Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

ဒီခြံအမှတ် ၅၄ ဟာ ကျနော်တို့ ရဲ့ "အိမ်ဖြူတော်"

$
0
0
ဒီအိမ်ဟာ အမေရိကန်သမ္မတ ရဲ့ အိမ်ဖြူတော် လိုမျိုး ကမ္ဘာ့ထိပ်တန်း အသုံးအဆောင်တွေ မရှိပါဘူး..။ ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ကွန်ယက်တွေ.. နည်းပညာတွေ.. အဆင့်မြင့် လက်နက်ကိုင် လုံခြုံရေးတွေ.. မရှိပါဘူး..။ ဂြိုလ်တုမျိုးစုံကို ဖမ်းလို့ရတဲ့ စလောင်းကြီးတွေအစား ပြည်တွင်းရုပ်သံသတင်း ဖမ်းလို့ရတဲ့ အင်တန်နာ တွေပဲရှိပါတယ်..။ နိုင်ငံတစ်နိုင်ငံ ရဲ့ သမ္မတ နေတဲ့ နန်းတော်သမျှ ခမ်းနားတဲ့ အိမ်လည်းမဟုတ်ပါဘူး..။ ဒီအိမ်ဟာ အရင်ကဆို အကျယ်ချုပ်ထောင် ဖြစ်ခဲ့သလို.. မိုးတွင်းဆို.. မိုးရေစက်တွေ အမိုးကိုဖြတ်ကျော်ပြီး အလည်လာခဲ့ပါတယ်..။ ပြုပြင်မွမ်းမံခွင့်လည်း မရှိခဲ့ပါဘူး..။

ဒီအိမ်ဟာ အခွင့်ထူးခံ လူတန်းစား သူဌေးကြီးတွေ နေတဲ့အိမ်လည်း မဟုတ်ပါဘူး..။ ဒီအိမ်ဟာ အများပြည်သူ မီးပျက်ပြီး ဒီအိမ် မီးလာခဲ့တဲ့ အခွင့်ထူးခံ ပုဂ္ဂိုလ်ကြီးတွေရဲ့ အိမ်လိုလည်း မဟုတ်ခဲ့ပါဘူး..။ ဒီအိမ်ဟာ ပြည်သူတွေ ရဲ့ ငွေတွေကို အလွဲသုံးစားလုပ်ပြီး ငွေမည်းတွေ နဲ့ ၀ယ်ထားတဲ့အိမ်လည်း မဟုတ်ပါဘူး..။

ဒါပေမဲ့....ဒီအိမ်မှာ ပြည်သူတွေ ရဲ့ မျှော်လင့်ချက်တွေရှိနေတယ်...။

ယုံကြည်မှုတွေ ရှိနေတယ်...။ အနစ်နာခံခဲ့မှုတွေ ပြည့်နှက်နေတယ်..။ ဒါ့အပြင် ငြိမ်းချမ်းရေးအတွက်..၊ ဒီမိုကရေစီ ရေးအတွက် သမိုင်းတွေ ရှိနေပါတယ်...။

ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးတွေရဲ့ ယုံကြည်..လေးစား.. အားထားရပြီး အားကျ အတုယူနေရတဲ့ လူပုဂ္ဂိုလ် တစ်ယောက်ရှိနေပါတယ်...။

ကမ္ဘာ့ ထိပ်သီးခေါင်းဆောင်ကြီးတွေ အထူးသလည် လာရောက်ခြေချချင်တဲ့ နေရာ တစ်ခုလည်းဖြစ်နေပါတယ်...။

အိမ်ဖြူတော်လိုပဲ.. ကမ္ဘာလှည့်ခရီးသွားတွေ အမှတ်တရ ဓါတ်ပုံရိုက်ချင်ကြတဲ့ နေရာ တစ်ခုလည်း ဖြစ်နေပါတယ်..။

မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်ကြိုးပမ်းပေးသွားရှာတဲ့.. ဗိုလ်ချုပ်အောင်ဆန်း...၊ ဗမာ့တပ်မတော် ကိုတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း...၊

တိုင်းပြည်အတွက် ပေးဆပ်မှုသာရှိခဲ့ပြီး ရယူမှုဆိုလို့.. အိမ်ဂရံ လေးတစ်ခုတောင်မှ အမည်ပေါက် မပိုင်ဆိုင်ခဲ့ရရှာတဲ့ ဗိုလ်ချုပ်အောင်ဆန်း...၊

တိုင်းသူပြည်သား တွေရဲ့ နှလုံးသားထဲက စံပြုလေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း...ဟုတ်ပါတယ်.. ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီး.၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်..၊ လူထုခေါင်းဆောင်..၊ ပြည်သူအများ အရွယ်မျိုးစုံက ချစ်စနိုးနဲ့.. အမေစု.. အန်တီစု.. ဖွားဖွားစု ဆိုပြီး အမျိုးမျိုးခေါ်ဝေါ်နေကြတဲ့....ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်.. ဒေါ်အောင်ဆန်းစုကြည် ဟာ ခြံအမှတ် (၅၄) ဆိုတဲ့ ဒီအိမ်မှာ ရှိနေပါတယ်...။ အိမ်ဖြူတော်ဟာ အမေရိကန်ပြည်သူတွေ နဲ့ တစ်သားတည်းရှိနေသလို... ဒီခြံအမှတ် ၅၄ ဟာလည်း အမြဲပြည်သူတွေ နဲ့ တစ်သားတည်းရှိနေမှာပါပဲ..။

ဒါကြောင့် ဒီခြံအမှတ် ၅၄ ဟာ ကျနော်တို့ ရဲ့ "အိမ်ဖြူတော်" ပါပဲလေ....။

Ko nay myo



အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့်အဖွဲ့ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် လာရောက်တွေ့ဆုံခဲ့သော ရုပ်/သံ(၁၉-၁၁-၂၀၁၂ )

$
0
0
၁၉-၁၁-၂၀၁၂ နေ့ နံနက် ၁၂း၁၅ နာရီတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့်အဖွဲ့သည် အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ လာရောက်ပြီး ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တစ်နာရီကြာလာရောက်တွေ့ဆုံခဲ့ပါတယ်.... — at ၅၄၊တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။.
Video..Sun ny


အမေရိကန်သမ္မတ အိုးဘားမားမိန့်ခွန်းအပေါ် မိုးသီးဇွန်ရဲ့အမြင်

$
0
0
အိုဘားမား မိန့် ခွန်းကို ကြည့်ရင် သုံးပိုင်းရှိတယ်။တပိုင်းက မြန်မာ လူထု၊ အစိုးရ၊ စစ်တပ်နဲ့  မဟာဗမာလူမျိုးရေးဝါဒီ တွေကိုရည်ညွန်းတယ်။

နှစ် က အမေရိကန် က မြန်မာ ကို ဘာတွေ ကူညီမယ်ဆိုတာ သုံးက ဒီဒေသမှာ ရှိတဲ့ ပါဝါ ( Regional Power ) တွေအပေါ်အမေရိကန် ရဲ့ သဘောထား။

အပိုင်း ၁ မှ

လူထု ကို သူစာနာတယ်။ အသိမှတ်ပြုတယ်။ ဆက်အားပေးမယ်ဆိုတာကိုပြောတယ်။အစိုးရ ကို အပြောင်းလဲလုပ်တာ ကြိုဆိုတယ်။ အသိမှတ်ပြုတယ်။ဒါကြောင့် သူလာလည်တယ်။

စစ်တပ်ကိုတော့ နိင်ငံရေး နဲ့ ဝေးဝေးနေဖို့ ၊ နိင်ငံရေးမှာဝင်ရောက်မစွက်ဖက်ဖို့ သူသတိပေးတယ်။ Professional Army ဖြစ်လာရေးအတွက် အမေရိကန် က ကူညီပေးမယ်ဆိုတာကို ကမ်းလှမ်းတယ်။

မဟာဗမာအမျိုးသားရေးဝါဒီတွေကိုတော့ Diversity မတူကွဲပြားနေမှုကိုလက်ခံဖို့ ၊ တနည်းပြောရရင်
အမေရိကန် ကျင့်သုံးနေတဲ့ ဖယ်ဒရယ်စနစ်ကိုကျင့်သုံးဖို့ တိုက်တွန်းတယ်။ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံရှိတဲ့ နိင်ငံဟာ ဖယ်ဒရယ်စနစ်ကို ကျင့်သုံးဖို့ လိုတယ်.မတူကွဲပြားခြားနားမှုတွေက ပြသနာမဟုတ်ဘူး။ အင်အားတရပ်ဖြစ်တယ်ဆိုတာကိုအကြံပြုတယ်။

အပိုင်း ၂မှာ အမေရိကန် ပိတ်ဆို့ မှုလျောချလိုက်တာ၊ရင်းနှီးမြှပ်နှံမှုတွေကို ဆက်ပေးမယ်ဆိုတာ ပါတယ်။ USAID ကို ရည်ညွန်းတဲ့အတွက် ပညာရေးနဲ့ကျမာရေးဟာဦးစားပေး အကူညီတွေဖြစ်လာနိင်တယ်။ ရန်ကုန်က္ကသိုလ်ကိုရည်ညွန်းမှုလုပ်တာကိုက မြန်မာပြည်ပြန်လည်ထူတောင်ရေးမှာ ပညာရေးကို ပြန်လည်ထူထောင်မှရမယ်ဆိုတာကို သူမြင်နေတယ်။

( မြန်မာပြည် ပြန်လည်ထူထောင်ရေးအတွက် အလိုအပ်ဆုံးအရာနှစ်ခု ကတော့ ပညာရေးနဲ့ လယ်ယာမြေဖြစ်ပါတယ်။ )

အပိုင်း ၃ မှာတော့ အမေရိကန် ဟာ တရုပ်ပြည်တိုးတက်လာတာကို အကောင်းမြင်တယ်။ တရုပ် နဲ့ငြိမ်းချမ်းစွာ အတူ လက်တွဲပြီးနိင်ငံတကာဖွင့်ဖြိုးရေးနဲလုံခြုံရေးကို ဆောင်ရွက်မယ်ဆိုတာကို ပြောသွားပါတယ်။အိန္ဒိယကိုလဲအလားတူသဘောထားတယ်။ မြောက်ကိုးရီးယားကိုတော့နယူကလီးယား ကိုစွန့် လွတ်ဖို့  တိုက်တွန်းတယ်။

( တရုပ် ဟာ ဒေသအတွင်းမှာစစ်ရေး စီပွားရေးလွမ်းမိုးဖို့  ရည်မှန်းချက်ရှိလာတာကို အမေရိကန် က သိတယ်။ အရှေ့ အာရှနဲ့ အရှေတောင်အာရှတွေမှာ ပြင်ဆင်မှုတွေလုပ်လာတယ်။ ဒီပြင်ဆင်မှုမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် နဲ့တို်င်ဝမ်တို့ နဲ့ တွဲထွက်မယ်။ ဒီပြိုင်ဆိုင်မှုမှာ မြန်မာကို သိပ်မထည့်ထွက်သေးပါ။တရုပ်ကမ်းရိုးတန်းတွေကိုတိုက်ခိုက်ဖို့ အတွက် မြန်မာဟာအချက်အခြာမကျပါ။တကယ်လို့ ဒီဒေသတွင်းမှာ ပြိုင်ဆိုင်မှုရှိလာရင်လဲမြန်မာဟာ အမေရိကန်ဖက်ကရပ်တည်သင့်တယ်။ ဘာဖြစ်လိုလဲဆိုတော့ တရုပ်ကွန်မြူနစ်ပါတီဟာအရှည်တည်တန့် နိင်မလားဆိုတာမေးခွန်းမေးစရာရှိနေတယ်။ )

အထွေထွေ

သူမိန့် ခွန်းမှာ ပထမ ပိုင်းမှာ Burma လို့ တခါသုံးတယ်။ ဒါက ကိုလိုနီခေတ်နဲ့လွတ်လပ်ရေး ရပြီးကာလအထိကိုပဲရည်ညွန်းတယ်။ နောက်ပိုင်းတွေမှာ Burma လို့ လဲမသုံးဘူး။ Myanmar လို့ လဲမသုံးဘူး။ This country လို့ သုံးစွဲတယ်။ဒါက နှစ်ဖက်ကို ကျေနပ်တဲ့ အနေထားတရပ်ကိုဖန်တီးခဲ့တယ်။

ဒေါ်စုနာမည်ကို ၃ ခါ သုံးစွဲပြီး။ ဦးသိန်းစိန် ကို ၁ ခါသုံးစွဲတယ်။ရခိုင် ကိုတခါ၊ ရိုဟင်ဂျာကို တခါ သုံးစွဲသွားတယ်။ နှစ်ဖက်စလုံးကို စာနာမှုသူပြသခဲ့တယ်။ အကြမ်းဖက်မှုတွေကို ဆန်ကျင်ပြီး ငြိမ်းချမ်းရေးကို သူတိုက်တွန်းတယ်။

သူမိန့် ခွန်းတခုလုံးကို ခြုံကြည့်ရင် Democracy 101 ကို သူရှင်းပြသွားခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီ အခြေခံမှု ကို လေးနက်စွာသဘောပေါက်စေချင်တယ်။ ဒီမိုကရေစီ စနစ်မှာ လိုခြင်တာခြည်းပဲမရ ဘူး မလိုခြင်တာကိုလဲ လက်ခံပေးရတဲ့ သဘောကိုသူဆိုလိုတယ်။ ( ကိုယ်လိုခြင်တာခြည်းပဲလိုခြင်ရင် Perfect State လိုခြင်ရင် တော့ ကမ္ဘာမှာမရှိသေးတဲ့သဘောပါ။ )


ဒေါ်အောင်ဆန်းစုကြည် UNAIDS ambassador ဖြစ်လာ

$
0
0
UNAIDS Executive Director Michel Sidibé (right) and Nobel peace prize winner Aung San Suu Kyi.
Photo: UNAIDS
(The Nation News မှ 21 Nov 2012 ရက်စွဲပါ " Suu Kyi becomes UNAIDS ambressador " သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂ HIV နှင့် AIDS အစီအစဉ်သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ရာ ရောဂါနှင့်အတူ ရှင်သန်နေထိုင်ရသူများအပေါ် ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ရမည့်တာဝန်ကို ထမ်းဆောင်ရတော့မည်ဟု UNAIDS အေဂျင်စီက အင်္ဂါနေ့က သတင်းထုတ်ပြန်သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ကမ္ဘာကျော်ဒီမိုကရေစီခေါင်းဆောင်က "လူ့အဖွဲ့အစည်း အဖျားအနားမှာနေထိုင်ပြီး ဂုဏ်သိက္ခာနဲ့အခြေခံ လူ့အခွင့်အရေးကိုထိန်းသိမ်းဖို့ နေ့စဉ်ရုန်းကန်နေရသူတွေရဲ့ ကိုယ်စားလှယ်အဖြစ်ရွေးခံရတဲ့အတွက် အလွန်အမင်း ဝမ်းမြောက်ဂုဏ်ယူမိပါတယ်၊ ကျွန်မ အနေနဲ့ ပြောရေးဆိုခွင့်မရှိကြသူတွေရဲ့ကိုယ်စား ပြောရေးဆိုခွင့် ရှိတဲ့သူတစ်ဦး ဖြစ်ချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

UNAIDS အမှုဆောင်ဒါရိုက်တာ မိုက်ကယ်ဆစ်ဒီဘီကလည်း ယင်းတာဝန်ကို သူမလက်ခံသည့်အတွက် ကုလသမဂ္ဂအေဂျင်စီက ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားသည်။

"ကျေးတောရွာလေးတွေကနေမြို့ကြီးတွေအထိ၊အာရှကနေအာဖရိကအထိ ပြည်သူတွေဟာ ဒေါ်စုအကြောင်းကိုပဲ ပြောနေကြပါတယ်။ သူမဟာ တကယ်ကို လှုံဆော်အားပေးနိုင်စွမ်းရှိသူပါ"ဟု ၎င်းကကြေငြာချက်တွင် ပြောဆိုခဲ့သည်။

"UNAIDS Global Advocae for Zaeo Discrimimation ဟုအမည်နာမ သတ်မှတ်ခံရသူ ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူများ HIV ဆိုင်ရာ သက်ကယ်ဝန်ဆောင်မှုအစီအစဉ်များမရအောင် တားဆီးနေသည့် ကြောက်ရွံခြင်းပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သော ရှက်ရွှံသိမ်ငယ်မှုနှင့် ခွဲခြား ဆက်ဆံရမှုများကိုပပျောက်အောင် ဖယ်ရှားလုပ်ဆောင်သွားလိမ့်မည်"ဟု ကုလအေဂျင်စီက ထုတ်ပြန်ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်က "ရောဂါဖြစ်နိုင်ခြေရှိတယ်လို့ သံသယရှိသူတိုင်းဟာ HIV စစ်ဆေးမှုပြုလုပ်ပြီး၊ ရောဂါအခြေအနေ ကို စောစောစီးစီး သိအောင် လုပ်ဖို့အရေးကြီးပါတယ်။ ဒါမှသာ နောက်ထပ် မပြည့်ပွားအောင် တားဆီးနိုင်မှာဖြစ်ပြီး၊ လိုအပ်တဲ့အချိန်မှာ အသက်ကယ်ကုသမှု အစီစဉ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်"ဟု ပြောကြားသွားသည်။

Yangon chronicle


မြင်နိုင်ခဲသော မျက်ဝန်းရှင်

$
0
0
အိုဘားမားက ဒေါ် အောင်ဆန်းစုကြည်၏အိမ်မှ ပံ့ပိုးသူများ ကို တမြတ်တနိုး လက်ဆွဲနှုတ်ဆက်ကာ ဂုဏ်ပြုခဲ့ခြင်း ကို မြင်လိုက်ရ၏။ ““သူတို့ က ပိုအရေးကြီးတယ်””ဟု နှုတ်ထွက် စကားပြောကြားကာ ခါးကို ညွှတ်၍ နှုတ်ဆက်ခဲ့ခြင်းမှာ ခေါင်းဆောင်တစ်ဦးထားကိုထားရမည့်စိတ်ထားကိုပြသွား ခြင်းဖြစ်သည်။ နိုင်ငံကြီးသားပီသသူ၏ စိတ်နေစိတ်ထားပင်ဖြစ်သည်။ အတုယူ သင့်လှပေသည်။ ဤသည်မှာ ““အိမ်တစ် အိမ်မှာလူတိုင်း အဖိုးတန်ကြောင်းကို အမေရိကန်သမ္မတကြီး က ဖော်ပြသွားခဲ့ ခြင်းဖြစ်သည်။
ကျွန်မက ပြည်နယ်မှာ နေရသူဖြစ် သည်။ ကျွန်မတို့ ပြည်နယ်တွေမှာ ဖက် ဒရယ် စနစ်ကို လိုလားသူများ၏။ ဖက်ဒ ရယ်စနစ်ဆိုသည်မှာ တကယ်ဆိုလျှင် ခွဲ ထွက်ရေးမူ မဟုတ်ရပါ။ နိုင်ငံတော်၏ အာဏာ (၃)ရပ်ကို ဗဟို၊ ပြည်နယ်၊ တိုင်း ဒေသကြီး၊ ၎င်းင်းအပြင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းဒေသများကို မျှတစွာ အာဏာ ခွဲဝေပေးသည့်စနစ်ဟု ထင်ပါသည်။ သူ တို့ကသူတို့၊ သူတို့၏ပြည်နယ်တွေမှာ ဖက်ဒရယ်စနစ်ကို ကျင့်ကြံအားထုတ် နိုင်ပါမှ သူတို့တောင့်တနေသော ငြိမ်း ချမ်းရေးကို ရရှိကာ သာယာဝပြောသော ဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်လိမ့် မည်ဟု မှတ်ယူထားကြပုံရသည်။

ကျွန်မ ပြည်နယ်သို့ ပြန်ရန်ကိစ္စ ခေတ္တနှောင့်နှေး သွားခဲ့ရသည်။ မိုးကျနေ၍ တော်ပါသေး သည်။ နို့မို့သာဆို ကျွန်မ၏ လူမနေ သော အိမ်မှာစိုက်ပျိုးထားသည့် ပန်းမာန် သစ်ပင်များသေကြပေရော့မည်။ ၁၉-၁၁-၂၀၁၂ ရက်မှာ အမေရိကန်သမ္မတ ဘား ရက်အိုဘားမားလာ၏။ ခြံနံပါတ် (၅၄) ကို ခြေလျင်လျှောက်သွားသော ခင်ပွန်း သည်၏ နောက်ကျောကို ကြည့်ကာ ပင့်သက်မသိမသာ
ချခဲ့ရသည်။

ဒါကြောင့် သူ့ ကျန်းမာရေးကောင်းတာဟု ဖြေတွေး တွေးရ၏။ ၁၀ နာရီမှာ ခြံတွင်းမှ သတ် မှတ်နေရာကို ရောက်ပြီဟု ဖုန်းရကာမှ စိတ်မှာ ဒုန်းဒုန်းချလိုက်မိသည်။ ချွေးတွေ သံတွေနဲ့ ခြံထဲဝင်သွားမည့် ခင်ပွန်းကို မှန်း၍ မြင်မိပါ၏။ သို့သော် ကျွန်မ ကျေနပ်မိပါသည်။ NLD မှာ ဗဟိုအလုပ် အမှုဆောင် (၇)ဦးရှိ၏။ ခင်ပွန်းသည် လည်း တစ်ဦးအပါအ၀င်ဖြစ် သည်။ နှစ် ပေါင်း (၂၄)နှစ်ကျော် နိုင်ငံရေးသမား ဘ၀နှင့် ပါရမီဖြည့်ဖက် ဇနီးမယားဘ၀ မှာပင်ပန်းခဲ့ကြရပေသိ အမေရိကန် သမ္မတနှင့်ခြံထဲမှာ တွေ့ခွင့်ရသူပါတကား ဟု မြင်ရသောအခါ ပင်ပန်းခဲ့ရသမျှ ပြေပျောက်သွားခဲ့ရသည်။ ဤသည်မှာ ကျွန်မ၏ ပကတိစိတ်အနေအထားပင် ဖြစ်သည်။ ထမင်းမစားနိုင်ဘဲ တယ်လီ ဗေးရှင်းရှေ့မှ မခွာနိုင်တော့၊ ခြံထဲတွင် ဗဟိုအလုပ်အမှုဆောင်များ၊ နာယက ကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်မှပံ့ပိုးပေးသူများစု၍ ဓာတ်ပုံရိုက်ကာ ပြသည့် နိုင်ငံခြားရုပ်သံ သတင်းမှ မြင် လိုက်ရပါသည်။

အိုဘားမားက ဒေါ် အောင်ဆန်းစုကြည်၏အိမ်မှ ပံ့ပိုးသူများ ကို တမြတ်တနိုး လက်ဆွဲနှုတ်ဆက်ကာ ဂုဏ်ပြုခဲ့ခြင်း ကို မြင်လိုက်ရ၏။ ““သူတို့ က ပိုအရေးကြီးတယ်””ဟု နှုတ်ထွက် စကားပြောကြားကာ ခါးကို ညွှတ်၍ နှုတ်ဆက်ခဲ့ခြင်း မှာ ခေါင်းဆောင်တစ်ဦးထားကိုထားရမည့်စိတ်ထားကိုပြသွား ခြင်းဖြစ်သည်။ နိုင်ငံကြီးသားပီသသူ၏ စိတ်နေစိတ်ထားပင်ဖြစ်သည်။ အတုယူ သင့်လှပေသည်။ ဤသည်မှာ ““အိမ်တစ် အိမ်မှာလူတိုင်း အဖိုးတန်ကြောင်းကို အမေရိကန်သမ္မတကြီး က ဖော်ပြသွားခဲ့ ခြင်းဖြစ်သည်။ နိုင်ငံရေးသမားများအထူး သတိထားရမည့်ကိစ္စကို အိုဘားမားက ဖော်ပြခဲ့ခြင်းဟု ကျွန်မ ယုံကြည်သည်။ ကျွန်မတို့ဆီမှာတချို့သော ခေါင်းဆောင် များမှာ ရှေ့သို့ထွက်လွန်းကာ နေကြရပါ ၍ ကိုယ့်အိမ်ကြီးထဲမှာ ဘာတွေဖြစ်၍ ဘာတွေပျက်နေသည်ကို လျစ်လျူရှု မထားကြသော်လည်း လျစ်လျူရှုထား သလို ထင်ရပါ၏။

ကျွန်မတို့မြန်မာပြည်က အိမ်ကြီး တစ်အိမ်ဆိုပါစို့။ ကျွန်မတို့ ပြည်နယ် များမှာအိမ်ကြီးထဲမှ အခန်းတွေ ဖြစ်ပါ လိမ့်မည်။ ပြည်နယ် အစိုးရများပေါ် ပေါက်လာပြီဆိုသော်လည်း အိုဘားမား ကဲ့သို့ ကျင့်ကြံတွေးတောမိသူ အလွန် လည်းပါးလှချေသည်။ ရန်ကုန်တက်္ကသိုလ် ၌ ပြောသွားသည့် မိန့်ခွန်းမှာစိတ်လွတ်ကိုယ်လွတ်ပြောသွားသော်လည်း စေတနာနှင့်ပညာကိုဖော်ပြသွားကြောင်း ကို ကျွန်မသတိပြုမိသည်။ ““ဒါကြောင့် အမေရိကန်သမ္မတဖြစ်တာကိုး””ဟု ကျွန်မ က ရည်ရွယ်ခဲ့ရတော့သည်။ မချီးကျူးဘဲ မနေနိုင်တော့။

ရန်ကုန်တက္ကသိုလ်မှ ထုတ်ပေးသော သခင်အောင်ဆန်းတို၊့ ဦးသန့်တို့ကိုပြောပြီး နှစ်ပေါင်းများစွာ ရုန်းကန်ပေးခဲ့ကြသည့် ဆရာ/များကို အလေးထားပြောကြားသွားသည်မှာ အတုယူသင့်လှပါသည်။ ““အပြစ်မပြော ဘဲ အနှစ်ကို ဖော်ပြသွားသူဖြစ်သော ကြောင့် ဒုတိယအကြိမ် သမ္မတဖြစ်လာရ တာပါပဲ””ဟု ကောက်ချက်ချလိုက်မိပြန် ပါသည်။

ရန်ကုန်တက္ကသိုလ်ကြီး ဆက် လက်ရှင်သန်အောင် ဆရာ/မများက၊ ၀န်ထမ်းများက ထမ်းဆောင်ကြပါသည်။ မည်သူတစ်ဦးတစ်ယောက်သော်မျှ ရန် ကုန်တက္ကသိုလ်ကြီး ပျက်စီးသွားမှာ သစ်ပုတ်ပင်ကြီး သေဆုံးသွားမှာကို မလို လားကြပါ။ ရန်ကုန်တက္ကသိုလ်ကြီးမှ ထုတ်ပေးသော ပါရဂူဘွဲ့ရ ပုဂ်္ဂိုလ်များ လည်း Harvard တက္ကသိုလ်၊ အောက် စပို့တက္ကသိုလ်၊ ကင်းဘရစ်တက္ကသိုလ် များလို တော်စေချင်သူများသာဖြစ်ပါ ကြောင်းကျွန်မအာမခံရဲပါသည်။ ဆရာ၊ ဆရာမတို့၏ စိတ်ထားမှာ ကိုယ့်ထက် တော်သော တပည့်များကို မွေးထုတ်ရန် သာဖြစ်သည်။ အိုဘားမားမှာ လူတိုင်း လေးစားအတုယူရမည့် စိတ်ထားလေးကို မြန်မာပြည်သို့ လာကာ ဖော်ပြသွားခဲ့ခြင်း ဖြစ်သည်။

ပြည်သူများက သည်းခံကာ ပါရမီဖြည့်နိုင်ရန် အိုဘားမားကဲ့သို့ နိုင်ငံ ရေးသမားများ ပေါ်ပေါက်လာလျှင် ကျွန်မတို့နိုင်ငံကြီးမှာ အမေရိကန်ထက် သာကောင်းသာနိုင်ပါလိမ့်မည်။ ပြည်သူ ပါအောင် စည်းရုံးရာ၌ ပြည်သူကို စာနာ မှုပေးကာ ယဉ်ကျေးသိမ်မွေ့စာ လက် တွဲခေါ်ဆောင်ကြရမည်ဖြစ်ပါသည်။ နတ်လူသာဓုခေါ်သော လုပ်ငန်းများ လုပ်နေခဲ့ကြသော်လည်း အချင်းချင်း စာနာမှုမထားနိုင်သေးလျှင်လည်းကောင်း၊ မိမိအိမ်နောက်ဖေးကို လှည့်မကြည့်ကြ သေးလျှင်လည်းကောင်း၊ ထိုမေတ္တာ တရားကြောင့် ရလာမည့် အသီးအပွင့် များနှင့် ဝေးဦးမည်သာ ဖြစ်ပါ၏။ မည် သို့ဆိုစေ ““အိုဘားမား””၏ စိတ်နေစိတ် ထားနှင့် နိုင်ငံရေးသမားပီသမှုကို ကျွန်မ တို့ အတုယူအားကျသင့်ပါကြောင်း တင် ပြလိုက်ရပါတော့သည်။

ဒေါက်တာစိန်စိန်သိန်း(The Hot news weekly )


လက်ပတောင်းတောင် စီမံကိန်းရပ်တန့်ရေး ဆန္ဒပြပွဲဆက်လက်ပြုလုပ်

$
0
0
နိုဝင်ဘာ၂၁ရက်နေ့မှစတင်ကာလက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီအပါအ၀င်လူအင်အား၂၀၀ခန့်ချင်းတွင်မြစ်ဆိပ်ကမ်းအထိလမ်းလျောက်ဆန္ဒပြခဲ့ကြောင်းသိရသည်။

အဆိုပါဆန္ဒ ပြ သပိတ်စခန်းဖွင့်လှစ်ထား မှုကြောင့်လက်ပတောင်းတောင်စီမကိန်း ရပ်နားထားကြောင်း သိရသည်။ ယင်းနေ့ တွင်ပင် လက်ပတောင်းတောင် ကယ်တင်ရေးကော်မတီကကြေငြာချက် အမှတ်၁/၂၀၁၂ ကိုထုတ်ပြန်ပြီးတောင်း ဆိုချက် ၅ချက်ကိုတောင်းဆို လိုက်ကြောင်း သိရသည်။

Yangon media group


သမ္မတကြီးရဲ့နောက်ပြန်မလှည့်ဘူးဆိုတဲ့စကားဟာ တကမ္ဘာလုံးကို အယုံသွင်းနေသလား

$
0
0
မနက်ဖြန် ဖြန့်ချိမည့် ပြည်သူ့ခေတ် အတွဲ ၃ ၊ အမှတ် ၁၂၁ မျက်နှာဖုံးနှင့် ကျောဖုံး

ပြည်သူ့ခေတ် အတွဲ(၃) အမှတ်(၁၂၁) မှာ ဆရာမောင်ဝံသရဲ့ကော်လံကို ဖတ်မိလိုက်ပြီး တွေးစရာလေးတွေ ပေါ်လာလို့ပါ။
  
ဆရာက အများပြည်သူသိအောင် သတင်းစာက ထုတ်ပြန်ပေးလိုက်တဲ့ ဆက်သွယ်ရေးဥပဒေကြမ်း အကြောင်း ရေးထားတာဖတ်လိုက်ရပါတယ်။ ဆရာက အများပြည်သူသိအောင် သတင်းစာက ထုတ်ပြန်လိုက်တယ်ဆိုပေမယ့် အဲဒီအများပြည်သူထဲမှာ သတင်းစာမဖတ်တဲ့ ကျနော့်လိုပြည်သူတယောက်အဖို့ ဆရာတို့ရေးမှပဲ သိခွင့်ရလိုက်လို့ ကျေးဇူးအထူးတင်ပါတယ်ဆရာ။
    ဆရာရေးပြထားတဲ့ ဥပဒေကြမ်းထဲက အကြောင်းအရာတွေကို သိလိုက်ရတော့ ဒီနေ့ ဒီမိုကရေစီ သွားနေပါတယ်ဆိုတဲ့ အချက်ဟာ ယုံကြည်စရာကောင်းလောက်တယ်လို့ ကျနော်တော့ မထင်မိဘူးဗျ။
  
 အဲဒီဥပဒေကြမ်းထဲက အချက်အလက်တွေဟာ အရင် စစ်အစိုးရလက်ထက်က တစ်ဖက်သတ် ထုတ်ပြန်ထားခဲ့တဲ့ အချက်တွေ ပြန်လည်ပါဝင်နေတာတွေ့နေရတာက အဓိကအချက်ပါ။ ဒီနေ့ခေတ်လို အိုင်တီ နည်းပညာခေတ်ကြီးထဲမှာ ခေတ်မမှီတော့တဲ့ အတွေးအခေါ်တွေကို လက်မလွှတ်ဘဲ ဥပဒေကို
သားရေကွင်းလို လိုတိုးပိုလျှော့ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ နောက်ပြန်ဆွဲ အာဏာရူးစိတ်ဓာတ်များနဲ့ ရေးသားလိုက်တဲ့ ဒီဥပဒေကြမ်းကြီးကို အာဏာရှင်လက်ကိုင်တုတ်ကိုယ်စားလှယ်အများစုနဲ့ ရွေးခန့် စစ်တပ်ကိုယ်စားလှယ်တွေ ကြီးစိုးထားတဲ့ လွှတ်တော်ကြီးက အတည်ပြုဖို့များပါတယ်။ ဘယ့်နှယ်ဗျာ အီးမေးလ်တစ်စောင် ထောင်၁၅နှစ် ချလို့ရတယ်ဆိုတဲ့ ဥပဒေကြီးက တကမ္ဘာလုံးမှာ မြန်မာနိုင်ငံတနိုင်ငံတည်း ဟာသတွေ လုပ်နေသလို ဖြစ်မနေဘူးလား။ ၂၁ရာစုရဲ့ အကောင်းဆုံးဟာသဖြစ်နေမယ် ထင်ပါတယ်။ အီးမေးလ်ဆိုတဲ့သဘောကိုတောင် ဒီဥပဒေရေးတဲ့ ပုဂ္ဂိုလ်ထီး ပုဂ္ဂိုလ်မတွေ နားမလည်တာလား မေးရမလို ဖြစ်နေပါပြီ။
   
မနေ့တနေ့ကလာတဲ့ အမေရိကန်သမ္မတက ဒီမိုကရေစီလမ်းကို လျှောက်လှမ်းစပြုလာတဲ့ မြန်မာနိုင်ငံကို အားပေးထောက်ခံဖို့ လာတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဦးသိန်းစိန်အစိုးရအဖွဲ့ထဲမှာ ခေတ်ဟောင်းကိုတမ်းတ အာဏာစည်းစိမ်လက်မလွှတ်ချင်တဲ့ ငါးခုံးမတွေ တလှေလုံးအပြည့်ပါ။
   
ဘယ်နေ့ဘယ်ကာလအထိ အယောင်ဆောင်နေကြမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
 
  နောက်တစ်ချက်က အိုဘားမားလာခါနီးလေးမှာ ဖိအားတချို့လျော့အောင် နိုင်ငံရေးအကျဉ်းသားတွေကို တက်သုတ်ရိုက်လွှတ်လိုက်ပါတယ်။ တကယ်တော့ ဒီမိုကရေစီသွားတယ်ဆိုရင် ဒီနိုင်ငံရေးအကျဉ်းသားတွေကလည်း ဒီမိုကရေစီအရေး လုပ်ခဲ့ကြတဲ့သူတွေဖြစ်တာကြောင့် ဆက်လက်ထိန်းချုပ်ထားဖို့ လုံးဝမသင့်တော့တာပါ။ ဒီနေ့ ဒီမိုကရေစီလမ်းကြောင်းကိုမရောက်ရောက်အောင် တွန်းအားပေးခဲ့သူတွေဟာ ဒီနိုင်ငံရေးအကျဉ်းကျခံ သူရဲကောင်းတွေပါ။ တချိန်က မတရားတဲ့ ဥပဒေတွေ၊ မမှန်ကန်တဲ့ လုပ်နည်းလုပ်ဟန်တွေကြောင့် အသက်ကိုပါ စတေးသွားခဲ့ရသူတွေ မနည်းပါဘူး။ ဦးသိန်းစိန်အစိုးရဟာ တကယ့် ဒီမိုကရေစီအစိုးရဆိုရင် ဒီလူတွေကို တောင်းပန်စကားပြောရမှာပါ။ သူတို့တွေရဲ့ လူမှုဒုက္ခတွေကို ကူညီထောက်ပံ့ပေးရမှာပါ။ အရင်စစ်အုပ်စုရဲ့ လုပ်ရပ်တွေအတွက် လိပ်ပြာသန့်တယ်ဆိုရင် လုပ်ကိုလုပ်သင့်တာတွေပါ။

ဒါပေမဲ့ ဒီအုပ်စုထဲမှာ ထိပ်ပိုင်းက ပါခဲ့ဘူးတဲ့ သမ္မတကြီးက ဒီမိုကရေစီ လမ်းကြောင်းကို စစ်တပ်က အနှစ်(၂၀)ကျော် ကြာအောင်ပုံသွင်းပျိုးထောင်ပေးခဲ့ရပါတယ် ဆိုတဲ့စကားဟာ အကြိမ်ကြိမ် အသက်စွန့်ကြိုးပမ်းခဲ့တဲ့ လူထုမျှော်လင့်ချက်တွေကို ရိုက်ချိုးဖျက်ဆီးသလိုဖြစ်ခဲ့ရပါတယ်။
  
 သမ္မတကြီးရဲ့နောက်ပြန်မလှည့်ဘူးဆိုတဲ့စကားဟာ တကမ္ဘာလုံးကို အယုံသွင်းနေသလားလို့ ထင်ရလောက်အောင် အစိုးရအဖွဲ့ဟာ (အစိုးရအဖွဲ့ဆိုတဲ့နေရာမှာ အာဏာသုံးရပ်ခွဲဝေအုပ်ချုပ်နေပါတယ်ဆိုတဲ့ ဥပဒေပြုအဖွဲ့၊ တရားစီရင်ရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့အားလုံးပါဝင်ပါတယ်) အပြောတမျိုး အလုပ်တမျိုးတွေ ဖြစ်နေတာပါ။ အမေရိကန်အပါအဝင် ကျနော်တို့ ပြည်သူတွေအထိ မျက်စိမလည်မိဖို့ဘဲ လိုပါတယ်။ ကျနော်တို့ လူမျိုးတွေကလည်း အရမ်းအယုံလွယ်ကြပါတယ်။ ကိုယ့်ကိုလိမ်နေရင်တောင် လိမ်နေတဲ့သူကို အပြစ်မတင်ရက်ကြဘူး။ ကိုယ်ညံ့လို့ပါလို့ ဆိုတာမျိုး ခံယူတတ်ကြတာ များတဲ့အတွက် ဒီလူတွေ ဆက်လိမ်နေကြမှာကိုတော့ စိုးရိမ်မိတယ်ဗျာ။

 yelynn80


ကြိုဆိုလျှက်ပါ မနန်းခင်ဇေယျာ

$
0
0


နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အနေနှင့် ဂျပန်နိုင်ငံတွင်ကျင်းပသည့် အိုကီနာဝါကျွန်း ၂ဝ၁၂ နိုင်ငံတကာမယ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ သော မနန်းခင်ဇေယျာသည် Miss Internet Award နှင့်အတူ People ChoiceAwardဆုနှစ်ဆုတို့အား ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာသောအခါ မရမ်းချောင်းကျေးရွာ ရှိ အနာကြီးဝေဒနာရှင်များထံသို့ သွားရောက်ကုသိုလ်ပြု လှူဒါန်းမှုများ ပြုလုပ်ခဲ့သည့်အပြင် “အနိမ့်ကျဆုံး သော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော နှလုံးသားရှိသူတို့သာ လုပ်ဆောင်နိုင်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး(စစ်ဘေး) အစ ရှိသည့် လူမှုရေးလုပ်ငန်းရပ်များအား စဉ်ဆက်မပြတ် (အခမဲ့) ကုသိုလ်ဖြစ် လုပ်ဆောင်ပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၂၁.၁၁.၂ဝ၁၂ ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် မနန်းခင် ဇေယျာသည် လာရောက် ၍ အလှူငွေ (၂) သိန်းကျပ်တိတိအား ထည့်ဝင်လှူဒါန်းခဲ့သည်။

ထို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုလုပ်ငန်းရပ်များဖြစ်သည့် နာရေး၊ ကျန်းမာ ရေး၊ ပညာရေး အစရှိသည့် လုပ်ငန်းရပ်များအား ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသားများတို့မှ လိုက်လံ ရှင်းလင်းပြသခဲ့သည်။ ထိုသို့ လေ့လာမှုပြုရာတွင် အသင်းတွင် သင်ကြားပို့ချပေးနေသော တက္ကသိုလ်ဝင် တန်း စာသင်စာကျက်ဝိုင်းသို့၎င်း၊ ကွန်ပြူတာသင်တန်းသို့၎င်း၊ သုခအလင်းစာကြည့်တိုက်သို့၎င်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်း တွင် ဆေးဝါးကုသနေကြသော လူနာများအား လိုက်လံကြည့်ရှု အားပေး ကာ မြန်မာ နိုင်ငံလူမှုရေးအသင်း အဖွဲ့များအား (၇) ရက်စခန်းသွင်း၍ သင်ကြားပေးနေသော “စွမ်းရည်မြှင့်သင်တန်း”မှ သင်တန်းသား/သူများနှင့် အချိန်ပိုင်း သင်တန်းနည်းပြတစ်ဦးဖြစ်သူ ကိုအလင်းဆက်(IR)တို့နှင့် ရင်းနှီးစွာ နှုတ်ဆက် စကားပြောကြားခဲ့ပြီး အမှတ်တရဓါတ်ပုံ ရိုက်ကူးပေးခဲ့သည်။ ကိုအလင်းဆက်(IR)နှင့် ဥက္ကဋ္ဌ ဦးကျော်သူတို့မှ မိမိ၏ အောင်မြင်မှုကို လူမှုရေးလုပ်ငန်းရပ်များတွင် အသုံးချကာ တိုင်းပြည်အတွက် အကျိုးရှိမည့် ပေးဆပ်မှုများလုပ်ဆောင်ပေးရန် တိုက်တွန်းစကားဆိုခဲ့သည်။ ထို့နောက် မနန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများ၏ လူမှုရေးပေးဆပ်မှုများအား ကိုယ်တိုင်မြင်တွေ့ခဲ့ကာ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့အား တွေ့ဆုံ ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)တွင်လုပ်အားပေးအဖြစ်ဝင်ရောက်လုပ်ကိုင်လိုကြောင်း ပြောကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ မြန်မာပြည်သူလူထုတို့၏ ချစ်ခင်အားပေးခြင်းကို ခံယူခဲ့ရကာ အများပြည်သူတို့၏ အင်တာနက်မဲဆန္ဒကြောင့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်၊ မြန်မာ့အလှကို ကမ္ဘာမှသိရှိအောင် စွမ်းဆောင် ပေးခဲ့သော မြန်မာအမျိုးသမီးငယ် တစ်ဦးဖြစ်သူ မနန်းခင်ဇေယျာသည် အများပြည်သူတို့အတွက် ကူညီ ဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လာရောက်၍လုပ်အားဒါနများ ပြုလုပ်ပေးမည်ဟု ဆိုခြင်းသည် မြန်မာပြည်သူ/သားတို့အား ပြန်လည်၍ ကျေးဇူးဆပ်ခြင်းပင် ဖြစ်တော့သည်။ မနန်းခင်ဇေ ယျာနှင့် ဂုဏ်ပြုကဒ်ပြား လက်ခံမှုအား မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပြီး၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်မထွက်ခွာမီ မိမိအနေဖြင့် တစ်လလျှင် နှစ်ကြိမ်ခန့် အချိန်ပေး၍ နာရေးကူညီမှု (ဈာပနလမ်း ကြောင်း)တွင် လုပ်အားပေးနိုင်ရန် ကြိုးစားပါမည်ဟု ဝမ်းသာအားရပြောကြားခဲ့သည်။ ထိုသို့ စိတ်အား ထက်သန်စွာဖြင့် နုငယ်သော အမျိုးသမီးငယ်တစ်ဦးမှ ရဲဝံ့စွာပြောကြားလိုက်သော စကားသံသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အများပြည်သူလူထုတို့အပြင် သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များကပါ ဝမ်းသာအားရ သာဓုခေါ်ဆို ကြိုဆိုလိုက်ပါတော့သည်။

“ကြိုဆိုလျှက်ပါ မနန်းခင်ဇေယျာ”



မြို့တော်ခန်းမရှေ့၌ တစ်ကိုယ်တော် ဆန္ဒပြ

$
0
0
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ရှိ သစ်တေားဦးစီးဌာနမှ ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ နိုင်ငံပိုင် ကျွန်းစိုက်ခင်းများကို ခိုးထုတ်နေခြင်းကို သတင်းပေးတိုင်ကြားသူ ဒေသခံဦးအောင်ကြည်မြင့်သည် ၎င်းတရားစွဲဆိုခံနေရသည့် ကိစ္စနှင့်ပတ်သက်၍ ယနေ့နေ့လည် တစ်နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ တကိုယ်တော် ဆန္ဒပြခဲ့သည်။

နိုင်ငံတော်ပိုင် အင်နှင့်ကျွန်းသစ်များ ကောလင်းမြို့ ရှိ သစ်တောဦးစီးဋ္ဌာနနှင့် ပူးပေါင်း၍ မှောင်ခိုထုတ်နေခြင်းကို ယင်းမြို့ခံ ဦးအောင်ကြည်မြင့်က ၂၀၁၁ ခုနှစ် အစပိုင်းမှ စတင်၍ အကြိမ်ကြိမ် တိုင်ကြားခဲ့သည့်နောက် ရဲဝန်ထမ်းများက တိုင်ကြားသူ၎င်းအား ခြိမ်းခြောက်ငွေတောင်းမှု၊ လိမ်လည်မှု၊ အဖိုးတန်စာရွက်စာတမ်းများ ရယူမှုဖြင့် တရားစွဲဆိုထားကြောင်း ယင်းအဖြစ်အပျက်ကို သတင်းမီဒီယာ များမှ တဆင့်နိုင်ငံတော် တာဝန်ရှိသူများ နှင့် ပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ယနေ့ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် ဦးအောင်ကြည်မြင့်ကပြောသည်။

“မျှော်လင့်တာပေါ့လေ၊ သက်ဆိုင်ရာဒေသအာဏပိုင်အဖွဲ့စည်းတွေ၊ လူအခွင့်ရေးအဖွဲ့အစည်းတွေ၊ အခြားသောအဖွဲ့စည်းတွေမှ ကူညီပေးမယ်ဆိုရင်တော့ အောက်ခြေမှာ အဂတိလိုက်စားနေတဲ့ ဝန်ထမ်းတွေ အရိုးစွဲနေတဲအကျင့်၊ မကောင်းတဲ့အကျင့်တွေကို နိုင်ငံတော်ကနေပြုပြင်ပေးမယ်ဆိုရင် ဒီနေ့ ကျွန်တော်တကိုယ်တော် ဆန္ဒဖော်ထုတ်တဲ့ပွဲလေးဟာ အရမ်းတန်ဖိုးရှိမယ်လို့ ကျွန်တော်မျော်လင့်ပါတယ်”ဟု ဦးအောင်ကြည်မြင့်က ပြောသည်။ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်၊ ဂွေးတောက်ရွက် အောက်တလုံးကြားတွင် ၁၀ ဘီးကားဖြင့် တရားမဝင်သယ်လာသော ကျွန်းသစ်များကို ဖမ်းမိခြင်းနှင့် ကောလင်းမြို့နယ်ရဲစခန်းတွင် ဂျင်ဝိုင်း လုပ်နေခြင်းအား ဦးအောင်ကြည်မြင့်က စာရင်းပြုစုနေကြောင်းကို ရဲစခန်းမှသတင်းရရှိသဖြင့် ၎င်းကို လက်ဦးအောင် ဖမ်းဆီးကာ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၈၄၊ ၄၂၀၊ ၄၆၄၊ ၄၆၈ တို့ဖြင့်ကောလင်းရဲစခန်းမှ တရားစွဲဆိုထားသည်ဟု ၎င်းကဆက်လက်ရှင်းပြသည်။ ဒေသအာဏပိုင်များသည် ၎င်းသစ်ခိုးထုတ်မူအပေါ်လမ်းကြေးများကောက်ခံခြင်းမျာနှင့် လောင်းကစားများတွင်ပိုက်ဆံတောင်ခံခြင်းများကို ဖော်ထုတ်ပေးသော ပြည်သူများအပေါ် အမူဆင်၍ မတရားလုပ်ကြံ ဖမ်းဆီးနေကြောင်းလည်း ၎င်းကပြောသည်။

၎င်း၏ တိုင်ကြားမူနှင့် ပတ်သက်၍ နေပြည်တော်မှ ဗိုလ်မှူးအောင်မင်းနှင့် အဖွဲ့ လာရောက်စစ်ဆေးစဉ် အမှုပေါ်ပေါက်သော်လည်း ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း သို့ရာတွင် ယခင် တရားဝင်တိုင်ကြားမူမရှိခင်က ကောလင်းမြို့နယ်ထဲသို့ တရားမဝင်သစ်ကား တစ်ရက်ကို အနည်းဆုံး ၁၀ စီးဝင်ရာမှ ယခုနောက်ပိုင်း ငါးစီးလောက်သာ ၀င်တော့သည်ဟုလည်း ဦးအောင်ကြည်မြင့်က ပြောပြသည်။ ၎င်းအပေါ်တရားစွဲဆိုထားခြင်းအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အစည်းဝေးဆုံးဖြတ်ချက်အရ မတရား ခြိမ်းခြောက်ငွေတောင်းသည်ဟု စွပ်စွဲထားကြောင်းလည်း ဦးအောင်ကြည်မြင့်က ဆိုသည်။ ထို့ကြောင့် ယင်းအဖြစ်အပျက်ကို မီဒီယာများမှတဆင့် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် သိရှိနိုင်စေရန် အဂတိလိုက်စားသည့် ဝန်ထမ်းများကို တရားဥပဒေအတိုင်းဆောင်ရွက်စေလိုသဖြင့် ယခုကဲ့သို့ တကိုယ်တော်ဆန္ဒပြရခြင်းဖြစ်သည်ဟုလည်း သူ့ရည်ရွယ်ချက်ကို ထုတ်ဖေါ်ပြေဆိုသွားသည်။ ။

Yangon press international photo..မြန်မာ့ခေတ်


ဘယ်သူတွေကို ကာကွယ်ဖို့ ဘယ်သူတွေကို ခြိမ်းခြောက်ဖို့ ဥပဒေလဲ - ဆောင်းပါးရှင်- မောင်ဝံသ

$
0
0
မောင်ဝံသ ပြောချင်လွန်းလို့ (ပြည်သူ့ခေတ် ဂျာနယ်၊ ၂၂ ၁၁ ၂၀၁၂)

ရုရှားက နိုင်ငံတော်သစ္စာဖောက်မှုဖွင့်ဆိုချက်

ဒီရက်ပိုင်းအတွင်း အင်တာနက်သတင်းတွေထဲမှာ ကျွန်တော့်အာရုံကို ကပ်ငြိတဲ့သတင်းတစ်ပုဒ်ရှိပါတယ်။ အဲဒါကတော့ ရုရှားနိုင်ငံက ဘီဘီစီသတင်းထောက် တင်လိုက်တဲ့သတင်းပါ။

သတင်းက နိုင်ငံတော်သစ္စာဖောက်မှုဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ပြန်လည် ဖွင့်ဆိုထားတဲ့ ဥပဒေသစ်တစ်ခုကို သမ္မတက လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့သတင်းဖြစ်ပါတယ်။

ဝေဖန်သူတွေကတော့ အခု ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ရဲ့ တကယ့်ရည်ရွယ်ချက်အစစ်အမှန်က အစိုးရနဲ့ သဘောထားကွဲပြားသူတွေ ကို နှိပ်ကွပ် ခြိမ်းခြောက်ဖို့ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဥပဒေသစ်အရ နိုင်ငံတော် လျှို့ဝှက်ချက်တွေကို နိုင်ငံခြားအဖွဲ့အစည်းများသို့ မျှဝေပေးတဲ့ သူများသာမက အဲဒီသတင်းအချက်အလက်တွေကို ဘယ်နိုင်ငံခြားအဖွဲ့အစည်းတွေကိုမှ မျှဝေမပေးဘူးဆိုရင်တောင် လက်ဝယ် ကိုင်ဆောင်ထား တာကို တွေ့ရှိရုံနဲ့ လူတစ်ယောက်ဟာ ပြစ်ဒဏ် စီရင်ချက် ချမှတ်ခံရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေသစ်ရဲ့ ရည်ရွယ်ချက် တစ်ခုက ရုရှားနိုင်ငံသားတွေ နိုင်ငံခြားက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ မဆက်ဆံရဲကြဖို့ ဖြစ်တယ်လို့ လူ့အခွင့်အရေးအုပ်စုတွေက ပြောကြပါတယ်။

ဥပဒေကိုကိုင်တွယ်ကျင့်သုံးသူတွေ

အားလုံးသိကြတဲ့အတိုင်း လက်ရှိ ရုရှားသမ္မတ ပူတင်ဟာ ဆိုဗီယက်ခေတ်မှာ ပြည်သူတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့ (ကေဂျီဘီ)ရဲ့ အရာရှိဟောင်းတစ်ဦးဖြစ်ပြီး သမ္မတရာထူးနဲ့ ၀န်ကြီးချုပ်ရာထူးတွေကို လိုသလို တစ်လှည့်စီ ယူခဲ့သူ၊ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာလည်း မဲမသမာမှုတွေလုပ်ပြီး အနိုင်ရလာခဲ့သူအဖြစ် အတိုက်အခံတွေရဲ့ ကန့်ကွက်ဆန္ဒပြခြင်းခံခဲ့ရသူဖြစ်လေတော့ သူ အခု လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ နိုင်ငံတော်သစ္စာဖောက်မှုဆိုင်ရာ ဥပဒေဆိုတာကလည်း ကိုင်တွယ်ကျင့်သုံးသူက ရိုးသားဖြောင့်မတ် တည်ကြည်မှု မရှိဘူး၊ စိတ်ရင်းစေတနာ မမှန်ဘူးဆိုရင် လိုသလို အလျှော့အတင်းပြုလုပ်နိုင်တာမျိုး ဖြစ်လေတော့ ဥပဒေကို ကိုင်တွယ် ကျင့်သုံးသူ တွေအပေါ် ယုံကြည်ကိုးစားမှုမရှိသူတွေ စိုးရိမ်ပူပန်တာလည်း သဘာဝကျပါတယ်။

ကျွန်တော်အစာမကြေတဲ့ ဆက်သွယ်ရေးဥပဒေကြမ်း

ရုရှားနိုင်ငံက ကိစ္စကိုတော့ ထားလိုက်ပါတော့။ ကျွန်တော်တို့နိုင်ငံမှာလည်း မကြာသေးခင်ရက်ပိုင်းအတွင်းက အများပြည်သူသိအောင် သတင်းစာများကတဆင့် ထုတ်ပြန်ပေးလိုက်တဲ့ ဆက်သွယ်ရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲ အစာမကြေဖြစ်နေတဲ့အချက်တွေ ရှိနေခဲ့ပါတယ်။ အဲဒီအချက်တွေကို ကျွန်တော့်စာဖတ်ပရိသတ်တွေကို ချပြီး ကျွန်တော်နဲ့ သဘောထားချင်း တူမတူ စူးစမ်းကြည့်ချင်ပါတယ်။

ပထမဆုံးအချက်က ဥပဒေကြမ်းရဲ့ အခန်း(၁၉) ပြစ်မှုနှင့် ပြစ်ဒဏ်များ ဆိုတဲ့ အခန်းမှာပါတဲ့ ဖော်ပြချက်မှာပါ။ အဲဒီအခန်းရဲ့ ပုဒ်မ (၆၀)မှာ ထောင်ဒဏ် အနည်းဆုံး (၇)နှစ်မှ အများဆုံး (၁၅)နှစ် အထိ ချမှတ်နိုင်တဲ့ ပြစ်မှုများ ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

(က) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေမည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊

(ခ) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတော်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက် အလက်တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။

ဖုန်းပြောတာ အီးမေးလ်ပို့တာ လက်ခံထားတာ

အဲဒီဥပဒေပုဒ်မပါတဲ့ အပုဒ်တွေကိုကြည့်ရင် အင်မတန်မှ ယေဘုယျကျပြီး လူတစ်ယောက်ကို အာဏာပိုင်တွေက သူတို့ဆန္ဒရှိသလို ဖမ်းဆီး စွဲချက်တင် အရေးယူအပြစ်ပေးနိုင်ခွင့်ပြုထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံတော်ရဲ့ အရေးကိစ္စတွေနဲ့ပတ် သက်ပြီး ကိုယ့်အမြင်သဘောထားကို ကိုယ့်မိတ်ဆွေထံ ဖုန်းကတဆင့်ပြောတာ၊ အီးမေးလ်ပို့တာ၊ တစ်ဖက်က ပေးပို့တဲ့သတင်းအချက်အလက် တွေ ရယူတာဟာ ထောင်ဒဏ် (၁၅)နှစ် ကျခံရနိုင်တဲ့ ပြစ်မှုတွေ ဖြစ်နေပါတယ်။

နောက်ပြီး အဲဒီအခန်းမှာလဲ ပုဒ်မ (၆၆) မှာ (၃)နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်တဲ့ ပြစ်မှုများဆိုပြီး အောက်ပါအတိုင်း ဖော်ပြထားပါသေးတယ်။

(က) မမှန်ကန်သော သတင်းအချက်အလက်တွေကို မရိုးမဖြောင့်သောသဘောဖြင့် လက်ခံခြင်း၊ ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ် ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း၊ သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။

(ခ) မိမိနှင့် မသက်ဆိုင်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ခွင့်ပြုချက်မရှိဘဲ လက်ခံခြင်း၊ ကြားဖြတ် ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ထုတ်လွှင့်ခြင်း၊ ဆက်သွယ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း။

အဲဒီစကားရပ်တွေဟာလည်း အုပ်ချုပ်ရေး၊ တရားရေး အာဏာပိုင်တွေက ပြည်သူတွေကို မလိုရင် မလိုသလို ဖမ်းဆီး အပြစ်ပေးနိုင် အောင် ခွင့်ပြုထားသလို ဖြစ်နေပါတယ်။ မမှန်မကန်သော အချက်အလက်ဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုမှာလဲ။ ဥပမာ- ရခိုင်ပြည်နယ်က မိတ်ဆွေတစ်ယောက်က သူနေတဲ့ရွာကို ဘင်္ဂါလီတွေက မီးလာရှို့သွားပါတယ် ဆိုတဲ့ အီးမေးလ်တစ်ခု ကျွန်တော့်ဆီ ပို့လိုက်တယ် ဆိုပါစို့။ ကျွန်တော်က ရခိုင်ကို သွား၊ ကိုယ်တိုင် အဲဒီရွာကို သွားကြည့်၊ ရွာသားတွေနဲ့ တွေ့ဆုံမေးမြန်း အတည်ပြုချက်ရယူ၊ ပြီးတော့မှ ရန်ကုန် ပြန်လာ၊ အဲဒီ အီးမေးလ်ကို ပရင့်ထုတ် ယူ ဒီလို လုပ်ရမှာလား။ အဲဒီ အီးမေးလ်ကြောင့် အာဏာပိုင်တွေက ကျွန်တော့်ကို ဖမ်းပြီး တရားရုံးတင်တယ် ဆိုပါတော့။ ကျွန်တော် အဲသလိုတွေ လုပ်ခဲ့ပြီးမှ အီးမေးလ်ကို ပရင့်ထုတ်ခဲ့တာ ဖြစ်ပါတယ်လို့ ပြောရင်ရော တရားသူကြီးက လက်ခံမှာလား။ ]]မရိုးမဖြောင့်သော သဘောဖြင့်}} ဆိုတဲ့ စကားအသုံးအနှုန်းကိုရော ဘယ်လို အဓိပ္ပာယ်ဖွင့်မှာလဲ။ မုသားဖော်စက်နဲ့ စစ်မှာလား။ ကျွန်တော်တို့ နိုင်ငံမှာ မုသားဖော်စက်သုံးပြီး စစ်ဆေးတဲ့နည်း အသုံးပြုနေပြီလား။ မရိုးမဖြောင့်တဲ့သဘောလို့ ကောက်ချက်ဆွဲနိုင်အောင် ဘယ်လို အထောက်အထားတွေကို အသုံးပြုမည်လဲ။ ကျယ်လွန်းလှပါတယ်။

ကိုကိုကြီးကို ထောင် နှစ် ၆၀ ချခဲ့တာ စီရင်ထုံး ဖြစ်သွားမလား

ကုန်လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကာလ တစ်ပါတီ အာဏာရှင် စစ်အာဏာရှင်စနစ်တွေအောက်မှာ ကျွန်တော်တို့ ပြည်သူတွေဟာ ဥပဒေ ဆိုတဲ့ စကားလုံးကို ရေလဲနဲ့ အမျိုးမျိုးသုံးစွဲပြီး အာဏာရှင်တွေရဲ့ ဖိနှိပ်ညှင်းပန်းတဲ့ဒဏ်ကို ကျောကော့အောင် ခံစားခဲ့ကြရပါတယ်။ ဂလိုဘယ် လိုက်ဇေးရှင်းဖြစ်စဉ် ဖွံ့ဖြိုးလာပြီး သတင်းဆက်သွယ်ရေး နည်းပညာခေတ်ရောက်လာတော့လည်း အာဏာရှင်အစိုးရက အီလက်ထရောနစ် ဥပဒေဆိုတာကို ထုတ်ပြန်ပြီး ပြည်သူတွေကို ဖိနှိပ် နှိပ်ကွပ်ခဲ့ပါတယ်။ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီး ဆိုရင် လက်ခံမိတဲ့ အီးမေးလ်တစ်စောင် ထောင် ၁၅နှစ် နှုန်းနဲ့ အီးမေးလ် ၄ စောင် ထောင် အနှစ် ၆၀ ကျခံခဲ့ရသူဖြစ်သလို ဒီမိုကရေစီ ဘလော့ဂါ တစ်ဦးဖြစ်တဲ့ နေဘုန်းလတ်ဆိုရင်လည်း အဲဒီဥပဒေနဲ့ပဲ ထောင်ဒဉ် နှစ်ရှည်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ဥပဒေတွေရဲ့ သဘောမှာ အဲဒီဥပဒေကို အတည်ပြုပြီး ပထမဆုံး အရေုးယူ ကိုင်တွယ်ဆောင်ရွက်ပုံဟာ စီရင်ထုံးဖြစ်သွားပြီး နောက်နောင် ပေါ်ပေါက်လာမယ့် အလားတူ ကိစ္စမျိုးတွေအတွက် စံနမူနာဖြစ်သွားတာမို့ သူ့ကို ထောင် အနှစ် ၆၀ ချမှတ်ခဲ့တဲ့ အရေးယူမှုဟာ စီရင်ထုံးဖြစ်သွားတော့မယ့် အရေးနဲ့ ပတ် သက်ပြီး ကိုကိုကြီး စိုးရိမ်တကြီး ပြောဆိုခဲ့ပုံတွေကိုလည်း ကျွန်တော် ကြားယောင်နေဆဲပါ။

ဥပဒေဆိုတာ လူတွေကို ကာကွယ်စောင့်ရှောက်ဖို့

အခုလည်း လာပြန်ပါပြီ။ ဆက်သွယ်ရေး ဥပဒေကြမ်းတဲ့။ တကယ်တော့ ဥပဒေဆိုတာ မတရားပြုကျင့်ခံရနိုင်မှုတွေကနေ လူသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လူသားတွေက တီထွင် ချမှတ် ပြဌာန်း ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဥပဒေဆိုတာဟာ ဖိနှိပ် အုပ်စိုးသူတွေရဲ့ ဖိနှိပ် ရာမှာ အသုံးပြုတဲ့ လက်နက်ကိရိယာတန်ဆာပလာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အခု ကျွန်တော်တို့နိုင်ငံဟာ ဖိနှိပ်အုပ်စိုးတဲ့ နိုင်ငံရေးစနစ်နေရာမှာ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ ဆိုတဲ့ လူတန်းစားနှစ်ရပ် မရှိနိုင်တဲ့ စနစ်နဲ့ အစားထိုးဖို့ ကြိုးစားနေချိန် ဖြစ်ပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေမှာ ကျွန်တော်တို့ နောက်ကကျကျန်ခဲ့တာကို နိုင်ငံတကာနဲ့ အမီလိုက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ အတုခိုးဖို့ ကြိုးစားရင် တရုတ်ပြည်တို့ ရုရှားပြည်တို့ မြောက်ကိုရီးယားတို့ ကျူးဘားတို့၊ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့ လာအိုတို့ စင်ကာပူတို့ မလေးရှားတို့လို နေရာတွေမှာ ကျင့်သုံးနေတာတွေကို နည်းနည်းကလေးမှ နားမယောင်စေလိုပါ။ အဲဒီနိုင်ငံတွေကို အားကျနေသူတွေ မီးကြွင်းမီးကျန်များသဖွယ် ကျန်ရှိနေသေးတာ သေချာနေတယ်ဗျာ။ ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒ်ီမိုကရေစီစနစ်ကို တည်ဆောက်နေရိုးအမှန်ဆိုရင် အုပ်ချုပ်ရေး တရားစီရင်ရေးပိုင်းက ပုဂ္ဂိုလ်တွေက ပြည်သူတွေကို ဖိနှိပ်ခွင့်ရှိစေတဲ့ ဥပဒေအဟောင်းမှန်သမျှ ဖျက်သိမ်းပစ်ဖို့ သူတို့ကိုယ်တိုင်က စတင်ဆောင်ရွက်ကြရမှာ ဖြစ်သလို အဲသလိုမျိုး ဥပဒေဆိုးအသစ်တွေ ပုံစံတစ်မျိုးမျိုးနဲ့ နောက်ထပ် ပေါ်မလာအောင် လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးအားလုံးနဲ့ ပြည်သူတစ်ရပ်လုံး အတူတကွ ၀ိုင်းဝန်းကာကွယ် ဟန့်တားကြရမှာ ဖြစ်ကြောင်းပါဗျ။

၁၈၊ ၁၁၊ ၂၀၁၂
maungwuntha@gmail.com


မိုးသံတွေကြားမှာ စန္ဒရားတီးမယ်

$
0
0
ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေစဉ် ကာလများအတွင်း သူမ၏ အိုမင်း ဟောင်းနွမ်း နေသော စန္ဒယားကြီးကို ကျွမ်းကျင်သူအချို့မှ ပြင်ဆင်ပေးခဲ့ကြခြင်းသည် သူမ၏ စိတ်ဓာတ် ခွန်အားကို မြှင့်တင်ပေးရာတွင် ကူညီရာ ရောက်ခဲ့ပေသည်။ ဤအကြောင်းအရာတို့ကို Los Angeles Times သတင်းစာ တွင် Mark Magnie က “SuuKyi’s piano tuners play small but key part in Myanmar history ” ခေါင်းစဉ်ဖြင့် ရေးသား ထားခြင်းမှ ထုတ်နုတ် ဖော်ပြအပ်ပါသည်။

စန္ဒယား ကြိုးညှိပြင်ဆင်သူ ကိုပေါသည် ဒေါ်အောင်ဆန်းစုကြည်၏ Yamaha အမျိုးအစား စန္ဒယားအိုကြီးမှာ အတော် ပင် ပြင်ဆင်ရန် လိုအပ်ကြောင်း သတိပေးခဲ့ပါသည်။ ပူအိုက်စွတ်စိုဒေသများ၌ စန္ဒယားသည် အထာမကျ ဖြစ်တတ် ပါသည်။ စန္ဒယား၏ အသံအိုးများသည် အပူဒဏ်ကြောင့် ပျက်စီးနိုင်ပြီး လေထု အတွင်းရှိ စိုထိုင်းဆကလည်း စန္ဒယား၏ အသံအိုးရှိ အပ်တုံးလေးများကို ပျက်စီးစေပါသည်။ ထို့ပြင် ကြိုးများကို လျော့စေခြင်းနှင့် စန္ဒယား အား ခြများစားခြင်း သည်လည်း ပျက်စီးစေနိုင်ပါသည်။ ထိုသို့ ပျက်စီးနိုင်သည်ဟု ဆိုနိုင်သည်များထက် ပိုနေသည့် စန္ဒယားကြီးကို ကိုပေါ တစ်ယောက် ၂ဝဝ၉ ခုနှစ်အတွင်း မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်၌ တွေ့ခဲ့ရ ပါသည်။

ကိုပေါသည် တရုတ်နိုင်ငံထုတ် အရံပစ္စည်းများကို ရှာဖွေ၍ ထည့်သွင်းပြင်ဆင်ခဲ့ပြီးမှသာ စန္ဒယားကြီးအား ကြိုးညှိနိုင် ခဲ့ပါသည်။ ထို့နောက်မှာတော့ ကိုပေါတစ်ယောက် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့် ကြုံခဲ့ရ ပါတော့သည်။

နှစ်အတော်များများပင် အုပ်ချုပ်သူ ဗိုလ်ချုပ်ကြီးများသည် အတိုက်အခံခေါင်းဆောင်ကို စိတ်ဓာတ် စစ်ဆင်ရေး တိုက်ပွဲများ ဆင်နွှဲခဲ့ကြပါသည်။ ထိုသို့ ဆင်နွှဲနေခဲ့ချိန်များတွင် ဒေါ်အောင်ဆန်းစုကြည် အဖို့
အဖော်ဆို၍ အခြား မိန်းမသား နှစ်ယောက် သာ ရှိခဲ့ပါသည်။ ထိုသို့ အထီးကျန်လုနီးပါးမျှ အချိန်များကို ခွဲဝေအသုံးချရာမှာတော့ သူမသည် ဘီဘီစီ သတင်းပေးပို့ချက်များကို နားထောင်ခြင်း၊ တရားထိုင်ခြင်း၊ ဗုဒ္ဓစာပေ ကျမ်းဂန်များမှ သုတ္တန် များ လေ့လာခြင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများ သူမထံမှ သိမ်းဆည်းဖို့ မရဲခဲ့သော စန္ဒယားအိုကြီးကို တီးခတ်ခြင်း တို့ပင် ဖြစ်ပါသည်။

Johann Pachelbel’s ရဲ့ Canon တေးသွားကို သူမသည် စွဲမက်စွာ တီးခတ်လေ့ရှိပြီး အဆိုပါတေးသွားကို ကင်ဆာရော ဂါဖြင့် ဆုံးပါးသွားခဲ့ပြီ ဖြစ်သော ခင်ပွန်းသည် Micheal Aris ၁၉၉၇ ခုနှစ် နောက်ဆုံးအကြိမ် အဖြစ် သူမထံ အလည်လာ ခွင့်ရှိစဉ် ကာလတုန်းက တီးခတ်ခဲ့သေး ကြောင်း၊ သူမမှ ရင်ဖွင့်ခဲ့ပါသည်။ သူမ၏ အခြား အကြိုက်ဆုံး စန္ဒယားပညာရှင်များမှာ Bach, Bartok, Telemann, Mozart နှင့် Clementi တို့ပင် ဖြစ်ပါသည်။

အသက် ၄၂ နှစ်ရှိပြီဖြစ်သော ကိုပေါသည် ဝဝဖိုင့်ဖိုင့်ကိုယ်လုံးနှင့် လွယ်ကူသော ဟန်ပန်ရှိသည့် စန္ဒ ယားကြိုးညှိသူ တစ်ဦးဖြစ်ပါသည်။ (မြန်မာနိုင်ငံတွင်)အင်မတန်အရေ အတွက်နည်းသော စန္ဒယားကြိုးညှိ သူများထဲမှ တစ်ဦးဖြစ်သော ကိုပေါ သည် မမျှော်လင့်ဘဲ ဒေါ်အောင် ဆန်းစုကြည်၏စန္ဒယားအိုကြီးကို မျက်လုံးဒေါက်ထောက်ကြည့်နေ သည့် စစ်ထောက်လှမ်းရေးများရှေ့ မှောက်မှာ မပြည့်မစုံသော တန်ဆာ ပလာများနှင့် ပြင်ဆင်ကြိုးညှိပေးခဲ့ ရသည့်သူ ဖြစ်ခဲ့ရပါသည်။

သူသည် ၂ဝဝ၉ ခုနှစ်မှစ၍ ၃ ကြိမ်တိုင်တိုင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ဝင်းအတွင်း ဝင် ရောက်ခဲ့ ရပါသည်။ ထိုနေ့ များသည်ကား ဒီမိုကရေစီ ခေါင်းဆောင်၏ အဖမ်းဆီးခံ နေ့ရက်များပြီးဆုံးကာ နီးနေချိန်လည်း ဖြစ်ပါသည်။ သူ၏ ဖခင်မှာလည်း ဂီတသမားတစ်ဦး ဖြစ်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်း ကမ်းနားဟိုတယ်ရှိ ဂျပ်က်ဂီတဝိုင်းမှ စန္ဒယားဆရာ တစ်ဦးဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် (ဒေါ်ခင်ကြည်)အတွက် စန္ဒယား (ဒေါ်အောင်ဆန်းစုကြည် တီးသော စန္ဒယား ပင်ဖြစ်သည်။) ကြိုးညှိပေး ခဲ့ရဖူးကာ(ဒေါ်ခင်ကြည်) ကျေးဇူးတင်သော အားဖြင့် အုန်းသီးများ လက်ဆောင်ရ ခဲ့ဖူးပါသည်။

သူမ၏ ကန်စပ်ရှိ နေအိမ်တွင် လုံခြုံရေးမှာ တင်းကျပ်စွာ ချထားခဲ့သော်လည်း သူ၏နေအိမ်ကို လျှို့ဝှက် စစ်ရဲများရောက် လာခဲ့ကာ ယင်း ၏ နောက်ကြောင်းရာဇဝင်ကို စစ်ဆေးခဲ့ကြပါသည်။ သူ ဒေါ်အောင် ဆန်းစုကြည်၏ အိမ်သို့ ရောက်လာသော အခါ၌လည်း သူ၏ ကိရိယာ တန်ဆာပလာများ ထည့်ထားသော အိတ်ကို စေ့စပ်သေချာစွာ စစ်ဆေးခဲ့ကြပါသည်။ နောက်မှသာ သူ၏ အလုပ်ကို စတင်ခွင့်ပြုခဲ့ပါသည်။

၅ လကြာပြီးနောက် တစ်ခါ ကြိုးညှိရန် တစ်ဖန်သွားရောက်ခဲ့ချိန် မှာတော့ ဖြေလျှော့ပြီးချိန်ဖြစ်နေ၍ သူမ၏ မိတ်ဆွေ အချို့နှင့်အတူ သူမ၏အိမ်တွင် တွေ့ခဲ့ရပါသည်။ အခြေ အနေတိုးတက်ပြောင်းလဲမှုများဟု ဆိုရမည်။ မျှော်လင့်ချက် အချို့ကို ဆုပ်ကိုင်မိသလို ခံစားခဲ့ရပြီး “ Amazing Grace” ဆိုသော တေးသွားကို သူတီးခတ်ခဲ့ ချိန်မှာတော့ ကျန်သူများ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဧည့်သည်များအားလုံး မတ်တပ် ရပ်လျက် ရှိနေခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စန္ဒယားကြီးကို ကြိုးညှိပေးခဲ့ရသူ နောက်တစ်ဦးကတော့ အသက် ၇ဝ အရွယ်ရှိ Saw Sheperd ဆိုသူဖြစ်ပါသည်။ သူသည် ဘေ့စ်စွန်းဟု ခေါ်သည့် နှဲကြီး တစ်မျိုးကို တီးမှုတ်သူ တစ်ဦး ဖြစ်ခဲ့သော် လည်း စန္ဒယား အတီးနှင့် အထူးသဖြင့် အပြင်ဆရာ ကြိုးညှိသူ ရှားပါးမှုကြောင့် စန္ဒယားဘက် ကူးပြောင်း တီးခတ် ပြင်ဆင်သူ ဖြစ်လာ ခဲ့ပါသည်။ ၁၉၉ဝ ပြည့် လွန်အစောပိုင်းကာလများက အင်္ဂလိပ် မြန်မာကပြား Leo Nichols (အများက Uncle Leo ဟု ခေါ်သည်) သည် ဒေါ်အောင်ဆန်းစု ကြည်အား ထောက်ခံသူ တစ်ဦးဖြစ်ပြီး ထောင်အတွင်း အကျဉ်းချခံခဲ့ရစဉ် သေဆုံး ခဲ့သူ ဖြစ်ပါသည်။ တစ်နေ့တွင် Uncle Leo က Sheperd အား စန္ဒယား ပြင်ဆင်ပေးနိုင် မလားဟု မေးခဲ့ရာ သူက လက်ခံခဲ့ပြီး ယူလာသော စန္ဒယားအိုကြီး ကို ပြင်ဆင်ပေး ခဲ့ပါသည်။ သူက Uncle Leo အား ထိုစန္ဒယားကြီးကို မည်သူပိုင်ပါသလဲဟု မေးခဲ့ရာ မှ “ကျုပ်ရဲ့သမီးပိုင်တဲ့ စန္ဒယားပါ” ဟု ဖြေခဲ့ပါသည်။ ထိုသို့ဖြေပြီးနောက် ပြုံး၍ “ကျုပ် သမီးက အောင်ဆန်းစုကြည်ပါ”ဟု ဆက်ပြောရာ တွင်တော့ Sheperd တစ်ယောက် အံ့သြဝမ်းသာ ဖြစ်ခဲ့ ရသည်။ အဆိုပါစန္ဒယားကြီးကို ပြင်ဆင်ကာ သူမထံ ပြန်ပို့ခဲ့ရပြီး သူမ၏ စန္ဒယားကို ပြင်ဆင် ကြိုးညှိသူများထဲမှာ တစ်ယောက် ပါဝင်ခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်နှင့်မူ မတွေ့ခဲ့ရပေ။

အခြားစန္ဒယားကြိုးညှိရသူ တစ်ဦးမှာ အသက် ၆၈ နှစ်အရွယ် Saw Simon ဆိုသူ တာဝန်ယူပြင် ဆင်ခဲ့ရချိန် သည် ၁၉၉၇ မတ်လတွင် ဖြစ်ပါသည်။ သူသည် ထိုင်းနိုင်ငံရှိ Yamaha တူရိယာ ပစ္စည်း ထုတ်လုပ်မှုစက်ရုံ၌ စန္ဒယားပြင်ဆင်ရေး ကို နှစ်အနည်းငယ် လုပ်ဖူးသူလည်း ဖြစ်ပါသည်။ ထိုသို့ဖြင့် စန္ဒယားကြိုးညှိခြင်း အလုပ် အတွက်ပါ ကျွမ်းကျင်လာခဲ့ သူ ဖြစ်ပါသည်။ စစ်ဘက် အုပ်ချုပ်ရေးအစိုးရကို အနောက်အုပ်စုမှ ပိတ်ဆို့ အရေးယူမှု ကာလများ တစ်လျှောက်၌ စန္ဒယား များအတွက် လိုအပ်သော တန်ဆာပလာများကို ကိုယ်တိုင် ထွင်၍ လည်းကောင်း၊ သံတမန်များ ဆီမှတစ်ဆင့် သော်လည်းကောင်း ဖန်တီးသွင်းယူမှုများ ပြုလုပ်ခဲ့သူ ဖြစ်ပါသည်။ သူသည်လည်း ဒေါ်အောင်ဆန်း စုကြည် ကို တွေ့မြင်ခဲ့ရခြင်း မရှိခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အထိန်းသိမ်းခံနေရချိန်များ တွင် သီချင်းများတီးခတ်ခြင်းနှင့် ပန်းချီ ရေးဆွဲခြင်းများ ကို ပြုလုပ်နေ ခဲ့ပါသည်။ “ဖွင့်ထားသော လှောင်အိမ် အတွင်းမှ တေးဆိုငှက်” ဟု အမည်ရသော တေးသီချင်း မှာ သူမ ကို အိုင်းရစ် တီးဝိုင်း ဖြစ်သော U2 မှ ဂုဏ်ပြုရေးသား ထားခြင်းဖြစ်ပြီး အဆိုပါ သီချင်း ပါသော “ထားခဲ့လို့ မရနိုင်ပါ” အဲယ်လ်ဘမ်သည် ၂ဝဝဝ ခုနှစ် ဂရမ်မီဆုရ ဓာတ်ပြား ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ တွင်းမှာတော့ အဆိုပါ ဓာတ်ပြား ရောင်းချခြင်း ကို ပိတ်ပင် တားဆီးခဲ့ပါသည်။ ၅ နှစ်အကြာတွင် အိုင်းရစ် အဆိုတော်နှစ်ဦး ဖြစ်သော Damien Rice နှင့် Lis Hannigan တို့ နှစ်ဦးက “တီးခတ်ခွင့် မကြုံသည့် စန္ဒယား” အမည်ရှိ တေးသီချင်းကို သူမအား ဂုဏ်ပြုလျက် ထုတ်လုပ်ခဲ့ပြန်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သော Yamaha စန္ဒယားအိုကြီး အကြောင်းကို ၂ဝဝ၇ ခုနှစ်တွင် ကြားသိကြ သောအခါ ဗြိတိသျှ အဆိုတော် Annie Lennox အပါအဝင် ထင်ရှားသော အမျိုးသမီးများ အုပ်စုက ရန်ပုံငွေ ရှာဖွေ၍ စန္ဒယား အသစ် တစ်လုံးကို ဝယ်ယူခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် အား ပေးရန် မြန်မာ အာဏာပိုင်များ ကို ခွင့်ပြုရန် အတော်ပင် အားသုံး ပြောခဲ့ကြရသည်။

ယခုအခါမှာတော့ မြန်မာနိုင်ငံသည် ပွင့်လင်းလာပြီး ကမ္ဘာအရပ်ရပ်မှ အရေးကြီးပုဂ္ဂိုလ်များ ဝင်ထွက် လာကြ ကာ ဒေါ်အောင်ဆန်းစုကြည်ပင် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်နေပြီ ဖြစ်ပါသည်။ သူမနှင့် နီးစပ်သော အဝန်းအဝိုင်းမှ ကြားသိရသည်မှာ သူမ စန္ဒယား တီးခတ်ဖို့ အချိန်မရသလောက် ဖြစ်နေပါသည်။ အမည်မဖော်လိုသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တစ်ဦးက ပြောကြားရာတွင် “နိုင်ငံရေး ကတော့ မြင့်တက်လာပြီး စန္ဒယားသံ ကတော့ တိတ်သွားပါတယ်” ဟု မှတ်ချက်ပြုခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်မှာ ဒေါ်အောင် ဆန်းစုကြည်မှ သတင်းထောက်များ ကို ပြောခဲ့သည်ကတော့ အဖမ်းဆီးခံ နှစ်အတွင်း “ဂီတသည် စကားလုံး များထက် ပိုမို၍ မှန်ကန် ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

စန္ဒယား ရောင်းဝယ်သူ စိုးသူရဝင်းကတော့ သူမထံ စန္ဒယားကြိုး ညှိသည့် ခရင်းခွနှင့် မိုးဇက်၏ ဂီတ တေးသွား သင်္ကေတ စာရွက်များကို ပေးခဲ့ဖူးသူ ဖြစ်ပါသည်။ သူက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သူမနေအိမ်၌ ထားရန် Yamaha U3 အမျိုးအစား နောက်ဆုံးပေါ် စန္ဒယားတစ်လုံး ဝယ်ယူရန် စိုင်းပြင်းနေကြောင်း ပြောကြား ခဲ့ပါသည်။ ရန်ကုန်ရှိ ဂီတမိတ် ထူထောင်သူ တစ်ဦးဖြစ်သော Kit Young တစ်ဆင့်ကြား ပြောခဲ့ရာ Schubert ၏တေးသွားများ ကို ဒေါ်အောင်ဆန်း စုကြည် စတင် တီးခတ်နေကြောင်း သိရှိရပါသည်။

ဘိုဘိုဦး(www.myamnmarij.com)


ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင် နှင့် ခရိုနီများ "

$
0
0
ပင်စင်လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ''ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်းသိရပါတယ်။ ဒါဆိုလျင် ပင်စင်စား ၉ သိန်း နီးပါးအတွက် Smart cardလုပ်(စား)သူ(Cronies)များသည် ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင် (သိန်းပေါင်း၂၄၀၀၀) အသာလေးရ သွားလေ သည်။ မြန်မာပြည်မှာငွေရှာရတာ တော်တော်လွယ်သားပဲနော် . . .
ကျွန်တော်သိချင်တာတွေ အများကြီးပါ။ အဆိုပါ Smart cardကိုဘယ်ကရသလဲ။ နိုင်ငံခြားကရလျှင် နိုင်ငံခြားက ၀ယ်ရသည်။ဘယ်လောက် ကျလဲ။ ဒီမှာ Software တွေရေးရတာ ဘယ်လောက်ကျလဲ။ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့ဆီက၀ယ်ရတာ ကောင်းပါသည်။သို့သော် တကယ် ဒီလောက်( သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော်) ကုန်ကျသလား ဆိုတာပါပဲ။
ဒီ Smart card ကလည်းတကယ် လိုအပ်လျင်တော့ ကောင်းပါသည်။ ဓာတ်ဆီ Smart card သည် ဓာတ်ဆီဆိုင်က မသမာလုပ်သောကြောင့် ဖြစ်လာသည်။ သူတို့နှင့်အတူ စားသုံးသူအချို့ပေါင်းလုပ်သည်။ ထိုအတွက် နိုင်ငံခြားကို ပိုက်ဆံပေးလိုက်ရသည်။ ပင်စင် Smart card က ဘာကြောင့် လုပ်တာလဲ။ နိုင်ငံဝန်ထမ်း ပင်စင်စားများက မသမာ လုပ်ကြလို့လား . . .
ကျွန်တော်တို့ ဆင်းရဲပါသည်။အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ ဆင်းရဲသည့်အထဲ အနှိပ်စက်ခံဖြစ်ရတာကိုတော့ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ပြည်သူကိုကြင်နာပါ။ အထူးသဖြင့် ဘ၀နေညိုချိန် နောက်ဆုံးရောက်ရှိတော့မည့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား များကိုတော့ ချမ်းသာ ခွင့်ပေးလိုက်ကြပါဗျာ .
. . ၀ါသနာ၊ စေတနာ၊ အနစ်နာခံ ပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသော ပင်စင်စားများအတွက် ကိုယ်ချင်းစာ အသည်းနာရပါသည်။

ref; ဒေါက်တာခင်မောင်ညို
ဒီနေရာကနေရယူပါတယ်..


ကမ္ဘာ့အဆင်းရဲဆုံးသမ္မတကြီး

$
0
0
Instead, he chose to stay on his wife's farm(Photo..bbc) နိုင်ငံရေးသမားများ၏ ဘ၀နေထိုင်မှုပုံစံမှာ မဲဆန္ဒရှင်ပြည်သူများနှင့်ကင်းကွာသော အနေအထား သို့ရောက်ရောက်သွားတတ်သည်။ ယင်းအချက်က နိုင်ငံတိုင်းလိုလိုမှာဖြစ်လေ့ဖြစ်ထရှိသော စိတ်ပျက်စရာ အနေအထားဖြစ်သည်။ သို့သော် ဥရုဂွေးနိုင်ငံကတော့ ခြွင်းချက်ဖြစ်နေသည်။ အဆိုပါ နိုင်ငံ၌ ခနော်ခနဲ့ နိုင်လှသော စိုက်ခင်းအတွင်းနေထိုင်ပြီး ပိုင်ဆိုင်မှုအများစုကို စွန့်လွှတ်ပေးဆပ်နေသည့်သမ္မတကို တွေ့လိုက် ရသောကြောင့်ဖြစ်သည်။

အိမ်အပြင်မှာ အ၀တ်တွေလှန်းထားသည်။ ပေါင်းပင်များနှင့် ရှုတ်ထွေးနေသောခြံဝင်းအတွင်းမှာ ရေတွင်း တစ်တွင်းရှိသည်။ ခြံထဲမှာအစောင့်အရှောက်ဟူ၍ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ခြေတစ်ဖက်ပြတ်နေသော မန်နူလာအမည်ရှိခွေးတစ်ကောင်သာရှိနေသည်။ ယင်းနေရာမှာ ဥရုဂွေးနိုင်ငံသမ္မတကြီးဂျို့စ်မူဂျီကာ၏ အိမ်ဝင်းဖြစ်ဖြစ်ပါသည်ဟုဆိုလျှင် ယုံနိုင်စရာမရှိ။ ကမ္ဘာ့ခေါင်းဆောင်များ၏ ဘ၀နေထိုင်မှုပုံစံနှင့် ဥရုဂွေး သမ္မတကြီး၏ပုံစံမှာ သိသိသာသာကြီးကွဲလွဲနေသည်မှာ အထင်အရှားပင်ဖြစ်သည်။

သမ္မတမူဂျီကာသည် နိုင်ငံ့ခေါင်းဆောင်များအတွက် နိုင်ငံတော်ကပေးထားသော ဇိမ်ခံအိမ်ကြီးကိုငြင်းပယ်ပြီး မွန်တီဗီဒီယိုမြို့တော်အပြင်ဖက်ဖုန်ထူလမ်းမတစ်ခုကို ဖြတ်သန်းသွားရသောဇနီးဖြစ်သူ၏လယ် တောအိမ်၌သာနေထိုင်ရန် ရွေးချယ်ခဲ့သည်။ သမ္မတနှင့်သမ္မတကတော်တို့နှစ်ဦးက ကိုယ့်ခွန်ကိုယ့်အား နှင့်ပန်းများကိုစိုက်ပျိုးကြသည်။

သမ္မတမူဂျီကာက သူ၏လစာငွေထဲမှ ၉၀ရာခိုင်နှုန်းကို လှူဒါန်းပေးကမ်းလျက်ရှိသည်။ ယင်းပမာဏမှာအမေရိကန် ဒေါ်လာတစ်သောင်းနှစ်ထောင်နှင့် ညီမျှသည်။ ယင်းကဲ့သို့ခြိုးခြံချွေတာစွာနေထိုင်မှု ဓလေ့စရိုက်ကြောင့် သမ္မတမူဂျီကာမှာ ကမ္ဘာပေါ်၌ အဆင်းရဲဆုံးသမ္မတကြီးအဖြစ် တံဆိပ်တပ်ခံရခြင်းဖြစ်သည်။

“ကျွန်တော့ဘ၀တစ်လျှောက်လုံး အချိန်အများစုမှာ ဒီလိုပဲနေထိုင်ခဲ့တာပါ။ ရှိတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် ကျွန်တော်နေတတ်ပါတယ်””ဟု ပန်းခြံအတွင်း ကုလားထိုင် အဟောင်းတစ်ခုပေါ်တွင် ထိုင်ရင်း သမ္မတကပြောပြသည်။

သူ၏ လစာငွေထဲမှ အများစုကို ဆင်းရဲသားပြည်သူများနှင့်အသေးစား ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ရန် ကြိုးပမ်း အားထုတ်နေသူများကို လှူဒါန်းနေသဖြင့် သူ၏လစဉ်ဝင်ငွေမှာအများနှင့် တန်းတူလို ဖြစ်သွားသည်။

ဆိုလိုသည်မှာပျမ်းမျှ တစ်ဦးချင်း ၀င်ငွေတစ်လလျှင် အမေ၇ိကန်ဒေါ်လာ ၇၇၅ ဒေါ်လာရှိသော ဥရုဂွေးပြည်သူများနှင့် သမ္မတမှာအကြမ်းဖျင်းအားဖြင့် တူညီမှုရှိသွားသည်။

ပြီးခဲ့သည့် ၂၀၁၀ခုနှစ်က သမ္မတမူဂျီကာက သူ၏ပိုင်ဆိုင်မှုအ၀၀ကို ထုတ်ဖော် ကြေညာခဲ့သည်။ နိုင်ငံ့ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုအား တရားဝင်လူသိရှင်ကြား ထုတ်ဖော်ကြေညာခြင်းကို ဥရုဂွေးနိုင်ငံ၌ မဖြစ်မနေလုပ်ဆောင်ကြရသည်။ ယင်းသို့ ထုတ်ဖော်ကြေညာခဲ့သည့် သမ္မတ၏ပိုင်ဆိုင်မှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၈၀၀ (မြန်မာကျပ်ငွေ ၁၅သိန်းခန့်)သာရှိသည်။ ယင်းမှာ သမ္မတပိုင်ဆိုင်သည့် ၁၉၈၇ မော်ဒယ်လ်ဗေါက်စ်ဝက်ဂွန်လိပ်ခုံး ကားတစ်စီး၏တန်ဖိုးဖြစ်သည်။ သမ္မတပိုင်ဆိုင်သည့် အရာဆို၍ အဆိုပါ ကားတစ်စီးသာရှိသည်။

All the president's wealth - a 1987 VW Beetle (Photo..bbc) ယခုနှစ်တွင် သမ္မတ၏ပိုင်ဆိုင်မှုထဲ၌ သမ္မတကတော်ပိုင်ဆိုင်သောခြံမြေ၊ လယ်ထွန်စက်နှင့်အိမ်တစ်လုံးတို့ကို ထက်ဝက်ပိုင်း၍ပေါင်းထည့်ပြီး ပိုင်ဆိုင်မှုကြေညာခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၅,၀၀၀ အထိ ရောက်ရှိသွားသည်။ သို့သော် ယင်းပိုင်ဆိုင်မှုပမာဏမှာ ဒုတိယသမ္မတ ဒန်နီလိုအက်စ်ထိုရီ ထုတ်ဖော်ကြေညာ သောပိုင်ဆိုင်မှုပမာဏစုစုပေါင်း၏ သုံးပုံနှစ်ပုံလောက်သာ ရှိသေးသည်။ သမ္မတ မူဂျီကာမတိုင်မီ တာဝန်ထမ်းဆောင်သွားသော သမ္မတဟောင်း တက်ဘဲဗက်စ်ကွက်ဇ် ထုတ်ဖော်ကြေညာခဲ့ဖူးသော ပိုင်ဆိုင်မှု ပမာဏနှင့် နှိုင်းယှဉ်လျှင် သုံးပုံတစ်ပုံသာရှိသောပမာဏဖြစ်သည်။

၂၀၀၉ခုနှစ်တွင် ဥရုဂွေးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် မစ္စတာ မူဂျီကာမှာ ကျူးဘားတော်လှန်ရေးကြောင့် ပေါ်ထွက်လာသော လက်ဝဲ၀ါဒီ လက်နက်ကိုင်အုပ်စု တူပါမာရို့စ် ဥရုဂွေး ပျောက်ကြားတပ်ဖွဲ့တွင် ၁၉၆၀လွန်နှစ်များ မှ ၁၉၇၀လွန်နှစ်များအထိ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ မစ္စတာမူဂျီကာသည် ခြောက်ကြိမ်တိုင်တိုင် သေနတ်ဖြင့်အပစ်ခံခဲ့ရဖူးပြီး ၁၄နှစ်ကြာအောင် ထောင်ထဲတွင် နေခဲ့ရသည်။ ဥရုဂွေးနိုင်ငံ၌ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသွားနိုင်ခဲ့သည့် ၁၉၈၅ ခုနှစ်တွင် ထောင်မှပြန်လည် လွတ်မြောက်လာသည်။ ထောင်ထဲတွင်နေထိုင်ခဲ့ရသော မစ္စတာမူဂျီကာမှာ အများအားဖြင့် အလွန် ဆိုးဝါးသော အခြေအနေမျိုးနှင့် သီးခြားခွဲထွက်၍ အထီးကျန်စွာ နေထိုင်ခဲ့ရသည်။

ထောင်ထဲတွင်နေထိုင်ခဲ့ရသော အတွေ့အကြုံများက လူ့ဘ၀အပေါ်သူ၏အမြင်သဘောထားကိုပုံဖော်ပေးရာ၌ အကူအညီ ဖြစ်စေခဲ့သည်ဟုမစ္စတာမူဂျီကာကဆိုသည်။

““ကျွန်တော့်ကို အဆင်းရဲဆုံး သမ္မတလို့ပြောနေကြတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့တော့ ဆင်းရဲတယ်လို့ကို မခံစားရပါဘူး။ တကယ်ဆင်းရဲတဲ့လူဆိုတာတစ်ခု ပြီးတစ်ခုလိုချင်တပ်မက်စိတ်တွေနဲ့ ကုန်ကျစရိတ်တွေ မတန်တဆကြီးတဲ့ နေထိုင်မှုပုံစံထဲမှာနေနိုင်ဖို့အတွက်ပဲ အလုပ်တွေ သဲကြီးမဲကြီးလုပ်နေတဲ့လူမျိုးတွေပါ””ဟု သမ္မတက ရှုမြင်သည်။

ဆက်လက်ပြီး သူက ““လွတ်လပ်မှုဆိုတာအဲဒါပါပဲ။ ပိုင်ဆိုင်မှုများများမရှိတော့ အဲဒါတွေကိုထပ်ထပ်ပြီးဖြည့်ဖို့အတွက် တစ်ဘ၀လုံးကျွန်တစ်ယောက်လို အလုပ်လုပ်နေဖို့မလိုတော့ဘူးပေါ့။ ဒါကြောင့်လည်း ကိုယ့်ဘ၀အတွက် အဖိုးတန်တဲ့ အချိန်တွေ ပိုပိုရလာတာပေါ့။ ကျွန်တော့်ကို လူထူးလူဆန်းအဖိုးကြီးလို့မြင်ကောင်း မြင်ကြပါလိမ့်မယ်။ ဒါပေမဲ့ဒါဟာ ကျွန် တော့်ရဲ့လွတ်လပ်တဲ့ရွေးချယ်မှုပါပဲ””ဟု ၎င်း၏ အမြင်ကို ထုတ်ပြသည်။

ယခုနှစ်ဇွန်လအတွင်း ဘရာဇီးနိုင်ငံ၌ ကျင်းပခဲ့သောရီယို+၂၀ ထိပ်သီးဆွေးနွေးပွဲ၌လည်း ဥရုဂွေး နိုင်ငံ့ ခေါင်းဆောင် မူဂျီကာကမိန့်ခွန်းပြောကြားစဉ် ယင်းအချက်ကို ထည့်ပြောခဲ့သေးသည်။

““မွန်းလွဲပိုင်းတစ်ပိုင်းလုံးမှာ ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ ဖွံ့ဖြိုးမှုအကြောင်းပဲ ပြောခဲ့ကြတယ်။ ဆင်းရဲမွဲတေမှုကနေ လူသန်းပေါင်းများစွာ လွတ်မြောက်ဖို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေးထင်နေတာဘာတွေလဲ။ ချမ်းသာတဲ့နိုင်ငံတွေကလို ဖွံ့ဖြိုးမှုမျိုးနဲ့ စားသုံးမှုပုံစံကို ကျွန်တော်တို့လိုချင်နေတာလား။ ကျွန်တော်အခုမေးမယ်။ အိန္ဒိယနိုင်ငံသာ ဂျာမနီနိုင်ငံလို ဖွံ့ဖြိုးမှုနဲ့စားသုံး မှုမျိုးရှိလာခဲ့ရင် ဘာဖြစ်မလဲ။ ဂျာမနီလိုမျိုး အိမ်ထောင်စုနဲ့ ကားပိုင်ဆိုင်မှုအချိုးက အိန္ဒိယမှာဖြစ်ခဲ့ရင် ဒီကမ္ဘာမြေပေါ်ဘာတွေ ဖြစ်သွားနိုင်သလဲ။ ကျွန်တော်တို့အသက်ရှင်ဖို့ အောက်ဆီဂျင် ဘယ်လောက်ကျန်မလဲ။ ဒီကနေ့ ကမ္ဘာမှာချမ်းသာကြွယ်ဝမှုအများဆုံးတိုင်းပြည်တွေမှာ စားသုံးမှုပမာဏအတိုင်း၊ စွန့်ပစ်တဲ့ပမာဏအတိုင်း အနာဂတ်မှာ ကမ္ဘာပေါ်ကလူဦးရေ သန်း ၇ထောင် ဒါမှမဟုတ် ၈ထောင်က စားသုံးကြ၊စွန့်ပစ်ကြဖို့အတွက် ကမ္ဘာမြေပေါ်မှာရှိတဲ့ အရင်းအမြစ်တွေနဲ့လုံလောက်ပါ့မလား။ ကျွန်တော်တို့ ကမ္ဘာမြေကို အန္တရာယ်ပေးနေတဲ့ အရာက အဲဒီအလွန်အကျွံစားသုံးမှုပါပဲ”” ဟု သမ္မတမူဂျီကာက ယင်းအစည်းအဝေးတွင် ဝေဖန်ပြောဆိုသွားသည်။

မစ္စတာမူဂျီကာက ကမ္ဘာ့ခေါင်းဆောင်အများစု၌ စားသုံးမှုကိုမြှင့်တင်၍ ဖွံ့ဖြိုးတိုး တက်မှုကိုရရှိစေရန်ဟူသော မျက်ကန်းစွဲလမ်းမှုများရှိနေကြောင်း စွပ်စွဲလိုက်သေးသည်။

သက်သတ်လွတ်သမား မစ္စတာမူဂျီကာနှင့် အခြားကမ္ဘာ့ခေါင်းဆောင်များအကြား သဘောထားအမြင်မှာ မည်မျှပင်ကြီးကြီးမားမား ကွဲလွဲနေစေကာမူ နိုင်ငံရေးလောကဓံ အတက်အကျခံစားရတာချင်းမှာမူ အတူတူသာပင်ဖြစ်သည်။

““သမ္မတမူဂျီကာရဲ့ ဘ၀ပုံစံကြောင့် သူ့ကိုတော်တော်များများ သနားကရုဏာသက်ကြပါတယ်။ ဒါပေမဲ့လည်း အစိုးရအဖွဲ့ရဲ့လုပ်ပုံကိုင်ပုံတွေကြာင့် ဝေဖန်ပြစ်တင်တာကို အဲဒီအရာတွေနဲ့ သူမကာကွယ် နိုင်ပါဘူး””ဟုဥရုဂွေးနိုင်ငံမှ လူထုသဘောထားစစ်တမ်း ကောက်ခံသူတစ်ဦးဖြစ်သည့် အိုင့်ဂ်နာစီယို ဇူယာစ်နဘာကပြောပြသည်။

ဥရုဂွေးအတိုက်အခံအုပ်စုကလည်း များမကြာမီက နိုင်ငံ၏စီးပွားရေးဖြစ်ထွန်းမှုသည် ကျန်းမာရေးနှင့်ပညာရေး ကဲ့သို့သော ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကို ပိုမိုကောင်းမွန်လာစေရန် မစွမ်းဆောင်နိုင်ခဲ့ကြောင်း ဝေဖန်ခဲ့ကြသည်။ ထို့နောက် မစ္စတာမူဂျီကာ၏ နိုင်ငံရေးအရ ရေပန်းစားမှုမှာ ၂၀၀၉ခုနှစ်ရွေးကောက်ပွဲကာလ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ၅၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားသည်။

ယခုနှစ်အတွင်း သူ၏အငြင်းပွားဖွယ်လုပ်ဆောင်ချက်နှစ်ရပ်ကလည်း မီးမွှေးလိုက်သလိုဖြစ်သွားသည်။ တစ်ခုမှာ ကိုယ်ဝန်ဖျက်ချသည့်ဥပဒေနှင့်ပတ်သက်၍ုဖြစ်သည်။ ကိုယ်ဝန်သက်၁၂ပတ်အထိအား တရားဝင်ဖျက်ချခွင့် ပြုသည့်ဥပဒေကြမ်းတစ်ရပ်ကို ဥရုဂွေးကွန်ဂရက်လွှတ်တော်များက မကြာမီကပင် အတည်ပြုလိုက်သည်။ ယခင်သမ္မတဟောင်းက လုံးဝလက်မခံခဲ့သော ယင်းဥပဒေကိုမစ္စတာမူဂျီကာက ဗီတိုအာဏာဖြင့်ပယ်ချခဲ့ခြင်း မရှိပေ။

နောက်တစ်ခုမှာ ဆေးခြောက်သုံးစွဲမှုနှင့်ပတ်သက်သော ဥပဒေဖြစ်သည်။ ဆေးခြောက်ရောင်းဝယ်မှုအား အစိုးရက လက်ဝါးကြီးအုပ်နိုင်မည့် အချက်များလည်းပါဝင်သော ဆေးခြောက်သုံးစွဲမှုကို တရားဝင်ခွင့်ပြုပေး မည့် အဆိုပါဥပဒေကြမ်းအပေါ်သမ္မတကထောက်ခံပေးနေခြင်းဖြစ်သည်။

““ဆေးခြောက်သုံးတာ အရမ်းစိုးရိမ်စရာကိစ္စမဟုတ်ပါဘူး။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကမှ တကယ့်ပြဿနာပါ””ဟုသမ္မတဆိုသည်။

မည်သို့ပင်ဖြစ်စေကာမူ သမ္မတမူဂျီကာအနေနှင့် ရေပန်းစားမှုပမာဏ လျော့ကျသွားခြင်းအပေါ် အလွန်အမင်းစိုးရိမ်ပူပန်ဟန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၂၀၁၄ခုနှစ် သမ္မတရွေးကောက်ပွဲ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရန် ဥရုဂွေးဥပဒေက သူ့ကိုခွင့်မပြုတော့ပေ။ ထို့ပြင်သူ၏အသက်မှာ ၇၇ နှစ် ရှိနေပြီဖြစ်ပြီး ကာလရှည်ကြာလုပ်ကိုင်ခဲ့ရသော နိုင်ငံရေးလောကမှ အနားယူဖွယ်ရှိနေသည်။

သူအနားယူသည့်အခါ နိုင်ငံတော်၏ပင်စင်လစာကို ခံစားခွင့်ရနိုင်ချေရှိသည်။ သူ့အနေနှင့် အခြားသောသမ္မတဟောင်းအချို့ကဲ့သို့ အနားယူသွားပြီးနောက်တွင်လည်း ပုံမှန်ဝင်ငွေရရှိနေရန် ခက်ခက်ခဲခဲကြိုးစားရှာဖွေ နေလိမ့်မည်မထင်ပေ။

Ref: Jose Mujica: The World's Poorest' President By Vladimir Hernandez.
ဘာသာပြန်..မြန်မာသံတော်ဆင့်


ယနေ့ကျင်းပပြုလုပ်သည့် ပြည်သူလွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဆောင်ရွက်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ၏ ကြားဖြတ် အစီရင်ခံစာ

$
0
0
ယနေ့ပြုလုပ်သောပြည်သူ့လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးတွင် တွေ့ရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်။(Photo..Messenger journal)

ယနေ့ကျင်းပပြုလုပ်သည့် ပထမအကြိမ်ပြည်သူလွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဆောင်ရွက်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ က ကြားဖြတ် အစီရင်ခံစာ တင်သွင်းခဲ့ကြောင်းသိရသည်။



Yangon Media Group


ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် မှ ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြချီတက်။

$
0
0
စစ်ကိုင်းမြို့ရွာသစ်ကြီး တိုင်းရင်းသား စွမ်းရည်မြင့် တင်ရေးကျောင်းကနေ မန္တလေးမြို့ ဆွယ်တော်ဘုရားနားက တိုင်းရင်းစွမ်းရည်မြင့်တင်ရေးကျောင်းကို ညနေ (၆)နာရီကနေ ခြေကျင်လျှောက်လာတဲ့ ကလေးတွေ အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနဲ့ စစ်ကိုင်းက နိုင်ငံရေးလုပ်ရှားနေသူများ အိပ်ပျော်နေကြသလား
မိုင် (၃၀)ကျော် ခရီးကို သူတို့ ဒီလိုဘဲလျှောက်လာကြတယ် ဘယ်တိုင်းဒေသကြီး အစိုးရက မှ ဒီကျောင်းသား (၅၀၀) ခြေကျင်လျှောက်လာတာကို အရေးမစိုက်ကြဘူး တိုင်းရင်းသားတွေ တန်းတူအခွင့်ရေးဆိုတာ ဒါလား
အကြိုလွတ်လိုက်တဲ့ ကားက အယောက်(၅၀) ပဲဆန့်တယ် ခြေကျင်လျှောက်လာတာက ၅၀၀.ရွှေဥာဏ်တော် ဆူးရောက်တဲ့ လူတွေပါ
ပန်းတိုင်ရောက်တော့ ည (၁း၁၅)..မိခင်ကျောင်းတော်ကို မြင်ရတော့ လျှောက်ခဲ့ရတဲ့ လမ်း မော မှန်း တောင် မ သိ

မန္တလေးမြို့တွင် တက်ရောက်သင်ကြားရသောပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းကို စစ်ကိုင်း(ရွာသစ်ကြီး) သို့ ကျောင်းပြောင်းရွှေ့ ရမည်ကိုမလိုလားသောကြောင့် ၂၀၁၂ ခုနစ်၊ နိုဝင်ဘာလ(၂၂)ရက်၊ ည(၇)နာရီ မှ စ၍ကျောင်းသား (၅၀၀)ခန့် သည် စစ်ကိုင်းရွာသစ်ကြီးကျောင်း မှ မန္တလေး သို့လမ်းလျှောက် ချီတက် ခဲ့ကြ သည်။ ခု လက်ရှိတွင် လမ်းလျှောက်ဆန္ဒပြကြသောကျောင်းသားများသည် စစ်ကိုင်းမြို့သစ်အ၀ိုင်း သို့ ရောက်ရှိနေပြီးမန္တလေးသို့ ဆက်လက်လမ်းလျှောက်လာမည်ဟု လမ်းလျှောက်ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦး မှ ဆိုသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့ တွင်လဲ သတင်းစာရှင်းလင်းပွဲတစ်ခုဆက်လက်ပြီး မန္တလေးကျောင်းတွင် ဆက်လက်ပြုလုပ်မည့် အစီအစဉ်ရှိကြောင်းပြောသည်။

''ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က မန္တလေးမှာပဲ ဆက်ပြီးကျောင်းတက်သွားချင်တယ် ကျွန်တော်တို့က ဆန္ဒပြတာမဟုတ်ဘူး လမ်းလျှောက်ချီတက်တာပါ'' ဟု လမ်းလျှောက်ချီတက်တွင်ပါဝင်သူ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် မှ ကျောင်းသားတစ်ဦးပြောပါသည်။

ကျောင်းပြောင်းရွှေ့ရမည့် ကိစ္စ နှင့်ပတ်သက်ပြီး ၂၀၁၂ ခုနစ်၊အောက်တိုဘာလ(၂၁)ရက်နေ့ တွင်လဲပြည်ထောင်စု တိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် မှကျောင်းသား များမှ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သေးသည်။

၎င်း ကိစ္စ နှင့် နိုင်ငံတော်သမ္မတကြီးထံ အသနားခံစာကို နှစ်ကြိမ်တိတိပို့ထားကြောင်းသိရသည်။ ပထမအကြိမ် ၅.၁၀.၂၀၁၂ ကတစ်ကြိမ်၊၁၅.၁၀.၂၀၁၂ကတစ်ကြိမ် ရှိပြီဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံသည် မန္တလေး ဘက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းပုံဖြစ်သည်။

ပေးပို့သော khaing myae အားဒေါင်းမာန်ဟုန်မှ ကျေးဇူးတင်ရှိပါသည်..



“ကန်တော့တယ်ဗျာ။”

$
0
0
ဦးပဉ္ဇင်းစွန့် တဲ့အစာကြေဆေး

ဦးပဉ္ဇင်းလကျာင်္ထွန်း (ဒီလိုလူနာမည်နဲ့ တွဲခေါ်ကြတာမျိုးက အများသုံးနေကျမို့ အဂါရ၀မဖြစ်ဖူးထင်တာပဲ၊ ဖြစ်ရင်လည်း ကန်တော့ပါဘုရား)

အရင်နေ့ ကအညတရသူရဲကောင်းသူငယ်ချင်း၊

ဒီနေ့ မှာပဉ္ဖင်းမတက်မီလေးမှာသူတော်ကောင်းသူငယ်ချင်း။

လူဝတ်ကြောင်တုန်းကပြောမနာဆိုမနာ သူငယ်ချင်းပေမဲ့ အခုသာသနာအရိပ်ရောက် ဦးပဉ္ဇင်းကိုတော့ ကြည်ညို လို့ ကန်တော့တယ်ဗျာ။

ကိုမျိုး (မြန်မာစာ)


တစ်ကိုယ်တော်ဆန္ဒပြသူ ၄ နာရီခန့် စစ်ဆေးခံပြီးနောက် အာမခံနှင့်ပြန်လည်လွတ်မြောက်

$
0
0
စစ်ကိုင်းတိုင်းဒေသကြီးကောလင်းမြို.နယ်မှ လာရောက်ကာ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြသူ ဦးအောင်ကြည်မြင့်အား ကျောက်တံတားရဲစခန်းမှ ၄ နာရီခန့် စစ်ဆေးမေးမြန်းပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တာပါ။ ရဲတွေဘက်က ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ သူတို့ တာဝန်အရသာ ဒီလိုမျိုး လုပ်ရတယ်လို့ ပြောပါတယ်။ ကျွန်တော်ကိုင်တဲ့ ဗီနိုင်းကိုတော့ သက်သေအဖြစ်နဲ့ သိမ်းတယ်။ ဆန္ဒပြခွင့်မရဘဲ ပြတဲ့အတွက်တော့ ဥပဒေအရ အရေးယူမယ်ဆိုတာမျိုးကိုတော့ အသိပေးတယ်။ ဘယ်ပုဒ်မလဲဆိုတာတော့ မသိသေးဘူး။ မနက်ဖြန် ကျောက်တံတားရဲစခန်း ပြန်လာဖို့တော့ ပြောထားတယ်” ဟု ဆန္ဒထုတ်ဖော်သူ ဦးအောင်ကြည်မြင့်က ဆိုသည်။

“အခုက သူ့ကို ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပုဒ်မ ၁၈ အရ အရေးယူလို့ မရဘူးဖြစ်နေတယ်။ အဓိက အားသာချက်က တစ်ဦးထက်ပိုသောဆိုပြီး ပြဋ္ဌာန်းထားတဲ့အတွက် တစ်ဦးထက်ပိုတဲ့ ဆန္ဒပြတာမျိုးတွေမှ အရေးယူလို့ရတာ။ ခုက သူတစ်ယောက်တည်း ပြီးတော့ သူကိုင်ဆောင်တဲ့ ဆိုင်းပုဒ်က နိုင်ငံတော်ကို ပျက်ဆီးစေလိုတာမျိုး အသရေဖျက်တာမျိုး မဟုတ်ဘဲ ပြည်သူတစ်ယောက်ရဲ့ ရင်ထဲက တောင်းဆိုချက်မျိုး ဖြစ် နေတယ် ဒီတော့ ပုဒ်မ ၁၈နဲ့ တရားစွဲလို့မရဘူး ” ဟု ဆန္ဒပြသူ၏ ရှေ့နေ ဦးချစ်ဦးမောင်က ပြောကြားသည်။

အဆိုပါ ဆန္ဒဖော်ထုတ်သူ ဦးချစ်ဦးမောင်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်ရှိ သစ်တောရေးရာ ၀န်ကြီးဌာန၏ အောက်ခြေ ဝန် ထမ်းများမှ တရားမဝင် သစ်ထုတ်လုပ်သူများနှင့် ပူးပေါင်းပြီး နိုင်ငံတော်သစ်များကို ခိုးထုတ်နေမှုအား ဖော်ထုတ်အရေးယူပေးရန် တိုင်ကြားမှု ပြုလုပ်ခဲ့သော်လည်း ထိရောက်စွာ ဖော်ထုတ်အရေးယူခြင်း မရှိခြင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတရားရုံးမှ တရားစီရင်မှုများအား မမှန်မကန် ပြု လုပ်နေခြင်းတို့ကြောင့် စစ်ကိုင်းတိုင်းတွင် ဖြစ်ပေါ်နေသော အခြေအနေမှန်ကို သိရှိစေရန် နှင့် အမှန်တရားကို မီဒီယာများမှကျယ်ပြန့်  စွာ ဖော်ထုတ်ပေးနိုင်သော ရန်ကုန်မြို့သို့  လာရောက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

ဆုဝေ(မြန်မာ့ခောတ်)


စစ်ယူနီဖောင်းကြီးဝတ်ဆင်ပြီးပျော်ပါးနေသော အကျင့်ပျက် ကာကွယ်ရေးဝန်ကြီးဋ္ဌာန မြန်မာစီးပွားရေးကော်ပို့ရေးရှင်း (MEC) မှ တာဝန်ရှိသူများ

$
0
0
စက်ရုံ၊လုပ်ငန်းများ ပျက်စီးဆုံးရှုံးစေရန် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ အကျင့်ပျက်ဝန်ထမ်းများ, လုပ်ဆောင်မှုကြောင့် နိုင်ငံတော်အတွက်များစွာ နစ်နာခဲ့ပြီး ဝန်ကြီးဋ္ဌာနအတွင်း ဆရာတပြည့်မွေး၊, အုပ်စုဖွဲ့ခြင်းတို့ကြောင့် စိက်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။, (၁၉၈၈)ခုနှစ်တွင် ကျောင်းတက်နေခဲ့သောသူများအား (၈၈)ကျောင်းသားများဟုသက်မှတ်ပြီး, ကာကွယ်ရေးဝန်ကြီးဋ္ဌာနအတွင်း ခွဲခြားဆက်ဆံခြင်း၊ မတရားစွပ်စွဲ ခုံရုံးတင်စစ်ဆေးခြင်းတို့သည်, နိုင်ငံတော်တည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ ခေတ်မှီသောမျိုးချစ်တပ်မတော်, တည်ဆောက်ရေးတို့အတွက် လွန်စွာအန္တယ်ကြီးမားလှပါသည်။

စက်ရုံ၊လုပ်ငန်းများ ပျက်စီးဆုံးရှုံးစေရန် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ အကျင့်ပျက်ဝန်ထမ်းများ, လုပ်ဆောင်မှုကြောင့် နိုင်ငံတော်အတွက်များစွာ နစ်နာခဲ့ပြီး ဝန်ကြီးဋ္ဌာနအတွင်း ဆရာတပြည့်မွေး၊, အုပ်စုဖွဲ့ခြင်းတို့ကြောင့် စိက်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။, ကာကွယ်ရေးဦးစီးချုပ်၏ သြဝါဒ စကားများတွင်ပါဝင်သော လူမှုရေးကင်းရှင်းစွာနေထိုင်ခြင်း၊, တရားဥပဒေ၊ စစ်စည်းကမ်းနှင့်အမိန့်
တို့ကိုလိုက်နာနေထိုင်ကြရန် ဆုံးမလမ်းညွှန်ထားသော်လည်း, မြန်မာစီးပွားရေးကော်ပို့ရေးရှင်း (MEC) မှ အကျင့်ပျက် ဝန်ထမ်းများမှာ ဆုံးမလမ်းညွှန်မှုများကို, မျက်ကွယ်ပြု ဆန့်ကျင်ဆောင်ရွက်နေကြပါသည်။, တစ်လင်၊တစ်မယားစနစ်ကို ဂုဏ်ယူ၊တန်ဖိုးထားသော ကာကွယ်ရေးဦးစီးချုပ်ကြီးမှလူမှုရေး, ဖောက်ပြန်ပြီး၊တရားမဲ့ပြုကျင့်နေသော၊တရားဥပဒေ၏အထက်တွင်ပျက်ရယ်ပြုနေထိုင်ပြီး၊အုပ်စုဖွဲ့, ဆိုးသွမ်းရိုင်းစိုင်းယုက်မာနေသော အကျင့်ပျက်ဝန်ထမ်းများအား အမြန်ဆုံးအရေးယူပေးနိုင်ပါရန်၊, တာဝန်သိ၊ တာဝန်ရှိ သောသူများမှ ဆက်လက်ဖြန့်ဝေ တင်ပြပေးပါ။,


နိုင်ငံအမည်ခေါ်ဝေါ်မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် စိတ်အနှောင့်အယှက်ဖြစ်

$
0
0
Photo..Sun ny (AAP News မှ ၂၃ Nov 2012 ရက်စွဲပါ "Suu Kyi disappointed by naming"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျားအပါအဝင် နိုင်ငံခြားအစိုးရများသည် သူမ၏နိုင်ငံ မူလအမည် Burma အစား ယခင်စစ်ဖက်အုပ်ချုပ်သူများ ရွေးချယ်ခဲ့သော Myanmar ကို သုံးစွဲခေါ်ဝေါ်နေခြင်းအပေါ် စိတ်အနှောက်အယှက်ဖြစ်မိကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။

ကြာသပတေးနေ့က နေပြည်တော်တွင် နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးနှင့်တွေ့ဆုံပြီးနောက် မြန်မာအတိုက်အခံခေါင်းဆောင်က "ဒီနာမည်ကို ပြောင်းခေါ်ချင်တယ်လို့ ပြည်သူတွေကဆုံးဖြတ်တဲ့အချိန်အထိ Burma လို့ပဲ ကျွန်မဆက်လက် ခေါ်ဝေါ်သွားမှာပါ"ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက စစ်အုပ်ချုပ်ရေးအာဏာရှင်စနစ်ကို ဖျက်သိမ်းပြီးနောက် ဒီမိုကရေစီကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် သြစတြေးလျားနှင့် နယူးဇီလန်အစိုးရများက Myanmar ပာူသောအမည်ကို မကြာသေးမီက တရားဝင်အသိအမှတ်ပြုခဲ့ သည်။

သို့ရာတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ၁၅ နှစ်ခန့်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ မြန်မာအတိုက်အခံခေါင်းဆောင် က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုသည် ပြီးစီးရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ပြောကြားသည်။

"ပြင်ပနိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ကျွန်မတို့နိုင်ငံကို အရမ်းကိုအားပေး ထောက်ခံနေကြပါတယ်။ သူတို့အနေနဲ့ ကျွန်မတို့ကို ဘယ်လိုပုံစံနဲ့ အားပေးကူညီကြမလဲဆိုတာကို နဲနဲပိုပြီး ဂရုစိုက်သင့်တယ်လို့ ကျွန်မထင်ပါတယ်"ပာု သူမကဆိုသည်။

"ကျွန်မတို့လိုချင်တာက အစိုးရဗပာိုပြုအကူအညီထက် လူထုဗပာိုပြုအကူအညီတွေသာ ဖြစ်ပါတယ်"ပာု သူမက ရှင်းလင်းပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတလောင်းစာရင်း မဝင်နိုင်အောင် သူမကို တားဆီးထားသော အခြေခံဥပဒေကို လည်း ပြင်ဆင်ရမည်ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးသည် မြန်မာနိုင်ငံသို့ သမ္မတအိုဘားမားလာရောက်ပြီး ရက်ပိုင်းမျှအကြာ တွင် ရောက်ရှိလာခြင်း ဖြစ်သည်။

မြန်မာအာဏာပိုင်များသည် ပြည်သူလူထံ နိုင်ငံတကာအကူအညီများ တိုက်ရိုက်မရောက်စေပဲ အစိုးရလမ်းကြောင်းမှ တစ်ဆင့်သာရောက်ရှိနိုင် အောင် တင်းကြပ်ထားခြင်းဖြင့် အရာရာကိုဆက်လက်လွှမ်းမိုး ထိန်းချုပ်ထားနိုင်ရန် ကြိုးစားနေသည်ပာု ပြည်တွင်းမှအကဲခတ် လေ့လာသူ အချို့မှတ်ချက် ပေးထားသည်။

လက်ရှိအစိုးရအနေဖြင့် Myanmar ပာူသောအမည်နှင့်ပတ်သက်၍ ဆတ်ဆတ်ထိမခံ ရပ်တည်နေခြင်းသည် အနားယူသွားသော အကြီးအကဲပောာင်းကို ဆက်လက်သြဇာခံနေရဆဲဖြစ်ကြောင်း လှစ်ပာပြသရာရောက်နေသည်ပာု ပြည်တွင်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောကြား သည်။

Yangon chronicle


အကြောက်တရား ဟူသည် ဟိုခုန်သည်ကူး ရှိတတ်၏။- ဆောင်းပါးရှင်- လွင်အောင်စိုး

$
0
0
တကယ်တော့ “အကြောက်တရား” မှာ ခြေထောက်မပါလို့ မျောက်လို ဟိုခုန်သည်ကူး လုပ်လို့တော့ မရပါ။ လူရဲ့ မွေးရာပါ သဘာဝ အရည်အသွေးမှာ “အကြောက်တရား” ဆိုတာ မရှိဘဲ လိုချင်ရင် မကြောက်မရွံ့ ယူတတ်တဲ့ သဘာဝပဲ ရှိပါတယ်။ ဒါကြောင့် “အကြောက်တရား” ဟာ လူ့ကိုယ်ပိုင် မဟုတ်။ ပြင်ပက ဝင်လာတဲ့ ပယောဂသာ ဖြစ်ပါတယ်။ ကိုယ်က လက်မခံရင် ဝင်လာလို့ မရပါဘူး။ ကြောက်တတ်သူတွေအတွက်ဆိုရင်တော့ ဧည့်နိုင်ငံသားလို့ ဆိုရမလားပဲ။

ရေးချင်တာကတော့ “အကြောက်တရား” စာတမ်း မဟုတ်ပါဘူး။ ကြောက်အောင် ခြောက်တတ်တဲ့ အကြောင်းလေးပါ။ ကြောက်မှန်းသိ ဖြဲခြောက်တတ်တာလေး ဆိုပါတော့

ကျနော်တို့အစိုးရ လူထုစစ်တမ်း (Public poll) ကောက်ယူပုံလေးက ခပ်ဆန်းဆန်းဗျ... ခပ်ဆန်းဆန်းဆိုတာက နိုင်ငံတကာပုံစံမျိုးကို လက်မခံဘဲ ပြည်ပအားကိုး အဆိုးမြင်ဝါဒကို ဆန့်ကျင်သလိုလို ဘာလိုလိုနဲ့ မြန်မာနည်းမြန်မာ့ဟန်ကို ခင်တွယ်နေတုန်း .. ဖက်တွယ်လို့ မဆုံး ဖြစ်နေသေးလို့ပါပဲ။

လူထုစစ်တမ်း ကောက်ချင်ရင် အခြားနိုင်ငံတွေလို လွတ်လပ်တဲ့ သတင်းဌာနတို့၊ အသင်းအဖွဲ့တို့က ကမကထ လုပ်တာမျိုး မဟုတ်ပါဘူး။ အစိုးရကိုယ်တိုင် အပင်ပန်းခံ လုပ်ယူတာပါ... အဲ.. ရှင်းအောင်ပြောရရင် တခါတည်း ဥပဒေ ထုတ်ပစ်လိုက်တာမျိုး.. သတ္တိကလည်း ကောင်းပါ့။ ဘယ်သူ့မှ ဂရုမစိုက်တာ..။ ပြည်တွင်းမှာ ဆိုတော့။

အရင် စစ်အစိုးရခေတ်ကဆိုရင်တော့ ဘာမပြော ညာမပြော ဥပဒေတခု (သို့) ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တခုကို ကောက်ထုတ်တတ်ပါတယ်.. ကြိုက်ကြိုက် မကြိုက်ကြိုက် ဥပဒေဖြစ်လို့ ဥပဒေ ရေးဆွဲထုတ်ပြန်သူတွေနဲ့ ဥပဒေ ဘက်တော်သားတွေကလွဲရင် ဘယ်သူမဆို လိုက်နာပေးရပါတယ်။ မှတ်မိနေဦးမှာပေါ့။

လူထုစစ်တမ်းအဖြေက တခါတည်း ထွက်လာပါတယ်။ ပြည်သူအားလုံး ဥပဒေကို လိုက်နာရသည်..ပေါ့။ ပြည်သူတွေမှာ အကြောက်တရား ရှိနေရတဲ့ ခေတ်ပေကိုး။

လွှတ်တော် ပေါ်လာတဲ့ ဒီဘက်ခေတ် အဲဒီလောက် အတင့်မရဲသင့်တော့ ဥပဒေကြမ်း ဆိုပြီး ထုတ်လာပါတယ်... သွေးတိုးစမ်းကြည့်တာပေါ့ဗျာ...။ ရရင် ဆက်လုပ်မယ့် သဘောမျိုး။ မရရင် အရှုံးထွက်တော့ လုံးဝ အဖြစ်မခံသလို ရရင်တော့ အမြတ်ပေါ့... အမြတ်ဆိုတာ နည်းနည်းနောနော မဟုတ်မှန်း သိနေကြမှာပါ။ နိုင်ငံရေး၊ လူမှုရေးမှာတင်မဟုတ်... စီးပွားရေးမှာလည်း တခါတည်း အကြုံးဝင်သွားတာမျိုး။ အကျင့်ပျက် ခြစားမှုတွေ ဖြစ်လာရဖို့ “ခွင်” ဆိုလားပဲ။

ဥပဒေကြမ်းအပေါ် လူထုက နည်းနည်း ပူညံပူညံဖြစ်လာရင် လျှော့ပေးသယောင်ယောင်နဲ့ မူရင်းကို မပျက်စေဘဲ နည်းနည်းလေး ပြောင်းပြီး ပြင်ပေးလိုက်တတ်ပါတယ်.. ပြင်လို့ မရရင် အခြားတဘက်က လှည့်ပြီး ချည်နိုင်မယ့် အကွက်ကို ရှာထားပြန်ပါတယ်။ ထင်တောင် မထင်ရဘူးဗျ.. ဥာဏ်ကောင်းတယ် ပြောမလား.. ဥာဏ်နီဥာဏ်နက် ရှိတယ် ပြောရမလားပဲ။

အခြားတဘက်က ပြန်ချည်တယ် ဆိုတာကတော့ အစိုးရက နည်းဥပဒေ၊ အမိန့်၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်၊ စည်းမျဉ်း.. ဘာညာ သာရကာ စသည်ဖြင့် ထုတ်နိုင်ခွင့် ရှိတာမျိုး ....ဒါကို ဥပဒေပြုလွှတ်တော်က ဘာမှ စွက်ဖက်လို့ မရအောင် ဥပဒေ အတည်ပြုပြီးမှ ထုတ်ပြန်တာပါ။ အစိုးရက အကြောက်တရား ပြန်ရှိနေရတော့တဲ့ ခေတ်ဖြစ်လာတာကိုး။

ကျနော် သတိထားမိသလောက် ဥပဒေကြမ်းတွေကို တင်တဲ့သူတွေက စီမံအုပ်ချုပ် (The Executive) မဏ္ဍိုင်က ဝန်ကြီးဌာနတွေချည်း ဖြစ်နေပါတယ်။ ဒါကို ဥပဒေပြု (The Legislature) မဏ္ဍိုင်က လွှတ်တော်အမတ်တွေက ဆုံးဖြတ် အတည်ပြုပေးနေရပါတယ်။

ဥပဒေပြု လွှတ်တော် ရှိနေမှတော့ လွှတ်တော်အမတ်တွေက ဥပဒေကြမ်း မတင်ရဘဲ စီမံအုပ်ချုပ်ဘက်ကချည်း ဥပဒေကြမ်း ရေးဆွဲ တင်ပြနေတာဟာ ဘယ်လို လမ်းကြောင်းကြီးလဲပေါ့... တွေးစရာ.. တွေးစရာ..။ သတ္တိရှိရင်တော့ ထကန့်ကွက်လိုက်ပေါ့ဗျာ..။

အန်ကယ် ဦးဝင်းတင်ဆီက စကားလုံးတချို့နဲ့ မဆလ ဝါဒမှိုင်းကို ယူသုံးရရင် .. “ဒါလားဟဲ့.. မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ” လို့ ဆိုရမလောက်ပဲ။

ဒီမိုကရေစီအကြောင်း ပြောရရင် ကျနော်ကလည်း အာသိပ်ရွှင်တယ်ဗျ.. ဒါကြောင့် စာဖတ်သူအပေါင်း လမ်းမချော်သွားစေရန် အလို့ငှာ ဤနေရာတွင်ပဲ နိဠိတံပါတော့မယ်။


ဆရာမောင်ဝံသ ရေးတဲ့ “ဘယ်သူတွေကို ကာကွယ်ဖို့ ဘယ်သူတွေကို ခြိမ်းခြောက်ဖို့ ဥပဒေလဲ” ဆောင်းပါးကို ဖတ်ရှု ခံစားမိခြင်းပါ။

ချစ်သော ဖဘ သုံးစွဲသူများ ဆက်သွယ်ရေး ဥပဒေကြီးရဲ့ ခြောက်လှန့်ခြင်းမှ ကင်းဝေးကြပါစေ။

လွင်အောင်စိုး
၂၃-၁၁-၂ဝ၁၂
ဆက်စပ် -
မောင်ဝံသ - ဘယ်သူတွေကို ကာကွယ်ဖို့ ဘယ်သူတွေကို ခြိမ်းခြောက်ဖို့ ဥပဒေလဲ
ဆက်သွယ်ရေး ဥပဒေကြမ်း ထုတ်ပြန်ကြေညာ
ဆက်သွယ်ရေး ဥပဒေကြမ်း လာမည့် လွှတ်တော်တွင် တင်မည်


Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>