Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live
↧

ဗမာပြည်၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်း ( ရုပ်/သံ )

$
0
0
ယနေ့လက်ရှိဖြစ်ပျက်နေသော အခြေအနေမှန်များနှင့် ပေါင်းစပ် ရိုက်ယူထားသော ရုပ်သံများဖြင့်တင်ပြထားသဖြင့် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်..

Video.. ( ဖီလော်ဆိုဖာမောင်မြသာ )


↧

" နိုင်ငံတော်ပိုင်မြေ " ဖြစ်သည် မည်သည့်စစ်တပ် ၊မည်သည့်အစိုးရ ၊မည်သည့် ကုမ္ပဏီ ( ခရိုနီ ) မှမကျူးကျော်ရ

$
0
0
photo..Chit Coco
သူတို့ လုပ်ပေးနိုင်ပါတယ်လို့ တော့ ကျွန်မတို့ ဘက်ကို ဆုံးဖြတ်ချက် မချဘူး။အထက်ကိုတင်ပြဖို့ ရန်အတွက်ဘဲ ကျွန်မတို့  ဒီသပိတ်စခန်းရဲ့  ဆုံးဖြတ်ချက်ကိုသူတို့ က လာယူတာ။ လာယူတော့ ကျွန်မတို့  ဒီသပိတ်စခန်းရဲ့ ဆုံးဖြတ်ချက်ကတော့ လက်ပံတောင်းတောင်စီမံကိန်း လုံဝရပ်ဆိုင်းရေး ဆိုတဲ့အထွေထွေသပိတ်ကြီးကို ကျွန်မတို့ သပိတ်မှောက်ခဲ့တာပါရှင်။

သူတို့ က ဘယ်လိုပြောလဲဆိုတော့ ဒီဒေသမှာ သူကပေါ့နော်၊တရုတ်ကိုကျေးဇူးဆပ်ရမယ်တဲ့။ တရုတ်ကတဲ့၊ ကျွန်မတို့ နိုင်ငံကိုတဲ့ မူဆယ်ဘက်ကနေဘာတွေပို့ တာညာတွေပို့ တာနဲ့  လျှောက်ပြောတာပေါ့ရှင်။ မြန်မာနိုင်ငံတဲ့ထမင်းငတ်တဲ့အချိန်တုန်းကတဲ့၊ သူတို့  တရုတ်ကနေ ကျွေးထားခဲ့တဲ့ဟာတွေ အဲဒီ့ကျေးဇူးကို ပြန်ဆပ်ရမယ်ဆိုတာတွေ ပြောတာရှင့်။ ကျွန်မကတော့အဲဒီတော့ ပြောင်ပြောင်ဘဲလေ၊တရုတ်ကို လုံးဝကျေးဇူးမဆပ်နိုင်ဘူး။

ဘာဖြစ်လို့ ကျေးဇူးမဆပ်နိုင်လဲဆိုတော့ ကျွန်မတို့ နိုင်ငံမှာ သယံဇာတတွေ၊ပဲခူးရိုးမတွေ နောက်ပြီးကျတော့ ဒီမှာ ဓာတ်ငွေ့  ပိုက်လိုင်းတွေ၊ရေနံပိုက်လိုင်းတွေ အစစအရာရာကို ကျွန်မတို့ ကနေပြီးတော့တရုတ်ကုတ်သွေးစုပ်သမျှတွေ ကျွန်မတို့ က ခံနေရတာ။ အဲဒါတွေကို ကျွန်မကပြောပြလိုက်တဲ့အခါကျတော့ ဘယ်လိုပြောလဲဆိုတော့ သူက အဲဒါတွေကျရင် တဲ့ သူတို့  ဆုံးဖြတ်ချက်ချလို့  မရဘူးတဲ့။ အထက်ကို တင်ပြပေးမှာပါတဲ့။

သူက အဲဒီလိုဘဲ ပြောသွားတာ၊ ဘာမှ ကျွန်မတို့ အပေါ် အာမခံချက်ပေးသွားတာဘာတစ်ခုမှ မရှိဘူး။

ဝက်မှေးရွာသူ မသွဲ့ သွဲ့ ဝင်း
မြေနဲ့ပတ်သက်ပြီးပြသာနာတွေ ခဏခဏဖြစ်တယ်ဗျာ ကြားရတာများနေပြီ ဒီတော့ နိုင်ငံတော်ပိုင်မြေဆိုတာ နဲ့ပတ်သက်ပြီးရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ခဲ့ဘူး၊ နိုင်ငံတော်ပိုင်မြေ နဲ့ပတ်သက်ပြီး ကျနော်လက်လှမ်းမှီသလောက် အဓိပ္ပာယ်ဖွင့်ရရင်တော့" နိုင်ငံတော်ပိုင်မြေဆိုတာ မြန်မာနိုင်ငံနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေပိုင်ဆိုင်တဲ့မြေပါ " အစိုးရအနေနဲ့ ဒီမြေကို မပျောက်ပျက်စေရေးအတွက် တပ်အင်အားကို အသုံးပြုပြီး ကာကွယ်ရပါတယ်၊ ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်လာရင် ဥပဒေနဲ့ တိတိကျကျကိုင်တွယ်ဖြေရှင်းပေးရပါတယ်။ဒီနေရာမှာ တစ်ခုပြောစရာရှိတာ က နိုင်ငံတော်ပိုင်မြေ ဆိုတာ တပ်မတော်ပိုင်မြေ မဟုတ်ဘူးအစိုးရပိုင်မြေမဟုတ်ဘူး ၊လူတစ်စုတစ်ဖွဲ့ကလဲ ပိုင်ဆိုင်လို့ မရဘူးဆိုတာပါပဲ။

ဒီမြေတွေကို အစိုးရအနေနဲ့သုံးစွဲချင်တယ်ဆိုရင် လွှတ်တော်မှာတင်ပြဆွေးနွေးဖို့လိုအပ်ပါတယ်၊မြေရဲ့ တန်ဖိုး ဒေသခံများ ရဲ့ မြေအပေါ် မှီတည်နေမှု၊ဒီမြေကိုအသုံးချပြီး ရရှိလာမဲ့ အကျိုးအမြတ်အပေါ် ဒေသခံတွေအတွက် ပြန်လည်သုံးစွဲပေးရမဲ့ခွဲတမ်း ဒါတွေကိုတိတိကျကျ သတ်မှတ်ပြီး
လွှတ်တော်မှတဆင့် အများပြည်သူကိုချပြရပါမယ် ၊ပြည်သူအများကျေနပ်အောင် တိတိပပ ဆွေးနွေးပြီး ကျေနပ်လောက်စရာ အဖြေရပြီဆိုမှ အုပ်ချုပ်သူအစိုးရမှ စတင်သုံးစွဲရပါမယ် သုံးစွဲနေစဉ်မှာလဲ လိုအပ်တဲ့ ပွင့်လင်းမြင်သာမှု transparency နဲ့ ပြည်သူကို ပြန်လည်ချပြနိုင်မဲ့ စာရင်းရှင်းတမ်း accountability ရှိပြီး အကျိုးအမြတ်စာရင်းကို ပြည်သူကိုအချိန်မှန်ပြန်လည်ချပြနိုင်ရပါမယ်။

သမိုင်းတစ်လျှောက် မြေကြောင့်လူတွေသေဆုံးခဲ့ရတယ် ၊မြေကြောင့်စစ်ပွဲတွေဖြစ်ပြီး နိုင်ငံမတည်မငြိမ်ဖြစ်ခဲ့သလို အခုလဲ မြေကြောင့်ပဲ ပြည်သူတွေ ဒူးနဲ့မျက်ရည်သုတ်နေရပါတယ် ၊ ဒီအတွက်ကြောင့်ကောင်းမွန်တဲ့ အစိုးရတစ်ရပ်အနေနဲ့ မြေနဲ့ပတ်သက်ရင် မှန်ကန်ပြီးစီစစ်သေချာစွာ ကိုင်တွယ် တက်ဖို့အလွန်အရေးကြီးပါတယ်။ လက်တလောတင်ကြားနေရတဲ့လက်ပံတောင်းတောင် အရေး ၊ ပင်လုံမြို့ အားကစားကွင်း ၊ တောင်ကြီးမြို့မီးပုံးပျံကွင်း ၊ လယ်ယာမြေပြသာနာများ ကစလို့ နောက်ဆုံး ပြည်တွင်းစစ်ဖြစ်နေတဲ့ကချင်ပြည်နယ်အရေး ဒါတွေအားလုံး ဟာ အစိုးရရဲ့မြေအပေါ်ကိုင်တွယ်ပုံညံ့ဖျင်းမှုကြောင့်လို့ပြောရင်လွန်မယ်မဟုတ်ပါဘူး။

ဒါကြောင့်အစိုးရအနေနဲ့ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေရဲ့ " နိုင်ငံတော်ပိုင်မြေ "နဲ့ပတ်သက်တဲ့ မသိနားမလည်မှုအပေါ်မှာ အမြတ်မထုတ်ပါနဲ့ ၊စစ်အရာရှိတစ်ယောက်က၀န်းသွားခတ်လိုက်လို့တပ်ပိုင်မြေဖြစ်သွားရတဲ့ မြေကိစ္ဇ တွေကိုပြန်လည်သုံးသပ်ပေးပါ ၊ ဒေသအသီးသီးရဲ့ အဆင့်ဆင့်သော အစိုးရတွေရဲ့ ရပ်ရွာပိုင်မြေတွေကို သူတို့ အကျိုးအမြတ်အတွက် အသုံးချမှုအပေါ်တာဆီးပေးပါ၊

ဒီမိုကရေစီခေတ်မှာ အရင်းရှင် ဆန်ဆန်စီးပွားရေးသမားတွေရဲ့ မြေလုယူမှု ၊ပေါင်းစားမှုတွေကနေ ပြည်သူတွေကို အကာအကွယ်ပေးပါ ၊ ပါစပ်လေး စကားလေးနဲ့တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေထက် ဒေသမှာရှိတဲ့မြေနဲ့ သံယံဇာတတွေအပေါ် တိုင်းရင်းသားဒေသခံပြည်သူတွေရဲ့ အကျိုစီးပွားအတွက်တွက်ချက်ပြပြီး အလုပ်နဲ့ သက်သေပြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုးကို ရအောင်တည်ဆောက်ပါ လို့တိုက်တွန်းလိုက်ပါတယ် ။

နိုင်ငံသားတိုင်းသီဆိုနေတဲ့ နိုင်ငံတော်သီချင်းထဲက ဒါတို့ပြည် ဒါတို့မြေ ဆိုတဲ့စာသားပါပါတယ် ဒီစာသားကိုအလေးမထားခြင်းဟာ နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးကို အလေးမထားတာနဲ့တူတူပါပဲ ဆိုတာ သတိချပ် စေချင်ပါတယ် ...

" နိုင်ငံတော်ပိုင်မြေ " ဖြစ်သည် မည်သည့်စစ်တပ် ၊မည်သည့်အစိုးရ ၊မည်သည့် ကုမ္ပဏီ ( ခရိုနီ ) မှမကျူးကျော်ရ

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ နိုင်ငံသားများ
ဝင့်ထယ်ကောင်းမြတ်
ရှမ်းပြည်နယ် NLD လူငယ်


↧
↧

တရုပ်ကိုကြောက်နေရတယ်လို. သမတရုံးဝန်ကြီးကပြောဆို (ရုပ်/သံ)

≫ Next: လွှတ်တော် အမတ် ဦးသိန်းညွန့်ပြောတဲ့ မန္တလေးကတရားစီးရင်ရေးမဏ္ဍိုင်ပြိုလဲသွားပြီဆိုတာကို ထပ်မံသက်သေပြလိုက်တဲ့ မန္တလေးအောင်မြေသာစံမြို့နယ်တရားရုံးက ဖြစ်ရပ်တစ်ခု။
$
0
0
Video..Dvb ကျွန်တော်တို.အနေနဲ.တရုပ်ကိုကြောက်နေရတယ်၊ ကြောက်ရတဲ့အချက် (၂) ချက်ရှိပါတယ်တဲ့။

ပထမအချက်က ၈၈ တုန်းက တိုင်းပြည်ပျက်စဉ် စားစရာတောင်မရှိလို.တရုပ်ပြည် မူဆယ်လမ်းကနေ တင်သွင်းပြီး၊ အသက်ဆက်ခဲ့ရတဲ့ကျေးဇူးရှိလို.တဲ့။

ဒုတိယအချက်က နယ်စပ်က ဗ.က.ပ တွေကို တရုပ်အစိုးရကထောက်ပံထားလို. ဗ.က.ပ တွေက လမ်းကြောင်း (၃) ကြောင်းနဲ.ထိုးစစ်ဆင်လာတာကို ပြန်တိုက်နေရလို. အဲဒီအချိန်က တိုင်းပြည်စီးပွားရေးအတွက် ဘာမှမလုပ်နိုင်ခဲ့ဘူးတဲ့၊ နောက်တိန်.ရှောင်ဖိန်အစိုးရတက်လာမှဗ.က.ပ တွေကို ထောက်ပံတာတွေဖြတ်လိုက်မှ အေးသွားခဲ့တာတဲ့။

တရုပ်ကနယ်စပ်တွေမှာ အရင် ဗ.က.ပ တုန်းကလို ဟိုထောက်ပံ၊ဒီဟာထောက်ပံ လုပ်လာခဲ့ရင် ရှေ.ကိုတိုင်းပြည်စီးပွားရေးတွေ မလုပ်နိုင်ပဲ၊ နောက်ပြန်လှည့်နေရမယ်တဲ့။တရုပ်နဲ. ရန်မဖြစ်ရဲဘူးတဲ့။

အခုတောင် မြစ်ဆုံစီမံကိန်းနဲ. စပ်လျဉ်းပြီင်္း တရုပ်ကိုတော်တော်စိတ်ဆိုးနေတယ်တဲ့။


↧

လွှတ်တော် အမတ် ဦးသိန်းညွန့်ပြောတဲ့ မန္တလေးကတရားစီးရင်ရေးမဏ္ဍိုင်ပြိုလဲသွားပြီဆိုတာကို ထပ်မံသက်သေပြလိုက်တဲ့ မန္တလေးအောင်မြေသာစံမြို့နယ်တရားရုံးက ဖြစ်ရပ်တစ်ခု။

$
0
0
လူတစ်ယောက်ကို အချိန်ကာလ သတ်မှတ်ချက် မပါပဲ ထောင်ကျရန် ပြစ်ဒဏ်သတ်မှတ်ခြင်း။ အမိန့်ချပြီးမှ ထောင်သို့တယ်လီဖုန်းဖြင့်လှမ်းဆက်ကာ တရားခံအား ထောင်ဒဏ်နှစ်လ ကျခံစေကြောင်း ထောင်းမှူးသို့ အသိပေးသည်ဟု တရားခံ၏ပတ်သတ်သူများက ပြောကြားသည်။

စီရင်ချက်အား နိုဝင်ဘာလ (၇)ရက်နေ့ကတည်းက လက်နှိပ်စက်ဖြင့်ရိုက်နှိပ်ထားသောလဲ လက်ရေးဖြင့် (၂၁)ရက်ဟု ပြင်ကာ အမိန့်ချမှတ်သည်။

မကြာခင်ရက်ပိုင်းအတွင်း ၎င်းကိစ္စနှင့်ပတ်သတ်၍ သတင်းစားရှင်းလင်းပွဲတစ်ရပ်ပြုလုပ်သွားရန်ရှိကြောင်း သတင်းထောက်များ ၊ သတင်းယူမည့်သူများ ၊ သတင်းပို့ရမည့်သူများအား လက်တို့လိုက်သည်။

မင်းမင်းလတ်


↧

“ဂါရဝ၊နိဝါတနဲ့ နိယာမမှလွတ်မြောက်ကြောင်း”-- ကိုမျိုး(မြန်မာစာ)

≪ Previous: လွှတ်တော် အမတ် ဦးသိန်းညွန့်ပြောတဲ့ မန္တလေးကတရားစီးရင်ရေးမဏ္ဍိုင်ပြိုလဲသွားပြီဆိုတာကို ထပ်မံသက်သေပြလိုက်တဲ့ မန္တလေးအောင်မြေသာစံမြို့နယ်တရားရုံးက ဖြစ်ရပ်တစ်ခု။
$
0
0
ထောင်တွင်းဆယ်ရက်တရားတရားစခန်းမှာသွားရောက်လေ့လာသတင်းယူတဲ့စာနယ်ဇင်းများ

“ကမ္ဘာ့ရဲ့ သမိုင်းကို လေ့လာကြည့်ပါ။ တကယ့်ကို သိက္ခာရှိရှိနဲ့အများအကျိုးအတွက် ရပ်တည်သွားတဲ့သတင်းသမားကြီးများဟာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ် ကြီးများ မဖြစ်ရင်တောင်မှဒီပုဂ္ဂိုလ်တွေဟာအများက လေးစားပြီးတော့ သမိုင်းမှာ နာမည်တစ်လုံးနဲ့ ကျန်ခဲ့ပါတယ်။အဲဒီတော့ ကျွန်မက အဲဒါကို သတိပေး ချင်တာပါ"

'အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
၂ဝ၁၂ အောက်တိုဘာ ၈ ရက်နေ့ ဒီချုပ် (ရုံးချုပ်)မှာ
အမေရိကန် ခရီးစဉ်သတင်းစာ ရှင်းလင်းပွဲမှ ကောက်နုတ်ချက်
...................................................................................................... (၁) 'ဥခွံဟောင်းကိုဖောက်ထွက်ကြ'လို့ ကြွေး ကြော်လိုက်ရင်တော့လက်ခေါက်မှုတ်သံ တရွှီးရွှီး၊ လက်ခုပ်တီးသံတဖြောင်းဖြောင်း အား ပေးသံတွေတညံညံကြားရနိုင်ကောင်းပေ မယ့် တကယ်တမ်းမှာဥခွံဟောင်းလေး ကာရံနေမှ ဘဝလုံခြုံမှုရတတ်တယ်လို့ မြင်ကြ ထင်ကြသူတွေကပိုများတာကို သတိပြုမိ လိုက်ရင်တွေ့မှာအသေအချာပါ။နိယာမလို့ ခေါ်တဲ့အစဉ်အလာလိုက်နာ ဆောင်ရွက်မှု တွေ ကိုသဘာဝပဲလို့ နားလည် သဘောပေါက် ပေးလိုက်ရတာတွေမှာအဆိုးအကောင်း ချိန်ခွင်လျှာဟာ လက်လှည့် ကျွမ်းတဲ့ဈေးသည် လက်ထဲအလေးခိုးခံနေရသလို ကာလတွေကို ကျွန်တော်တော့ဖြင့် နောက်မျိုးဆက်ထံအပါ မခံစေချင်ပါ။ ဒါက ကျွန်တော်ရေးလိုတဲ့ 'ဂါရဝ၊နိဝါတ နဲ့နိယာမကိုလွတ်မြောက် ကြောင်း' ဆောင်းပါးကို ရေးဖြစ်စေတဲ့ စေ့ ဆော်မှု ဆန္ဒ။

“ဂါရဝ ”

ကနေ့ကာလဟာ လူကြီးသူမတွေကို အစဉ်အလာအရ သွားကန်တော့ကြတဲ့အခါသမယပါ။ ကျွန်တော်တစ်ဦးတည်းဆန္ဒ ကတော့ ဒီကာလကို တစ်အားမြတ်နိုးတန် ဖိုးထားနှစ်ခြိုက်ပါတယ်။ အကြောင်းက တစ်နှစ်ပတ်လုံး စားဝတ်နေရေးကိစ္စတွေ နဲ့ လုံးလည်လိုက်နေခဲ့ရာက
ဒီအချိန်ဒီကာလ လေးမှာမှ လူကြီးမိဘကျေးဇူးရှင်တွေကိုဝါကျွတ်ကန်တော့ပန်းလေးမှ မဆင်လိုက်ရရင် စိတ်မှာတစ်နှစ်အကြွေးတင်မိသလို ခံစားရတတ်လွန်းလို့ အစဉ်အလာအဖြစ် ဒီလိုကာလ ဒီလို ဂါရဝပြုမှနေ့ရက်လေး တွင် တွင်ကျယ်ကျယ် ရှိနေခြင်းအတွက်ပါ။ ဒါပေမဲ့ ဒီကာလကို 'ခွင်'တစ်ခုပမာ အသုံးချလာကြ သူတွေရဲ့ ပယောဂကြောင့် 'ဂါရဝ'ဆိုတဲ့ ကျွန်တော်တို့ ရဲ့မွန်မွန်မြတ်မြတ်စကားလုံးဝေါဟာရဟာ အဖျားဆွတ် အခေါ်ခံရကာ အဓိပ္ပာယ်နောက်တစ်မျိုး တိုးသွားရ တာ ကိုတော့ စိတ် မကောင်းဖြစ်ရတဲ့အချိန်တွေက ''သွားဂါပြီးပြီလား"ဆိုတဲ့ စကားသံတွေကို ကြားရတဲ့ အခါမျိုးတွေမှာပါပဲခင်ဗျာ။

“နိဝါတ”

ကျွန်တော့်အကြိုက်စာတွေ၊ တရားတွေ က ကိုယ့်မသိသေး၊မတတ်သေးတာရှိနိုင် ကြောင်း 'နိဝါတ' တရားနဲ့ နှိမ့်ချ ဆိုတတ် တဲ့ စာတွေ၊တရားတွေပဲဖြစ်ပါတယ်။ ၁၉၉၆ ကစတာ။'အမေ'လို့ ကျွန်တော့်ရင်ထဲက ခေါ်ခဲ့တဲ့ ကဗျာတွေမှာ ဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခါစ စာနယ်ဇင်းသတင်း ထောက်တစ်ဦးရဲ့ အမေးစကားကိုအမေစု ပြောကြားလိုက် ရာမှာ "အမေလည်း မှားတတ်တာပဲ"ဆိုတဲ့စကားပါခဲ့သလို နောက် တစ်ဦးကိုဖြေရာမှာလည်း 'အမေမှားရင် သားတို့ပြင်ပေးပေါ့' ဆိုတဲ့ စကားပါဝင် ခဲ့တာကြောင့် ကျွန်တော့်နှုတ်ဖျားကပါ 'အမေ' ဆိုတဲ့ ဝေါဟာရကို 'အမေစု'၊ 'ဒေါ် အောင်ဆန်းစုကြည်' အတွက် ရှောရှော ရှူရှူထွက်လာနိုင်ခဲ့ပါတယ်။ ဒါဟာ 'နိဝါတ'ကြောင့်ပါ။ အမေ့မှာသာ နိဝါတ မရှိခဲ့ရင် ကျွန်တော့်ရင်ထဲမှာရှိနေခဲ့တဲ့ဂါရဝ လည်း ပျောက်သွားနိုင်တယ်ဆိုတာလည်း ကျွန်တော်ကောင်းကောင်း သတိထားတာပဲ။ Asian Fame Media Groupအနေနဲ့ အမေ့ ကို အင်တာဗျူးမလုပ်နိုင်သေးစဉ် ကျွန်တော့် အစ်မရိုက်ပေးတဲ့ အမေနဲ့ ကျွန်တော်အမှတ် တရဓာတ်ပုံလေးက ဒါကို သက်သေခံနေပါ လိမ့်မယ်။ ဒီလိုသာ ''အမေ့စိတ်ထဲမှာ အမှား အကြွေးမထားချင်ဘူး။ မှားတယ်ထင်ရင် ချက်ချင်းတောင်းပန်လိုက်ရမှ စိတ်ရှင်းသွား တာ" ဆိုတဲ့ အမေ့စကားက ၀န်ကြီးချုပ်ဟောင်းဦးဗဆွေနေအိမ်မှာအန်တီဒေါ်ချိုချို ကျော်ငြိမ်းကို ဘေးမှာထားပြီး အမေ့ကို 'အမေ'လို့ နှုတ်မှ အားရပါးရခေါ်လိုက်နိုင် ခဲ့ခြင်းကိုပါ။ နိဝါတရှိသူကို ကျွန်တော်မှ မဟုတ်ပါဘူး။ လူတော်တော်များများ ချစ်ကြ၊အားထားယုံကြည်ကြမှာပါလို့ကျွန်တော်ယုံကြည်ပါတယ်။ သြဇာအာဏာ ရှိနေသူ၊အောင်မြင်ကြီးပွားနေသူတိုင်း 'နိဝါတ' ထားကြည့်ကြဖို့ ခက်ပေမဲ့ ကြိုးစား ထားရှိ ကြစေချင်မိတာကတော့ ကျွန်တော့် စေတနာပါ။

“နိယာမ”

'ဒါမျိုးချည်းပါပဲ'တို့ 'ဒီပုတ်ထဲက ဒီပဲ' တို့ ဆိုတဲ့အမြင်တွေ။ 'ဒါဟာနိယာမပါပဲ၊ ဖြစ်တတ်တဲ့သဘော သဘာဝပါပဲလေ' ဆိုတဲ့ နားလည်ခွင့်လွတ်ပေးမှုတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို အုပ်မိုးထားရုံသာမက အုပ်စိုးဖို့အထိပါ တာစူလာတဲ့စိတ်ဓာတ်တွေ ပါပဲ။ ဒီနေရာမှာ အမေပြောခဲ့တာလေး အမှတ်ရလွန်းလို့ ကျွန်တော်တို့ ဂျာနယ်မှာ တောင် ပြန်ဖော်ပြခဲ့ဖူးတာလေး ပြန်ဝေငှ ချင်တယ်။ ၁၉၉ဝကျွန်တော်တို့ ကျောင်းသား ဘဝက အမေ့ခြံရှေ့မှာ နားထာင်ခဲ့ရဖူးတဲ့ မဟာယဏဇာတ်တော်နဲ့ စပ်နွှယ်တဲ့ အတွေးအမြင်ပါ။ အဖြူမဟုတ်ရင် အမည်း ပဲဆိုတဲ့ အတွေးတွေထဲက 'မဟာယဏဇာတ်' မှာပွဲထွက်လာတာ၊ လောကမှာ အဖြူနဲ့ အမည်းကြားက အညိုရောင်လည်း ရှိနိုင်တာ ပဲဆိုတဲ့ အမြင်အတွေးဒဿနပါ။ အဲဒီ ဒဿနကြောင့် ကျွန်တော်စာနယ်ဇင်းသမား ဖြစ်ခဲ့ကြောင်း ရေးခဲ့ဖူးပါတယ်။ အဲဒီဒဿန နဲ့အတူ အကျဉ်းစံမိဖုရားကြီးဘက်ကနေ ရေးပေးနိုင်မယ့် သတင်းမီဒီယာ လွတ်လပ်ခွင့် ကို ကျွန်တော်ရင်ခုန်ခဲ့ဖူးပါတယ်။ ဒီအတွက် ကနေ့မှာ ကျွန်တော်မလွတ်လပ်သေး ကြောင်းလည်း တွေးမိကာ စိတ်မကောင်းဖြစ် ရပါတယ်။ မီဒီယာလွတ်လပ်ခွင့်ရရုံနဲ့က တော့ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ပဲ ရမှာပါ။ အတွေးအခေါ်လွတ်လပ်ခွင့် ဆိတ်သုဉ်းနေသေးသမျှ ကျွန်တော်တို့ဘဝ တွေ လွတ်မြောက်မှာမဟုတ်ကြောင်း အမေ့ စာပေ၊ စာပေဗဟုသုတဝေငှခဲ့မှု ကျေးဇူးအရ ကျွန်တော်ခံယူထားပါတယ်။ ကျွန်တော်တို့ လွတ်မြောက်ဖို့ အတွေးအခေါ်လွတ်လပ်ခွင့် ဘယ်သူ့ထံ လက်ဖြန့်တောင်းနေမှာလဲ။ တောင်းနေဆဲ၊ တောင်းနေတုန်းဆို နိယာမ လှိုင်းလုံးတစ်လုံးပြီး တစ်လုံးတက်လာနေတာ ကို ငေးငေးငူငူ လက်ခံနေတဲ့ကမ်းခြေဟာ အမှိုက်နဲ့ဒိုက်နဲ့သာ ပျော်မွေ့ရမှာဖြစ်ကြောင်း ကျွန်တော်ကိုယ် ကျွန်တော်သတိအထပ်ထပ် ပေးနေမိပါတယ် ခင်ဗျာ။

(၂) “စေ့ဆော်ခဲ့တဲ့ဆန္ဒ”နဲ့ “ရေးဖွဲ့လိုက်နိုင်တဲ့ ဆောင်းပါး” အဲဒီမှာတောင် ထပ်တူမကျတာ ကျွန်တော်ဝန်ခံပါ တယ်။ စိတ်ထဲရှင်းမှ စာထဲ ရှင်းမှာဖြစ်လို့ စိတ်ရှင်းအောင်ထားတဲ့တိုင် စာထဲ မရှင်းနေနိုင်တာကျွန်တော့်အားနည်း ချက်ပါ။ ဂါရဝ၊ နိဝါတနဲ့ နိယာမမှလွတ်မြောက်ကြောင်းဆိုတဲ့ ကျွန်တော်တင်ပြမှု ကို နိဂုံးပိုင်းအဖြစ်ရေးဖို့အမေ့ထံမှာ ကျွန်တော်ခွင့်ပန်၊ခွင့် တောင်း(ကျွန်တော့် စာအုပ်အတွက် မီဒီယာသမားတို့ ပတ်သက်တဲ့အမေပြောခဲ့ဖူးတဲ့ စကားသုံးခွင့်ပြုဖို့ ခွင့်တောင်း)ထားတဲ့ 'အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၂ဝ၁၂ အောက်တိုဘာ ၈ ရက်နေ့ ဒီချုပ် (ရုံးချုပ်)မှာ အမေရိကန် ခရီးစဉ်သတင်းစာ ရှင်းလင်းပွဲမှ ကောက်နုတ်ချက်စကား'ကို ဖော်ပြလိုပါတယ်။ ဖော်ပြချင်တာကစာနယ် ဇင်းတွေဟာ ပြည်သူလူထု ယုံကြည်ကိုးစားသူတွေဖြစ်ဖို့ 'စံပြ'မဖြစ်နိုင်ရင်တောင် အနည်းနဲ့အများ စံပြုနိုင်သူတွေ ဖြစ်နိုင်အောင် သတိမူကြဖို့ သင့်ချိန်တန်ပြီဖြစ်တဲ့ အတွက်ပါ။ ဖတ်ရှုကြည့်ပေးကြပါခင်ဗျား။

“ကျွန်မတို့နိုင်ငံ တိုးတက်ရေးအတွက် ဆိုလို့ရှိရင် မှန်ကန်တဲ့သတင်းဖြန့်ချိရေးက အင်မတန်မှအရေးကြီးပါတယ်။ မှန်ကန် တဲ့သတင်းဖြန့်ချိရေးဆိုတာ သတင်းက မှန် ရမယ်။ သတင်းကို ပြန့်သင့်တဲ့အတိုင်းအတာ အထိ ပြန့်အောင်လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒါက မီဒီယာတွေလုပ်ရမယ့်ကိစ္စပါ။ အခု သတင်းထူး၊သတင်းဦးဆိုတဲ့စကားကို အမှန် ပြောရရင် ကျွန်မမကြိုက်ပါဘူး။ သတင်းဆို တာဟာ တစ်ခါတလေမှာမထူးရင်လည်း အရေးကြီးတဲ့သတင်းရှိတတ်ပါတယ်။ ထူးမှ သတင်းက အရေးကြီးတာမဟုတ်ပါဘူး။ သတင်းထူးဆိုတဲ့အဓိပ္ပာယ်က အများအား ဖြင့် ပြောတာက ဖတ်ချင်တဲ့သူကို မျက်စိကျ သွားအောင်စာလုံးအမည်းကြီးတွေ တွေ့ လိုက်လို့ရှိရင် ဒါ ဖတ်ချင်စရာပဲဆိုပြီး ဂျာနယ်ကို၊ မဂ္ဂဇင်းကို ဝယ်ချင်အောင်ပေါ့ နော်။

အဲဒီလို သတင်းထူးတွေကို ပြောတာ မဟုတ်ပါဘူး။ တကယ်ပြည်သူလူထုတွေ သိသင့်တဲ့ သတင်းကောင်း၊ သတင်းမှန်တွေကို ထည့်ဖို့က အရေးကြီးပါတယ်။ နောက် သတင်းဦးပေါ့။ သတင်းဦးအောင်လုပ်တာ ကလည်းဒါဟာ သတင်းထောက်လောကမှာ လုပ်ပိုင်ခွင့်ရှိတဲ့ကိစ္စပါ။ ကိုယ်က သတင်းဦး တယ်ဆိုတော့ ဘာပဲပြောပြော ကိုယ်တစ်ပန်း သာသွားတာပေါ့။ လူ့လောကကြီးမှာ တစ်ပန်း သာသွားတာ ဘာဆိုးလို့လဲ။ ဒါပေမဲ့ တစ် ပန်းသာ သူများကိုထိခိုက် သွားနိုင်တယ်ဆိုလို့ရှိရင် မကောင်းဘူး ပေါ့။ အဲဒီတော့ ဒီသတင်းကဦးအောင်လုပ်ရင်း နဲ့ သတင်းမမှန်ဘူးဆိုလို့ရှိရင် ကျွန်မတို့နိုင် ငံကို အကျိုးမပြုပါဘူး။ အဲဒီတော့ ကျွန်မ ကတော့အခု ကျွန်မတို့နိုင်ငံ တိုးတက်ရေး အတွက် ဝိုင်းပြီးတော့ လုပ်တဲ့နေရာမှာ သတင်း လောကက အင်မတန်မှအရေးပါ တယ်ဆို တာကို သတိပေးချင်ပါတယ်။ ကိုယ့် အရေး ပါမှုကို တာဝန်သိမှုလို့ သုံးစေချင်ပါ တယ်။

"တချို့က သြဇာရသွားပြီဆိုလို့ရှိရင် ဒီသြဇာကို အလွဲသုံးစားလုပ်လာကြတယ်။ ဒါဟာ အစိုးရထဲမှာတင် မဟုတ်ပါဘူး။ ကဏ္ဍတိုင်းမှာ ရှိတတ်ပါတယ်။ ကဏ္ဍတိုင်း ဆိုတော့ မီဒီယာလောကမှာလည်း ရှိတတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့သြဇာကို အလွဲသုံးစားမလုပ်ကြပါနဲ့။ တာဝန်သိသိနဲ့ သုံးပါ။ တာဝန်သိသိနဲ့သုံးလို့ရှိရင် ကိုယ့် နိုင်ငံအတွက် ဂုဏ်သိက္ခာရှိဖို့တင်မကဘူး ကိုယ့်ကိုယ်တိုင် ရဲ့ ဂုဏ်သိက္ခာလည်း အများကြီးရှိရမှာပါ။ ကမ္ဘာ့ရဲ့ သမိုင်းကို လေ့လာကြည့်ပါ။ တကယ့်ကို သိက္ခာရှိရှိနဲ့ အများအကျိုးအတွက် ရပ်တည်သွားတဲ့ သတင်းသမားကြီးများဟာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ် ကြီးများ မဖြစ်ရင်တောင်မှ ဒီပုဂ္ဂိုလ်တွေဟာ အများက လေးစားပြီးတော့ သမိုင်းမှာ နာမည်တစ်လုံးနဲ့ ကျန်ခဲ့ပါတယ်။

အဲဒီတော့ ကျွန်မက အဲဒါကို သတိပေး ချင်တာပါ"အဲဒါ အမေသတိပေးတဲ့ စကားပါ။

အချင်းချင်းစောင်းမြောင်း ရန်ဖြစ်နေတာတွေ၊ တစ်ဖက်သားအပေါ် ဝေဖန်ဆန်းစစ်မှုမပါ အသားလွတ် အပြစ်ဆိုရေးသား ဖော်ပြ ချင်လွန်း တာတွေ ၊ စောင်ရေတက် ဖို့ဆို ဘယ်အကြောင်းအရာမှမထောက်မညှာ မငဲ့ကွက်တာ တွေနဲ့ စတဲ့ စတဲ့"စာနယ်ဇင်း သမားတွေဆိုဒီလိုမျိုး ချည်းပဲ"လို့ အမြင်ခံရမှု ဥခွံဟောင်း(တစ်နည်းဆိုရရင် နိယာမ)ကနေကျွန်တော်တော့ လွန်မြောက် လွတ်မြောက် နေချင်ကြောင်းပါခင်ဗျာ။

ကိုမျိုး(မြန်မာစာ)
၁၈-၁၁-၂ဝ၁၂


↧
↧

ကျော်ဖြတ်ရအုန်းမည့် ခလုတ်ကသင်းများ

$
0
0
(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်မှ ဖက်ဒရယ် စနစ်ကျင့် သုံးနိုင်မည် )

ဒေါ်စုပြောခဲ့တဲ့ စကားနဲ့ စချင်ပါတယ်။ အပြောင်းအလဲတိုင်းမှာ အခက်ခဲဆုံး အချိန်ကတော့ အောင်မြင်မှုကို မြင်နေရပြီလို့ ထင်ကြတဲ့ အချိန်ပါပဲ။ အဲဒီအချိန်မှာ ကျွန်မတို့ဟာ အောင်မြင်မှု ပုံရိပ်ရဲ့ လှည့်ဖျားမှုကို မခံရဖို့ အင်မတန့်ကို သတိထားရပါမယ် လို့ သမ္မတ အိုဘားမားနဲ့တွေ့ဆုံပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အခက်အခဲတွေကို ကျော်ဖြတ်ချိန်မှာ အမြင်ကို လှည့်ဖျားနိုင်တဲ့ တံလျှပ်တွေ လမ်းခရီးတလျှောက် အများကြီး ရှိုနေအုန်းမှာပါ။

ဒါနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြသူတွေရဲ့ စာတွေကို ဖတ်ကြည့်ပြီး မျှဝေချင်လာပါတယ်။ မှန်တယ်မှားတယ်ဆိုတာထက် စဉ်းစားစရာလေးတွေကိုပါ။

အမေရိကန်သမ္မတ ဘီလ် ကလင်တန် လက်ထက်မှာရော၊ ဂျော့ဘုရှ် လက်ထက်မှာပါ မြန်မာခေါင်းဆောင်တွေကို အမေရိကန်နိုင်ငံကိုပြည်ဝင်ခွင့်မပေးခဲ့တဲ့အထိ နာမယ်ပျက်စာရင်းသွင်းပြီး ကြဉ်ထားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ သမ္မတကတော် လော်ရာဘုရှ်က မြန်မာအရေးကို စိတ်ဝင်စားတဲ့အတွက် ၀င်ရောက် ပါဝင်ခဲ့ပြီး မြန်မာ့အရေးကို ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ ပိုတွေ့လာရပါတယ်။

အခု သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်ဖြစ်လာတဲ့အထိပြောင်းလဲလာတဲ့ ဆက်ဆံရေးက နိုင်ငံတကာကိုလည်း မြန်မာနဲ့ ဆက်ဆံနိုင်ဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ ပြောင်းလဲမှု ရေချိန် ဘယ်လောက်ရှိမလဲ။ဒေါ်အောင်ဆန်းစုကြည်က တံလျှပ်တွေကို သတိထားဖို့ ပြောနေ သလိုပဲ ကျွန်းကျင်သူ ပညာရှင်တွေက စိုးရိမ်ဖွယ်ရာ ခလုတ်ကသင်းတွေ ရှိနေတဲ့အကြောင်း ထောက်ပြကြပါတယ်။

ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ သတင်းပတ်တွေကပဲ အမေရိကန် ဒေါ်လာ ၂၄၅ သန်းတန် အကူအညီပေးရေးအစီအစဉ်တခု မြန်မာနိုင်ငံ အတွက်ကြေငြာခဲ့ပါတယ်။ အလားတူပဲ နော်ဝေနိုင်ငံကလည်း လာမဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံကို ဦးစားပေး ပြီး အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းတဲ့အထိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ် ညတွင်းချင်း အကောင်းမြင်လာကြတာတွေ ရှိလာပါတယ်။

ဒီနေရာမှာ နိုင်ငံရေးတင်မကပဲ စီးပွားရေးရင်းနှီးမြုပ်နှံမှုအတွက် ယုံကြည်မှုတိုးလာနေရာမှာ ဥပမာ ဂျပန် ဆူဇူကီး ကုမ္ပဏီက မော်တော်ဆိုင်ကယ်ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ဆောက်ဖို့၊ ကိုကာကိုလာက လာမယ့် ၃ နှစ်အတွင်း ဒေါ်လာသန်း ၁၀၀ ဖိုး ရင်းနှီးမြုပ်နှံဖို့၊ အလားတူ ပြိုင်ဖက် ပက်စီကိုလာကလည်း အပြိုင်ဝင်ရောက်လာပါတယ်။ ဗီဇာ၊ မာစတာ အကြွေးဝယ်ကဒ်တွေနဲ့ အနောက်နိုင်ငံ၊ ဂျပန်တို့ရဲ့ ငွေကြေးကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ အသီးသီး တာဆူနေကြပါပြီ။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီအကုန်လုံးနီးပါးက မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အများဆုံးထွက်တဲ့ နေရာအသစ်တခုဖြစ်နိုင်တယ်လို့ ခန့်မှန်းပြီး အပြိုင်အဆိုင် ၀င်ရောက်တူးဖော်နိုင်ရေး ကြိုးပန်းနေတာကိုလည်း တွေ့ရပါတယ်။ ဒီနှစ်ဆန်းပိုင်းကပဲ မြန်မာစွမ်းအင် ၀န်ကြီးဌာနက အရာရှိတချို့က မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့ အနေအထားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ အဓိကထုတ်တဲ့ နိုင်ငံတွေနဲ့ ယှဉ်နိုင်တယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီလို အကောင်းမြင်စရာမျှော်လင့်စရာ အခြေအနေတွေ ရှိနေသလိုပဲ စိန်ခေါ်မှုတွေက လည်း မနည်းလှပါဘူး။

သတင်းမီဒီယာလောကကို ဖွင့်ပေးလိုက်တဲ့အတွက်တော့ ချီးကျူးစရာပါ။ လာအိုတို့ ဗီယက်နမ်တို့နဲ့ စာရင်တောင် မြန်မာက သတင်းလွတ်လပ်ခွင့် ပိုရနေတယ်လို့ ပြောနိုင်ပါတယ်။ နိုင်ငံတကာ NGOတွေကို ပြန်လာခွင့် ပေးထားတဲ့ အတွက်လည်း အတိုင်းအတာတခုအထိ လူမှုရေး လှုပ်ရှားမှုတွေ လွတ်လွတ်လပ်လပ် လုပ်လာတာကို တွေ့ရပါတယ်။

ဒီလောက်ဖြစ်လာနေချိန်မှာ ဘာကြောင့်များ စိုရိမ်မကင်းဖြစ်နေရသေးသလဲလို့ မေးစရာ ရှိပါတယ်။

အဓိကအချက်ကြီးတခုကတော့ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးကို မရယူနိုင်သေးတာပါ။ အထူးသဖြင့် ကချင်နဲ့ ရခိုင်ဒေသမှာ တည်ငြိမ်မှုမဲ့နေတဲ့ အဖြစ်က ကြီးမားတဲ့ ပြဿနာတရပ်ပါ။ စစ်တပ်ခေါင်းဆောင်ကြီးတွေ အနားယူသွားပြီ ဆိုပေမဲ့ စစ်တပ်က အာဏာမရှိတော့ဘူးလို့ ပြောလို့ မရပါဘူး။

မြန်မာကို ဗီယက်နမ်ရဲ့ ၈၀ ပြည့်လွန်နှစ်တွေက အခြေအနေတွေနဲ့နှိုင်းယှဉ်ကြပါတယ်။ မြန်မာဟာ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့အတွက် ၀ယ်သူအရေအတွက်များတဲ့ ဈေးကွက်တခုဖြစ်တာ မှန်ပါတယ်။ လုပ်အားခဈေးပေါတာ၊ သဘာဝ သယံဇာတ ကြွယ်တာ၊ ကမ္ဘာ့ အမြန်ဆုံး ဖွံ့ဖြိုးလာနေတဲ့ စီးပွားရေးအင်အားကြီး ၂ခုအကြား ရှိနေတဲ့ ပထ၀ီအနေအထားကလည်း ရှိပါတယ်။ ဒါပေမဲ့ မလေးရှားတို့ အင်ဒိုနီးရှားတို့ ထိုင်းတို့နဲ့ မတူတဲ့အချက်က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်က ဆက်လက် ဖြစ်ပွားနေပြီး လတ်တလော ရပ်မဲ့ပုံမတွေ့ရဘူးလို့လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ထက်ဝက်လောက်မှာ လိုအပ်တဲ့ လမ်းတံတား၊ ရထား၊ အဆောက်အဦတွေ၊ လျှပ်စစ်မီးတွေ၊ မရှိပါဘူး။ မြန်မာ့အိမ်နီးချင်းနိုင်ငံ မလေးရှား၊ ထိုင်း၊ တရုတ်တို့ကို လာပြီး ရင်းနှီးမယ်ဆိုရင်တော့ ဒါတွေက အဆင်သင့် ရှိနေပါတယ်။ ပိုဆိုးတာက မြန်မာအစိုးရဟာ အိမ်နီးချင်း နိုင်ငံတွေလို မြန်မာပြည်အနှံ့ကို ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ အချက်ပါ။

ရေနံ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်သတ္တုတွေရှိနေတဲ့ အဲဒီဒေသတွေကို မထိန်းချုပ်နိုင်ဘဲနဲ့တော့ ရင်းနှီးမြုပ်နှံသူတွေ အတွက် အန္တရာယ်က ကြီးလွန်းနေပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို လက်တွေ့ကျကျ တည်ထောင်နိုင်သေးတာ မရှိသေးတဲ့အတွက်လည်း ဒေသကထွက်တဲ့ သဘာဝ သယံဇာတကို ထုတ်ယူရာမှာ အတိုက်အခံတွေက များနေအုန်းမှာပါ။

နိုင်ငံရဲ့ အတိုက်အခံ ပါတီတွေမှာလည်း စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာ မူဝါဒချမှတ်ရေးတွေမှာ အတွေ့အကြုံ နဲပါးနေတယ်လို့ ဆိုပါတယ်။ ဒီကြားထဲမှာ လဘ်စားမှုမှာဆိုရင်လည်း မြန်မာနိုင်ငံကို ကမ္ဘာ့ ဒုတိယ အဆိုးဝါးဆုံးနိုင်ငံအဖြစ် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ကဖော်ပြထားပါတယ်။ စစ်အစိုးရရဲ့ ညံ့ဖျင်းလှတဲ့ စီမံအုပ်ချုပ်မှုတွေကြောင့် ပညာရေးအဆင့် နိမ့်လွန်းနေတဲ့ မြန်မာနိုင်ငံမှာ လူ့အရင်းအမြစ်တွေ၊ ကျွန်းကျင်သူတွေ နဲပါးနေရာမှာလည်း အာဖရိကနိုင်ငံနဲ့ နှိုင်းယှဉ်လို့ ရတဲ့ အဆင့်မှာ ရှိနေပါတယ်။

ဒါကြောင့် နိုင်ငံတကာက ဘယ်လောက်ပဲ လာချင်ချင် ဒီလိုအပ်ချက်တွေကိုပြုပြင်ဖို့ အချိန်လိုနေအုန်းမှာ မို့ အများမျှော်လင့်ထားသလို ချက်ချင်းတော့ရွှေပဒေသာပင် ပေါက်နိုင်လောက်အုန်းမှာမဟုတ်ဘူးလို့ လေ့လာသူ ပညာရှင်တချို့ရဲ့ သုံးသပ်ချက်တွေကို စုစည်း တင်ပြလိုက်ပါတယ်။

(M)Burma-Newselite


↧

နောက်ဆုံးနှုတ်ဆက်စကား ( ဒေါ်စု အင်တာဗျူး -အိန္ဒိယ )- ဘာသာပြန်- Spring Flowers

$
0
0
ဗီဒီယိုနဲ့ စာသားမူရင်း   http://www.ndtv.com/article/india/full-transcript-my-farewell-message-for-my-husband-was-too-late-says-aung-san-suu-kyi-to-ndtv-292831


  • NDTV ။         ။ သူမဟာ ကမ္ဘာပေါ်မှာ အလေးစားခံရဆုံးစံပြနိုင်ငံရေးသမားတွေထဲမှာ ဒက်ထိ ပါဝင်ပါတယ် ။ လူတစ်ယောက်ရဲ့စွမ်းဆောင်ရည်အား ၊ မျှော်လင့်ချက်အားတွေရဲ့ ပြယုဂ်ပါဘဲ  ။ သူမခင်ပွန်းဟာ သူကိုယ်တိုင်တည်းဖြတ်ခဲ့တဲ့ စာအုပ်မှာ တခါက ပြောဖူးပါတယ် .....သူမဟာ '' မကြောက်ခြင်း '' ရဲ့ ပြယုဂ်ပါတဲ့ ။ ဒီနေ့ ကျမတို့ ဒေလီမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးခွင့်ရတာ ဂုဏ်ယူပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ရှင့်....ဒေလီမှာလုပ်ခဲ့တဲ့ ဒေါ်စုရဲ့အံ့မခန်းကောင်းမွန်လှတဲ့ နေရူးအထိမ်းအမှတ်မိန့်ခွန်းကို နားထောင်ရတာ ကျမတို့အားလုံး စိတ်လှုပ်ရှားကြည်နူးခဲ့ရပါတယ် ။ ကျမတကယ်အံ့သြမိတာက ဒေါ်စုဟာ နိုင်ငံရေးကို ကျင့်ဝတ်တစ်ခုလို သဘောထားနိုင်သေးတာကိုပါဘဲ ။ တကမ္ဘာလုံးမှာ နိုင်ငံရေး နဲ့ နိုင်ငံရေးသမားတွေကို လူတွေက အဆိုးမြင် အယုံအကြည်မဲ့တာတွေ များလွန်းနေချိန်မှာ ဒေါ်စုက နိုင်ငံရေးကို ကျင့်ဝတ်တစ်ခုလိုကို ပြောနေနိုင်သေးတယ်နော် ။  နိုင်ငံရေးအပေါ်မှာ ဒေါ်စုရဲ့ ယုံကြည်မှုမပျောက်ပျက်အောင် ၊ အမြဲတမ်းကျင့်ဝတ်သိက္ခာနဲ့အညီ ပြုမူဆောင်ရွက်တတ်သူဖြစ်နေသေးအောင် ဘယ်အရာကများ ထိန်းထားပေးပါသလဲ ။
  • Suu ။           ။ ကျမအနေနဲ့ နိုင်ငံရေးကို အဲဒီပုံနဲ့ကလွဲလို့ တခြားနည်းနဲ့ မမြင်တတ်တာကြောင့်လို့သာ ထင်မိပါတယ် ။ ကျမကို ငယ်ငယ်ကတည်းက သင်ပေးလိုက်ကြတဲ့ နိုင်ငံရေးအပေါ်မြင်ပုံမြင်နည်းက .....နိုင်ငံရေးဆိုတာ ကိုယ်ကျင့်တရားရယ် ၊ တာဝန်ရယ် ၊ ပြည်သူကို အလုပ်အကျွေးပြုတာရယ်နဲ့ ပတ်သက်တယ်လို့ပါ ။ ဒီတော့ ကျမလည်း ဒီပုံအတိုင်းဘဲ တွေးမြင်တတ်လာခဲ့တယ်ဆိုပါတော့ ။ ခုမှ ပြောင်းဖို့ဆိုတာ ကျမ အနေနဲ့ အသက်ကြီးလွန်းနေပါပြီ ။

  • NDTV ။ ။ ဒီတိုက်ပွဲတလျောက်လုံးမှာ ယုံကြည်ချက်မဲ့တာမျိုး မရှိခဲ့ဖူးဘူးလား ။ စိတ်ပျက်လာတာ အဆိုးမြင်လာတာမျိုးပေါ့ ။ ဒေါ်စုဘ၀မှာ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ အချိန်တွေ ကြုံခဲ့ရတယ်လေ ။
  • Suu ။            ။ ဟုတ်ပါတယ် ။ ဒါပေမယ့် ကျမလုပ်နေတာ နိုင်ငံရေးလေ ။ နောက်ဆုံးတော့ နိုင်ငံရေးသမားတိုင်းဟာ ပြသာနာတွေကို ဘယ်လိုချဉ်းကပ်ဖြေရှင်းမယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရတာချည်းပါဘဲ ။ တခြားနိုင်ငံရေးသမားတွေ နိုင်ငံရေးကို ဘယ်လို လုပ်တယ် .....သူတို့လုပ်ရပ်က ကျမအပေါ်မှာ သက်ရောက်မှုရှိခဲ့တယ် ဆိုရင်တောင် ဒါက သူတို့ကိစ္စပါ ၊ ။ ဒါပေမယ့် ဒါက ကျမသူတို့နဲ့တူအောင်လိုက်ပြီးကျင့်ကြံရမယ်လို့ မဆိုလိုပါဘူး ။ ဒါမှမဟုတ်လည်း ကျမနေသလို တခြားလူတွေက မနေလို့ ကျမက ကိုယ့်ဘ၀ကို ပြောင်းလဲပစ်ရမယ်လို့ မဆိုလိုပါဘူး ။

  • NDTV ။        ။ ပုဂိုလ်ရေးစွန့်လွှတ်မှုဟာ နိုင်ငံရေးခေါင်းဆောင်တွေကို သာမန်တည်ငြိမ်တဲ့အချိန်တွေမှာ မရတတ်တဲ့(ပြည်သူအပေါ်) စိတ်ဓါတ်သြဇာလွှမ်းမိုးနိုင်မှုမျိုး ပေးတတ်တယ်နော် ။ ပုဂိုလ်ရေးဆုံးရှုံးလိုက်ရတဲ့ မယုံနိုင်စရာကာလတချို့ကို ဒေါ်စုဖြတ်သန်းခဲ့ရတယ်......နောက်ဆုံးအဆင့်အသည်းအသန်ဖြစ်နေတဲ့ ခင်ပွန်းကို မတွေ့နိုင်ခဲ့တာ ၊ အမေတစ်ယောက်အနေနဲ့ ကလေးနှစ်ယောက်နဲ့ ခွဲခဲ့ရတာ ၊ အိမ်အကျယ်ချုပ်ကျတာမျိုးတွေပေါ့ ။ ဒါပေမယ့် နေရူးမိန့်ခွန်းထဲမှာ ဒေါ်စုကပြောတယ်နော် ......ကိုယ့် စွန့်လွှတ်မှုတွေအပေါ်မှာ သိပ်အကျယ်တ၀င့်လုပ်မနေသင့်ဘဲ ကိုယ့်ကိုချစ်တဲ့သူတွေ ၊ ကိုယ့်ကို သွားခွင့်ပေးလိုက်တဲ့သူတွေရဲ့ စွန့်လွှတ်ခြင်းအပေါ်မှာ ပိုပြီးအာရုံထားသင့်တယ် .....အဲဒီလူတွေရဲ့ ရွေးချယ်မှုတွေ ၊ စွန့်လွှတ်မှုတွေဟာ ပိုပြီးခက်ခဲတတ်မယ့် ကိုယ့်ကို ချီးကျူးကြသလောက် ၊ ဟီးရိုးအဖြစ်သဘောထားကြသလောက် သူတို့လုပ်ပေးခဲ့တာကြတော့ သိပ်အရေးတယူပြောလေ့မရှိကြဘူး တဲ့ ။ ဒေါ်စုမိသားစုရဲ့ စွန့်လွှတ်မှုဟာ ဒေါ်စုစွန့်လွှတ်ခဲ့ရတာထက် ပိုခက်တယ်လို့ နားလည်ထားတယ်ပေါ့ ။

  • Suu။         ။ ကျမ မိသားစုရယ် လို့ တွေးပြီးပြောခဲ့တာမဟုတ်ပါဘူး ။ အမှန်ပြောရရင် ကျမ မိသားစုအတွက်က ပိုလွယ်မလားဘဲ .....ဘာကြောင့်လဲဆိုတော့ သူတို့မှ မြန်မာပြည်မှာ မနေတာလေ ။ မြန်မာတွေလည်း မဟုတ်ကြဘူး ။ ကျမတို့ လုပ်ဖော်ကိုင်ဖက် ထောင်ကျကြသွားတဲ့သူတွေရဲ့ မိသားစုတွေဆို မနည်းကို ရုန်းကန်ကြရတယ် ။ တချိန်လုံး စစ်အစိုးရရဲ့ ခြောက်လှန့်ခံနေရတယ် ။ တချိန်ထဲမှာလည်း ထောင်ကျနေတဲ့ ခင်ပွန်း ၊ ဖခင် ၊ ဇနီး ၊ ညီမ စတာတွေကိုလည်း ထောက်ပံ့ဂရိုစိုက်ရသေးတယ် ။ သူတို့အတွက် ဘ၀က တကယ်ခက်ခဲခဲ့တာပါ ။ ဒါပေမယ့် ဘယ်သူကမှ မယ်မယ်ရရ အသိအမှတ်မပြုခဲ့ကြဘူးလေ ။
  • NDTV ။        ။ ဒီလိုဆိုတော့ တနည်းပြောရရင် ကိုယ့်ပါတီလုပ်ဖော်ကိုင်ဖက်တွေရဲ့အခြေအနေ ၊ ထောင်ထဲလူတွေရဲ့အခြေအနေတွဟာ ပိုဆိုးတယ်လို့ ကိုယ့်ကိုယ်ကို အမြဲသတိပေးပြောနေပြီး ကိုယ့်မှာ ဖြစ်နေတာတွေကို လက်ခံနိုင်ခဲ့တယ်ပေါ့ ။ ဒီလိုတွေးပြီး လက်ခံနိုင်ခဲ့တာလား ။
  • Suu ။       ။ အဲလိုတော့ မဟုတ်ပါဘူး ။ ကိုယ့်အခြေအနေကို လက်ခံဖို့တမင်ကြိုးစားတာတို့ ၊ နားလည်ဖို့အတင်းကြိုးစားတာတို့ လုပ်ခဲ့တာမဟုတ်ပါဘူး ။ အရှိကို အရှိအတိုင်း သိထားလိုက်တဲ့သဘောပါ ။ ကျမ ပါတီဝင်တချို့ရဲ့ မိသားစုတွေဟာ ဆိုးဆိုးရွားရွားအချိန်တွေကို တကယ်ဘဲ ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့အချက်ကို လက်မခံလို့မှ မရတာဘဲလေ ။

  • NDTV ။         ။ ဒေါ်စုခင်ပွန်း မိုက်ကယ်အဲရစ်စ်တည်းဖြတ်ပြီး ဒေါ်စုကိုယ်တိုင် မိတ်ဆက်စကားရေးခဲ့တဲ့ '' ကြောက်ရွံ့ခြင်းမှာ လွတ်ကင်းရေး ''ကို ဖတ်ကြည့်တော့ အဲဒီမှာ မိုက်ကယ်က ဒေါ်စုနဲ့သူ တွေ့ပုံ ၊ လက်ထပ်ဖြစ်ပုံကို ရေးထားတယ်နော် ......ဒေါ်စု ပြောခဲ့တယ်တဲ့.......တိုင်းပြည်ကို မိသားစုထက် ပိုပြီးရှေ့တန်းတင်ရမယ့်နေ့တစ်နေ့ ရောက်လာနိုင်တယ် ၊ အဲဒီအချိန်မှာ သူ့ရဲ့မေတ္တာနဲ့ ပံပိုးမှုးကို လိုလိမ့်မယ် ။ ဒီတော့ သူလည်း အဲဒီအတွက် စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ထားရမယ်လို့လေ ။ မိုက်ကယ်အတွက် အဲဒါ ဘယ်လောက်များခက်ခဲခဲ့မယ်လို့ ဒေါ်စု ထင်သလဲ ။
  • Suu။      ။ အင်း....သူက ပြင်ဆင်ထားတယ်ဆိုတော့လည်း...........
  • NDTV ။      ။ ဒီလို အဖြစ်မျိုးကို ပြင်ဆင်ထားလို့ တကယ်ရနိုင်လို့လား ။
  • Suu။      ။ လုံးဝကြီးတော့ ဘယ်ဟုတ်ပါ့မလဲ ။ တကယ်မဖြစ်သေးသရွေ့ ကိစ္စတစ်ခုအတွက် လုံးဝပြင်ဆင်ထားတယ်ဆိုတာ ရှိမှ မရှိတာ ။ ဒါပေမယ့် သူ့အတွက် ဒါက အံသြစရာတစ်ခုအနေနဲ့ရောက်လာခဲ့တာတော့ မဟုတ်ပါဘူး ။



  • NDTV ။      ။ ဒေါ်စု ခဏ ခဏပြောခဲ့တယ်နော် ...... ဒါဟာ ရွေးချယ်မှုတစ်ခုကို လုပ်နေတာတဲ့ ။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ မြန်မာပြည်မှာနေပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ဖို့ ဒေါ်စု ရွေးချယ်ခဲ့တယ် ။ ဒါပေမယ့် လူသားတိုင်းဟာ ကိုယ်လုပ်တာအပေါ်မှာ သံသယ၀င် မသေမချာ ဖြစ်တတ်ကြတာဘဲလေ ။ "' တကယ်လို့များ '' ဆိုတဲ့အတွေးဝင်တတ်တဲ့အချိန်တွေ ရှိကြတယ် ။ နောက်ကို ပြန်လှည့်ကြည့်ပြီး '' အင်း.....ငါတော့ ဒါမျိုးမလုပ်ဘဲ နောက်တနည်းနဲ့လုပ်ခဲ့သင့်တယ် '' ဆိုတဲ့ နောင်တမျိုးရတတ်ကြတယ် ။ ကိုယ့်ရွေးချယ်ချက်တွေအတွက် အဲလို ၀မ်းနည်းနောင်တရတာ ၊ သံသယဖြစ်တာ ရှိတတ်သလား ။ ဒေါ်စုရဲ့ ရွေးချယ်မှုဆိုတာတွေဟာ အံ့မခန်း ရဲရဲတောက်တွေလေ ။
  • Suu။        ။ ကျမရဲ့တိုင်းပြည်နဲ့ ကျမယုံကြည်ရာကို ရွေးချယ်ခဲ့တာအတွက် ဘယ်တုန်းကမှ သံသယ မ၀င်ခဲ့ဖူးပါဘူး ။ တခါတလေမှာတော့ ကျမလုပ်နေတဲ့ အလုပ်တွေ နည်းမှန်လမ်းမှန်မှ ရှိရဲ့လားလို့ စိုးရိမ်တာတော့ ရှိတာပေါ့ ။
  • NDTV ။     ။ ဟုတ်မဟုတ်တော့ မသိဘူး ။ အင်မတန် ရင်ထဲထိတဲ့ အကြောင်းတစ်ခုကို ကျမဖတ်ရတယ် ။ ဒေါ်စုက မြန်မာပြည် ပြန်လာလို့ မရမှာစိုးလို့ မိုက်ကယ်ကို သွားမတွေ့နိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ မိုက်ကယ်အတွက် နောက်ဆုံးနှုတ်ဆက်စကားပြောထားတဲ့ တိတ်ခွေလေးကို ဗြိတိန်သံရုံးကနေ ပို့လိုက်တယ်ဆို ။ ဒါပေမယ့် အချိန်မှီရောက်မသွားဘူးတဲ့ ။ အဲဒါကို ဖတ်ရတယ် .....အမှန်က ဘယ်လိုဖြစ်ခဲ့တာလဲ မသိဘူးနော် ။
  • Suu ။ ။ ဟုတ်ကဲ့.....အချိန်မှီ မရောက်သွားဘူးလို့ ထင်ပါတယ် ။


  • NDTV ။ ။ ကြားရတာတောင် တကယ့်ကို ရင်နင့်စရာပါဘဲ .......ဒေါ်စု ဘယ်လို ခံစားခဲ့ရမယ်ဆိုတာ ကျမ တွေးတောင် မတွေးနိုင်ပါဘူးရှင် ။
  • Suu။       ။ ကျမကတော့ အဲဒါကို အရမ်းကြီး တွေးမနေခဲ့ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အရေးကြီးတာက သူတတ်နိုင်သမျှ သက်သက်သာသာ လောကကြီးထဲက ထွက်သွားနိုင်ဖို့ဘဲလေ ။ အဲဒီနှုတ်ဆက်စကားကိုအချိန်မှီ ကြားခဲ့ရရင်တောင် သူ့အတွက် သိပ်တော့ ထူးသွားမယ် မထင်ပါဘူး ။
>
  • NDTV ။     ။ အိန္ဒိယကို ရောက်ကတည်းက လူတွေက အကြိမ်ကြိမ်မေးကြတယ်လို့ ဒေါ်စု ပြောတယ်နော် ....ဒေါ်စုရဲ့ အိန္ဒိယအပေါ်ထားတဲ့ မျှော်လင့်ချက်တွေအကြောင်းကိုလေ ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာ အိန္ဒိယဟာ ဟိုးအရင်ကလို မရပ်တည်ပေးတော့တဲ့အတွက် ဒေါ်စု စိတ်ပျက်သွားရသလားပေါ့ ။ '' စိတ်မကောင်းဘူး '' လို့ ဒေါ်စုက ဖြေခဲ့တယ်နော် ။ အခု ဒေါ်စု အိန္ဒိယကို ရောက်လာပြီ ၊ အိန္ဒိယပြည်သူတွေဆီကနေ အံ့မခန်း တုန့်ပြန်မှုရတယ်ဆိုတော့ စိတ်မကောင်းတာ နည်းနည်းသက်သာသွားပြီလား ။
  • Suu။     ။ ပြောရရင်တော့ ဟိုးအရင်က စိတ်မကောင်းဖြစ်ခဲ့တာပါ ။ ဒါပေမယ့် အဲဒီစိတ်မကောင်းဖြစ်တာကို ကျမ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါပြီ ။ ဘာကြောင့်လဲဆိုတော့ ကျမပြောခဲ့သလိုဘဲ တစ်ခုခုကို မျှော်လင့်ဖို့ ၊ သို့မဟုတ် စိတ်ပျက်ဖို့အခွင့်အရေး ကျမမှာ မရှိပါဘူး ။ အိန္ဒိယလူမျိုးမိတ်ဆွေများနဲ့ ကျမကြားက နှစ်ရှည်လများခင်မင်ရင်းနှီးမှုလည်း ဘယ်လိုနည်းနဲ့မှ မထိခိုက်ခဲ့ပါဘူး ။ ဒီရင်းနှီးမှုကြောင့်ဘဲ ကျမနဲ့ အိန္ဒိယကြားမှာ အင်မတန် ပုံမှန်တဲ့ ဆက်သွယ်မှုတွေ ရှိခဲ့တာပါ ။
  • NDTV ။     ။ ဒါပေမယ့် ပုဂိုလ်ရေးအရ ရင်းနှီးဆက်ဆံတာအပြင် အတွေးအခေါ် မျှော်မှန်းချက်တွေအရ စိတ်ပျက်ရတာမျိုးရော မရှိခဲ့ဘူးလား ။
  • Suu။     ။  ပြောခဲ့ပြီးသလိုဘဲ ကျမမှာ စိတ်ပျက်ဖို့ အခွင့်အရေးမရှိပါဘူး ။ ဘာကြောင့်လည်းဆိုတော့ စိတ်ပျက်တယ်ဆိုတာ တစ်ယောက်ယောက်ဆီက တစ်ခုခုကို မျှော်မှန်းခွင့်ရှိပြီး အဲဒီမျှော်မှန်းချက်တွေ မပြည့်လို့ စိတ်ပျက်တယ် လို့ ဆိုလိုတာလေ ။ တကယ်က အဲလိုမှ မဟုတ်တာ..... လူတွေအချင်းချင်းကြားထဲ အဲဒီလို မရှိသင့်ပါဘူး ။ တိုင်းပြည်တွေအချင်းချင်းကြားထဲဆိုတာ ခဏထားဦး ။ နိုင်ငံရေးဆိုတာ လက်တွေ့တွေ အများကြီးပါပါတယ် ။ အိန္ဒိယအနေနဲ့ တစ်စုံတစ်ခုသော လမ်းကြောင်းကိုလိုက်တာက သူတို့အတွက်ပိုလက်တွေ့ကျမယ် ထိရောက်မယ်ဆိုရင် အဲဒီလမ်းကြောင်းကိုလိုက်ရုံပေါ့ ။ အဲဒါဟာ ကျမတို့ မျှော်လင့်တဲ့လမ်းကြောင်း ဖြစ်ချင်မှလည်း ဖြစ်မယ်လေ ။ ဒါပေမယ့် ကျမတို့မှာ အိန္ဒိယကိုရယ်မှမဟုတ်ပါဘူး ......တခြားဘယ်နိုင်ငံကိုမဆို သူတို့အတွက်ကောင်းတယ်ထင်တဲ့လမ်းကိုလိုက်တာကို ရှုံ့ချအပြစ်တင်နေခွင့် မရှိပါဘူး ။

  • NDTV ။ ။ ဒါဆို ကိုယ့်အနေနဲ့ တစ်ခုခုကို မျှော်လင့်ခွင့်ရှိတဲ့လူတစ်ယောက်များ ရှိသလား ။
  • Suu ။    ။ ရှိပါတယ် ။ ကျမကိုယ်တိုင်ဆီကပေါ့ ။
  • NDTV ။    ။ ဒါဘဲလား ။
  • Suu။     ။ ဒါပါဘဲ ။
  • NDTV ။      ။ အခု မြန်မာပြည်မှာ ဒီမိုကရေစီအခြေအနေ ဘယ်လိုရှိလဲ နည်းနည်းပြောပြပါဦး ။ နောက်ပြန်မလှည့်နိုင်တဲ့ အခြေအနေထိ မရောက်သေးဘူးလို့ ဒေါ်စုက ခဏခဏပြောခဲ့တယ်နော် ။ ပိတ်ဆို့ထားတာတွေကို လျှော့ချဖို့ အချိန်ရောက်ပြီလို့လည်း ဒေါ်စုပြောခဲ့တယ် ။ များစွာသော အမေရိကန်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပိတ်ဆို့မှုတွေကိုသာ အခု လျော့ချလိုက်ရင် ဒီလမ်းစဉ်ဟာ နောက်ကို တစ်လှမ်းဆုတ်သွားနိုင်တယ် လို့ စိုးရိမ်နေကြတယ် ။ ဒီစိုးရိမ်မှုတွေကိုရော ဒေါ်စု သဘောတူသလား ။
  • Suu ။       ။ ပိတ်ဆို့မှုတွေအပေါ်မှာချည်း ကျမတို့ တည်မှီမနေသင့်ပါဘူး ။ ပြင်ပအကြောင်းတရားတွေတွေအပေါ်မှာ အလွန်အကျွံအားကိုးသင့်တယ်လို့လည်း ကျမ မထင်ပါဘူး ။ ပြည်ပက အားပေးမှုအဟာ အရမ်းကို အရေးကြီးပါတယ် ။ ဒါပေမယ့် လမ်းမှန်ကို ဆက်လျှောက်နိုင်ဖို့ရာအတွက် ကျမတို့မှာရှိတဲ့ကိုယ်ပိုင်စွမ်းအားအရင်းအမြစ်တွေကို ပိုတိုးတက်အောင် လုပ်ဖို့ အချိန်ကျပြီလို့ ထင်ပါတယ် ။

  • NDTV ။       ။ အခုဆိုရင် ဒေါ်စုဟာ လွှတ်တော်ထဲကို ရောက်နေပြီနော် ။ မြန်မာပြည်လက်ရှိနိုင်ငံရေးထဲမှာ ပါဝင်နေပြီ ။ မြန်မာပြည်မှာ အချင်းချင်းရင်ကြားစေ့ရေးအတွက် ကြိုးပမ်းပေးနေတယ် ။ အဲဒီလိုလုပ်ရာမှာ တွဲလုပ်ရတာက ဒေါ်စုကို နှစ်ပေါင်းများစွာ အိမ်အကျယ်ချုပ်ထားခဲ့တဲ့ ၊ ဒေါ်စုနဲ့ မိသားစုကို ခွဲထားခဲ့တဲ့ စစ်တပ်နဲ့လေ ။ ဒါပေမယ့် '' ခါးသီးနာကျည်းမှု '' အရိပ်အယောင်တစ်ခုမှ ဒေါ်စုဆီမှာ မတွေ့ရဘူးနော် ။ တကယ်တနေရာရာမှာများ ရှိနေမလားတော့ ကျမလည်း မပြောတတ်ဘူးလေ ။ အဲဒီလို နာကျည်းခါးသီးမှု မဖြစ်အောင် ဘယ်လိုများလုပ်ထားပါသလဲ ။
  • Suu။        ။  မပြောတတ်ပါဘူး ။ တကယ်တော့ ကျမက လူတွေကို သဘောမကျတာထက် ကျတာ များပါတယ် ။ ဒါကဘဲ အဲလိုသဘောထားနိုင်အောင် အထောက်အပံ့ပေးခဲ့တယ်နဲ့ တူပါရဲ့ ။ ကျမစိတ်ကိုက လူတွေကို နှစ်လိုသဘောကျတတ်တယ်လို့ ထင်ပါတယ် ။
 

  • NDTV ။        ။  အဲဒီလိုစိတ်ရှိရင်တောင် ဖြတ်သန်း ကြုံတွေ့ခဲ့ရသမျကို ဘယ်လိုလုပ် လက်ခံနိုင်ခဲ့တာလဲ ။ ဘယ်လိုလုပ် လူတွေကို ယုံကြည်နိုင်သေးတာလဲ ။ အရေးအကြီးဆုံးမေးခွန်းကတော့ ကိုယ်တိုင်က စစ်အစိုးရရဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးခံစားခဲ့ရရက်နဲ့ သူတို့အပေါ်မှာ နိုင်ငံရေးယုံကြည်မှု  ဘယ်လိုလုပ် ထားနိုင်သလဲ ။


  • Suu။       ။  ကျမက သူတို့ကို အစိုးရတစ်ရပ်သက်သက် သာ သဘောထားတာ မဟုတ်ပါဘူး ။ အစိုးရ ဆိုတာ လူတွေနဲ့ ဖွဲ့စည်းထားတာဘဲလေ ။ ဒီတော့ အစိုးရတို့ ၊ စစ်တပ်တို့ကို လူတွေအနေနဲ့လည်း မြင်ပါတယ် ။ လူတိုင်းဟာ သံသယရဲ့ အကျိုး the benifit of the doubtဆိုတာကို ခံစားခွင့်ရှိတာဘဲလေ ။ သူတို့သာ ပြန်ကောင်းချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် အဲလို လုပ်ဖို့ အခွင့်အရေး ပေးရမှာပေါ့ ။


  • NDTV ။     ။ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တယ်နော် ......ဒေါ်စုက စစ်ဗိုလ်တွေအပေါ်မှာ တမင်တကာ မုန်းတာမျိုး မရှိပါဘူး လို့ လေ ။ ဒေါ်စုအဖေဟာ တနည်းအားဖြင့် မြန်မာစစ်တပ်ကို တည်ထောင်ခဲ့သူပါဘဲ .... ဒါပေမယ့် ဒါတောင် လူတွေက ဒေါ်စုအဲလို ပြောတာကြားတော့ အံ့အားတွေ သင့်ကုန်ကြတယ် ။ စစ်ဗိုလ်တချို့ကို သဘောကျပါတယ်ဆိုတော့ အံ့သြကုန်ကြတယ် ။  အတော်ကို လန့်ကုန်ကြတယ်နော် ။
 

  • Suu ။      ။  ဟုတ်ပါတယ် ။ တချို့က အတော်လေး စိတ်ဆိုးကြတယ် ။ ဒါပေမယ့်  သူတို့ အဲလိုဖြစ်တာကို ကျမလည်း အရမ်းကို အံ့သြမိတယ် ။ ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့တဲ့ ၂၄ နှစ်လုံးလုံး ကျမ ဒီလိုဘဲ ပြောခဲ့တာပါ ။ လူတွေကသာ ကျမပြောတာကို သေချာနားမထောင်ခဲ့ကြတာလေ ။ စစ်တပ်အပေါ်ကို မေတ္တာရှိပြီးသားပါဆိုတာ ကျမအမြဲဘဲ ပြောခဲ့ပါတယ် ။ ကျမအတွက် ဖေ့ဖေ့ရဲ့ ပထမဆုံးအမှတ်တရတွေဟာ ယူနီဖောင်းဝတ်ထားတဲ့ ဖေ့ဖေ့ရဲ့ပုံရိပ်တွေဆိုတာ သိကြမှာပါ  ။ လူကိုယ်တိုင်မမှတ်မိတော့ ဓါတ်ပုံတွေထဲကဘဲ မှတ်မိရတာပါ ။ အဲဒီဓါတ်ပုံအများစုမှာ ဖေဖေက စစ်ယူနီဖောင်းနဲ့ပါဘဲ ။ ဒီတော့ စစ်ဝတ်စုံဝတ်ထားတဲ့လူတွေဆိုရင် ချစ်ခင်စရာကောင်းတဲ့လူတွေကို အမြဲတမ်း သဘောထားမိပါတယ် ။ ဒီလောကကြီးထဲမှာ ကျမအချစ်ခင်ရဆုံးက ကျမအဖေပါဘဲ ။ အဲဒီအဖေက ဓါတ်ပုံတွေထဲမှာ အမြဲတမ်းစစ်အ၀တ်အစားနဲ့ဆိုတော့ အဲလိုဝတ်ထားသူတွေကို ကျမ သဘောကျတာ သဘာဝပါဘဲ ။ အဲဒီချစ်ခင်မှုဟာ ပျောက်ပျက်သွားတယ်ဘဲ မရှိပါဘူး ။ စစ်တပ်က လုပ်ခဲ့တာတွေကို ကျမ အရမ်းကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့တယ် ။  အထူးသဖြင့် ၁၉၈၈ နောက်ပိုင်း အာဏာသိမ်းအပြီးမှာပေါ့ ။ ဒါပေမယ့် ဒီလို ရှုံ့ချမှုကြောင့်  စစ်တပ်အပေါ်မှာနဲ့ စစ်တပ်ထဲက လူတချို့အပေါ်မှာ ယေဘုယျအားဖြင့် ကျမရဲ့ နက်ရှိုင်းတဲ့ မေတ္တာကတော့ မပျောက်သွားခဲ့ပါဘူး ။
 

  • NDTV  ။       ။  လူတွေ ဒေါ်စုအဲလိုပြောတော့ ကြောက်လန့်တကြား တုန့်ပြန်ကြတယ် နော် ။ အထူးသဖြင့် အနောက်ကမ္ဘာကလူတွေပေါ့ ။ ဒေါ်စုက အဲဒါကိုကြားတော့သဘောကျ ပြုံးရယ်မိတာမျိုး ရှိလား ။


  • Suu  ။     ။ဟုတ်ကဲ့ ။ ကျမ ရယ်လည်း ရယ်မိပါရဲ့ ။ အရင်က ကျမ ပြောနေတာတွေကို လူတွေ ဂရုတစိုက်နားထောင်မနေဘူးဆိုတာကိုလည်း နားလည်လာရပါတယ် ။ တလျောက်လုံး ကျမပြောနေတာတွေကိုသာ နားထောင်နေကြမယ်ဆိုရင် အံ့သြကြမယ် ၊ လန့်ကြမယ် မထင်ပါဘူး ။


  • NDTV ။    ။  ဒေါ်စုအတွက် ပုဂိုလ်ရေးဟာ နိုင်ငံရေးဘဲလို့ ကျမ ထင်ပါတယ် ။ ဒေါ်စုရဲ့ဘ၀ဟာ နိုင်ငံရေးနဲ့ ထပ်တူကို ဖြစ်နေတယ်လေ ။ နေရူး အထိမ်းအမှတ် မိန့်ခွန်းမှာတောင် အဖေအပေါ်ထားတဲ့ မေတ္တာနဲ့ တိုင်းပြည်အပေါ်ထားတဲ့ မေတ္တာအကြောင်းကို ပြောခဲ့သေးတယ်နော် ..... အဲဒီနှစ်ခုဟာ တစ်ခုကိုတစ်ခု ဆက်နွယ်နေတာ ဖြစ်နိုင်တယ်လို့လေ ။ မေးချင်တာက  ဒေါ်စုဆိုတဲ့ လူတစ်ယောက်နဲ့ ဒေါ်စုဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်ကြားမှာ တစ်သက်လုံး ဘာကွာခြားချက်မှမရှိခဲ့တာလား ။   ဒါမှမဟုတ် အဲဒီသဘောကို  ဒီတိုက်ပွဲတနေရာရာကျမှ ဒေါ်စု သိခဲ့ရတာလား ။ 


  • Suu။      ။ ကျမကတော့ တသက်လုံး ဘာကွာခြားချက်မှာ မရှိခဲ့ဘူးလို့ ထင်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျမအဖေကို နိုင်ငံရေးသမားတစ်ယောက်ပုံရိပ်နဲ့ ခွဲခြားပစ်လို့ မရပါဘူး ။ သူ့အကြောင်းနဲ့ ပတ်သက်ပြီး ကျမလေ့လာမိတဲ့ ပထမဆုံးအရာကတော့ သူ့ရဲ့ အတိုင်းပြည်အပေါ်ထားတဲ့ မေတ္တာပါဘဲ ။ တခြားကလေးတွေရော သူတို့ မိဘတွေဆီက ဒီလိုအကြောင်းမျိုးကို လေ့လာကြသလားတော့ ကျမမသိဘူးပေါ့လေ  ။

  • NDTV ။         ။ သိတဲ့အတိုင်းဘဲ ဒေါ်စုက တမင်တကာ မလုပ်ယူခဲ့ပေမယ့် အခုဆိုရင် အောင်ဆန်းစုကြည်ဆိုတာ ကမ္ဘာတ၀ှမ်းက လူ့အခွင့်အရေးလှုပ်ရှားမှုပိုစတာတွေပေါ်မှာ မကြောက်တရားရဲ့ ပြယုဂ်အဖြစ် အမြဲတွေ့နေရသူတစ်ယောက် ဖြစ်လာပါပြီ ။ ဒါပေမယ့် ဒေါ်စုကို ထောက်ခံအားပေးသူတချို့က  မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုဟင်ဂျာဆန့်ကျင်ရေးအကြမ်းဖက်မှုကိစ္စကို ဒေါ်စုက ပြတ်ပြတ်သားသားပြောဆိုခြင်းမရှိဘူးဆိုပြီး စိတ်ပျက်ကြတယ် ။ တခြားအင်တာဗျူးတွေမှာလည်း ဒေါ်စု ပြောပြီးသားဆိုတာ ကျမသိပါတယ်......အခြေအနေကို စနစ်တကျ နည်းမှန်လမ်းမှန်မကိုင်တွယ်ကြလို့ ဆိုပြီးတော့လေ ။ ဒါပေမယ့် ဘယ်အုပ်စုဆိုတာကိုတော့ ဒေါ်စုက မပြောချင်ဘူးနော် ။ အုပ်စုချင်းဖြစ်တဲ့ ပြသာနာမဟုတ်လို့လား ။
  • Suu ။        ။ အဲဒီလိုပြောတာကိုက မဟုတ်တာပါ ။ ကျမအနေနဲ့အကြမ်းဖက်မှုနဲ့ ပတ်သက်လာရင် ကျမအမြင်ကို မပြတ်မသားပြောတာ မရှိပါဘူး ။ အကြမ်းဖက်မှုဆိုတာ ကျမလုံးဝ စက်ဆုပ်ပြီး လုံးဝရှုံ့ချတဲ့ အရာပါ ။ ဒါပေမယ့် အကြမ်းဖက်မှုကို နှစ်ဖက်လုံးက ကျူးလွန်ထားတယ်ဆိုတာကို မမေ့ပါနဲ့ ။ ဒါကြောင့်ဘဲ ဘယ်ဘက်ကိုမှ ကျမ ဘက်မလိုက်ခဲ့တာပါ ။ ဒီအုပ်စုနှစ်ခုလုံးအတွက် ရင်ကြားစေ့ရေးကိုသာ လုပ်ချင်ပါတယ် ။ ဘက်လိုက်လို့ရှိရင် reconciliation ဆိုတာ လုပ်လို့ ရမှာမဟုတ်ဘူး ။

  • NDTV ။ ။ ဒါပေမယ့် ဘယ်နိုင်ငံကမှ မလိုချင်တဲ့ အုပ်စုတစ်ခု .....ဆိုလိုတာက ဘင်ဂလားဒေ့ရှ်က သူတို့နဲ့ မဆိုင်ဘူးလို့ ဆိုတယ် ၊ မြန်မာပြည်ကလည်း သူတို့နဲ့ မဆိုင်ဘူးလို့ ဆိုတယ် ။ ဒါဟာ တကယ့်ကို နိုင်ငံတကာအဆင့် ၀မ်းနည်းဖွယ်ကိစ္စကြီးပါဘဲ ။
  • Suu ။      ။ ဟုတ်ပါတယ် ။ ဒါဟာ နိုင်ငံတကာနဲ့ချီတဲ့ tragedy ပါဘဲ ။ ဒါကြောင့်လည်း အစိုးရမှာ နိုင်ငံသားဥပဒေတွေအတွက် ပေါ်လစီရှိရမယ်ဆိုပြီး ကျမ တချိန်လုံးပြောနေတာပေါ့....။ ကျမတို့မှာ နိုင်ငံသားဥပဒေ ရှိပါတယ် ။ အဲဒီနိုင်ငံသားဥပဒေနဲ့ အကျုံးဝင်ရင် နိုင်ငံသားပေးကို ပေးရမှာပါ ။ ကျမတို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းပြောပြီးပါပြီ ။ အခု ဘယ်သူက ဥပဒေအရ နိုင်ငံသားအစစ်တွေလဲ ၊ ဘင်္ဂလားဒေ့ရှ်ကများ ၀င်လာလေဦးမလားဆိုတဲ့ အငြင်းပွားမှုတွေ ရှိနေတယ် ။ ဒီပြသာနာမှာ စိတ်ဝင်စားဖို့လည်းကောင်း စိတ်ပျက်စရာလည်း ကောင်းတဲ့ အချက်တစ်ခုကတော့ လူတော်တော်များများက ဒီကမ္ဘာနဲ့ချီဖြစ်တဲ့ ကိစ္စမှာ တစ်နိုင်ငံဘဲ ပါဝင်ပတ်သက်နေတယ်လို့ ထင်နေကြပုံပါဘဲ ။ တကယ်က နိုင်ငံနှစ်နိုင်ငံပါနေတာပါ ။ မြန်မာနိုင်ငံက တစ်ဘက်ပေါ့ ။ ဒီတော့ နယ်စပ်လုံခြုံရေးဆိုတာ နှစ်နိုင်ငံလုံးရဲ့ တာဝန်ပါဘဲ ။ အခုပုံစံက မြန်မာတစ်နိုင်ငံကဘဲ နယ်စံလုံခြုံရေးကို လုံးဝတာဝန်ရှိနေတယ်လို့ လူတိုင်းက ထင်နေပုံပါဘဲ ။
  • NDTV ။      ။ ဒီအကြပ်အတည်းကြီးကနေ ထွတ်နိုင်ဖို့အတွက် ဘယ်ဟာကများ အကောင်းဆုံးအဖြေဖြစ်မယ်ထင်လဲ ။
  • Suu။       ။ ပထမဆုံးအနေနဲ့ ဥပဒေနဲ့ ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ရမယ် ။ နောက်ထပ် အကြမ်းဖက်မှုမဖြစ်အောင် တားဆီးရမယ် ။ ဆိုလိုတာက လုံလောက်တဲ့ လုံခြုံရေးတွေ ထားပေးရမယ် ။ ပြီးရင် နိုင်ငံသားဥပဒေကို သေသေချာချာ စီစစ်ရမယ် ။ နိုင်ငံသားဖြစ်ခွင့်ရှိသူကို နိုင်ငံသားပေးရုံမကဘဲ နိုင်ငံသားအခွင့်အရေးတွေလည်း ပေးရမယ် ။ ပြီးရင် နိုင်ငံခြားသားလာရောက်နေထိုင်သူတွေနဲ့ကိစ္စကိုလည်း စဉ်းစားရမယ် ။ခုထိကို တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်လာတာတွေ ရှိနေသေးတယ် ။ အဲဒါကို တားနိုင်ရမယ် ။ အဲလိုမှမတားရင် ဒီပြသာနာပြီးမှာ မဟုတ်ဘူး ။ ဘာကြောင့်လည်းဆိုတော့ ဒီလူတွေဟာ မြန်မာဘက်ကပါလို့ ဘင်္ဂလားဒေ့ရှ်က ဆိုဦးမှာဘဲ ။ မြန်မာဘက်ကလည်း သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်က လာတာလို့ ပြောဦးမှာဘဲ ။ ဘယ်သူက မှန်တယ်ဆိုတာ ပြဖို့ အထောက်အထားက ဘယ်မှာလဲ ။

  • NDTV ။       ။ သိပ်ကို ရှုပ်ထွေးတဲ့ကိစ္စဆိုတာ သံသယဖြစ်စရာမရှိပါဘူး ။ ဒါနဲ့ မြန်မာပြည်က အခု ဖွင့်ပေးလိုက်ပြီဆိုတော့ အိန္ဒိယနဲ့တရုပ်တို့ မြန်မာပြည်ကို လွှမ်မိုးဖို့ ပြိုင်ကြတဲ့ကြားမှာ စစ်မြေပြင်လို ဖြစ်လာမှာ ဒေါ်စု မစိုးရိမ်ဘူးလား ။
  • Suu ။      ။ မစိုးရိမ်ပါဘူး ။ လူတွေက ဒီလို မြင်နိုင်တယ်ဆိုတာတော့ စိတ်ထဲ မှတ်ထားရမှာပေါ့ ။ တခါတလေမှာ လူတွေမြင်တဲ့ပုံစံအတိုင်း ဖြစ်လာတတ်တာတွေ ရှိတယ်လေ ။ ဒါကြောင့် ဂရုတော့ စိုက်ရမယ် ။ ဖြစ်လာနိုင်တဲ့ ပြသာနာတွေကို သတိရှိရမယ် ။ ဒါပေမယ့် worried တို့ afraid တို့ကတော့ သုံးဖို့ မလိုပါဘူး ။ ကျမကတော့ ဂရုစိုက်တယ် ၊ သတိထားတယ် လို့ ဘဲ သုံးဖြစ်မယ်ထင်တယ် ။
  • NDTV ။      ။ ရှေ့ကို ဆက်သွားရင်းနဲ့ နောက်ကိုလည်း ပြန်တော့ လှည့်ကြည့်မိမှာဘဲလေ ။ ဒေါ်စုရဲ့ ဘ၀မှာ စိတ်အလှုပ်ရှားရဆုံး ဒါမှမဟုတ်လည်း အဓိပ္ပါယ်အရှိဆုံးအချိန်တခုခုများ ဘ၀မှာ ရှိခဲ့ဖူးသလား ။
  • Suu ။     ။ တခုခုသတ်သတ်မှတ်မှတ်ကြီး ရွေးထုတ်ပြောရမှာတော့ သိပ်ခက်ပါတယ် ။
  • NDTV ။ ။ ဒါဆို အဲဒါမျိုး အများကြီးရှိခဲ့ဖူးလို့လား ။
  • Suu ။       ။ ဟုတ်ပါတယ် ။ များတော့ အတော်များတယ် ။
  • NDTV ။      ။ ဒီနေ့အခုလို စကားပြောနေနိုင်တာကို '' ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်း '' ကြောင့်လို့ ပြောလို့ရမလား ။ ဆိုလိုတာက ဒေါ်စုရဲ့ အသက်ကို ပေါ်ပေါ်ထင်ထင်ရန်ရှာမှုတွေ ရှိခဲ့တယ် .....အဲဒီထဲကမှ အဆိုးဆုံးကတော့ သေနတ်နဲ့ချိန်ထားတဲ့ စစ်သားတွေဆီကို ပစ်မယ် မပစ်ဘူး အသေအချာမသိဘဲ လျှောက်သွားတဲ့အဖြစ်ပေါ့ ။ သူတို့တွေ ပစ်ရင်လည်း ပစ်နိုင်တာဘဲလေ ။ နောက်အဖြစ်ကတော့ ကားကို လမ်းဘေးတစ်နေရာမှာ ရပ်ထားတုန်း တိုက်ခိုက်ခံရတာ ၊ ဒရိုင်ဘာက အကြပ်အတည်းထဲကနေ ထွက်လာနိုင်ပေမယ့် အဲဒီ ၂၀၀၃ ညမှာ လူပေါင်း ၇၀ လောက်သေသွားတယ်နော် ။
  • Suu။    ။ အဲဒီကိစ္စမှာ လူ ( ၇၀ ) တော့မသေပါဘူး ။ အဲဒီထက် နည်းမယ်လို့ ထင်ပါတယ် ။

  •   NDTV ။      ။ ဟုတ်ပါပြီ ။ သတင်းတွေက ရာနှုန်းပြည့်မတိကျတာ ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ကျမပြောချင်တာက ရိုးရိုးလေးပါ....ဒေါ်စုဟာ ကိုယ့်ဘ၀ကြီး အန္တရာယ်ထဲကို ကျနေပြီဆိုတာ သိတယ် ။ ထိခိုက်ပျက်စီးသွားနိုင်တယ်ဆိုလည်း သိတယ် ။ ဒီတော့ မေးချင်မိတာက ဘ၀တလျှောက်လုံး ဘယ်တော့မှကို မကြောက်ခဲ့တာလား ။ ဒါမှမဟုတ် အကြောက်တရားကို အလွှမ်းမိုးမခံဘူးဆိုပြီး ကိုယ့်ဖာသာကိုယ် အကြိမ်ကြိမ်လေ့ကျင့်ပေးခဲ့တာလား ။
  • Suu။     ။ အဲဒီလိုဖြစ်တဲ့ အကြိမ်တိုင်းမှာ တွေးစရာတွေက များလွန်းတော့ ကြောက် ၊ မကြောက်တွေးနေဖို့ အချိန် မရဘူးဆိုပါတော့ ။ လက်တွေ့ကျကျတွေးမိဖို့လိုတယ်လေ ။ ဥပမာအားဖြင့် ပထမပြောတဲ့ အဖြစ်တုန်းက ပစ်မယ်ဆိုပြီး ချိန်းခြောက်တဲ့ ဗိုလ်မှုးပြောလိုက်တဲ့စကားက '' လမ်းပေါ်က ဖယ်ရင်ဖယ် ၊ မဖယ်ရင် ပစ်မယ် '' တဲ့ ။ ကောင်းပြီလေ....ဒီလိုဆို ကျမအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပစ်ခံမလား ၊ လမ်းလယ်ကောင်က လျှောက်မလား ဆုံးဖြတ်ရပြီ ။ ဒီတော့ ကျမလည်း ကောင်းပြီ ၊ လမ်းဘေးကပ်ရပ်ကြမယ်လို့ ပြောလိုက်တယ် ။ အဲတော့ သူက ပြောပြန်တယ် ။ ကျမကို အချိန်မရွေး ၊ နေရာမရွေး ပစ်နိုင်တယ် တဲ့ ။ အဲလိုပြောတာတော့ သိပ်သဘာဝမကျဘူးလေ ။

  •  NDTV ။           ။ ဒေါ်စုပြောချင်တာကို ကျမ နားလည်ပါတယ် ။ တခါတလေမှာ အတွေးအခေါ်တွေနဲ့ချည်း ပတ်သက်တာမျိုးတွေ ဖြစ်တာ မဟုတ်ဘူး ၊ ကိုယ်ရွေးချယ်လိုက်တာတွေက ကိုယ့်ရဲ့ အနာဂတ်ကို သွားသက်ရောက်တတ်တယ် လို့ ဆိုလိုတာမဟုတ်လား ။ တစ်ကြိမ်ကြိမ်မှာတော့ ငါဟာ တကယ်သေသွားနိုင်မလား ဆိုပြီး ကိုယ့်ကိုယ်ကို မေးမိတာမျိုး ရှိတယ်လေ .....အဲသလောက် ဖြစ်ရတာ တန်လို့လား စသည်ဖြင့် ပြန်မေးခွန်းထုတ်ရတာပေါ့နော်  ။
  •  Suu ။             ။ အဲလိုတော့ မဟုတ်ပါဘူး ၊ လက်တွေ့ကျကျ စဉ်းစားရတာတော့ အမှန်ပါဘဲ ။   လမ်းပေါ်က လျှောက်ရင် သူကျမတို့ကို ပစ်နိုင်မလား ဆိုပြီး ကိုယ့်ဖာသာကိုယ် စဉ်းစားရတယ်လေ ......ပစ်နိုင်မယ်ဆိုတော့ လမ်းဘေးကပ်ရပ်တာက ပိုသင့်တာပေါ့ ။
  • NDTV ။ ။ဒေါ်စုအကြောင်းနဲ့ ပတ်သက်ပြီး လူတွေ ပြောလေ့ရှိတဲ့တစ်ခုက ဒေါ်စုဟာ အင်မတန် စိတ်ဓါတ်ရေးရာအားကောင်းတဲ့သူတစ်ယောက်ပါ တဲ့ ။ အဲဒီစိတ်ဓါတ်ဟာ ဒေါ်စုလုပ်တဲ့ နိုင်ငံရေးနဲ့ တကွဲစီ ဖြစ်မနေဘူး .....တဲ့ ။ ဒီစိတ်ဓါတ်ရေးရာအားကောင်းမှုကဘဲ နှစ်ပေါင်းများအတွင်းမှာ ခွန်အားတွေ ဖြစ်စေခဲ့တာလား ။ ဘာကြောင့်လည်းဆိုတော့ အခု ကျမဆိုရင် ဒေါ်စုကို အခုတစ်ကြိမ်ပထမဆုံးတွေ့တာဘဲ....ဒါပေမယ့် ဒေါ်စုက သိပ်တည်ငြိမ်လွန်းတော့ စကားပြောတာနဲ့တင် အဲဒီတည်ငြိမ်မှုက ကျမကို ကူးစက်လာသလို ခံစားရတယ် ။ ဒေါ်စု ဘ၀မှာ အဲဒီလို ကိစ္စအ၀၀ကို ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်အနေနဲ့ ဘယ်လိုကြောင့် ဒီလောက် တည်ငြိမ်အေးချမ်းပြီး ကြံခိုင်နေရတာလည်းလို့ အံသြစဉ်းစားမိတယ် ။
 
  •  Suu။          ။ စိတ်ဓါတ်ရေးရာတွေ ဘာတွေတော့ မပြောတတ်ပါဘူး ။ ဒါပေမယ့် ကျမမှာ ဟာသဥာဏ်တော့ ရှိတာအမှန်ဘဲ ။ ဟာသဥာဏ်က အထောက်အကူဖြစ်တယ်ဆိုတာ လူတွေကို သတိပေးပေးနေရတယ် ။
  •  NDTV ။ ။ ဒါဆို ဟာသဥာဏ်က အဲဒီအားအင်တွေ လာရာပေါ့နော် ။ ဒီနှစ်တွေတလျှောက်မှာ ထွက်ပေါက်အတွက်တစ်ခုခုကိုတော့ အားကိုးခဲ့ရမှာဘဲလေ ။ ဂီတလား ၊ ဟာသလား စသဖြင့်ပေါ့ ။
  • Suu ။          ။ အိမ်အကျယ်ချုပ်အတွင်း ကျမတစ်ယောက်တည်း နေရတဲ့ အကြိမ်ပေါင်းများစွာ ရှိခဲ့ပါတယ် ။ ကျမလည်း ကိုယ့်ဖာသာတစ်ယောက်တည်း ပြောနေရတာပေါ့........အတော်ရယ်စရာကောင်းတဲ့အခြေအနေပါဘဲ ဆိုပြီးတော့လေ ။
  •  NDTV ။ ။ အင်တာဗျူးတစ်ခုမှာ ဒေါ်စုက ပြောတယ်နော် ၊ လုံခြုံရေးတွေက အတော်လေး ကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်ဆိုပြီးတော့လေ....နောက်ပြီး ကိုယ့်အိမ်ထဲမှာ ကိုယ်နေရတာ မဆိုးပါဘူး တဲ့.......။ အဲဒါ ရွဲ့ပြောတာမဟုတ်လား ။ 
  • Suu ။     ။ မဟုတ်ပါဘူး ။ တကယ့်ကို ကောင်းခဲ့ကြတာပါ ။
  • NDTV ။         ။ တကယ်ဘဲ အဲလို ထင်သလားရှင့် ။
  • Suu  ။      ။ အဲဒါ အမှန်ဘဲလေ ။ ကျမ အကျယ်ချုပ်ကျနေတုန်းက အစိုးရသတင်းစားတွေမှာ ကျမအကြောင်း ဆိုးဆိုးဝါးဝါးတွေ ပါတယ် ။ ဒါပေမယ့် အိမ်လုံခြုံရေးတွေကတော့ကောင်းခဲ့ကြပါတယ် ။
  • NDTV ။        ။ အိမ်ထဲမှာ တစ်ယောက်တည်း ပိတ်ထားခံရတာ လှောင်ပိတ်ကျဉ်းကျပ်ပြီး ကြောက်လန့်တာ ၊ မွန်းကြပ် စိတ်ပင်ပန်းရတာမျိုး မရှိခဲ့ဘူးလား ။
  • Suu။     ။  မရှိပါဘူး ။ အိမ်က အတော်ကြီးပါတယ် ။ ( ရယ်လျှက် )
  • NDTV ။       ။ တကယ် သိချင်လို့မေးတာပါ ။ နိုဘယ်ဆုရတုန်းက ပြောခဲ့တယ်လေ ....နိုဘယ်ဆုဟာ ဒေါ်စုရဲ့ နှလုံးသားတံခါးတချပ်ကို ဖွင့်ပေးခဲ့တယ် တဲ့ ။ အဲလို အသိအမှတ်ပြုခံလိုက်ရတာ ဒေါ်စု ဘယ်လိုနေသလဲ ။ ဘာကြောင့်လည်းဆိုတော့ အရင်ကလည်း ပြောဖူးတယ်လေ ....အဲဒီဆုဟာ ဒေါ်စုတို့ရဲ့ ဒီမိုကရေစီတိုက်ပွဲကို ကမ္ဘာက မမေ့ထားဘူးဆိုတာ ပြလိုက်တာဘဲ...သိပ်အရေးပါတယ် တဲ့ ။
  • Suu ။         ။ကျမတို့ ပါတီအတွက် အဲဒီကာလဟာ အတော်လေးကို ခက်ခဲတဲ့ အချိန်တစ်ခုပါဘဲ ။ ၁၉၉၀ ရွေးကောက်ပွဲတွေ အပြီး သိပ်မကြာခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ကျမတို့ ပါတီကို အပီအပြင်ကို နှိပ်ကွပ်ဖို့ ဆုံးဖြတ်လိုက်တော့တာဘဲ ။ ဖျက်ကို ဖျက်ဆီးပစ်လိုက်ချင်ခဲ့ကြတာ ။ ဒီတော့ အဲဒီအချိန်ဟာ ကျမတို့ အတွက် တကယ်ကျပ်တည်းခက်ခဲခဲ့တယ် ။ တစ်တိုင်းပြည်လုံး ရှိသမျ အရာရာ ထွက်ပေါက်မရှိ ရပ်တန့်သွားသလိုပါဘဲ ။ အဲဒီအချိန်မှာ တိုင်းပြည်အပြင်ဘက်ကလူတွေက ကျမတို့ကို ဂရုတစိုက်ရှိနေကြောင်း သိရတာ သိပ်ကို အားတက်ခဲ့ရပါတယ် ။ တိုင်းပြည်ထဲမှာ မလှုပ်နိုင်င်ကြပေမယ့် ပြင်ပမှာတော့ လှုပ်ရှားနေသေးတယ် ၊ ကျမတို့ကို ကာကွယ်ပေးဖို့ သူတို့ တတ်နိုင်သလောက် လုပ်နေကြတယ်ဆိုတာ သိရတာ တကယ်အားတက်ရပါတယ် ။

  • NDTV  ။             ။  ဒီအချိန်မှာ မြန်မာပြည်ကို သူ့ဖာသာသူ ဒီမိုကရေစီရှာဖို့ လွှတ်ထားပေးသင့်သလား မသင့်ဘူးလားဆိုတဲ့ ငြင်းခုံမှုကလည်း နေရာအနှံ့ဖြစ်နေတယ်နော် ။ အယူအဆတစ်ခုဟာ အရာအားလုံးနဲ့ ကွက်တိဖြစ်နေတယ် ဆိုတာတော့ မရှိဘူးပေါ့လေ ။  အာရပ်နွေဦးတော်လှန်ရေးတွေမှာ အားလုံးမြင်ခဲ့ကြပြီဘဲ ။ ဘယ်နည်းလမ်းကမှ ရာနှုန်းပြည့်ကောင်းတယ်ဆိုတာ မရှိပါဘူး ။ ဒေါ်စုအနေနဲ့ တိုင်းပြည်ကို သူ့လမ်းကို သူဖောက်စေချင်သလား ၊ ဒါမှမဟုတ် တိုင်းပြည်က သိပ်နုလွန်းနေသေးလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို လိုသေးတယ်လို့ ထင်လား ။
  • Suu ။             ။ အာရုံစိုက်ခံချင်တယ် ဆိုတာထက် သတိရှိတယ် ဘဲ ဆိုပါတော့ ။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာက သတိထားမိစေချင်တယ် ။ အလွန်အကျွံအကောင်းမြင်တာကလည်း အကျိုးမပြုပြန်ဘူးလေ ။ ဒါပေမယ့် ကမ္ဘာကြီးကို ကျမတို့နဲ့အတူ ရှိစေချင်ပါတယ် ။ ဒီခေတ်မှာ တခြားနိုင်ငံတွေမပါဘဲလုပ်လို့ ဖြစ်တာမှ မဟုတ်တာ ။ သို့ပေမယ့် တချိန်တည်းမှာလည်း မြန်မာတွေဟာ ကိုယ့်တာဝန်ကိုကိုယ် ယူရမယ်လေ ။ ဒါကြောင့်ဘဲ ကျမ စောစောက ပြောတာပေါ့.......ပိတ်ဆို့မှုတွေ အပေါ်မှာ အလွန်အကျွံ မှီခိုမနေသင့်ဘူးလို့ ။ ပြင်ပကထောက်ခံမှုတွေဟာ အပံ့အပိုးဖြစ်ပါတယ် ။ ဒါပေမယ့် တိုင်းပြည်ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်ရာမှာ ကျမတို့ ပြည်သူတွေကဘဲ အဓိက တာဝန်ကို ယူရမှာပါ ။
  • NDTV ။             ။ ခုနေအခါ သတိမရှိတဲ့ အကောင်းမြင်ဝါဒရှိတာ မကောင်းဘူးလို့ ဒေါ်စုက ပြောတယ်နော်....အဲဒါက ဘာကို စိုးရိမ်နေလို့လဲ ။ အခြေခံဥပဒေကို ပြင်မပြီးမချင်း စိုးရိမ်စရာတွေ ရှိတယ်ပေါ့  ။
  • Suu ။          ။ ဟုတ်ပါတယ် .....ပြင်ဖို့က အဓိက ပြသနာပါဘဲ ။ တကယ်လို့ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းပေါ်မှာ တကယ်ရောက်နေပြီလားဆိုတဲ့မေးခွန်းအတွက် ရိုးစင်းတဲ့အဖြေလိုချင်ရင် အဲဒီအခြေခံဥပဒေကို ပြင်ဖို့ တွန်းအားစေ့ဆော်မှုတွေလုံလောက်အောင် ရှိသလားဆိုတာကို အရင်ကြည့်ရမယ် ။

  • NDTV ။          ။  ဒေါ်စုရဲ့ဘ၀ဟာ အင်မတန်ထူးခြားလှတဲ့ဘ၀ကို အတော်များများက ရေးပြီးကြပြီ ။ ရုပ်ရှင်လည်းရိုက်ပြီးပြီ ။ ဒါနဲ့ အဲဒီရုပ်ရှင်ကိုရော ကြည့်ပြီးပြီလား ။
  • Suu ။          ။ မကြည့်ရသေးပါဘူး ။
  • NDTV ။      ။ ကြည့်ဖို့ အစီအစဉ်ရောရှိလား။
  • Suu ။          ။ ဟင့်အင်း ။ မရှိပါဘူး ။
  • NDTV ။          ။ ကိုယ့်ကိုယ်ကို ဖန်သားပြင်ပေါ်ကြည့်ရတာ သိပ်မပြီပြင်ဘူး ၊ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်လို့လား ။
  • Suu ။           ။ အနေရခက်မှာတော့ အသေအချာပါဘဲ ။
  • NDTV ။         ။ ဒေါ်စုကို သဲကြီးမဲကြီး စိတ်ဝင်စားကြတာကို နေသားကျနေပြီလား ။ ဒေါ်စုကို ကြည့်ရတာ ခပ်အေးအေး တစ်ယောက်တည်းနေတတ်သလိုဘဲနော် ၊ ဒါပေမယ့် အခု လွတ်လာပြီး နိုင်ငံခြားကိုလည်း သွားနိုင်ပြီဆိုတော့ တလောကလုံးက ဒေါ်စုကို တွေ့ချင်မြင်ချင်နေကြတယ် ။ ဒေါ်စုကို သိချင်ခင်မင်ရင်းနှီးချင်နေကြတယ် ။
  • Suu ။          ။ ကျမကတော့ အဲဒါနဲ့ပြောင်းပြန်ဘဲ တွေးပါတယ် ......ကမ္ဘာကြီးက ကျမအပေါ် အာရုံစိုက်တယ် ဆိုတာထက် ကျမက တခြားလူတွေအပေါ်မှာ ဘယ်လောက် အာရုံစိုက်နိုင်သလဲဘဲ တွေးတာပါ ။ သူတို့အပေါ် ကျမထားသင့်တဲ့ ဂရုစိုက်မှု ထားနိုင်ပါစေလို့ ဘဲ မျှော်လင့်ပါတယ် ။ တခါတလေတော့လည်း နည်းနည်းတော့ ခက်တာပေါ့လေ .....လူတွေကလည်း အများကြီး ၊ နိုင်ငံတွေကလည်း အများကြီး ၊ ကျမတို့အပေါ် ကောင်းတဲ့ အဖွဲ့အစည်းတွေကလည်း မနည်းဘူး ။ ကျမတို့က အဲဒီအတွက် ကျေးဇူးတင်ဝမ်းသာရကြောင်းကို သူတို့ကို အမှန်တကယ် သိစေချင်ပါတယ် ။
  • NDTV ။        ။ ကျမအမှတ်မမှားဘူးဆိုရင် ဆန်ဖရန်စစ်စကိုမှာ ထင်ပါရဲ့........ဒေါ်စုပြောခဲ့တယ်....ကိုယ့်ကိုယ်ကိုယ် မမှားနိုင်တဲ့လူတစ်ယောက်လို့ မမြင်ပါဘူးတဲ့ ။ တနည်းပြောရရင် ကိုယ့်ကိုယ်ကို သူတောစင်တစ်ယောက်လို မမြင်ဘူး ဆိုပါတော့ ။ ဒေါ်စုမှာလည်း အားနည်းချက် ၊ အပြစ်ဆိုတာ ရှိပါတယ် တဲ့ ။
  • Suu ။       ။ ကျမကိုယ် ကျမ ဘယ်တုန်းကမှ သူတော်စင်တစ်ပါးလို့ မတွေးမိပါဘူး ။ အဲလို ပြောကြရင်လည်း မသက်မသာ ခံစားရပါတယ် ။
  • NDTV ။          ။ တခုခုကိုများ တခြားတနည်းနည်းနဲ့ လုပ်ခဲ့ရင် ကောင်းမှာဘဲလို့ တွေးမိတာမျိုး ရှိလား ။ အမှားတစ်စုံတစ်ရာ လုပ်ခဲ့မိတယ်လို့ ခံစားရတာမျိုး ရှိလား ။
  • Suu ။         ။  ကျမဘ၀မှာ အမှားတွေ အများကြီးလည်း လုပ်ခဲ့မိတာပေါ့ရှင် ။ ကျမမှာ စိတ်မြန်တတ်တာတစ်ခုကို အရင်ပြောရမှာဘဲ ။ အဲဒီစိတ်မြန်တာလေးကို ကို ထိန်းချုပ်ဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ် ။
  • NDTV ။          ။  အဆုံးသတ်မှာ မေးပါရစေ ....အခုဆိုရင် ဟိုးအရင်က ကျောင်းတက်ခဲ့တဲ့မြို့၊ ကောလိပ်တက်ခဲ့တဲ့မြို့ကို ပြန်လာခဲ့ရပြီ ။ သူငယ်ချင်းဟောင်းတွေကိုလည်း တွေ့ခဲ့ရပြီ ။ သူတို့နဲ့ တညနေလောက် အေးအေးဆေးဆေးတွေ့ဖြစ်ခဲ့ရဲ့လား ။ ဒေလီမြို့က အရင်သွားနေကျနေရာတွေကို ပြန်သွားလည်ဖြစ်ခဲ့ရဲ့လား ။
  • Suu ။         ။   ကျမစရောက်တဲ့နေ့မှာဘဲ သူငယ်ချင်ဟောင်းတွေနဲ့ နေ့လည်တစ်ခုလုံး တွေ့ဖြစ်ခဲ့ပါတယ် ။ ကျမတို့တွေ အမြဲ သွားချင်ခဲ့ကြတဲ့ Lodi ပန်းခြံမှာ သွားပြီး လမ်းလျှောက်ခဲ့ကြသေးတယ် ။



  • NDTV ။        ။   ဒီလိုကြားရတာ ၀မ်းသာပါတယ် ။ အိန္ဒိယကို ခဏခဏ လာလည်နိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်နော် ။
  • Suu ။           ။  ကျမလည်း အဲလိုဘဲ မျှော်လင့်ပါတယ် ။ အိန္ဒိယဟာ ကျမ အလွန်နှစ်သက်ရတဲ့ တိုင်းပြည်တစ်ခုပါ ။ အိန္ဒယအကြောင်းတွေးမိရင် နိုင်ငံဆိုတာထက် အင်မတန် ဆွတ်ပျံ့ဖွယ်ကောင်းတဲ့ ၊ ပွင့်လင်းတဲ့ ၊ နွေးထွေးတဲ့ မြေ တစ်ခုအနေနဲ့ တွေးမိပါတယ်.......
  • NDTV ။       ။ကျမတို့အတွက်တော့ ဒေါ်စုဟာ အိန္ဒိယမှာ ကျောင်းတို့ ကောလိပ်တို့ တက်ခဲ့တာဟာ အင်မတန်ထူးခြားဝမ်းသာဖွယ်ပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ ကျမတို့လည်း ဒေါ်စုနဲ့ ဆိုင်တယ်လို့ ပြောလို့ ရတယ်လေ ။
  • Suu ။        ။  ကျမကလည်း ဒီကို လာရတာ အင်မတန် ၀မ်းသာပါတယ်ရှင် ။
  • NDTV ။          ။   ကျမတို့ကို အခုလို လာရောက်ဖြေကြားပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ် ဒေါ်အောင်ဆန်းစုကြည် ။


↧

နောက်ကြောင်းပြန်မလှည့်သွားအောင်တွန်းထားတဲ့

$
0
0
နောက်ပြန် မသွားအောင် တွန်းထား...ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကတွန်းနေရတယ်.. အမေရိကန် နဲ့ EU ကတော့ နောက်ကနေ အပြေးလေး လိုက်လာနေပြီ..။ ကျေးဇူးရှင် လို့ ဆိုတဲ့ ဟို CHINA ကတော့ မျက်စိပိတ် ပြီးအေးဆေး မသိသလို လုပ်နေတယ်..။ ဦးအောင်မင်း ရယ် "ဖြေးဖြေးပြော နားနားပြီးပြော မောမယ်.." :((
Konay myo facebook


↧

ဖက်ဆစ်အလိုတော်ရိ လွှတ်တော်လား။

$
0
0
ဂျပန်ခေတ်တုံးကတော့ ဂျပန်အလိုတော်ရိတွေက သူ့ဆရာတွေကိုယ်စား ပြည်သူလူထုကို ဆက်ကြေးတောင်းတယ်။ နှိပ်စက်တယ်။

ခုလည်း ဖက်ဆစ် သန်းရွှေ တို့ ကို ထောက်ပံ့ကြေးပေးဖို့အတွက် လွှတ်တော်က ဆွေးနွေးညှိနှိုင်း၊ ထော က်ပံ့ကူညီကြမယ် ဆိုတော့

မေးပါရစေအုံး။ အခုလွှတ်တော်က ဖက်ဆစ်အလိုတော်ရိ လွှတ်တော်လား။ သန်းရွှေဆိုတာ ဖက်ဆစ်ပဲ။ သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို အခုထက်ထိ မတောင်းပန်ဘူး။ အရာအားလုံးကို လက်နက်ချ ဒူးထောက်တာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နေတာ မဟုတ်ပါဘူးလေ ။

ဒီလောက်တော့ နိုင်ငံရေး သူငယ်နပ်စားတွေကအစ သိပါတယ်။

မှတ်ချက် *ဥယျာဉ်မှုး အပါအဝင် အစေခံတွေ အတွက် တောင်းနေတာပါ ။ အငြိမ်းစား လခတွေကလည်း ကြောက်ခမန်းလိလိပါ .။

(အောင်မိုးဝင်း )


↧
↧

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းဖျက်သိမ်းပေးရေး အရှိန်တိုး မြှင့် တိုက်ပွဲဝင်နေ-ရုပ်/သံ(ဓာတ်ပုံ)

$
0
0
လက်ပတောင်းတောင် ကြေးနီစီမံကိန်းတွင် ပြည်သူများ၏ အကျိုးစီးပွားကို စောင့်ရှောက်ရန် တာဝန်ရှိသူများအား သံဃာတော်များက တောင်းပန် . . .ဦးသန်းရွှေ၏ ဆိုးကျိုး များသည် နိုင်ငံတော်ကို ပြောင်းပြန်လှန်ရုံမက . . . ဘာသာတရားကိုပါ ပြောင်းပြန်လှန်ခဲ့ပြီလော .
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းတောင်ကြေးနီစီမံကိန်းတွင် ပြည်သူများ၏ မျက်ရည်ကို ခြေဆေးနေသော အာဏာပိုင်အဖွဲ့အစည်းများအား အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် သံဃာတော်များ တောင်းပန်
ပုလဲ လွတ်တော်အမတ် ဒေါ်ခင်စန်လှိုင်နှင့်အတူ မုံရွာမြို့ Nld ပါတီဝင်များ လက်ပံတောင်းတောင်း ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရေးအတွက် တောင်းဆို ဆန္နပြသည့် သပိတ်စခန်းများအား သွားရောက်တွေ့ဆုံအားပေး
ပြည်သူလူထုကိုယ်စား ပြည်သူတွေအတွက် လွတ်တော်ထဲမှာ မားမားမတ်မတ် ရပ်တည်ပေးတဲ့သူကို လွတ်တော်ကိုယ်စားလှယ်အမတ်ဟုခေါ်သည်။

၂၅.၁၁.၂၀၁၂ ရက်နေ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းဖျက်သိမ်းပေးရေးအတွက် သံဃာတော်များ ကျောင်းသားများ တောင်သူလယ်သမား စုပေါင်း၍ ၀မ်ပေါင်ကုမ္မဏီရုံးရှေ့အ၀င်ပေါက်တွင် ပိတ်ဆို့ သပိတ်စခန်းတည်ထားကာ သပိတ်တိုက်ပွဲ ယခုအချိန်ထိ အရှိန်တိုးမြှင့် တိုက်ပွဲဝင်နေကြကြောင်း၊ ယနေ့ ပုလဲလွတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်နှင့် NLD ပါတီဝင်များသည် သပိတ်စခန်းသို့ လာရောက် ဆွေးနွေးကြပြီး ၂၉ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဖြစ်ကြောင်းသတင်းရရှိပါတယ်..
လက်ပန်တောင်းတောင်မှရင်ဖွင့်သံများ
သတင်းနှင့်ဓာတ်ပုံ။ ။Aung Nay Myo ,moe min oo


↧

မြ၀တီက တင်ခဲ့တဲ့သတင်းအပေါ်တုံ့ပြန်ချက်

$
0
0
ပြည်ပရောက်မြန်မာနိုင်ငံသား ၁ ဦး ပြန်လည်ရောက်ရှိမှုအား ကြိုဆိုခဲ့

မြန်မာအစိုးရအနေဖြင့် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသော မြန်မာများအား မိမိနိုင်ငံတွင်ပြန်လည် နေထိုင်ရန်ဖိတ်ခေါ်ချက်အရ ၁၉၈၈ ကျောင်းသား အရေး အခင်းတွင် တမူးမြို့မှ အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့တွင် သွားရောက် ခိုလှုံနေထိုင်လျက်ရှိသည့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်နေ ဦးအောင်ကျော်ထူး(၅၄)နှစ်သည် နိုင်ငံရေးလှုပ်ရှားမှု လုံးဝ မလုပ်တော့ဘဲ မိသားစုနှင့်အတူ အေးချမ်းစွာနေထိုင် သွားမည်ြဖစ်ကြောင်း ၁၆-၁၁-၂၀၁၂ရက်နေ့က တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားလာခဲ့သည်။

၂၁-၁၁-၂၀၁၂ရက်နေ့ ၁၇၀၀အချိန်တွင် ဦးအောင်ကျော်ထူးသည် အိန္ဒိယနိုင်ငံ၊ မိုရေးမြို့သို့ ရောက်ရှိနေကြောင်း ညီမဖြစ်သူ မစန်းစန်းဝင်းက လာရောက်ဆက်သွယ်ခဲ့သဖြင့် ၎င်း၏အချက်အလက်များနှင့် အတူ ပူးပေါင်းအဖွဲ့ဖြင့် နယ်စပ်တံတားဂိတ်၌ သွားရောက်ကြိုဆိုခဲ့သည်။ ဦးအောင်ကျော်ထူးသည် ၁၉၈၈အရေးအခင်းဖြစ်ပြီး ၅ လခန့်အကြာ တမူးမြို့မှအိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး အင်ဖာမြို့ရှိ မဏိပူရ် တက္ကသိုလ်တွင် မြန်မာစာနည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုအခါ အသည်းနှင့်ကျောက်ကပ် ရောဂါဝေဒနာများခံစားနေရသူဖြစ်ပြီး ညီမဖြစ်သူ မစန်းစန်းဝင်း(၅၀)နှစ်နှင့်အတူ တမူးမြို့မှကလေးမြို့သို့ ၁၇၂၀အချိန်တွင် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်မှန်က

တကယ်တန်းမှာတော့ ကိုအောင်ကျော်ထူးခေါ် ကိုဂြိုလ်တုဟာ ကလေးမြို့က ပုဂ္ဂလိကဆေးခန်းမှာဘဲ ခရီးသွားလာခွင့် ပိတ်ထားလို့ စောင့်နေရပါတယ်။ ကိုအောင်ကျော်ထူးဟာ အိပ်ယာပေါ်မှာတောင် ဟိုဘက်ဒီဘက်စောင်းချင်ရင် လူအကူမပါဘဲမစောင်းနိုင်ပါဘူး။

သမတကလည်း ပြည်ပရောက်တွေပြန်လာပါခေါ်ခဲ့တယ် ခုသူပြန်တာလည်း တမူးအာဏာပိုင်ရဲ့ခွင့်ပြုမိန့်နဲ့ပြန်တယ်။ ဒါပေမယ့် ကလေးမြို့အာဏာပိုင်က ဘာလို့သူ့ကို ခရီးဆက်ထွက်ခွင့်မပေးတာလဲ။ လေယာဉ်လက်မှတ်လုပ်ပေးမယ်ပြောပြီး အထက်အမိန့်မရသေးလို့ ခရီးထွက်ခွင့်မပြုဘူးဆိုတာ ဖြစ်သင့်ပါသလား စေတနာမှန်နဲ့ ဖိတ်ခေါ်တယ်ဆိုရင် ဒီလို အခြေအနေဆိုးနေတဲ့ လူမမာကို အေးအေးဆေးဆေး သူ့ဇာတိ မန္တလေးကို သွားခွင့်ပြုသင့်ပါတယ်။

လူမမာက ဦးသိန်းစိန် လည်ပင်းကို ထမညှစ်နိုင်ပါဘူး။ သူ့ရဲ့ နောက်ဆုံးအချိန်ကို မိသားစုနဲ့ တွေ့ခွင့်ပေးသင့်ပါကြောင်း.. ပြောနေတဲ့ကြားက လူနာကဒီကနေ့ညနေ ၃နာရီက ဆေးရုံမှာဘဲသေဆုံးသွားပါတယ်.. ခု ကလေးမြို့ခံ ၈၈အုပ်စုတွေ ကူညီနေပါတယ်.. ခုရေခဲတိုက်မှာအလောင်းထားပါတယ် မိသားစုတွေ မိုးချုပ်ချုပ်မှာ ကလေးမြို့ကိုရောက်ပြီလို့သိရပါတယ်

Nay Myo Linn


↧

မြန်မာပြည်မှချင်းတိုင်းရင်းသူလေး အဆိုတော် Milla Dawt Hniang အမေရိကန်မှာအောင်မြင်ကျော်ကြား

$
0
0
RELEASE DATE: JANUARY 8TH 2013! COMING IN ITUNES, AMAZON, AND IN YOUR LOCAL RETAIL STORES (LISTING WILL BE AVAILABLE SOON) လာမည့်နှစ်ဦး ၁.၈.၂၀၁၃တေးအယ်လ်ဘမ်ဖြန့်မည် -သီချင်းများကိုဒီမှာနားထောင်လို့ရပါတယ်။

Hi, I am Milla :) I am 22. I am originally from Burma, Chin. I am a singer/song writer. I sing country music, I have a very strong passion towards music (singing). I got diagnosed with the Polio disease 3 days before i turned one year old. No one expected me to live-not even doctors, but i've been given a second chance to live my life to the fullest. I thank God everyday for my life. I started singing at a very young age. I basically grow up in hospitals, i was never allowed to attend school with other kids so i was home schooled. I had a lot of time in my hand while other kids were at school so my interest in Music/Singing started at a very young age. At age 4 i started singing in front of people and i enjoyed entertaining others around me. My family didn't owned any TV so i would sing for my neighbors in returned they would invite me to their home to watch TV. Thankfully, i've been blessed to be given a chance to come to America at age 8 and i've been given countless opportunities to follow my dream of becoming a professional musician one day.
မြန်မာလိုဆိုထားတဲ့သီချင်းတပုဒ်*Since my first Burmese cover song was really hard to understand what the heck i was singing, I've decided to do a new cover! :) This is definitely one of my all time burmese song! ENJOY! :)

Growing up was really hard for me with social life, school, and etc. As a 22 years old girl with polio disease i've encountered many hardship throughout the years and i've experienced a lot of hurt in the past. I get hurt easily and as a human being I don't like the feeling of being pushed or being put down. But what I've learn so far is that in life, you'll always have some people that will try to bring you down no matter what you do. The best thing you can do is hold on to God, keep smiling, keep your head high, don't let others get you down no matter what and keep moving towards your goal with God. I also believe that sometimes when people crossed certain limits, which I don’t think is right, and so i don't like to just sit there and not say anything. I am not afraid to admit if I am scared, if I am in pain or to say what is on my mind. Personally, I also believe that keeping your emotions and everything trapped inside of you is very unfair, especially to yourself, so to say what you feel and how you feel about something or someone when its necessary is very important. And this is why i ever started writing my own music and i've discovered how much of a freedom it is to do so. I started writing music ever since I've realized how much more meaningful it is to be able to expressed yourself and this is why i wanted to sing my own lyrics and put my heart into the lyrics and melody. I've discovered that singing my own lyrics gives me the freedom to express how i feel about love and life through music. I am inspired by two specific artists; Shania Twain and Taylor Swift. I have a passion for Music and becoming a professional musician one day is my dream. Singing gives me the freedom that nothing can offer me. There's nothing i can do for myself or others physically, but music is my only way i can help myself and others. Obviously music is a very important part of life and music, in my opinion, is the one thing that can help everyone smile every once in awhile and that music is always there no matter what. I also do different varieties of cover songs. When it comes to the style of cover songs and my choice of cover songs, I definitely like to try different music this is why i cover bunch of songs from like 80s. 90s. music i've always been fascinated by unique instruments sounds, i love the sound of banjos, violins, fiddles, dobros, harmonicas, mandolins, and my favorite of all time is the sound of Zithers. I know there are tons of other young girls out there who has a visible disability like myself and i definitely want those young girls to know that if i have the courage to go after this dream of mine, they can definitely do it too. They should follow what's in their heart and desire and passion. Life is too short to be afraid, sad, depressed, or be mad, instead no matter what condition you are in, you should always put God first and have God in your heart, stay positive and go after something your heart tells you to do. I can't even begin to explain how thankful i am towards my supporters. I really would not even have the courage to even make an artist music fan page if it wasn't for them. The fact that they've given my music the time of their day, even if its just for a few seconds, i am so thankful towards them and this act of kindness means the world to me. Well that pretty much sums it up for me, thank you so much for taking your time reading this long bio. I know this is ridiculously long, and thank you for giving your time of the day to read my bio and listen to my music. There is not really any other words than to say thank you and i love you for your love and support. God bless -Milla


↧

ဆန္ဒပြမှုတွေကြောင့် ခရီးမရောက်ပဲဖြစ်နေတယ် လို့ပြောတဲ့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးဝေလွင်

$
0
0
Photo..Irrawaddy

ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးဝေလွင် ရဲ့ လက်ပတောင်းတောင် စီမံကိန်း နဲ့ ပါတ်သက်ပြီး လွတ်တော်အတွင်း ရှင်းပြချက်ကိုနားထောင်ပြီး သတင်းစာမှာပါ သေချာအောင် နားလည်အောင်ဖတ်ခဲ့ပါတယ်..။ လက်မခံနိုင်တဲ့ အချက်ကိုပြောပါ့မယ်..။ ကျန်တာနောက်တော့ပြောမယ်..ဗျာ..။

နိုင်ငံတော်အနေ နဲ့ ဒီမိုကရေစီ ရှေ့ခရီးကို ချီတက်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်နေရာမှာ ဆန္ဒပြမှုတွေ နဲ့ ရင်ဆိုင်ကြုံတွေ့နေရတော့ ရှေ့ခရီး ကို မရောက်တော့ဘူး..။ နောက်ပြီး လွတ်တော်မှာဆွေးနွေးစဉ် ပါခဲ့ပေမဲ့ သတင်းစာမှာ တော့ ကျနော်ရှာတာ ဒီစကားလုံးကို မတွေ့တော့ဘူးဗျ...။ မိဘ တိုင်းဟာ သားသမီးတွေလိုချင်တာ ပူဆာသမျှ အားလုံးလိုက်လျော သင့်ပါသလား..။ သားသမီးတွေရှေ့ရေး ကောင်းဖို့ ရာအတွက် မလိုက်လျောသင့်ရင်လည်း မလိုက်လျောပဲနေတာမျိုးတွေ ရှိပါတယ်..လို့ ကျနော် ကြားမိပါတယ်..။ စကားလုံး တိတိကျကျ မဟုတ်ပေမဲ့ ဒီသဘောတရားပါပဲ..။

ဒီတော့ ခင်ဗျား တို့က မိဘ.. ကျန်ာတို့က သားသမီးပေါ့..။ ထားပါ..။ ဒါအရေးမကြီးပါဘူး..။ အရေးကြီးတာက မိဘ တိုင်းဟာ သားသမီးတွေ အပေါ် စေတနာ..၊ မေတ္တာ..၊ ဂရုဏာ..၊ စွန့်လွတ်အနစ်နာခံ တန်ဖိုးထားမှုတွေဟာ သံသယ ရှိစရာမလိုပါဘူး..။ ပြန်ပြီးမေးခွန်းထုတ်ဖို့ရာလည်း မလိုအပ်ပါဘူး..။

မိဘတိုင်းဟာသားသမီးတွေကို ကောင်းစားစေချင်ကြတာမို့ပါ...။ ဒါပေမဲ့... ခဗျာင်္းတို့မှာ အဲ့ဒီလိုဖြူစင်တဲ့ မိဘတွေရဲ့ စိတ်ထားမျိုးရှိပါ့မလားဗျာ..။ ဟာသ ပြတ်လုံးပြတ်နေတာများလား..။ ပြည်သူတွေအပေါ်ဘယ်တုန်းကများ စေတနာ..၊ မေတ္တာ..၊ ဂရုဏာ..၊ စွန့်လွတ်အနစ်နာခံ တန်ဖိုးထားမှုတွေ ပြသခဲ့ဖူးလို့လဲ..။ အလုပ် နဲ့ သက်သေ မပြဘူးဘဲနဲ့ စကားကို လွယ်လွယ်မပြောပါနဲ့လား..။ ပြောလို့ရော.. ပြည်သူတွေက ယုံကြပါ့မလား..။ မယုံတဲ့ ပြည်သူတွေမှာ အပြစ်မရှိပါဘူး.. ဒီလိုမယုံကြည်ရင်လည်း စောတက တက်စရာမရှိပါဘူး..။ ဆန္ဒပြကြတဲ့ ပြည်သူတွေမှာလည်း အပြစ်လဲမရှိပါဘူး..။ လုံးဝ အပြစ်ရှိနေတာက ခဗျာင်္းတို့ပါပဲ..။ တိုင်းပြည်ကို နှစ်ပေါင်း များစွာခေတ်နောက်ကျ ကျန်ခဲ့အောင်.. မွဲအောင်..လုပ်ခဲ့တာလည်း ခဗျာင်္းတို့ပါပဲ..။

ဒီတော့ တိုင်းပြည်တိုးတက်အောင် ခေတ်မီနည်းပညာတွေနဲ့ ဆောင်ရွက်ရာမှာ ဆန္ဒပြမှုတွေကြောင့် ခရီးမရောက်ပဲဖြစ်နေတယ် ဆိုတဲ့ ဆန္ဒပြသူတွေအပေါ် အပြစ်ပုံချ ချင်နေတဲ့ ခဗျာင်္းတို့ရဲ့ ခပ်နိမ့်နိမ့် အတွေးအခေါ်တွေကို လုံးဝ လက်မခံနိုင်ပါဘူး..။

(ဦးဝေလွင် ပြောတဲ့ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဟာ တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား..ဆိုတဲ့ အကြောင်း ဒီရက်ပိုင်း မျက်မြင်တွေ့ခဲ့ရတဲ့ ကြေကွဲ ၀မ်းနည်းဖွယ် တပ်မတော်သား မိသားစု တစ်စုရဲ့အဖြစ်ကို နောက်နေ့မှာ ထပ်ပြီးပြောပါဦးမယ်...)

Ko nay myo Facebook


↧
↧

ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်

$
0
0
နားခါးသော အမှန်တရား

လက်ပန်းတောင်းတောင်သပိတ်စခန်းတွင် တရုတ်နိုင်ငံအပေါ် မှတ်ချက်ပြုပြောကြားသည့်စကားကြောင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အနေဖြင့် မီဒီယာများ၏ အပြင်းအထန်ဝေဖန်မှုကိုခံနေရသည်။ တရုတ်ကိုလည်းကြောက်ရကြောင်းနှင့် မြန်မာနိုင်ငံပေါ်တွင်ရှိသည့် တရုတ်ကျေးဇူး ထောက်ထားရမည်ဟု မှတ်ချက်ပြုပြောဆိုခဲ့ခြင်းက တိုင်းပြည်၏သယံဇာတများကို ဂုတ်သွေးစုပ်ယူနေသည်ဟု ခံစားနေရသည့် မြန်မာပြည်သူများ အတွက်မူ နားခါးစရာ အမှန်တရားတခုလည်း ဖြစ်ခဲ့ရပါသည်။

တရုတ်ကိုကြောက်ရသလား

မန်ချူးတရုတ်တို့၏ လေးကြိမ်တိုင်တိုင် ကျူးကျော်မှုကို ပြန်လည်တွန်းလှန်နိုင်ခဲ့မှု၊ မွန်ဂိုတရုတ် တို့အား မြေလှန်စနစ်ဖြင့် တိုက်ပွဲတန့်သွားအောင် နှင့် ပြန်ဆုတ်သွားအောင် စွမ်းဆောင်နိုင်ခဲ့မှု စသည့် ကျောင်းစာသင် သမိုင်းစာအုပ်ထဲမှ စာသားများဖြင့် ရွှေထီးဆောင်းခဲ့သည့် ကာလများကို စိတ်ကူးဖြင့် မျှော်ကြည့်၍ မိမိဟာဒယကို မိမိအစာကျွေးနေ၍ မရတော့သည့် ခေတ်ဖြစ်ပါသည်။  ယနေ့ ကမ္ဘာတွင် စစ်ရေးအရ အင်အားအကြီးဆုံးဟု ဆိုရသည့် အမေရိကန်ပြည်ထောင်စုပင်လျှင် တရုတ်ပြည်ကို မလွန်ဆန်နိုင်သော အကြောင်းတရားများ ရှိနေပါသည်။ တရုတ်ပြည်၏ အကြွေးတွေ အမေရိကန်
ဘဏ်တွေမှာ လည်ပင်းခိုက်နေသမျှ တရုတ်တွေကို အမေရိကန်တွေ မျက်နှာချိုသွေးနေရပါသေးသည်။ ယနေ့ခေတ်ကား ခေတ်မီတိုးတက်သည့် လက်နက်ဆန်းတွေရှိနေသည် ဆိုဦးတော့ ၊ နျူကလီး ယား လက်နက်တွေ ပိုင်ဆိုင်ထားသည့် နိုင်ငံတွေပင် ဖြစ်ဦးတော့ သမာရိုးကျ လက်နက်ကိုင်တိုက် သည့် စစ်ပွဲများထက် Soft Power ဟု ခေါ်သည့် ပါဝါအပျော့များဖြင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်၏ Realism Theory ကို ကျင့်သုံးနေကြသည့်ခေတ်ဖြစ်ပါသည်။ ဆိုရလျှင် ယူနန်ပြည်သာ သာမျှသာ ရှိသည့် မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေကို ကြည့်ပါက တရုတ်ကို ကြောက်ရသလား ဟုဆိုလျှင် အဖြေက ရှင်းပါသည်။ နားခါးစရာအမှန်တရားအဖြစ် တရုတ်ကို ကြောက်ရပါသည်။

တရုတ်ကို ဘာလို့ကြောက်ရ

မြန်မာပြည်တဝက်ကို သိမ်းမိလုနီးပါး ချီတက်လာသည့် ဗကပ တွေကို ပုဂံခေတ်သူရဲကောင်းလေးဦး စေလွှတ်၍ တိုက်ခိုက် အောင်မြင်ခဲ့ရသည်မဟုတ်ပါ။ တရုတ်တို့က ၎င်းတို့၏ နိုင်ငံခြားရေးပေါ်လစီကို အပြောင်းအလဲလုပ်ပြီး ဗကပ တွေကို လူသူ လက်နက်အင်အား ထောက်ပံထားထားမှုကို  တိကနဲ ဖြတ်၍ မြန်မာစစ်အစိုးရနှင့် ထိတွေကဆက်ဆံရန် ဆုံးဖြတ်လိုက်၍သာ ယနေ့ မြန်မာနိုင်ငံ ကွန်မြူနစ်နိုင်ငံ ဖြစ်မနေခြင်းဖြစ်ပါသည်။ ဗကပကို တရုတ်ထောက်ပံ့ထားချိန်တွင် ယနေ့မြန်မာ့တပ်မတော်ထက် စွမ်းဆောင်ရည်နှင့်တိုက်ရည်ခိုက်ရည် (လက်နက်အင်အားမဟုတ်) အပြတ်အသတ် သာသော မြန်မာ့တပ်မတော်သားတွေ၏ အသက်ဇီဝန်တွေ တဖြုတ်ဖြုတ်ကြွေခဲ့ရသည်ကို ခံစားခဲ့ရသည့် တပ်မတော်သားမိသားစုဝင်တွေ သိနိုင်ပါလိမ့်မည်။ အနီးစပ်ဆုံး ယနေ့ အချိန်ထိ မြင်တွေ့နေ ရသည့် တရုတ်သြဇာခံ ကိုးကန့်နှင့် ဝ လက်နက်ကိုင် အဖွဲ့များကို မြန်မာအစိုးရအနေဖြင့် ခပ်ကြမ်းကြမ်း ကိုင်တွယ်ခြင်း မပြုဝံ့သည်က သက်သေပင်ဖြစ်ပါသည်။ ကချင်လက်နက်ကိုင်များ၏ နောက်ကွယ်တွင် တရုတ်ပြည်၏စနက် များစွာပါနေပါသေးသည်။ ယနေ့ မန္တလေးသည် တရုတ်ပြည်တပိုင်းဖြစ်နေပြီဖြစ်သလို အထက်မြန်မာပြည်၏ စီးပွားရေးဗဟို ဖြစ်သည့် မန္တလေးဈေးချိုသည် တရုတ်ပြည်မှ ကုန်သည်များ၏ အကြွေးများဖြင့် လည်ပတ်နေရပြီး တရုတ်တို့ တစ်ကွက်ရွှေ့ရုံမျှဖြင့် အချိန်မရွေး စီးပွားရေးအကျပ်အတည်းတွေ့နိုင်ပါသည်။ အလားတူကိစ္စရပ်တွေများစွာ ရှိနေပြီး အစိုးရအနေဖြင့်လည်း အကြီးအကျယ် အကျပ်ရိုက်နေပါလိမ့်မည်။ မြန်မာ့ဒီမိုကရက် တိုက်ဇေးရှင်းမှာ တရုတ်တို့၏ သြဇာလွှမ်းမိုးလာမှုကို အင်အားချိန်ခွင်လျှာ ပြန်ညှိနိုင်ရန် ကြိုးစားမှုက ရာခိုင်နှုန်းများများ ပါဝင်ကြောင်း နိုင်ငံတကာရေးရာ ပညာရှင်တို့၏ သုံးသပ်ချက်ကို ကြည့်လျှင် ယခုပြဿနာကို မြင်သာ နိုင်ပါသည်။

တရုတ်ကျေးဇူး ဘာတွေရှိသလဲ

ယနေ့အခါသမယသည် မိမိနိုင်ငံကို အကျပ်အတည်းရောက်အောင် လုပ်နိုင်သော အင်အားရှိသည့် နိုင်ငံကြီးက အနှောင့်အယှက် မပေးခြင်းသည်ပင်လျှင် ကျေးဇူးတင်စရာကောင်းနေသည်ဟု ဆိုရတော့မည့် အခြေအနေ ဖြစ်သည်။ အဓိက ရန်သူ ဗကပကို အထောက်အပံ့ဖြုတ်လိုက်မှု၊ ကိုးကန့်နှင့် ဝကဲ့သို့ လက်နက်ကိုင်များကို ငြိမ်ငြိမ်နေရန် သြဇာညောင်းထားနိုင်မှု၊ စသည့် စစ်ရေးကိစ္စရပ်များကို ဘေးဖယ်၍ နိုင်ငံတကာမှ ပိတ်ဆို့အရေးယူထားချိန်တွင် မိမိတိုင်းပြည်ကို စီးပွားရေးအရ ကူညီထောက်ပံ့မှုနှင့် ကုန်သွယ်မှုတို့ကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခဲ့သည်မှာ တရုတ်ပြည်ပင် ဖြစ်ပါသည်။  တရုတ်နှင့် မြန်မာ စီးပွားရေးဆက်ဆံမှုတွင် မြန်မာတို့အနေဖြင့် များစွာ နစ်နာခဲ့ရသည်မှာ မှန်ပါသည်။ တရုတ်တို့ အနေဖြင့် ချွန်းကို ဆင်နှင့်လဲယူရသကဲ့သို့ အမြတ်ထွက်သည်မှာလည်း မှန်ပါသည်။ သို့ရာတွင် မြန်မာပြည်က ဆင်ကို အပေါစားချွန်းနှင့်ပင် မလဲနိုင်ဟု ပိတ်ဆို့ထားသည့် နိုင်ငံတွေနှင့်ယှဉ်လျှင် တရုတ်ပြည်နှင့် စီးပွားရေး ဆက်ဆံနိုင်ခဲ့မှုက မြန်မာနိုင်ငံအတွက် အသက်ရှုပေါက် တပေါက်ဖြစ်ခဲ့ ပါသည်။

တရုတ်ပြည်နှင့် လမ်းပေါက်၍သာ မန္တလေးအပါအဝင် ရှမ်းပြည်မြောက်ပိုင်း တကြော ဖွံ့ဖြိုး တိုးတက်လာခဲ့ခြင်းပင်ဖြစ်သည်။ တရုတ်ကသာသည်၊ မြန်မာက နာသည် ဆိုသည့် ကိစ္စရပ်ကတော့ အားကြီးသူက အနိုင်ရစမြဲဆိုသည့် သဘောတရားအတိုင်းပင်ဖြစ်ပါသည်။ အနောက်နိုင်ငံများက မဝယ်သည့် အချိန်တွင် တရုတ်ကို ရသည့်ဈေးနှင့်ရောင်းပြီး အသက်ဆက်ခဲ့ရသည်က တရုတ်တွေကို ကြံဖန်ကျေးဇူးတင်စရာဖြစ်၍ တရုတ်ကျေးဇူး မြန်မာအပေါ်တွင် တကယ်ပင်ရှိခဲ့ပါသည်။ အကြောင်း ဆက်၍ ဆိုရလျှင် ကုလသမ္မဂ လုံခြုံရေးကောင်စီကို အသုံးချ၍ မြန်မာနိုင်ငံအား အီရတ်နှင့် အာဖဂန်ကဲ့သို့သော မအောင်မြင်သည့် ဒီမိုကရေစီအိတ်စပို့လုပ်ရေးများကို တရုတ်ပြည်က ၎င်း၏ ဗီတို အာဏာဖြင့် မားမားမတ်မတ်ရပ်၍ ကာကွယ်ပေးခဲ့မှုကြောင့်သာ(သူ့အကျိုးစီးပွားလည်း ပါသည်ပေါ့) မြန်မာတွေ အီရတ်လို အဖြစ်မျိုးနှင့် မကြုံခဲ့ရခြင်းဖြစ်ပါသည်။ နောက်ဆုံးဖြစ်ရပ်အဖြစ် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ရ၍ ဒေါ်လာ သန်း၃၀၀၀ ကျော်မျှ လျော်ရနိုင်သည့် ကိစ္စတွင် တရုတ်တွေ အပြုံးမပျက် သေး၍ ကျေးဇူးတင်စရာဖြစ်နေပါသေးသည်။

ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျတယ်

မြန်မာတွေပြောနေကျ ဆိုရိုးစကားဖြစ်သည့် ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျတယ် ဆိုသည့် စကားမှာ အောင်မင်းဆိုသည့် ပုဂ္ဂိုလ်မှာ အမှန်တွေကို ပြောသော်လည်း ပြေပြေပြစ်ပြစ် မပြောတတ်၍ အမြဲတမ်းအပြစ်တင်ခံရသည်၊ သို့သော် ၎င်းပြောသော အမှန်တရားတွေမှာ ပိဿလေးနှင့် နံဘေး ပစ်သလိုဟု ဆိုရမလို နာလိုခံခက် အမှန်တရားများဖြစ်နေ၍လည်း ၎င်းမှာ ဆက်လက်၍ အပြစ်တင် ခံရဆဲဖြစ်သည်ဟု အဓိပ္ပါယ်ထွက်သည်။ ယခုကိစ္စတွင်လည်း တရုတ်ကို ကြောက်ရသည်၊ ကျေးဇူးရှိပါသည် ဆိုသည့် ၎င်း၏ မှတ်ချက်မှာလည်း အောင်မင်းလွန်သွားသည့် စကားပင်ဖြစ်ပါသည်။ အညာဒေသမှ ရိုးသားသော ဒေသခံပြည်သူများကို ဘေးတီးကောင်းသော မီဒီယာများရှေ့မှောက်တွင် အရပ်စကားနှင့် တဲ့တိုး ပြောလိုက်ခြင်းကလည်း လွန်သွားသည့်အချက် တချက်ပင်ဖြစ်ပါသည်။ အကြောင်းအကြောင့်၊ ယခင်ဆက်ဆံရေးများကြောင့်၊ အိမ်နီးချင်းဝတ္တရားများကြောင့်၊ စိုသည့်လက် မခြောက်စေချင်တော့သည့် သဘောတရားကြောင့်၊ မြစ်ဆုံကိစ္စတွင် အားနားထားရသောကြောင့် ၊ မြန်မာတွေ ကတိမတည် မိတ်ဆွေအသစ်ရလျှင် သစ္စာဖောက်သည်ဟု ရှုမြင်ခံရနိုင်သောကြောင့် စသည်ဖြင့် ထိုအကြောင်း တရားများကြောင့် တရုတ်တို့နှင့် မျက်နှာအပျက်မခံနိုင်တော့ကြောင်း၊ အမေရိကနှင့် ပြေလည်ရုံမျှဖြင့် တရုတ်ပြည်နှင့် ဆက်ဆံရေးကို ယတိပြတ် ဖြတ်၍ မရနိုင်ကြောင်း၊ ထို့ပြင် ယခင်အစိုးရက လုပ်ခဲ့သည့် ကိစ္စကို ယခုအစိုးရက တာဝန်မယူနိုင်ဟု ဆိုခြင်းမှာ ကလေးဆန်သည့် လုပ်ရပ်မျိုးဖြစ်၍ နိုင်ငံတကာ ဆက်ဆံရေးတွင် ထိုသို့ လုပ်၍ မရကြောင်း၊ မြစ်ဆုံကိစ္စမှာ MoU ဖြစ်၍ ယခုကိစ္စမှာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရခြင်းဖြစ်၍ သဘောသဘာဝခြင်းမတူကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများတွင် စစ်တပ်များကို နိုင်ငံရေးမှ ဆုတ်ခွာစေရန် ရန်ပုံငွေများဖန်တီးပေးရခြင်းနှင့် အကျိုးစီးပွား ခံစားခွင့်ပြုရခြင်းများကြောင့် ဦးပိုင်ကုမ္ပဏီကိုလည်း ကြည့်ရှုရကြောင်း စသည်ဖြင့် ကျယ်ကျယ်ပြန့် ပြန့် ရှင်းလင်းပြောကြားခဲ့လျှင် အောင်မင်း လွန်ခဲ့လိမ့်မည်မဟုတ်ပါ။ အထူးသဖြင့် တရုတ်ပြည်ကို ပညာပေးရန် ရည်ရွယ်ချက်ဖြင့် တရုတ်နှင့်စီမံကိန်းကို ရပ်ဆိုင်းလျှင်ပင် အခြားနိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများက မြန်မာလူထုသည် စီမံကိန်းမှန်သမျှ ကန့်ကွက်နေသည်၊ မြန်မာတွေမှာ ကတိမတည်ဘဲ အများညီလျှင် မှားသည့် ကိစ္စကိုပင် အမှန်လုပ်တတ်ကြသည်ဟု ရှုမြင်သွားပြီး ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်တော့ရန် ဆုံးဖြတ်လိုက်ပါက စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နေရသော ဒီမိုကရေစီ နိုင်ငံသစ်အတွက် များစွာထိခိုက် နိုင်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်ပျက်ခဲ့သည့် ကိစ္စကို သင်ခန်းစာယူ၍ နောင်လာမည့် ရင်းနှီးမြှုပ်နှံမှု တိုင်းကို အသေအချာ စိစစ်လက်ခံသွားမည် ဖြစ်ကြောင်းတို့ကိုပါ တပါတည်း ရှင်းလင်းပြောကြားခဲ့သင့်ပါသည်။  သို့သော်လည်း ခါးသီးသော အမှန်တရားကို နားဝင်ချိုအောင် မပြောတတ်သော ဦးအောင်မင်း ယခုတကြိမ်တွင်အမှန်တကယ် လွန်သွား ခဲ့ပြီဖြစ်ပါသည်။

အမှိုက်ထဲကရွှေ၊ အရှုံးထဲက အမြတ်

နှစ်ပေါင်းငါးဆယ်ကျော်အတွင်း အထူးသဖြင့် လွန်ခဲ့သည့် ၂၃နှစ်အတွင်း အာဏာရှင်စနစ်အောက် တွင် အစိုးရပိုင် မီဒီယာများမှ မစားရဝခမန်း ဖွံ့ဖြိုးတိုးတက်မှုကြီးများကို ပြသပြီး နောက်ကွယ်တွင် အမှန်တကယ် ဖြစ်ပျက်နေသည့် အကျပ်အတည်းများကို သတင်းအမှောင်ချထားခဲ့၍ မြန်မာပြည်သူ တွေ ဘာမှ မသိခဲ့ရ ၊ အချို့ကိစ္စတွေကို သိပါလျှက်နှင့်ပင် ပြန်လည်စောဒက မတက်ဝံ့ဘဲ ခေါင်းငုံ့ခံခဲ့ရသည့် အာဏာရှင်စနစ်ကို ပြန်ပြောင်း သတိရစေလိုပါသည်။ ဒီမိုကရေစီဟုဆိုပါလျှက် မျက်ရည်စမ်းစမ်းကျပြီး လုပ်ချင်တာဆက်လုပ်မည်ဟု ဆိုသော ဦးကျော်ဆန်းကဲ့သို့ ဝန်ကြီးနှင့်လည်း ကြုံခဲ့ရပြီးဖြစ်ပါသည်။ အချက်အလက် အခိုင်အမာမရှိဘဲ ပြောချင်ရာပြောပြီး ဆက်လုပ်မည်ဆိုသည့် လျှပ်စစ်ဝန်ကြီးဟောင်း ဦးဇော်မင်းလို ပုဂ္ဂိုလ်မျိုးနှင့်လည်း ဆုံခဲ့ရပြီးဖြစ်သည်။

ယခုဦးအောင်မင်းကိုယ်တိုင် လာရောက်ဖြေရှင်းသည့် ကိစ္စတွင် ၎င်းအနေဖြင့် စကားမှားခဲ့သည်မှာ မှန်ပါသည်။အာဏာရှင်စနစ်ကတည်း လုပ်ခဲ့သည့် လက်ပန်းတောင်း စီမံကိန်းသည် လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ ပြန်လှန်စောဒကတက်ပိုင်ခွင့် ရှိလာသည့် ယခုအချိန်တွင် အစိုးရ၏ ထိပ်တန်း ပုဂ္ဂိုလ်တဦးက ပြည်သူများကြမ်းတပြေး တည်း ဆောင့်ကြောင့်ထိုင်၍  အစိုးရအနေဖြင့် အမှန်တကယ် ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို ပြည်သူထံ ပွင့်လင်းစွာ ချပြဆွေးနွေးနေပြီ ကို ကြည့်လျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပွင့်လင်းမှုနှင့် အစိုးရ၏ တာဝန်ခံမှု၊ ပြည်သူထံ ပွင့်လင်းမြင်သာရှိမှုတို့ကို ရှင်းလင်းစွာ တွေ့မြင်ရမည်ဖြစ်ပါသည်။ အစိုးရနှင့် ပြည်သူ တဝိုင်းတည်းထိုင်၍ ပြဿနာကို အဖြေရှာနိုင်မှုသည်ပင်လျှင်  မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝမ်းသာစရာဖြစ်ပါသည်။ လက်ရှိ ဖြစ်နေသောကိစ္စ၊ တရုတ်နှင့် ထိပ်တိုက်တိုးမည့် ကိစ္စများကို ဖြေရှင်းရာတွင် အကောင်းဆုံး နည်းလမ်းကို အစိုးရနှင့် ပြည်သူ ခေါင်းချင်းဆိုင် အဖြေရှာနိုင်ရန် ကြိုးပမ်းခြင်းသည်ဖြင့် မြန်မာ့ဒီမိုကရေစီကို တန်ဖိုးတက်စေပါလိမ့်မည်။ ဖြစ်ခဲ့သည့် ကိစ္စများကို သင်ခန်းစာယူ၍ နိုင်ငံ့အရေးအတွက် အနာဂတ် ကိစ္စရပ်များကို စားပွဲပေါ်တွင် ပူးပေါင်းအဖြေရှာသည့် နည်းထက် လမ်းဟောင်းလိုက်၍ ထိပ်တိုက်နည်းဖြင့် ရင်ဆိုင်လျှင်မူ မြန်မာ့ဒီမိုကရေစီအရေးကို ပြည်သူကိုယ် တိုင်က၊ မီဒီယာများကိုယ်တိုင်က နောက်ပြန်လှည့်နေသည်နှင့် တူနေပါလိမ့်မည်။ အစဉ်အလာကဲ့သို့ ဖြစ်နေသည့် တစ်ဖက်နှင့် တစ်ဖက် စကားအမှားကို အပြစ်တင်ထိပ်တိုက်ရင်ဆိုင်ခြင်းထက် နိုင်ငံတော်အတွက် အစိုးရ နှင့် ပြည်သူ စားပွဲပေါ်တွင် ပူးပေါင်းအဖြေရှာဖွေနိုင်သည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်၍ အနာဂတ်တွင် မြန်မာ့ဒီမိုကရေစီ တိုးတက်ရေး လုပ်ဆောင်သွားနိုင်ရန် အလား အလာကောင်း များရှိနေခြင်းကို ယခုကိစ္စက မီးမောင်းထိုးပြနေပြီး ဤသည်ပင်လျှင် အမှိုက်ထဲက ရွှေဖြစ်လာသည်ဟု ဆိုရတော့မည်ဖြစ်ပါသည်။

Yangon chronicle


↧

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင်ဆန္ဒထုတ်ဖော်

$
0
0
ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ယနေ့ ညနေ (၄း၀၀)နာရီအချိန်ခန့်၌လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းတည်ဆောက်မှုနှင့် ပတ်သက်၍ကျေနပ်မှုမရှိသော ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် လက်ပန်တောင်းမှ ဒေသခံ(၁၀၀)ခန့်က "လက်ပန်တောင်းစီမံကိန်းရပ်တန့်ရေး ဒို့အရေး" ဟု ကြွေးကြော်ဆန္ဒထုတ်ဖော်ကြသည်။

"အခု ဆန္ဒ္ဒထုတ်ဖော်တာက တရုတ်နဲ့ ပေါင်းဖွင့်ထားတဲ့ကုမ္ပဏီကြီးတွေကို ဒီစီမံကိန်းရပ်တန့်ဖို့ ဆန္ဒထုတ်ဖော်တာ" ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားခြင်းမရှိကြောင်းနှင့် သက်ဆိုင်ရာမှလည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ ဥပဒေအတိုင်း အရေးယူရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌လည်း လုံခြုံရေး ချထား

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးနှင့် ပတ်သက်၍ယခု ဆန္ဒထုတ်ဖော်နေသူများသည် မဟာဗန္ဓုပန်းခြံအား (၇)ပတ် ပတ်၍တောင်းဆိုသွားမည်ဖြစ်ကြောင်း လက်ပန်တောင်းတောင်အရေး လှုပ်ရှားသူကိုဟန်ဝင်းအောင်က ပြောကြားသည်။ အဲ့ဒီ ဆန္ဒပြပွဲအတွင်း ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီးဒဂုန်တာရာရဲ့ သ၀ဏ်လွှာကို ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဟန်ဝင်းအောင်မှ ဖတ်ကြားခဲ့ပါတယ်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ABSDF အဖွဲ့ဝင်ဟောင်း ကိုရဲလင်းက"တရုတ်နိုင်ငံက စီမံကိန်းတွေ ရပ်တန့်သွားဖို့ အဓိကတောင်းဆိုတာပါ"ဟု ဆိုသည်။

အဆိုပါ လက်ပန်တောင်းတောင်အရေး တောင်းဆိုနေသော ဒေသခံများအားဗကသအဖွဲ့ဝင်များ ယခင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လယ်ယာမြေအရေးဆောင်ရွက်နေသူများနှင့် လူ့အခွင့်အရေးဆောင်ရွက်နေသူများက ၀ိုင်းရံလျှက် ရှိကြောင်းသိရသည်။ "ဥပဒေအတိုင်းအရေးယူမယ်ဆိုရင်တော့ မနက်ကအဖမ်းခံရတဲ့ ကျွန်တော်တို့(၄)ဦးကိုပဲ အရေးယူမှာပါ" ဟု ကိုဘိုဘိုကျော်က ပြောသည်။

ယနေ့မနက်တွင် သက်ဆိုင်ရာမှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးလှုပ်ရှားသူများဖြစ်သည့် ကိုဘိုဘိုကျော်၊ ကိုသီဟ၀င်းတင့်၊ ကိုရဲလင်း၊ ကိုဝင်းကိုတို့လည်း ပါဝင်အရေးဆိုလျှက် ရှိကြောင်း သိရသည်။
ယမန်နေ့ ည ၁၀ နာရီမှ မနက် ၁နာရီထိ သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းခံရသောဗဟိုကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုသီဟ၀င်းတင်ကဒီမိုကရေစီကူးပြောင်းနေစဉ်ကာလအတွင်း ယခုကဲ့သို့ ခေါ် ယူမေးမြန်းခြင်းများမပြုလုပ်သင့်ကြောင်း ထုတ်ဖော်ပြောကြားသည်။ “ဒီမိုကရေစီနိုင်ငံလဲကူးပြောင်းနေပြီဗျာ၊ခုလိုခေါ်ယူတာညှိနှိုင်းတာဟာ ဒီမိုကရေစီနိုင်ငံ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး”ဟု ၄င်းကပြောကြားသည်။

မြန်မာ့ခေတ်


↧

မြန်မာကိုတင်ပို့မည့် မြောက်ကိုရီးယား လက်နက်ပစ္စည်း ဂျပန်တွင် ဖမ်းမိ

≫ Next: ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးဝေလွင်ပြောတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဟာ တကယ်ဘဲ တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား??
$
0
0
မြန်မာနိုင်ငံကို တင်ပို့မယ့် လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ မြောက်ကိုရီးယား ပစ္စည်းတွေကို သင်္ဘောတစီးပေါ်ကနေ ဂျပန်အာဏာပိုင်တွေက ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အဆာဟိ ရှင်ဘွန်း ဂျပန်နေ့စဉ်သတင်းစာမှာ နိုဝင်ဘာ ၂၄ ရက်နေ့က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

ဒုံးလက်နက်ပစ္စည်းထုပ်လုပ်ရာမှာ ဒါမှမဟုတ် ယူရေနီယံသန့်စင်ရာမှာ သုံးနိုင်တဲ့ ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်တင်သင်္ဘောတစီးကို ဂျပန်နိုင်ငံ တိုကျိုဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဉ် ဂျပန်အာဏာပိုင်တွေက သြဂုတ်လ ၂၂ ရက်နေ့မှာ အမေရိကန်ရဲ့တောင်းဆိုချက်အရ တက်ရောက်ရှာဖွေခဲ့တာလို့ ဂျပန်သတင်းစာမှာ ရေးပါတယ်။


ပစ္စည်းတွေတင်ထားတဲ့ ၀န်ဟိုင် (Wan Hai) အမည်ရှိ ကုန်တင်သင်္ဘောဟာ ထိုင်ဝမ်သင်္ဘော ကုမ္ပဏီတခုက ပြေးဆွဲတဲ့ သင်္ဘောဖြစ်ပြီး ဒီသင်္ဘောမှာ သတ္တုပိုက်ချောင်း ၅၀ လောက်နဲ့ အဆင့်မြင့် သတ်မှတ်ထားတဲ့ အလူမီနီယံသတ္တု ၁၅ ချောင်းတို့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ဒါလီရန်အခြေစိုက် ကုမ္ပဏီတခုကတော့ အလူမီနီယံချောင်းတွေကို မြန်မာနိုင်ငံကိုပို့ဖို့ ကြိုးစားခဲ့ကြောင်း၊ သင်္ဘော ဖမ်းခံရတယ် ကြားရပေမယ့် ဘာကြောင့်မှန်းမသိဘူးလို့ အဆာဟိရှင် ဘွန်းသတင်းစာကို ပြောပါတယ်။

ဂျပန်အစိုးရကတော့ မြောက်ကိုရီးယားဟာ တရုတ်ကနေ အလူမီနီယံချောင်းတွေ ရယူခဲ့တာလို့ ယုံကြည်ထားပါတယ်။ ဂျပန်စုံစမ်းစစ်ဆေးသူတွေ သင်္ဘောကရတဲ့ အချက်အလက်တွေကနေ ဒီပစ္စည်းတွေရဲ့ မူလဇစ်မြစ်ကို အတည်မပြုနိုင်ပေမယ့် ဒီပစ္စည်းတွေမှာ "DPRK" လို့ ရေးထိုးထားတဲ့အတွက် မြောက်ကိုရီးယားကလာတာလို့ ကောက်ချက်ချပါတယ်။

ဒီပစ္စည်းတွေကို ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတခုဆီ ပို့ဖို့ရှိပြီး အမေရိကန်ကတော့ ဒီပစ္စည်းတွေဟာ မြန်မာစစ်တပ် သုံးဖို့ ၀ယ်ပေးတာလို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေဟာ ယူရေနီယံသန့်စင်ရာမှာ ဒါမှမဟုတ် နျူကလီးယားလက်နက် ထုတ်ရာမှာ သုံးနိုင်တယ်ဆိုတဲ့ အထောက်အထားတွေကတော့ မတွေ့ရဘူးလို့ သတင်းမှာ ရေးပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားရဲ့ လက်နက်ပစ္စည်းတွေ လက်ခံယူရင်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ရာရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ နောက်တိုးလိုက်နာရမယ့် စည်းကမ်းချက်တွေကို လက်မှတ်ရေးထိုးဖို့ သမ္မတက ဆုံးဖြတ်ပြီးဖြစ်ကြောင်း၊ မြောက်ကိုရီးယားကို လက်နက်ပိတ်ဆို့ဒဏ်ခတ်ဖို့ ချမှတ်ထားတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မြန်မာကလိုက်နာဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ကြေညာထားပါတယ်။

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ ဒီပစ္စည်းတွေ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရထံ အကြောင်းကြားလာတာမရှိဘူးလို့ ပြောပါတယ်။

“အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဂျပန်အစိုးရကနေ တရားဝင် အကြောင်းကြားတာမျိုး မရှိပါဘူး။ အဲဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာလည်း ဂျပန်ဝန်ကြီးချုပ်နဲ့ ကျနော်တို့ သမ္မတဟာ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံထိပ်သီးအစည်းအဝေးမှာ တွေ့ပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့ ၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ၊ ဂျပန်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုတွေ တိုးမြှင့်ပေးဖို့ သဘောတူညီခဲ့ကြတယ်။ အဲဒီသတင်းကို ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် သူ့သတင်းမှာပါတဲ့ ဟာသည် နျူကလီးယားထုတ်လုပ်ရာမှာ သုံးနိုင်တယ်ဆိုသော်ငြားလည်း သူ့မှာပါတဲ့ သတ္တုပိုက်ချောင်း ၅၀ ပါတယ်။ နောက် အလူမီနီယံသတ္တုချောင်း ၁၅ ချောင်း ပါတယ်။ ဒီကောင်သည် နျူကလီးယားထုတ်ရာမှာ သုံးနိုင်သလို အခြားသော Peaceful Use ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ကျန်တဲ့လုပ်ငန်းတွေမှာလည်း သုံးနိုင်တဲ့ဟာဆိုတာတွေ့ ပါတယ်။ အဲတော့ ဒါကို ကြားဖြတ်သိမ်းဆည်းစစ်ဆေးပြီးတဲ့နောက်မှာ တကယ်တမ်း ကျနော်တို့နိုင်ငံ အနေနဲ့ နျူကလီးယားရည်မှန်းချက် ရှိတယ်မှန်ရင် ကျနော်တို့ နိုင်ငံကြီးတွေနဲ့ ဆက်ဆံရေး၊ အဲဒီနောက်ပိုင်း ဆက်ဆံရေးကို ကြည့်လို့ရပါတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားကလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ အိုင်အေအီးအေနဲ့ ပူးပေါင်းဆောင်ရွက်မှု အပါအ၀င် နျူကလီးယားလက်နက် မပြန့်ပွားရေး ဆောက်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့ အကြောင်း ပြောကြားခဲ့ဖူးပါတယ်။

အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေကြောင့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ချပေးမှုတွေ ရှိနေပေမယ့် လက်နက်ပိတ်ဆို့ ဒဏ်ခတ်မှုကတော့ ဆက်လက်ပြုလုပ်ထားဆဲဖြစ်သလို မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်အဆံ ဖြတ်ဖို့လည်း တစိုက်မတ်မတ် တိုက်တွန်းနေပါတယ်။
ပီတာအောင်-DVB နိုဝင်ဘာ - ၂၆- ၂၀၁၂


↧

ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးဝေလွင်ပြောတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဟာ တကယ်ဘဲ တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား??

$
0
0
မြန်မာ့စီးပွားရေး ဦးပိုင်လိမီတက် ကိုလွယ်လွယ်ပဲ ဦးပိုင် လို့ခေါ်ပါ့မယ်..။ အားလုံးသိကြပြီးတဲ့ အတိုင်းပါပဲ.. နိုင်ငံရဲ့စီးပွားရေး မျိုးစုံ ပါမစ်..၊ လမ်းတံတား..၊ ဘိလပ်မြေစက်ရုံ..၊ သယ်ယူ ပို့ဆောင်ရေး စတဲ့..စတဲ့ စီးပွားရေးအရပ်ရပ်ကို လက်ဝါးကြီးအု ပ်ထား ခဲ့တာကြာပါပြီ..။ ကားပါမစ် တစ်စောင်ရဲ့ တန်ဖိုးဟာ သိန်း ၄၀၀ ၀န်းကျင်ကနေ သိန်းထောင်ကျော် ခဲ့ပါတယ်..။ ဦးပိုင်ရဲ့ လက်အောက်က ကုပ္မဏီတစ်ခုရဲ့ ဒါရိုက်တာ တစ်ယောက်ဟာဘယ်လောက် ချမ်းသာ ကြွယ်ဝတယ်.... ၀င်ငွေဘယ်လောက်များသလဲဆိုတာ သူသုံးတဲ့ငွေကိုကြည့်ရုံ နဲ့ သိနိုင်ပါတယ်..။ သူ့ရဲ့ တစ်ညတာ ကာရာအိုကေ..၊ စင်တင်..၊ နိုက်ကလပ် စသည်တို့မှာ သုံးစွဲလိုက်တဲ့ ငွေကြေးဟာ တပ်ရင်း (၇) ရင်းက ရဲဘော်တွေ တစ်ပတ် စားသုံးနေရတဲ့ စရိတ်နဲ့ ညီမျှတယ်ဆိုတာကို ဖတ်မိမှတ်သားထားဘူးပါတယ်..။ ငွေတွေက ဒလဟောဝင်နေတော့ ဘယ်လောက်ချမ်းသာလို့ ချမ်းသာမှန်းတောင် သူတို့ကိုယ်သူတို့ မမှတ်သားနိုင်တော့ပါဘူး..။ ဒီတော့ ဦးပိုင်ရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်ခဲ့တဲ့ အချိန်ကာလ အတွင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ နဲ့ အတူ အောက်ခြေက တပ်မတော်..၊ တပ်မတော်သား မိသားစုဝင်တွေ ပါ တိုးတက်ကြီးပွားချမ်းသာ အဆင်တွေ ပြေခဲ့ရဲ့လား...?? ဒီမေးခွန်းကို ကျနော်တို့ ဖြေစရာတောင် မလိုပါဘူး...။ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် လွတ်တော်အတွင်းမှာ လက်ပတောင်းတောင် စီမံကိန်း နဲ့ ပတ်သက်ပြီးရှင်းပြရာမှာ အဖြေက ပါသွားပြီးသားပါ...။

""ပင်စင်ယူလိုက်ပြီးတဲ့ တပ်မတော်သားတွေဟာ ဆိုက်ကားနင်းပြီး ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာတွေရှိတယ်.."" လို့ ဆို့နင့်စွာ ပြောပြီး ၀န်ကြီးက ရှေ့ကချထားပေး တဲ့ ရေခွက်ထဲက ရေကိုသောက်လိုက်တာ ကျနော်စိတ်မကောင်းစွာ တွေ့မြင်လိုက်ရပါတယ်..။ ဒီတော့ ဦးပိုင်ဟာ အခု ဒီစီမံကိန်းအောင်မြင်မှ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေကို ပံ့ပိုးပေးနိုင်မှာလား..။ အခုမှ ဦးပိုင်ကို စပြီးတည်ထောင်မှာလဲ မဟုတ်ပါဘူး..။ ကြာခဲ့ပြီလေ.. တကယ်သာ ဦးပိုင်ရဲ့ ရပ်တည်ချက်ဟာ မှန်ကန်ခဲ့တယ်ဆိုရင်တော့ ဒီလိုဝမ်နးည်းဖွယ်.. စိတ်မကောင်းဖွယ် အဖြစ်တွေ မြင်ရမှာ မဟုတ်ပါဘူး...။

ဒီရက်ပိုင်း ရက်စွဲတိတိကျကျဆိုရင်တော့ (၂၄.၁၁.၂၀၁၂)..ကပေါ့..။ ကျနော် သူငယ်ချင်း တစ်ယောက်နဲ့အတူ တောင်ကြီး မိခင်နဲ့ ကလေးဆေးရုံ ကို သူငယ်ချင်းရဲ့ ကိစ္စတစ်ခုနဲ့ သွားရင်းရောက်ခဲ့တယ်ဗျ..။ သူငယ်ချင်းကိုစောင့်ရင်း ဆေးရုံ အပြင်မှာပဲ နေပူလုံရင်းစောင့်နေရာ မှာ ဆေးရုံရဲ့ ရင်ခွဲရုံနားမှာ စစ်ဝတ် ၀တ်ထားတဲ့ စစ်သားအချို့နဲ့ တပ်ထဲက အမျိုးသမီးတွေ အချို့ကိုတွေ့လိုက်မိတယ်..။ ကျနော်လည်း အနီးမှာရှိနေတဲ့ သူကိုစပ်စုမေးမြန်းကြည့်မိပါတယ်..။

တပ်မတော်သား တစ်ဦးရဲ့ အမျိုးသမီး မီးဖွားတယ်..။ မီးဖွားပြီး သွေးတောက်လျှောက် သွန်နေတာကြောင့် စစ်ဆေးရုံကနေ အမျိုးသမီး နဲ့ ကလေးဆေးရုံကို လွှဲပြောင်းပေးလိုက်လို့ ဒီဆေးရုံကိုရောက်လာပါတယ်..။ ထုံးစံအတိုင်းပေါ့.. ဒီဆေးရုံကိုရောက်လာတော့ သွေးဝယ် ရမယ်.. သွေးသွင်းရမယ်ဆိုတော့ ပိုက်ဆံမှ မရှိတော့ တပ်ထဲကို ရဲဘော်လေး ပြန်ပြေးသွားပြီး တပ်မတော်သားတွေ ရဲ့ အကူအညီကြောင့် သွေးကိစ္စ အဆင်ပြေသွားပါတယ်..။ အပေါ်က သွင်းသမျှသွေး ပြန်ထွက်သွားတော့ ဆေးရုံတာဝန်ရှိသူတွေက ဆေးဝယ်ဖို့ ဆေးစာရွက်ရေးပေး လိုက်ပါတယ်..။ သူ့အတွက် ဒုက္ခပေါ့...။ တပ်ထဲကိုပြန်ပြေးပြီး သူ့အထက်အရာရှိကို အကျိုးအကြောင်းပြောပြပြီး ငွေချေးရှာပါတယ်..။ မရပါဘူး..။ ဒီတော့ သူ့မှာ အခြားသောနေရာတွေကို ငွေရဖို့ရာ လိုက်လံချေးရှာတာပေါ့...။ သူ..ငွေရခဲ့သလား.. မရခဲ့ဘူးလားတော့.. ကျနော်မသိပါဘူး..။ ဒါပေမဲ့ သူဆေးရုံကို ပြန်ရောက်တော့ သူ့ဇနီးဟာ မွေးကင်းစ ရက်ပိုင်းသာသာ ကလေးအပါအ၀င် အခြားသော ကလေး (၃)ယောက်နဲ့ သူ့ကိုထားပြီး လောကကြီးထဲက နေ စိတ်နာနာနဲ့ စိတ်မချစွာထားခဲ့ပြီး ထွက်သွားရှာပြီလေ.....။

ကဲ.. ဦးဝေလွင်..!!! ဦးဝေလွင် ပြောတဲ့ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဟာ တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား..ဗျာ...။ ဒီ့ထက် စိတ်မကောင်းရတဲ့ အဖြစ်အပျက်တွေ တပ်မတော် နဲ့ တပ်မတော်သားမိသားစုဝင်တွေ အကြားမှာ အများကြီး ရှိနေသေးတယ်ဆိုတာ မပြောလည်း အားလုံးသိပြီးသားပါ...။ ခဗျာင်္းတို့ ဦးပိုင် ရဲ့ ရပ်တည်ချက်တွေ သုံးစွဲမှုဆိုင်ရာငွေကြေး ရှင်းတမ်းတွေ ဒီ့ထက်ပွင့်လင်းမြင်သာမှု မရှိပဲနဲ့တော့ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေ ဟာ စာရွက် မှာပဲရေးထားပြီး ထိရောက်မှုမရှိပဲ ထိပ်ပိုင်းခေါင်းဆောင်တွေ.. လက်ဝေခံတွေသာလျှင် ချမ်းသာပြီးရင်းချမ်းသာ.. အောက်ခြေ တပ်မတော်သား နဲ့ မိသားစုဝင်တွေကတော့ ဒုံရင်းက ဒုံရင်းဘ၀တွေပါပဲ....။ ဒီတော့ လက်ပတောင်းတောင် စီမံကိန်းက ရမယ့်ငွေထက် အဆပေါင်းများစွာ ပိုနေ.. ချမ်းသာနေကြတဲ့ ဦးပိုင်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ဒါရိုက်တာတွေ ရဲ့ ပိုင်ဆိုင်မှုထဲက အားလုံးကိုမဆိုလိုပါဘူး.. တစ်ဝက်စီလောက်ထုတ်ပြီး တပ်မတော်သားတွေနဲ့ မိသားစုတွေ ကိုထောက်ပံ့ပေးလိုက်ရင် ဒီနေ့ချက်ချင်း လက်ပတောင်းတောင် စီမံကိန်း ရပ်လိုက်လို့ရပါတယ်..ဗျာ....။

Ko nay myo


↧
↧

တိုင်းပြည်ကို ဓားပြတိုက်တာဗျ -ဟံသာဝတီ ဦးဝင်းတင်

≪ Previous: ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးဝေလွင်ပြောတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဟာ တကယ်ဘဲ တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား??
$
0
0
မနေ့ တစ်နေ့ ကအထိ တိုင်းပြည်အာဏာစိုးပြီး တိုင်းပြည်အသပြာ ခိုးခဲ့သူတွေဘယ်လောက်များခဲ့သလဲ။ ကျုပ် နာမနဲ့ တကွ စာရင်းချမပြချင်ပါဘူး။ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီး။ ဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊ ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။ ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလိုနိုင်ငံတော်သူခိုး- ဓားပြကြီးတွေ ဆိုတာ နည်းမှတ်လို့ ။

သူတို့ ရဲ့ စိန်စီသောနေ့ ၊စိန်စီသောည၊ စိန်စီသောဘ၀တွေဆိုတာကလည်း ဟော်လေတကျိုးဟိုးလေးတကျော် မဟုတ်လား။ သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။သူတို့ ဟာ တိုင်းပြည်ကို ဓားပြတိုက်သလိုလုပ်တယ်။ အနုကြမ်းစီးသလို လုပ်တယ်။ သူခိုးသူဝှက်လိုလုပ်တယ်၊ အချောင်နှိုက်သလိုလုပ်တယ်။အလစ်သုတ်သလိုလုပ်တယ်။ ခါးပိုက်နှိုက်သလိုလုပ်တယ်။ အလွဲသုံးလိုလုပ်တယ်။အဆိုးဆုံးက ရွာကိုဓားပြတိုက်ပြီး
ရတဲ့ငွေနဲ့ ရွာကိုငွေတိုးချစားသလိုလုပ်တာပါဘဲ။

ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။သူခိုးသူဝှက်တွေကို ကြွေးပြန်ဆပ်ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ်ရင် ကျေနပ်ပြီဆိုသလိုလုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွဆိုရုံနဲ့  ပြီးတမ်းလား။ ဘယ်လောက်ကြာအောင်လုပ်ထားခဲ့သလဲ။

အရေးမယူဘူးလား။ ခိုးကြ ၀ှက်ကြ အလွဲသုံးကြဆိုတာတွေက ရသုံးစာရင်းတွေစစ်လောက်ရုံနဲ့ မပြီးသင့်ဘူး။ လုပ်ငန်းစာရင်းတွေရော မလှန်လှောတော့ဘူးလား။လွန်လေပြီးသော လက်ထက်တော်ကြီးတွေတုန်းက နိုင်ငံအဆင့်စီမံကိန်းကြီး တွေတုန်းကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလား။ ဟိုမှူးကြီး၊ ချုပ်ကြီး၊ချုပ်မှူးကြီးတွေအလိုတော်ကျ စီမံကိန်းဖော်ခဲ့တာဆိုတဲ့ ခရိုနီအာဏာကပ်ပါးတွေရဲ့ လုပ်ငန်းတွေကော မလှန်လှောတော့ဘူးလား။

ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာကလာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့တစ်လမ်းသွားဗျ။ အဲဒါက တိုင်းပြည်ကို ဓားပြတိုက်တာဗျ။ အဲဒီ တိုင်းပြည် ဓားပြတိုက်၊ တိုင်းပြည်ဝမ်းဗိုက်ဖောက်တဲ့အမှုကြီးကို အလျော်ပေးရုံနဲ့ ပြီးတမ်းလား။ တာဝန်ရှိသူတွေ တာဝန်ခံကြရမယ်ဗျ။ တာဝန်ယူကြရမယ်ဗျ။

ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေအချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှုပုဒ်မတွေကပ်၊ အပုပ်တွေချ၊အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကိုဓားပြတိုက်ခဲ့တဲ့ ပြစ်မှုကြီးတွေ တရားခွင်ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ မရဘူးဗျ။ ပွင့်လင်းမြင်သာခေတ် ရောက်ပြီပြောကြမလား။ ပွင်းလင်းရင် မြင်သာတယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ့ တရားခွင် အရောက်ကို ပို့ ကြရမှာဗျ။

ဟံသာဝတီ ဦးဝင်းတင်

ဒီလှိုင်းစာစောင်၊ “အာဏာဓားပိုက် အမှားအမိုက်တွေ တိုင်းဓားပြတိုက် ပြည်ဝမ်းဗိုက်ဖောက် လူထုတရားခွင် အရောက်ပို့ ကြ” ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါတယ်။

Aung myo tun


↧

အနောက်အုပ်စုနိုးကြားလာခြင်းက တရုတ်တန်ခိုးထွားမူကို နှေးကွေးအောင်လုပ်

≫ Next: အမေရိကန် Foreign Policy Magazineကြီးရဲ့ ၂၀၁၂ ခုနှစ်ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ရှင်၁၀၀ စာရင်း၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့ ပူးတွဲပထမ ရရှိ
$
0
0
(The Daily Star မှ 25 Nov 2012 ရက်စွဲပါ “West’t Wake makes China Wane” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် ယခင်နှစ်ပေါင်းများစွာ အတားအဆီးမရှိ ခြေလုမ်းကျဲခဲ့သော တရုတ်နိုင်ငံလွှမ်းမိုးမှုသည် ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံနှင့်နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံလာခြင်းကြောင့် ခြိမ်းခြောက်ခံနေရပြီဟု ကျွမ်းကျင်သူများက ပြောခဲ့သည်။

အာရှစီးပွားရေး တရုတ်နိုင်ငံသည် ဗီတိုအာဏာသုံးစွဲခွင့်ရှိသော လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ကုလသမဂ္ဂ၏လူ့အခွင့်အရေး ကိစ္စအရေးယူ ဆုံးဖြတ်ချက်များကို ကာကွယ်ပေးခြင်း၊ ကူသန်းရောင်းဝယ်ခြင်း၊ စစ်လက်နက် ရောင်းချပေးခြင်း တို့မှတဆင့် မြန်မာတပ်မတော်အစိုးရကို ကာလရှည်ကြာကာကွယ် စောင့်ရှောက်ပေးခဲ့သည်။

အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ တည်ငြိမ်မူကိုဖြစ်ပေါ်စေပြီး ယင်းနိုင်ငံမှ ရေနံ၊
ဓါတ်ငွေ့နှင့်သဘာဝသယံဇာတများ ထုတ်ယူခွင့် ရရှိသွားခဲ့သည်။

သို့သော်လည်း မြန်မာ့တပ်မတော်အစိုးရက မနှစ်ကအာဏာစွန့်လွှတ် ဖျက်သိမ်းသွားခဲ့သောကြောင့် Burma ဟုသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သော လက်တံအချို့ ဆုံးရှုံးသွားခဲ့ရသည်။

ယခုအခါ ဥရောပနှင့်အမေရိကန် ကုမ္မဏီများသည် မြန်မာနိုင်ငံတွင် စီးပွားမရှာရန်ပိတ်ပင်ထားမှုမှ ကင်းလွတ်သွားကြပြီဖြစ်ရာ မြန်မာဈေးကွက် နှင့် သယံဇာတများအတွက် တရုတ်၊ အိန္ဒိယအပါအဝင် အာရှတလွှား ကုမ္မဏီများနှင့်ယှဉ်ပြိုင်ရာတွင် လိုက်မှီနိုင်အောင် လမ်းပွင့်သွားပြီဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမား၏ မကြာသေးမီက ရန်ကုန်ခရီးစဉ်သည် ဝါရှင်တန်နှင့် မြန်မာနိုင်ငံအကြား ပြန်လည်တည်ဆောက်နေသော ဆက်ဆံရေး အကြီးအကျယ် ပြောင်းလဲနွေးထွေးလာခြင်းကို အထင်အရှားဆုံး ပြသလိုက်ခြင်းပင် ဖြစ်သည်။

ဟောင်ကောင်ယူနီဗာစတီမှ မြန်မာ့ရေးရာကျွမ်းကျင်သူ ရီနော့အီးဂရက်တူးက “မြန်မာနိုင်ငံသည် ကာလရှည်ကြာ မှီခိုခဲ့ရသော တရုတ်နိုင်ငံထံမှ ပြန်လည် ခွာထွက်ခြင်းလမ်းပေါ်တွင် ရောက်နေပြီ”ဟု ပြောကြားသည်။

“တစ်ဦးထဲမောင်ပိုင်စီးတဲ့ မိုနိပိုလီခေတ်အဆုံးသတ်သွားပြီ ဆိုတာကတော့ ရှင်းနေပါတယ်။ ဒါပေမဲ့အားကောင်းတဲ့ လွှမ်းမိုးမှုကတော့ ကျန်နေ တုန်းပဲ”ဟု ၎င်းကမှတ်ချက်ပေးသည်။

တရုတ်နိုင်ငံ တန်ခိုးထွားလာခြင်းကြောင့် အာရှပစ္စဖိတ်ဒေသသည် အမေရိကန်မူဝါဒမဟာဗျုဟာမြောက် ရွှေ့ပြောင်းခြင်း အစီအစဉ်တစ်ရပ် အဖြစ် အမေရိကန်တို့၏ သံတမန်ရေး ခြေလှမ်းကျဲမှုများသည် မနှစ်က ဟီလာရီကလင်တန်၏  နေပြည်တော်ခရီးကြောင့် ပိုမိုထင်ရှားလာခဲ့ပြီး ဘီးဂျင်းကို တုန်လှုပ်သွားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံ တန်ခိုးထွားလာမူကိုနှေးကွေးအောင် ဟန့်ထားရာမှာ စစ်ရေးနဲ့မဆိုင်တဲ့ နည်းလမ်းတွေ ပိုမိုအသုံးပြု ပါလိမ့်မယ်”ဟု China Institute of Conternporary  International  Affairs မှ ဒါရိုက်တာယွန်းပင်းက သုံးသပ်သည်။

“ဝါရှင်တန်သည် ရည်မှန်းချက်အောင်မြင်ဖို့အတွက် မဟာမိတ်ဖွဲ့ခြင်း၊ လုပ်ဖော်ကိုင်ဖက် အဆင့်မြင့်ခြင်း၊ တရုတ်နှင့် မြောက်ကိုရီးယား၊ ပါကစ္စတန်၊ မြန်မာတို့အကြားဆက်ဆံရေးကို သပ်လျှိုခြင်းတို့ ပြုလုပ်လိမ့်မည်ဟု ယခုနှစ်အစောပိုင်းက အစိရင်ခံစာတွင် ယွန်းပင်းက ရေးသားထားသည်။

ဘီးဂျင်းရှိ ရှင်းဟွာယူနီဗာစတီမှ နိုင်ငံခြားရေးရာကျွမ်းကျင်သူ ပါမောက္ခချန်ကွီက “ဘယ်လိုပဲဖြစ်ဖြစ်၊ တရုတ်နဲ့မြန်မာအကြားက နက်ရှိုင်းတဲ့ ဆက်ဆံရေးဟာ တစ်ညတည်းနဲ့ ပျောက်မသွားနိုင်ပါဘူး။ တကယ်လို့ မြန်မာနိုင်ငံက နိုင်ငံတကာထောက်ခံ အားပေးပံ့ပိုးမှုကို ရသွားပြီဆိုရင်တော့၊ တရုတ်နိုင်ငံက ရှိရင်းစွဲဆက်ဆံရေးကို ထိန်းထားဖို့အတွက်ပိုကောင်းတဲ့ သံသမန်ရေးနည်းလမ်းတွေ လိုအပ်လာမှာပေါ့”ဟု သုံးသပ်ပြောကြားသည်။

Yangon chronicle


↧

အမေရိကန် Foreign Policy Magazineကြီးရဲ့ ၂၀၁၂ ခုနှစ်ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ရှင်၁၀၀ စာရင်း၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့ ပူးတွဲပထမ ရရှိ

$
0
0
အမေရိကန် နိုင်ငံရေးလောကမှာ ဩဇာကြီးမားသော Foreign Policy Magazine ကြီးရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ရှင်၁၀၀စာရင်း၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့ ပူးတွဲပထမ ရရှိသွား။ (စိန်နားကပ်ရောင်နဲ့ပါးပြောင်သွားတယ် လို့ များ ပြောလို့ရမလားဘဲ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ လင်မယားမှ နံပါတ် ၃ကိုပူးတွဲရရှိပြီး အမေရိကန် သမ္မတ အိုဘားမားက နံပါတ် ၇ ရရှိ။ ပါကစ္စတန်မှ မာလာလာဆိုသော ကလေးမလေးက အိုဘားမားနဲ့ ကပ်ရက် နံပါတ် ၆ ဖြစ်။ သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်တို့ စုံတွဲမှာလဲ နံပါတ်စဉ် ၅ကို ပူးတွဲရရှိ။

http://www.foreignpolicy.com/articles/2012/11/26/the_fp_100_global_thinkers

ခွန်ဒီးယမ်


↧
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>