ရွေးချယ်ခဲ့တာကိုက အစကတည်းက မှားနေတာလို့ ပြောချင်တာ။

ခေတ်ကာလ ကလေးတွေ ဦးနှောက် အရမ်းဖွံ့ဖြိုးလာတယ်။ မယုံရင် ဖုန်းတစ်လုံးလောက် သူ့လက်ထဲ ထည့် ပေးထားလိုက်။ တစ်ပတ်လောက်ကြာရင် ကိုယ့်ထက်သူက အများကြီးသိတာတွေကို ပြလိမ့်မယ်။

ကမ္ဘာမှာ မိုဘိုင်းလ်ပညာရေး (M-Education, M-Learning) ဆိုပြီးတော့ လမ်းကြောင်း ပြောင်းသွားပြီ။ ဒီအချိန်မှာ E-Education, E-Learning ဆိုတာတောင် ကျွန်တော်တို့ ကလေးတွေအတွက် လမ်းကြောင်း မချ ပေးနိုင်သေးဘူး။ ထိုင်းမှာ ယခင်က OLPC (One Laptop per Child) စနစ်ဆိုပြီးတော့ ကလေးတစ်ယောက် လက်ပ်တော့တစ်လုံးနဲ့ သင်ယူမှုထိရောက်အောင် လုပ်ပေးဖို့ စီစဉ်ကြတယ်။ နောက်ပိုင်း OTPC (One Tablet per Child) စနစ်ဖြစ်သွားတယ်။ အပြောင်းအလဲ အရမ်းမြန်သွားတယ်။ လက်ပ်တော့ခေတ်မဟုတ်တော့ဘူး။ တက်ဘလက်ခေတ် ဖြစ်သွားတယ်။

ခုဆိုရင် အာဖရိကမှာ ကလေးတွေကို အကောင်းဆုံး ပညာပေးနိုင်ဖို့ OMPC (One Mobile per Child) ဖြစ်သွားပြီ။ ကလေးတိုင်း ပညာရှာနိုင်ဖို့ အင်တာနက်ရတဲ့ မိုဘိုင်းလ်ဖုန်းတွေ တစ်ယောက်တစ်လုံး ပေးထားရေး အစီအစဉ်တွေ ချမှတ်နေကြတာ။

ကလေးတွေ လက်ထဲကို လက်ပ်တော့တွေ၊ တက်ဘလက်တွေ၊ မိုဘိုင်းလ်ဖုန်းတွေ ထည့်နေတာက အလကား ထည့်ပေးနေတာမဟုတ်ဘူး။ အင်တာနက်သုံးပြီး ပညာရေးစနစ်ကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ လုပ်နေတာ။ Resources တွေက ဆရာတွေဆီမှာလည်း မရှိဘူး။ ဖတ်စာအုပ်တွေချည်းလည်း အားမကိုးနဲ့။ သိချင်ရင် အင်တာနက်ထဲမှာ ဝင်ကြည့်နိုင်အောင် ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို တစ်ကမ္ဘာလုံးက ကြံဖန်လုပ်နေကြ ချိန်မှာ ပညာရေးပြုပြင်ပြောင်းလဲဖို့ ခုထက်ထိတောင် ဆွေးနွေးနေကြတဲ့အဆင့်နဲ့ တိုင်ပတ်နေတဲ့ သူတွေအတွက် ကျွန်တော်ကတော့ “ဘော်ဘီ … လာ … လာ” ဆိုတဲ့ ခေါ်သံကိုသာ ကြားယောင်နေမိကြောင်း ပြောလိုပါသဗျာ။

၂၈.၃.၂၀၁၅

Tin Nyunt

အမှားကို အမှားမှန်းသိလို့ ပြင်ရဲတဲ့ သတ္တိဟာ လောကမှာအကြီးမားဆုံးသတ္တိပဲ (ရုပ်-သံ)

$
0
0

အမှန်တရားကိုအသက်နဲ့လဲတဲ့ သူတစ်ယောက်နဲ့...အမှန်တရားမှန်းသိလျက်နဲ့ကိုယ့်ရဲ့ဘဝထိခိုက်နစ်နာမည့်အရေးမျော်တွေးလို့နှာစေးလိုက်တဲ့သူတစ်ယောက်. မြန်မာပြည် လည်း ၂+၂=၅ ပါပဲ

ဗမာပြည်အတွက် သင်ခန်းစာပေးတဲ့ ဗွီဒီယိုဖိုင်လေးပါ

အမှားကိုအမှားမှန်းသိလို့ပြင်ရဲတဲ့သတ္တိဟာ လောကမှာအကြီးမားဆုံးသတ္တိပဲ

တွဲဖက်လေယဉ်မှူးမှာ ကြိုတင်အကြံရှိခဲ့ပုံရ

$
0
0
ခရီးသည် ၁၅၀ ပါလာတဲ့လေယာဉ်ကို ပျက်ကျအောင်မောင်းနှင်ခဲ့သူလို့ ယုံကြည်ရတဲ့ ဂျာမန်တွဲဖက်လေယာဉ်မှူး Andreas Lubitz 
ပြင်သစ် Alps တောင်တန်းတွေအပေါ် Germanwings လေယာဉ်ကို တမင်ထိုးချခဲ့တယ်လို့ ယုံကြည်ရတဲ့ တွဲဘက်လေယာဉ်မှူးက တနေ့မှာ သူ့ရဲ့နာမည်ကျန်ရစ်တဲ့ကိစ္စကြီးတခုကို လုပ်ဖို့ရှိတယ်ဆိုတာပြောဖူးတယ်လို့ သူ့ရဲ့ ရည်းစာဟောင်းက ပြောလိုက်ပါတယ်။

လေယာဉ်မှူး Andreas Lubitz က လူတွေအားလုံး အမှတ်ရနေစေမယ့်ကိစ္စကြီးတခုကို သူလုပ်ဖို့စီစဉ်နေတဲ့အကြောင်း ပြီးခဲ့တဲ့နှစ်က ပြောခဲ့ဖူးတယ်လို့ သူ့ရဲ့ရည်းစားဟောင်းက ဂျာမနီနိုင်ငံမှာ နေ့စဉ်ထုတ်ဝေတဲ့ Bild သတင်းစာကိုပြောခဲ့ပါတယ်။ အဲဒီပြောတဲ့အချိန်တုန်းက ဘာကိုဆိုလိုတယ်ဆိုတာ သူ
နားမလည်ခဲ့ပေမယ့် လေယာဉ်ပျက်ကျတဲ့သတင်းကြားစဉ်မှာ အဲဒါကို သွားပြန်သတိရပြီး အင်မတန်တုန်လှုပ်ခဲ့ရတယ်လို့ အဲဒီအမျိုးသမီးရဲ့ အပြောကို သတင်းစာထဲမှာ ကိုးကားဖော်ပြထားပါတယ်။

တနေ့မှာ စနစ်ကြီးပြောင်းလဲသွားဖို့ သူတခုခုလုပ်ဖို့ရှိတယ်။ အဲဒီအခါကျရင် သူ့နာမည်ကို သိသွားကြပြီး အမှတ်ရနေကြမှာဖြစ်တယ်လို့ Andreas Lubitz ကပြောခဲ့တာဖြစ်တယ်လို့ အသက် ၂၆ နှစ်အရွယ် လေယာဉ်မယ် Maria W လို့ပဲ ဖော်ပြထားသူ အမျိုးသမီးက သတင်းစာကို ပြောခဲ့တာပါ။ Andreas Lubitz ဟာ စိတ်ရောဂါအတွက် ကုသမှုခံယူနေရတယ်ဆိုတာကိုလည်း သူ့ကို ပြောပြခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၅ဝ ပါသွားတဲ့ Germanwings လေယာဉ်ပျက်ကျအောင်လို့ တွဲဘက်လေယဉ်မှုး Andreas Lubitz က တမင် အောက်ကို ထိုးချပျံသန်းခဲ့တာလို့ လေယာဉ်ပျံသန်းမှု အသံမှတ်တမ်းကို စစ်ဆေးပြီး ပြင်သစ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ စုံစမ်း စစ်ဆေးမှုတွေကိုလည်း ဆက်လုပ်နေကြပါတယ်။
Germanwings ပျက်ကျလေယာဉ်ပေါ်က ခရီးသည်တွေအတွက် ဝတ်ပြုဆုတောင်းပွဲ ကျင်းပပေးစဉ်။ (မတ် ၂၈၊ ၂၀၁၅)
ဒီကနေ့မှာတော့ လေယာဉ်ပေါ်ပါသွားသူတွေအတွက် အောက်မေ့ဆုတောင်းပွဲတွေကို ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက ပြုလုပ်ခဲ့ကြပါတယ်။ ပြင်သစ် Alps တောင်တန်းတွေပေါ်က လေယာဉ်အပျက်အစီး အပိုင်းအစတွေကို လိုက်လံရှာဖွေနေတာမှာလည်း ရာသီဥတုကြောင့် နှောင့်နှေးမှုတွေရှိနေပါတယ်ရှင်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

အစိုးရ​ဘက်​က တိုက်​ပွဲ​တွေ ချက်​ခြင်း​ရပ်​ဖို့ UNFC တောင်း​ဆို

$
0
0
ကိုးကန့်ဒေသမှာ အစိုးရ ဘက်က လက်နက်ကြီးတွေ သုံးပြီး ပစ်ခတ်တာတွေ မြေပြင် တပ်တွေ နဲ့ တိုက်ခိုက်တာ တွေ အရှိန်မြှင့် လာနေတယ် လို့ MNDAA ပြော။ 
ကိုးကန့်ဒေသမှာ အစိုးရ ဘက်က လက်နက်ကြီးတွေ သုံးပြီး ပစ်ခတ်တာတွေ မြေပြင် တပ်တွေ နဲ့ တိုက်ခိုက်တာ တွေ အရှိန်မြှင့် လာနေတယ် လို့ MNDAA ပြော။

ရှမ်းပြည် မြောက်ပိုင်း နဲ့ ကချင် ပြည် တို့ မှာ အစိုးရ စစ်တပ် က မြေပြင် သာမက ဝေဟင်ပါ စစ်ဆင်ရေး အရှိန် တိုးမြှင့် လာနေတဲ့ အတွက် လက်ရှိ အပစ်ရပ် သဘောတူ မှု ရဖို့ တွေ့ဆုံ ဆွေးနွေး နေတာ တွေ ဟာ အချည်းအနှီး ဖြစ်စေတယ် လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုး များ ဖက်ဒရယ် ကောင်စီ UNFC က ဝေဖန် လိုက်ပါတယ်။

တွေ့ဆုံ ဆွေးနွေး ပွဲ အရှိန်ရ လာတိုင်း မှာ အခုလို ဆွေးနွေးပွဲ ကို လမ်းကြောင်း ပြောင်း သွားစေတဲ့ ဖြစ်ရပ် တွေ ပေါ် ပေါက် လာတတ် တာ ဟာ အစဉ်အလာ လို ဖြစ်နေပြီ ဆိုပြီး တော့လည်း UNFC က သူတို့ ရဲ့ ကြေညာချက် ထဲ မှာ ရေးသား ထားပါတယ်။

ဒါ့ကြောင့် စားပွဲဝိုင်း တွေ့ဆုံ မှု တွေ ကို အလေး အနက်ထား ဖော်ဆောင်ပြီး လက်နက်ကိုင် တိုက်ပွဲ တွေ ကို အစိုးရ စစ်တပ် ဘက် က ချက်ခြင်း ရပ်တန့် ပေးဖို့လည်း အဲဒီ့ ကြေညာချက် ထဲ မှာ တောင်းဆို ထားပါတယ်။

ကိုးကန့် ဒေသထဲ မှာ လက်ရှိ ဖြစ်ပေါ် နေတဲ့ တိုက်ပွဲ အခြေ အနေ နဲ့ ပတ်သက်ပြီး ကိုးကန့်တပ် MNDAA ရဲ့ ပြောခွင့် ရ ဦး ထွန်းမြတ်လင်း က ပြီးခဲ့တဲ့ ၂ ရက် လုံးမှာ အစိုးရ စစ်တပ် ဘက်က လက်နက်ကြီး တွေ နဲ့ ပစ်ခတ် တာ တွေ၊ မြေပြင် တပ်ဖွဲ့ တွေ နဲ့ တိုက်ခိုက် တာ တွေ ဆက်တိုက် လုပ်ဆောင် နေတယ် လို့ ပြောပါတယ်။


BBC Burmese
http://www.bbc.co.uk/burmese

တာဝန်ရှိသူများ၏ ပေါ့ဆမှုကြောင့် သင်္ဘောနစ်မြုပ်ခဲ့ဟု စုံစမ်းရေးအဖွဲ့ပြော

$
0
0

အောင်တံခွန်-၃ သင်္ဘောမြုပ်ခဲ့တာဟာ မတော်တဆဖြစ်တာ မဟုတ်ဘဲ သင်္ဘောဝန်ထမ်းတွေနဲ့ ဆိပ်ကမ်းတာဝန်ရှိသူတွေရဲ့ ကြီးလေးတဲ့ ပေါဆမှုကြောင့် ဖြစ်ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရ စုံစမ်းစစ်ဆေးရေး အဖွဲ့က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

အောင်တံခွန်-၃ သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာကနေ အခုလို ပြောကြားလိုက်တာပါ။

မတ်လ ၁၆ ရက်က ပြည်နယ်အစိုးရအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ပြည်နယ်လုံခြုံရေးဝန်ကြီး ဦးထင်လင်းက အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လွှတ်တော်မှာ လာရောက်ဖတ်ကြားပြခဲ့ပြီး တာဝန်ရှိတဲ့ ၀န်ထမ်းတွေကို အရေးယူသင့်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း စစ်တွေမြို့ ပြည်နယ်အမတ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“အစီရင်ခံစာ နောက်ဆုံးအချက်မှာတော့ ပြည်နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေဟာ တာဝန်ခံမှု အားနည်းတဲ့ လစ်ဟင်းမှုအပိုင်းဖြစ်လို့ အရေးယူရမယ်လို့ ပါပါတယ်။ အဲ့ဒီအချက်ကိုတော့ လက်ခံပါတယ်။ လူသေဆုံးတဲ့အပိုင်းမှာတော့ ၁၂ နှစ်အောက် ကလေးတွေ ဘယ်လောက်သေဆုံးတယ်ဆိုတဲ့ ကိန်းဂဏန်းတွေကို မဖော်ပြခဲ့တဲ့အတွက် အဲ့ဒီအချက်တခုကတော့ သူတို့ ရေးထားပုံက ရှောင်ထွက်တဲ့သဘောမျိုး မြင်ရတယ်။”

ပြည်နယ်အစိုးရရဲ့ အစီရင်ခံစာမှာ သဘောင်္နစ်မြုပ်ချိန်မှာ ခရီးသည် ၁၈၀ ကျော် လိုက်ပါလာပြီး ခရီးသည်စာရင်းမှာ အသက် ၁၂ နှစ်အောက် ကလေးစာရင်း မပါဝင်ဘူးလို့ ဖော်ပြထားပါတယ်။

သင်္ဘောနစ်မြုပ်ချိန်မှာ ရာသီဥတုပြင်းထန်ဆိုးဝါးနေပြီး ရေယာဉ်အုပ်အပါအ၀င် ရေယာဉ်ဝန်ထမ်းတွေ အရက်သောက်စားထားကြတယ်၊ သင်္ဘောနစ်မြုပ်ချိန်မှာ ခရီးသည်တွေကို ကြိုတင် အသိမပေးနိုင်ခဲ့သလို သင်္ဘောနစ်မြုပ်ချိန် ဘယ်ပုံဘယ်နည်း လုပ်ဆောင်ရမယ်ဆိုတာကို ၀န်ထမ်းတွေကိုယ်တိုင် မသိဘူး၊ သင်္ဘောမှာ အရေးပေါ်ဆက်သွယ်ရေးစနစ်လဲ မရှိဘူးလို့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် သင်္ဘောဖြတ်သန်းရာ မြို့တွေက ဆိပ်ကမ်းအာဏာပိုင်တွေ အားလုံးဟာ သင်္ဘောမှာ ခရီးသည်နဲ့ ကုန်တန်ချိန် ဘယ်လောက် ပါရှိနေတယ်ဆိုတာကို စစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အောင်တံခွန်သင်္ဘောကို ၂၀၁၃ ခုနှစ်က နောက်ဆုံး လွန်းတင်ပြင်ဆင်ခဲ့ပြီး အဲ့ဒီလို ပြင်ဆင်ရာမှာလည်း လုံလောက်တဲ့ စက်ပစ္စည်းသုံးပြီး အသေအချာ မပြင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲ ပြောဆိုဆွေးနွေးကြရင်း လွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရဟာ သင်္ဘောနစ်မြုပ်မှုနဲ့ပတ်သက်လို့ လိမ်ညာပြောဆိုခဲ့တယ်၊ ပြည်သူကို မလိမ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရရဲ့ သင်္ဘောနစ်မြုပ်မှု အစီရင်ခံစာကို ဒီလကုန်နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်သွင်းရမှာ ဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော်ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ ထပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်က  အောင်တံခွန်-၃ သင်္ဘောဟာ  တောင်ကုတ်ကနေ စစ်တွေ အသွား မြေပုံမြို့  အရှေ့တောင်ဘက် ငပသုန်ကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တာပါ။

ဒီဖြစ်စဉ်မှာ ခရီးသည် ၁၆၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး မတ် ၁၇ ရက် စာရင်းအရ အမျိုးသား၊ အမျိုးသမီး ၆၁ ဦးရဲ့ ရုပ်အလောင်းတွေ ဆယ်ယူရရှိခဲ့တယ်လို့ အစိုးရက နောက်ဆုံး ထုတ်ပြန်ထားပေမယ့် သေဆုံးသူအရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ဒေသခံတွေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက  ခန့်မှန်းပြောဆိုနေကြတာပါ။

 By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no

အစိုးရက သတ်မှတ်သည့် မြန်မာနိုင်ငံသားတစ်ဦး၏ တန်ဖိုး

$
0
0

လူတစ်ဦးတစ်ယောက်၏ အသက်တန်ဖိုးဆိုသည်က ပစ္စည်းဥစ္စာငွေကြေး တို့ ဖြင့် ပိုင်းဖြတ် ၍ မရစကောင်းပါ။ သို့သော် နိုင်ငံအသီးသီး၌ ဘေးပယောဂတစ်ခုခုကြောင့် အသက် အန္တရာယ် ထိခိုက်သူများ၊ သေဆုံးသွားကြ သူများကို စာနာမှုရှေ့ထား၍ နိုင်ငံ ၏ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်ပေးသည့် ဥပဒေများက သတ်မှတ်သော စံနှုန်းဖြင့် လျော်ကြေးပေးလေ့ရှိကြသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်ဖိုး သတ်မှတ်ချက်များ ကတော့ မတူညီကြပေ။

ထို့ကြောင့် မြန်မာနိုင်ငံသားတစ်ဦး၏ အသက်လျော်ကြေးသည်၎င်း နေထိုင်မွေးဖွားရာ အမိနိုင်ငံ အစိုးရ၏ တန်ဖိုးသတ်မှတ်ချက်ပေါ်တွင် မူတည်နေသည်။

တစ်နည်းအားဖြင့် နိုင်ငံတော်၏ တန်ဖိုး နှင့် နိုင်ငံသား၏ တန်ဖိုးသည် ဆက်စပ်မှုရှိနေသည် ဟု ဆိုနိုင်ပေသည်။ သမ္မတဦးသိန်းစိန် အစိုးရ တက်လာခဲ့သည့် အချိန်အတွင်း နိုင်ငံအတွင်း ၌ ပဋိပက္ခအများအပြား ပေါ်ပေါက်ခဲ့ သည်။ ပဋိပက္ခများကို ဖြေရှင်းနည်းများ တွင် လျော်ကြေးပေးခြင်းများလည်း အပါအဝင်ဖြစ်ခဲ့ပြီး မီဒီယာပွင့်လင်းလာမှုမှ တဆင့် မြန်မာနိုင်ငံသားတစ်ဦးအတွက် သတ်မှတ်ပေးထား သည့် လျော်ကြေးငွေနှုန်းထား များကိုလည်း ပြည်သူများက သိလာခဲ့ကြသည်။

မြန်မာနိုင်ငံသား တစ်ဦး အသက်ဆုံးရူံးရခြင်းအတွက် ပြန်ရလိုက်သည့် လျော်ကြေးငွေသည့် အခြားတိုင်း တစ်ပါးနှင့် နှိုင်းယှဉ်လျှင်သဂြိုဟ် စရိတ်ပင် ရှိလောက်သည်ကို သိရသည့် အခါ မြန်မာနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ငယ်စရာ ဟု ခံစားမိလာပေမည်။ အစိုးရ သည် ပြည်သူ အပေါ်တွင် တန်ဖိုးထားရကောင်းမှန်း မသိတာလား၊ မသိချင်ယောင်ဆောင်နေ တာလား၊ စဉ်းစားစရာ ဖြစ်လာသည်။

သေထိုက်လို့သေသည်၊ ကံမကောင်းလို့ သေရသည်၊ အကြောင်းမလှလို့ သေရသည်၊ရာ သီဥတုကြောင့် သေရသည်၊ အချိန်ကျလာလို့ သေသွားရသည်၊ မလွဲမရှောင်သာ လို့ သေသည် စသဖြင့် ဝါးလုံးချေးသုတ် အဖိုးမတန် လေသံများဖြင့် အသက်တစ်ချောင်း ကို တန်ဖိုးထားရကောင်းမှန်းမသိ ပြောဆိုတတ်ကြသည်။

အစိုးရ၏ တာဝန်မကင်းမှုကြောင့် ပေါ်ပေါက်လာရသည့် မြန်မာနိုင်ငံသားများ မတော်တဆသေဆုံးမှုများတွင် မြန်မာအစိုးရပေးသည့် လျော်ကြေးငွေများနှင့် အခြားနိုင်ငံများက မတော်တဆမှုများအတွက် ၎င်းတို့နိုင်ငံသားများ အတွက် ပေးအပ် သည့် လျော်ကြေးငွေများသည် အဆမတန် ကွာခြားမှုရှိနေသည်။

ပြီးခဲ့သည့်သီတင်းပတ်က အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ အစိုးရက နစ်နာကြေးပေးရန် လွှတ်တော်က အတည်ပြုထားသော်လည်း မည်မျှပေးအပ်မည်ကို မသိရှိသေးပေ။ ရခိုင်ပြည်နယ်အစိုးရအနေ ဖြင့် သေဆုံးသွားသူများအတွက် တစ်ဦးလျှင် ကျပ် ၁၁ သိန်း၊ အသက်ရှင်သူများကို ကျပ်သုံးသိန်းစီ ထောက်ပံ့ ပေးခဲ့သည် ဟု ဒေသခံများ ထံမှသိရသည်။

‘ပြည်နယ်မှာတော့ အစိုးရရဲ့ကိုယ်ပိုင်ငွေက မဟုတ်ပါဘူး။ ဒီကုမ္ပဏီတွေက အလှူငွေတွေ နဲ့ ပေးနေတယ်လို့ကြား တယ်။ ဒါပေမဲ့ လူတွေက ၇၀ ကျော်လောက်သေတယ်လို့ အခုလောလောဆယ်တော့ သိတာပေါ့။ ဒါပေမဲ့ အဲဒီအထဲမှာမှ တကယ် အမည်ဖော်နိုင် တဲ့လူက တစ်ဆယ်ကျော်နှစ်ဆယ်ကျော်လောက်ရှိပဲတယ်ပြောတယ်။ ကျန်တဲ့လူ ဘယ်သူ ဘယ်ဝါလို့ မသိဘူး။ အဲဒါတွေကိုလည်း လျော်ကြေးပေးဖို့လိုတယ်။ အဲဒီလုပ်ငန်း ကတော့ ပြည်ထောင်စုအဖွဲ့ကော်မရှင် သူတို့နဲ့ပိုပြီးတော့ ဆိုင်လိမ့်မယ် ထင်ပါတယ်။ သူတို့ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စောင့်ကြည့် ရမှာပေါ့’ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

အစိုးရက ပေးအပ်သည့် လျော်ကြေးသည်အခြားနိုင်ငံများမှအစိုးရများ ပေးအပ် သည့် လျော်ကြေးနှင့် မတူညီနိုင်သော်လည်း တဖြည်းဖြည်းချင်း နီးစပ်အောင် လုပ်ယူရမည် ဟု ၎င်းက ဆိုသည်။ ‘တစ်ချိန်ကလူ့အသက်တွေကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့ အချိန် တွေက ရှိခဲ့တယ်လေ။ ဒီလိုပဲ နေခဲ့ရတာပဲ။ ဘာမှလျော်ကြေးရတာမဟုတ်ဘူး။ ဒါပေမဲ့ ဒီအချိန်မှာတော့နိုင်ငံတော်က ထိုက်သင့်တဲ့ လျော်ကြေးတစ်ခုကိုတော့ ပေးဖို့လိုတယ်’ဟု ဦးဖေသန်းက ပြောသည်။ နိုင်ငံသားတစ်ဦး၏ တန်ဖိုးသည် နိုင်ငံ၏ ဥပဒေပေါ်တွင် အများကြီးမူတည်နေပြီး လျော်ကြေးသည်လည်း ဥပဒေအပေါ်တွင် အများကြီး မူတည်နေ သည်။

အောင်တံခွန်၃နစ်မြုပ်မှုသည် ရုတ်တရက်ရာသီဥတုဆိုးရွားမှုကြောင့် သင်္ဘောအိုဟောင်း လွန်းသောကြောင့်၊ မာလိန်မှူးမူးနေသောကြောင့်၊ သင်္ဘောရေမလုံသည်ကို သိလျက်နှင့် ခရီးဆက်ခဲ့သောကြောင့် စသည့်ဖြင့်အကြောင်းမျိုးစုံသာ ထွက်ပေါ်လာသည်။ အတည် မပြုနိုင်သေးသည့် သေဆုံးသည့် ခရီးသည်ဦးရေနှင့် မည်သူ့အပေါ်တွင် တာဝန်ရှိနေ သည်ကို အစိုးရက တိကျ သေချာသည့်ထုတ်ပြန်ချက် မပေးနိုင်သေးပေ။ အလောင်းရှာဖွေမှု ကိုလည်း ပြည်နယ်အစိုးရက ချက်ချင်းရပ်စဲလိုက်သည်မှာ သေဆုံးခဲ့သူများ လူသားချင်း မစာနာရာ ရောက်နေသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆဲပြီးနောက်ပိုင်း အလောင်းများ ထပ်မံပေါ်လာသည်။ သင်္ဘောထဲတွင်လည်း အလောင်းအများအပြား ကျန်နေအုံးမည်ဟု ဒေသခံများကို တင်ပြသော်လည်း ပြည်နယ်အစိုးရက ကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်ဆိုင်းခဲ့သည်။ ထိုအချက်ကပင် အစိုးရသည် ပြည်သူအပေါ် မလေးစား မညှာတာသည့် သဘောသက်ရောက်နေသည်ဟု ရခိုင်ပြည်နယ် မြေပုံမြို့နေ ပြည်သူ တစ်ဦးက ပြောသည်။

‘ဘယ်သူ့မှာတာဝနှ်ရှိပါတယ်ဆိုပြီး အစိုးရဘက်က ဝန်ခံဖို့မပြောနဲ့ အလောင်းတောင် ကုန်အောင် ရှာမပေးဘူး။ အခု ဒေသခံတွေကပဲ ဒါကို လုပ်နေရတယ်။ ပေါ်သမျှ အလောင်းလိုက် ဆယ်နေရတယ်’ ဟု ၎င်းက ဆိုသည်။

အလားတူ အဖြစ်အပျက်တစ်ခု မှာ ပြီးခဲ့သည့်နှစ် က တောင်ကိုရီးယားကျောင်းသား လေ့လာရေး သင်္ဘောနစ်မြုပ် ခဲ့သည်။ သေဆုံးခဲ့သူများ အတွက် နိုင်ငံတော် သမ္မတကိုယ်တိုင် သူမတွင်တာ ဝန်ရှိကြောင်း ပြည်သူ သို့ တောင်းပန် ခဲ့သည်။ ၀န်ကြီးချုပ်က သူ့တာဝန်ဖြစ်သည်ဟု ဆိုကာ နုတ်ထွက်စာ တင်သည်။

သင်္ဘောကုမ္ပဏီပိုင်ရှင်ကိုအစိုးရက အပူတပြင်းလိုက်ရှာခဲ့ပြီး ကုမ္ပဏီပိုင်ရှင်က ပန်းခြံတစ်ခု တွင် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သည်။ အချိန်မီ လာရောက်ကယ်ဆယ်ရန် ပျက်ကွက်သူ ဝန်ထမ်းများ အားလုံးကို အစိုးရက အပြစ်ပေးခဲ့သည်။ သင်္ဘောပေါ်မှ တာဝန်ရှိ ၀န်ထမ်းများ ကို ထောင်ဒဏ်နှစ် ၃၀ ထက်မနည်း ချမှတ်ခံခဲ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တရုတ်မြန်မာနယ်စပ် လောက်ကိုင်တိုက်ပွဲ အတွင်း မြန်မာ့လေတပ်က ကြဲချခဲ့သည်ဟု ဆိုသည့် ဗုံးတစ်လုံးကြောင့် သေဆုံးခဲ့ရသည့် ယူနန်ပြည်နယ်မှ ကြံခင်းစိုက်ပျိုးနေသည့် တရုတ်နိုင်ငံသားငါးဦး၏ ကျန်ရစ်သူ မိသားစုဝင်များကို သေဆုံးသူတစ်ဦးအတွက် လျော်ကြေးငွေ အဖြစ် အမေရိကန်ဒေါ်လာငွေ တစ်သောင်းတစ်ထောင်ကျော်နှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ခုနစ်သောင်းစီပေး ရန် မြန်မာအစိုးရက က မ်းလှမ်းခဲ့သည်ဟု တရုတ်အစိုးရအာဘော် Global Times သတင်းစာက ဖော်ပြခဲ့သည်။

‘အဲဒါကျတော့သူများနိုင်ငံနဲ့လည်း ဆိုင်တာကိုး။ ကိုယ်ကသွားကျူးတာကိုး။ အဲဒီတော့ ပိုပြီးတော့ အပြစ်ရှိသလိုဖြစ်တာပေါ့။ တောင်းတာ ဆိုတော့ သူတို့တောင်းသလောက် ကျွန်တော်တို့ပေးရမှာပေါ့။ မပေးရင်တော့ ဘယ်ကျေလည်မလဲ။ ကိုယ့်နိုင်ငံကျတော့ ဘယ်လိုပဲ ရှင်းရှင်းရှင်းတယ်လေ။ သူတို့ကြွေးကြော်နေတဲ့ တရားသော စစ်ဆို တော့ သေ ရင်လည်း တရားသဖြင့် သေတာပေါ့ဗျာ။ ဒါတော့ ဘယ်တတ်နိုင်မလဲ။ ကိုယ့်နိုင်ငံသားတွေ ကို အရေးမစိုက်ဘဲသူများကိုမှ ကြောက်လို့ဂရုစိုက်တယ်ဆိုရင်လည်း ကျွန်တော်တို့ ဒါမတတ်နိုင်ဘူးပေါ့။ ဒါတွေကို ပြည်သူတွေမြင်ပါတယ်။ အကုန်လုံး သိပါတယ်’ဟု ဦးဖေသန်းက အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ သုံးသပ်ပြော သည်။

မြန်မာ့တပ်မတော်တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်စဉ် တိုက်ပွဲကျဆုံးအရာရှိ တစ်ဦးလျှင် တပ်မတော် အထွေထွေသက်သာချောင်ချိရေးရန်ပုံငွေမှ ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် လည်း ကောင်း၊ အခြား အဆင့်တစ်ဦးလျှင် ကျပ်ရှစ်သိန်းနှုန်းဖြင့်လည်း ကောင်း၊ စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးဝင်သော သေဆုံးအရာ ရှိတစ်ဦးလျှင် ကျပ်သုံးသိန်း၊ အခြား အဆင့်တစ်ဦးလျှင်ကျပ်နှစ်သိန်း၊ EA1 အရာ ရှိတစ်ဦးလျှင် ကျပ်ငါးသိန်း၊ EA2 အရာရှိ တစ်ဦးလျှင် ကျပ်သုံးသိန်း၊ အခြားအဆင့်တစ်ဦးလျှင် ကျပ်နှစ်သိန်းနှုန်း တို့ဖြင့်လည်း ကောင်း ထောက်ပံ့ကြေးများကို ၂၀၁၀ ပြည့်နှစ်မှ စတင်ပေးလျက်ရှိသည်ဟု ကာကွယ်ရေးဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောဆိုခဲ့ဖူးသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ‘အာမခံထားလို့ ရတဲ့ငွေနဲ့ လျော်ကြေးက မတူပါဘူး။ တပ်မတော်က ကြေးစား တပ်မတော် တစ်ခုလည်း မဟုတ်ပါဘူး။ နိုင်ငံတော်က ထောက်ပံ့လို့သာ ဒီငွေက ရတာပါ။ အရင်တုန်းက ဆိုရင် ဒီလောက် တောင်မရဘူး။ ထောက်ပံ့ငွေနဲ့ အာမခံ လျော်ကြေးကို နှိုင်းယှဉ်လို့တော့ မရဘူး။ နှိုင်းယှဉ်ပြောမယ်ဆိုရင်တပ်မ တော်သားတွေတိုက်ပွဲမှာ ကျဆုံးလို့ရ တဲ့ ထောက်ပံ့ကြေးဟာ ဂျနီဗာလိုပက်တင်ပါးတစ်ခြမ်းကို အာမခံထားသ လောက်ပဲ ရှိလိမ့်မယ်’ဟုလည်း ထိုစဉ်က ပြောဆိုခဲ့ဖူးသည်။

ဦးလှဆွေ၏ လိုပက်တင်ပါးနှင့် နှိုင်းယှဉ် ပြောစကားကို အချို့ တပ်မတော်အရာရှိကြီးများက မနှစ်မြို့ သံများ ထိုစဉ်က ကြားခဲ့ရသည်။ သို့သော် တပ်မတော်အရာရှိ ၁၁ ဦး၏ အသက်တန်ဖိုးမှာ ယူနန်ပြည်နယ်နေ တရုတ်နိုင်ငံသား တောင်သူတစ်ဦး၏ တန်ဖိုးနှင့်သာ ညီမျှနေသည်မှာ အစိုးရ၏ သက်သေ ဖြစ်သည်။

ကျောက်တွင်း ဖားကန့်ဒေသတွ င်သူဌေးမဖြစ်ဘဲ မြေစာဖြစ်ခဲ့ကြသည့် အဖြစ်အပျက်များ မကြာခဏဖြစ်ခဲ့ကြသည်။ ယခုနှစ် ဇန်နဝါရီလ ကလည်း ပေတစ်ထောင်ကျော် အမြင့်ရှိနေ သည့် မြေစာကျင်းထဲသို့ ကျောက် ရှာထွက်ကြ သည့် လောပန်လောင်းများ အသုဘအလောင်းဖြစ်ခဲ့ကြ သည်။ ဆိုးရွားသည်မှာ မြေစာကျင်းထဲပိသေ သွားသည့် လူဦးရေအရေအတွက်ကိုပင် မသိခြင်းပင်၊ တိတိကျကျ ပြန်လည် ကယ်ဆယ်တူးဖော်ပေးခြင်းလည်း မရှိဘဲ အရှင်လတ်လတ်သ င်္ဂြိုဟ်ခံလိုက်ရသည့် ဘ၀ဆိုးမျိုး ရောက်ရရှာသည်။ မည့်သည့်အစိုးရ မည်သည့်ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီ တာဝန်ရှိသူကမှ တာဝန်ယူ ကယ်ဆယ်ပေးခြင်း၊ အရေးယူဆောင်ရွက်ပေးခြင်းကို မကြားသိရသေးပေ။

၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ၇ မိုင်ခွဲအနီးတွင် ဦးပိုင်လီမီတက်က ပိုင်ဆိုင်သည့် အဓိပတိလိုင်းကားက လမ်းလျှောက်ထွက်လာ သည့် မိန်းကလေး ၂ ဦး ကို တိုက်မိခဲ့သည်။ ယာဉ်မောင်းထွက်ပြေးသွားပြီး စပယ်ယာက သာ အဖမ်းခံခဲ့သည်။ တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပိုင်းဆိုင်ရာ ထိခိုက်ခဲ့သည်။ အသက်သေဆုံးသည် အထိ ကားတိုက်ခဲ့သည့်အတွက် လျော်ကြေးငွေ ၅ သိန်းသာပေးလျော်ရန် နိုင်ငံတော်က သတ်မှတ်ထားသည်ဟု စစ်တပ်၏ စီးပွားရေးလုပ်ငန်း ဦးပိုင် ပိုင်ဆိုင်သည့် အဓိပတိ ယာဉ်လိုင်း ဒါရိုက်တာများက ဆိုသည်။

လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ဒီဇင်ဘာလတွင် ဦးတေဇပိုင် အဲပုဂံလေယာဉ် ဟဲဟိုးလေဆိပ်တွင် ပျက်ကျမှု ဖြစ်ပေါ်ခဲ့ပြီး လေယာဉ်ပေါ်တွင်လိုက်ပါလာသူ ဧည့်လမ်းညွှန် ဒေါ်နွယ်လင်းရှိန်နှင့် လမ်းပေါ်ရှိ ဦးပြားတို့ ၂ ဦးသေဆုံးခဲ့သည်။ လေယာဉ်ပေါ်ပါလာသည့် အမေရိက န်ဇနီးမောင်နှံ ၂ ဦး၏ အသေးစား ထိခိုက်မှုအတွက် ဒေါ်လာသန်းနှင့် ချီပေးခဲ့ရ သည့် လျော်ကြေးငွေသည် ဦးတေဇအတွက် ညည်းတွားလောက်စရာ ဖြစ်ခဲ့သည်ဟု ဦးတေဇနှင့် နီးစပ်ရာ အသိုင်းအဝိုင်းက သိရသည်။ ထိုလျော်ကြေးငွေပမာဏကိုလည်း သတင်းများတွင် မဖော်ပြခဲ့ပေ။

သို့သော် မြန်မာနိုင်ငံသား ၂ ဦး သေဆုံးခဲ့ သည့် လျော်ကြေးငွေသည် ဦးတေဇ အတွက် ပြောပလောက်စရာ ပင် ဖြစ်ခဲ့ဟန်မတူပေ။ အထက်ပါဖြစ်ရပ် ၂ ခု တွင် နိုင်ငံသားများ ထိုက်တန်သည့် လျော်ကြေးနှင့် နစ်နာကြေးရရှိရန်ဆိုသည်မှာ လတ်တလော အခြေအနေတွင် လျော်ကြေးပေးအပ်ရန်ပင် စိတ်ထဲမရှိကြခြင်းကြောင့် လျော်ကြေးပေးအပ်ရန်အတွက် အဓိကဇောင်းပေးပြောနေကြ ရသည်။ ထို့ကြောင့် အခြားသောနိုင်ငံများနှင့် ယှဉ်၍ ရနိုင်မည်မဟုတ်ပေ။
‘ဒါကတော့ ကိုယ့်နိုင်ငံရဲ့ အခွင့်အရေး သူ့နိုင်ငံရဲ့အခွင့်အရေးဖြစ်နေတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာတော့ အသက်ကိုတန်ဖိုးထားရကောင်းမှန်းမသိတဲ့ အစဉ်အလာကြောင့် ဖြစ်ရင်လည်းဖြစ်မှာပေါ့။ ကိုယ့်နိုင်ငံမှာ သူများလာပြီးတော့ သေတယ် ဆိုရင်တော့ ပေးမယ်။ ကိုယ့်နိုင်ငံသား သူများနိုင်ငံမှာသွားသေရင်တော့ မတောင်းရဲဘူး။ မပြောရဲဘူး။ အသက်ဟာ ဘယ်ကပဲဖြစ်ဖြစ်တ န်ဖိုးရှိသင့်သလောက်ရှိ ရမှာပေါ့။ သူ့နိုင်ငံသားတွေ နစ်နာတယ်ဆို အခုတရုတ်က တောင်းပြီလေ တောင်း တယ်။ ဒေါ်လာသောင်းချီပြီး တောင်းတယ်။ ဒါတောင်နည်းတယ်ဆိုပြီး လက်မခံချင်ဘူး’ ဟုလည်း ဦးဖေသန်းက ၎င်း၏ အမြင်ကို ပြောသည်။

‘လျော်ကြေးဆိုတာလည်း ဥပဒတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ အလုပ်သမားတွေ လက်ပြတ် ခြေပြတ်ဒ ဏ်ရာရ၊ သေလျော်ကြေးက မဖြစ်စလောက်ပဲပေး။ ဥပဒေတွေက အဲဒီလိုဖြစ်နေတာကိုး။ အဲဒါကြောင့် ကျွန်တော်တို့က ခရိုနီနဲ့ အစိုးရ အဲလိုပုံစံမျိုးဖြစ်နေတော့ ဒါတွေ ဒီလိုပဲဖြစ်နေတယ်။ ခရိုနီတွေ ဘက်ကာပြီးတော့ ဆွဲတဲ့ ဥပဒေတွေ ဖြစ်နေတယ်။’ ဦးဖေသန်းကပြောသည်။

နိုင်ငံသားတစ်ဦး၏ တန်ဖိုးသည်နိုင်ငံ၏ ဥပဒေပေါ်တွင် အများကြီး မူတည်နေခြင်းကြောင့် နိုင်ငံသား၏ တန်ဖိုးကို သိသူများဥပဒေကို ရေးဆွဲသူများ က နိုင်ငံသားတစ်ဦး၏ တန်ရာတန်ကြေးကို သတ်မှတ်ရန်လိုအပ်သည်။

‘နိုင်ငံသားရဲ့တန်ဖိုးကိုသိတဲ့လူတွေက ဥပဒေရေးဆွဲတဲ့လူတွေက နိုင်ငံသား တစ်ယောက်ကို တန်ရာတန်ကြေး သတ်မှတ်ဖို့လိုတယ်။ ဒါကို အလေးမထားဘဲ အလုပ်သမားပဲ၊ စစ်သားပဲ အဲလိုသေမှာပေါ့ဆိုတဲ့ ပုံစံမျိုးနဲ့ ဘာမှမဖြစ်စလောက်တဲ့ လျော်ကြေးငွေနဲ့ အဲဒါမျိုးပေးဖို့ ဆုံးဖြတ်နေရင်တော့ မဖြစ်ဘူးလေ။ လူ့အသက်ဆိုတာ ဆင်းရဲလည်း တန်ဖိုးရှိတယ်။ ချမ်းသာလည်း တန်ဖိုးရှိပါ တယ်။ ဒါနိုင်ငံတော်အစိုးရက ဥပဒေကိုရေးဆွဲတဲ့ လွှတ်တော်နှင့် အစိုးရအဖွဲ့တွေက ပိုပြီးတော့ဂရုစိုက်ရမယ့်ကိစ္စတွေ။ အချိန်အခါနဲ့ အခြေအနေ တစ်ခါခါတော့ပေးလာပါလိမ့်မယ်။ အဲဒါတွေတော့ နည်းနည်းစိတ်ရှည်ပြီး လက်ခံပေး ရမှာပေါ့’ဟု ဦးဖေသန်းက ဆက်လက်ပြောဆိုခဲ့သည်။

သို့သော် ဦးဖေသန်း သုံးသပ်သည့် အခြေအနေနှင့် အချိန်အခါကတော့ မည်မျှအထိ မျှော်လင့်စောင့်စားရမည်ကို မည်သူက မျှတပ်အပ်မပြောနိုင်ပါ။

အစိုးရ သည် ၎င်း၏ တာဝန်မကင်းသည့် အမိနိုင်ငံသားသေဆုံးမှုများ အတွက် လျော်ကြေး မဆိုထားနှင့် ဝမ်းနည်းကြောင်းပြောဖို့ပင် အခြေအနေပေးဟန် မတူ၊ တာဝန်ရှိကြောင်း ဝန်ခံဖို့သည် သမိုင်းပေးတာဝန် မဟုတ်ဟု မှတ်ယူထားကြ ပုံပင်။ နိုင်ငံသားတို့မှာ မိမိတို့ကိုတန်ဖိုးထားသော အစိုးရတစ်ရပ် ကို ရွေးကောက်တင်မြှောက်နိုင် ရန်သာ မျှော်လင့်လျက်ရှိပေလိမ့်မည်။

မောင်နိုး၊ ဇော်မင်းထွန်း

The Ladies News Jorunal ပါ သတင်းဆောင်းပါး
https://www.facebook.com/News.TheLadies

လက်ပံတောင်းအကြမ်းဖက်မှု ၂၈ လပြည့် ကန့်ကွက်ဆန္ဒပြ

$
0
0
သံယာတော်တွေကို မီးလောင်ဗုံးနဲ့ အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ လက်ပံတောင်းတောင် ၂၈ လပြည့် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ချီတက်ဆန္ဒပြသူတွေဟာ သိမ်ကြီးဈေးရှေ့ကနေစပြီး မြို့တော်ခန်းမရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒခဲ့ကြတာဖြစ်ပြီး ပန်းဘဲတန်းရဲစခန်း တာဝန်ရှိသူတွေက လာရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေက ၀မ်ပေါင်ကုမ္ပဏီ ငါတို့နိုင်ငံက ထွက်သွား၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စတဲ့ပိုစတာတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မုံရွာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေ သမှာ ကြေးနီစီမံကိန်းကို သပိတ်စခန်းဖွင့် ကန့်ကွက် ဆန္ဒပြနေတဲ့ ဒေသခံတွေနဲ့ ရဟန်းသံဃာတွေကို အာဏာပိုင်က မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

သတင်းဓာတ်ပုံ – ကောင်းထက်ကျော်
DVB TVnews



ရုပ်-သံကြည့်ရန် ပုံကိုနှိပ်ပါ

မုသားမြောက်တဲ့ သမ္မတစကားကို ဘယ်သူ တာဝန်ယူမလဲ

$
0
0

သမ္မတ ဦးသိန်းစိန်နဲ့ ဘီဘီစီ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာဗျူးမှာ ပုဒ်မ ၅၉ (စ) နဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောဆိုချက်ဟာ မှန်ကန်မှု မရှိပါဘူး။ သမ္မတအနေနဲ့ အမှတ်မှားလို့ ပြောခဲ့သလား၊ ဒါမှမဟုတ် မရိုးမသား ပြောခဲ့သလား ဆိုတာ သမ္မတက လွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီနေရာမှာ မေးစရာ မေးခွန်းက မြန်မာပြည်မှာ သမ္မတ ဖြစ်ရင် ဒီလိုပဲ ပြောချင်ရာ ပြောခွင့်ရှိသလား၊ ကိုယ်ပြောတဲ့ စကားအတွက် ဘာမှ တာဝန် မရှိဘူးလားဆိုတဲ့ ကိစ္စပါ။

ပထမဆုံး ပြန်စိစစ်သင့်တဲ့ ကိစ္စဟာ သမ္မတ အနေနဲ့ ၅၉ (စ) ကိစ္စကို တကယ် မသိဘဲ  ရိုးရိုးသားသား မှားယွင်းပြောဆိုခဲ့သလားဆိုတဲ့ ကိစ္စပါ။  အတော် ဖြစ်နိုင်ခြေ နည်းပါတယ်။ အကြောင်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ စစ်အစိုးရခေတ်မှာ ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သလို၊ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တဲ့ ညောင်နှစ်ပင် ညီလာခံရဲ့ ဥက္ကဋ္ဌအဖြစ် ကာလတခု တာဝန်ယူခဲ့ဖူးပါတယ်။

မြန်မာပြည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ များများစားစား မရှိပါဘူး။ ၁၉၄၇ ဖွဲ့စည်းပုံ၊ ၁၉၇၄ ဖွဲ့စည်းပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံဆိုပြီး သုံးခုပဲ ရှိပါတယ်။ ဘီဘီစီနဲ့ အင်တာဗျူးမှာ ဦးသိန်းစိန်က ၁၉၄၇ ဖွဲ့စည်းပုံကို ကိုးကားပြီး ပြောသွားတာဖြစ်လို့ သူတကယ် မသိဘဲ ပြောခဲ့တာဆိုရင်လည်း အတော် အံ့သြစရာ ကောင်းပါတယ်။

ပုဒ်မ ၅၉ (စ) နဲ့ပတ်သက်လို့  ဦးသိန်းစိန်ရဲ့ စကားလုံး အတိအကျက ဒီလိုပါ။

“ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ သူ့ရဲ့ အဖေလက်ထက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံကတည်းက ထည့်ထားတာဖြစ်ပါတယ်” ဆို ပြောထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အပိုင်း နှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။ ပထမအပိုင်းကတော့ အချက်အလက်အရ လုံးဝ မှားယွင်းပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံမှာ တကယ် ပြဋ္ဌာန်းထားတာနဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းချက်က မတူပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခန်း (၅) နိုင်ငံတော် သမ္မတအခန်း၊ ပုဒ်မ (၄၉) (က) မှာ ပြဋ္ဌာန်းထားတာက “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း၊ ပြည်ထောင်စု နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စု နိုင်ငံသားလည်းဖြစ်သော” လို့ ပြဋ္ဌာန်းထားပါတယ်။ ရှင်းရှင်လေးပါပဲ။

ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခန်း (၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ အခန်း၊ ပုဒ်မ ၅၉ (စ) ကတော့ ပိုပြီး ကျယ်ဝန်းပါတယ်။ အတိအကျကတော့ “မိမိကိုယ်တိုင်သော်လည်ကောင်း၊ မိမိ၏ မိဘတပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ်၊ ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ၊ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုငိငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေ” ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ဖို့ ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာ မဟုတ်ဘူးလို့ ယုံကြည်ဖို့ ခက်ပါတယ်။ ထားပါ။

ဒီပုဒ်မ နှစ်ခုကို ဖတ်ကြည့်ရုံနဲ့ ပြဋ္ဌာန်းချက် နှစ်ခုဟာ အတော်လေး ကွာခြားတယ်ဆိုတာကို အလွယ်တကူ နားလည်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော် သမ္မတ အနေနဲ့ ဒီလောက် ကွဲလွဲနေတဲ့ အချက်ကို မှားပြောတာဟာ အတော်အံ့သြစရာ ကောင်းပါတယ်။

ဒုတိယပိုင်းကတော့ သမ္မတက “သူ့ရဲ့ အဖေ လက်ထက်” လို့ ပြောသွားတာ စဉ်းစားစရာ ရှိပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံလို့ ရိုးရိုး ရည်ညွှန်းလို့ ရပါလျက်နဲ့ ဘာဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းကို ဆွဲသွင်းသလဲဆိုတာ စဉ်းစားရပါတော့မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တမျိုးသားလုံးက လေးစားတဲ့ အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေး ဖခင်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဉာဏ်ပညာ၊ စေတနာကိုလည်း တမျိုးသားလုံးက ယုံကြည်ပါတယ်၊ သမ္မတ အနေနဲ့ ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်း နာမည်ကို တမင် ရည်ရွယ်ချက်ရှိရှိ ထည့်ပြောတာမဟုတ်ဘူးဆိုရင် ဖြေရှင်းဖို့ တာဝန်ရှိပါတယ်။ သမ္မတက မှားယွင် ပြောဆိုတဲ့အတွက်  ပြည်သူတွေကို လမ်းကြောင်းလွဲစေသလို၊  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်သိက္ခာ၊  ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ။

ဘယ်လိုကြောင့် ဖြစ်ဖြစ် သမ္မတပြောစကားဟာ မုသား စကား မြောက်သွားပါပြီ။ ဒါကို ဘယ်လို တာဝန်ယူမလဲ ဆိုတဲ့ မေးခွန်းရှိပါတယ်။ အရင်ဆုံး နိုင်ငံတော် သမ္မတတယောက်အနေနဲ့ ကျင့်ဝတ်အပိုင်းကို တာဝန်ယူရပါမယ်။ သမ္မတ အဖြစ် ကတိသစ္စာပြုတဲ့ အခါမှာလည်း “ကျွန်ုပ်သည် … မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ် မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည်” ဆိုပြီး ပါရှိပါတယ်။ အခု ကိစ္စမှာ သမ္မတရဲ့ “ဖြောင့်မတ် မှန်ကန်မှု” ကို မေးခွန်းထုတ်ရပါတော့မယ်။ သမ္မတအနေနဲ့ အနည်းဆုံး မိမိနှုတ်ထွက်စကား မုသားမြောက်သွားရတဲ့ အကြောင်းကို ရှင်းပြရပါတော့မယ်။

လုပ်ထုံးလုပ်နည်းအရ ပြောပါမယ်။ မြန်မာနိုင်ငံရဲ့ သမ္မတဟာ ဥပဒေ အထက်က မိုးကျရွှေကို မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတကို စွပ်စွဲ အပြစ်တင်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ ပုဒ်မ (၇၁) (က) (၃)မှာ “အကျင့်သိက္ခာ ပျက်ပြားခြင်း” ဆိုတဲ့ အချက်ပါဝင်ပါတယ်။ အခု ကိစ္စမှာ သမ္မတဟာ အကျင့်သိက္ခာ ပျက်ပြားခြင်း ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ငြိ၊ မငြိကို စိစစ်ရပါတော့မယ်။

အကယ်၍ သမ္မတ အနေနဲ့ မုသားမြောက်တဲ့ သူ့စကားအတွက် ကိုယ့်အသိစိတ်ဓာတ်နဲ့ ကျင့်ဝတ်အရ ရိုးရိုးသားသား ၀န်ခံရင် ဒီကိစ္စက ဖြေရှင်းပြီးသား ဖြစ်နိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ပြောချင်ရာ ပြောပြီး တာဝန်မခံဘူးဆို ဥပဒေ အရ လွှတ်တော်မှာ တာဝန်ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖြစ်ဖြစ်၊ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာအရ ဒီကိစ္စကို လွှတ်တော်က အရေးယူ ဆောင်ရွက်ဖို့ တာဝန်ရှိလာပါတယ်။ တဖက်က ကြည့်ရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်သလို၊  ဘယ်သူပဲ ဖြစ်ဖြစ် ဘာလို ရည်ရွယ်ချက်နဲ့ ဖြစ်ဖြစ် ကိုယ်ပြောတဲ့ စကားအတွက် ကိုယ် တာဝန်ယူရတယ် ဆိုတဲ့ အစဉ်အလာကို ချမှတ်ဖို့ လိုနေပါတယ်။

ကြံ့ခိုင်ရေး ပါတီက လွှမ်းမိုးထားတဲ့ လွှတ်တော်က ဦးအောင်သောင်းကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့တဲ့အချိန်က ဂုဏ်သိက္ခာအတွက် အရေးကြီးအဆိုတင်ပြီး ကန့်ကွက်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့် လွှတ်တော် နှစ်ရပ်စလုံးက တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင် ကိစ္စ နှောင့်နှေးနေတာနဲ့ ပတ်သက်လို့ လွှတ်တော်က ဂုဏ်သိက္ခာ အကြောင်း ပြောတာ မကြားရပါဘူး။

ဒီကိစ္စကို သမ္မတကလည်း တာဝန်မယူဘူး။ လွှတ်တော်ကလည်း တာဝန်မယူဘူးဆိုရင် မြန်မာပြည် အနာဂတ်က အတော်လေး ရင်လေးစရာပါပဲ။ လွှတ်တော်က အဆင့်ဆင့် အရေးယူ ဆောင်ရွက်တဲ့ အပိုင်းမှာလည်း အခက်အခဲ ရှိနိုင်ပါတယ်။

နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ တဦးဦးကို စွပ်စွဲ ပြစ်တင်ဖို့ ဆိုရင် အမျိုးသားလွှတ်တော်မှာ ဖြစ်ဖြစ်၊ ပြည်သူ့ လွှတ်တော်မှာ ဖြစ်ဖြစ် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ အနည်းဆုံး လေးပုံတပုံက လက်မှတ်ထိုးဖို့ လိုပါတယ်။ ပြီးရင် သက်ဆိုင်ရာ လွှတ်တော် အကြီးအမှူးထံကို တင်ပြရပါတယ်။ သက်ဆိုင်ရာ လွှတ်တော်ရဲ့ ကိုယ်စားလှယ် စုစုပေါင်းထဲက သုံးပုံနှစ်ပုံက ထောက်ခံမှာသာ ဆက်လက် အရေးယူ ဆောင်ရွက်ရပါတယ်။

အမျိုးသားလွှတ်တော်က စွဲချက်တင်ရင် ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရပြီး၊ ပြည်သူ့ လွှတ်တော်က စွဲချက်တင်ရင် အမျိုးသားလွှတ်တော်က စစ်ဆေးရပါတယ်၊ စွပ်စွဲခံရသူ သမ္မတ၊ ဒုတိယသမ္မတ တဦးဦးကို ရာထူးကနေ ရပ်စဲသင့်၊ မသင့်ကို စုံစမ်း စစ်ဆေးတဲ့ လွှတ်တော်ထဲက အနည်းဆုံးသုံးပုံနှစ်ပုံရဲ့ ထောက်ခံမဲနဲ့ ဆုံးဖြတ်တာဖြစ်ပါတယ်။

အခု ကိစ္စမှာ မုသားမြောက်တဲ့စကားကို ပြောတဲ့ သမ္မတရဲ့ တာဝန်ယူမှု၊ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းနိုင်မှုအပေါ် ပေါ်မှုတည်ပြီး လွှတ်တော်လုပ်ငန်းစဉ်အထိ ဆက်မသွားနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ သမ္မတက ကိုယ့်စကားကို ကိုယ်တာဝန်မယူဘူးဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်ဖို့ လွှတ်တော်က တာဝန်ရှိပါတယ်။ သမ္မတကလည်း ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်တယောက်ကို လွှတ်ပြီး ဖြစ်စေ ဖြေရှင်းခွင့် ရှိပါတယ်။

လွှတ်တော်မှာ သမ္မတကို ထောက်ခံတဲ့ အမတ်တွေ များနေရင် လက်မှတ်ထိုးတဲ့ လေးပုံတပုံ ထောက်ခံမဲအဆင့်လောက်နဲ့ ရပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ သုံးပုံနှစ်ပုံ ထောက်ခံမဲ မရတဲ့ အဆင့်လောက်နဲ့ ပြီးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ပဲ ဆိုင်ပါတယ်။

အဓိက အရေးကြီးတာက မြန်မာပြည်မှာ သမ္မတက မုသားမြောက်တဲ့စကားကို ပြောတယ်ဆိုရင်၊ ပြည်သူတွေကို လမ်းလွဲသွားနိုင်တဲ့ စကားကို ပြောတယ်ဆိုရင်၊ ဗိုလ်ချုပ်အောင်ဆန်းလို အမျိုးသား ခေါင်းဆောင်ကို ဂုဏ်သိက္ခာပျက်ယွင်းစေနိုင်တဲ့ စကားကို ပြောမိတယ်ဆိုရင် တာဝန်ယူရတယ်ဆိုတဲ့ အစဉ်အလာ ကိန်းအောင်သွားဖို့၊ နောင်လာနောင်သားတွေ အတုယူနိုင်ဖို့ပါပဲ။

တကယ်တော့ ဒီမိုကရေစီဆိုတာ ဒီမိုကရေစီနည်းကျ ရေးဆွဲထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ရုံနဲ့တောင် မပြည့်စုံပါဘူး။ လူများစု ဗိုလ်ကျတဲ့ စနစ်လည်း မဟုတ်ပါဘူး။ အများစုက အာဏာကို အလွဲသုံးစားလုပ်ပြီး ကြောင်းကျိုး မဆင်ခြင်ဘဲ လုပ်ချင်ရာ လုပ်၊ ပြောချင်ရာ ပြောလို့ ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဥပဒေအရ ပြဋ္ဌာန်းမထားရင်တောင် လူ့ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ် စောင့်ထိန်းဖို့လည်း လိုအပ်တယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။

By ညီစောလွင် (ဒီဗွီဘီ)
http://burmese.dvb.no

သမိုင်းဆိုတာ ဒါဘဲ စိတ်ကောင်းတော့ တိုင်းပြည် ချမ်းသာတယ် ပြည်သူကချစ်တယ်... လီကွမ်ယူဈာပန(ဓာတ်ပုံ)

$
0
0



သမိုင်းဆိုတာ ဒါဘဲ စိတ်ကောင်းတော့ တိုင်းပြည် ချမ်းသာတယ် ပြည်သူကချစ်တယ်... ဘယ်မူနဲ့ဘဲအုပ်ချုပ်ပါစေ ပြည်သူကိုတကယ်ချစ်ရင် ပြည်သူကလဲတကယ်ချစ်ပါတယ်
မိုးနဲ့မျက်ရည်တွေကြားကလီကွမ်ယူဈာပန.........

စင်္ကာပူနိုင်ငံသားအားလုံးလိုလိုမိုးတွေရွှဲနှစ်နေပေမယ့်လမ်းဘေးတစ်ဘက်တစ်ချက်မှာကြေကြေကွဲကွဲအော်ဟစ်ကြ၊ငိုကြွေးကြ၊လီကွမ်ယူနာမည်ကိုမနားတမ်းအော်ခေါ်နေကြနဲ့တန်ဘိုးကြီးနိုင်ငံ့ခေါင်းဆောင်ကြီးရဲ့နောက်ဆုံးခရီးကိုဂုဏ်ပြုနေကြပါတယ်။ဘာပဲဖြစ်ဖြစ်စင်္ကာပူသားများကံကောင်းခဲ့ကြပါတယ်။အသက်ရှည်ဘုဉ်းကြီးပြီးပြည်သူကိုနှစ်ပေါင်း၆၀လောက်အကောင်းဆုံးအလုပ်အကျွေးပြုခဲ့သူခေါင်းဆောင်တစ်ယောက်ကိုရခဲ့လို့ပါ။

သြော် ..မြန်မာပြည်နဲ့ ကွာလိုက်တာ

မူရင်း ကိုဂျင်မီ
Photo..BBC News

Despite torrential rain, thousands lined the streets of Singapore to say goodbye to Lee Kuan Yew

"ဟိုဗိုလ်ချုပ်တမျိုး ဒီဗိုလ်ချုပ်တမျိုး" (သင်္ကြန် သီချင်း)

$
0
0

"ဟိုဗိုလ်ချုပ်တမျိုး ဒီဗိုလ်ချုပ်တမျိုး"
_________________________
သေးရေး - နတ်မင်းလေး
သေးဆို - ဘဂျီးစော
___________________
HDကွာလတီဖြင့် ကြည့်ရှု့ရန် ယူကျူ့လင့် >>
https://www.youtube.com/watch?v=64RwSpQJvZ8
မူရင်း - ဇော်ဝင်းထွဋ် ( သင်္ကြန်သီချင်း )

အစိုးရက လက်ပံတန်းမှာ အကြမ်းဖက်တဲ့နည်းလမ်းကို ဘာလို့ ရွေးခဲ့ကြတာလဲ???- ဘုန်းထက်ကြယ်

$
0
0
ဒါ တကယ်ကို သေသေချာချာ စဉ်းစားရမယ့် ကိစ္စပါ။

လက်ရှိ
ပြည်ခိုင်ဖြိုးအုပ်စုဟာ.သွေရူးသွေးတမ်းလုပ်ခဲ့ဟန်မတူပါဘူး ။
သွေးအေးအေးနဲ့ ရဲတွေကို ထိုးကျွေးခဲ့တာလို့ ပဲ မြင်ပါတယ်။ ။

လက်ပံတန်းအကြမ်းဖက်မှုဟာ ပြည်ခိုင်ဖြိုးအုပ်စုရဲ့ ဗျူဟာမြောက်ရွှေ့လိုက်တဲ့
အကွက်တစ်ခုလို့ မြင်ပါတယ်။

ပြည်ခိုင်ဖြိုးအုပ်စုက လူထုတိုက်ပွဲပုံစံကို မကြောက်ပါဘူး။

တကယ်တော့.. .
မြန်မာပြည်မှာ ကာလရှည်ကြာ အောက်ခြေပြည်သူတွေ စီးပွားရေးကျပ်တည်းပြီး ပညာရေးနိမ့်ကျခဲ့တဲ့အတွက် ပြည်မတောင်တန်း ကူးလူးဆက်ဆံရေး သိပ်မရှိကြပါဘူး။

တိုင်းရင်းသား အချင်းချင်းကြားကိုလည်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေထည့်ထားတာမို့ အရေးကြီး သွေးနီးတာတွေ သိပ်မရှိတော့ပါဘူး။

ပြည်ခိုင်ဖြိုးအုပ်စုက လူငယ်အားကိုလည်း မကြောက်ပါဘူး။

အရက်ဆိုင် ဘီယာဆိုင် ချဲဒိုင်လောင်းကစားဒိုင်တွေကိုလည်း နေရာအနှံ့ဖွင့်ထားတယ်။ ဆေးလိပ်သောက်နှုန်းကိုမြင့်နေအောင်လုပ်ထားတယ်။

အက်ဖ်အမ် နဲ့ တီဗွီချန်နယ်တွေကနေ အနုပညာနဲ့ ဂီတကို ခေါင်းစဉ်တပ် အကာအကွယ်ယူပြီး လိင်အသားပေးတာတွေပဲ တွန်းပို့နေတယ်။

ရပ်ကွက်တိုင်းမှာ ကေတီဗွီ နဲ့ မာဆတ်တွေ စိတ်ကြိုက်ဖွင့်ခွင့်ပေးထားတယ် စိတ်ကြွဆေးပြားတွေက နေရာအနှံ့ လိုသလောက် ဝယ်လို့ရအောင်လုပ်ထားတယ်

စင်တင်တေးဂီတ ဒေးကလပ် နိုက်ကလပ် ဆိုတာတွေနဲ့ လူငယ်တွေ အမှောင်လောကထဲရောက်သွားအောင် အလွယ်ဝင်လို့ရတဲ့ တံခါးတွေ ဖွင့်ထားတယ်

လမ်းပေါ်မှာ ကားပွတ်သွားလို့ လဲနေသူကို ဝိုင်းထူရဲတဲ့လူငယ် တစ်ရာမှာ တစ်ယောက်တောင်မရှိတော့ပါဘူး။ ဥပဒေတွေကို လိုရာဆွဲ ရင်းနဲ့
ကူညီနေတဲ့ သူတွေကိုပါ ဒုက္ခရောက်အောင် လုပ်နေပါတယ်။
ဒါတကယ့် အခြေအနေပါ။

ပြီးတော့..

ပြည်ခိုင်ဖြိုးအုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အရင်လို သိပ်ပြီးတော့ မကြောက်တော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲဆွဲသွင်းပြီး အစည်းအဝေးတွေ အစီရင်ခံစာတွေ တွေ့ဆုံမေးမြန်းခန်းအင်တာဗျူးတွေ ရှုပ်ထွေးရှည်လျားတဲ့ ဆောင်ရွက်မှုပုံစံတွေကြားမှာ အချိန်ကုန်နေအောင်လုပ်ထားပါတယ်။

တဖြည်းဖြည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံကို အောက်ခြေပြည်သူတွေရဲ့ ကြုံတွေ့နေရတဲ့အဖြစ်မှန်တွေ သတင်းမှန်တွေ ပြည့်စုံလုံလောက်အောင် မရောက်နိုင်တော့အောင် သူ့ကို အချိန်တွေ ကုန်နေစေပါတယ်။

နောက်တခုက
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ရေးခဲ့တဲ့ လက်ပံတောင်းအစီရင်ခံစာဟာလည်း မဟာဗျူဟာမြောက်နေပေမယ့် အစိုးရရဲ့ ကလိမ်ကကျစ် လုပ်မှု့တွေအောက်မှာ လှပစွာနဲ့ ဇတ်မသိမ်းနိုင်ခဲ့တာလည်း
အားလုံးအသိပါ။

ဒါဆို....
ပြည်ခိုင်ဖြိုးအုပ်စုကြောက်တာ ဘာလဲလို့မေးရင် အားပါတဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုပါ အောင်သောင်းကို ပိတ်ဆို့လိုက်လို့ လွန့်လွန့်ထိုးတုန့်ပြန်ခဲ့တဲ့ လွှတ်တော် ကြေညာချက်ကို ကြည့်ရင်သိနိုင်ပါတယ်။

ပြည်ခိုင်ဖြိုးအုပ်စုရဲ့ လိမ်ပြီးခိုးပြီးရှာထားတဲ့ ထရီလီယံနဲ့ချီတဲ့ ပိုက်ဆံတွေကို အနောက်နိုင်ငံတွေရဲ့ စတော့ရှယ်ယာဈေးကွက်ထဲ တရားဝင်ပိုင်ဆိုင်မှုတွေအဖြစ် စီးမျောချင်တာဟာ ပြည်ခိုင်ဖြိုးအုပ်စုရဲ့ မဟာ့မဟာမျှော်လင့်ချက်ကြီးပါ။

စင်္ကာပူက ခြံစည်းရိုးခွထိုင်ခဲ့တဲ့ လီကွမ်ယုလည်း ပြည်ခိုင်ဖြိုးအုပ်စုရဲ့ ခိုးထားတဲ့ပိုက်ဆံတွေကို စင်္ကာပူဘဏ်ထဲမှာပဲထားရဲပါတယ် ။အနောက်နိုင်ငံဘဏ်တွေအထိ မပို့ရဲပါဘူး။

လီကွမ်ယုဟာ အနောက်အုပ်စုဘက် မျက်နှာလှည့်ချိန်မှာ ပြည်ခိုင်ဖြိုးအုပ်စုကို ပါးစပ်ကဝေဖန်ခဲ့ပေမယ့် ..
လက်တွေ့မှာတော့ ပြည်ခိုင်ဖြိုးသူခိုးတွေ သက်ဆိုးရှည်အောင် ဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဝေစုယူကူညီခဲ့သူပါ။

ဒီနေရာမှာ စာရေးသူ သုံးသပ်မိတာက
ပြည်ခိုင်ဖြိုးက ကြောက်တဲ့ နောက်တချက်ပါ ။
အဲဒါကတော့..
ကျောင်းသားတွေဦးဆောင်လာမယ့် လူထုအင်အားနဲ့
လူတန်းစား အလွှာအသီးသီးပူးပေါင်းမှု့။
နဂိုရှိပြီးသား အတိုက်အခံ အင်အားစုတွေနဲ့
ပြည်သူရော ကျောင်းသားရော တသားထဲ ဖြစ်သွားမှာကိုပါပဲ။

ပြည်ခိုင်ဖြိုးက ကျောင်းသားတွေကို လန့်နေပေမယ့်
မန္တလေးကစထွက်လာတဲ့ ကျောင်းသားသပိတ်ကို ပြည်ခိုင်ဖြိုးအုပ်စုက ခြောက်တီးခြောက်တဲ့ သပိတ်လို့ ပျက်ရယ်ပြုခဲ့ပါတယ် ။

ချီတက်ရာလမ်းတလျောက် ပြည်သူတွေက တခဲနက် အားပေးကြတာကိုလည်း ပြည်ခိုင်ဖြိုးအုပ်စုက လူအုပ်ခွဲဖို့ သေနတ်အချက်တစ်ရာဖောက်စရာမလိုပါဘူးကွာလို့ ပျက်ရယ်ပြုနေဆဲပါပဲ။

လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေတောင်းဆိုတာကို အကုန်လိုက်လျောပေးပြီး အသေးအမွှားပါ ။
ဘာသာရေးလှိမ့်လုံးတစ်ခုလောက်သုံးပြီး မဘသ မဟန ဘုန်းကြီးတွေနဲ့ ကြိတ်လိုက်ရင် သဘောတူထားတာတွေအားလုံး ပြားချပ်သွားမှာလို့ ပျက်ရယ်ပြုခဲ့ကြပြန်ပါသေးတယ်။
အဲဒီအတိုင်းလည်း ဘာသာရေးတွေနဲ့ ရောထွေးပြီး
တိုက်ခိုက် အပုတ်ချခဲ့ကြတာ လူတိုင်းအသိပါ။
.
ဒါပေမယ့်..
ပြည်ခိုင်ဖြိုးအုပ်စု စိုးရိမ်လာတဲ့အချက်ကတော့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ရိုးသားမှု စိတ်ကောင်းစေတနာ အမျှော်အမြင်ရှိမှု နဲ့ အကြောက်အရွံ့ကင်းနေတာတို့ပါပဲ ။

သပိတ်မှောက်ကျောင်းသားတွေက သမ္မတအိုဘားမားပြောသွားတဲ့ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုတဲ့စကားကို စပြီးသုံးလာတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးအုပ်စု ချွေးစို့စပြုလာပါပြီ ။

အေးအေးချမ်းချမ်းနဲ့ သပိတ်အောင်မြင်သွားမယ် ။
လွှတ်တော်ကိုစောင့်ကြည့်မယ် ။
ဒီနွေမှာ အနောကိနိုင်ငံတွေက ကျောင်းသားတွေကို သူရဲကောင်းတွေလို ဖိတ်ခေါ်ကြမယ်။ အနောက်နိုင်ငံတွေရောက်သွားလို့ ကျောင်းသားတွေ အမြင်ကျယ်ပြီး မြန်မာပြည်ပြန်လာရင် တိုင်းရင်းသားဒေသတွေကိုသွား။
ပြည်သူတွေကြားကိုဆင်း ။
လူမျိုးရေး ဘာသာရေး သံသယတွေကိုရှင်းပေးပြီး
မျက်စိလည်နေတဲ့ ဘုန်းကြီးတွေကိုကယ် ။
အမှန်မြင်အောင်လုပ် ။
နောက်ဆုံးမှာ ကျောင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟန်ချက်ညီညီနဲ့ ပြိုင်တူတွန်းလိုက်ကြလို့ အောက်ခြေစစ်သည်တွေက ကျောင်းသားတွေဘက်ကများပါသွားခဲ့ရင်ဖြင့် ပြည်ခိုင်ဖြိုးအုပ်စု တစ်ခါထဲကိစ္စချောသွားတော့မှာ။
ဒီနေရာမှာတင် ပြည်ခိုင်ဖြိုးအုပ်စု ကတုန်ကယင်နဲ့ နေမထိထိုင်မသာဖြစ်လာကြပါပြီ။

ဒါ့ကြောင့်လည်း..
အဲဒီအချိန်မှာ
ဝါဒဖြန့် စာတွေ မျိုးစုံရေးရင်း ဆယ်တန်းစာမေးပွဲကို အကြောင်းပြကြသလို
တိုင်းပြည်ဆူပူအောင် လုပ်နေသလို ..
ရေးသူကရေးရင်း
သူတို့အချင်းချင်းဝိုင်းဝန်းထောက်ခံခဲ့ကြတာ
အားလုံးကို သွေးကွဲသွားအောင် လုပ်ဆောင်ခဲ့ကြတာ လူတိုင်းသိမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကအစ
၈၈ အဆုံး
ဘာလို့ ကျောင်းသားတွေကို သွားရောက် အားမပေးတာလဲ။
သူတို့အတွက် လာလို့ နှုတ်ဆိတ်နေတာလဲ ဆိုတာကအစ ရေးကြရင်း သွေးကွဲ သပ်လျှိုပါတယ်။ အားလုံးကို အကွက်ကျကျ ဖန်းတီးပြီးမှ
လက်ပံတန်းမှာ ရက်ရက်စက်စက် အကြမ်းဖက်လိုက်တော့ဟေ့ ။
ရဲငယ်ငယ်လေးတွေနဲ့ ကျောင်းသားငယ်ငယ်လေးတွေကို ကမ္ဘာမကြေ ရန်ငြိုးတွေ ဖြစ်သွားပလေ့စေ ဆိုပြီးတော့ ညွှန်ကြားခဲ့သူတွေပါ။

ကျောင်းသားသပိတ်ထဲက ကီးပလေယာတွေကို အကုန်ဖမ်းလိုက်ရင် ကျန်တဲ့ကျောင်းသားတွေက လမ်းမပေါ်သွေရူးသွေးတမ်းတက်အော်တဲ့အဆင့်ကလွဲလို့ ဘာမှဆက်လုပ်တတ်မှာ မဟုတ်ဘူး ။

အစိုးရတွေးခဲ့တာက...
ဗကသနဲ့ မြေလတ်နဲ့ကွဲ ။
ဗကသနဲ့ တကသကွဲ ဗကသနဲ့ ရှစ်ပူးနဲ့ကွဲ ။
နောက်ဆုံး ဗကသက ထိုင်ကြည့်နေရမလားဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပါ မုန်း ။
၂၀၁၅ ရွေးကောက်ပွဲဆိုတာ ကျောင်းသားကိစ္စမဟုတ် ။
၄၃၆ ဆိုတာကျောင်းသားအရေးမဟုတ် ။
ဖမ်းဆီးခံကျောင်းသားအရေးတစ်ခုထဲကသာ ကျောင်းသားအရေးစစ်စစ်။ ကျောင်းသားတွေနောက်မှာ ကွန်မြူနစ်တွေရှိတယ်ဆိုပြီးဆက်တိုက်ကြေညာပေးထား ။
ဒါမှ အိုဘားမားက ကျောင်းသားတွေနဲ့ မချိတ်ရဲတော့မှာ ။
တကယ်တော့..
အချို့ကို အကွက်ကျကျ ဖန်တီးပြီး
လက်ပံတန်းမှာ
သွေးအေးအေးနဲ့ ရဲတွေကိုထိုးကျွေးလို့ ..
အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်ပါ။

အစိုးရရဲ့ လူမဆန်တဲ့ ယုတ်မာမှု့တွေပါ။

အားလုံးကို မေးခွန်းတွေ မေးစရာဖြစ်အောင်
တဖက်ကလည်း အချင်းချင်း သွေးကွဲအောင်လုပ်ရင်း
ပြည်သူကိုလည်း ကြောက်လန့် သွားအောင် လုပ်ပြရင်းနဲ့
၂၀၁၅ ခုနှစ်ကို သူတို့အောင်နိုင်ရေးနှစ်အဖြစ် စဉ်းစားရင်း
အကွက်ရွှေ့ခဲ့ကြတာပါ။

ဒါ့ကြောင့်
သူတို့အကွက်ရွှေ့တဲ့ အထဲမှာ မျှောပါ မခံကြပဲ
ကျောင်းသားတွေ အားလုံးပြန်ဆုံပြီး မဟာဗျူဟာကျကျ စဉ်းစားကြပါ။
တိုင်ပင်သင့်သူတွေကို တိုင်ပင်ကြပါ။
ယုံကြည်သင့် ယုံကြည်ထိုက်သူတွေကို ယုံကြည်ရင်းနဲ့
သူတို့နဲ့ အတူ
ပူးပေါင်း ဆောင်ရွက်ကြရင်း
အားလုံးအတွက် လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ရယူနိုင်ကြပါစေလို့
ဆုတောင်း လိုက်ပါတယ်။

Phawphawshwinshwin Myinttar ၏ ရေးသားထားမှု့အား
အနည်းငယ်ဖြည့်စွက်၍ ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်။

ဘုန်းထက်ကြယ်

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ မုံရွာမြို့မှာ ဆန္ဒပြ

$
0
0
ကျောင်းသားဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖမ်းဆီးတာတွေ မလုပ်ဖို့ သံဃာတော်တွေနဲ့ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ဟာ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့မနက်က ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ မုံရွာပြည့်သူ့အားကစားကွင်းရှေ့မှာ လူစုပြီး နာရီစင်၊ ကမ်းနားလမ်း၊ မုံရွာဈေးကနေ ဗိုလ်ချုပ်ရုပ်ထုကို သွားရောက်အလေးပြုပြီး ဆန္ဒပြပွဲကို ရုတ်သိမ်းခဲ့ပါတယ်။
ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မုံရွာတက္ကသိုလ်က ကိုစည်သူထွန်းကို ဆန္ဒပြပွဲအပြီးမှာ ရဲ့တပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ရိုက်ကူး - ဆက်ပိုင်တိုး
RFA

ကျောင်းသားဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖမ်းဆီးတာတွေ မလုပ်ဖို့ သံဃာတော်တွေနဲ့ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ဟာ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့မနက်က ဆန္ဒပြခဲ့ပါတယ်။ဆန္ဒပြသူတွေဟာ မုံရွာပြည့်သူ့အားကစားကွင်းရှေ့မှာ လူစုပြီး နာရီစင်၊ ကမ်းနားလမ်း၊ မုံရွာဈေးကနေ ဗိုလ်ချုပ်ရုပ်ထုကို သွားရောက်အလေးပြုပြီး ဆန္ဒပြပွဲကို ရုတ်သိမ်းခဲ့ပါတယ်။ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မုံရွာတက္ကသိုလ်က ကိုစည်သူထွန်းကို ဆန္ဒပြပွဲအပြီးမှာ ရဲ့တပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ရိုက်ကူး - ဆက်ပိုင်တိုး

Posted by RFA Burmese on Sunday, March 29, 2015

ဒေါ်စုနဲ့ KNU တွေ့ဆုံ

$
0
0

ဒီကနေ့ နေပြည်တော်မှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖော ဦးဆောင်တဲ့ ဦးဆောင်တဲ့ KNU အဖွဲ့ဝင် (၁၁)ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေပြည်တော် က နှင်းဆီနေအိမ်မှာ တွေ့ဆုံကြတဲ့အကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ လည်းဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပြောကြားပါတယ်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖောတို့ဟာ အဓိက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြ တာဖြစ်တယ်လို့ ဦးညဏ်ဝင်းက ပြောဆိုပြီး ဆွေးနွေးမှု အသေးစိတ်ကိုတော့ မကြာခင်ထုတ်ပြန်ပါမယ်လို့ ဆိုပါတယ်။

“ ဟုတ်ပါတယ်။ တွေ့တာ မှန်ပါတယ်။ ကျနော် အတိုချုပ် ကျနော် ပြောနိုင်တာကတော့ ငြိမ်းချမ်းရေးကိစ္စပါ။ အဲ့ဒီ့ဟာ သူတို့တွေ့ဆုံပြီးတော့မှ ဒါကို ပြောနိုင်ပါလိမ့်မယ်”
ဒီကနေ့ မတ်လ ၂၉ ရက်နေ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက စတင်ပြီး (၂ ) နာရီကျော်ကြာဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးမှုအတွင်း အပစ်အခတ်ရပ်စဲရေး ဆိုင်ရာကိစ္စတွေ ၊ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုဖြစ်စဉ်တွေနဲ့ အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အစဉ်ပြေချောမွေ့ရေးကိစ္စများကို ပွင့်လင်းစွာ ဆွေးနွေး နားလည်မှုရရှိခဲ့ကြပြီး ပုံမှန်ဆက်သွယ်တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း ဖော်ပြပါရှိပါတယ်။

တိုင်းပြည်အတွင်း အမှန်တကယ်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ က နှစ်ဖက် ယုံကြည်မှုခိုင်မာအောင် ပွင့်လင်းရိုးသားမှုတွေနဲ့ ဆွေးနွေး ညှိနှိုင်းကြစေလိုပါတယ် လို့ နိုင်ငံရေးအတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းရဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မေးမြန်းချက်မှာ ပြောကြားခဲ့ဖူးပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ နဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်ဖို့ အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ညှိနှိုင်းဆွေးနွေးရေး အစည်းအဝေးတွေ ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြီးဆုံးခဲ့တာပါ။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ အရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ အစိုးရတို့ ရဲ့(၇) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို ခြောက်ရက် ကျင်းပခဲ့ပြီးနောက်မှာတော့ နှစ်ဖက်ခေါင်းဆောင်တွေ ဟာ မနက်ဖြန် မတ် ၃၀ရက်နေ့မှာ ပြန်လည်တွေ့ဆုံကြဖို့ရှိပါတယ်။


VOA
http://burmese.voanews.com/content/daw-aung-san-suu-kyi-meet-with-knu/2698757.html
သတင်းဓာတ်ပုံ Credit to NLD Chairperson FB

ရုန်းရင်း ကန်ရင်း

$
0
0
လေထန်တိုင်းသာ ပွင့်ကြွေပါမူ
- ဘယ်မှာ ပန်းများကျန်မည်နည်း ...

- လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
- ဘယ်မှာ မြေကြီးကျန်မည်နည်း ...

- ကျရှုံးတိုင်းသာ ငိုရပါမူ၊
- ဘယ်မှာ မျက်ရည်ကျန်မည်နည်း ...

- အမှောင်တ၀က် လင်းတ၀က်သည်၊
- တရက်တခါ ကြုံမြဲသာတည့်။
- ရှုံးတလှည့် နိုင်တလှည့်မှာ
- မျက်လှည့်ပမာ တွေ့မြဲသာတည့် ...

- ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊
- လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
- လင်းသော မှောင်သော၊ အောင်သော ရှုံးသော၊
- မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော၊
- ကောင်းသော ဆိုးသော၊ ညှိုးသော လန်းသော၊
- ကြမ်းသော နုသော၊ ပူသော အေးသော၊
- စောကြော စိတ်ဖြာ၊ မနေသာပဲ ...

- လဲရာက ထ၊ ကျရာက တက်၊
- ပျက်ရာက ဆောက်၊ ရှေ့သို့လျှောက်၍၊
- ရောက်ရာဘ၀၊ အားမာန်ပြရင်း၊
- ရုန်းရကန်ရမည် တကား ... ...

- ဆရာဦးအေးငွေ၏ ပန်းဝင်္ကပါစာအုပ်မှ
-ရုန်းရင်း ကန်ရင်းကဗျာအား ကောက်နှုတ်ဖော်ပြပါသည်

credit to >>> Nyi Naung

ဖမ်းဆီးခံကျောင်းသား များ ပြန်လွှတ်ရေး မုံရွာမှာ ဆန္ဒပြ

$
0
0
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှာ ဖမ်းဆီးခံကျောင်း သားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ မတ်လ ၂၉ ရက်နေ့က ဆန္ဒပြနေစဉ်။ Photo: Satt Paing Toe/ RFA
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှာ သံဃာတော်တွေ နဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၀ ကျော်က လက်ပံ တန်းကျောင်းသားသပိတ်ကို အစိုးရက အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးခံကျောင်း သားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာအစိုးရရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက သိရှိလာပြီး ဝိုင်းဝန်းဖိအားပေးဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြတာဖြစ်တယ် လို့ ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးအေးသိန်းက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဒီနေ့မနက် ၉ နာရီကစတင်ပြီး ၃ နာရီ ကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြခဲ့ကြပါတယ်။ မုံရွာပြည်သူ့ အားကစားကွင်းကနေ နာရီစင်၊ ကမ်းနားလမ်း၊ မုံရွာဈေး တို့ကိုဖြတ်ပြီး ဗိုလ်ချုပ်ရုပ်ထုရှေ့မှာ အလေးပြုကာ ဆန္ဒပြပွဲကို ရုတ်သိမ်းခဲ့ကြပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်မှာ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ မုံရွာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ က ကျောင်းသား ၅ ယောက်နဲ့ အရပ်သား တစ်ယောက်ကို မုံရွာရဲစခန်းက တရားမ၀င်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပါတယ်။

မုံရွာမြို့မ ရဲစခန်းက တရားစွဲဆိုထားတဲ့အတွက် ရဲစခန်းမှာ သွားရောက် အဖမ်းခံခဲ့ ကြောင်း တရားစွဲဆိုခံရသူ မုံရွာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဌ ကိုဝေမိုးနိုင် က မုံရွာရဲစခန်းရောက်ရှိစဉ် ပြောပါတယ်။

"ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတဲ့ကိစ္စရယ်၊ ဖမ်းဆီးထားတဲ့ကျောင်းသားတွေ လွတ်မြောက်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ကျောင်း သားတွေ ခွင့်ပြုချက်မတင်ဘဲ နဲ့ ကျနော်တို့ဆန္ဒထုတ်ဖော်ခဲ့တယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုဒ်မ ၁၈ အရအမှုဖွင့် အရေးယူထားတယ်လို့ သိရတယ်၊ ဆင့်ခေါ်စာရရခြင်း ရဲစခန်းကိုလိုက်လာပေးဖို့ စာပို့တယ်၊ ပုဒ်မ ၁၈ ကိုလက်မခံတာဖြစ်တဲ့အတွက်၊ ပုဒ်မ ၁၈ ကို အကြောင်းပြု ပြီးတော့ ဆင့်ခေါ်တဲ့စာပေါ်မှာ ကျနော်တို့ဘက်က သွားတွေ့တာကိုမလုပ်ခဲ့ဘူး၊ ဒါပေမယ့် ဒီနေ့ ကိုစည်သူထွန်းကိုဖမ်းလိုက်တဲ့အပေါ်မှာ ဘယ်လိုဆက်လုပ်ဖို့အစီအစဉ်ရှိလဲ၊ ဖမ်းမယ် ဆိုရင်လဲ ကျနော်တို့ ဒီမှာအဆင့်သင့်ရှိတယ်၊ ကျနော်တို့အခုရဲစခန်းထဲကို ရောက်နေပါပြီ"

RFA Burmese
http://www.rfa.org/burmese

မိုးနဲ့ အတူ မျက်ရည်ဖြိုင်ခဲ့ရတဲ့ မစ္စတာ လီကွမ်ယု ဈာပနပွဲ

$
0
0
အသက် ၉၁ နှစ်အရွယ် ကွယ်လွန်သူ ခေါင်းဆောင်ကြီး လီကွမ်ယု နိုင်ငံနဲ့ ပြည်သူတွေကို ထာဝရ နှုတ်ဆက်သွားတော့ မယ့် ဒီဈာပန အခမ်း အနားကို ဒီကနေ့ နေ့လည် ပိုင်းမှာ စတင်ခဲ့ ပါတယ်။

အများပြည်သူတွေ ဂါဝရ ပြုနိုင်ဖို့ ထားရှိတဲ့ ပါလီမန် နေရာ ကနေ နိုင်ငံတော် အလံ လွှမ်းခြုံ ထားတဲ့ မစ္စတာ လီကွမ်ယု ခေါင်းတလားကို နေလည် ၁၂ နာရီ ခွဲ အချိန်မှာ သယ်ထုတ် လာခဲ့ ပါတယ်။

စစ်တပ် ဂျစ်ကား နောက်မှာ အမြှောက်ပစ်တဲ့ အတွဲ ချိတ်ပြီး အဲဒီ အပေါ်မှာ မှန်ပုံးထဲ ခေါင်းတလားကို ထည့်ထားတာ ဖြစ်ပါတယ်။ အရှေ့ဆုံး ကနေ ဘင်ခရာ တပ်ဖွဲ့ ကနေ ဦးဆောင်ကာ လုံခြုံရေး ကားတွေ ဆိုင်ကယ်တွေ ခြံရံပြီး အမျိုးသား တက္ကသိုလ် ဆီကို ဦးတည် ထွက်လာ ပါတော့တယ်။

အချိန်တည်းမှာပဲ အမြှောက် ၂၁ ချက် ဖေါက်ပြီး ဂုဏ်ပြု သံဟာ မြို့တခုလုံးကို ပံတင် မည်ဟိန်းသွားခဲ့ ပါတော့တယ်။ စစ် လေယာဉ်တွေ ကလည်း ဝေဟင်မှာ ဝဲပျံ အလေးပြုခဲ့ပြီး စစ်သင်္ဘော ၂ စီးဟာလည်း မာရီနာ ဆိပ်ကမ်း မှာ ခုတ်မောင်းခဲ့ ပါတယ်။

ဒီနောက် မှာတော့ စင်ကာပူ အမျိုးသား တက္ကသိုလ် ဆီကို ဂျစ်ကားဟာ တဖြည်းဖြည်း မောင်းထွက် သွားခဲ့ရာ လမ်း တလျှောက် ဝဲယာ ပြည်သူ ပြည်သား ၁ သန်းခွဲ လောက် နောက်ဆုံး နှုတ်ဆက် ဂါဝရ ပြုခဲ့ကြပါတယ်။

ခေါင်းဆောင်ကြီးကို ခွဲခွာ ရတဲ့ အခုလို နောက်ဆုံး အချိန် စင်ကာပူ မိုး ကောင်ကင်မှာ မိုးတိမ်တွေ အုပ်ဆိုင်းပြီး မိုးကြီး တွေလည်း ရွာသွန်း ခဲ့တယ်။

မိုးရေတွေနဲ့ အတူ မျက်ရည်တွေ ဖြိုင်ဖြိုင် ကျနေကြတဲ့ လမ်းဘေး ဝဲယာမှာ စောင်ဆိုင်း နေကြသူတွေဟာ စင်ကာပူ နိုင်ငံ အလံတွေကို ဝှေ့ယမ်းပြီး သူတို့ ခေါင်းဆောင်ကြီး အတွက် နောက်ဆုံး နှုတ်ဆက်ခဲ့ကြ ပါတယ်။

နေ့လည် ၂ နာရီ မှာတော့ အမျိုးသား တက္ကသိုလ်ကြီးက ယာဉ်ကျေးမှု စင်တာမှာ နိုင်ငံတော် ဈာပနာ အခမ်း အနားကို စတင် ပါတော့တယ်။ အခမ်း အနားမှာ မစ္စတာ လီကွမ်ယု ရဲ့ သား လက်ရှိ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း ကနေ အမှတ် တရ ဂုဏ်ပြု စကား ပြောကြားခဲ့ ရာမှာ

''စင်ကာပူ အတွက် အမှောင်လွှမ်း တဲ့ သီတင်းပတ် ဖြစ်ခဲ့ရပါတယ်။ စင်ကာပူ အတွက် နှစ်ပေါင်း များစွာ လမ်းညွှန်း ဆောင်ကျင်း ပေးခဲ့တဲ့ အလင်း ရောင်ခြည်ဟာ အခုတော့ ငြိမ်းသတ် သွားခဲ့ ရပါပြီ။ ကျွန်တော်တို့ရဲ့ နိုင်ငံ ဗိသုကာ ဖခင်ကြီး ဆုံးရှုံး ခဲ့ရ ပါတယ်။ သူဟာ စင်ကာပူ နိုင်ငံ အတွက် သူ့ ဘဝကို မြှုပ်နှံပြီး အသက်ရှင် ရပ်တည် ခဲ့တာ ဖြစ်တယ်'' လို့ ဂုဏ်ပြု ပြောကြား သွားခဲ့ ပါတယ်။

ဒီ ဈာပန အခမ်း အနားကို ဒေသတွင်းနဲ့ နိုင်ငံ တကာက လက်ရှိ တာဝန် ယူထားတဲ့ ခေါင်းဆောင်တွေ အပြင် အရင်က ခေါင်းဆောင် ဟောင်းတွေလည်း တက်ရောက် တာကို တွေ့ရပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်၊ အိန္ဒိယ ဝန်ကြီးချုပ် တခါ တောင်ကိုရီး ဂျပန် အင်ဒိုနီးရှား သြစတြေးလျနဲ့ ဗြိတိန် တို့က ခေါင်းဆောင်တွေ တက်ရောက် ကြပါ တယ်။

အမေရိကန် ပြည်ထောင်စု ကတော့ သမ္မတဟောင်း ဘီ ကလင်တန်နဲ့ အထင် ကရ နိင်ငံရေး သမားကြီး လည်းဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟောင်းလည်း ဖြစ်သူ ဟင်နရီ ကစ်ဆင်ဂျား တက်ရောက် လာတာကို တွေ့ရပါတယ်။

ဈပနမှာ တခြားသော မစ္စတာ လီကွမ်ယုရဲ့ လုပ်ဖေါ် ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ၊ သတင်းထာက်ဟောင်း မိတ်ဆွေတွေ စုစုပေါင်း ၁၀ ယောက်က ကလည်း သူ့ အတွက် အမှတ် တရ စကားတွေ ပြောကြားခဲ့ ပါတယ်။

အဲဒီ နောက်မှာတော့ တနိုင်ငံလုံးမှာ ဝမ်းနည်းခြင်း အထိမ်း အမှတ် ဥသြ စွဲခဲ့ပြီး အားလုံး ဝမ်းနည်းခြင်း တမိနစ် ငြိမ်သက်ခဲ့ ပါတယ်။

ညနေ ၅ နာရီမှာတော့ မန်ဒိုင်း မီး သင်္ဂြုဟ်တဲ့ နေရာကို သယ်ဆောင် သွားပြီး အဲဒီမှာ မိသားစုဝင်တွေ ချည်းပဲ သီးသန့် ဈပနာ တခု ပြုလုပ်ပြီး သဂြိုဟ်ခဲ့ ပါ တော့တယ်။

နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ် ခဲ့ပြီး အာဏာရှင် ဆန်တဲ့ အုပ်ချုပ်မှုတွေ အတွက်လည်း ဝေဖန်မှု တွေ ခံခဲ့ရသူ ခေါင်းဆောင်ကြီး မစ္စတာ လီကွမ်ယု တယောက် ဒီနှစ် နှောင်းပိုင်း စင်ကာပူ နိုင်ငံ နှစ် ၅၀ ပြည့် အခမ်း အနားကို မြင်မသွားရ ပေမယ့်လည်း အဲဒီ နေ့မှာ ပြည်သူ အများ ကနေ သူ့ကို ထပ်လောင်း အမှတ် တရ ဂုဏ်ပြု ကြဦးမှာ ဖြစ်ပါတယ်။

BBC

စင်္ကာပူတည်ထောင်စကရန်ကုန်ကို ကြည့်ပြီး အတုယူ ခဲ့ရ ပေမယ့် ခုတော့ မြန်မာပြည်က အများကြီး ကျန်ရစ် ခဲ့ပြီ

$
0
0
စင်္ကာပူဟာ မြန်မာ နိုင်ငံသား တွေ သိန်းချီပြီး ရွှေ့ပြောင်း နေထိုင်ကြတဲ့ နိုင်ငံ တခုပါ။

မစ္စတာ လီကွမ်ယု ဆုံးပါးသွားတဲ့ အပေါ် ဖခင် နိုင်ငံမှာ အဆင်မပြေ လို့ ပြောင်းနေတဲ့ ဦးလေးတယောက် ဆုံးသလို ခံစားရတယ် လို့ စင်္ကာပူရောက် မြန်မာ မိသားစု တွေထဲက ပြောပါတယ်။

သူမရှိတဲ့နောက် စင်္ကာပူမှာ နိုင်ငံရေး ပြောင်းလဲပြီး ဝင်ရောက် နေထိုင်သူ တွေ အပေါ် တင်းကျပ် လာမှာကို စိုးရိမ်တယ် လို့လည်း ပြောကြပါတယ်။

မစ္စတာ လီကွမ်ယုတို့ စင်္ကာပူကို တည်ထောင်ပြီး လူမျိုးစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် နိုင်အောင် ကြိုးပမ်း ခဲ့တာ ဖြစ်ပြီး တနိုင်ငံထဲ တလူမျိုး ထဲ စိတ်ဓာတ် ကို ဖော်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လူမျိုး ပေါင်းစုံရဲ့ ဘာသာစကား ယုံကြည်မှု တွေကို မထိပါး မနှောင့်ယှက်ဘဲ လွတ်လပ်ခွင့် ပြု ခဲ့ပါတယ်။

တချို့ မြန်မာ နိုင်ငံသားတွေလည်း မစ္စတာ လီကွမ်ယု ရဲ့ ရုပ်ကလာပ်ကို ပါလီမန်မှာ သွားအလေးပြု ခဲ့သလို လမ်းဘေးက စောင့်ပြီး ဈာပန ကို အလေးပြု ခဲ့ကြပါတယ်။

ဒါပေမဲ့ စင်္ကာပူ ဟာ မြန်မာ စစ်ဗိုလ်ချုပ် တွေရဲ့ စီးပွားရေး နဲ့ ဥစ္စာ ဓန သိုမှီးရာ နေရာ အဖြစ် တည်ရှိနေဆဲ ဖြစ်တယ်လို့ နယူးယော့တိုင်းမ်စ် သတင်းထောက် ကိုဝေမိုးက ပြောပါတယ်။

မြန်မာပြည်က သဲကအစ သယံဇာတတွေနဲ့ လုပ်သား အင်အားတွေကို စင်္ကာပူမှာအသုံးချ နေပါတယ်။

စင်္ကာပူ တည်ထောင်စက ရန်ကုန်ကို ကြည့်ပြီး အတုယူ ခဲ့ရ ပေမယ့် ခုတော့ မြန်မာပြည်က အများကြီး ကျန်ရစ် ခဲ့ပြီလို့ သူက ဆိုပါတယ်။

စင်္ကာပူ လို အုပ်ချုပ်ရေး စနစ်ကောင်း၊ စီးပွားရေး လွတ်လပ်မှု၊ လူစွမ်းအား ရင်းမြစ်တွေ ပျိုးထောင်တဲ့ ပညာရေး စနစ်ကောင်း ဒါတွေ ရှိမှ မြန်မာပြည် ဖွံ့ဖြိုးဖို့ ဖြစ်နိုင်မှာပါ။

ဒါပေမဲ့ မြန်မာ စစ်အာဏာပိုင် တွေက စင်္ကာပူ ပုံစံထက် တပ်ကို အာဏာ ဆက်ပေးရေး အလေးထားတဲ့ အင်ဒိုနီးရှား ပုံစံ နိုင်ငံရေး ကိုပဲ သွားနေတယ်လို့ သုံးသပ်သူ တွေက ပြောကြား ခဲ့ပါတယ်။

BBC

ကိုဇာဂနာ ပြောတဲ့ အော်တိုဘုရင်ရုပ်ရှင်ဇာတ်ကား

$
0
0
ပွဲတော် တည်ခန်း၊ရှူးနှမ်းနှမ်း နဲ့ထင်ရာချက်ခိုင်းတော့ ၀န်ကြီးတွေ အခက်တွေ့ ။

၂၀၀၅ခုနှစ် မတ်ခ်ျလ၂၅ရက်နေ့မှာ ဘီဘီစီ နဲ့ သင်္ကြန်အကြောင်း အင်တာဗျူးးတော့ အစိုးရကို အကြည်ညိုပျက်အောင်ပြောပါတယ်ဆိုပြီးရက်အကန့်အသတ်မရှိအနုပညာလုပ်ငန်းမှန်သမျှမလုပ်ရဆိုပြီး ပိတ်ပင်ခံခဲ့ရပါတယ်။ဆယ်နှစ်တင်းတင်းပြည့်ပြီးလို့ ၄ရက်အကြာမှာ ကင်မရာရှေ့ ကို ဇာဂနာ ပြန်ရောက်လာပါပြီ။ပြောင်းလဲသွားတာကတော့(၁)ရုပ်ရှင်ကိုစတူဒီယို နဲ့ ရိုက်တာရယ် (၂)တစ်ကားလုံး ခရိုမာ နဲ့၇ိုက်တာရယ် (၃)Black Magic 4k cameraရယ်တို့ပါပဲ။လူတွေကတော့ အရင်အိုက်တင်တွေနဲ့ ပေါ့။

ဇာတ်ကားနံမယ် က အော်တိုဘုရင်တဲ့ ။ကျွန်တော် ပေးတဲ့နံမယ်ပါ။ဒါရိုက်တာကတော့ ညီညီထွန်းလွင်ပါ။ဇာတ်ညွှန်း မြင့်သန်းအောင်။ကျော်ကျော်ဗိုလ်ရယ် အိချောပိုရယ် ပါ ပါသေးတယ်။လူရွှင်တော် ချည်းပဲ ၂၄ယောက်ပါပါတယ်။
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>