Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live
လူ ၄၀၀၀၀ ကို ရွေးကောက်ပွဲ အထူးရဲအဖြစ် ခန့်မယ်
$
0
0
မြန်မာရဲတပ်ဖွဲ့ (Credit: ABC) 
 မြန်မာအာဏာပိုင်တွေက ​လူပေါင်း ​လေးသောင်းကို ​ရွေးကောက်ပွဲအတွက် ​အထူးရဲတွေအဖြစ် ​ခန့်အပ်မယ်လို့ ​အေအက်ဖ်ပီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။
အောက်တိုဘာလလယ်က ​စပြီး ​လူပေါင်း ​လေးသောင်းကျော်ကို ​ရွေးကောက်ပွဲ ​အထူးရဲအဖြစ် ​တစ်လကြာ ​ခန့်အပ်မယ်လို့ ​ရဲအရာရှိတစ်ဦးက ​ပြောပါတယ်။
အဲဒီလူတွေကို ​လက်နက်တွေ ​ကိုင်ခွင့်ပေးထားမှာ ​မဟုတ်သလို ​ရဲတွေလောက် ​အာဏာရှိမှာ ​မဟုတ်ဘူးလို့လည်း ​ပြောပါတယ်။
ရွေးကောက်ပွဲမှာ ​ပြဿနာတွေ ​ဖြစ်မလာအောင် ​လုံခြုံရေးအင်အား ​တိုးချဲ့တဲ့ ​သဘောဖြစ်မယ်လို့ ​ဆိုပါတယ်။
အဲဒီ ​အထူးတပ်ဖွဲ့ဝင်တွေကို ​ရဲအရာရှိတွေနဲ့ ​ရပ်ကွက်၊ ​မြို့နယ်လူကြီးတွေက ​ရွေးချယ်မှာ ​ဖြစ်ပြီး ​တစ်လစာ ​လုပ်အားခကတော့ ​ရဲတွေကို ​ပေးတဲ့ ​လစာလိုပဲ ​ပေးမယ်လို့ ​သိရပါတယ်။
အဲဒီလို ​လုံခြုံရေးအင်အား ​တိုးချဲ့တဲ့အပေါ် ​စိုးရိမ်မကင်းမှုတွေ ​ရှိနေပါတယ်။ ​တချို့ကလည်း ​ဒီလို ​အဖွဲ့အစည်းတွေကို ​အသုံးပြုပြီး ​အာဏာပိုင်က ​လိုသလို ​အသုံးပြုမှာကို ​စိုးရိမ်တာလည်း ​ရှိပါတယ်။
NLD ​ပါတီကတော့ ​ဘာကြောင့် ​အဲဒီလို ​အထူးရဲတွေကို ​ခန့်အပ်ရသလဲ ​ဆိုတာကို ​မသိရဘူးလို့ ​ပြောဆိုပြီး ​အကောင်းကို ​ရည်ရွယ်ပြီး ​ခန့်အပ်တာမျိုး ​ဖြစ်ဖို့ ​မျှော်လင့်ကြောင်း ​ပြောသွားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ကော့တောင်အမှု အင်္ဂါနေ့ပြန်စမည်
$
0
0
ထိုင်းနိုင်ငံမှာ ဗြိတိန်ခရီးသွား ၂ ဦးအသတ်ခံရမှုနဲ့ စွပ်စွဲခံထားရသူ မြန်မာအလုပ်သမား ၂ ဦး။
 ဗြိတိန်နိုင်ငံ သားခရီးသွားနှစ်ဦးကို ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းမှာ သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ မြန်မာ နိုင်ငံသား ၂ ဦးရဲ့အမှုကို လာမယ့် အင်္ဂါနေ့မှာ ပြန်လည် စတင်မှာဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဟာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်မှုမရှိတဲ့အပြင် သက်သေ အထောက် အထားတွေကို လုံလုံလောက်လောက် မတင်ပြနိုင်ဘူးလို့ အားလုံးက ရှုမြင်ခဲ့တာပါ။ ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်တဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ သူတို့ ကျူးလွန်ခြင်းမရှိတဲ့ ဒီအမှုအတွက် မတရားသက်သက် စွပ်စွဲခံထားရတာ ဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေကလည်း ပြောဆိုထားတာပါ။
ဗြိတိန်ခရီးသွား အသက် ၂၃ နှစ်အရွယ် Hannah Witheridge နဲ့ David Miller အသက် ၂၄ နှစ်တို့ဟာ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက အသတ်ခံခဲ့ရပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေကိုတော့ ကော့ထောင်ကျွန်းကမ်းစပ်မှာ ရှာတွေ့ခဲ့ပါတယ်။ အဲဒီကျွန်းဟာ အပန်းဖြေခရီးလာရောက်သူတွေ ကမ္ဘာလှည့်ခရီးသွားတွေအကြား ရေပန်းစားတဲ့ နေရာလည်းဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင် ဒုက္ခသည် စခန်းတွင် ပစ်ခတ်မှုဖြစ်ပွား ကရင်နီ တိုင်းရင်းသား နှစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ
$
0
0
21 September 2015
 ကရင်နီ ဒုက္ခသည်စခန်းလို့  နိုင်ငံတကာက သိနေတဲ့ မြန်မာနိုင်ငံ ဘက်မှ ထိုင်နိုင်ငံ နယ်ခြားဒေသ သို့  ထွက်ပြေးခိုလှုံလာကြတဲ့ မယ့်ဟာင်ဆောင် ဒုက္ခသည်စခန်းမှာ စက်တင်ဘာ ၂၀ရက် တနင်္ဂနွေနေ့ ညပိုင်း ကပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
စခန်းအုပ်ချုပ်ရေးမူးနဲ့  နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေသွားရောက် စစ်ဆေးတဲ့ အခါမှာတော့ အသက် ၁၇ နှစ်နဲ့  အသက် ၄၀ အမျိုးသားနှစ်ဦး blook 13 ၁၃ ရပ်ကွက် ရုံးခန်းရှေ့  မှာ သေနတ် ဒဏ်ရာတွေနဲ့  သေဆုံးနေတာတွေ့ ရကြောင်း၊ ဒဏ်ရာတွေနဲ့  အသက် မသေသေးဘဲ တခြား သုံးဦးကိုတော့ မယ့်ဟောင်ခရိုင်အတွင်းမှာရှိတဲ့ စီစ၀မ် Srisangwan Hospital ဆေးရုံသို့  ပို့ ဆောင် ကုသပေးနေကြောင်း စခန်းအာဏာပိုင်တွေက ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
ယနေ့ မနက်မှာတော့ ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို ၁၃ ရပ်ကွက်က တာဝန်ရှိသူတွေ နေထိုင်နေသူတွေ အားလုံးအားခေါ်ယူစစ်ဆေးနေပါပြီ။
ယခု ကရင်နီ ဒုက္ခသည် စခန်းမှာ စစ်ဘေးရှောင် ကရင်နီ ဒုက္ခသည်ပေါင်း ၁၁၈၉၀ ဦးနေထိုင်နေကြောင်း သိရပါတယ်။
Social Action for Women - SAW
Community Organization
https://www.facebook.com/Social-Action-for-Women-SAW
မွန်ပြည်နယ်အတွင်း ခရီးသည်ကား ဓားပြတိုက်မှုတွင် မျက်စိ နှစ်ဖက်ဆုံးရှုံးသွားသူ ယာဉ်မောင်းကိုနှုတ်ခမ်းမွေး၏ ပြောပြချက်
$
0
0
 စက်တင်ဘာ ၁၄ ရက်က မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့နှင့် ရေးမြို့အကြား လမိုင်းမြို့နယ်နှင့် စုံကျေးရွာအနီး မိုင်တိုင် ၈၂ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြား ခရီးသည်တင်ယာဉ်ကားတစီး ပစ်ခတ်ခံရ မှုဖြစ်စဉ်ကြောင့် မျက်စိနှစ်ဖက်ဆုံးရှုံးသွား ခဲ့သည့်ယာဉ်မောင်းတဦး ဦးတင်လှိုင်ဦး (ခ) ကိုနှုတ်ခမ်းမွေးက ၎င်းတွေ့ကြုံခဲ့ရ သည်များကို ပြောပြသည်။
''ကျွန်တော် ဆေးရုံပေါ်ရောက်ပြီး သတိရလာတဲ့အချိန်ထိ ကျွန်တော့်ခရီး သည်တွေ ဘာဖြစ်သွားသေးလဲ အရင်မေး မိတယ်။ ဘယ်သူမှ ထိခိုက်ဒဏ်ရာရကြ တာမရှိဘူးလို့ သိလိုက်ရတော့ ကျွန်တော် စိတ်သက်သာရာရခဲ့တယ်''ဟု ယာဉ် မောင်းဦးတင်လှိုင်ဦးက ပြောသည်။
ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိရန်အတွက် အန္တရာယ်များကြားထဲက ယာဉ်ကို ထိန်းချုပ်ရန် ကြိုးစားနေစဉ်မှာပဲ ဦးတင်လှိုင်ဦးတယောက် သတိလစ်သွား ခဲ့ခြင်းဖြစ်သည်။ ၎င်းသတိရလာချိန်၌ ဦးစွာပထမ ခရီးသည်များအတွက် အန္တရာယ်ကင်းရှင်းမှုရှိကြလားဟု စိုးရိမ် ပူပန်ခဲ့သော်လည်း ဦးတင်လှိုင်ဦးအတွက်မူ အမြင်အာရုံများ ဆုံးရှုံးခဲ့ရလေပြီဖြစ်သည်။
''ခရီးစထွက်လာကတည်းကရှောရှောချုချုပါပဲ။ သံဖြူဇရပ်နယ်မြေ အကျော် ရေးထဲအ၀င် ညာဘက်ခြမ်းမှာ ဆို ဈေးဆိုင်လေးရှိတယ်။ အန်တီဝင်းဆိုင် တို့၊ ဘာတို့ပေါ့။ အရင်က ကုန်ကားတွေ ကလည်း အဲဒီမှာ နားလေ့ရှိကြတယ်။
အဲဒီ အကျော် ရှေ့ဆက်မောင်းတော့ နောက်က အောင်ရတာ ကားက ကျော်တက်လို့ လမ်းဖယ်ပေးလိုက်တယ်။ ကုန်ကားနှစ်စီး က ရှေ့ကခံနေသေးတယ်။ သေနတ်သံ တွေ၊ ဘာတွေလဲ မကြားမိလိုက်ဘူး။ တပည့်က ရှေ့မှာ အရက်သမားလားမသိ ဘူးလို့ ပြောလို့ ရှိန်လျော့လိုက်တယ်။ ချက်ချင်းပဲ သေနတ်နဲ့ ပစ်ခံလိုက်ရတယ်။ 'ဖောင်း'ဆိုတဲ့အသံ အကျယ်ကြီးမြည်ပြီး ကျွန်တော် ထိသွားတာ သိလိုက်တယ်။ ဒဏ်ရာကို လက်နဲ့အုပ်ပြီး မနည်းသတိ ထားပြီး ငါ့ခရီးသည်တွေ ဒုက္ခဖြစ်တော့ မယ် ကားကိုမရပ်ဖို့ ကြိုးစားနေရင်းမှာပဲ။
ကျွန်တော် ဘာမှ မသိတော့ဘူး''ဟု ဒဏ်ရာအရှိန်ကြောင့် အားအင်ကုန်ခန်းနေ သည့်ကြားမှ ဦးတင်လှိုင်ဦးက ပြောသည်။
ဦးတင်လှိုင်ဦးတွင်ဇနီးဒေါ်အေးမြင့်နှင့်သားသမီး လေးဦးအနက် မောင်ကျော် ဆန်းနှင့် မောင်ဌေးအောင်ဆိုသည့် သား နှစ်ဦးမှာ မိဘနှင့်အတူနေထိုင်၍ မောင်ဌေး အောင်သည် တက္ကသိုလ်ဝင်တန်း ဖြေဆို ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။
''ကျွန်တော့်မျက်လုံး အခြေအနေ ကတော့ နှစ်ဖက်လုံးမရတော့ဘူးလို့ ပြော ကြတယ်။ ကျွန်တော် ခါတိုင်းဒီလိုမျိုး အကြမ်းဖက်တာ တခါမှမကြုံဖူးပါဘူး။ ကျွန်တော့်အဖေနဲ့ ခေါက်လှဲပြီး ကားစက် နှိုးရတဲ့ GMC ခေတ်ကတည်းက ကား လောကထဲ ရောက်နေတာပါ''ဟု အသက် (၄၇)နှစ်အရွယ်ခန့်ရှိ ဦးတင်လှိုင်ဦးက ပြောသည်။
မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မြောက်ဦးတွင် တောရပ်ဆောက်တည်နေသော ဆရာတော် တစ်ပါး ဓားဒဏ်ရာဖြင့် သေဆုံး
$
0
0
 ရန်ကုန်၊ စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ် မြောက်ဦး မြို့တွင် တောရပ် ဆောက်တည် နေသော ဆရာတော် တစ်ပါး လည်ပင်းတွင် ပြတ်ချ ဓားဒဏ်ရာဖြင့် သေဆုံး နေသည်ကို တွေ့ရှိ ခဲ့ရသည်ဟု သတင်း ရရှိသည်။
သေဆုံးနေသည့် ဆရာတော်မှာ မြောက်ဦးမြို့၊ ဝသဲရပ်ကွက်ရှိ တက္ကသီလ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးခန္ဓီစာရဖြစ်ကြောင်း မြောက်ဦး ရဲစခန်းမှူးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ဟုတ်ပါတယ်။ လည်ပင်းမှာ ဓါးဒဏ်ရာနဲ့ သေနေတာကို တွေ့ရပါတယ်။ ဘေးနားမှာ လက်ကိုင်ဖုန်း တစ်လုံး၊ ဓါးတစ်ချောင်း ကို တွေ့ရပါတယ်။ ဆေးရုံက ဆေးစစ်ချက်ကိုတော့ တောင်းထားပါတယ်။ အတိအကျတော့ ပြောဖို့ ခက်ပါတယ်။ စုံစမ်းနေဆဲပါ” ဟု စခန်းမှူးက ပြောဆိုသည်။
ဆရာတော်မှာ တောရပ်ဆောက်တည်နေသော ရဟန်းတစ်ပါး ဖြစ်ပြီး ရန်ငြိုးရန်စလည်း မရှိကြောင်း အစ်ကို ဖြစ်သူက ပြောဆိုကြောင်း စခန်းမှူးက ဆက်လက် ပြောဆိုသည်။
" အစ်ကို ဖြစ်သူ ပြောပြတာက ဆရာတော်က ပုံမှန်ဆွမ်းခံနေကျပါ။ စက်တင်ဘာလ ၂၀ ရက်နေ့က ဆွမ်းခံမကြွလာလို့ အစ်ကို ဖြစ်သူက သွားကြည့်တော့ ဘုန်းကြီးကျောင်းမှာ သွေးအိုင်ထဲ လဲပြီး သေနေတာကို တွေ့တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ သွားရောက် စစ်ဆေးတော့ လည်ပင်းမှာ ဓားဒဏ်ရာနဲ့ ပျံလွန်တော်မူနေတာကိုတွေ့ရတယ်" ဟု စခန်းမှူးက ပြောဆိုသည်။
ယခုသေဆုံးမှုနှင့် ပတ်သက်ပြီး အမြန်ဆုံး စုံစမ်း စစ်ဆေး ဖော်ထုတ်ရန် ဒေသခံများက လိုလားနေသည်ဟု သိရသည်။
Arakan State
https://www.facebook.com/NarinjaraNews
ထိုင်းရောက် မြန်မာဒုက္ခသည်တချို့ တောင်ကိုရီးယား လက်ခံမည်
$
0
0
တောင်ကိုးရီးယား နိုင်ငံရဲ့ ပထမဆုံး ဒုက္ခသည်ခေါ်ယူနေရာချထားရေးအစီအစဉ်နဲ့ ထိုင်းမြန်မာနယ်စပ်က မြန်မာဒုက္ခသည် ၃၀ ကို ခေါ်ယူနေရာချထားပေးမှာ ဖြစ်ပါတယ်။
နယ်စပ် ဒုက္ခသည်စခန်းတခုက ကရင်ဒုက္ခသည်တွေကို UNHCR ကုလသမဂ္ဂ ဒုက္ခသည်ရုံးရဲ့ အကူအညီနဲ့ ရွေးချယ်စီစစ်မှုတွေ လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယားတရားရေးဌာနက ပြောပါတယ်။ သူတို့ကို လာမယ့် ဒီဇင်ဘာလမှာ ခေါ်ဆောင်မှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ ဒုက္ခသည်ခေါ်ယူနေရာချထားရေးအစီအစဉ်ကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်လိုက်ပြီးနောက် အခု UNHCR ရဲ့ ဒုက္ခသည်အစီအစဉ်နဲ့ ဒီကရင်ဒုက္ခသည်တွေ ကို ခေါ်ဆောင်မှာပါ။ တောင်ကိုရှိးယားအစိုးရဟာ ဒုက္ခသည်ဥပဒေကို ပြဌာန်းတဲ့ ပထမဆုံးအာရှိနိုင်ငံဖြစ်ပါတယ်။ ဒီဥပဒေအရပဲ UNHCR ရဲ့ အကြံပြုချက်နဲ့ ဒုက္ခသည်တွေကို ခေါ်ယူနေရာချထားပေးမှာပါ။
ဒုက္ခသည်တွေကို ခေါ်ယူနေရာချထားပေးတဲ့ အာရှနိုင်ငံတွေထဲမှာဆိုရင် ဂျပန်က ၂၀၁၀ မှာ ပထမဆုံးခေါ်ယူတာဖြစ်ပြီး  တောင်ကိုရီးယားကဒုတိယမြောက်ခေါ်ယူတာပါ။ အခုခေါ်ယူတဲ့ ဒုက္ခသည် အယောက် ၃၀ ကို F2 ပြည်ဝင်ခွင့် ဗီဇာပေးမှာ ဖြစ်ပြီး အဲဒီ ဗီဇာအရ သူတို့ရောက်လာရင် အလုပ်လုပ်ခွင့်ရမှာပါ။
ရောက်လာတဲ့ ဒုက္ခသည်တွေဟာ ကိုရီးယားဘာသာစကားသင်ယူရမှာ ဖြစ်ပြီး အစိုးရရဲ့ ဒုက္ခသည်ထောက်ပံ့ရေးစခန်းမှာ တနှစ် အလုပ်သင်အဖြစ်နေထိုင်လေ့လာပြီး နောက်မှ အစိုးရက သူတို့ကို တနေရာရာမှာ အတည်နေရာချပေးမှာ ဖြစ်ပါတယ်။ မြန်မာတွေဟာ ကိုရီးယားတွေနဲ့ အခြေခံယဉ်ကျေးမှု တူပြီး တောင်ကိုရီးယားမှာ ရှိပြီးသား မြန်မာတွေလည်း အခြေတကျရှိနေတာမို့ အခုရောက်လာတဲ့လူသစ်တွေအနေနဲ့ ကိုရီးယား လူ့ဘောင်အသိုင်းအဝိုင်းမှာ ပိုပြီးလွယ်လွယ်ကူကူဝန်ဆန့်မယ်လို့ ယူဆကြောင်း တောင်ကိုရီးယားအစိုးရက ပြောပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးဖို့ ချီတက်တောင်းဆို
$
0
0
 စက်တင်ဘာလ ၂၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ ရန်ကုန်မြို့ မြေနီကုန်းကနေ အင်းယားကန်ဘောင်အထိ စုပေါင်းချီတက်ကြစဉ်။ Photo: Aung Thain Kha/ RFA
အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားကျောင်းသူတွေကို လွှတ်ပေးဖို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ စုပေါင်းချီတက်လမ်းလျှောက်သူတွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လိုအပ်နေတဲ့အတွက် ချီတက်ဆုတောင်းတာဖြစ်တယ်လို့ အဲဒီလမ်းလျှောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ပြောပါတယ်။
"ဒီမိုကရေစီ အခွင့်အရေးတွေရဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ကင်းစင်ဖို့ရော ကျနော်တို့ ဖွဲ့စည်းပုံကို မဖြစ်မနေပြင်ကြရပါမယ်၊ ဒီကနေ့ဟာ ငြိမ်းချမ်းရေးတစ်ခုထဲ မဟုတ်ဘဲနဲ့ လွတ်လပ်ခွင့်ကိုရော ပြောတဲ့အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ကျနော်တို့ ခွန်စိုက်အားစိုက်ပါဝင်ပါတယ်၊ နောက်ကျလည်း လုပ်ကြရပါဦးမယ်၊ အခုတိုင်းပြည်မှာ အာရုံအများဆုံးဖြစ်စေတဲ့ကိစ္စ ရွေးကောက်ပွဲမှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တယ်ဆိုတာ ကျနော်တင်ပြပြီးပါပြီ၊ ပြည်တွင်းငြိမ်းချမ်းရေး လက်နက်ကိုင်တိုက်ပွဲတွေကို အကြောင်းပြပြီးတော့ ရွေးကောက်ပွဲဟာ အနည်းနဲ့အများ လိုသလိုပုံသွင်းလို့မရအောင် ကျနော်တို့ဘက်က ရပ်ခံရပါမယ်၊ ကျနော်တို့တိုင်းပြည်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတီးလုံး၊ စစ်မှန်တဲ့ ဒီမိုကရေစီကကွက်ဖြစ်ဖို့အတွက် ကျနော်တို့အားလုံး ဥာဏ်မျက်စိသတိကြီးကြီးနဲ့ ပူးပေါင်းကြပါစို့လို့ တိုက်တွန်းရင်းသုံးသပ်ပါတယ်"
လူငယ်တွေ နဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အကျဉ်းကျနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ပြီး ရန်ကုန်မြို့ မြေနီကုန်းကနေ အင်းလျားကန်ဘောင်အထိ လမ်းလျှောက်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ တောင်းဆိုချက်တွေထဲမှာ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲတွေ ရပ်ပေးဖို့၊ လူမျိုးရေးဘာသာရေး ခွဲခြားကန့်သတ်မှုဖြစ်စေတဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့တို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
နှစ်စဉ် စက်တင်ဘာလ ၂၁ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် ကုလသမဂ္ဂက လွန်ခဲ့တဲ့ ၁၉၈၂ ခုနှစ်က တရားဝင်သတ်မှတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွေ ကျင်းပခဲ့တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြန်မာနိုင်ငံအတွင်း တရုတ် အရင်းအနှီး
$
0
0
China AIIB signing ceremony
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း တရုတ်နဲ့ မြန်မာ ခေါင်းဆောင်တွေ ဆုံကြရင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဝေကြာင်း ပြောကြပါတယ်။ မကြာမီက သမ္မတ ဦးသိန်းစိန် တရုတ်ပြည် သွားတော့လဲ တရုတ်သမ္မတနဲ့ ဝန်ကြီးချုပ်ကို တွေ့ဆုံပြီး၊ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူချက်တွေ ရယူတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။ အစိုးရအချင်းချင်း ဆက်ဆံရုံတင်မကဘဲ အဆင့်မျိုးစုံမှာ အပြန်အလှန် လည်ပတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ တိုးမြှင့်ပြီး၊ တန်းတူညီမျှ အပြန်အလှန် အကျိုးဖြစ်ထွန်းမယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်မယ်လို့ ဆိုပါတယ်။
တရုတ်အစိုးရကြိုက်တဲ့ တခုတည်းသောရပ်ဝန်း၊ တခုတည်းသောလမ်းကြောင်း one belt one road အစီအစဉ်နဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ (၄) နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အရ ဆိပ်ကမ်း၊ ကားလမ်း၊ ရထားလမ်း စတဲ့ အခြေခံအဆောက်အအုံ၊ လယ်ယာ၊ လျှပ်စစ်စွမ်းအား၊ ငွေကြေး၊ ထုတ်လုပ်မှုစွမ်းအား စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ်လို့ သဘောတူကြပါတယ်။ မြန်မာအစိုးရ ရွေးချယ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို တရုတ်က ထောက်ခံတယ်လို့ ဖော်ပြပါတယ်။ မြန်မာပြည်ကို ဘက်ပေါင်းစုံက ဝင်ရောက်ပူးပေါင်းဆောင်ရွက်မယ့် မဟာဗျူဟာ ဖြစ်ပါတယ်။
တရုတ်အရင်းအနှီးဟာ ၂၀၀၈ မှာ ဒေါ်လာ သန်း တစ်ထောင် ရှိရာက ဆက်တိုက်တိုးပွားလာတဲ့အတွက် ဦးသိန်းစိန်အစိုးရ တက်ချိန်မှာ ဒေါ်လာ သန်း တစ်သောင်းကျော် ရှိလာပါတယ်။ ၁၉၈၈ က ၂၀၁၄ ခုနှစ်အထိ နှစ်ပေါင်း (၂၅) နှစ်အတွင်း မြန်မာပြည်မှာ နိုင်ငံခြားရင်းနှီးမြှုပ် ပမာဏ ဒေါ်လာ သန်း (၅) သောင်း ရှိတဲ့အနက် တရုတ် အရင်းအနှီးက ဒေါ်လာ သန်း (၁) သောင်း (၄) ထောင်ကျော် ရှိပါတယ်။ နိုင်ငံခြားအရင်းအနှီး စုစုပေါင်းရဲ့  (၃၀) ရာခိုင်နှုန်းနီးပါးဟာ တရုတ်ပြည်က လာတာပါ။ အမေရိကန်ရဲ့  ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာသန်း (၁၀၀) ကျော်သာ ရှိတာမို့ တရုတ်ရဲ့  (၁) ရာခိုင်နှုန်းကျော်သာ ရှိပါတယ်။ တရုတ် ရင်းနှီးမြှုပ်နှံမှုဟာ နှစ်အနည်းငယ်အတွင်း ဒေါ်လာသန်း (၂) သောင်းကျော် သွားနိုင်ပါတယ်။ ၂၀၁၄ မှာ ဝန်ကြီးချုပ် Li Keqiang နေပြည်တော် လာစဉ်က ဒေါ်လာသန်း (၈) ထောင်ကျော်သုံးမယ့် စာချွန်လွှာတွေ လက်မှတ်ထိုးသွားပါတယ်။
ုမြန်မာနိုင်ငံက တရုတ်အရင်းအနှီးကို တရုတ်ပြည် ဖွံ့ဖြိုးရေးဘဏ်က ထုတ်ပေးပါတယ်။ တရုတ်ပြည်ကို သယံဇာတနဲ့ စွမ်းအင် တင်သွင်းရာမှာ လိုအပ်တဲ့ အခြေခံတည်ဆောက်ဖို့အတွက် ငွေထုတ်ချေးပါတယ်။ တရုတ်ပြည် ဖွံ့ဖြိုးရေးဘဏ်ရဲ့  ငွေချေတဲ့ ရည်ရွယ်ချက်က လိုအပ်တဲ့ သယံဇာတတွေကို တင်သွင်းနိုင်ရေး ဖြစ်ပါတယ်။
ဒါပေမဲ့ ပိုးလမ်းမ (Silk Road) စီးပွားရေးစင်္ကြန်လို နိုင်ငံခြားအချို့  ပါဝင်လာတဲ့ စီမံကိန်းမျိုးမှာတော့ အတော်လေး စွန့်စားရမယ့်သဘော ရှိပါတယ်။ ကားလမ်း၊ ရထားလမ်းအတွက် သက်ဆိုင်ရာ အစိုးရကို ငွေထုတ်ချေးဖို့ လိုအပ်လာပါတယ်။ ဒီလို အရင်းအနှီးမျိုးမှာ တခြားနိုင်ငံတွေ ပါဝင်လာရေး တရုတ် သက်သာသွားနိုင်တာမို့ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမှုဘဏ် (AIIB - Asian Infrastructure Investment Bank) နဲ့ ဖွံ့ဖြိုးရေးဘဏ်သစ် (NDB - New Development Bank) ကို တရုတ်က တည်ထောင်ပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဟာ လူမှုစီးပွားရေး မြှင့်တင့်ဖို့သာ ဦးစားပေးတာကြောင့် ကြီးမားတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို အကောင်အထည် ဖော်နိုင်စွမ်း မရှိဘူးလို့ မြင်ကြပါတယ်။ ဒီလိုအပ်ချက်ကို တရုတ် ဦးဆောင်တဲ့ AIIB အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမှုဘဏ် ဖြည့်ဆည်းနိုင်တဲ့သဘော ဖြစ်ပါတယ်။ ဂျပန်နဲ့ အမေရိကန် ဦးဆောင်တဲ့ ADB မှာ အဖွဲ့ဝင် (၆၇) နိုင်ငံရှိပြီး၊ မနှစ်က တည်ထောင်တဲ့ AIIB မှာ အဖွဲ့ဝင် (၅၀) ကျော် ရှိပါတယ်။ အခြေခံ အဆောင်အအုံ တည်ဆောက်ဖို့အတွက် အာရှမှာ နှစ်စဉ် ဒေါ်လာသန်းပေါင်း (၈) သိန်းလောက် ရင်းနှီးမြှုပ်နှံမှု လိုတယ်လို့ ADB က ခန့်မှန်းပါတယ်။ ဒါပေမဲ့ ADB ဟာ နှစ်စဉ် ဒေါ်လာသန်းပေါင်း (၁) သောင်းကျော်သာ ထုတ်ချေးနိုင်ပါတယ်။ ဒီဟာကွက်ကို ဖြည့်ဆည်းဖို့အတွက် AIIB အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမှုဘဏ် တရုတ်က တည်ထောင်တာ ဖြစ်ပါတယ်။
မြန်မာကိုပေးတဲ့ ADB ရဲ့  ချေးငွေစုစုပေါင်းဟာ ဒေါ်လာသန်း (၁၄၀၀) ကျော် နေပါပြီ။ ကမ္ဘာ့ဘဏ်ကလည်း ဦးသိန်းစိန်ရဲ့  ပြုပြင်ရေးကို အားပေးတဲ့အနေနဲ့ ဒေါ်လာသန်း (၁၅၀၀) ထုတ်ချေးပါတယ်။ တရုတ် ရင်းနှီးထားတဲ့ငွေက ဒေါ်လာသန်းပေါင်း (၁) သောင်းခွဲနဲ့ (၂) သောင်းကြားမှာ ရှိနိုင်ပါတယ်။ လာမယ့် (၁၅) နှစ်အတွင်း မြန်မာ့စီးပွားရေး (၄) ဆတိုးလာဖို့အတွက် အရင်းအနှီး ဒေါ်လာသန်းပေါင်း (၆) သိန်းကျော် လိုတယ်လို့ McKinsey သုတေသနဌာနက ခန့်မှန်းပါတယ်။
ADB နဲ့ ကမ္ဘာ့ဘဏ် ချေးငွေဟာ နိုင်ငံရေးအခြေအနေပေါ်မှာ မူတည်ပါတယ်။ မကောင်းရင် ဆက်ရဖို့ အလားအလာ နည်းသွားနိုင်ပါတယ်။ တရုတ် ဦးဆောင်တဲ့ ဘဏ်တွေကတော့ ငွေချေးသူကို စည်းကမ်းနည်းလမ်း တင်းကြပ်တာ သိပ်မလုပ်ဘူးဆိုတာကြောင့် ငွေချေးရ လွယ်သလို၊ အဂတိလိုက်စားဖို့လည်း လွယ်ကူသလို ဖြစ်နေပါတယ်။
ဘေဂျင်းအခြေစိုက် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမှုဘဏ်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်သူ မြန်မာအစိုးရဟာ သူရရှိမယ့် ခွဲတမ်းအတွက် ဒေါ်လာသန်း (၂၅၀) ကျော် ထည့်ဝင်ရမှာ ဖြစ်ပါတယ်။ ဒီငွေကို လာမယ့် စနေအတွင်း အရစ်ကျ ထည့်သွင်းမယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ တည်ဆောက်ရမယ့် အခြေခံအဆောက်အအုံအတွက် ငွေအများဆုံး ထုတ်ချေးနိုင်တာ AIIB တရုတ် ဦးဆောင်တဲ့ ဘဏ်ကြီး ဖြစ်တဲ့အတွက် တရုတ် အရင်းအနှီးဟာ ဆက်လက်တိုးပွားဖို့သာ အလားအလာ ရှိပါတယ်။
ဦးအောင်ခင်, ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ကော်မရှင်ဖွဲ့စုံစမ်းခံရတော့မည့် ကော်မရှင် --
$
0
0
ဗလောင်းဗလဲပြောတက်လေသူတစ်ဦးအား ရွေးကောက်ပွဲကော်မရှင်အခွင့်အာဏာအပြင် နိုင်ငံရေးပါတီများကိုပါ ထိန်းချုပ်ခွင့်ပေးလိုက်လေတော့ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဇာတ်လမ်းများ စဉ်ဆက်မပြတ် ဆက်တိုက်ပေါ်လာရပေတော့သည်။
၂၀၁၅ ရွေးကောက်ပွဲလုပ်ငန်းများစတင်သည့်အချိန်မှစ၍ မဲစာရင်းဒုတိယအကြိမ်ကြေငြာသည့် ယခုအချိန်ထိ တစ်တိုင်းပြည်လုံး အုံးအုံးကြွက်ကြွက် ကြိတ်မနိုင် ခဲမရ အံတကြိတ်ကြိတ် တက်ခေါက်ဆဲဆိုသံများ လျှံကျသွားသလို နိုင်ငံတကာမှစောင့်ကြည့်နေသည့် ပုဂ္ဂိုလ်များပင် ပါးစပ်အဟောင်းသားဖြစ်သွားရကာ နောက်ဆုံး ဟောလီးဝုဒ်မင်းသမီးပင် မနေနိုင်မထိုင်နိုင်ဖြစ်ကာ ပြည်သူတွေ မဲစာရင်းသွားကြည့်ကြဖို့ မဲပေးနိုင်သည့်အခွင့်အရေး မဆုံးရှုံးအောင်ကာကွယ်ဖို့အထိ နိုးဆော်တိုက်တွန်းနေရသည်အထိ ဗမာစစ်သားတို့ မာကြောချက် မွှေချက်ကဖြင့် ကမ္ဘာကျော်ပါပေ၏။
ကိုယ်လုပ်ခဲ့သောလုပ်ရပ်တို့၏ အကျိုးသက်ရောက်မှုအပေါ် တာဝန်ယူခြင်း၊ တာဝန်ခံခြင်း အလျဉ်းကင်းမဲ့ပြီး ကိုယ်နှင့်မဆိုင်သလိုနေကာ ဝေဖန်သူတွေဘာပြောပြော ရေငုံနှုတ်ပိတ် တုံဏှီဘာဝေ မျက်ကန်းနားကန်း ဘာခံစားချက်မှမရှိသည့် ဖုတ်ကောင်များပမာ နေတက်ထိုင်တက်ပုံမှာလည်း ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်လောက်ပါ၏။ ၆၂ မတ်မှ ဗမာစစ်တပ်က ထိုစံချိန်တင်ထားခဲ့သည်မှာ ယနေ့ထိတိုင် တစ်ဆက်တည်းဖြစ်ပြီး မည်သူကမျှလည်းမချိုးနိုင်သေးပါ။ ကမ္ဘာပေါ်ရှိ တာဝန်အမဲ့ဆုံးအစိုးရပါပေ။ ယခုလက်တလောဖြစ်နေသော အခင်းအကျင်းများကြည့်ခြင်းဖြင့် ရှင်းနေပါပြီ။
ရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်များကိုသာ ရွေးကောက်ပွဲအသုံးစရိတ်စာရင်းများကို စစ်ဆေးမည် စောင့်ကြည့်မည်ဟုသာ တောခြောက်စကားပြောနေသည်။ သူကတော့မူ နိုင်ငံတကာငွေ(ဒေါ်လာသန်း ၂၀)၊ ပြည်သူ့ဘဏ္ဍာ ကျပ်ငွေ(၆၈ ဘီလီယံ)များကို စာရင်းမရှိ(ရှိလျှင်လည်းဖျောက်)သုံးနေပုံများကို မြင်တွေ့ရသောကြောင့်ဖြစ်ပါသည်။ လောလောဆယ် မဲကတ်ပြားရိုက်နှိပ်သည့်ကိစ္စများတွင် ပွင့်လင်းမြင်သာမှုမရှိ၊ သတင်းထောက်များ၏အမေးကို မဖြေနိုင်ခြင်းများက သက်သေပြနေပါပြီ။
လုံခြုံရေးအဆင့်အတန်းရှိစက္ကူများကို ရွေးကောက်ပွဲကော်မရှင်သို့တင်သွင်းပေးသည့် ကုမ္ပဏီသို့မေးမြန်းချက်တွင် လုပ်ငန်းတန်ဖိုးကို ဖွင့်မပြောနိုင်ခြင်းမျိုးမှာ ရိုးသားမှုရှိသည်ဟု မယူဆနိုင်။ ယခုတစ်ခါ မဲကတ်ပြားရိုက်နှိပ်မည့် အစိုးရပြန်ကြားရေးဝန်ကြီးဌာန၏ ပြောဆိုပုံများမှာလည်း လွဲနေသည်။ ရွေးကောက်ပွဲမသမာမှုအတွက် ပြင်ဆင်နေသည်ဟု စွပ်စွဲနိုင်သည့်ကိစ္စများ တွေ့နေရပါသည်။ ဥပမာ မဲပေးခွင့်ရှိသူ ၃၂ သန်းအတွက် သန်း ၄၀ စာမဲကတ်ပြားရိုက်နှိပ်မည်၊ ကြိုတင်မဲအတွက် ၃ သန်းစာ စာအိပ်များရိုက်နှိပ်မည်ဆိုသည်မျိုး။
မဲလက်မှတ်များကို ပိုပိုသာသာရိုက်နှိပ်ထားရမည်မှန်သော်လည်း ၂၀%အထိ ပိုနေပုံများကတော့ ရိုးသားပါသည်ဟု မည်သို့မျှမပြောနိုင်တော့။ ကြိုတင်မဲ လူ ၃ သန်းစာအတွက် လုပ်ထားသည်ဆိုလျှင်တော့ လွန်နေပြီဟုဆိုရပါမည်။ ရွေးကောက်ပွဲကော်မရှင်ကပြောထားသည်က ၂၀၀၀၀ ဆိုတော့ ကွာလွန်းလှသည်။ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားဆိုသည်က ၃ သန်းဆိုတော့ စဉ်းစားစရာပင်မလိုပါ။ ကြိုတင်မဲဆိုသည့် ဆေးနည်းဟောင်းကြီးနှင့်ပင် ကြံ့ဖွတ်က ရွေးကောက်ပွဲကို ရင်ဆိုင်တော့မည်ဖြစ်သည်။
သူတို့ကို ရင်ဆိုင်ဖြေရှင်းနည်းက သိပ်မခက်လှ။ တစ်မြို့နယ်ချင်းအလိုက် မဲပေးခွင့်ရှိသူဦးရေ ရရှိပြီးဖြစ်ရာ ကော်မရှင်ထုတ်ပေးမည့် မဲကတ်ပြားအရေအတွက်အတိအကျကို ဗဟိုအဆင့် နိုင်ငံရေးပါတီအကုန်လုံးနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်လောင်းများက သိခွင့်ရှိရပေမည်။ မဖြစ်မနေ သိခွင့်ရှိရမည်ဖြစ့်သည့်အတွက် ကော်မရှင်က ဤစာရင်းကိုထုတ်ပြန်မပေးပါက ရွေးကောက်ပွဲတရားမျှတမှုကို စီစဉ်လုပ်ဆောင်နေပါသည်ဆိုသော ကတိစကားကို ယုံကြည်နိုင်ရန်ခက်ခဲမည့်အကြောင်းများဖြင့် ဖော်ထုတ်ဖွင့်ချရပါမည်။ လိုအပ်လျှင် ပြည်သူ့အားကိုသုံးရပါမည်။ ပြည်သူ့အကူအညီကိုရယူသုံးစွဲသင့်ပေသည်။
ဤနေရာတွင် ရွေးကောက်ပွဲကော်မရှင်၏ အသုံးစရိတ်များကို စစ်ဆေးခြင်းမပြောနှင့် ရှင်းတမ်းများတင်ပြဖို့တောင်းဆိုခြင်းပင် မပါဝင်သေးပါ။ အဘယ့်ကြောင့် ထိုသို့ပြောရသနည်းဆိုမူ ယခုကဲ့သို့ အသုံးစရိတ်များထဲမှ အစိပ်အပိုင်းသေးသေးလေးဖြစ်သော မဲကတ်ပြားရိုက်နှိပ်မှုတွင်ပင် ရိုးသားပွင့်လင်းမှုကို ပြည်သူတို့မမြင်ရသောကြောင့် ပြောရခြင်းဖြစ်သည်။
တစ်ခုတော့ ပြောချင်ကပြောနိုင်ပါသေးသည်။ ကော်မရှင်ဥက္ကဋ္ဌသည် သမ္မတကခန့်ထားသည်ဖြစ်၍ သမ္မတတစ်ဦးတည်းကိုသာ တာဝန်ခံရမည်ဖြစ်၍ ပြည်သူကိုရှင်းစရာမလိုဟူသောအယူအဆ။ ပြောနိုင်သည်မှာ ကော်မရှင်၏ လုပ်ငန်းဆောင်တာများသည် ပြည်သူ့ဘဏ္ဍာငွေများ၊ နိုင်ငံတကာအထောက်အပံ့များကို ရယူ၍ဆောင်ရွက်ရသည်ဖြစ်သည့် ငွေကြေးဆောင်ရွက်မှုများကို ပမာဏကြီးကြီးမားမားဖြင့်လုပ်ဆောင်ရသည်ဖြစ်၍ အများသံသယရှင်းအောင် ဆောင်ရွက်ရမည်ဖြစ်သလို ဆောင်ရွက်မှုအဆင့်တိုင်းမှာ ပွင့်လင်းမြင်သာမှုရှိရန်အထူးလိုအပ်ပါသည်။ ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲခြင်းဖြစ်၍ ပြည်သူတို့အသေးစိတ်သိခွင့်ရှိသလို ရွေးကောက်ပွဲလုပ်ငန်းပြီးစီးပါက ကော်မရှင်၏အသုံးစရိတ်ရှင်းတမ်းကို အများသိရန် ပြန်ကြားရေးဝန်ကြီးဌာနမှပင် တာဝန်ယူ ဖြန့်ချီသင့်ပါသည်။
ငွေကြေးပမာဏကြီးမားမှုအကြောင်းကိုသိရန် တစ်ခြားမကြည့်နှင့် အသေးဆုံးဖြစ်သော ကော်မရှင်ဥက္ကဋ္ဌ၏ခံစားခွင့်များတွင် နေအိမ်၊ တစ်လ သိန်း ၃၀ ဟူသောလစာနှင့် ကား ၄ စီးကို ဝန်ကြီးအဆင့်အတန်းအတိုင်းပေးထားသည်ဟု သိထားရပါသည်။ ဗမာပြည်လိုမျိုးအတွက် သေးသေးပမာဏမဟုတ်ပါ။ ဒါတစ်ခုပဲမြင်ရသေးပါသည်။
ထို့ကြောင့် ကော်မရှင်၏လုပ်ငန်းများတွင် ငွေကြေးသုံးစွဲမှုကို ပြည်သူတို့မြင်ခွင့်သိခွင့်ရှိရန် အထူးလိုအပ်သည်မှာ ပြောရန်ပင်အကြောင်းမရှိပါ။ ကော်မရှင်လုပ်ငန်းပြီးစီးပါက စာရင်းစစ်ဆေးမည့်အစီအစဉ်များကို ယခုကတည်းကပင် တောင်းဆိုထားသင့်ပါသည်။
ဆိုခဲ့ပါ ကော်မရှင်လုပ်ငန်းများနှင့် ငွေကြေးသုံးစွဲမှုများကို စစ်ဆေးရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်တွင် တာဝန်ရှိသလို ပြင်ပစာရင်းစစ်(နိုင်ငံတကာ)များကို တာဝန်ပေးစစ်ဆေးရန်လည်းလိုအပ်ပါမည်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ အဓိကလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသား နိုင်ငံသားအားလုံးကို မဲစာရင်းထဲအားလုံးပါဝင်နိုင်အောင် ဆောင်ရွက်ပေးရမယ်ဆိုတဲ့လုပ်ငန်းဟာ အဓိကမဖြစ်မနေလုပ်ဆောင်ရမယ့် အနည်းဆုံးအခြေခံလုပ်ငန်းတစ်ခုပါ။ ပြည်သူတွေရဲ့ အနည်းဆုံးရပိုင်ခွင့်ဖြစ်တဲ့
အခြေခံအကျဆုံးအခွင့်အရေးဖြစ်တဲ့ ရွေးချယ်တင်မြှောက်ခွင့်နဲ့ ရွေးချယ်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့
အကျင့်သိက္ခာ ပျက်ပြားတယ်နေတဲ့၊ အခြေခံအကျဆုံးမဲစာရင်းကိုတောင် အဂတိကင်းကင်းနဲ့လုပ်ဆောင်မပေးနိုင်တဲ့၊ အရည်အချင်းပျက်ယွင်းနေတဲ့ ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိပါ။ အခြေခံအကျဆုံးမဲစာရင်းကိစ္စကိုတောင် မှန်ကန်အောင်မလုပ်ဆောင်နိုင်တဲ့၊ တာဝန်ပျက်ယွင်းနေတဲ့ ရွေးကောက်ပွဲကော်မရှင်ကို စွပ်စွဲပြစ်တင်လို့ ရနေပါပြီ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါရှိတဲ့ ‘ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း’ အပိုင်း ပုဒ်မ ၄၀၀၊ ပုဒ်မခွဲ (၃)အရ အကျင့်သိက္ခာ ပျက်ပြားတယ်ဆိုရင် အဲဒီသူကို စွပ်စွဲ ပြစ်တင်ပြီး ရာထူးက ဖြုတ်ချလို့ ရပါတယ်။
ရွေးကောက်ပွဲပျက်ပြားသွားမှာ နောက်ကိုဆုတ်သွားမှာမလိုအပ်လို့ စွပ်စွဲပြစ်တင်ပြီး ရာထူးကဖြုတ်ချဖို့မလုပ်နိုင်သေးရင်တောင် ရွေးကောက်ပွဲအလွန်ကာလအတွက် အစစကြိုတင်ပြင်ဆင်ထားရပါလိမ့်မယ်။
ထို့ပြင် ရွေးကောက်ပွဲမတော်မတရားလုပ်မှုနှင့် ကော်မရှင်အသုံးစရိတ်များတွင် ဆင်ခြင်တုံတရားမပါဘဲ သုံးစွဲခြင်း၊ လေလွင့်မှုများရှိခြင်း၊ အလွဲသုံးစွဲမှုများရှိနေကြောင်း စစ်ဆေးတွေ့ရှိပါကလည်း အရေးယူနိုင်သည့် အခွင့်အရေးများအတွက် တရားစွဲဆိုခွင့်ရရှိရန် ယခုကတည်းက ပြင်ဆင်ထားသင့်ပါပြီ။ ယခုတာဝန်ကို အဓိကထမ်းဆောင်ရမည့်သူမှာ နိုင်ငံရေးပါတီများဖြစ်ပါသည်။ ရွေးကောက်ပွဲပျက်မှာစိုး၍ ကော်မရှင်မျက်ထောင့်နီမှာကြောက်၍ မပြောဝံ့ မဆိုဝံ့ မရေးဝံ့သော နိုင်ငံရေးပါတီများ အထူးသတိထားကြပါကုန်။
သို့မဟုတ်ပါက ဆိုခဲ့ပါအခွင့်အရေးများရရှိရေးအတွက် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများကသာ တောင်းဆိုရတော့မည်ဟု မြင်နေရပါသည်။
__________________________________
လေးစားစွာဖြင့်
Ko Soe Win
ရွေးကောက်ပွဲနေ့ မဲရုံတွေရှေ့မှာ ဆူပူမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ NLD ပြောပြီ
$
0
0
ရွေးကောက်ရက်ဖြစ်တဲ့ နိုဝင်ဘာလ (၈) ရက်နေ့မှာ မဲပေးခွင့် မရတဲ့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေကြောင့် မဲရုံတွေရှေ့မှာ ဆူပူမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ မြေနီကုန်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ဦးဝင်းထိန်က ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အတွေအကြုံတွေကို အခြေခံပြီး ပြောကြားလိုက်တာပါ။
12020624_1180375038644557_1871278140_o
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့ NLD ဗဟိုအောင်နိုင်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
“အခုမဲစာရင်းတွေ မှားတဲ့အတွက်ကြောင့်မို့ မဲရုံရှေ့မှာ ပြဿနာတွေပေါ်မယ်။ ပြဿနာတွေပေါ်ရင် ဆူပူမှုလောက်အထိဖြစ်နိုင်တာတွေရှိတယ်။”
ဒါအပြင် ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးအဆင့် ထုတ်ပြန်ကြေညာထားတဲ့ မဲစာရင်းမှာလည်း အရင် ထုတ်ပြန်ခဲ့တဲ့မဲစာရင်းထက်အမှားအယွင်းတွေရှိနေတဲ့အပြင် ကော်မရှင်ဥက္ကဌရဲ့ ပြောဆိုမှုတွေ ကြောင့်လဲ ရွေးကောက်ပွဲရဲ့ တရားမျှတမှုအပေါ် သံသယစေတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဆိုပါတယ်။
“ကျွန်တော်တို့က အမှားကိုတွေ့လို့ ၀ိုင်းကူတဲ့အနေနဲ့တင်ပြတယ်။ ဒါကိုမပြင်ဘူး ပြန်ထုတ်တယ်။ အဲတော့ ကျွန်တော်တို့က တက်နိုင်သမျှတင်ပြမယ်။ မရရင် အခြားနည်းလမ်းပေါ့။”
ဒါကြောင့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိဖို့အတွက် NLD ပါတီအနေနဲ့ကတော့ မဲစာရင်း ကိုင်ထားတဲ့ ပါတီကိုယ်စားလှယ်တွေကို မဲရုံတိုင်းမှာ ထားရှိသွားမှာဖြစ်ပြီး မဲထပ်တာမျိုးတွေ့ရင် ကန့်ကွက်သွားမယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒါအပြင် NLD အနေနဲ့ ရွေးကောက်ပွဲ တရားမျှတဖို့ အတွက် မဲစာရင်းအမှားတွေကို ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ပေးချိန်မရှိတော့ဘူးလို့လည်း ပြောပါတယ်။
“အဲတော့ လာမဲ့ရွေးကောက်ပွဲမှာ တရားမျှတမှုဆိုတာ မျှော်လင့်ဖို့ အရမ်းကို ခက်ခဲတယ်၊ အမှားက အရင်ကြိမ်တွေထက်ပိုများနေတယ်။ နောက်ထက်ပြန်လုပ်ဖို့လည်း အချိန်မရှိတော့ဘူး။ လုပ်ရင်လည်း ဒီထက်ပိုမှားအုံးမှာပဲ”
လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမျာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တနိုင်ငံလုံးမှာရှိတဲ့ လွှတ်တော်အရပ်ရပ်က မဲဆန္ဒနယ်မြေအသီးသီးမှာ ၁၁၃၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတာပါ။ မြန်မာနိုင်ငံလုံးမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော် ၀င်ရောက်ယှဉ်ဖို့ရှိနေပြီးတော့ အဲ့ဒီထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အချိုးအစားဟာ ၁၇.၇ % ရှိနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ကိန်းဂဏန်းတွေမှာ ဖော်ပြနေထားပါတယ်။
MCN TV News
http://www.mcntv.biz/news/4155/
မန္တလေးမြို့မှာ မဘသအဖွဲ့ဝင် သုံးသောင်းကျော် အောင်ပွဲခံ အင်အားပြ
$
0
0
 မျိုးစောင့်ဥပဒေ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို မန္တလေးမြို့မှာ စက်တင်ဘာလ ၂၁ ရက်နေ့က အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က ဦးစီးပြီး စီတန်းလှည့်လည်ကြစဉ်။ Photo: Hset Paing Toe/RFA
မျိုးစောင့်ဥပဒေ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို မန္တလေးမြို့မှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က ဦးစီးပြီး မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သံဃာတော်၊ သီလရှင်နဲ့ မဘသအဖွဲ့ဝင် သုံးသောင်းကျော်တို့က စီတန်းလှည့်လည်ပြီး ပြုလုပ်ခဲ့ပါတယ်။
အခုလို တိုင်းနဲ့ပြည်နယ်တွေမှာ အောင်ပွဲခံပြီး အင်အားပြရတာဟာ မျိုးစောင့်ဥပဒေကို ဖျက်ဆီးလိုသူတွေရဲ့ အန္တရာယ်ကင်းဝေးစေဖို့ ဖြစ်တယ်လို့ ဆရာတော်ဦးဝီရသူ ကမိန့်ပါတယ်။
"အဓိကကတော့ အနှစ်နှစ်အလလက တောင့်တခဲ့တဲ့ အိမ်မက်ကြီး အကောင်အထည်ဖော်လာလို့ ဝမ်းမြောက် ဝမ်းသာ အောင်ပွဲခံတဲ့သဘောပါပဲ၊ ဒီလိုအင်အားပြရတာဟာ မျိုးစောင့်ဥပဒေကို မြန်မာပြည်သူပြည်သားတိုင်း သံဃာထု၊ သီလရှင်ထုအားလုံးက တခဲနက်ထောက်ခံတယ်ဆိုတာကို ကမ္ဘာကြီးသိစေချင်လို့ပါ၊ အဲ့လိုအင်အားကို သိသွားမှသာရင် မျိုးစောင့်ဥပဒေကို ဖျက်လိုဖျက်ဆီးလုပ်မယ့် အန္တရာယ်တွေ ကင်းသွားမှာဖြစ်ပါတယ်"
ပြည်ထောင်စုလွှတ်တော်က လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ၄ ရပ်ကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။
အလားတူ မျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားတွေကို ရန်ကုန်၊ စစ်တွေ၊ စစ်ကိုင်း၊ ပဲခူးနဲ့ မော်လမြိုင်မြို့တွေမှာ ပြုလုပ်ခဲ့ပြီး ကျန်မြို့ကြီးတွေမှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရွေးကောက်ပွဲ ကော်မရှင်လုပ်ရပ် NLD ဝေဖန်
$
0
0
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်လို့ သတင်းဌာနများကို တွေ့ဆုံရှင်းလင်းစဉ်။ (စက်တင်ဘာ ၂၁၊ ၂၀၁၅)
 နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း မှားယွင်းနေမှုတွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဝေဖန်လိုက် ပါတယ်။ ဒါ့အပြင်ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဥပဒေနဲ့မညီတဲ့လုပ်ဆောင်မှုတွေရှိတယ်လို့လည်း ပြောလိုက်ပါတယ်။ ပါတီအချို့ရဲ့ ဥပဒေမဲ့ လုပ်ဆောင်နေမှုတွေကို ကော်မရှင်ကိုတိုင်ကြားပေမယ့် အရေးယူပေးခြင်းမရှိဘဲ မျက်ကွယ်ပြု ထားတယ်လို့လည်း NLD က ပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခကသတင်းပေးပို့ထားပါတယ်။
ဒီကနေ့ ပါတီအောင်နိုင်ရေးရုံးခန်းမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မီဒီယာနဲ့တွေ့ဆုံ ပြောကြား ချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ခုလိုပြောဆိုလိုက်တာပါ။
“ဦးတင်ဝင်း..ဆိုတဲ့ အနေနဲ့ပေါ့။ ………… သွားရောက်ပြီးတော့ မှတ်ပုံတင်တင်တယ်။ အဓိပ္ပာယ်ကတော့ တပ်မတော်က ကင်းရှင်းသွားပြီ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ သူဟာ ရွေးကောက်ပွဲဝင်ရောက်တယ်ဆိုပြီးတော့ကာ …အဲဒီမှာသွားပြီးတော့ ကြေညာချက်အတိုင်းပဲ သွားပြီး ပြောတယ်၊ လုပ်တယ်ပေါ့။ သို့ပေမယ့် အဲဒီပုဂ္ဂိုလ်ဟာ ပြန်လာပြီးတဲ့အခါမှာ ဦးတင်ဝင်းမဟုတ်တော့ဘဲနဲ့ မူလတာဝန်ဖြစ်တဲ့ ဗိုလ်မှူးကြီး တင်ဝင်းအနေနဲ့ တန်းပြည့် ပြန်လည် စစ်မှုထမ်းခိုင်းတယ်ဆိုတာပေါ့။ စစ်မှုထမ်းဆောင်ရွက်တဲ့အဆက်ဆက်ကို ပြန်လည်ပြီးတော့ တန်းပြည့် ပြန် ဆောင်ရွက်ခွင့်ပေးလိုက်တယ် ဆိုပြီးတော့ လုပ်တဲ့ကိစ္စဟာ ဒါကိုလည်း ကန့်ကွက်လွှာတင်တာကိုလည်း နောက်ကျသွားပြီဆိုပြီး အကြောင်းပြချက်နဲ့ ….လျစ်လျှူရှုလိုက်တဲ့ကိစ္စပုံစံမျိုး တွေ့ပါတယ်။”
မကြာသေးခင်က ရန်ကုန်တိုင်းလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတာဝန်ကနေ အငြိမ်းစားယူခဲ့တဲ့ ဦးတင်ဝင်းနဲ့ပတ်သက်ပြီး NLD နာယက ဦးတင်ဦးက ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိမှာ တပ်မတော်ကနေအငြိမ်းစားယူပြီး နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်လာတဲ့ တပ်မတော်သားဟောင်းတွေဖြစ်ကြတဲ့ ဦးလှဌေးဝင်း၊ ဦးဝေလွင်နဲ့ ဝန်ကြီးဟောင်း ဦးမြင့်လှိုင်တို့ဟာ ထုတ်ပြန်ထားတဲ့စည်းကမ်းချက်ကို မလိုက်နာဘဲ မဲဆွယ်စည်းရုံးမှု လုပ်ဆောင်ခဲ့တဲ့ အထောက်အထားတွေ ရှိပေမယ့် ရွေးကောက်ပွဲကော်မရှင်က အရေးမယူခဲ့ဘူးလို့ သူက ထောက်ပြ ပြောဆိုခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဗဟိုကော်မတီဝင်ဦးဝင်းထိန်ကလည်း မအူပင်ကနေ ကြံ့ခိုင်ရေးပါတီလွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးသိန်းညွှန့်မှာ မိဘနှစ်ပါးစလုံး နိုင်ငံခြားသားဖြစ်ကြောင်း အထောက်ထားတွေရှိနေပေမယ့် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပေးထားကြောင်း ဒီအပေါ် NLD အနေနဲ့တင်ပြခဲ့ပေမယ့် ကော်မရှင်အနေနဲ့ ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခြင်းမရှိဘဲ စစ်ဆေးနေဆဲ ဖြစ်တယ်လို့သာ အကြောင်းပြချက်ပေးခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
ဒါ့အပြင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးရေး ပါတီကြီးတခုနဲ့ မဘသအဖွဲ့က လှုံ့ဆော်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့တော့ သူက အခုလို ပြောပါတယ်။
“အဲဒီကြေညာချက်က မဘသကထုတ်တာ၊ သေချာတယ်။ ကျနော်တို့ပါတီဥက္ကဋ္ဌကို နာမည်နဲ့တကွ ဖော်ပြတဲ့အပြင်ကို ကျနော်တို့ဟာ သူတို့ အမျိုး၊ ဘာသာ၊ သာသနာ၊ ဥပဒေကို မထောက်ခံတဲ့အတွက်ကြောင့် မဲမပေးဖို့ဆိုတဲ့ လှုံ့ဆော်တဲ့စာ။ အဲဒါနဲ့ပတ်သက်လို့ ဖြန့်ဝေတဲ့ပုဂ္ဂိုလ်က အာဏာရ ပါတီကြီးက ပုဂ္ဂိုလ်။ မြစ်ဝကျွန်းပေါ်တို့၊ ဟင်္သာတတို့၊ ပုသိမ်တို့မှာဆိုလို့ရှိရင် အဲဒီ ရန်ကုန်ကနေ ပို့လိုက်တဲ့ကြေညာချက် အထုတ်လိုက်၊ အထုတ်လိုက်ကို ဓာတ်ပုံရှိတယ်၊ ဖြန့်ဝေတဲ့စာတွေရှိတယ်။ ဖြန့်ဝေတဲ့ပုဂ္ဂိုလ်တွေရှိတယ်။အဲဒါတွေနဲ့ပတ်သက်ပြီးတော့ အကျိုးအကြောင်း ဖော်ပြပြီးတော့ UEC ကို တင်ပြတဲ့ အခါမှာ ကျနော်တို့ ပြောတာကို ဘယ်လိုမှ အရေးယူမပေးဘူး။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဗဟိုကော်မတီဝင်ဦးဝင်းထိန်ပြောဆိုထားတာပါ။ လက်ရှိ နောက်ဆုံးထုတ်ပြန်ထားတဲ့ မဲစာရင်းနဲ့ ပတ်သက်ပြီး ကြုံတွေ့ နေရတဲ့အပေါ်မှာလည်း သူကခုလိုပြောပြပါတယ်။
“ရန်ကုန်တိုင်းက တချို့မြို့နယ်တွေမှာတွေ့တာရော၊ ရှမ်းပြည်မှာရော၊ တနင်္သာရီမှာရော တိုင်းနဲ့ပြည်နယ်အနှံ့မှာတွေ့တာက တချို့ မိသားစုတွေမှာ ကိုယ့်မိသားစုမဟုတ်ဘဲနဲ့ လေးယောက်ပိုတာရှိတယ်။ ၈ ယောက်ပိုတာရှိတယ်။ အဲဒါကို သက်ဆိုင်ရာမိသားစုတွေက မြို့နယ်ကော်မရှင်ကို သွားပို့တယ်။ ကန့်ကွက်မယ်လို့ပြောတာ၊ ကန့်ကွက်ပိုင်ခွင့်မရှိဘူး။ လဝက-သွား၊ လဝက-ကို သွားပြီးပြောတဲ့ အခါကျတော့ လဝက-က သူတို့နဲ့မဆိုင်ဘူး၊ ကော်မရှင်နဲ့ ဆိုင်တယ်- အဲဒီလို ဘောလီဘောပုပ်တယ်-တဲ့။ ပိုတဲ့ပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ မသိဘူး။ အဲဒီတော့ တမြို့နယ်၊ တမြို့နယ်မှာ ပိုနေမယ် ဆိုလို့ရှိရင် တတိုင်းလုံးဆိုလို့ရှိရင်သောင်းနဲ့ သိန်းနဲ့ချီ ရှိမယ်လို့ ကျနော်တို့ မှန်းဆရ တယ်။”
မဲစာရင်းမှားယွင်းမှုတွေကြောင့် ပါတီအောင်နိုင်ရေးအပေါ်မှာထိခိုက်နိုင်တယ်လို့ လည်း ဦးဝင်းထိန်က ခုလိုပြောပါတယ်။ ပါတီအောင်နိုင်ရေး လုပ်ဆောင်တဲ့ အပေါ်မှာ အခက်ခဲတွေရှိနေပေမယ့် ရာခိုင်နှုန်းပြည့်အောင်မြင်အောင်လုပ်ဆောင်မှာ ဖြစ်ကြောင်း နာယကဦးတင်ဦးက ပြောပါတယ်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ကြာ​အင်း​ဆိပ်​ကြီး ​မဲ​ဆ​န္ဒ​ရှင်​တ​ချို့ ​မဲ​ပေး​ခွင့် ​ဆုံး​ရှုံး​မယ်
$
0
0
ရွေး​ကောက်​ပွဲ ​အ​တွက် ​သီး​သန့် ​ဆို​ရင်​တာ့ ​ဆောင်​ရွက် ​ခွင့်​ရ​မှာ ​ဖြစ်​တယ်​လို့ ​နိုင်​ဟံ​သာ ​ပြော
က​ရင် ​ပြည်​နယ် ​ကြာ​အင်း​ဆိပ်​ကြီး ​မြို့​နယ် ​က ​ကျေး​ရွာ ​တ​ချို့​မှာ ​သောင်း​ဂ​ဏန်း ​ရှိ​တဲ့ ​မဲ​ဆ​န္ဒ ​ရှင်​တွေ ​အ​တွက် ​မဲ​စာ​ရင်း ​လုပ်​ခွင့် ​မ​ရ​တော့ ​တာ​ကြောင့် ​မဲ​ပေး​ခွင့် ​ဆုံး​ရှုံး ​ရ​တော့​မယ့် ​အ​ခြေ ​အ​နေ ​ဖြစ်​နေ ​ပါ​တယ်။
အ​ကြောင်း ​က​တော့ ​ဒီ​ကျေး​ရွာ ​တွေ​ဟာ ​မွန်​ပြည်​သစ် ​ပါ​တီ ​ထိန်း​ချုပ် ​နယ်​မြေ​တွေ ​ဖြစ်​ပြီး၊ ​အဲ​ဒီ​မှာ ​ကျေး​ရွာ ​အုပ်​ချုပ်​ရေး ​မှူး ​ခန့်​ခွင့် ​မ​ရ​တာ ​ကြောင့် ​လို့ ​က​ရင် ​ပြည်​နယ် ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​အ​တွင်း​ရေး​မှူး ​ဦး​သော်​တာ​ငြိမ်း​က ​ပြော​ပါ​တယ်။
အုပ်​ချုပ်​ရေး​မှူး ​ခန့်​ပြီး ​မှ​သာ ​ရပ်​ကျေး ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​ခန့်​ရ​မှာ ​ဖြစ်​ပြီး၊ ​ဒါ​မှ​သာ ​မဲ​စာ​ရင်း ​ကောက်​ယူ ​လို့​ရ​မှာ ​ဖြစ်​တယ်​လို့ ​ဦး​သော်​တာ​ငြိမ်း ​က ​ဆို​ပါ​တယ်။
ကြာ​အင်း​ဆိပ်​ကြီး ​အ​ပြင် ​တ​ခြား ​ကေ​အန်​ယူ ​နယ်​မြေ ​ရပ်​ကျေး ​တ​ချို့ ​မှာ​လည်း ​အ​ခု​လို ​ဖြစ်​ရပ်​တွေ ​ရှိ​ပေ​မယ့် ​ကေ​အန်​ယူ ​က​တော့ ​နောက်​ပိုင်း​မှာ ​ခွင့်​ပြု ​ပေး​ခဲ့ ​တယ်​လို့ ​ဆို​ပါ​တယ်။
မွန်​ပြည်​သစ် ​ပါ​တီ ​ဒု​တိ​ယ ​ဥ​က္က​ဌ ​နိုင်​ဟံ​သာ ​က​တော့ ​ရွေး​ကောက်​ပွဲ ​နဲ့ ​ပတ်​သက်​ပြီး ​ဘာ​မှ ​ဝင်​ရောက် ​တား​မြစ် ​တာ​တွေ ​မ​လုပ် ​ဘူး ​လို့ ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
ဒါ​ပေ​မယ့် ​သူ​တို့ ​ထိန်း​ချုပ် ​နယ်​မြေ​မှာ ​ရပ်​ကျေး ​အုပ်​ချုပ်​ရေး​မှူး ​ခန့်​ဖို့ ​က​တော့ ​အောက်​ခြေ ​ပိုင်း​က ​သ​ဘော​တူ​ဖို့ ​မ​ရှိ​နိုင် ​ဘူး​လို့ ​ပြော​ပါ ​တယ်။
ရွေး​ကောက်​ပွဲ ​အ​တွက် ​သီး​သန့် ​ဆို​ရင်​တာ့ ​ဆောင်​ရွက် ​ခွင့်​ရ​မှာ ​ဖြစ်​တယ်​လို့​လည်း ​နိုင်​ဟံ​သာ​က ​ပြော​ကြား ​သွား​ခဲ့ ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
အာဏာသိမ်းဖို့ အစီအစဉ် မရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
$
0
0
 minaunghlaing-press-620.jpgကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ပြည်တွင်းမီဒီယာတချို့နဲ့ တွေ့ဆုံစဉ်
တပ်မတော်အနေနဲ့ အာဏာသိမ်းဖို့ အစီအစဉ်လည်းမရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ လုပ်ဆောင်ရ မှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ ဗိုလ်ချုပ်မှူးကြီး နဲ့ ပြည်တွင်းမီဒီယာတချို့ တွေ့ဆုံရာမှာ ပြောသွားတာပါ။
"အာဏာသိမ်းတာမျိုးကို မလိုလားပါဘူး၊ အဲ့ဒါကျနော့်ရဲ့ တကယ်ဆန္ဒပါ၊ ကျနော်ကိုယ်တိုင် မကြိုက်တာပါ၊ တပ်မတော်ဆိုတာ စည်းကမ်းကိုအခြေခံပြီးလုပ်ရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်၊ ဒါကြောင့် စည်းကမ်းနဲ့သွားဖို့ လိုလားပါတယ်၊ ဒါကြောင့် တစ်ဘက်ကပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာရှိပါတယ်၊ ဒီပြဌာန်းတဲ့အတိုင်းသွားပါမယ်၊ ဒီဟာကိုကျော်လို့မရပါဘူး"
ဒါ့အပြင် လတ်တလောဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အားလုံးက မြန်မာဆိုတဲ့စိတ်နဲ့ ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ဥပဒေအရ အခွင့်အရေးတွေ ပေးထားသလို ဆွေးနွေးလို့လည်းရပေမယ့် တချို့က ထင်မြင်ချက် နဲ့ လုပ်နေကြတာကြောင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေကြောင်း၊ မြန်မာပြည်ကိုချစ်တဲ့စိတ်နဲ့ လုပ်ကြစေလိုကြောင်း သူကတိုက်တွန်းသွားပါတယ်။
လတ်တလော အစိုးရ၀န်ကြီးဌာနတွေကို တပ်မတော်ကအရာရှိတွေ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေတာနဲ့ ပတ်သတ်လို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အစိုးရလိုအပ်ချက်၊ ကာယကံရှင်ရဲ့ သဘောဆန္ဒအရ ၀န်ထမ်းရွေးချယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြောင်းရွှေ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
RFA
http://www.rfa.org/burmese/news/mainaunghlaing-promised-no-coup-09212015111242.html
လာဘ်ပေး လာဘ်ယူ ဒို့ရန်သူ
$
0
0
မိတ်ဆွေတို့ သတိပြုမိကြပါလိမ့်မည်။
အခြားမဟုတ်ပါ။ ထီး၊ ဖိနပ်များပေးကာ မဲဆွယ်ခြင်း၊ ထရန်စဖော်မာများဆင်ပေးမည်ဆိုကာ မဲဆွယ်ခြင်း၊ ပိုက်ဆံ ၅၀၀၀ ပေးကာ မဲဆွယ်ခြင်း တို့ လုပ်နေကြခြင်းအကြောင်း ဖြစ်ပါ၏။
နိုင်ငံတစ်နိုင်ငံကို ဆင်းရဲနွံတွင်းကျစေသော၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်စေသော အရာများတွင် လာဘ်ပေး လာဘ်ယူမှုသည် ထိပ်ဆုံးကပါ၏။
လာဘ်ပေးလာဘ်ယူမြင့်မားသောတိုင်းပြည်တွင် အဘယ်ကဲ့သို့သော တရားဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ပါမည်နည်း။
လူသတ်သူက တရားသူကြီးကို လာဘ်ပေးပြီး အရပ်ထဲတွင် ပေါ်ပေါ်ထင်ထင်နေနိုင်သည်။
ဓားမြဗိုလ်က မြို့မျက်နှာဖုံး ဖြစ်နိုင်သည်။
အနောက်ဘက်မှခိုးဝင်လာသူများက ဆယ်သိန်းမျှသောငွေပေးရုံဖြင့် ရန်ကုန်မြို့ကို ရောက်နိုင်သည်။
မြန်မာပြည်အရှေ့မြောက်ပိုင်းမှ မျက်ပေါက်ကျဉ်းများက မြန်မာပြည်ရှိ ရှိသမျှ သယံဇာတများကို သူတို့အဖိုးအေဆီမှ အမွေရထားသည့်အလား ပေါ်ပေါ်ထင်ထင် ကားကြီးကားငယ်များဖြင့် ထုတ်ယူသွားနိုင်သည်။
သစ်လုံးကားကြီးများဖြင့် အများပြည်သူမြင်ကွင်းမှ ထုတ်သွားသောကြောင့် လူမြင်ကောင်းရုံ အဖမ်းပြသည့်တိုင် ၈ ရက်မျှ လောက်နှင့် ပြန်လွတ်နိုင်သည်။
လာဘ်ပေးလာဘ်ယူစနစ်သာ ထွန်းကားနေပါက ဘာမဆို လုပ်လို့ရသည်။ ဘာမဆို ဖြစ်ချင်လို့ရသည်။ လာဘ်မပေးနိုင်သူ ပြည်သူလူထုမှာမူ ငရဲကြီး ၈ ထပ်မှ မဟာအ၀ီစိငရဲတွင် နေရသကဲ့သို့ ရှိပေလိမ့်မည်။
အသင့်တွင် ပိုက်ဆံများသာ ထားစရာမရှိအောင် ချမ်းသာသည်ဖြစ်အံ့။
သင့်အိမ်ထဲ၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဘီလျံနှင့်ချီမိသည့်တိုင် ဟေ၊ အဲဒါ ငါမသိရပါလားကွာ ဟုပြောနိုင်မည် ဖြစ်လေ၏။
ယခုလည်း ကြည့်ပါဦးခင်ဗျာ။
ရွေးကောက်ပွဲ မဲဆွယ်တာပါတဲ့။
ဘယ့်နဲ့ မဖြစ်ညစ်ကျယ်၊ ထီးကလေး၊ ယပ်တောင်ကလေးတွေနဲ့ လာဘ်ထိုးပြီး မဲဆွယ်ရတယ်လို့။
မသကာ တစ်အိမ်ထောင် မာစီးဒီးတစ်စီးလောက်ဆို ဟုတ်တုတ်တုတ်ရှိသေး။
အမိုက်အမဲကြီးတွေမို့ ဗွေမယူပါနှင့်ခင်ဗျာ။
နော်တို့က လာဘ်ပေးလာဘ်ယူလုပ်ငန်းလုပ်ရတာ အကျင့်ပါနေလို့ပါ။
အဲဒီတော့ မလုပ်ရမနေနိုင်လို့မို့ မဲဆွယ်တာမှာလည်း လာဘ်ပေး လာဘ်ယူလုပ်ပြီး မဲဆွယ်မိတာပါ။
အနို့ လာဘ်ပေးပြီး မဲဆွယ်ရုံကလွဲလို့ တခြားလည်း ဘာမှ မလုပ်တတ်ဘဲကိုးခင်ဗျ။
မိတ်ဆွေများခင်ဗျာ -
အနှီပုဂ္ဂိုလ်များ လာဘ်ပေးပြီးမဲဆွယ်ကတည်းကိုက ကျုပ်တို့သာနိုင်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် တစ်နိုင်ငံလုံး လာဘ်ပေးလာဘ်ယူ စနစ် လှိုင်လှိုင်ကြီး ထွန်းကားစေရပါမယ်လို့ ကြေငြာနေတာနဲ့ မတူပေဘူးလားခင်ဗျာ။
သို့ကလိုဖြင့် ဖျား ဖျား -
မောင်မင်းကြီးသားတို့သာ နိုင်လို့ကတော့ -
ကျွန်ုပ်တို့ရွှေမြန်မာနိုင်ငံတော်ကြီးတွင် လာဘ်ပေးလာဘ်ယူကိစ္စများ ယခုထက် ပိုမိုထွန်းကားလာဖွယ်ရှိပေသည်။
လာဘ်ပေးလာဘ်ယူကိစ္စများ ပိုမိုထွန်းကားလေလေ မတရားမှုများ သည့်ထက်ပိုများလာလေလေ -
ပြည်သူတို့၏ ဘ၀များ အမိုက်တိုက်အတွင်း ပိုမိုကျဆင်းလေလေ -
ဘာမဆို လာဘ်ပေးလျှင် အောင်မြင်နိုင်သည့်အတွက် မည်သူမှ ရိုးရိုးသားသား ကြိုးစားဘို့ မစဉ်းစား -
မတရားသောနည်းဖြင့် ချမ်းသာဘို့သာ အားထုတ်ကြပေရော့မည်။
ဤမျှ ဗရုတ်သုတ်ခဖြစ်နေသော တိုင်းပြည်သို့ အဘယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ လာပါတော့မည်နည်း။
ဤသည်မှာ အမှိုက်ကစ၊ ပြဿာဒ်မီးလောင်ခြင်းဖြစ်၏။
ဦးမြင့်လှိုင်အနေနှင့် ထီးတစ်ချောင်း၊ ယပ်တောင်တစ်ချောင်းပေးလိုက်ရတာ သူ့အနေနှင့် ဘာမှမထောင်းတာ။
သို့သော် ကျွန်ုပ်တို့ ပြည်သူများ၏ ကိုယ်ကျင့်စာရိတ္တကို ထိုမဖြစ်ညစ်ကျယ် ထီး၊ ယပ်တောင်ကလေးများနှင့် ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သည်။ ပြည်သူများအား လာဘ်ပေးလာဘ်ယူလိုစိတ်ကို မွေးမြူပေးလိုက်သည်။
ဦးမြင့်လှိုင်တစ်ဦးတည်းသာမဟုတ်။ ၎င်း၏ ပုလင်းတူ၊ ဘူးဆို့ အားလုံးသည်လည်း သည်ပုပ်ထဲကသည်ပဲ၊ အတူတူပင် မဟုတ်ပါလော။ ထိုနည်းအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြသည်ချည်းဖြစ်လေ၏။
နိုင်ငံ့ထိပ်ဆုံးပိုင်းခေါင်းဆောင်ကြီးများကစ၍ လာဘ်ပေးလာဘ်ယူမှုကို စံနမူနာပြ လုပ်ကိုင်နေကြသည်ဖြစ်ရာ ၎င်းတို့၏ အောက်လက်ငယ်သားများမှာမူ အဘယ်ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း။
မိတ်ဆွေများခင်ဗျား -
၎င်းတို့ပေးသော ထီးနှင့်ယပ်တောင်သည် အဘယ်မျှ တန်ဘိုးရှိပါသနည်း။
ထိုထီးနှင့်ယပ်တောင်မျှလောက်ကို အသင်တို့မ၀ယ်နိုင်တော့ပြီလော။
အကယ်တန်တု၊ မ၀ယ်နိုင်သည်ဖြစ်အံ့။
ထိုထီးနှင့်ယပ်တောင်မရှိကာမျှဖြင့် သင်တို့ဘ၀မည်ကဲ့သို့ ယုတ်နိမ့်၊ ကျဆင်း၊ ဆုတ်ယုတ်သွားပါသနည်း။
ထို့ကြောင့် အသင်တို့သည် ၎င်းတို့ပေးသော ထီးနှင့်ယပ်တောင်ကို ဘယ့်အတွက် လက်ခံရပါမည်နည်း။
မိမိတို့၏ ကိုယ်ကျင့်သိက္ခာကို ပျက်စီးစေမည့် မည်သည့်လာဘ်ပဒ်သကာကိုမျှ လက်မခံကြပါနှင့်။
ဤပစ္စည်းတို့မှာ သင်တို့အတွက် အပင်းများဖြစ်သည်ဟု မှတ်ပါ။
ရတုံးယူမယ်ဆိုသော အချောင်သမားစိတ်ကို မမွေးကြပါနှင့်။
ထိုအချောင်သမားစိတ်များကြောင့်ပင် ကျွန်ုပ်တို့နိုင်ငံသည် ကမ္ဘာအလယ်မှာ မျက်နှာအငယ်ရဆုံးတိုင်းပြည် ဖြစ်နေရပြီ မဟုတ်လော။
မင်းတို့ပေးတာယူမကွာ၊ နောက်ပြီး ငါကြိုက်တဲ့ပါတီ ငါ မဲထည့်မပေါ့ကွ ဟုလည်း မလုပ်ပါလေနှင့်။
သူ့ပေးတာယူပြီး သူ့ကိုမထောက်ခံခြင်းသည် တစ်နည်းအားဖြင့် သစ္စာဖောက်ခြင်းမည်၏။ ကျေးစွပ်ခြင်းလည်း ဖြစ်၏။
ထိုကဲ့သို့သောစိတ်ဓာတ်များဖြင့် ကောင်းမွန်မြင့်မြတ်သော လူ့အဖွဲ့အစည်းကို မည်ကဲ့သို့တည်ဆောက်ပါမည်နည်း။
မိတ်ဆွေများခင်ဗျား -
ယခင်က မည်ကဲ့သို့ဖြစ်နေပါစေ။
ယခုပြောင်းလဲဘို့အချိန်တန်ပါပြီ။
ကောင်းမွန်လှပသော ကျွန်ုပ်တို့၏အနာဂတ်ကို ကျွန်ုပ်တို့ကိုယ်တိုင် တည်ဆောက်ကြပါစို့။
အသင်ကိုယ်တိုင်က မဟုတ်သည့်အလုပ်ကိုလုပ်နေလျှင် အသင့်မျိုးဆက်ကို အဘယ်ကဲ့သို့ ကိုယ်ကျင့်တရားကောင်းမွန်သော၊ အတွေးအခေါ်မြင့်မားသော တိုင်းပြည့်သားကောင်းဖြစ်အောင် ပျိုးထောင်ပါမည်နည်း။
ကျွန်ုပ်တို့၏မျိုးဆက်သစ်များကို လူကောင်းသူကောင်းများဖြစ်အောင် လေ့ကျင့်ပေးရန်မှာ ကျွန်ုပ်တို့ကိုယ်နှိုက်က လူကောင်း သူကောင်းများဖြစ်အောင် နေမှဖြစ်မည်။
လာဘ်ပေးပြီးမဲဆွယ်ခြင်းသည် အလွန်မှားယွင်းလှသော လုပ်ရပ်ဖြစ်၏။
ပြည်သူအပေါင်း၏ ကိုယ်ကျင့်တရားကို ဖျက်ဆီးခြင်းဖြစ်၏။
ထို့ကြောင့် မှားယွင်းသောလုပ်ရပ်ကို အားမပေးမိကြဘို့ -
လူကြီးလူမကောင်းများကို မရွေးချယ်မိကြစေဘို့ -
မိတ်ဆွေတို့ ပတ်ဝန်းကျင်ရှိ မိဘပြည်သူများခင်ဗျား (အဲလေ ယောင်လို့) ပြည်သူအပေါင်းကို ရှင်းလင်းပြောပြကြပါဟု တိုက်တွန်းလိုက်ရပါသည်။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်လို့ အစိုးရဖွဲ့နိုင်ရင် အဂတိလိုက်စားမှုကင်းတဲ့အစိုးရဖြစ်စေရမယ်လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျွန်ုပ်က နိုင်ငံသားတစ်ယောက်အနေနှင့် အလွန်ကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ။
ကျွန်တော်တို့လိုတာ ထီးမဟုတ်၊ ဖိနပ်မဟုတ်၊ ထရန်စဖော်မာမဟုတ်၊ မီးမဟုတ်၊ လမ်းမဟုတ်။
ကျွန်ုပ်တို့လိုတာ၊ အကျွန်ုပ်တို့မြန်မာပြည်သူလူထုကြီးတစ်ရပ်လုံးလိုနေတာသည် ကောင်းမွန်သော၊ မှန်ကန်သော၊ အဂတိကင်းသော အစိုးရတစ်ရပ်သာ ဖြစ်ကြောင်းပါ။
အဓိကနှင့် သာမညကို ခွဲခြားနိုင်ကြပါစေ။)
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၁ စက်တင်ဘာ၊ ၂၀၁၅။ နေ့လည် ၁၂း၀၇ နာရီ
လူကုန်ကူးမှု ထိုင်းစစ်အရာရှိလေးဦးကို ဖမ်းဝရမ်းထုတ်
$
0
0
ထိုင်း-မလေးရှား နယ်စပ်က စွန့်ပစ်သွားတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ စခန်းချရာ နေရာ။
ထိုင်းနိုင်ငံတောင်ပိုင်းက တရားရုံးတစ်ခုက ရိုဟင်ဂျာတွေကို လူကုန်ကူးမှုနဲ့ ဆက်နွယ်နေတဲ့ စစ်အရာရှိလေးဦးကို ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
တနင်္လာနေ့က ထိုင်းရဲအရာရှိချုပ် Paveen Pongsirin ရဲ့ ပြောကြားချက်အရ လူ ၁၆၃ ဦးကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားပြီး ဒီအထဲက လူ ၉ဝ ထိကို လာရောက်အဖမ်းခံလို့ ဒါမှမဟုတ် ဖမ်းဆီးရမိလို့ ထိန်းသိမ်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ မလေးရှားနယ်စပ်အနီးမှာ ရွှေ့ပြောင်းလာသူတွေကို သိုဝှက်ထားဖို့ ဖြစ်သလိုဆောက်ထားတဲ့ စခန်းတစ်ခုမှာ မြှုပ်နှံထားတဲ့ လူသေအလောင်း ၁၀၀ ကျော်ကို ရှာတွေ့ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့မေလကစလို့ ဖမ်းဆီးထိန်းသိမ်းမှုတွေ စလုပ်ခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေဟာ နှိမ်ချဆက်ဆံခံရမှုကနေ လွတ်မြောက်ဖို့နဲ့ ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
ဝရမ်းထုတ်ခံရတဲ့ သူတွေထဲမှာ ထိုင်း စစ်တပ်က ဗိုလ်မှူးကြီးတစ်ဦးနဲ့ ဗိုလ်ကြီးနှစ်ဦးတို့ပါဝင်ခဲ့ပြီး သူတို့ဟာ သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ ပြည်တွင်းလုံခြုံရေး ဌာနရဲ့ လက်အောက်ကဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ရေတပ်က အရာရှိတစ်ဦးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဂျွန်လကလည်း လူကုန်ကူးမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် စစ်တပ်က ဗိုလ်ချုပ်တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
ပြည်ထောင်စုအရေးတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NLD လိုလား
$
0
0
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုမှာတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိကထား ပြောဆိုပြီး တပ်မတော်ရဲ့အခန်းကဏ္ဍကိုလည်း အထူး အလေးပေး ပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ဖယ်ဒရယ်ကို အာမခံပေးနိုင်တဲ့ အခြေခံဥပဒေတရပ် ဖြစ်ပေါ်လာရေးတို့ကို တပြိုင်နက်တည်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း တနလာင်္နေ့မှာပဲ ပါတီ မူဝါဒနဲ့ပတ်သက်လို့ မြန်မာ အစိုးရရုပ်သံကနေ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ မူဝါဒတွေကို တနလာင်္နေ့မှာ ပြောဆိုတာမှာတော့ တပ်မတော်ရဲ့အခန်းကဏ္ဍကို အထူးတလည် ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်ဟာ အဓိကကျတယ်ဆိုတာနဲ့ တပ်မတော်နဲ့ NLD ကြား သံသယတွေ ဖယ်ရှားပြီး ပြည်ထောင်စုအရေးအတွက် ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရာမှာ တပ်မတော်ရဲ့ကဏ္ဍက အဓိကဖြစ်တယ်ဆိုတာ ကျမတို့ ပြည်သူပြည်သားများ အသိဖြစ်ပါတယ်။ ပြင်ဆင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အမြင်နဲ့ တပ်မတော်ရဲ့အမြင်ဟာ တထပ်တည်း မဟုတ်ဘူးဆိုတာလည်း ပြည်သူပြည်သားများအသိ ဖြစ်ပါတယ်။ သို့သော်လည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အနာဂတ် တည်ငြိမ်တောက်ပရေးကို လိုလားတဲ့နေရာမှာ တပ်မတော်နဲ့ကျမတို့အကြား လုံးဝကွဲပြားမှုမရှိဘူးလို့ ယုံကြည်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက ပြည်သူတွေနဲ့ ထူထောင်ခဲ့တဲ့ ပြည်သူ့တပ်မတော်ကို ပြည်သူ့အကျိုးကိုသာဦးတည်ဆောင်ရွက်တဲ့၊ ပြည်သူချစ်တဲ့ အဖွဲ့အစည်းအဖြစ် ပြည်သူပြည်သားများက ပြင်းပြစွာ မြင်နေလိုကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လာမယ့် ရွေးကောက်ပွဲတွေမှာ ထွက်ပေါ်လာမယ့် ပြည်သူ့ဆန္ဒကို လေးစားကာကွယ်ရေးများအပါအဝင် နိုင်ငံ့ရဲ့ကံကြမ္မာမှာ ဖန်တီးဖို့အတွက် ပတ်သက်တဲ့ကိစ္စအဝဝမှာ ပြည်သူနဲ့ တပ်မတော် တစ်သားတည်းရှိဖို့ကို လေးလေးနက်နက် လိုလားနေကြပါတယ်။
အဖွဲ့ချုပ်ဟာ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစံနှုန်း စံထားများနဲ့ အညီ တိုးတက်ခေတ်မီ ပြည့်စုံစွာ ပြည်သူတွေလေးစားချစ်ခင်မှုကြောင့် ကမ္ဘာ့အလယ် တင့်တယ်တဲ့၊ နိုင်ငံနဲ့ပြည်သူ လွတ်လပ်၊ လုံခြုံ၊ အေးချမ်းရေးတို့ကို အခိုင်အမာ ကာကွယ်ပေးမယ့် နိုင်ငံက အားကိုးရတဲ့ အဖွဲ့အစည်း ဖြစ်စေလိုပါတယ်။ အဖွဲ့ချုပ်နဲ့ တပ်မတော်အကြား သံသယတွေဖယ်ရှားပြီး ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအရေးအတွက် အပြန်အလှန် ယုံကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေးမှာလည်း နိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းမှုတို့ကို မထိခိုက်စေဘဲ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီစွာ အတူလုပ်ဆောင်ချင်ပါတယ်။ အဖွဲ့ချုပ်ဟာ ပြည်သူပြည်သားအားလုံး အေးချမ်းတည်ငြိမ်စွာ ရှင်သန်ပြီး၊ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် လူ့အဖွဲ့အစည်းကို ထူထောင်ချင်ပါတယ်။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ တပ်မတော်ကြား တကယ်တန်း ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာ အပေါ်မှာတော့ အရင် စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်က အခုလို ရှုမြင်ပါတယ်။
 “အခုချိန်ခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ရဲ့မူလ ၂၅ % လည်း သူ ပြောင်းသွားတဲ့အနေအထားမျိုးရှိတယ်။ ၂၅ % ကိုတော့ သူလက်ခံလို့သာ ၂၀၁၂ ဝင်ခဲ့တယ်။ ဒါပေမယ့် တဖြည်းဖြည်း ဖွဲ့စည်းပုံကို ပြောင်းသွားမယ်ဆိုတဲ့ ပေါ်လစီကို ပြောင်းလာတာရှိတယ်။ တပ်မတော်ဘက်ကလည်း ဒီ ၂၅ % ကို ဖြည်းဖြည်းချင်း လျှော့သွားမယ်ဆိုတဲ့ အနေအထားတွေ ရှိပါတယ်။ ကျနော်ပြောချင်တာက တေ့တေ့ဆိုင်ဆိုင်ပေါ့လေ- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ပေါ့လေ၊ တေ့တေ့ဆိုင်ဆိုင် တွေ့ပြီးတော့မှ ဆွေးနွေးလိမ့်မယ်ဆိုရင်တော့ တပ်မတော်နဲ့ NLD နဲ့ အဆင်မပြေစရာအကြောင်း မရှိပါဘူး။”
စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ရေး ခါးခါးသီးသီး ဖြစ်နေတဲ့ တပ်မတော်နဲ့ ပြေလည်ရေး အတွက်ကတော့ NLD အနေနဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို အထူးတလည် ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။
“ဟုတ်ကဲ့၊ ကျနော်မြင်တာတော့ တပ်မတော်ဆိုတာက သူ့ institution ပေါ့နော်၊ သူ့ရဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ သူ့အနေနဲ့ အကျိုးစီးပွား ကိစ္စတွေ ရှိပါတယ်။ ဆိုတော့ အဲဒီအနေအထားပေါ်မှာ NLD အနေနဲ့က ပြောမယ်ဆိုလို့ရှိရင် သေချာလည်း သုတေသနလုပ်သင့်တယ်။ သေချာလည်း စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပြဿနာကို ကိုင်တွယ်ဖို့ သူတို့အနေနဲ့ သေချာ မဟာဗျူဟာ ချပြီးတော့ လုပ်ကိုင်သင့်တယ်လို့တော့ မြင်ပါတယ်။ ကျနော်တို့လို နိုင်ငံမျိုးတွေမှာ စစ်တပ်က အချိန်မရွေးလည်း အာဏာပြန်သိမ်းတတ်ပါတယ်။ နောက်တခုကကျတော့ စစ်တပ်က သူ့ရဲ့ Insitution အကျိုးစီးပွားပေါ့ဗျာ- ဒါတွေ ထိလာလို့ရှိရင်လည်း အမြဲတမ်း ပြဿနာကြုံရတဲ့ အနေအထားမျိုးလေးတွေ တွေ့ပါတယ်။ ဒါက ကျနော်တို့ နိုင်ငံမှာတင် မဟုတ်ပါဘူး။ ကျန်တဲ့နိုင်ငံတော်တော်များများလည်း ဖြစ်တတ်တဲ့ဟာပါ။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ပါတီ မူဝါဒတွေ ချမှတ်ထားရာမှာ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးထားပြီး အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတတဲ့အုပ်ချုပ်မှုစနစ်တရပ်ပေါ်ပေါက်ရေးနဲ့ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ကြားတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုဟာ တည်တံ့ခိုင်မြဲဖို့ လိုအပ်တယ်လို့ထောက်ပြပြီး ဒီနောက်ပိုင်း ဆက်လက် လုပ်ဆောင်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ အတွက် ပြည်သူလူထုက လိုလား ရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ထမ်းဆောင်ဖို့ အသင့် ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရှမ်း​ပြည်​တောင်​ပိုင်း​မှာ ​တိုက်​ပွဲ​တွေ ​ဖြစ်​လာ​ပြန်
$
0
0
ရှမ်း​ပြည်​တောင်​ပိုင်း ​နမ်​ဆန် ​မြို့​နယ် ​ထဲ​မှာ ​အ​စိုး​ရ ​စစ်​တပ် ​နဲ့ ​ရှမ်း​ပြည်​တပ်​မ​တော် ​တောင်​ပိုင်း RCSS/SSA ​တို့ ​အ​ကြား ​အ​ခု​ရက် ​ပိုင်း ​ထဲ​မှာ​ပဲ ​တိုက်​ပွဲ​တွေ ​ဖြစ်​ပေါ် ​လာ​ခဲ့ ​ပြန်​ပါ​တယ်။
RCSS/SSA ​အ​ခြေ​စိုက်​ရာ ​ဒေ​သ ​ကို ​အ​စိုး​ရ ​တပ် ​ခ​လ​ရ ၅၁၆ ​က ​အင်​အား ၄၀ ​လောက် ​ရှိ​တဲ့ ​စစ်​ကြောင်း ​ဝင်​ရောက် ​လာ​တဲ့ ​အ​တွက် ​ကူ​မုမ်​နဲ့ ​လွိုင်​လင်း ​ကြား ​တော​လမ်း ​မှာ ​ထိ​တွေ့ ​ပစ်​ခတ် ​မှု ​တွေ ​ဖြစ်​ပေါ် ​ခဲ့​တယ် ​လို့ RCSS/SSA ​က ​ပြော​ပါ​တယ်။
ရွေး​ကောက်​ပွဲ​ကြို ​ကာ​လ ​မှာ ​အ​စိုး​ရ​တပ် ​ဘက် ​က​နေ ​နယ်​မြေ​လုံ​ခြုံ​ရေး၊ ​နယ်​မြေ ​ရှင်း​လင်း​ရေး ​ဆို​တဲ့ ​အ​ကြောင်း​ပြ​ချက် ​တွေ ​နဲ့ ​လူ​မျိုး​စု ​လက်​နက်​ကိုင် ​တွေ ​အ​ခြေ​ချ​ရာ ​တော​တောင် ​တွေ ​ထဲ​မှာ ​လိုက်​လံ ​တိုက်​ခိုက် ​နေ​တယ် ​ဆို​ပြီး RCSS/SSA ​ရဲ့ ​ပြော​ခွင့်​ရ ​ဒု​တိ​ယ ​ဗိုလ်​မှုး​ကြီး ​စိုင်း​မိန်း​က ​ဘီ​ဘီ​စီ ​ကို ​ပြော​ပါ​တယ်။
အ​စိုး​ရ ​စစ်​တပ် ​အ​ကြီး​အ​ကဲ ​ဗိုလ်​ချုပ်​မှုး​ကြီး ​မင်း​အောင်​လှိုင် ​က​တော့ ​စက်​တင်​ဘာ ၂၁ ​ရက် ​နေ့​က ​ပြု​လုပ်​ခဲ့​တဲ့ ​သ​တင်း​စာ ​ရှင်း​လင်း​ပွဲ ​မှာ ​တော့ ​တိုင်း​ရင်း​သား ​ဒေ​သ​တွေ ​မှာ ​တိုက်​ပွဲ ​တွေ ​ပေါ်​ပေါက် ​နေ​ရ​တာ ​နဲ့ ​ပတ်​သက်​ပြီး ​လူ​မျိုး​စု ​လက်​နက်​ကိုင် ​တွေ ​အ​နေ​နဲ့ ​သူ​တို့ ​နယ်​မြေ ​မ​ဟုတ်​တဲ့ ​နေ​ရာ ​တွေ ​ကို ​ဝင်​လာ ​တဲ့ ​အ​တွက် ​တိုက်​ပွဲ ​ဖြစ်​ရ​တာ ​လို့ ​ပြော​ခဲ့ ​ပါ​တယ်။
အ​စိုး​ရ ​စစ်​တပ် ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ် ​ရဲ့ ​အ​ခု​လို ​ပြော​ကြား ​မှု ​အ​ပေါ် ​မြို့​ပေါ် ​နေ​ရာ​တွေ ​မှာ​ပါ ​တ​ရား​ဝင် ​ဆက်​ဆံ​ရေး ​တွေ ​ဖွင့်​လှစ် ​ထား​တဲ့ RCSS/SSA ​က ​ငြင်း​ပယ် ​လိုက်​ပြီး ​နှစ် ​ဘက် ​စစ်​ကြောင်း ​လှုပ်​ရှား ​မှု ​တွေ ​ကို ​အ​ပြန်​အ​လှန် ​အ​သိ​ပေး ​ညှိ​နှိုင်း ​ဆောင်​ရွက်​ရင် ​တိုက်​ပွဲ ​တွေ ​ဖြစ်​ပေါ် ​လာ​စ​ရာ ​မ​ရှိ ​ဘူး ​လို့ ​ပြော​ပါ​တယ်။
ဒါ့​အ​ပြင် ​အ​ခု ​ပေါ်​ပေါက် ​လာ​တဲ့ ​တိုက်​ပွဲ ​တွေ​ဟာ ​အ​စိုး​ရ ​ဘက်​က ​စီ​မံ​ချက် ​နဲ့ ​ဆောင်​ရွက် ​နေ​တာ ​ဖြစ်​တယ် ​လို့​လည်း ​ဒု​ဗိုလ်​မှုး​ကြီး ​စိုင်း​မိန်း​က ​စွပ်​စွဲ ​ပြော​ဆို​ပါ​တယ်။
တ​နိုင်​ငံ​လုံး ​အ​ပစ်​ရပ် ​စာ​ချုပ် NCA ​လက်​မှတ် ​ထိုး ​နိုင်​ဖို့ ​ကြိုး​စား ​နေ​ကြ ​တုန်း​မှာ​ပဲ ​က​ချင် ​ပြည်​နယ် ​နဲ့ ​ရှမ်း​ပြည်​နယ် ​ထဲ ​က ​နေ​ရာ ​တ​ချို့ ​မှာ ​အ​စိုး​ရ ​စစ်​တပ် ​နဲ့ ​က​ချင် ​လက်​နက်​ကိုင် KIA၊ ​ရှမ်း​လက်​နက်​ကိုင် RCSS/SSA ​နဲ့ ​တ​အာင်း​ပ​လောင် ​လက်​နက်​ကိုင် TNLA ​တို့ ​နဲ့ ​အ​ကြား ​တိုက်​ပွဲ ​တွေ ​ပြန်​လည် ​ဖြစ်​ပေါ် ​လာ​နေ​တာ ​ဖြစ်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့ နယ် စည်းရုံးရေး ခရီးစဉ် (ဓါတ်ပုံ)
$
0
0
စက်တင်္ဘာလ ၂၁ ရက်နေ့  နေ့ လည် (၁၂း၁၅)နာရီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှ ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် သို့  ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ် အဖြစ် သွားရောက် ခဲ့ပါသည်။ အဖျောက်ကျေးရွာ၊ နတ်စင်ကုန်းကျေးရွာ၊ မဆယ်ဆိပ်ကျေးရွာ များသို သွားရောက်ပြီး ဒေသခံ မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ ဆုံ မိန့်ခွန်း ပြောကြားသည်။ စက်တင်္ဘာလ(၂၂)ရက်နေ့ ယနေ့နံနက် ၇ နာရီမှာတော့ ကော့မှူးမြို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထမ္မနိုင်ကျေးရွာသို့ သွားရောက်ပြီး ရွှေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြောခဲ့သည်။ ဆက်လက်ပြီး ဝါးဘလာက်သောက် ကျေးရွာတွင် ဒေသခံပြည်သူများအား ရွေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြောခဲ့သည်။
သတင်း - ဓါတ်ပုံ ။ ။ National League for Democracy
မြစ်ဆုံစီမံကိန်း အပြီးဖျက်ဖို့ လာမည့် အစိုးရကို ပြောမည်
$
0
0
chit-hlaing-620.jpgမြစ်ကြီးနားမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ ဦးချစ်လှိုင်ကို တွေ့ရစဉ်
၂ဝ၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရကို ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ တင်ပြတောင်းဆိုသွားမယ်လို့ ကချင်ပြည်နယ် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ NUP က ပြောပါတယ်။
နောက်တက်လာမယ့် အစိုးရ အဖွဲ့နဲ့ လွှတ်တော်ကို ပထမဆုံး ဒီကိစ္စတင်သွင်းမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ ဦးချစ်လှိုင်က ပြောပါတယ်။
"ကျနော်တို့လည်း အခုထက်ထိတော့ ဘယ်လိုအစိုးရတက်လာမလဲဆိုတာ မသိသေးဘူး၊ လူထုဆန္ဒနဲ့ လုပ်မလား၊ မလုပ်ဘူးလား၊ အဲ့ဒါတစ်ပိုင်းထား၊ ကချင်ပြည် နယ်နောက်တစ်နိုင်ငံလုံးအနေအထားအရ မြစ်ဆုံကိစ္စကို အပြီးအပိုင် ပယ်ဖျက်ဖို့၊ ဘယ်သောအခါမှ ဧရာဝတီမြစ်ကိုမထိပါးဖို့ အဲ့ဒီရည်မှန်းချက်နဲ့ လူထုရဲ့ သဘောတူညီချက်၊ လူထုရဲ့ထောက်ခံချက်၊ လူထုရဲ့အင်အားဆိုပြီးတော့မှ ၂ဝ၁၆ မှာ အသစ်ပေါ်ထွန်းလာမယ့်အစိုးရကို ဆက်လက်ပြီး တရားဝင်လမ်းကြောင်း ကနေ တင်သွားပါမယ်၊ လွှတ်တော်ကိုလည်းတင်မယ်၊ အစိုးရအဖွဲ့ကိုလည်းတင်မယ်"
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့ မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့အစိုးရ သက်တမ်းအတွင်းမှာ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ ဒေသခံတွေရဲ့လက်မှတ်တွေကို စုဆောင်းလိုက်လံကောက်ယူနေတာ အခုအခါ လက်မှတ် သုံးသောင်းလောက် ရနေပြီ်လို့လဲ သိရပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ တစညပါတီဟာ ကိုယ်စားလှယ်လောင်း ၇ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
RFA
Viewing all 32865 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>