Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live
↧

အမေရိကန်က မြန်မာကို ဒေါ်လာသန်း(၁၇၀)အကူညီပေး

≪ Previous: အမေရိကန် Foreign Policy Magazineကြီးရဲ့ ၂၀၁၂ ခုနှစ်ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ရှင်၁၀၀ စာရင်း၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့ ပူးတွဲပထမ ရရှိ
$
0
0
မူရင်းလင့် သတင်းအပြည့်အစုံ http://www.usaid.gov/news-information/press-releases/president-obama-announces-us-burma-partnership-democracy-peace

မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာသုံးဖို့ အမေရိကန်အစိုးရ က ဒေါ်လာသန်း(၁၇၀) ကူညီသွားမည်ဖြစ်သည်။
သမ္မတအိုဘားမား၏ ပြီးခဲ့တဲ့တနင်္လာ မြန်မာနိုင်ငံခရီးစဉ်တွင် ကတိပြု လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအကူအညီများကို နိုင်ငံတကာ ဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီ USAIDမှတဆင့်ကူညီမည်ဟုဆိုသည်။ USAIDရုံးကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်လိုက်ပြီး အေဂျင်စီညွှန်ကြားရေးမှူးအဖြစ် Chris Milliganက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

အမေရိကန်၏ ဒေါ်လာသန်း(၁၇၀) ကူငွေကို ဘယ်လိုလုပ်ငန်းတွေမှာ ဘယ်လို သုံးစွဲသွားမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

အရှေ့တောင်အာရှက အာဏာရှင်တပိုင်းနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၏ အသွင်ကူးပြောင်းရေးလုပ်ငန်းတွင် အမေရိကန်နိုင်ငံက ဒေါ်လာသန်းပေါင်း များစွာ ကူညီခဲ့သော်လည်း ကမ္ဘောဒီးယားပြည်သူများ ယခုအချိန်ထိ ကျန်းမာရေးကဏ္ဍမှာ ဆက်လက် နိမ့်ကျနေဆဲဖြစ်သည်။ ၄င်းအချက်ကြောင့် အမေရိကန်အကူအညီများ ထိရောက်သည့် အောင်မြင်မှုမရဟု ပြန်လည် သုံးသပ်လာကြသည်။

မြန်မာနိုင်ငံ အသွင်းကူးပြောင်းရေးကို ကူညီရာမှာလည်း USAID၏ လုပ်ငန်း များ ထိရောက်အောင်မြင်နိုင်ပါ့မလား ဆိုသည်ကို အမေရိကန်တို့ဖက်က စိုးရိမ်လျှက်ရှိသည်။

Burma-Newselite


↧

အင်တာနက် အသုံးပြုတာကို သုံးသလောက် Data volume အလိုက် ပေးဆောင်ဖို့ မြန်မာ့ဆက်သွယ်ရေးက စီစဉ်နေတာ လုံးဝ ကန့်ကွက်ပါတယ်

$
0
0
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Viber အသုံးပြုမယ့်သူများသိရှိထားဖို့ပါ။
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Viber ပြောမယ်ဆိုရင် တစ်မိနစ်ကို 240 Kb နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPT ကယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Viber ပြောလိုက်ရင် တစ်မိနစ်ကို 5 ကျပ်ကျမှာဖြစ်ပါတယ်။

ဖုန်းအင်တာနက်ကိုအသုံးပြုပြီး
Skype အသုံးပြ
ုမယ့်သူများ သိရှိထားဖို့ပါ။
ဖုန်းအင်တာနက်နဲ့ Skype နဲ့ video call ပြောမယ်ဆိုရ
င် တစ်မိနစ်ကို 6 MB နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPT ကယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို
ဖုန်းအင်တာနက်နဲ့ Skype ပြောလိုက်ရင် တစ်မိနစ်ကို 120 ကျပ်ကျပါလိမ့်မယ်။

Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း -
(မြန်မာ့ဆက်သွယ်ရေးမှလျာထားဈေးနှုန်း)
100 Kb - 2 ကျပ်
1 MB - 20 ကျပ်
100 MB - 1500 - 1800 ကျပ်

(Myanmar Mobile App Store )

အင်တာနက် အသုံးပြုတာကို သုံးသလောက် Data volume အလိုက် ပေးဆောင်ဖို့ မြန်မာ့ဆက်သွယ်ရေးက စီစဉ်နေတာကို လုံးဝ ကန့်ကွက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက် သုံးစွဲမှုကို မလျော်မကန် ငွေကြေးအားဖြင့် ကန့်သတ်ချုပ်ချယ်ထားလို့ ဖြစ်ပါတယ်။

အင်တာနက် ပေါ်ခါစက ဂျပန်မှာ သုံးသလောက် ကျခံရတဲ့စနစ်ကို သုံးပါတယ်။ အစိုးရ ထိန်းချုပ်မှုက ကင်းလွတ်ပြီး သီးသန့် ရပ်တည်နိုင်ကြတဲ့အင်တာနက် ကုမ္ပဏီတွေဟာ နောက်ပိုင်းတော့ အဲဒီစနစ်ကို ပယ်ဖျက်လိုက်ရပြီး ကြိုက်သလောက်သုံး
တလ-ပုတ်ပြတ်စနစ်ကို ပြောင်းလဲ ကျင့်သုံးရပါတော့တယ်။

စနစ်ပြောင်းလိုက်တဲ့အခါ ကုမ္ပဏီတွေရော သုံးစွဲသူတွေပါ နှစ်ဖက်စလုံး အကျိုးရှိလို့ ကနေ့ထိ အောင်မြင်တဲ့စနစ် ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်နဲ့ နှစ် ၂ဝ ကြားမှာ ကျင့်သုံးခဲ့ဖူးတဲ့ မအောင်မြင်တဲ့ စနစ်ကို မြန်မာနိုင်ငံမှာ အခု ကျင့်သုံးဖို့ ကြိုးစားလာတာ အံ့အားသင့်မိပါတယ်။

ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ အစိုးရပိုင် မဖြစ်သင့်ပါဘူး။ ပုဂ္ဂလိကကို လွတ်လပ်စွာ ခွင့်ပြုသင့်ပါတယ်။ ကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်မှ လက်တွေ့ကျတဲ့ ဈေးကွက် စီးပွားရေးစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

ဥာဏ်သွားတဲ့ အစိုးရကတော့ အခွန်ထိုင်ကောက်နေရုံသာ ရှိပြီး နာမည်ကောင်းလည်း ရနေပါတယ်။ အရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအား မစိုက်ရဘဲ ရနေတဲ့ အခွန်ပမာဏာ သိပ်ကြီးမားလို့ နိုင်ငံဖွံ့ဖြိုးရေးကို ကောင်းကောင်းကြီး အထောက်အကူ ပေးနိုင်ပါတယ်။

ဝန်ထမ်းတွေကလည်း ပုဂ္ဂလိက ကုမ္ပဏီမှာ လုပ်ရတာဖြစ်လို့ ခံစားခွင့် အတော်ကောင်းပါတယ်။ စားသုံးသူ ပြည်သူတွေကလည်း အရည်အသွေးတူရင် ဈေးသက်သာရာကို ရွေးချယ်နိုင်ကြလို့ စိတ်ချမ်းသာကြပါတယ်။ မကျေနပ်စရာ စောဒကတက်ခံရရင်လည်း Customer is always right ဆိုတဲ့ မူကို တိတိကျကျ ကျင့်သုံးတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက စားသုံးသူအကြိုက် လိုက်လျောပေးရလို့ ကျေနပ်ကြတဲ့ စားသုံးသူတွေဟာ ကုမ္ပဏီကို ပိုမိုအားပေးကြတာကြောင့် စီပွားရေး တိုးတက်လာပါတယ်။

ငန်းကြီးက တနေ့ကို ရွှေဥတလုံး ဥပေးနေတာကို လောဘဇောကပ်ပြီး ဗိုက်ထဲမှာ အများကြီး ရှိနေဦးမှာပဲ အထင်နဲ့ ဗိုက်ခွဲ သတ်ပစ်လိုက်တဲ့ ပုံပြင်လို ဖြစ်နေပါဦးမယ်။

လွင်အောင်စိုး


↧
↧

လက်ပတောင်း နှင့် တနပ်စား သူများ၏အရှုပ်

$
0
0
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ သံဃာတော်အပါး ၂၀၀ ဟာ မေတ္တာသုတ်ရွတ်ဖတ်ပြီး မြို့တွင်းကိုလှည့်လည်နေတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။ ဒီသံဃာတွေဟာ မုံရွာမြို့ပေါ် ဇောတိကရာမ ဘုန်းကြီးကျောင်းကနေ မနေ့က မုံရွာတဖက်ကမ်း လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းကို သွားရောက်ပူးပေါင်းဖို့ အသွားမှာ အာဏာပိုင်တွေက လှေတွေကို အသုံးပြုခွင့်မရအောင် စီမံခဲ့လို့ ညက လှေဆိပ်မှာ အိပ်စက်ပြီး ဒီမနက် မြို့တွင်းကို လှည့်လည်တာလို့ ဆိုပါတယ်။ မနေ့က ညနေ တားမြစ်ခါစက သံဃာအပါး ၁၀၀ ကျော်ခန့်သာ ရှိရာက ပိတ်ဆို့မှုကြောင့် သံဃာအပါး၁၅၀ လောက် ဖြစ်သွားခဲ့ရာ၊ဒီမနက်မှာတော့သံဃာအပါး၂၀၀ခန့်ထိတိုးပွားလာပြီး မေတ္တာသုတ်တွေရွတ်ဖတ်နေကြတာလို့ ဆိုပါတယ်။ မုံရွာမြို့တဖက်ကမ်းက လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန့်ဖို့နယ်မြေခံရွာသားတွေ၊ ကျောင်းသားတွေ နဲ့ သံဃာတွေက သပိတ်စခန်း ၄ ခုဖွင့်လှစ်ထားတာ သီတင်း ၁ ပတ်ကြာမြင့်ပြီ ဖြစ်ပါတယ်။
မုံရွာမြို့ ချင်းတွင်းမြစ်ကမ်း တားရိုးပေါ် နန်ချွန် ဆိပ်ကမ်းတွင် သံဃာတော်များ သပိတ်စခန်းဖွင့်ထားပါသည် ..သံဃာတော်များအတွက် လိုအပ်မည့် အသုံးအဆောင် စားသောက်ဖွယ်စသည် လာရောက် လှူဒါန်းပေးကြပါခင်ဗျာ

Photo..Aung nay myo

သဘက်ခါ ၂၉ ရက်နေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လက်ပတောင်း တောင် ကြေးနီစီမံကိန်းအနီးက သပိတ်စခန်းဆီကိုသွားပြီး သပိတ်တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေနဲ့ သွားတွေ့မယ်..

အဲဒီမတိုင်ခင် နိုဝင်ဘာ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ နေပြည်တော်က မြေယာပိုင်ဆိုင် လုပ်ကိုင်ခွင့် အသုံးပြုခွင့် ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ဆိုတာ လုပ်တယ်.. အဲဒီဆွေးနွေးပွဲမှာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ဦးစိုးသိန်းက စကားတစ်ခွန်း ဆိုခဲ့ပြန်ပါတယ်.. အဲဒီအချိန်က ဒီကြေးနီစီမံကိန်းကို ခွင့်ပြုခဲ့တာ မှားပါ သတဲ့... ဒီလောက် မြေဧက ၇၀ဝ၀ ကျော်သိမ်းမယ် ဆိုတာရယ် သမိုင်းဝင် သာသနိက အဆောက်အဦတွေ ရှိနေတာကို မသိလို့ မှားယွင်းခွင့်ပြုခဲ့တာပါတဲ့... ဆိုတော့ကာ... လတ်တလော တင်းမာမှုတွေ မြင့်တက်လာနေ တဲ့ လက်ပတောင်းစီမံကိန်းပြဿနာမှာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဟာလည်း တရားခံဖြစ်ပါတယ်လို့ လက်ဝင်လျှိုတဲ့ သဘောလားတော့မသိဘူး..

ဒီစီမံကိန်းကို မူလစတင်ဖို့ ရည်ရွယ်ခဲ့တာကတော့ မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီဖြစ်ပါတယ်.. အိုင်ဗင်ဟိုးဟာ စစ်အစိုးရလက်ထက် အချိန်ကာလ အတော်ကြာအောင် ကြေးစင်တောင်နဲ့ စပယ်တောင်မှာ ရှိတဲ့ ကြေးနီစီမံကိန်းကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်... ကနေဒါအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ အိုင်ဗင်ဟိုးဟာ မြန်မာစစ်အစိုးရနဲ့ အလုပ်တွဲလုပ်တဲ့အတွက် အတော်လေးကို ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရပေမယ့် မြန်မာနိုင်ငံမှာ နှစ်ပေါင်း နှစ်ဆယ်နီးပါး စီးပွားရှာသွားခဲ့တာပါ.. အိုင်ဗင်ဟိုးရဲ့ ရန်ကုန်ရုံးချုပ်ဟာ ခြောက်မိုင်ခွဲ ဗိုလ်ချိန်လမ်းထိပ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေပိုင် စံအိမ်ကြီးကို လစဉ် ဒေါ်လာ အတော်များများပေးပြီး ငှားရမ်းအသုံးပြုခဲ့တာဖြစ်ပါတယ်.. ဒါကိုကြည့်ခြင်းအားဖြင့် အိုင်ဗင်ဟိုးဟာ စစ်အာဏာရှင် အစိုးရတွေနဲ့ ပေါင်းပြီး လုပ်စားကိုင်စားတတ်တယ် ဆိုတာ ထင်ရှားပါတယ်.. ဒါပေမယ့် ကနေဒါပြည်သူတွေရဲ့ ဖိအားကြောင့်လား တခြားအကြောင်းကြောင့်လားတော့မသိ.. အိုင်ဗင်ဟိုးဟာ အကျိုးအမြတ်မှန်မှန်ရနေခဲ့တဲ့ ကြေးစင်တောင်စီမံကိန်းရဲ့ လုပ်ငန်းကို အပြီးအပြတ်ရောင်းဖို့ ဝယ်လက်ရှာနေခဲ့ပါတယ်..

ဒီအချိန်မှာဘဲ ၂၀၁၀ ခုနှစ် ဇွန်လဆန်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံရောက်ရှိနေစဉ် အတောအတွင်းမှာ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ နိုရင်ကို ခေါ် China Industries Corporation နဲ့ မြန်မာဖက်က တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်တဲ့.. ဒါပေမယ့် အဲဒီနောက်ပိုင်း ရွေးကောက်ပွဲတွေကျင်းပပြီး စပ်ကူးမတ်ကူး ကာလမှာ ကြေးစင်တောင်စီမံကိန်းရဲ့ မြန်မာအိုင်ဗင်ဟိုးပိုင် ရှယ်ယာတွေ အလွှဲအပြောင်းဖြစ်ပါတယ်.. ဝယ်သူက မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် ဖြစ်ပေမယ့် တကယ်တမ်း ငွေချေခဲ့တာကတော့ အခု လက်ပတောင်းတောင် စီမံကိန်းမှာ အဓိက တာဝန်ယူ တဲ့ ဝမ်ဘိုကုမ္ပဏီဖြစ်နေတယ်... အဲဒီမှာကတည်းက
ဇာတ်လမ်းက သပွတ်အူ လိုက်နေခဲ့တာဖြစ်ပါတယ်..

ကြေးစင်တောင် စီမံကိန်းရဲ့ ရှယ်ယာလွှဲပြောင်းတဲ့နေရာမှာ မရိုးမသားမှုတွေ ရှိနေခဲ့တယ်ဆိုတာ သေချာသလောက်ဖြစ်တဲ့ ငွေကြေးလွှဲပြောင်းမှုနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေရှိတာက... ဦးပိုင်ဟာ နာမည်ဘဲခံခဲ့တာဖြစ်ပြီး အဲဒီလို နာမည်ခံတဲ့အတွက် ရှယ်ယာ ဒါမှမဟုတ် အကျိုးအမြတ် မြိုးမြိုးမျက်မျက် ရခဲ့ဟန်တူပါတယ်.. အဲဒီရှယ်ယာလွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး မူမမှန်တဲ့ ငွေကြေးပေးသွင်းမှုကို စာရင်းစစ်ချုပ်ရုံးကစစ်ဆေးတွေ့ရှိခဲ့ပြီး ယခင်စာရင်းစစ်ချုပ် ဦးလွန်းမောင်က စစ်ဆေးတွေ့ရှိချက်တွေကို လွှတ်တော်ကို တိုက်ရိုက်တင်ပြခဲ့ပါတယ်.. အဲဒီတင်ပြချက်မှာ ဝန်ကြီးဌာနပေါင်းစုံရဲ့ ကျပ်သိန်းထောင်ချီတဲ့ ငွေကြေးအလွဲသုံးစားမှုတွေလည်း ပါဝင်ခဲ့ပါတယ်.. တကယ်တမ်းတော့ စာရင်းစစ်ချုပ်ဟာ သမ္မတကို အရင်တင်ပြပြီးမှ သမ္မတကတစ်ဆင့် လွှတ်တော်ကို တင်ပြရမှာဖြစ်ပေမယ့် အခုလို ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို တိုက်ရိုက်တင်ပြခဲ့တဲ့အတွက် စာရင်းစစ်ချုပ်လည်း တာဝန်ကနေ ဖယ်ရှားခံခဲ့ရ ပါတော့တယ်.. ဒါ့အပြင် ဒီအစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းကို ဖော်ပြခဲ့တဲ့ သတင်းဂျာနယ်ကိုလည်း သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ပါတယ်...

ဒီလို တရားစွဲခဲ့ပေမယ့် သတ္တုတွင်းဝန်ကြီးဌာနရယ် ဦးပိုင်ရယ် ဝမ်ဘိုကုမ္ပဏီရယ်ကြားထဲက မူမမှန်တဲ့ ငွေကြေးလွှဲပြောင်းမှုဟာ ရှင်းလင်းတိကျတဲ့ အဖြေရှာမှု ရှင်းလင်းမှု မရှိဘဲ.. သတင်းဂျာနယ်ကို သတ္တုတွင်း ဝန်ကြီးဌာနက တရားစွဲတာတစ်ခုဘဲ အဖတ်တင်ပါတယ်... ဒီကြားထဲမှာ အဲဒီလို အစုရှယ်ယာ လွှဲပြောင်းလိုက်တဲ့ အတွက် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ကနေ စပြီး ကြေးနီထုတ်လုပ်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့ပေမယ့် အိုင်ဗင်ဟိုးကုမ္ပဏီက တာဝန်ရှိသူတစ်ချို့က စက်ရုံကို တရားမဝင် လည်ပတ်ခဲ့တာ စုစုပေါင်း ကြေးနီတန်ချိန် ၃၄၀ နီးပါးထွက်ရှိခဲ့ပါတယ်.. အဲဒီကြေးနီတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သုံးသန်းကျော်ကျော်ရှိတယ်လို့ ဆိုပါတယ်... အိုင်ဗင်ဟိုး ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ အစုရှယ်ယာတန်ဖိုး ဒေါ်လာ သန်း ၁၀ဝ ကို ဝမ်ဘို ကုမ္ပဏီက အပြည့်အဝပေးချေတယ်.. တကယ်တမ်းတော့ အဲဒီ အိုင်ဗင်ဟိုးရဲ့ ရှယ်ယာတွေ တန်ဖိုးဘယ်လောက်ရှိလို့ ဦးပိုင်နဲ့ ဝမ်ဘိုကို ဘယ်အချိုးအစားအတိုင်း လွှဲပြောင်းရောင်းချတယ်.. အစရှိသဖြင့် ပြည်သူပိုင် နိုင်ငံပိုင် စီမံကိန်းတစ်ခုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြည်သူလူထု သိရှိခွင့်မရခဲ့ပါဘူး..

ပြဿနာပေါင်းစုံ တက်လာမှ သိကြရတဲ့အခါ လေးရက်တာကာလအတွင်း တရားမဝင် စက်ကိုလည်ပတ်လို့ ထွက်ရှိလာတဲ့ ကြေးနီ တန် သုံးရာကျော်ရဲ့ တန်ဖိုး ဒေါ်လာ သုံးသန်းကျော်နဲ့ တွက်ချက်ကြည့်တဲ့အခါ ဦးပိုင်နဲ့ ဝမ်ဘိုက ဝယ်ယူခွင့်ရ ရှိခဲ့တဲ့ ရှယ်ယာရဲ့ တန်ဖိုး သန်း ၁၀ဝ ဟာ တန်ရာတန်ကြေး ဟုတ်ပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်.... ဒီတန်ဖိုး သတ်မှတ်ချက်ဟာ ထွက်ရှိတဲ့ ကြေးနီရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်တဲ့အခါ ပြည်သူ့ဘဏ္ဍာငွေကို တရားဝင်ပေးသွင်းတဲ့ တန်ဖိုးနဲ့ အမှန်တကယ် လည်ပတ်နေတဲ့ လုပ်ငန်းရဲ့ တန်ဖိုးတွေ ကွာဟနေသလိုဖြစ်နေတဲ့အတွက် ဒီကိစ္စဟာ လုံးဝ ရိုးသားမှုမရှိတဲ့ အစုရှယ်ယာလွှဲပြောင်းမှုလို့ သုံးသပ်နိုင်ပါတယ်..

အဲဒီနောက်တော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုလည်း ဝမ်ဘိုကုမ္ပဏီရယ် ဦးပိုင်ရယ် သတ္တုတွင်း ဝန်ကြီးဌာနရယ် ဖက်စပ်ထုတ်လုပ်ဖို့ စီစဉ်ပါတယ်... ဒီနေရာမှာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ဦးစိုးသိန်းရဲ့ စကားအရ ဒီစီမံကိန်းမှာ မြေတွေကို ဒီလောက်အထိ သိမ်းဆည်းမယ်ဆိုတာ မသိခဲ့ပါဘူးလို့ ဆိုလာတဲ့အတွက် ဒီလို ဧရာမ စီမံကိန်းကြီးတစ်ခုရဲ့ အဆိုပြုလွှာကို ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဘယ်လိုပုံစံနဲ့ လက်ခံပြီး ဘယ်လို ပုံစံနဲ့ လွယ်လင့်တကူ ခွင့်ပြုခဲ့သလဲဆိုတာ မေးခွန်းထုတ်စရာပါ...

ပြဿနာတွေ ဟိုတစ်စ ဒီတစ်စ ဖြစ်လာတဲ့အချိန်မှာ တရုတ်ဝမ်ဘိုကုမ္ပဏီဖက်က ပြောတာကတော့ ရှင်းပါတယ်.. သိမ်းမယ့်မြေတွေအတွက် လျော်ကြေးအလုံအလောက် ပေးထားပြီးသားပါ..တဲ့.. ကြားသိရသလောက် သတင်းတွေအရ.. မြေတစ်ဧကအတွက် လျော်ကြေးငွေ ကျပ်ငါးသိန်းဝန်းကျင်ဖြစ်ပြီးတော့ မြေသိမ်းဧရိယာအတွင်းက ထန်းပင်တွေအတွက်ကတော့ ထန်းပင်တစ်ပင်ကို ကျပ်ငါးထောင်နှုန်းနဲ့ လျော်ပေးတယ်လို့ ဆိုပါတယ်.. လျော်ကြေးငွေ ပေးစဉ်အခါကတည်းက ပြဿနာတစ်ချို့ ရှိခဲ့ပြီး လျော်ကြေးပေးတဲ့ လုပ်ငန်းကို ၂၀၁၁ ခုနှစ် ဧပြီလမှာ ရပ်ဆိုင်းထားခဲ့ရပြီးတော့ အဲဒီနှစ် ဇူလိုင်လဝန်းကျင်မှာမှ ပြန်လည်ပေးလျော်ခဲ့တာဖြစ်ပါတယ်... သိမ်းယူတဲ့ မြေဧရိယာဟာ များပြားလွန်းတာမို့ အနီးကပ်ဆုံးရွာလေးရွာ ဖြစ်တဲ့ ဝက်မှေး၊ ဆည်တဲ၊ ဇီးတော နဲ့ ကံတော တို့က လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေအပြင် အနီးအနားက ရွာတွေဖြစ်တဲ့ ရွှေလှေ၊ ပလောင်၊ ထန်းတောနဲ့ ကျော်ရွာတွေက တောင်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေလည်း ပါဝင်ပါတယ်.. ဒါပေမယ့် ဒီနေရာမှာ တစ်ခု မေးခွန်းထုတ်စရာ ရှိလာတာက မြေယာတွေနဲ့ ပတ်သက်လို့ လျော်ကြေးပေးတဲ့နေရာမှာ မြေသိမ်းခံတောင်သူတွေကို ဘယ်လို ရှင်းပြပြီး ဘယ်လို စံနှုန်းသတ်မှတ်ချက်တွေနဲ့ လျော်ကြေးပေးသလဲ.. နောက်တစ်ခါ တရုတ်ဝမ်ဘိုကုမ္ပဏီက လျော်ကြေှးေုငွထုတ်ပေးတယ်ဆိုတော့ ကျန်တဲ့ အစုရှယ်ယာရှင်တွေဖြစ်တဲ့ ဦးပိုင်နဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့ဟာ လျော်ကြေးပေးတဲ့ ကိစ္စမှာ လုံးဝ မပတ်သက်ခဲ့ဘူးလား.. ဒါမှမဟုတ် တရုတ်ဝမ်ဘိုကုမ္ပဏီက ထုတ်ပေးတဲ့ နိုင်ငံခြားငွေကို ဘယ်လိုနှုန်းထားနဲ့ ဖလှယ်ပြီး တောင်သူတွေကို လျော်ကြေးပေးသလဲ ဆိုတာတွေက မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်..

ကြေးစင်တောင် စီမံကိန်းကို နှစ်ပေါင်းများစွာ ယူဂိုဆလပ် ကနေဒါတို့နဲ့ ဖက်စပ်လုပ်လာခဲ့တာ ဘာပြဿနာမှ ကြီးကြီးမားမား မရှိခဲ့ပေမယ့် တရုတ်ကုမ္ပဏီဝင်လာတဲ့ ၂၀၁၁ နှစ်ဦးပိုင်းကတည်းက ကြေးစင်တောင် စီမံကိန်းမှာလည်း ပြဿနာပေါင်းစုံကြားလာခဲ့ရပါတယ်.. ဝမ်ဘိုကုမ္ပဏီရဲ့ စွန့်ပစ်မြေစာတွေကို အနီးအနားက ကျေးရွာနေပြည်သူတွေ ပိုင်ဆိုင်တဲ့ စိုက်ပျိုးမြေတွေမှာ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ရာကနေ ပြဿနာ စတင်ခဲ့ တာဖြစ်ပြီး အဲဒီပြဿနာကို ဖြေရှင်းရာမှာ ဒေသခံ အာဏာပိုင်တွေနဲ့ စက်ရုံတာဝန်ရှိသူများ.. တရုတ်ကုမ္ပဏီမှ တာဝန်ရှိသူများဟာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရဲ့ အရှိန်အဝါကို အသုံးချပြီး မချေမငံ ဆက်ဆံခြင်းတွေ.. ရိုင်းပျတဲ့ ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် ဒေသခံပြည်သူတွေကို ဖုတ်လေတဲ့ငပိ ရှိလေဟန် မပြုသလို အဖက်မတန်သလို ဆက်ဆံတာတွေလည်းရှိခဲ့ပါတယ်..

့နိုင်ငံတော်အဆင့် စီမံကိန်းကြီးတစ်ခုကို ဆောင်ရွက်ရာမှာ သတ္တုတူးဖော်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ မြေဧရိယာအသုံးချမှု များပြားတဲ့အတွက် ဒေသခံပြည်သူတွေအတွက် ထိခိုက်မှု အနည်းနဲ့အများ ရှိမှာဖြစ်ပါတယ်.. ဒီလို အခြေအနေမှာ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဘဝအာမခံချက်ကို အကြီး အကျယ် ချိုးဖောက်သလို ပြုမူပြောဆိုလုပ်ကိုင်လာတဲ့အခါဒီလိုအသေးအဖွဲတွေဟာ အသေးအဖွဲဆိုပေမယ့် ပြဿနာက တဖြည်းဖြည်း ကြီးထွားလာတာဖြစ်ပါတယ်....

မြေသိမ်းခံဒေသဖြစ်တဲ့ ဆားလင်းကြီးမြို့နယ်က အဲဒီပတ်ဝန်းကျင်ရွာတွေဟာ အတော်ဆင်းရဲပါတယ်... မိုးခေါင်ရေရှား ဒေသ အပူပိုင်းဝန်းကျင်ဖြစ်တဲ့အပြင် စိုက်ပျိုးစရာ သီးနှံလည်း ခက်ခဲတဲ့ဒေသမို့ ဒေသခံတောင်သူတွေဟာ ရှိတဲ့ လယ်ယာမြေလေးကို ဖက်တွယ်ပြီး ရာသီဥတုကောင်းရင် ပြေလည်လိုက် ရာသီဥတုညံ့တဲ့အချိန်မှာ ခက်ခဲလိုက်နဲ့ ပင်ပန်းကြီးစွာ အသက်မွေးကြရတဲ့ ဒေသဖြစ်ပါတယ်.. အဲဒီလို မိရိုးဖလာ အသက်မွေးလာရတဲ့ဒေသကို စွန့်ခွာပြီး လယ်ပျောက်ယာပျောက် ရွာပျောက် ဖြစ်ရမယ့် တောသူတောင်သား ပြည်သူတွေကို စာနာ နားလည်စိတ်နဲ့ ဆက်ဆံရမယ့်အစား အာဏာပြ ပါဝါပြပြီး မောက်မာရိုင်းစိုင်းစွာ ဆက်ဆံတဲ့ တာဝန်ရှိသူ တွေရဲ့ စနက်ဟာ ဒီစီမံကိန်းကို ဆန့်ကျင်စေတဲ့ အဓိက အချက်တစ်ခုဖြစ်ပါလိမ့်မယ်....

တိုင်းပြည်ရဲ့ သယံဇာတဆိုတာ ထိုင်ပြီးချစ်နေဖို့ မဟုတ်ပေမယ့် ဒီသယံဇာတကို ထုတ်လုပ် အသုံးပြုတဲ့နေရာမှာ တော့ ဒေသတွင်းက ဒေသခံပြည်သူတွေရဲ့ ဘဝရပ်တည်နေထိုင်မှုကို အာမခံချက်ပေးဖို့ လိုအပ်ပါမယ်.. အခုလို မြေဧက ၇၈၀ဝ ခန့်သိမ်းယူပြီး လုပ်ကိုင်တဲ့ လုပ်ငန်းမျိုးမှာ ဒေသခံပြည်သူတွေကို လူမဆန်စွာ ဆက်ဆံခဲ့တဲ့ အတွက် ပြဿနာတဖြည်းဖြည်းကြီးလာရတာဖြစ်ပါတယ်.. ဒါ့အပြင် အသွင်ကူးပြောင်းရေးကာလ ကို အခွင့်ကောင်းယူပြီး နိုင်ငံတစ်ခုလုံး တိုင်းသူပြည်သားအားလုံးနဲ့ သက်ဆိုင်တဲ့ အကျိုးစီးပွားကို ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်တဲ့ လူတစ်စု လူတစ်သိုက်က ထင်ရာစိုင်းခဲ့တဲ့ လုပ်ရပ်ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်..

ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဦးအောင်မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကို လူတိုင်းက ဝိုင်းပြီး ကောင်းချီးဩဘာ ပေးကြပါတယ်..ဒါပေမယ့် ဒီလိုအဓိပ္ပါယ် သက်ရောက်တဲ့ စကားမျိုးကို နိုင်ငံတော် သမ္မတကိုယ်တိုင် သိပ်မကြာသေးခင်က ပြောခဲဖူးတာကို မမေ့ကြစေလိုပါ... တရုတ်ပြည်ရဲ့ ကျေးဇူးတော်ကို သိတတ်ရမယ်ဆိုတာ တိုင်းပြည်ဥသျှောင် သမ္မတကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်.. ဒါ့အပြင် သမ္မတရဲ့ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာလည်း သတင်းထောက်တွေကို ဒီစီမံကိန်းကို မြစ်ဆုံစီမံကိန်းလို ရပ် မှာမဟုတ်ပါဘူးလို့ ပြောခဲ့ဖူးတာကို သတိပြုမိကြမယ်ထင်ပါတယ်... ဒီတော့... လက်ပတောင်းတောင် ကြေးနီ စီမံကိန်းဟာ စစ်တပ်ရဲ့ အဖေလို့ ပြောလို့ရနိုင်တဲ့ ဦးပိုင်ရယ် နိုင်ငံတော် သမ္မတနဲ့ အစိုးရအဖွဲ့ ဦးထိပ်ထား ကိုးကွယ်ဆည်းကပ်ရာ ကျေးဇူးရှင် တရုတ်နိုင်ငံ ပါဝင်ပတ်သက်နေတာရယ်ကြောင့် ဖြေရှုင်းရ တော်တော်ခက်ဦး မှာဖြစ်ပါတယ်...

ဘာဘဲဖြစ်ဖြစ် လူတစ်စု အကျိုးစီးပွားအတွက် အကောင်အထည်ဖော်ခဲ့တဲ့ အစပြုခဲ့တဲ့ စီမံကိန်းတစ်ခုအတွက် လက်ရှိ အစိုးရအဖွဲ့နဲ့ ပြည်သူတွေအားလုံးက ခါးစည်းခံပြီး ခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်းကြရဦးမှာဖြစ်ပါတယ်..
ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုတဲ့ အဖြေတစ်ခုကိုတောင်မှ ခက်ခက်ခဲခဲ စဉ်းစားရပါဦးမယ်.. ဘာဘဲဖြစ်ဖြစ် ပြည်ထောင်စုအစိုးရဟာ ဒီပြ ဿနာကိုလည်း သိက္ခာရှိရှိနဲ့ ဖြေရှင်းနိုင်ပါစေလို့ မျှော်လင့်ရတာပါဘဲ... လောလောဆယ်တော့ ရေချိန်တက်လာနေတဲ့ လက်ပံတောင်းတောင်ရဲ့ တင်းမာမှု အခြေအနေကို ပြည်သူ့အချစ်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လျှော့ချပေးနိုင်တာကို သတိပြုမိပါတယ်..
အားလုံးရဲ့ မေတ္တာကို ခံယူဖို့ အင်တာနက် နှုန်းထားသစ်တွေကို အဆင်အခြင်မဲ့စွာ ထုတ်ပြန်လိုက်ခြင်းဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ လောဘကြီးပြီး ဆင်ခြင်ဉာဏ် နည်းပါးမှုလား.. လတ်တလော ရင်ဆိုင်ရတဲ့ လက်ပတောင်း ပြဿနာရဲ့ ဦးတည်ချက်ကို ဝေ၀ါးစေတာလားဆိုတာကိုတော့ တွေးနေမိပါတယ်။

ကိုရွှေမောင်း (မြန်မာကျူးပစ်ဖိုရမ်)


↧

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ယနေ့ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားဖို့ သတိပေးပြီ

$
0
0
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေရှိ ဖွင့်လှစ်ထားသည့် သပိတ်စခန်းများ ယနေ့ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် နှင့် ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ယနေ့ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ကြေညာသွားသည်။

သပိတ်စခန်းများ ဖယ်ရှားပေးရန် သတိပေးရသည့် အကြောင်းရင်းမှာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ ဒေသခံတို့၏ လူနေမှုဘ၀၊ နိုင်ငံအကျိုးစီးပွားတို့ ရေတို ရေရှည် ထိခိုက်မှု အကျိုးရှိခြင်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးမည်ဟု ဖေါ်ပြကာ ယင်းသို့ စစ်ဆေးနိုင်ရန် အလို့ငှာ စီမံကိန်းပုံမှန်လည်ပတ်နေမှသာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်းနှင့် သပိတ်စခန်းများဖွင့်လှစ်ထားပါက စစ်ဆေးခြင်း မပြုနိုင်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။

သပိတ်စခန်းများ ဖွင့်လှစ်ထားသဖြင့် ကြေးနီစီမံကိန်း ယခုလ ၁၈ ရက်နေ့ကတည်းက မလည်ပတ်နိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေး ပြုလုပ်နိုင်ရန် သပိတ်စခန်းများ ဖယ်ရှားဖို့ လိုအပ်ခြင်းဖြစ်သည်ဟု လည်း မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာ ချက်တွင် ပြောဆိုသွားသည်။

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း နှင့် ပတ်သက်၍ ယမန်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြသည့် တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၆ ဦးကို နိုင်ငံတော် အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်လှစ်ကာ
ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်သို့ ယနေ့ပို့ဆောင်လိုက်ကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် အမျိုးသမီးကွန်ရက်ဝင်တစ်ဦးက ပြောသည်။

ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြပွဲဦးဆောင်သူခြောက်ဦးကို ပုဒ်မ၅၀၅(ခ) တရားရုံးမှရမ္မာန်ယူကာ အင်းစိန်ထောင်သို့ပို့လိုက်သည်.

ဗကသအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးမဖြိုးဖြိုးအောင်က “ပြည်သူတွေကပြည်သူ့လိုအပ် ချက် ပြည်သူ့လိုလားချက်ဖြစ်တဲ့ဒီလက်ပံတောင်းတောင်ဆိုတဲ့ကိစ္စက တအားကိုအရေးကြီးတယ်၊ တစ်ဦးချင်းဖြစ်ဖြစ် ၊အများအတွက်ဖြစ်ဖြစ်၊ သဘာဝပက်ဝန်းကျင်အတွက်ပဲဖြစ်ဖြစ် အရမ်းကို အရေးကြီးတယ်၊ပြည်သူတွေ လိုအပ်ချက်ကို ဘယ်လိုဖြည့်စည်းပေးမလဲဆိုတာ မစဉ်းစားပဲ၊ ရပ်တန့်ဖို့ တောင်းဆိုတဲ့ ပြည်သူတွေကို ဖမ်းဆီးအရေးယူတာဟာ တရားမဲ့လုပ်ရပ်လို့ထင်တယ်” ဟုဆိုသည်။
ယနေ့ ညနေ ၅ နာရီ ၃၀မိနစ် ၀န်းကျင်ခန့်တွင် ရန်ကုန်မြို့၊ပန်းဆိုးတမ်းလမ်းမကြီး အတွင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးနှင့် ယမန်နေ့က ဆန္ဒပြရာတွင် ဦးဆောင်သူ များဖမ်းဆီးထိန်းသိမ်း ခံရခြင်းနှင့် ပက်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်ရာတွင် “လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေး” “ဒို့အရေး”၊ “ဖမ်းဆီးအကျဉ်းသား လွှတ်ပေးရေး” “ဒို့အရေး” ဟုကြွေးကြော် ဆန္ဒပြခဲ့ကြောင်းနှင့် ၅ နာရီ ၄၅ မိနစ်ခန့်တွင် လူစုခွဲ၍ ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။ “ကျနော်တို့ဒီနေ့လုပ်ဖြစ်တဲ့အကြောင်းက ၂ ချက်ရှိတယ်ဗျ၊ပထမအချက်က လက်ပံတောင်းတောင် စီမံကိန်းရပ်တန့်ဖို့ရယ်၊ဒုတိယအချက်က မနေ့ကဆန္ဒပြတဲ့အခါ ခေါင်းဆောင်တွေကို ဖမ်းဆီးအချုပ် ချထားတာကိုပြန်လွှတ်ပေးဖို့လုပ်ဖြစ်တာပါ”ဟု ဗဟိုကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် တွဲဘက်အတွင်းရေး ကိုမင်းသွေးသစ်က ဆန္ဒပြရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။ ၄င်းတို့သည် အဆိုပါ လက်ပံတောင်းတောင်အရေးနှင့် ဖမ်းဆီးအကျဉ်းသားလွှတ်ပေးရေးအတွက် မနက်ဖြန်တွင်လည်း ပိုစတာများဖြင့် ထပ်မံဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်

ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ဦးမျိုးချစ်နှင့် ကိုဝေဠု တို့ကို ကျောက်တံတားနှင့် ပန်းပဲတန်းမြို့နယ်နှစ်ခုမှ တစ်မြို့နယ်လျှင် တစ်မှုစီဖြင့်လည်းကောင်း၊ ကိုရဲလင်း နှင့် ကိုညီညီတို့ကို ပန်းပဲတန်းမြို့နယ်မှလည်းကောင်း တရားစွဲဆိုထားသည်။ ။

Yangon press international,မြန်မာ့ခေတ်


↧

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နိုင်ငံတာဝန်ရှိသူများ၏ အိမ်လုပ်သားများအတွက် ထောက်ပံ့ကြေးတောင်းခံမှု ခွင့်ပြု

$
0
0
ဖက်ဆစ် သန်းရွှေ တို့ ကို ထောက်ပံ့ကြေးပေးဖို့ ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုတာကြည့်ခြင်းအားဖြင့် ဖက်ဆစ်အလိုတော်ရိ လွှတ်တော်လို့ ယနေ့မှစ၍ ခေါ်ဝေါ်လို့ရပြီ..
ယခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယခင် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စစ်ဖက်မှအရပ်ဖက်သို့ ကူးပြောင်းခဲ့သည့် ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်များနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အိမ်အကူ လုပ်သားများ အတွက် ထောက်ပံ့ကြေးတောင်းခံမှု ကို ပြည်ထောင်စုလွှတ်တော် မှ ခွင့်ပြုပေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြောကြားသည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်အကူအလုပ်သမားများဖြစ်သည့် ထမင်းချက်ငါးဦး၊ အိမ်အကူငါးဦးနှင့် ဥယျာဉ်လုပ်သားငါးဦးတို့ အတွက် တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းလေးသိန်းခွဲ တစ်နှစ်ကျပ် ၅၄ သိန်းအား လည်းကောင်း၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်ရှိ
အိမ်အကူလုပ်သားလေးဦးအတွက် တစ်နှစ်စာလစာငွေ ကျပ် ၄၃ သိန်းနှင့် လက်ရှိနိုင်ငံတော် တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စု အဆင့်ရှိ ပုဂ္ဂိုလ်(၁၀၂)ဦး၊ နေပြည်တော်ကောင်စီဝင် ၁၁ ဦး၊ စစ်ဖက်မှအရပ်ဖက်သို့ ကူးပြောင်းခဲ့သည့် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ် ၆၇ ဦးတို့၏ အိမ်အကူ လုပ်သား(၄၁၇)ဦးအတွက် တစ်ဦးလျှင် တစ်လကျပ်သုံးသောင်းနှုန်းဖြင့် ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခဲ့သည်။

ယခင်က အငြိမ်းစားနိုင်ငံတော်အကြီးအကဲများနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတာဝန်ရှိ ပုဂ္ဂိုလ်များ၏ အိမ်အကူလုပ်သားများ အတွက် ငွေကျပ်သန်းပေါင်း ၃၁၅.၀၁၀ သန်းကို ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခဲ့သော်လည်း မလောက်ငသည့်အတွက် ၎င်းပုဂ္ဂိုလ်များ၏ အိမ်အကူ လုပ်သားများအား လစာပေးနိုင်ရန် ၁၉၇.၀၅၂ သန်းကို ထပ်မံတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်တာဝန်ရှိပုဂ္ဂိုလ်များ၏ အိမ်အကူလုပ်သားများအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့သော်လည်း လက်ရှိနိုင်ငံတော်တာဝန် ထမ်းဆောင်လျက်ရှိသော သမ္မတဦးသိန်းစိန်နှင့် ဒုတိယသမ္မတများမှာ ယင်းခံစားခွင့်များကို ခံစားခွင့်မရှိကြောင်း လွှတ်တော်ကအတည်ပြုခဲ့သည်။

Yangon chronicle


↧
↧

ပထ၀ီမဟုတ်တော့ပါ၊ သမိုင်းဖြစ်သွားခဲ့ပြီ

$
0
0
မြန်မာပြည်မှာ အာဏာရှင်မျိုးထိုသူခိုးနှင့်
ပူးပေါင်းကြံစည် ပါပမိတ္တ၀ိသမလောဘသားတစု
နှိပ်စက်မှုကြောင့်

မြစ်ချောင်းအင်းအိုင် ၊ လျှိုမြောင်ဂနိုင် ၊
တောအသွယ် သွယ် ၊ တောင်အထပ်ထပ်
ဝန်ကာပတ်လို့တည်ရှိပါတဲ့ အိုဘယ့်မြန်မာပြည်
သြော် အခုတော့ သမိုင်းဖြစ်လို့သွားလေပြီ ........................

နောင်တခေတ်မှာ ကျန်ရစ်မယ့်မျိုးဆက်ကလေးတွေ
ပြောပြရရင်ရင်နာလှပါသလေ
ဒီတော ဒီတောင် ဒီရေ ဒီမြေ
ငါတို့မျိုးဆက်တွေအတွက် ပုံပြင်ဖြစ်ခဲ့ပြီလေ...

KN@shwe yi


↧

2013 Kyaw Thu’s First Breakout Calendar (အယူသီးမှုကို ချိုးဖောက်မည့် 2013 ကျော်သူ့ ပြက္ခဒိန်)

$
0
0
နှစ်ဟောင်းထားရစ်ခဲ့ကာ နှစ်သစ်ကို ကျော်ဖြတ်တော့မည်ဖြစ်သည်။ နိုင်ငံတော်အတွက်၊ အများ ပြည်သူအတွက်၊ မိသားစုအတွက် မည်မျှပေးဆပ်မှုများ ရှိစေကာမူ ယခုနှစ်သစ် 2013 ခုနှစ်အတွက် မည်တွင်မည်မျှ ပေးဆပ်ရဦးမည်ကို ကြိုတင်သတိနှင့် သိရှိဖို့လိုသည်။

အတိတ်ကဖြစ်ရပ်သည် ယခုပစ္စုပ္ပန်တွင် (တာ)သွားခြင်း (၀ါ) သမိုင်းမှတ်တိုင်ထူခဲ့ ခြင်းတို့ ကိုယူခဲ့ ရပြန်သည်။ ထိုသို့သော အတိတ်မှဖြစ်ရပ်များ၊ အတိတ်မှအာဇာနည်ကြီးများ၊ အတိတ်မှပညာရှင်ကြီးများ၊ အတိတ်မှစာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် သဘင်သည်ကြီးများ၊ အတိတ်မှ နိုင်ငံ့အာဇာနည်ကြီးများ၊ နိုင်ငံရေး သမားကြီးများ၏ ကမ္ဘာမြေပြင်မှ ထွက်ခွါသွားခဲ့ကြသည့် နောက်ဆုံးနေ့ရက်များကို ယခုပစ္စုပ္ပန်တွင် အမှတ်တရရှိနေစေရန်၊ ဂုဏ်ပြုပွဲများ ပြုလုပ်နိုင်ရန်ရည်ရွယ်ပြီး ယခု Kyaw Thu First Breakout 2013 Calendar အား ကျွန်တော်ထုက်ဝေ လိုက်ပါတော့သည်။ ဆရာတော်ကြီးများ၏ သြဝါဒအဆိုအမိန့် စကားရပ်များ၊ တိုင်းပြည်ခေါင်းဆောင် လူမှုရေးသမား များ၏ လက်စွဲဆောင်ပုဒ်များဖြင့် ဖိုးချို (ခ) မောင်မောင် (ခ) ကျော်ဝင်း (ခ) ရုပ်ရှင်သရုပ်ဆောင်မင်းသား/ ဒါရိုက်တာ ကျော်သူ (ခ) လူမှုရေးသမားကျော်သူ၏ ဘဝဖြတ်သန်းမှု ပေးဆပ်မှုပုံရိပ်လွှာများဖြင့် ဖော်ကျူး ရိုက်နှိပ်ထားသော (17 x 25) လက်မဆိုဒ် ၂ဝ၁၃ ခုနှစ် ပြက္ခဒိန်ဖြစ်လေသည်။

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်လူမျိုးများအတွက် သိမ်းဆည်းထားသင့်သော တိုင်းပြည်နိုင်ငံအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်ကြီးများ၏ နောက် ဆုံးကမ္ဘာမြေပြင်မှ ထွက်ခွါသွားသော နေ့ရက်များကို လက်လှမ်းမှီသလောက် မှတ်သားဖော်ကျုးထား၍ ထူးခြားသည့် ပြက္ခဒိန်လည်းဖြစ်သည်။ သို့သော် ကျွန်တော်၏ ပြက္ခဒိန်တွင် ရက်ရာဇာ၊ ပြဿဒါးနေ့ ဟူ၍ မပါရှိပေ။ “ကုလိုလ်လုပ်သည့်နေ့သည်ကား … ရက်ရာဇာ။ အကုသိုလ်လုပ်သည့် နေ့သည်ကား … ပြဿဒါး” မဟုတ်ပါလား။

အယူသီးခြင်းကို လက်မခံသူများ၊ အယူသီးမှုကို ချိုးဖောက်မည့်သူများအနေဖြင့် မှာကြားလိုပါက နာရေးကူညီမှုအသင်း(ရန်ကုန်) တယ်လီဖုန်း - ၅၈ဝ၁၃၃၊ ဝ၉ ၈၆ ၄ဝ၂၂ဝ၊ ဝ၉ ၇၃ဝ ၃၁၁၈၂ (သို့) အီးမေးလ် info@ffssyangon.org သို့တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။ ရရှိသည့် အကျိုး အမြတ်များအား လူမှုရေးလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ပါ၍ 2013 Year Kyaw Thu’s First Breakout Calendar အားဝယ်ယူအားပေးခြင်းဖြင့် ကုသိုလ်ပါဝင်နိုင်ကြပါရန် နှိုးဆော်လိုက်ရပါသည်။

ယင်းပြက္ခဒိန်၌ ဖော်ပြထားရှိသော ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ်ကြီးများ၏ ကမ္ဘာမြေမှ နောက်ဆုံး ထွက်ခွာသွားကြသော နေ့ရက်များအားအချိန်ပေး၍ ဝိုင်းဝန်းကူညီ ရှာဖွေပေးခဲ့ကြသော ဦးဝင်းငြိမ်း (အလင်းတန်း၊ ရွှေအမြုတေ)၊ ကိုမျိုး(မြန်မာစာ)၊ ဦးချစ်သန်းမြင့်၊ အလင်းဆက်(IR)၊ ကိုကျော်ဝဏ္ဏ (မာကျူရီ)၊ ပန်းချီမင်းကျော်ခိုင်(NewYork)၊ ဦးစန်းအောင်(USA)၊ မင်းခန့်ကျော်(A.M.S)၊ ကျော်ဟိန်း (F.F.S.S)၊ ဇွဲမဟိဏ်ခ(F.F.S.S)၊ ရောဘတ်အောင်(F.F.S.S)၊ ဇာနည်ထက်(F.F.S.S)၊ ဝေယျာအောင်မြင့် (F.F.S.S) တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုက်ရပါသည်။



ကိုကျော်သူ


↧

ကျော်ရွာရှေ့ရှိ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေးသပိတ်စခန်းကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဇြိုခွဲရန်ပြင်ဆင်

≫ Next: ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်များ၊ နိုင်ငံတော်တာဝန်ရှိသူများ၏ အိမ်လုပ်သားများ အတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော်ခွင့်ပြု
$
0
0
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာရှိ သပိတ်စခန်းများ၌ စုဝေးနေသူများအား ယနေ့(နိုဝင်ဘာလ ၂၈ရက်နေ့)ည ၁၂နာရီတွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့(နိုဝင်ဘာလ ၂၈ရက်နေ့)ည ၇နာရီခွဲ တွင် တစ်ကြိမ်၊၈ နာရီ ၁၀ မိနစ်တစ်ကြိမ်၊ ၈နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် ထပ်မံ၍ ကြောငြာခဲ့ကြောင်း သိရသည်။(EMG)
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီးဝန်းကျင်ရှိ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားပေးကြရန် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၂၈ ရက်နေ့ည ၈ နာရီ ၅၀ မိနစ်အချိန်က အသိပေးပြောကြားနေစဉ်(Photo.EMG)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ လာရောက် သတင်းယူကြသော မီဒီယာသမားအား ပုဒ်မ (၁၄၄) ဧရိယာအတွင်းသို့ ဝင်ရောက်သတင်းရယူခြင်း မပြုရန် တားမြစ်ချက်အား ကြေညာနေသော ရဲအရာရှိတဦးအား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၊ နံနက် ၁၀း၀၅ အချိန်က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)
မြေထိုးစက်ကြီး များ ကြောင့် ပြိုကျ လု တဲတဲ ဖြစ်နေသည့် သာ့သနာ့ အာဇာနည် လယ်တီ ဆရာတော် ဘုရားကြီး ၏ သိမ်တော်

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ ကျော်ရွာရှေ့ လက်ပန်တောင်း တောင်ထိပ်ကြားတွင် ဖွင့်လှစ်ထားသည့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ၂၄ နာရီ အမြဲတမ်းသပိတ်စခန်းကို အကြမ်းဖက် ဖြိုခွဲရန် လုံခြုံရေးရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်မှ အသင့် အနေအထားဖြင့် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။

သံဃာတော် အပါး ၃၀ ခန့်မှ လုံခြုံရေးတာဝန်ယူထားသည့် အဆိုပါ သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲရန် အတွက် နေ့လည် ၃ နာရီ အချိန်မှ စတင်ကာ ဒုတ်၊ ဒိုင်း၊ သေနတ် လက်နက် ကိရိယာ အပြည့်အစုံ ကိုင်ဆောင်ထားသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ၎င်းနေရာကို စတင် ဖြိုခွဲရန် ပြင်ဆင်နေသည်ဟု သိရှိရကြောင်း၊ ၎င်းနေရာတွင် သံဃာအင်အားမှာ အနည်းငယ်သာရှိကြောင်း၊ ၎င်းနေရာကို ဖြိုခွဲနိုင်လျှင် လယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံး နေထိုင်ခဲ့သည့် နေရာဖြစ်သည့်စီမံကိန်းလုပ်ငန်းခွင်၏အဓိက နေရာကိုအလွယ်တကူ ရောက်ရှိသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ၀ိဇ္ဖာ၊ သိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက်မှ တာဝန်ခံ ကိုသောင်းထိုက်က ပြောပြခဲ့သည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဖျက်သိမ်းခြင်း ခံထားရသည့် ဇီးတောကျေးရွာ စမ်းမြ၀တီ ကျောင်းတိုက်မှ ဆရာတော် ဦးအာလောကမှ “ အကြမ်းဖက် နှိမ်နင်းတာကို ဆရာတော် အနေနဲ့ လုံးဝ လက်မခံနိုင်ဖူး၊ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ ဒီလိုနိုင်ငံမျိုးမှာ ဘုရားရဲ့ သားတော်တွေကို ဒီလို အပြုအမူမျိုးတွေနဲ့ ဆက်ဆံလာခဲ့ မယ်ဆိုရင် အရမ်းကို အရုပ်ဆိုး အကျဉ်းတန်သွားမှာ ဖြစ်တယ်။ စစ်အစိုးရလက်ထက်ကလည်း တစ်ခါ ဖြစ်ခဲ့တယ်။ သံဃာသွေးတွေ မြေမကျအောင် မြန်မာပြည် တ၀ှမ်းက ဆရာတော် သံဃာတော်တွေ တပည့်တော်တို့နဲ့ အတူ ပူးပေါင်းပြီး လယ်တီ ဘူမိနက်သန်ကို ကာကွယ်ကြပါလို့ လျောက်ထားပါတယ် ဘုရား ” ဟု သတင်းထောက်များကို ပြောပြခဲ့သည်။

သီမောင် (မြန်မာ့ခေတ်)


↧

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်များ၊ နိုင်ငံတော်တာဝန်ရှိသူများ၏ အိမ်လုပ်သားများ အတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော်ခွင့်ပြု

$
0
0
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် အငြိမ်းစားပုဂ်္ဂိုလ် ၆၉ ဦး၊ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ဖူးသူများနှင့် အစိုးရသစ် ပြည်ထောင်စုအဆင့် တာဝန်ရှိသူ ၁၀၂ ဦးတို့၏ အိမ်အကူ၊ ထမင်းချက် နှင့်
ဥယျာဉ်လုပ်သားများအတွက် ထောက်ပံ့ငွေအဖြစ် ကျပ်သန်းပေါင်း ၃၅၀ ကျော်ကို ပြည်ထောင်စု လွှတ် တော်မှ ခွင့်ပြုထားကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။

“ခွင့်ပြုပြီးသား ငွေက ကျပ်သန်းပေါင်း ၃၅၁ ဒသမ ၀၁၀ သန်းပါ၊ ထပ်မံတောင်းခံတာက အငြိမ်းစား ပုဂ္ဂိုလ်ကြီး တွေအတွက် ၁၆၉ဒသမ ၅၆ သန်းနဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေအတွက် ၂၇ ဒသမ ၄၉၂ သန်းဆိုတော့ စုစုပေါင်း ၁၉၇ ဒသမ ၀၅၂ သန်းပါ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

၂၀၁၂ - ၂၀၁၃ ခုနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင် အငြိမ်းစားပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံ့တာဝန်ထမ်းဆောင် လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ်လုပ်သား ၄၁၇ ဦးအတွက် ထောက်ပံ့ငွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အိမ်လုပ်သားတစ်ဦးလျှင် ကျပ်သုံးသောင်း ခံစားခွင့်ပြုထားသဖြင့် ဆောက် လုပ်ရေး ၀န်ကြီးဌာနမြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ တောင်းခံခဲ့ခြင်းဖြစ်သည်။

ထောက်ပံ့ငွေရရှိသူများမှာ နိုင်ငံတော်အကြီးအကဲဟောင်း နှစ်ဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် (၁၀၂) ဦး၊ နေ ပြည်တော် ကောင်စီဝင် ၁၁ ဦး၊ နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးတို့ဖြစ်ကြောင်း လွှတ်တော်သို့ တောင်းခံ သော စာရင်းတွင် ဖော်ပြထားသည်။

နိုင်ငံတော် အကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်တွင် ထမင်းချက်ငါးဦး၊ အိမ်အကူ ငါး ဦး နှင့် ဥယျာဉ်လုပ်သား ငါးဦးတို့ကို တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း လေးသိန်းခွဲ၊ တစ်နှစ်စာ
၅၄ သိန်း တောင်းခံထားပြီး အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးအိမ်တွင် အိမ်လုပ်သား ၄ ဦးစီဖြင့် တစ် နှစ်စာ ၄၃ သိန်းနှစ်သောင်း တောင်းခံထားသည်။

နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးခင်ညွန့်မှာမူ ယခုထုတ်ပြန်သော စာရင်းတွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိသလို ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်လည်း မပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၁၀၂ ဦးမှာ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး ၃၁ ဦး၊ ခုံရုံး ဥက္ကဋ္ဌ၊ ကော်မရှင်ဥက္ကဋ္ဌ၊ တရားလွှတ်တော်ချုပ်တရားသူကြီး ခြောက်ဦး၊ ခုံရုံးအဖွဲ့ဝင် ရှစ်ဦး၊ ကော်မရှင် အဖွဲ့ဝင် ခြောက်ဦး၊ ဒုတိယ၀န်ကြီး ၄၁ ဦးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ငါးဦးတို့ဖြစ်သည်။

နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးမှာ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင်၊ ၀န်ကြီး ဦးသောင်း (သိပ္ပံနှင့် နည်းပညာ)၊ ဦးဌေးဦး(လယ်/ဆည်)၊ ဦးတင်ထွဋ်(သမ)၊ ဦးအောင်သောင်း(စက်မှု)၊ အပါ အ၀င် ဦးမောင်ဦး၊ ဦးစိုးသာ၊ ဦးသိန်းဆွေ၊ ဦးလွန်းသီ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးမောင်မောင်သိန်း၊ ဦးစိုး သာ၊ ဒေါက်တာ ကျော်မြင့်၊ဒေါက်တာချမ်းငြိမ်းနှင့် ဦးအောင်သိန်းလင်းတို့ ဖြစ်ကြပြီး အများစုမှာ လက်ရှိအချိန်၌ လွှတ်တော်ထဲတွင် ရောက်ရှိနေကြသည်။

အခြားပုဂ္ဂိုလ်များမှာ ယခင်နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သည့်ပုဂ်္ဂိုလ်တစ်ဦး၊ ဒုတိယ ဗိုလ် ချုပ်ကြီး တင်ဦး၏ ဇနီး၊ ရန်ကုန်မြို့ တော်ဝန်ဟောင်း ဦးကိုလေး၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)များဖြစ်ကြသည့် ဦးခင်မောင်သန်း၊ ဦးရဲမြင့်၊ ဦးအောင်ထွေး၊ ဦးကျော်ဝင်း၊ ဦးသိန်းထွန်းနှင့် ဗိုလ်မှူးချုပ်အေဘယ်၊ ၀န်ထမ်းရွေး ချယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်စောထွန်း၊ ဗိုလ်ချုပ်စောလွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ရှိန်၊ ဦးသောင်းညွန့်နှင့် ယခင်န၀တအဖွဲ့ဝင်ဟောင်း ဦးမျိုးညွှန့်၊ ဦးကျော်ဘ၊ ဦးသိန်းဝင်း၊ ၀န်ကြီးဦးသန်းညွန့်၊ ဦးသောင်းညွန့်၊ ဦးခင် မောင်ရင်၊ ဦးအုန်းကျော်နှင့် ဦးအောင်ရဲကျော်၊ ဗိုလ်မှူးချုပ်လွန်းမောင်၏ ဇနီးနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခင်နှင့် ဦးတင်ထွန်းတို့ဖြစ်ကြသည်။

၎င်းတို့မှာ အိမ်အကူနှင့် ဥယျာဉ်လုပ်သား တစ်ဦးစီ ရရှိကြသည်။ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများအတွက် သာမန် အသုံးစရိတ်အဖြစ် ဖြည့်စွက်တောင်းခံငွေ ၁၆၉ ဒသမ ၅၆ သန်းကို လွှတ်တော်မှ အတည်ပြုပေးခဲ့သည်။

“အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရဦးတင်အောင်မြင့်ဦးကို ရှစ်လစာနေအိမ်စရိတ် ကျပ် ၁၆သန်းနဲ့ တိုင်းရင်း သားလူမျိုးရေးရာ ၀န်ကြီးတွေအတွက် နေအိမ်ငှားရမ်းခ ၇ ဒသမ ၈၃၀ သန်းလည်းပါ, ပါတယ်”ဟု ဦးမင်းသူက ဆိုသည်။

ထောက်ပံ့ကြေး တောင်းခံသောစာရင်းတွင်သမ္မတနှင့် ဒုတိယသမ္မတများ မပါဝင်ရခြင်းမှာ ၂၀၀၈အခြေခံ ဥပဒေ အရ သီးခြားခံစား ပိုင်ခွင့် ရပိုင်ခွင့်များ ရရှိထားသောကြောင့်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အငြိမ်းစား ၀န်ထမ်းများကို အငြိမ်းစားပင်စင်လစာငွေ အကျိုးခံစားခွင့် ပေးသင့်သော်လည်း “နှစ်သီးစားတွေ ကိုတော့ ထိထိရောက် ရောက်စိစစ်သင့်တယ်၊ နိုင်ငံတော်ရဲ့ အကျိုးခံစားခွင့်တွေကို အမျိုးမျိုးရယူနေတဲ့ အခြေ အနေမျိုးကတော့ မဖြစ်သင့်ဘူး၊ နိုင်ငံတကာမှာက ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ကြတာ၊ ကိုယ် ဆောင်ရွက် တဲ့ အပေါ်မှာ အကျိုးခံစားခွင့်ယူတယ်၊ နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို ဘယ်တော့မှ အလွယ်မသုံးဘူးဆိုတဲ့ စိတ် တွေ ရှိတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဘတ်ဂျက်ကျွမ်းကျင်မှု နည်းပါးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများကို လွှတ်တော်ကော်မတီအလိုက် စောင့်ကြည့်လျက်ရှိသောကြောင့် စွက်ဖက်၍မရခြင်း၊ သုံးသင့်သုံးထိုက်သည်ဟု ယူဆ၍ လွှတ်ပေးကြခြင်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင်မှ ငွေလုံးငွေရင်း၊ သာမန်အသုံးစရိတ်များကို စိစစ် ရမည်ဟု ဆုံးဖြတ်ခြင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နှောင့်နှေးစေမည့် အနေအထားမျိုး မလုပ်ဆောင်လို သောကြောင့် မတင်ပြကြခြင်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမင်းသူကပြောသည်။

“တစ်ခါတလေကိုယ်မလုပ် လိုက်နိုင်တဲ့အပေါ်မှာ ပြည်သူ့အပေါ်တာဝန်မကျေသလိုခံစားရတယ်” ဟု ၎င်းကဆို သည်။
အငြိမ်းစား ပုဂ္ဂိုလ်များကို ပင်စင်လစာငွေ၊ အပိုထောက်ပံ့ကြေးများ ပေးရာတွင် အပိုင်းနှစ်ပိုင်းခွဲခြား၍ ပြောရမည် ဟု ရန်ကုန်တိုင်းဒေသကြီးမှ အမည်မဖော်လိုသော တိုင်းအဆင့်အရာရှိတစ်ဦးကပြောသည်။

“နှစ်ပေါင်း ၃၀ လောက် တာဝန်ထမ်းဆောင်ပြီး လစာနဲ့ပဲ ရပ်တည်ခဲ့တဲ့သူတွေရဲ့ ဘ၀က အင်မတန်မှ စုတ်ပြတ် သတ်ပါတယ်၊ အဲဒီလိုအငြိမ်းစားတွေကိုပေးသင့်တယ်၊ တချို့ကျတော့ အငြိမ်းစားသာယူသွားတာ ထားစရာမရှိ အောင်ဖြစ်နေတဲ့ သူတွေလည်းရှိတယ်၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ဆိုးမွေတွေလေ” ဟု အမည်မဖော်လို သော ၎င်းအစိုးရအရာရှိက ဆိုသည်။

Venus News Weekly


↧
↧

လက်ပံတောင်းတောင် သပိတ်စခန်းများ ဖယ်ရှား ရန် ဒေသခံအာဏာပိုင်များ ပြင်ဆင်

≪ Previous: ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်များ၊ နိုင်ငံတော်တာဝန်ရှိသူများ၏ အိမ်လုပ်သားများ အတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော်ခွင့်ပြု
$
0
0
မုံရွာမြို့ ချင်းတွင်းမြစ် သဲသောင်ပြင်ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည် စင်အား တည်ဆောက်နေပုံ Photo- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မုံရွာမြို့)

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ဖွင့်လှစ်ထားသော သပိတ်စခန်းများကို ဖယ်ရှားရန် အတွက် ဒေသခံရဲတပ်ဖွဲ့ဝင်များက ပြင်ဆင်လျက်ရှိကြောင်း ထိုဒေသသို့ ရောက်ရှိနေကြောင်း မုံရွာမြို့ဒေသခံ သတင်းထောက် ကိုတိုး(ချင်းတွင်း)က ပြောကြားသည်။

“၀မ်ပေါင် ကုမ္ပဏီရှေ့က အထွေထွေသပိတ်စခန်းကို ဖယ်ရှားဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဒိုင်းတွေကို နံပါတ်တုတ် တွေနဲ့ ရိုက်ပြီး အချက်ပေးနေတယ်၊ လုံခြုံရေးစင်မြင့်
တစ်ခုလည်း ဆောက်ထားတာ တွေ့ရတယ်” ဟု ဆား လင်းကြီး အထွေထွေသပိတ်စခန်းသို့ ရောက်ရှိနေသော ထိုသတင်းထောက်က ဆိုသည်။

အဆိုပါ အထွေထွေသပိတ်စခန်းသည် မုံရွာ-ပုသိမ်လမ်းမ မိုင်တိုင် ၄၄၃/၅ရှိ ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် တည် ရှိပြီး သပိတ်စခန်းအတွင်း၌ သံဃာအပါး ၃၀၀နှင့် ဒေသခံ ၂၀၀ခန့်ရှိကြောင်း၊ ၄င်းတို့အနီး၌ ယူနီဖောင်း အပြည့်အစုံ ၀တ်ဆင်ထားသော လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁၀၀ခန့်သည် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထား ကြောင်း ၄င်းကဆိုသည်။

“ည ၈နာရီ သတင်းမှာ သပိတ်စခန်းတွေ အားလုံးကို ည ၁၂နာရီ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ အစိုးရက ကြေညာသွားတယ်။ ဒါပေမယ့် ဒေသခံတွေက ညတွင်းချင်း ရွှေ့ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ပြီး သူတို့တောင်းဆိုထားတာတွေ တစ်စုံတစ်ရာအဖြေမရဘဲ ဒီလိုအမိန့်နဲ့ ရွှေ့ခိုင်းတာက အာဏာရှင်ပုံစံမျိုး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြတယ်”ဟု ကိုတိုး(ချင်းတွင်း)က သတင်းပေးပို့သည်။

လက်ရှိအချိန်တွင် လက်ပံတောင်းတောင် စီမံကိန်းဝန်းကျင်တွင် သပိတ်စခန်း ခြောက်ခု ဖွင့်လှစ်ထားပြီး လက်ပံတောင်းတောင်ပေါ်တွင် လေးခုနှင့် ၀မ်ပေါင်ကုမ္ပဏီ အနီးတွင် နှစ်ခု ဖွင့်လှစ်ထားကြောင်းသိရသည်။

ယခုနှစ် နိုဝင်ဘာ ၂၉ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင်သို့ သွားရောက်မည်ဖြစ်သည်။

ကိုတိုး(ချင်းတွင်း)

Venus News Weekly


↧

ဝက်မှေး၊ ၀မ်ပေါင်နဲ့ Documentary ပါဝါ -Ko Nyo

$
0
0
“ဒါဘယ်သူ့မြေလဲ…ဒို့မြေ” “ဒါဘယ်သူ့မြေလဲ..ဒို့မြေ” “ဒါဘယ်သူ့နိုင်ငံ..ဒို့နိုင်ငံ” “ဒါဘယ်သူ့နိုင်ငံ..ဒို့နိုင်ငံ” “တရုတ်ကျေးကျွန်၊ အဖြစ်မခံဘူး”။ နေပူကြဲကြဲအောက် ၀မ်ပေါင်ကုမ္ပ္ပဏီရှေ့၊ ဖျင်ကြမ်းလုံခြည်၊ ရာဘာဖိနပ်ပါးနဲ့ ချည်ထည် တပတ်နွမ်း အင်္ကျီတွေဝတ်ပြီး ခမောက်ဆောင်း ထားတဲ့ အသားညိုညို၊ ပိန်ပိန်ပါးပါး အမျိုးသမီးတွေ…။ လက်သီးလက်မောင်းတန်း ကြွေးကြော်သံတွေကို အသံကုန်ဟစ်နေတဲ့မြင်ကွင်း။ အဲဒီ ကင်မရာ ရိုက်ချက်တွေက “နိုင်ငံတော်၊ ၀က်မှေး၊ ၀မ်ပေါင်၊ ကြေးနီ” သတင်းမှတ်တမ်းရဲ့ ဇာတ်ရှိန် အမြင့်ဆုံးအပိုင်းလို့ ဆိုရမယ်။

လူတယောက် ဒါမှမဟုတ် သတ္တ၀ါတကောင်ရဲ့ အဓိက အသက်ရှင်သန်မှုမှာ စားရေး၊ လုံခြုံအောင်နေရေးဆိုတဲ့ အခြေခံအချက် ၂ ခုပဲ ရှိတယ်။အခု ကိစ္စဟာ အဲဒီ ၂ ချက်လုံးကို ထိပါးလာတဲ့ သေရေးရှင်ရေး တိုက်ပွဲနဲ့ တူနေတယ်။ ရွာပေါင်း ၄ ရွာနဲ့ လယ်ဧကပေါင်း ၇၀၀ ကျော် အပါအ၀င် ရွာဦးက ဘုန်းကြီးကျောင်းလေးက အစ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက လူသူမသိ ဖျက်ဆီးခံလိုက်ရာက ဒီဇာတ်လမ်းတွေ စလာတာပဲ။ အခုလို မီဒီယာတွေနဲ့ ထိစပ်မှုမရသေးခင် တောင် ၃၃ လုံးဖြိုချ၊ လယ်ဧက ၅ ထောင်ကျော် ဖျက်ဆီးပြီး၊ ရွာပေါင်း ၄၀ ကျော် ရွှေ့ပေးရမယ့် စီမံကိန်းဆိုတာ သူတို့ ကြိုတင် မသိခဲ့ကြဘူး။ သိလိုက်တဲ့ အချိန်မှာတော့ ပေါက်ဆိန်နဲ့ ထွင်းရတော့မယ့် အခြေဆိုက်နေပြီ။

လက်ပံတောင်းတောင် ကြေးနီသတ္တုစီမံကိန်း အကျိုးဆက်ကြောင့် ဇီးတော၊ ဆည်တည်း၊ ၀က်မှေး၊ ကံတော ရွာ ၄ ရွာက တောင်သူ လယ်သမားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဒါရိုက်တာ လွင်မှိုင်းနဲ့အဖွဲ့တွေ ကင်မရာ ၆ လုံး ကိုင်ပြီး အဲဒီဒေသမှာ အချိန်ပြည့် နေထိုင် မှတ်တမ်းတင်
ရိုက်ကူးခဲ့တာလို့ House of Media and Entertainment (HOME) ကုမ္ပဏီရဲ့ ထုတ်လုပ်သူလည်းဖြစ် ရုပ်သံမဂ္ဂဇင်း တာဝန်ခံလည်းဖြစ်တဲ့ လူရွှင်တော် ကိုဇာဂနာက ပြောပြတယ်။

“အခုမှ လက်ပံတောင်းတောင်၊ လက်ပံတောင်းတောင်နဲ့ ဖြစ်နေကြတာ။ တကယ့်တကယ် ဒီကိစ္စဖြစ်နေတဲ့ ၂ နှစ်လောက်ကတည်းက ရှိတဲ့ ကင်မရာလေးတွေ၊ ဟန်းဖုံးလေးတွေနဲ့ ရသမျှ မှတ်တမ်းတင်တာတွေ လုပ်ပြီး စခဲ့ရတာ၊ သူတို့ (စီမံကိန်း အလုပ်သမားတွေ) က ညမှ အလုပ်လုပ်တာ။ ဒါကို ကျနော်တို့ လူတွေလည်း လက်နှိပ်ဓာတ်မီးတွေထိုးပြီး ညပိုင်း သူတို့ အလုပ်လုပ်တဲ့အချိန် ခက်ခက်ခဲခဲ မှတ်တမ်းတင်ရိုက်ခဲ့ရတာ” လို့ ကိုဇာဂနာက ဆိုတယ်။

ပြသချိန် ၁ နာရီခွဲကျော်တဲ့ အဲဒီ ဗီဒီယို မဂ္ဂဇင်းမှာ ကဗျာ၊ ဇာတ်လမ်းတို၊ ဟာသ၊ ကာတွန်း၊ အင်တာဗျူး စတာတွေ ပါတယ်။ တခွေလုံးက အကောင်းချည်းမဟုတ်၊ ခပ်ညံ့ညံ့ရိုက်ချက်၊ တည်းဖြတ်မှုနဲ့ ခပ်ပေါ့ပေါ့ အင်တာဗျူးတို့လည်း ပါသေးတယ်။ တခွေလုံးခြုံကြည့်ရင် အဆိုးကြီး မဟုတ်သလို အကောင်းစားကြီးလည်း မဟုတ်။ ၀က်မှေး ၀မ်ပေါင် ကြေးစင်တောင် မှတ်တမ်းဟာ ရိုက်ကူးသူတွေရဲ့ အပင်ပမ်းခံ ရိုက်ချက်တွေ၊ စိတ်စေတနာနဲ့ တင်ပြမှုတွေ၊ အားကောင်းတဲ့ အင်တာဗျူးတွေကြောင့် ရုပ်လုံးကြွခဲ့ပေမယ့် တည်းဖြတ်မှုညံ့တယ်။ ပြီးတော့ သတင်းမှတ်တမ်း (News Documentary) အဆင့်ပဲ ရှိတယ်။ မှတ်တမ်းတင် သတင်းရုပ်ရှင် (Documentary Film) ဆိုတဲ့ အဆင့်တော့ မရှိသေးဘူး။ Documentary Film လက္ခဏာပြည့်ဖို့ဆိုရင် သမိုင်းနောက်ခံနဲ့ မှတ်တမ်းမှတ်ရာ အချက်အလက်တွေ လိုတယ်၊  ဘက်စုံ ထောင့်စုံက အင်တာဗျူးတွေ ပါရမယ်။ တောင်သူတွေအပြင် သက်ဆိုင်ရာ တရုတ်ကုမ္ပဏီ အရာရှိတွေ၊ မြန်မာ အာဏာပိုင်တွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ သံဃာတော်တွေနဲ့ သုတေသီတွေ ပါသင့်တယ်။

အစိုးရ စီမံကိန်းတွေ၊ လူမှုရေး ကျန်းမာရေး ကလေးသူငယ်နဲ့ အမျိုးသမီးရေးရာ အလုပ်သမားပြဿနာ စတဲ့ အကြောင်းအရာတွေကို နောက်ခံသမိုင်း အချက်အလက်စုံ ရှုထောင့်စုံ၊ အကျိုးနဲ့အပြစ် အကောင်းနဲ့အဆိုးကို အချိန်တိုတိုလေးမှာ ကြည့်ရှုသူတွေ သေချာသိသွားဖို့ Documentary သတင်းမှတ်တမ်းတွေ လိုပါတယ်။

စစ်အာဏာရှင်ခေတ် တလျှောက်လုံး အစိုးရ ၀ါဒဖြန့်မှတ်တမ်းတွေ၊ စေတီပုထိုးနဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် ရည်ရွယ်တဲ့ ရုပ်သံမှတ်တမ်း စတာတွေပဲ တွေ့ခဲ့ရတယ်။ နောက်တော့ ၁၉၈၈ အရေးခင်းအပြီး Barefoot Students Army (ဖိနပ်မဲ့ကျောင်းသားစစ်သည်) လို မှတ်တမ်းခွေတွေ ပေါ်လာတယ်။ နောက်ပိုင်း ဘီဘီစီ၊ စီအင်န်အင်န်နဲ့ အယ်လ်ဂျားဇီးယားတို့လို မီဒီယာတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကင်းမဲ့မှုတွေ၊ ၂၀၀၇ ရွှေဝါရောင်မှာ ဘားမား VJ လို မှတ်တမ်းရုပ်ရှင်တွေအထိ နိုင်ငံတကာအာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ မှတ်တမ်းတင်ရုပ်သံတွေ ပေါ်လာခဲ့တယ်။ ဒါပေမယ့် အများအားဖြင့် နိုင်ငံခြားသားတွေ လုပ်ကြတာဖြစ်တယ်။ နိုင်ငံတကာက နယ်စပ်က ပြည်သူတွေ၊ ဒုက္ခသည်တွေ၊ ခလေးငယ်တွေ၊ ဒုက္ခသည်စခန်းတွေ၊ အမျိုးသမီးတွေဘ၀ကို ပိုသိနိုင်အောင် အားထုတ်တဲ့ မှတ်တမ်းခွေတွေ ဖြစ်တယ်။

အခြေခံလူတန်းစား ဘ၀သရုပ်ဖော် မှတ်တမ်းခွေတွေ၊ ဇာတ်လမ်းတိုတွေ လည်း ပြည်တွင်းမှာ ပေါ်ခဲ့ဖူးတယ်။ “ထူးထူးခြားခြား သတိထားမိတာက ၁၉၈၅ ခုနှစ်က ဆရာဦးဝင်းတင်ဝင်း T&T က ရိုက်တဲ့ မြန်မာ့ယဉ်ကျေးမှု ဆိုင်ရာတွေ၊ ခရီးသွား လှည့်လည်မှု အစီအစဉ်တွေ၊ ပုဂံနဲ့ နိုင်ငံတ၀ှမ်းစေတီပုထိုး သမိုင်းတွေ၊ AV မီဒီယာ (Audio-Vitual Media) ဆိုပြီး လုပ်တာ တော်တော်ကောင်းတယ်။ ခက်တာက အဆင့်ဆင့်သော ဆင်ဆာများရဲ့ ဒုက္ခပေးမှုကြောင့် အရင်းတောင် ပြန်မရနိုင်ဘဲ အညွန့်ကျိုးသွားတယ်” လို့ ကိုဇာဂနာက ရှင်းပြတယ်။

အခု နောက်ပိုင်း ရန်ကုန်ဖလင် ကျောင်းဆင်းတွေအပါအဝင် လူသစ်တန်းတွေက အခြေခံလူတန်းစား ဘ၀တွေကို ရိုက်ကူးတင်ပြတာ သိပ်ကောင်းတယ်။ တင်ပြပုံ၊ ရိုက်ချက်၊ တည်းဖြတ်ပုံ၊ နောက်ခံအသံတွေ အဆင့်အတန်းရှိတယ်။ ခက်တာက အဲဒီလို မှတ်တမ်းခွေတွေဟာ ၀ါသနာပါသူ၊ အားပေးသူ အသိုင်းအ၀ိုင်း သေးသေးလေး ကြားထဲကနေ ကျယ်ကျယ်ပြန့်ပြန့် ထွက်မလာနိုင်သေးဘူး။ အားပေးအားမြှောက်ပြုပေးမယ့် နယ်ပယ် မရှိသေးဘူး။

အခု တပြည်လုံး အုံးအုံးကြွက်ကြွက် ဖြစ်နေတဲ့ လက်ပံတောင်းတောင်လို၊ ဧရာဝတီမြစ်ဆုံလို၊ အစိုးရစီမံကိန်းတွေ အကျိုးဆက်တွေကို Documentary Film တွေက ထိရောက်တဲ့ ကဏ္ဍကနေ ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေရှိပါတယ်။ ကျနော်တို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံက လှုပ်ရှားမှုပုံစံကို သတိရမိတယ်။ အိန္ဒိယရဲ့ ပြည်နယ်ကြီး၂ခုဖြစ်တဲ့ Madhya Pradesh နဲ့ Maharashtra ပြည်နယ်တွေကို ဖြတ်သန်းစီးဆင်းနေတဲ့ နာမာဒါးမြစ် (Narmada River) နဲ့ နာမာဒါးဆည် စီမံကိန်းအကြောင်းပါ။

အိန္ဒိယရဲ့ မြစ်ကြီး ၅ သွယ်မှာ ပဉ္စမမြောက် အရှည်ဆုံးမြစ် မိုင် ၈၀၀ ကျော်ရှည်ပြီး အိန္ဒိယတောင်နဲ့မြောက် နယ်စည်းခြားထားတယ်။ ဟိမ၀န္တာတောင်ကို မြစ်ဖြားခံ စီးဆင်းလာတဲ့ နာမာဒါးမြစ်နဲ့ ထိစပ်တဲ့ လွင်ပြင်ဧရိယာက စတုရမ်းမိုင် ၆ သောင်းခွဲကျော်တယ်။ ကျယ်ပြန့်တဲ့ လယ်ယာတွေ၊ တောင်တွေ၊ တောတွေ၊ သစ်ကြီးဝါးကြီး၊ရေတံခွန်တွေ၊ တောရိုင်းတိရိစ္ဆာန် မျိုးစိတ်ထောင်နဲ့ချီ ကျက်စားတဲ့အရပ်ကို အစိုးရက ရေကာတာဆောက်တယ်။ ကြီးမားတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးပါ။ ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၄၅၀ ချေးပြီး ဆောက်တယ်။ အကျိုးဆက်က သစ်တောတွေနဲ့ လယ်မြေဧက သန်းနဲ့ချီ ပျက်ဆီးခဲ့တယ်။ လယ်သမား ၃ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ကုန်တယ်။

စီမံကိန်းဦးဆောင်တဲ့ အစိုးရနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေရဲ့ အလွဲသုံးစားမှု ၊ လာဘ်စားမှုတွေက ဒုနဲ့ဒေး။ ၁၉၈၀ လောက်စလို့ အငြင်းပွားနေတာ အခုထိ မပြီးသေးဘူး။ ရေကာတာကြီး ပြီးသွားပေမယ့် မူလစီမံကိန်း အတိုင်း ပြည်နယ် ၄ ခုအတွက် ရေအားလျှပ်စစ်က မလုံလောက်။ သောက်သုံးရေ ပြဿနာက မပြေလည်။ ဆင်းရဲမှုပြဿနာ၊ ကျန်းမာရေးပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာတွေလည်း မပြတ်။ နောက်ပိုင်း အစိုးရ၀န်ကြီးတွေက အဖြစ်အပျက်ရဲ့ သမိုင်းတောင် မသိတော့ဘူး။

ဒါတွေကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက လူထုလူတန်းစားတွေရဲ့ လက်ရှိအခြေအနေတွေ၊ သမိုင်းကြောင်းတွေနဲ့ နစ်နာမှုတွေ ဘေးထွက်ဆိုးကျိုးတွေကို မှတ်တမ်းခွေတွေ ရိုက်ကူးတယ်။ လူထုအခြေပြုအဖွဲ့အစည်း NGO တွေ၊ လူထုလှုပ်ရှားမှု မှတ်တမ်းတင် အဖွဲ့တွေ၊ လှုပ်ရှားမှုဖော်ဆောင်ရေး အဖွဲ့တွေ၊ မီဒီယာတွေ၊ အစိုးရ အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေ၊ ပါတီနဲ့အမတ်တွေ ပူးပေါင်းပြီး လှုပ်ရှားတယ်။ Video Press Show သတင်းစာရှင်းလင်းပွဲတွေ လုပ်တယ်။ ပါလီမန်အမတ်တွေကို ချဉ်းကပ်စည်းရုံးတယ်။ ပါလီမန်တွင်း အခြေအတင် ဆွေးနွေးပွဲတွေ၊ ဆုံးဖြတ်ချက်တွေ ပေါ်လာအောင် ၀ိုင်းဝန်းကြတယ်။ အဲလို ပြည်သူ၊ မီဒီယာနဲ့ နိုင်ငံရေးသမားတွေ ဟန်ချက်ညီညီ ပူးပေါင်းလှုပ်ရှားတော့ အစိုးရက ပြသနာကို မဖြစ်မနေ ဖြေရှင်းပေးရတော့တယ်။

ကျနော်တို့ မြန်မာတွေ ဗီဒီယိုတို့၊ ရုပ်ရှင်တို့ဆိုရင် စိတ်အပမ်းဖြေစရာ၊ ပျော်စရာ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့၊ မင်းသမီး၊ မင်းသားချောချော၊ အ၀တ်အစား လှလှ တောက်တောက် ပြောင်ပြောင်တွေကိုပဲ သဘောကျ တတ်တာကလည်း မဆန်းပါဘူး။ စိတ်ထွက်ပေါက်ကလည်း ဒါပဲရှိတာကိုး။ နုံချာချို့တဲ့ပြီး ထမင်းကြမ်းကို ဇီးထုတ်လေးနဲ့ ဟင်းလုပ်စားနေရပေမယ့် ကိုရီးယား မင်းသမီး မင်းသား ချောချောတွေနဲ့ ထည်ဝါတဲ့ လူနေမှုပုံစံတွေကို ကြည့်ပြီး စိတ်ကူးယဉ်ကြရတဲ့ ဘဝ။ ကိုယ့်ဘ၀ ဆင်းရဲမွဲတေမှုကို စိတ်ဆင်းရဲခံပြီး ပြန်ကြည့်မှာလည်း မဟုတ်။

ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်စရာ အကောင်းတခုက မနှစ်က ကိုဇာဂနာတို့ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သိဒ္ဓိတင်ပေးလိုက်တဲ့ “လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်” အပြီး ရွက်ပုန်းမှတ်တမ်းခွေတွေနဲ့ ဇာတ်လမ်းတိုတွေ အလျှိုလျှိုပေါ်လာတာပါ။ ဒီအတွက် ကိုဇာဂနာနဲ့ အားထုတ်နေသူတွေကို ကျေးဇူးတင်ရမယ်။ အဲဒီ လှုပ်ရှားမှုဟာ မြန်မာပြည်ရဲ့ Documentary Film နဲ့ Short Film တသစ်ဆန်း ဦးမော့စေဖို့ နိဒါန်းဖြစ်လိမ့်မယ်။

“လုပ်စရာရှိတာက အများကြီး တပြိုင်နက်တည်း မျိုးဆက်သစ်တွေပါ မွေးထုတ်ရင်း အလုပ်တွဲလုပ်ကြတယ်။ ကျနော်တို့ထက် တော်တဲ့သူတွေတောင် ရှိနေပြီ။ ဒါဟာ တိုင်းပြည်အတွက် ၀မ်းသာစရာပေါ့” လို့ ကိုဇာဂနာကလည်း ပြောတယ်။ Documentary ပါဝါနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်က ပြဿနာတွေကို ဒီနေ့မီဒီယာလောကက လူငယ်တွေ ထိထိရောက်ရောက် မီးမောင်းထိုးနိင်မယ်လို့ မျှော်လင့်မိပါတယ်။

Ko Nyo


↧

“တောင်ပျောက်မခံနိုင်ဘူး၊ မစေ့စပ်နိုင်ဘူး” (အံ့မောင်)

≫ Next: ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးအကြမ်းဖက်ဝင်ရောက် ဖြိုခွင်းမှုကြောင့် မုံရွာဆေးရုံတွင် တက်ရောက် ကုသနေသော သံဃာတော်များ...
$
0
0
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဖျက်ဆီးပျောက်ပျက်သွားတော့မည့် လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သည့် သမိုင်းဝင် သာသနအဆောက်အဦး ပတ်ပတ်လည်တွင် မြေများ တူးဖော်ခြင်း မိုင်းကွဲခြင်းများ ပြုလုပ်နေပုံ

စိမ်းလန်းငြိမ်းချမ်းတဲ့ တောင်လုံးတွေကြားကို မြေထိုးစက်၊ မြေတူးစက်၊မြေသယ်ယာဉ်တွေ ၀င်လာတယ်။ လက်ပံတောင်းတောင်ကြီးရဲ့ အသားကိုလှီးကြ ဖဲ့ကြ ခုတ်ကြ ထစ်ကြ ထိုးကြ ဖောက်ကြ လုပ်ပြီး လက်ပံတောင်း တောင်ရဲ့  အူ အသည်းတွေကို နုတ်ယူကြတယ်။ တောင်ကြီးရဲ့ အသားထဲကိုထွင်းဖောက်၊ မိုင်းမြှုပ်ပြီး ဖောက်ခွဲကြတယ်။ လက်ပံတောင်းတောင်ပေါ်ကမိုင်းခွဲသံဟာ မုံရွာတစ်မြို့ လုံး သိမ့်သိမ့်တုန်တယ်။ မိုင် ဆယ်နဲ့ ရာနဲ့ ချီပြီး အသံဆိုးလှိုင်းကြီး ခုန်သွားတယ်။ မီးခိုးလုံးကြီးတွေ တောင်ပေါ်ကိုဝေ့တက်သွားတယ်။ ငြိမ်းချမ်းတဲ့လက်ပံတောင်းတောင်ကြီးဟာ
မီးတောင်ကြီးညဖစ်လာပါကလား။ လူဖောက်ခွဲဖန်တီးတဲ့မီးတောင်။ လက်ပံတောင်းရဲ့  ရင်ထဲကကြေးနီကို လိုချင်လို့ ဖောက်ခွဲဖျက်ဆီး အသေသတ်နေတာ။ဆဒ္ဒန်ဆင်မင်းကို သောနုတ္ထရမုဆိုး မြားနဲ့ ပစ်ခွင်းပြီး သတ်နေသလိုပါဘဲ။

သူတို့ က လက်ပံတောင်းတောင်ကို ဖောက်ခွဲခုတ်ဖြတ်နေရုံသာမကအဲဒီတောင်ထဲက ထွက်လာတဲ့မြေစာတွေကို ပတ်ဝန်းကျင်မြေယာစိုက်ခင်းတွေထဲ သွားပုံတယ်။ စိုက်ခင်းမြေယာတွေ ပျက်စီးကုန်တာပေါ့။ ဒီလောက် မကသေးဘူး။ ပတ်ဝန်းကျင် ရွာတွေပေါ်မှာလည်း ဒီမြေစာတွေပုံမယ်၊ကြေးနီလုပ်ငန်းမျိုးစုံကို လုပ်မယ်၊ မြေကြီးတူးပြီး တွင်းကြီးတွေ လုပ်ချင်လည်းလုပ်မယ်။ ဒီတော့ ဒီရွာတွေ ဒီနားမနေနဲ့ ၊ ဝေးရာသွားလို့ နှင်ထုတ်တယ်။ ဘုန်းတော်ကြီးတွေလည်း ဒီနားမနေနဲ့ ၊ ဝေးရာသွားလို့ နှင်ထုတ်တယ်။လယ်တီဆရာတော်ကြီးရဲ့  ကကျောင်းတွေ၊ သိမ်တွေ၊ ဘုရားတွေလည်းပျက်အောင်လုပ်ကြမလို့ ။ ညောင်ပင်အိုင်ဆရာတော်ကြီး ပြုပြင်ထားတဲ့အဏုမြူကပ်ကျော်စေတီလည်း ဖျက်မှာဘဲ။ ကြေးနီကိုလိုချင်တဲ့သူတွေဟာဘုရားမှန်းလည်း မသိတော့ဘူး။ ကျောင်းမှန်လည်း မသိတော့ဘူး။ ရွာသားတွေကို လူတွေရယ်လို့ လည်း အသိအမှတ်မပြုတော့ဘူး။ဘနဖူး သိုက်တူးဆိုတဲ့ ဗမာစကားအတိုင်းပါဘဲ။ တစ်ပြားနဲ့ ဘုရားကိုလဲကြမလို့ ။

ဒီတော့ ရပ်သူရွာသားတွေကလည်း မခံနိုင်ကြဘူး။ သေချင်သေပေစေဆိုတဲ့စိတ်ဓာတ်နဲ့ ကန့် ကွက်ကြတာပေါ့။ လက်ပံတောင်းတောင်ပတ်ဝန်းကျင်ထန်းပင်ထန်းတောတွေကြား၊ နှမ်းခင်းပဲခင်းတွေတ၀ိုက် ရွာသူရွာသားတွေရဲ့  ကန့် ကွက်သံ ပွက်ပွက်ညံနေပါတယ်။ ကိုယ့်အိမ်ဆုံးရှုံးရမှာမို့ ၊ ကိုယ့်ယာပျက်စီးဆုံးရှုံးရမှာမို့ ၊ ကိုယ့်ကိုစားစရာတွေအမြဲပေး အလှတွေအပေးနေတဲ့တောင်ကြီး ပျက်စီးဆုံးရှုံးရမှာမို့  ရွာသူရွာသားတွေဟာ အဖမ်းခံရမယ့်အန္တရယ်ကိုလည်း မကြောက်၊ အသက်တောင် သေချင်သေပေစေဆိုတဲ့သန္နိဌာန်နဲ့  ဆန္ဒပြကြတာပါ။ ဘေးပယောဂကြောင့်ဆိုတဲ့ အတွေးအခေါ် ကတော့ ချော်လွန်းလှပါတယ်။ ပြည်သူ့ အကျိုးကို လျစ်လျူရှုရာ ရောက်လွန်းပါတယ်။ ဒီလက်ပံတောင်းတောင်လူထု ဆန္ဒပြကြတာကတော့ သူတို့ ဘ၀၊သူတို့ အဖြစ်ကို လက်မခံနိုင်လို့  အသက်စွန့် ဆန္ဒပြကြတာပါ။ ဘ၀အနာက လူတွေကို သတ္တိပေးတယ်၊ အသိအလင်းပေးတယ်။ အဲဒီ သတ္တိမျိုးကငွေပေးဝယ်လို့ လည်း မရဘူး။ မြှောက်ပင့်လှည့်စား မြှူဆွယ်လို့ လည်းမရပါဘူး။ ဒီ အသိအလင်းက သူတို့ ဘ၀က ပေးနေတာ။ ဘ၀အခြေအနေကြောင့် ပညာမျက်စိပွင့်လာကြတာ။ အသိပွင့်လာကြတာ။ သတ္တိပွင့်လာကြတာ။လူထုရဲ့ ဆန္ဒပြပွဲကြီးဟာ ကမ္ဘာမြေတုန်လောက်ခမန်းပါဘဲ။ တစ်ရက်တည်း၊ တစ်ခါတည်း ဆန္ဒပြနေတာ မဟုတ်ဘူး။ ရက်ပေါင်းများစွာ၊ အကြိမ်ပေါင်းအထပ်ထပ်၊ သံဃာတော်တွေပါ။ ဒီဒေသလူထုတွေက ဒီတောင်ကြီးကို လုံးဝ မပျောက်မပျက်စေချင်တာပါ။ တောင်ပျောက်မခံနိုင်ဘူး။ ဒါကို မစေ့စပ်နိုင်ဘူး။

လက်ပံတောင်းတောင်ကြီးဟာ မုံရွာဘက်ကမ်းက ကြည့်ရင်လည်း အလွန်လှတယ်။ မုံရွာမြို့ က ချင်းတွင်းမြစ်ရဲ့ အရှေ့ ဘက် ကမ်းပေါ် မှာ၊ လက်ပံတောင်းတောင်ကြီးက အနောက်ဘက်ကမ်းပေါ်မှာ မျက်နှာချင်းဆိုင်ဆိုတော့လက်ပံတောင်းတောင်ကြိးဟာ မုံရွာမြို့ ရဲ့ အလှကျက်သရေဖြစ်ပါတယ်။

ဒီအလှကျက်သရေမျိုးကို ရန်ကုန်မြို့ တောင် မရပါဘူး။ မြစ်နဲ့  တောင်နဲ့  မြို့ နဲ့ အလွန်ရှားတဲ့ အလှပါ။ အခု ကြေးနီလုပ်ငန်းလုပ်ရင် ဒီတောင်ကြီး လုံးဝပျက်စီးပျောက်ကွယ်သွားမှာပါ။ ဒီလိုလှတဲ့တောင်ကြီးဖြစ်လာအောင် ဘယ်ကုမ္ဖဏီကပြန်လုပ်ပေးနိုင်မှာတုန်း။ ဒါ့ကြောင့် မုံရွာမြို့ သူမြို့ သားတွေကတော့ ကိုယ့်မြို့ ရဲ့ သဘာဝ အလှကြီးကို ဖျက်ဆီးပစ်မခံနိုင်ပါဘူး။ ဒီတော့ လက်ပံတောင်းတောင်ဖြိုမယ့်ကိစ္စကို မုံရွာသားတွေက ဘယ်လိုမှမခံနိုင်ပါဘူး။ လက်ပံတောင်းတောင်ကြေးနီလုပ်ငန်းကြီးကို လုံး (လုံးဝ)ဖျက်သိမ်းပါလို့  တောင်းဆိုလိုက်ပါတယ်။“ဒီမြေဟာ ငါတို့ မြေ တို့ ရောင်းစားရမလေ”လို့  သီချင်းမဆိုချင်ပါဘူး။

အံ့မောင်
မုံရွာ
၁၉၊ ၁၁၊ ၂၀၁၂


↧

ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးအကြမ်းဖက်ဝင်ရောက် ဖြိုခွင်းမှုကြောင့် မုံရွာဆေးရုံတွင် တက်ရောက် ကုသနေသော သံဃာတော်များ...

≫ Next: လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား
$
0
0
၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)နှင့်မြင်တွေရစဉ်။ သတင်းဓာတ်ပုံ- သလ္လာဝတီတိုင်မ်း
Photo..ကိုဝိုင်ဝိုင်ကေ..The messenger journal ယနေ့မနက်က အင်အားသုံး လူစုခွဲရာတွင် အသုံးပြုခဲ့သောမီးလောင်ဗုံး ကျည်ဆံများတွင် မီးစုန်းခေါ် ဖော့စဖား ထည့်သွင်း အသုံးပြုခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။ဖော့စဖားသည် ထိမိသည့်နေရာမှ ပေါက်ကွဲလွင့်စင်၍ နေရာအနှံ့ လောင်ကျွမ်းတတ်ခြင်း၊ ရေနှင့်ထိတွေ့ပါက ဖော့စဖောရက်စ်အက်စစ်ဖြစ်ကာ အဖြူရောင်အက်စစ်ငွေ့များ ထွက်လာပြီး အဝတ် အထည်နှင့် တစ်ကွ အသားအရေကိုပါလောင်ကြွမ်းနိုင်ခြင်း စသောအစွမ်းသတ္တိများရှိသည်။ လက်ရှိတွေ့မြင်ရသည့် ဓာတ်ပုံပါ ဒဏ်ရာများတွင် အစက်အပြောက်များဖြစ်ခါ လောင်ကြွမ်းဒဏ်ရာများ အရေပြားလောင်ကြွမ်းဒဏ်ရာများသည် ဖော့စဖား၏ အာနိသင်ကြောင့်ဟုယူဆနိုင်သည်။

သို့သော် ဖော့စဖားကို ဗုံးသီးများတွင် အထူးသဖြင့် လူစုခွဲရန်နှင့်အထိကရုန်းနှိမ်နင်းရာတွင်အသုံးပြုသော ဗုံးသီးများနှင့် လက်ပစ်ဗုံးများတွင် အသုံးပြုခြင်းမရှိတော့ပေ။ ထို့ကြောင့်မြန်မာ့ရဲတပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည် ဖော့စဖား ဘယ်ကလာသနည်း ဆိုသည့်မေးခွန်းအတွက် သက်ဆိုင်သူများတွင်သာအဖြေရှိမည်ဟုမျှော်လင့်ရသည်။ ထို့အပြင် ထိုမီးလောင်ဗုံးတွင် ဖော့စဖား ကို သုံးထားပါက ဖော့စဖားနှင့် ရေတို့ဓာတ်ပြုရာမှ ထွက်လာသည့်အဖြူရောင် အက်စစ်ငွေ့ သက်ရောက်မှု ခံရသူတိုင်း တစ်ချိန်တွင် အမြင်အာရုံဆုံးရှုံးခြင်း ဒုက္ခနှင့် ရင်ဆိုင်ရဖွယ်ရှိသဖြင့် ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းများဖြင့် အထူးဂရုပြုစစ်ဆေးသင့်ကြောင်း အကြံပြုအပ်ပါသည်။

ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်

............................................................... စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။

လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။

အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။

အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။


↧
↧

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား

≪ Previous: ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးအကြမ်းဖက်ဝင်ရောက် ဖြိုခွင်းမှုကြောင့် မုံရွာဆေးရုံတွင် တက်ရောက် ကုသနေသော သံဃာတော်များ...
$
0
0
Photo..Cnn News
နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။

“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။" ဟု ဦးဇော်ဌေးက ပြောကြားပါသည်။

ထို့အပြင် အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖေါ်ပြထားချက်မှာလည်း မတိကျ မခိုင်လုံကြောင်း ပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့ ရှေ့တန်းစစ်မျက်နှာမှာ တပ်မတော်သုံး မှိုင်းကာချတဲ့ဟာ မဟုတ်ဘူး။ နောက် နပမ်းဗုံးတွေလည်း မဟုတ်ဘူး။ " ဟု ဦးဇော်ဌေးက ပြောပါသည်။

ယခုဖြစ်စဉ်တွင် မီးခိုးဗုံးသာ အသုံးပြုခဲ့သည်ဟု ဆိုလျှင် မည်သည့် အတွက်ကြောင့် မီးလောင်ကြွမ်းမှုများ ဖြစ်ပွားရကြောင်း၊ ယခုမီးလောင်သည့် သပိတ်စခန်းများမှာ မိုရေကာဖျဉ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း Eleven Media Group မှ မေးမြန်းမှုအပေါ် "ကျွန်တော်တို့ ပြည်ထဲရေးကို မေးတော့
မီးခိုးဗုံးလို့ ပဲပြောတယ်။ အဓိကရုဏ်း နှိမ် နင်းတဲ့နေရာမှာသုံးတယ်။ နိုင်ငံတကာမှာလည်း သုံးတယ်။ စစ် မြေပြင်သုံး မီးခိုးဗုံး မဟုတ်ဘူး။ သုံးခုစလုံးက အဓိကရုဏ်းနှိမ်နင်းတဲ့ဟာတွေ ချည်းပဲ။" ဟု ဦးဇော်ဌေးက ရှင်းပြပါသည်။

ထို့နောက် "အဓိကကတော့ စိုင်းသိန်းဝင်းဟာကြီးကတော့ မတိ ကျဘူး၊ မခိုင်လုံ ဘူး" ဟု ဆက်လက် ပြောကြားခဲ့ပါသည်။

ထို့ပြင် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ရန်နှင့် ပတ်သက်၍မေးမြန်းမှုအပေါ် လုပ် ဆောင်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

"မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ လူအုပ်စုရှိတဲ့ အပေါ်ကို ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ မီးကျည်ရဲ့ အစနဲ့ ထိတာနဲ့ အရေပြားတွေ လောင်ကုန်တယ်။ တစ်ချို့ကြတော့ အရေခွံမလန်ဘဲ အသားချိုင့်သွားတာလည်း တွေ့ရတယ်။ သပိတ်စခန်းတွေက ၀ါးလုံးတိုင်တွေနဲ့ ပလပ်စတစ်မိုးကာတွေအုပ်မိုးထားတာ။ " ဟု ယင်းဖြစ်စဉ်အား မျက်မြင် သတင်းရယူနေသူ Eleven Media Group သတင်းထောက် ကိုအောင်သူက ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာရသူများ၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ သာမန်မီးလောင်နာနှင့် မတူဘဲ ဓါတုပစ္စည်း တစ်ခုခုကြောင့် ယခုကဲ့သို့ ဒဏ်ရာများကို ဖြစ်ပေါ်စေသည်ဟု ယူဆကြောင်း အမည် မဖေါ်လိုသူ ဆရာဝန်တစ်ဦးက ပြောကြားခဲ့ပါသည်။

"ကျွန်တော်သိရသလောက် မီးလောင် ဒဏ်ရာတွေက သာမန် မီးလောင်ဒဏ်ရာပုံမျိုး မပေါက်ဘူး။ ဓါတုပစ္စည်း တစ်ခုခုနဲ့ ထိထားတဲ့ ပုံမျိုးတွေ့ရတယ်။ သာမန် အဓိကရုဏ်း လက်နက်မျိုးမဟုတ်တဲ့ အတွက် အစိုးရအနေနဲ့က လုံလောက်တဲ့ ဖြေရှင်းမှုမျိုး လိုပါတယ်။ အစိုးရအနေနဲ့ ဒီဖြစ်စဉ်ကို အသေးစိတ် စုံစမ်းပြီး ပြည်သူကို ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမရှိဘူးဆိုရင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်ဖို့ တောင်းဆိုရလိမ့်မယ်။" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။

Eleven Media Group


↧

မုံရွာကြေးနီတောင် ရောက် ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ ကိုယ်တွေ့ တင်ပြချက် သတင်း

≪ Previous: လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား
$
0
0
ဝမ်ပေါင် ကြေးနီ စက်ရုံ ၀င်ပေါက်မှ ပုသိမ်မုံရွာလမ်းဆုံ ထိ ကို သံဆူးကြိုးများ ပိတ်ပြီး ရဲလက်နက်ကိုင်များ အပိတ်ဆို့ထားသည်။ ယဉ်ကျေးမှု ကင်းမဲ့သော တုန့်ပြန်ဆက်ဆံတတ်သူ ရဲ တပွင့် နှင့် ကျနော် ပြသနာ တက်သည်။ ပြည်သူ လူထုကို ၇ိုင်းပြစွာ ဆက်ဆံသောကြောင့် ကျနော်က ယဉ်ကျေးစွာပြောဆိုရန် ပြောပြီး ကျနော် ကိုယ်တိုင် တပ်မတော် အရာရှိဟောင်း ဖြစ်ကြောင်း ပြည်သူ့လစာကို စားပြီး ပြည်သူကို ယဉ်ကျေးစွာဆက်ဆံဖို့ လိုကြောင်း ပြောသော အခါ ထို လ ၂၄၇၆၅၉ ဒုရဲအုပ် မျိုးမင်းနိုင် ( တန့်ဆည်စခန်း မုံရွာခရိုင်) က စစ်ဗိုလ်ဟောင်းလည်း ဖင်ခံ လိုက်ကွာ ဟု ဆိုသည် အထိ ရိုင်းစိုင်းစွာ တုန့်ပြန်သည်ကို ၀မ်းနည်းစွာ တွေ့ရှိရသည်။

ရဲတပ်ဖွဲ့ဝင်များ မျက်နှာသည် လွန်စွာမှပင် ၀မ်းနည်းစဖွယ်ကောင်းလောက်အောင် ယဉ်ကျေးမှု ကင်းမဲ့နေသည်ကို တွေ့ရှိရသည်။ ထို ဒုရဲအုပ်မှာ တိုင်းရင်းသား တဦးဖြစ်နေသည်ကို လည်း သတိပြုလိုက်မိသည်။

ရဟန်း သံဃာ လူ ပရိသတ် စုစုပေါင်း ၇၀ ခန့် ထိခိုက် ဒါဏ်ရာ ရခဲ့ပြီး၊ သံဃာတော် တပါး ပျံလွန်တော်မူသွားသည်ဟု တွေ့မြင်လိုက်ရသော ရွာသားများက ပြောပြ သော်လည်း အခြေအနေမှ စစ်မြေပြင် အတွင်း ညဖက် စိနင်း သတ်ဖြတ်တိုက်ခိုက်သကဲ့သို့ အလစ်အငိုက် အမိုက်ထု ကို အကာကွယ်ယူပြီး လက်နက်များ၊ မီးခိုးဗုံးများ၊ မီးလောင်ဗုံးဟု ယူဆ ရသော မီးလောင်စေတတ်သည့် ပေါက်ကွဲမှုများဖြင့် အလစ်အငိုက် တိုက်ခိုက် စီးနင်းခြင်း ဖြစ်ရာ ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မရနိုင်ပေ။

ပြောင်းခင်းများ အတွင်း ပုန်းအောင်းနေသေးသော ရွာသားများစွာ တို့ ယခုထက်တိုင် အဆက်သွယ် မရသေး။ ပျောက်ဆုံးနေဆဲဖြစ်သည်။

မိုးကြိုးပစ် ရွာနှင့် ၀မ်ပေါင် ဂိတ်ကြား တွင်လည်း သံဆူးကြိုးတာား လက်နက်ကိုင်များ ပိတ်ဆို့ ထားသောကြောင့် ရွာသား သုံးရာခန့်မှာ ပိတ်မိနေသည်။

ကျနော်တို့ အဖွဲ့ ထိုရွာသားများကို သွားရောက် ခေါ်ယူကာ ပိတ်ဆို့ထားသော ရဲများအား အဘယ်ကြောင့် အများသူငှာလမ်းအား ပိတ်ထားလဲဟု မေးပြီး အတင်းဖြတ်ရန် ကြိုးစားမှ ငါးဦးစီ ဖြတ်သန်းခွင့် ပေးသည်။ ထို လူပေါင်း ၂၀၀ ခန့်ကို ခေါ်ထုတ်လာခဲ့ပြီး ကျန်ရစ်နေသေးသော ရွာသားများကို ဆက်လက် ခေါ်ယူနေဆဲဖြစ်သည်။

မကြာမှီ ယခု ဖြစ်စဉ်များနှင့် မနီးမဝေး ကွင်းပြင်ကျယ် ထဲတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့် စင်မြင့် အနိးတွင် လူပရိတ်သတ် ရာပေါင်းမျာါးစွာ နှင့်အတူ ကျနော်တို့ စောင့်ဆိုင်းနေသည်။

ဓါတ်ပုံပင် တင်မရအောင် ကွန်နက်ရှင်က နှေးကွေးလွန်းသဖြင့် စာ အရင် တင်ပြလိုက်သည် မကြာခင် ပုံများတင်ပြပါမည်။

ကိုနေမျိုးဇင်


↧

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ သံဃာ ၇ ပါးအနက် ပြန်လွတ်လာတဲ့ဆရာတော် ဦးသုကိုနဲ့ ဆက်သွယ်မေးမြန်းချက်

↧

ဦးသိန်းစိန်အစိုးရက လက်ပံတောင်းတောင်ဆန္ဒပြဖြိုခွဲမှုမှာ သုံးတဲ့ ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာ ??

$
0
0
ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူ အနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို မီးလောင်ကျွမ်းစေနိုင်တာမျိုးပါ။ ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ် အတွင်း ၁၉၄၅ ခုနှစ် မန္တလေး မြို့သိမ်းတိုက်ပွဲ မှာအင်္ဂလိပ်တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အင်မတန်မှ ရက်စက်လှပြီး ခံစားရသူကို သေ ရာပါ ဒါဏ်ရာဒါဏ်ချက်များစွဲကပ်စေကာ နောက်ဆက်တွဲဝေဒနာများအဖြစ် အသည်းနဲ့ကျောက်ကပ် ရောဂါများပါ ရရှိနိုင်စေပါတယ်

မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက် တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြစစ်ပွဲမျိုးမှာ လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ။
သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။ သုံးခွင့်လဲမရှိပါ။
ဆရာထက် တပည့်လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊ ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့ ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ တွေကိုတော့ သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။ မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။ မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊ သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်း က ကောင်းကောင်းကြီးမြည်းစမ်းဖူး ခဲ့ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။
လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။ အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။ ဝါးလုံးရှည် အတီး Facebook


↧
↧

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုအား အကြမ်းဖက်ဖြိုခွင်းသည့်အပေါ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောဆိုချက်

≫ Next: မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်း လပြည့်နေ့ညတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းလိုက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် လက်သင့်မခံနိုင်ကြောင်း နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ တုန့်ပြန်
$
0
0
''မျက်ရည်ယိုဗုံးနဲ့ အဓိကရုဏ်းကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အတွေ့အကြုံ များစွာရှိပါတယ်။ ကျွန်တော်တို့က ကြိမ်ဖန်များစွာ မျက်ရည်ယိုဗုံးတွေ ကြားမှာ ဖြတ်သန်းလာခဲ့တာပါ။ ဘာမှ မီးလောင်စရာ အကြောင်း မရှိဘူး။ အဲဒီတော့ နိုင်ငံတကာနှုန်းတွေ၊ ဘာတွေလို့ ပြောနေတာထက် ဘယ်လက်နက်တွေ သုံးစွဲခဲ့သလဲဆိုတာရယ်၊ ဘယ်သူ့အမိန့် နဲ့ ဒီလက်နက်တွေကို သုံးတယ်ဆိုတာရယ် စုံစမ်းဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။

အဲဒီစုံစမ်းဖော်ထုတ် ဖို့ဆိုတာလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ရပါလိမ့်မယ်။ အဲဒီကော်မရှင်ကလည်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်နဲ့ပွင့်ပွင့်လင်းလင်းမဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အင်မတန် စိတ်ပူစရာလည်း ကောင်းပါတယ်။

ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ရအောင် အားလုံးဝိုင်းပြီး သတိထား နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့
ကိစ္စပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကြေးနီစီမံကိန်းကိစ္စကို အင်အားသုံး အကြမ်းဖက်ပြီး မဖြေရှင်းဖို့ ပြဿနာကို စေ့စပ် ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့သဘောထားထုတ်ခဲ့ပြီးပါပြီ။ အခုဟာက ဘယ်လိုပဲပြောပြော ဆန္ဒပြသူတွေ မီးလောင်ပြီး ဒဏ်ရာရရှိမှု တွေ အကြီးအကျယ်ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။

အဲဒီတော့ ခုနက ကျွန်တော်တို့ ဆိုခဲ့ တဲ့အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီးတော့ အမြန်ဆုံးစုံစမ်း ဖော်ထုတ်ဖို့ အသိပေးရပါလိမ့်မယ်။

ဒီကိစ္စမှာ တရုတ်ကိုချည်း ပဲ ရည်ရွယ်ပြောလို့ မရဘူး။ နောက်ထပ်သူ့ရဲ့ တွဲဖက်ပါတနာ အကျိုးစီးပွားဖက်ဖြစ်တဲ့ ဦးပိုင်၊ ဦးပိုင်က ဘာလဲ၊ ဘယ်သူလဲဆိုတာလဲ လူတိုင်းသိတယ်။ ဆိုတော့ တရုတ်ကို မလွန်ဆန်နိုင်ရုံတင်ကရဲ့လား။ အဲဒီ ဦးပိုင်ကြီးကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ ပြဿနာ ကျွန်တော်တို့ အတွေးထဲမှာ ရှိပါတယ်။ ပြည်သူ အားလုံးကလည်း ဒီမေးခွန်းကို ထုတ်နေတယ်။

အဲဒီတော့ ဘယ်လောက်ထိ အရာရာကို အသာစီးယူပြီးတော့ ခေါင်းပေါ်မှာ နေဦးမှာလဲ ဆိုတဲ့ မေးခွန်း။ ဒါကို ပွင့်ပွင့် လင်းလင်း မေးကြဖြေကြဖို့လည်း အရေးကြီးနေပါပြီ။

ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီမှာ မီးကုန်ယမ်း ကုန်းအော်ကျက်ခဲ့ရတဲ့ ကြေးနီတောင်၊ စံပယ်တောင်မရှိတော့ပါ ဘူး။ သူတို့ သတ္ထုတွေ၊ သိုက်တွေ ဆွဲထုတ်လိုက်တာ အဲ့ဒီဒေသမှာ ရေလည်း သောက်လို့ မရတော့ပါဘူး။ အဲဒီဒေသက ပြည်သူတွေကလည်း ဓားမနောက်ပိတ်ခွေး၊ ဓားမနောက် ပိတ်ခွေးပါပဲ။ အဲ့ဒီဒေသက ပြည်သူတွေ အဆိပ်သင့်ပြီး ကျန်ခဲ့တယ်။ အမြတ်ကအဲဒါပါပဲ။'

မင်းကိုနိုင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)


↧

မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်း လပြည့်နေ့ညတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းလိုက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် လက်သင့်မခံနိုင်ကြောင်း နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ တုန့်ပြန်

$
0
0
"အခုဟာကတော့ ကျွန်တော်တို့ လက်မခံနိုင်တဲ့ နည်းပေါ့ဗျာ။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပြည်တွင်းညီညွတ်ရေးနဲ့ အန္တာရယ်တွေနဲ့ ပတ်သက်လို့ တိုက်ခိုက်မှုတွေ ပဋိပက္ခတွေနဲ့ ပတ်သက်လို ညှိနှိုင်းဖြေရှင်းနေတဲ့ အချိန်မှာ အခုလို ငြိမ်း ချမ်းစွာ ဆန္ဒပြပြီး တောင်းဆိုနေတဲ့ဟာတွေကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ လုံးဝလက်မခံတဲ့ နည်းပေါ့ဗျာ။ အထူး သဖြင့်ကတော့ မကျေနပ်သူတစ်စုကနေ ဆန္ဒပြသူတွေကို ဖြိုခွင်းတယ်လို့ ပြောလို့ မရဘူးဗျ။ သီးခြားအဖွဲ့အစည်းသာ မကဘူး။ လူပေါင်းများစွာ၊ သံဃာတွေရော၊ ကျောင်းသားတွေပါ ပြည်သူတွေရော အားလုံးပါပြီးတော့ ပြည်သူ့ ညီလာခံဆို တဲ့ အဆင့်ထိ လုပ်နိုင်ခဲ့တဲ့ လှုပ်ရှားမှု၊ ဒီလှုပ်ရှားမှုရဲ့ နောက်ဆုံးအဆင့် သပိတ်စခန်းကဖြစ်လာပြီးတော့ ဒီသပိတ်စခန်းကို အကြမ်းဖက်နှိမ်နင်းတယ်ဆိုတာ လုံးဝ ကျွန်တော်တို့ လက်မခံနိုင်တဲ့ ကိစ္စပါ။ မှားယွင်းတယ်လို့ ထင်တယ်။ ဒါတွေအတွက် လည်း ဖြေရှင်းရန် အမြန်ဆုံးလိုအပ်တယ်လို့ ထင်တယ်။ ဖြိုခွင်းတာကတော့ ကြမ်းတယ်။ တော်တော်ကြမ်းတယ်တောင် ထင်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အားဖြင့်ဆိုရင် မြို့ပေါ်မှာလောက် ဆိုရင်ကို မျက်ရည်ယိုဗုံး သုံးတယ်ဆို တာတောင် အလွန်အကျွံပဲလေ။ အခုဟာက မီးလောင်ဗုံးတို့၊ မီးလောင်ဗုံး သုံးတယ် ဆိုတာကလည်း ငြင်းလို့မရဘူး။ ဆရာ တော် သံဃာတော် တော်တော်များများက မီးလောင်ဒဏ်ရာတွေ ရပြီးတော့ ဆရာတော် တစ်ပါး ဆိုရင် မန္တလေးဆေးရုံ တောင် ရောက်နေပြီ ဆိုတော့ တော်တော်လေး ထင်ရှားတဲ့ ကိစ္စပေါ့။ ကျွန်တော်တို့က ဘာစိုးရိမ်လဲဆိုတော့ ဒီလိုသာ အကြမ်းဖက်ရင် ပြည်သူတွေ အကုန်လုံးက ဆန္ဒပြတဲ့သူတွေဘက်က ပါလာမယ်။ စနစ်နဲ့လူနဲ့ နားလည်ဖို့ ကောင်းတယ်။ ခံစားချက်တွေကို နားလည်ဖို့ ကောင်းတယ်။ ဘာဖြစ်လို့ နားလည်ဖို့ ကောင်းလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီနယ်မြေကို လာပြီးတော့ ပြည်သူတွေနဲ့ တွေ့မယ်ဆိုပြီးတော့ လုပ်နေတယ်ဆိုကတည်းက ကြိုတင်ပြီး အားဖြင့်လည်း ဖြေရှင်း မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဒီလို အကြမ်းဖက်မှုတွေ လုပ်မယ်ဆိုရင် နောက်ပိုင်းမှာ ပြည်သူလူထု ပါဝင်လာပြီးတော့ ဒုတိယ မြစ်ဆုံလို ဖြစ်လာလိမ့်မယ်လို့ မှန်းပါတယ်” (ဟံသာဝတီ ဦးဝင်းတင်)

"ဒီလို ဖြေရှင်းတယ်ဆိုကတော့ လက်မခံနိုင်ဘူးလေ။ ဖြစ်သင့်တာကတော့ နှစ်ဖက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးပြီး ဖြေရှင်းတာတော့ ဖြစ်သင့်တယ်လေ။ တကယ်တန်းက ဒီစီမံကိန်းကို ခဏရပ်ပြီးတော့ သေချာပြန်ပြီးတော့ ဘက်ပေါင်းစုံ Assessment ပြန်လုပ်ရမယ်။ Assessment လုပ်ပြီးတော့မှ အဲဒီက ထွက်လာတဲ့ Report အပေါ် မူတည်ပြီးတော့ သက် ဆိုင်ရာ လူတွေက ငြှိနှိုင်းရမယ်။ ဒေသခံတွေ ရှိမယ်။ ကုမ္ပဏီရှိမယ်။ နောက် မြန်မာဘက်က ပါတနာရှိမယ်။ အားလုံးငြှိနှိုင်း ပြီးတော့ ဒီ Report ထဲက ဖော်ပြတဲ့အတိုင်း လုပ်နိုင် မလုပ်နိုင် ငြှိနှိုင်းပြီးတော့ အဲလိုမျိုး ဆက်သင့်တယ်လို့ ထင်တယ်။ အဲ လို ဖြေရှင်းနည်းကပဲ သဘာဝကျမယ်။ အခုလို အကြမ်းသုံးပြီး ဖြေရှင်းလိုက်လို့ ဒီပြဿနာက ပြီးသွားမှာမှ မဟုတ်တာ။ မပြီးတဲ့ အပြင်ကို ပြေပြေလည်လည် ဖြေရှင်းနိုင်မယ့် အနေအထားကို ပိုပြီးတော့ ရှုပ်ထွေးသွားစေမယ်လေ။ ယေဘုယျအား ဖြင့် အဲလိုအမှန်တကယ်လုပ်တယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ လုပ်ထုံးလုပ် နည်းအရ လည်း ဒါ မှားယွင်းတယ်လို့ ပြောရ မယ့် အနေထားရှိတယ်လေ။ ကျွန်တော့်အမြင်ကတော့ EIA Report က အရေးကြီးတယ်။ Investigation ဆိုတဲ့ နေရာမှာ အစိုးရက ဦးဆောင်တဲ့ Investigation တစ်ခုတည်းကို တည်မှီလို့ မရဘူး။ လွတ်လပ်တဲ့ Investigation Report တစ်ခု အပေါ်မှာ မူတည်ပြီးတော့ စဉ်းစားတာက ပိုပြီး သဘာဝကျတယ်။ အဲဒီ Investigation ထဲမှာ နစ်နာတဲ့ သူတွေဘက်က ဘယ်လို ရပိုင်ခွင့်တွေ ရှိမယ်။ ဒါတွေပါ အသေးစိတ် ဖော်ပြပြီးတော့ အဲတာတွေကို ဒေသခံတွေ၊ ကုမ္ပဏီ ရော၊ သက်ဆိုင် ရာ မြန်မာဘက်က ပါတနာတွေရော အားလုံးက သဘောတူညီကြောင်း လက်မှတ်ထိုးထားရမယ်။ အဲဒီသဘောတူညီချက် အတိုင်း လုပ်ရမယ်။ ဒါပေမဲ့ အဲတာကို အားလုံးက သဘောတူရမယ်။ သဘောတူအောင်လည်း ငြှိနှိုင်းဖြေရှင်းတဲ့ နည်းကိုပဲ သုံးပြီးတော့ ရောက်အောင် သွားရမယ်။ အဲလိုမဟုတ်ဘဲနဲ့ အင်အားသုံးပြီးတော့ ဖြေရှင်းမယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို သွားနေတဲ့ လမ်းကြောင်းမှာလည်းပဲ ဒါက unconscious ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲ မှုတွေကို နိုင်ငံတကာက သတ်မှတ်တဲ့ အဆင့်အတန်းကလည်း အများကြီး နိမ့်ကျသွားနိုင်တယ်။ နိုင်ငံ တကာရဲ့ ယုံကြည်မှု လည်း ကျဆင်းသွားနိုင်တယ်။ အဲဒီထက် ပိုဆိုးတာက ပြည်တွင်းမှာရှိတဲ့ မြန်မာပြည်သူ လူထုရဲ့ ပြုပြင်ပြောင်းလဲမှု အပေါ် မှာ ယုံကြည်မှု ကျဆင်းလာလို့ရှိရင် အဲဒီရဲ့ သက်ရောက်မှုက အစိုးရ အပေါ်မှာရော၊ ပြုပြင်ပြောင်းလဲရေးကို မောင်းနှင်နေတဲ့ အဖွဲ့အစည်းတွေ အပေါ်မှာရော ပြည်သူလူထုရဲ့ ယုံကြည်မှုက ကျဆင်းသွားနိုင်တယ်။ ဒီလို အင်အားသုံးတဲ့ နည်းနဲ့ ဖြေ ရှင်းတာက တစ်ဖက်က ဒေါ်အောင်ဆန်းစုကြည်ကိုရော အကြပ်တွေ့စေမယ့် အနေအထားကို တွန်းပို့လိုက်တဲ့ သဘောရှိ တယ်။ ဒေါ်အောင်ဆန်းစုကြည်က စေ့စပ်ငြှိနှိုင်းဖြေရှင်းတဲ့ဘက်ကို သွားနေတဲ့ အချိန်မှာ
ဒီလိုပုံစံမျိုး တစ်ဖက်က အင်အားသုံးပြီး ဖြေရှင်းလိုက်တယ် ဆိုတာဟာ ရေရှည် မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း ကောင်းတဲ့ စံနမူနာလို့ ပြောလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီဒေသကို ရောက်သွားတဲ့အခါ တော်တော်ကို အခက်အခဲဖြစ်တဲ့  အနေအထားကို ရောက်သွားပြီးတော့ မူလပြောနေတဲ့ လမ်းကြောင်းတွေနဲ့တောင်မှ မလုံလောက်တဲ့ အနေအထားလို့ ပြောနိုင်တယ်။ ဒါကြောင့် အခုဟာက မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြု အမူတစ်ခု ဖြစ်သွားတယ်လို့ သုံးသပ်နိုင်တယ်" (နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာ ရန်မျိုးသိမ်း)


"ကျွန်တော့်အနေနဲ့ကတော့ ဒီကိစ္စတစ်ခုလုံးကို လုံးဝရှုတ်ချ ကန့်ကွက်တယ်ဗျ။ ဒီလို လုပ်နည်း လုပ်ငန်တွေက ဒီမိုကရေစီ အစဉ်အလာ ကျင့်သုံးနေသူတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ခေတ်ဟောင်း စနစ်ဟောင်း လူဟောင်း မူဟောင်းတွေရဲ့ အရိပ်အငွေ့တွေ လက်ရာတွေက ပေါ်လွင်နေသေးတယ်ဆိုတာပဲ။ ဒီကိစ္စမှာ အရေးယူတဲ့ဘက်က လွန်တယ်ဆိုတာကို ၀န် ချတောင်းပန်သင့်တယ်။ ကျွန်တော့် အမြင်မှာ။ ပြီးတော့မှ စီးပွားရေးအရ နှိုင်းယှဉ်ပြီးတော့ သဘောပေါက်တဲ့အထိ ရှင်းလင်းပြသရလိမ့်မယ်။ တောင်းပန်ရမယ်။ စီးပွားရေးအရ ဂုဏ်သိက္ခာကို ရှင်းလင်းပြသရလိမ့်မယ်။ ဖမ်းဆီးထားသူတွေ ကို ပြန်လွှတ်ပေးရလိမ့်မယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြေလည်မှုပေါ့ဗျာ။ ဒဏ်ရာကတော့ ဖြစ်သွားပြီ။ အနာပြန်မဖြစ်အောင် လုပ်ပေးရလိမ့်မယ်။ ဒီကိစ္စက အလွန်အရုပ်ဆိုး အကျည်းတန်ပြီးတော့ အမြန်အဖတ်ဆယ်ဖို့ လိုတယ် ဗျာ။ မနေ့ကပဲ ညနေပိုင်းမှာ ဧရာဝတီ သတင်းဌာနက မေးတယ်။ မေးတဲ့အခါမှာ ကျွန်တော်က ပြောတယ်။ ကျွန်တော်လေး ချက် ပြောပြပေးလိုက်တယ်။ ပထမအချက်အနေနဲ့က အစိုးရက ဒီကိစ္စမှာ ကိုယ်ယောင် ဖျောက်လိုက်ရမယ်။ သူတို့ရဲ့ အရိပ် အယာင်တောင်မှ မမြင်စေနဲ့တော့လို့။ ဘာလို့လဲဆိုတော့ ဒီတင်းမာမှုတွေက သူ့ဟာသူ လျော့ကျသွားလိမ့်မယ်လေ။ အဲဒီ သဘောတရားကို ကျွန်တော် ပြောချင်တယ်။ နောက်တစ်ချက်အနေနဲ့ ကတော့အဲဒီ နောက်မှာမှ ဆန္ဒပြသူတွေကို ရိုး သားတယ်ဆိုတဲ့ အကြောင်း ကိုယ်က ပြောပြရမယ်။ လုပ်ပြရမယ်လေ။ ဆန္ဒပြတယ်ဆိုတာကလည်း ကိုယ်ကျိုးစီးပွားအတွက် ဘာညာ သွားပြီးတော့ လက်ညိုးထိုးပြလို့ မရဘူးဗျ။ လူတွေက အပင်ပန်းခံပြီးတော့ ဒီမှာ လာရပ်နေကြတယ်။ ကာ နေကြတယ်ဆိုတာဟာ သူတို့ရဲ့ တစ်ဖက်ကနေ ပင်ပန်း ဆင်းရဲခံမှုကိုလေ လူသားချင်းစာနာတဲ့ ပုံစံမျိုးနဲ့ ခံယူပြီးတော့ ပြသ ပြီးတော့ ရိုးသားမှုကို ပြရမယ်လေ။ ပြီးတော့မှ ဆွေးဆွေးနွေးနွေး ပြောဆိုရမယ်။ အဲဒီအခါမှာပဲ ဖြောင်းဖြပြောဆိုရမယ်။ ဖြောင်းဖြမှုဆိုတဲ့အခါမှာ လုပ်ခဲ့တာက ပြီးတဲ့ တောင်နှစ်တောင်တောင်မှ တူးပြီးသွားပြီ။ ဒီတောင်ကျမှ ဒီမိုကရေစီခေတ်နဲ့ ပတ်သက်လာပြီ။ ပတ်သက်လာတဲ့ အချိန်ဆိုပေမဲ့လည်း အရင်တုန်းက ဥရောပနဲ့ အမေရိကားစတဲ့ အနောက်နိုင်ငံတွေက မြန်မာပြည် စီးပွားရေးကို ရောက်မလာသေးဘူး။ အဲဒီအခါမှာ တရုတ်က သူ့ရဲ့ ပြိုင်ဘက်တွေလို့ ခေါ်ရမဲ့ အိန္ဒိယတို့ စင်ကာ ပူတို့ထက်ပိုပြီး အမြင့်ဆုံးဈေး ပေးထားပြီးသားတွေ။ စီးပွားရေးလုပ်တယ်ဆိုတဲ့ နေရာမှာ ဒဏ်ကြေး၊ လျော်ကြေးဆိုတာ ရှိ တယ်လေ။ တရုတ်လက်ကနေပြီးတော့ အနောက်ဘက်နိုင်ငံက ကုမ္ပဏီကို ပေးမယ်။ ခုနပြောတဲ့ ဒဏ်ကြေး၊ လျော်ကြေး တွေနဲ့ ပေါင်းလိုက်လို့ရှိရင် အနောက်ကလည်း ဒီအလုပ်ကို ၀င်လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဒီအချက်ကို ကျွန်တော်တို့က ရှင်းပြရမယ်။ နောက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ စီးပွားရေးပညာမှာ Depletion Theory ဆိုတာ ရှိတယ်။ ကုန်ဆုံးသွား တဲ့ သယံဇာတတွေကို ချိုင့်ဝှမ်းကြီးဖြစ်သွားတယ် ထားဦးဗျာ။ အဲဒီကောင်ကို သာယာလှပတဲ့ Tourist Resort ဖြစ်အောင်  ပုံမှန်ဝင်ငွေရတဲ့နေရာ ဖြစ်အောင် ပြင်ပေးရမယ်ဆိုတာ ကုမ္ပဏီကို စာချုပ်ချုပ်ရတယ်ဗျ။ အဲဒီလို စာချုပ်ချုပ်ပြီးမှ အမျိုးသား သယံဇာတပစ္စည်းကို ထုတ်လုပ်ဖို့ ရောင်းချဖို့ ခွင့်ပြုရတယ်ဗျ။ အဲဒီအဆင့်တွေ ကျွန်တော်တို့ လုပ်ပါမယ်ဆိုတဲ့စကား ပြောပြီးတဲ့အခါမှ ပြည်သူလူထု နားလည် သဘောပေါက်အောင် ကျွန်တော်တို့ရဲ့ အပေးအယူက ပြည်သူ့အကျိုးကို ကြည့် ထားပါတယ်ဆိုတဲ့ အချက်မျိုး ပေါ်လွင်အောင် ပြောရမှာဗျ။ ကျွန်တော် အဲဒီအချက်လေးတွေကို ပြောနေဆိုနေရင်း တန်း လန်းကနေ ညဘက် ဒီလိုလုပ်ချလိုက်တာ မကောင်းဘူးဗျ။ အရာရာမှ လက်နက်နဲ့ ဖြေရှင်းမယ်ဆိုတာမျိုးက အခုချိန်ထိ ရှိနေတုန်းပဲ ဆိုတဲ့ သဘောပဲ" (လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်)
''မျက်ရည်ယိုဗုံးနဲ့ အဓိကရုဏ်းကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အတွေ့အကြုံ များစွာရှိပါတယ်။ ကျွန်တော်တို့က ကြိမ်ဖန်များစွာ မျက်ရည်ယိုဗုံးတွေ ကြားမှာ ဖြတ်သန်းလာခဲ့တာပါ။ ဘာမှ မီးလောင်စရာ အကြောင်း မရှိဘူး။ အဲဒီတော့ နိုင်ငံတကာနှုန်းတွေ၊ ဘာတွေလို့ ပြောနေတာထက် ဘယ်လက်နက်တွေ သုံးစွဲခဲ့သလဲဆိုတာရယ်၊ ဘယ်သူ့အမိန့် နဲ့ ဒီလက်နက်တွေကို သုံးတယ်ဆိုတာရယ် စုံစမ်းဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။ အဲဒီစုံစမ်းဖော်ထုတ် ဖို့ဆိုတာလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ရပါလိမ့်မယ်။ အဲဒီကော်မရှင်ကလည်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း မဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အင်မတန် စိတ်ပူစရာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ရအောင် အားလုံးဝိုင်းပြီး သတိထား နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကြေးနီစီမံကိန်းကိစ္စကို အင်အားသုံး အကြမ်းဖက်ပြီး မဖြေရှင်းဖို့ ပြဿနာကို စေ့စပ် ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ သဘောထားထုတ်ခဲ့ပြီးပါပြီ။ အခုဟာက ဘယ်လိုပဲပြောပြော ဆန္ဒပြသူတွေ မီးလောင်ပြီး ဒဏ်ရာရရှိမှု တွေ အကြီးအကျယ်ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ အဲဒီတော့ ခုနက ကျွန်တော်တို့ ဆိုခဲ့ တဲ့အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီးတော့ အမြန်ဆုံးစုံစမ်း ဖော်ထုတ်ဖို့ အသိပေးရပါလိမ့်မယ်။ ဒီကိစ္စမှာ တရုတ်ကိုချည်း ပဲ ရည်ရွယ်ပြောလို့ မရဘူး။ နောက်ထပ်သူ့ရဲ့ တွဲဖက်ပါတနာ အကျိုးစီးပွားဖက်ဖြစ်တဲ့ ဦးပိုင်၊ ဦးပိုင်က ဘာလဲ၊ ဘယ်သူလဲဆိုတာလဲ လူတိုင်းသိတယ်။ ဆိုတော့ တရုတ်ကို မလွန်ဆန်နိုင်ရုံတင်ကရဲ့လား။ အဲဒီ ဦးပိုင်ကြီးကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ ပြဿနာ ကျွန်တော်တို့ အတွေးထဲမှာ ရှိပါတယ်။ ပြည်သူ အားလုံးကလည်း ဒီမေးခွန်းကို ထုတ်နေတယ်။ အဲဒီတော့ ဘယ်လောက်ထိ အရာရာကို အသာစီးယူပြီးတော့ ခေါင်းပေါ်မှာ နေဦးမှာလဲ ဆိုတဲ့ မေးခွန်း။ ဒါကို ပွင့်ပွင့် လင်းလင်း မေးကြဖြေကြဖို့လည်း အရေးကြီးနေပါပြီ။ ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီမှာ မီးကုန်ယမ်း ကုန်အော်ကျက်ခဲ့ရတဲ့ ကြေးနီတောင်၊ စံပယ်တောင်မရှိတော့ပါ ဘူး။ သူတို့ သတ္ထုတွေ၊ သိုက်တွေ ဆွဲထုတ်လိုက်တာ အဲ့ဒီဒေသမှာ ရေလည်း သောက်လို့ မရတော့ပါဘူး။ အဲဒီဒေသက ပြည်သူတွေကလည်း ဓားမနောက်ပိတ်ခွေး၊ ဓားမနောက် ပိတ်ခွေးပါပဲ။ အဲ့ဒီဒေသက ပြည်သူတွေ အဆိပ်သင့်ပြီး ကျန်ခဲ့တယ်။ အမြတ်ကအဲဒါပါပဲ။''  ကိုမင်းကိုနိုင် ( ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင်)
" ကျွန်တော်တို့ မူဝါဒက အကြမ်းဖက် ဖြေရှင်းမ ဆိုရင် ဘယ်ဖြေရှင်းမှုမှ သဘောမတူဘူးဗျာ။ နောက်တစ်ခုက ဘာလဲ ဆိုတော့ အသွင် ကူးပြောင်းရေး ကာလမှာ ပိုပြီးတော့ သတိထားရမယ်။ ပိုပြီးတော့ သတိထားရမယ် ဆိုတာက ကျွန်တော် တို့ ပြည်သူနဲ့ အစိုးရ ကြားမှာ ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလဖြစ်တယ်။ အဲဒီကာလ ဖြစ်နေတဲ့ အတွက် စိတ် ရှည်မှုကို အတက်နိုင်ဆုံး ဖြစ်ရင်လည်း အစိုးရဘက်က ဖြစ်ရလိမ့်မယ်။ ယနေ့ ပြည်သူ့လူထုက ကျွန်တော် မြင်တာက တော့ လွှတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ဆန္ဒပြမှု ဥပဒေနဲ့ မကိုက်ညီဘူးလို့ ပြောမယ်ဆိုလို့ ရှိရင်လည်း ပြောလို့ရပါ တယ်။ သို့ သော်လည်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အလေ့အကျင့် မရှိသေးတာရယ်။ နောက်တစ်ချက်က ဘာလဲဆို တော့ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ခံစားချက်ကို သူတို့က လက်ရှိဖြစ် ပေါ်လာတဲ့ ပွင့်လင်းလာတယ်လို့ ပြောတဲ့ အစိုးရ လက်ထက်မှာ ဖော်ထုတ်တာ။ ပြီးတော့ သူတို့ရဲ့ ပွင်းလင်းလာတယ်လို့ ပြောတဲ့ ဒီမိုကရေစီ အစိုးရလို့ ပြောတဲ့ အရပ်သား အစိုးရ အရပ်သား လွှတ်တော်ပေါ့။ အရပ်သား လွှတ်တော် ကိုယ်စားလှယ်ပေါ့ဗျာ။ လွှတ်တော်နဲ့ အစိုးရပေါ်လာပြီ ဆိုတော့ သူတို့က အားကိုးတာ။ ကျွန်တော် မြင်တာကတော့ သူတို့ဟာ အစိုးရကို ကန့်လန့်တိုက်နေတာ ဆန့်ကျင် နေတာ စသည့် ဖြင့် အဲဒီ သဘောမျိုးမဟုတ်ဘဲနဲ့ အားကိုးနေတာ။ သူတို့ ရဲ့ဖြစ်စဉ်တွေကို တင်ပြနေတာ။ အားကိုးပြီးတော့ ဖြစ်စဉ်တွေ ကို တင်ပြတဲ့ အခါမှာ လွှတ်တော်က ယနေ့ပြဋ္ဌာန်းထားတဲ့ တည်ဆဲ ဥပဒေပေါ့ဗျာ။ ဆန္ဒပြမှု ဥပဒေများနဲ့ လွဲချော်ကောင်းလွဲ ချော်နိုင်တယ်။ ဒါကို အစိုးရ စိတ်ရှည်သင့်တယ်လို့ ထင်တယ်။ အခုလို ဖြေရှင်းမှုဟာ အကြမ်းဖက်ဖြေရှင်းတဲ့ ပုံစံ တစ်ရပ် ဖြစ်တယ် ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့မှာ ဒီလိုဖြေရှင်းမှုတွေ ရှိနေတုန်းပဲလား ဆိုတာကို တွေးရင်းနဲ့ စိတ်မကောင်း စရာတော့ ကောင်းတယ်။ တိုင်းပြည်ရှေ့ရေးအတွက်တော့ တစ်ကယ် ရင်လေးစရာ ကောင်းတယ်" (ကိုဂျင်မီ၊ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့)
"လက်ပန်းတောင်း ကြေးနီတောင်အရေးကို ရုပ်သံသတင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်  ကိုယ်တိုင်ရှင်းလင်းချက်များ ကို ကြား လိုက်ရ ပါသည်။ ရှင်းလင်းချက်အတိုင်းဆိုလျှင် မည်သည့် ပြဿနာမျှ မရှိဆိုသည့် သဘောသက် ရောက်ပါသည်။ ထို့ပြင် နားလည်မိသည်က (၁)ထိုစီမံကိန်းသည်တရုတ်နှင့် ပူးပေါင်း လုပ်ကိုင်ခြင်း ဖြစ်ပြီး မျက်နှာမပျက်လိုကြောင်း (၂) တပ်မတော် သားစစ်သည်များနှင့် မိသားစုများ ခံစားပိုင်ခွင့်အကျိုးအတွက် ဖက်စပ်လုပ်ကိုင်နေသည့် လုပ်ငန်း တစ်ခု ဖြစ်ကြောင်း နားလည်မိသည်။ အမှန်တော့ လွှတ်တော်ထဲတွင် စစ်သားအကျိုးနှင့် အရပ်သားအကျိုးတို့ ထိပ်တိုက် တွေ့ဆုံခြင်း ဖြစ်သည်။ နိုင်ငံတော် သမ္မတကြီး အနေဖြင့် အရပ်သား (ပြည်သူ) များ၏အကျိုးကိုကြည့်မလား၊ တပ်မတော် သားတို့၏ အကျိုးကိုကြည့်ပြီး စီမံကိန်းကို ခွင့်ပြုမလား စောင့်ကြည့်ရမည် ဖြစ်သည်။ လက်ပန်းတောင်းနှင့် ကြေးနီတောင် တို့တွင် ဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်းကြောင်း ကြားရသည့် အတွက် စိတ်မကောင်းဖြစ်မိပါသည်။ ဒီမိုကရေစီ အရေး တစ်ဖက်က ကြွေးကြော်နေပြီး စစ်အာဏာရှင်တို့၏ ကိုင်တွယ်ဖြေရှင်းနည်းကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ခြင်းကို လက်ခံနိုင်စရာ အကြောင်းမရှိပါ။ ထို့ပြင် ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိုပြဿနာဖြစ်နေသည့် နေရာသို့ သွားရောက် လေ့လာမည်ကို သိလျက်နှင့် ဒေါ်အောင်ဆန်းစုကြည် မလာမီ ကြိုတင် ရှင်းလင်း နှိမ်နင်း လိုက်ခြင်း ကလည်း စဉ်းစားစရာဖြစ်ပါသည်။ ကျွန်တော့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်၏ ကိုင်တွယ် ဖြေရှင်းပုံကို စောင့်ကြည့် သင့်သည်ဟုထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မလာမီ ဤသို့ အရေးယူ ဆောင်ရွက်လိုက်ခြင်းက (၁) ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်သောကြောင့်လား (၂) ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်မှုကြောင့် ပြဿနာ အားလုံး ပြေလည်သွားမည်ကို စိုးရိမ်သော ကြောင့်လား (၃) ဒေါ်အောင်ဆန်းစုကြည်ကြောင့် သပိတ်မှောက်နေသော အဖွဲ့များ ပြန်သွားကြပြီး အခြေအနေက အေးချမ်းသွားလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အနေအထား ပိုမိုမြင့်တက် သွားမည် ကို စိုးရိမ်သော ကြောင့်လားဟု စဉ်းစားစရာဖြစ်ပါသည်။ တရုတ်နှင့်ယခုဖြစ်နေသော ပြဿနာများသည် လက်ရှိ အစိုးရလက်ထက်တွင် သဘောတူညီပြီး လုပ်ဆောင် ထားချက်တစ်ခုမျှ မဟုတ်ပါ။ စစ်တပ်အုပ်စိုးစဉ်ကာလ စစ်ခေါင်း ဆောင်များနှင့် တရုတ်တို့ သဘောတူပူးပေါင်း ဆောင်ရွက်ချက်များသာဖြစ်ပါသည်။ မြစ်ဆုံကိစ္စတွင် သမ္မတကြီး ဦးသိန်းစိန်က သူ့သမ္မတ သက်တမ်းကာလ အတွင်း ဤစီမံချက်ကို ဆက်မလုပ်ပါဟု ရှောင်လွှဲခဲ့ပါသည်။ နောက်အစိုးရ နောက်သမ္မတလက်ထက်သို့ လမ်းကြောင်းလွှဲချလိုက်ခြင်းဖြစ်သည်။ ထို့ပြင်လက်ရှိ လက်ပန်းတောင်း ကြေးနီတောင် ကိစ္စကို လည်း ယခုမှ ပြည်သူတွေက သိကြရခြင်းဖြစ်သည်။ ခေတ် အဆက်ဆက် မည်သူ့အကျိုးအတွက် လုပ်ဆောင နေကြောင်း ပြည်သူတွေသိသော်လည်း ယခုလိုမဖော်ထုတ်ဝံ့ သဖြင့် ငြိမ်ခံခဲ့ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ လွှတ်တော်ထဲတွင်  ရှင်းလင်းချက်များသည် ပြည်သူကို တင်ပြခြင်း၊ ဖြေရှင်းခြင်းထက် စိန်ခေါ်ခြင်း အသွင်ဆောင် နေပါသည်။ ထို့ပြင် နောက်ထပ် ၀န်ကြီးတစ်ဦးကလည်း တရုတ်များကျေးဇူးရှိသည်ဆိုသည့် စကားကို ပြောသွား ကြောင်း ကြားသိရသဖြင့် စိတ်မချမ်းသာဖြစ်မိသည်။ အမှန်တော့ “ဆန်ပေးလို့ ဆေးရ” သည့် ဆိုသည့်အတိုင်း အသွား အပြန်တွေ အများကြီးရှိခဲ့သောကြောင့်သာ ပေးသူကလည်းပေး၊ ယူသူကလည်းယူ သဘောတူကြည်ဖြူနေချိန်တွင် အသံမကြားရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် ယခင်စစ်အစိုးရလက်ထက် သဘောတူညီချက်များ၊ စာချုပ်များ၊ အပေးအယူများ မည်မျှ ရှိသေးကြောင်း ပွင့်လင်းစွာ မသိနိုင်သေးပါ။ လက်ပန်းတောင်း ကြေနီတောင် ကိစ္စများတွင်လည်း ယခင်က တည်းက ပွင့်လင်းပြီး ထင်သာမြင်သာရှိအောင် ဆောင်ရွက်မည်ဆိုလျှင် ဤမျှ ပြဿနာ ကြီးမည်ဟု မထင်ပါ။ အစိုးရအနေဖြင့် တရုတ်ကို အကာအကွယ်ပေးပြီး၊ ပြည်သူကို ဖိနှိပ်ရေးအသွင်ရောက်သွားဆိုလျှင် အစိုးရအပေါ်တွင်သာမက တရုတ်အပေါ်တွင်ပါ ပြည်သူတို့ နာကြည်းမုန်းတီးသွားနိုင်ပါလိမ့်မည်" (ဦးတင်ညွန့်၊ နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ)

"ဒီဟာက သူတို့ နိုင်ငံရေး ကစားကွက်ပေါ့ဗျာ။ အဲတာကြီးကို ဖော်ဖို့ ကောင်း၊ မကောင်းဆိုတာ ရှိသေးတယ်လေ။ အမှန်က တော့ ဒေါ်အောင်ဆန်းစုကြည် မလာခင် ကန်တဲ့သဘောပါပဲ။ ကျွန်တော် နားလည်တဲ့ ကစားကွက်ကတော့ အဲတာပဲ။ ယေ ဘုယျအားဖြင့်တော့ နိုင်ငံရေး သဘောထားတွေကို ကျွန်တော် ပြောလေ့ ပြောထ မရှိလဘူး။  ဖြစ် စဉ်အပေါ်မှာ ပြောရင် နိုင်ငံရေး သဘောထား ပြောရတော့မယ်။ ကျွန်တော်က သိပ်မပြောချင်ဘူး" (စာရေးဆရာ မောင်မိုးသူ)
"အရင်လို လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အခုဖြိုခွင်းမှုမှာ ဘယ်သူ တာဝန်ခံပြီး လုပ်သလဲပေါ့။ တာဝန်ခံပြီးလုပ်တဲ့လူက တာဝန်ခံပြီး ရှင်းရမှာပဲ။ နောက်ပိုင်းဖြစ်လာမယ့် ကိစ္စတွေကို။ အရင် စစ်အစိုးရလက်ထက်တုန်းကလို ဆန္ဒပြမှုဖြစ်လာပြီဆို ဒီလို အင်အားသုံးဖြိုခွင်းတာကို အဲလောက် လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ အဲတာကို သူတို့ နားမလည်တာ ဖြစ်လိမ့် မယ်။ အခုရှင်းပြီးတဲ့ကိစ္စကို တာဝန်ရှိတဲ့လူက တာဝန်ခံပြီး ရှင်းရမယ်။ သူတို့လုပ်ခဲ့တာကို သတင်းထုတ်ပြန်ရမယ်။ ဘာကြောင့် ဘာကြောင့်ဆိုတာ သတင်းထုတ်ပြန်ရမယ်။ သတင်းထုတ်ပြန်ပြီးတဲ့ အခါမှာလည်း ထပ်ပြီးတော့ မကျေနပ်တဲ့ သူတွေ တိုင်တန်းတဲ့သူတွေ ရှိလာရင် တကယ်တာဝန်ယူပြီး လုပ်တဲ့လူက တာဝန်ခံပြီး ရှင်းရမှာပဲ။ တာဝန်ယူပြီးလုပ်တဲ့သူ က  တစ်ခုခုပြန်ပေးဆပ်ရလိမ့်မယ်" (ဘလော့ဂါ နေဘုန်းလတ်)

" ဒီမိုကရေစီ နိုင်ငံမှာ ဒီလို ဖြေရှင်းလို့ မရပါဘူး။ လူတိုင်း ကိုယ့်ရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်ရှိပါတယ်။ ဒါကတော့ အခြေခံ ပြောတာပါ။ ဦး ပိုင်ဆိုတာ ဘယ်သူတွေနဲ့ပဲ ဖွဲ့စည်း ထားထား သူက ကုမ္ပဏီပါပဲ။ ကုမ္ပဏီနဲ့ နိုင်ငံခြားသား အကျိုးစီးပွား ကြောင့် မြန်မာနိုင်ငံက သယံဇာတ တွေကို အကျိုးမဲ့ ဘာကြောင့် ဒီလို ဖျက်ဆီးမှာလဲ။ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားတွေက ဆန္ဒဖော်ထုတ်တာ ကို နိုင်ငံသားတွေ ထမင်းကျွေးထား တဲ့ နိုင်ငံ့ဝန်ထမ်းကပဲ ဒီလို ဖြေရှင်းတာဟာ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တာပါပဲ။ ဒီလို ပစ်မိန့်ကို ဘယ်သူပေးတာလဲဆိုတာကို ဖော် ထုတ်ရမယ်။ အခု ဆေးရုံမှာ ရောက် နေကြပြီ လို့ သိရတယ်။ ဒီလို ဖြေ ရှင်းပုံမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ကာချင်လို့ ရေးဆွဲ ထားတဲ့ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်နေတာပါ။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို လုံးဝဖျက်သိမ်းပြီး ပြည် သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေက ရေးဆွဲတဲ့ ဒီမိုကရေစီနည်းလမ်းကျ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသာ ဖြစ်သင့်ပါတယ်" (ဦးစိုးညွန့်၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)

" ဒီဖြေရှင်းပုံက သိပ် အရုပ်ဆိုး တာပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်း ပြုပြင်ပြောင်းလဲမယ် ပြောပြီး ဒီလိုဖြစ်တာဟာ အပြော တစ်ခြား အလုပ် တစ်ခြားဖြစ်နေတယ်။ အခု ဘုန်းကြီးတောင် ဆေးရုံပို့ရတယ် ဆိုတော့ တော်တော်ကို မဖြစ်သင့်တာပဲ။ အ များ ကြီး စိတ်မကောင်းဘူး။ ကျွန်တော်တို့ ကတော့ လုံးဝ မလျှော့ဘူး။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် သွားမယ်။ ကျွန်တော် တောင် အသက် ၈၀ ကျော်ဖြစ်လို့ပဲ၊ နို့မို့ဆို ကျွန်တော ကိုယ်တိုင် လိုက်သွားတယ်။ ဆန္ဒပြတဲ့သူတွေနဲ့ အတူပါ ဝင်လိုက်မယ်။ သေနတ်နဲ့လည်း ပစ်ချင်ပစ်၊ အသေခံပစ်လိုက်ချင်တယ်" (ဦးအုန်း၊ ဒုတိယဥက္ကဋ္ဌ၊ FREDA)



"သပိတ်စခန်း ဖွင့်ပြီး ဆန္ဒပြတဲ့သူတွေက ကြမ်းရမ်းပြီး လွန်လွန်ကျူးကျူး ဖြစ်နေလို့ အခုလို အင်အား သုံးတယ် ဆိုရင် တော့ တစ်မျိုး ပေါ့။ အခုလို သပိတ်စခန်း ဖွင့်ပြီး အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်တာလောက် ကိုတော့ အင်အားသုံး ဖြိုခွင်းစရာ မလိုဘူးလို့ မြင်ပါ တယ်။ ဖြိုခွင်းတဲ့ နေရာမှာ လူတွေရဲ့ အသားအရေကိုပါ လောင်ကျွမ်းစေတဲ့ လက်နက်မျိုး ပါ သုံးတယ် ဆိုရင်တော့ လွန်သွားပြီ။ ဒီလို လုပ်လိုက်တာက ကြီးမားတဲ့ ပဋိပက္ခအသွင်ကို ဆောင်သွားစေနိုင်တယ်။ ဒါဆို ရင်တော့ နိုင်ငံအတွက် မကောင်းတဲ့၊ မလိုလား အပ်တဲ့ အခြေအနေကို လုပ်ဆောင်သလို ဖြစ်သွားနိုင်တယ်။ ဒီလိုတော့ မဖြို ခွင်းသင့်ဘူး" (ဦးဝင်းကြိုင်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး)

" ဒီကိစ္စက အလွန် စိတ်မကောင်း ဖြစ်စရာကောင်းတယ်။ ဒီလိုနည်းနဲ့ ပြဿနာ ဖြေရှင်းရင် မပြေလည် နိုင်ဘူး။ အရင် ခေတ်စနစ်မှာ လုပ်ခဲ့တဲ့ ချေမှုန်းနည်း အတိုင်းပဲ လုပ်နေတာပဲ။ အဲဒီလို ဖြေရှင်းလို့ ပြဿနာ ပြေလည် သွားတာမှ မဟုတ် တာပဲ။ ဆွေးနွေး ညှိုနိုင်းရမယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုလည်း ကြည့်ပေးသင့်တယ်။ ဦးပိုင်က တော်တော် လက်ဝါး ကြီး အုပ်တာတွေ များတယ်။ ဒီလိုကိစ္စတွေဆိုတာ ဆွေးနွေး ညှိုနိုင်းပြီးမှာပဲ ဖြေရှင်းသင့်ပါတယ်။ အခုလို ဖြိုခွဲတာအတွက် ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်" (ကိုသက်ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့)

"အစိုးရ အနေနဲ့ ညှိုနိုင်းမှုတွေ လုပ်မယ်လို့ ယူဆခဲ့တယ်။ ဒီနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုလည်း အကာအကွယ် ပေးမယ် လို့ မျော်လင့်ခဲ့ တယ်။ ဒါပေမဲ့ ဒီနေ့ လက်ပံတောင်းတောင် ကိစ္စကို အကြမ်းဖက် ဖြိုခွဲခဲ့တယ်။ ညှိုနိုင်းမှုတွေမလုပ်ပဲ အရင်ခေတ်ဟောင်း ကအတိုင်း အကြမ်းဖက်မှုတွေပြုလုပ်လာတာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာကောင်းတယ်။ အကြမ်းဖက်ဖြိုခွဲတဲ့ ကိစ္စကို လုံးဝ ကန့်ကွက်ရှုံချတယ်" (ကိုဌေးကြွယ်၊ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့)

"မီးလောင်ဗုံး သုံးတဲ့အတွက် အမိန့်ပေးတဲ့ လူတွေ ကိုယ့်ကိုကိုယ် လိပ်ပြာသန့်ရဲ့လားလို့ အရင် မေးချင်တယ်။ ဖြစ်လာ သမျှ အရေးကိစ္စတွေ အားလုံးကို အကြမ်းဖက် ဖြေရှင်းမယ်ဆိုရင် ဘာဖြစ်လို့ စစ် ယူနီဖောင်းကို ချွတ်လိုက်တာလဲ။ ပြည်သူကတော့ အမြဲတမ်း ဆွေးနွေး ညှိနှိုင်းတာကို လိုချင်တယ်။ မညှိနှိုင်းချင်လို့ ဆန္ဒပြတာ မဟုတ်ဘူး။ ညှိနှိုင်းခွင့်မရလို့ ဆန္ဒပြကြတာ ဖြစ်တယ်။ မညှိနှိုင်း ချင်တာက စစ်အစိုးရလို့ပဲ ကျွန်တော် ယူဆပါတယ်။ ပြညသူတွေ၊ ဒေသခံတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ပါ၊ ဦးပိုင်နဲ့ ဝမ်ပေါင်ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတာ လက်မခံပါဘူး။ ကန့်ကွက်ပါတယ်" (ဦးဝင်းချို)

"ဘယ်လိုနေ့မျိုးမှာပဲ ဖြစ်ဖြစ် ဘယ်လို အကြမ်းဖက်မှုကို မဆို ဆန့်ကျင်ကန့်ကွက်ပါတယ်။ စေ့စပ် ညှိနိုင်းရမယ်။ ဘာ ကြောင့် ဆန္ဒပြနေကြတာလည်း၊ တဘက်ကလည်း ဘာကြောင့် ဆန္ဒမပြစေချင်တာလဲ။ ကြေကြေလည်လည် ဆွေးနွေး ညှိနှိုင်း ရမယ်။ ပြည်သူတွေရဲ့ ရေရှည် အကျိုးကိုလည်း ကြည့်သင့်ပါတယ်" (ကိုကျော်ထွေး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ကော်မတီဝင်)


"ဥပဒေနဲ့ အရေးယူလို့ ရတယ်ဆိုပေမယ့် အခုလို အကြမ်းဖက် ဖြိုခွင်းတယ် ဆိုတာမျိုးက လုံးဝမဖြစ် သင့်တော့တဲ့ အခြေ အနေပါ။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ဘယ်ခေတ် ဘယ်အခြေအနေကို ပြန်ရောက်သွားသလဲ ဆိုတာ စဉ်းစားစရာပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ မဖြစ်သင့် ဘူးလို့ယူဆပါတယ်” (ဒါရိုက်တာဝိုင်း)

"လက်ပံတောင်းတောင် စီမံကိန်း ဆိုတာ တရုတ်ကဝမ်ပေါင် ကုမ္ပဏီနဲ့ မြန်မာစစ်တပ်က ဦးပိုင်ကုမ္ပဏီ နှစ်ခုကြား ဘယ်တုန်းက သဘောတူထား မှန်းမသိတဲ့ ဟာတစ်ခုပေါ့လေ။ ဘာမှ အရှည်တွေးခေါ်မြော်မြင်စဉ်းစားချင့် ချိန်နိုင်တဲ့ ဦးနှောက် မရှိကြတဲ့သူတွေ အလုပ်လုပ်ထားတယ် ဆိုတာ ပေါ်တာပေါ့လေ။ ဘာလို့လဲ ဆိုတော့ ဒီစီမံကိန်းကြောင့် အဲဒီနား ဝန်းကျင်ကျေးရွာတွေမှာ နေထိုင်တဲ့ သာမန် ပြည်သူလူထုတွေ အပါအဝင် သာသနာဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းတွေ အကုန် ပြောင်း ရွှေ့ကြရတယ်။ ဒါကို ပြည်သူတွေက ဝိုင်းပြီး ကန့်ကွက် ဆန္ဒပြကြတယ်။ သပိတ်စခန်း ခြောက်ခု ဖွင့်ထား တယ်။ ဟိုနေ့က သတင်းထုတ်ပြန်ချက်တစ်ခု ထွက်လာတယ်။ အဲဒီသပိတ်စခန်း ခြောက်ခုကနေ ချက်ချင်းဖယ်ပေးရမယ် ဆိုပြီး တော့။ နိုင်ငံတော် အဆင့် ကော်မရှင် တစ်ရပ် ဖွဲ့စည်းပြီး စစ်ဆေးလို့ရဖို့အတွက် သပိတ်စခန်းက ဖယ်ပေးရမယ်၊ အဲဒီ သပိတ်စခန်းဖယ်ပေးပြီး ဝမ်ပေါင် ကုမ္ပဏီက ပုံမှန်အတိုင်း လုပ်ငန်း လည်ပတ်နိုင်ပါမှ အဖွဲ့က စစ်ဆေးလို့ ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  သပိတ်စခန်းတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေလုပ်တယ်။ မနက် သုံးနာရီ ခွဲလောက်လို့ ကျွန်တော် တို့သတင်းရ ပါတယ်။ ဒီအတွက် သံဃာတော်တွေ၊  ပြည်သူလူထုတွေ ထိခိုက်ဒဏ်ရာရတယ်။ မျက်ရည်ယိုဗုံးနဲ့ ပစ်တယ် လို့ ပြောပေမယ့် မျက်ရည်ယိုဗုံးဆိုတာ မီးလောင်စရာ အကြောင်းမရှိဘဲနဲ့ မီးထလောင် တယ်ပေါ့လေ။ ဒီလို လွဲမှားတဲ့စီမံ ကိန်းတစ်ခုကို ပြည်သူလူထုကို အကြမ်းဖက်တဲ့ နည်းနဲ့ ဖြေရှင်းတာဟာ ဖြေရှင်းခြင်းတစ်ခု ဖြစ်မယ်လို့ မယုံကြည်ဘူး။ ဒီလို အကြမ်းဖက် တစ်ဖက်သတ် လက်နက်အားကိုးနဲ့ သံဃာနဲ့ပြည်သူလူထုကို နှိမ်နင်းတယ်ဆိုတာ ဒီမိုကရေစီအစိုး ရရဲ့ လုပ်ထုံး လုပ်နည်းထဲမှာ ပါမှာမဟုတ် ဘူးလေ။ တော်တော် စိတ်မကောင်း ဖြစ်ရသလို တော်တော် စိတ်အနှောင့်အ ယှက် ဖြစ်ရပါတယ်။ ဘယ်လို အစိုးရမျိုးလဲ ဆိုတာကိုလည်း စဉ်းစားရတာ ပေါ့လေ။ နဂိုကတည်းကလည်း အယုံ အကြည် ရှိခဲ့တာမျိုး မဟုတ်ဘူးလေ။ ၂၀ဝ၈ တုန်းကလည်းကျွန် တော်ရော၊ မိသားစုပါမဲမပေးခဲ့သလို ၂၀၁၀ မှာလည်း မဲမပေး ခဲ့ကြပါဘူး။ ဒါကို အများပြည်သူ ထောက်ခံတဲ့ အခြေ ခံဥပဒေ၊ အများပြည်သူ ရွေးချယ်တင် မြှောက်တဲ့ အစိုးရပါဆိုပြီး တက်လာ တယ်။ ဒီလို တက်လာပြီဆိုလည်း ဒီမိုကရေစီစနစ်နဲ့ အညီစည်းကမ်းကျ နစွာ၊ တရားနည်းလမ်း မျှတစွာ အုပ် ချုပ်တယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့လေ။ အုပ်ချုပ်တဲ့ နည်းလမ်းက မမှန်ကန်တဲ့ အခါကျတော့ တော်တော်ကို စိတ်အနှောင့် အယှက် ဖြစ်မိပါတယ်" (ဒါရိုက်တာ မင်းထင်ကိုကိုကြီး)
"ဒီလက်ပံတောင်းတောင် စီမံကိန်းက အရင်အစိုးရ လက်ထက်က စာချုပ် ချုပ်ပြီး အကောင်အထည်ဖော်ခဲ့တာ။ အခုက ဒီမိုကရေစီ လက်ထက်ဆိုတော့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ ဒီစီမံကိန်းက နိုင်ငံတော် အတွက်လား၊ ပြည်သူလူထု အတွက်လား၊ တရုတ် အတွက်လားဆိုတာကို အများပြည်သူ သိရှိ နားလည်အောင် ပွင့်ပွင့်လင်းလင်း အစိုးရက ပြန်ဖြေရှင်းပြ သင့်တယ်။ အဓိကက ရီဗျူးပြန် လုပ်ဖို့ပဲ။ နစ်နာတဲ့ဒေသခံပြည်သူ တွေ၊ အစိုးရနဲ့ တရုတ်ကုမ္ပဏီ သုံးဦးသုံးဘက် သေချာ ညှိနှိုင်းသင့်တယ်။ အစိုးရဘက်ကလည်း စာ ချုပ်ချုပ်ပြီး သားဆိုပေမယ့် ဒါကို ပြန်ညှိနှိုင်းလို့မရဘူးလား။ ဒေသခံတွေကို အခုထက် စိတ်ကျေနပ်အောင် မလုပ်နိုင်တော့ ဘူးလား။ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းမှာ အကြမ်း ဖက်တဲ့ ဖြေရှင်းနည်းကို အစိုးရရော  လူထုကပါမလုပ်သင့်ဘူး။ အခု လောက်အထိ ဖြစ်ခဲ့တာ ကို စိတ်မကောင်းဘူး။ နည်းလမ်းတွေ အများကြီးရှိတာကို၊ ဥပမာ တရုတ် ကုမ္ပဏီဆီက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အတွက် အခွန် ကောက်လို့ ရတယ်။ ဒေသခံတွေရဲ့ လူမှုစီပွား ဖွံ့ဖြိုးအောင် ထောက်ပံပေးလို့ရ တယ်။ အခုလို အခြေအနေမျိုးတွေ ဖြစ်ခဲ့တာကြောင့် အစိုးရ အနေနဲ့ တာဝန်ကြီးသွားပြီ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကလည်းစောင့် ကြည့်နေတဲ့အချိန်မှာ အကြမ်းဖက် မဖြေရှင်း သင့်ဘူး။ ပြည်သူတွေဘက်ကလည်း ထစ်ခနဲရှိ လမ်းပေါ်ထွက်တာမျိုး မဖြစ်သင့်ဘူး။ အဓိက အချက်ဖြစ်တဲ့ ပွင့်လင်းမြင်သာမှု မရှိဘဲ စီမံကိန်း စတင်ခဲ့တာနဲ့ ဒေသခံ တွေရဲ့ အကျိုးစီပွားပါဝင်မှု နည်းခဲ့ တာကိုပြန်သုံးသင့်တယ်" (ဦးသန်းလွင် ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ၊ အမျိုးသား လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုး ရေးအကြံပေးကောင်စီအဖွဲ့ဝင်)
" အခုကိစ္စမှာ တကယ်တမ်းနစ် နာသူက ဒေသခံတွေပါ။ အစိုးရရော တရုတ်ကုမ္ပဏီရော ဒေသခံတွေရဲ့ အကျိုးစီးပွား အတွက် ပြန်စဉ်းစား သင့်တယ်။ ဒီလက်ပံတောင်းတောင် စီမံကိန်းက ဘယ်သူ့အကျိုး စီးပွားအတွက်လဲ။ ဒီစီမံကိန်းမှာ ဒေသခံတွေရဲ့ အကျိုး စီးပွားပါဝင်မှု  ရှိမှ ဒေသခံတွေရဲ့လိုက်လျောမှုကို ရမှာပါ။ ဒါကြောင့်အစိုးရအနေနဲ့ ဒီစီမံကိန်းကို ပြန်ပြီးစဉ်းစားသုံး သပ်သင့်တယ်။ စီမံကိန်း ကို ရှေ့ ဆက်ပြီးမြောက်အောင် လုပ်ချင်တယ် ဆိုရင် အစိုးရ၊ တရုတ်ကုမ္ပဏီနဲ့ ဒေသခံတွေ ပွင့်ပွင့်လင်းလင်း မျက်ချင်းဆိုင် ဖြေရှင်း ဖို့လိုတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ အကုန်လုံး အများပြည်သူကို ထုတ်ပြန်ပေးသင့်တယ်။ လူထု အမြင်ရှင်း မှ ပါဝင်မှု ရှိမှ စီမံကိန်း တွေအောင်မြင်မှာပါ။ စီးပွားရေးလုပ်ငန်းတွေ အများကြီးဝင်လာဖို့ရှိ တဲ့အချိန်မှာ၊ စောင့်ကြည့်နေတဲ့ အချိန်မှာ ဒါကို သင်ခန်းစာယူရမှာပါ။ အစိုးရအနေနဲ့ ခြေလှမ်းမှားဖို့မသင့်ဘူး။ လူထုဘက်က ဘာကိစ္စမဆို လမ်းပေါ်ထွက် ဆန္ဒပြတာမျိုးကလည်း အစိုးရကို အကျပ်ရိုက်စေပါတယ်။ နောင် စီမံကိန်းတွေလုပ်တဲ့ အချိန်မှာ အစိုးရအနေနဲ့ ပွင့်လင်း မြင်သာမှုရှိဖို့နဲ့ စီမံကိန်းမှာဒေသခံ တွေရဲ့ အကျိုးစီးပွား ပါဝင်မှုရှိဖို့ ပြင်ဆင်ဆောင်ရွက်သွားရမှာပါ" (ပါမောက္ခဒေါ်လှမြင့်)
"ကျွန်တော်ကတော့ အကြမ်းနည်း သုံးပြီး ဖြိုခွင်းတာမျိုးကိုလုံးဝ သဘောမတူဘူး။ နောက်တစ်ခုက  ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်   တို့ပြောတဲ့ စကားကိုသ ဘောတူပါ တယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ဆန္ဒပြ သပိတ်မှောက်တဲ့နည်းနဲ့ပဲဖြေရှင်းလို့ မရပါ ဘူး။ တချို့ဟာတွေမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားမယ့် ဟာမျိုးတွေ၊ လူကြီး လူကောင်းဆန်ဆန် စာ ချုပ်စာတမ်းချုပ် ဆိုထားတဲ့ ကိစ္စမျိုး တွေဟာ ကလေးကစားသလိုမျိုး ဖျက်ပစ်လို့မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ဒါပေမယ့် ဆန္ဒ ပြတာကိုလည်း ဆန္ဒပြတဲ့သူတွေမှာ လည်း သဘောမတူကြောင်းဆန္ဒပြ ခွင့်ရှိပါတယ်။သူတို့မှာ နိုင်ငံသား  အခွင့်အရေး အပြည့် အဝရှိပါတယ်။ နောက်တစ်ခုက ဆန္ဒပြတာကိုရော   ဆန္ဒပြတဲ့သူတွေကို ဆန္ဒမပြဖို့ပြော တာကိုရော အစိုးရအနေနဲ့ဒီစီမံကိန်း ဖျက်လို့ မရတာကိုရော ကျွန်တော်က သဘောတူခြင်း၊ မတူခြင်းကို အသာထား၊ ဒီလို ဒီမိုကရေစီ အသွင်ပြောင်း ကာလမျိုးမှာ ဒီလိုရက်ရက် စက်စက် ဘာမှခုခံတာမျိုးမလုပ်တဲ့ ငြိမ်းငြိမ်း ချမ်းချမ်းဆန္ဒပြနေတဲ့ သံဃာတော် တွေနဲ့ ဒေသခံတွေကို ဒီလိုနည်း လမ်းနဲ့ဖြိုခွင်းတာကို ကျွန်တော်လုံးဝ ပြတ်ပြတ်သားသား ဆန့်ကျင်ပါ တယ်။ ကန့်ကွက်ပါတယ်။ နိုင်ငံ တကာမှာလည်း ဆန္ဒပြတဲ့ အဓိက ရုဏ်းနှိမ် နင်းတာ နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အဆင့်လိုက် ရှိပါတယ်။ ဒီအဆင့်တွေကို ကျွန်တော်  ပြောပြစရာ လိုမယ် မထင်ပါဘူး။ အ စိုးရ အနေနဲ့ကလည်း နှစ်ရက်တိုင် တိုင် သတိပေးထားတယ်လို့ သိရပါ တယ်။ သို့သော် ဒီလောက်အချိန် မတော်ကြီးမှာမှလုပ်ဖို့လိုမလား၊ ဒီ လိုမျိုးအဓိကရုဏ်းဖြိုခွင်းဖို့လက်နက် သုံးတဲ့သူတွေကရော သေချာစနစ် တကျလေ့ကျင့်ထားတဲ့သူတွေရော ဟုတ်ရဲ့လား၊ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ပေးထားတယ် ဆိုပေမယ့် တကယ်ရော ရဲတပ်ဖွဲ့ဝင်တွေ ဟုတ်ရဲ့လား ကျွန်တော်တို့မှာ ဒီလိုမျိုးမေးစရာ တွေအများကြီး ရှိပါတယ်။ နောက်  တစ်ခုက ဒီလောက်ကြီး ဘာကြောင့် လွန်လွန်ကျွံကျွံ လုပ်ရတာလဲ။ ရခိုင်  မှာဖြစ်တဲ့ အဓိကရုဏ်း ကိစ္စတွေမှာ တောင် အင်မတန် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်စိတ်ရှည် လက်ရှည်ဖြစ်ခဲ့တဲ့ရဲ တပ်ဖွဲ့ဝင်တွေ ဟာ ဒီကိစ္စမှာဘာဖြစ်လို့ ဒီလောက် အထိ စိတ်လိုက်မာန်ပါလုပ်ကြတာ လဲ ဒီလိုမေးခွန်းတွေရှိပါတယ်။ နောက်တစ်ခုကလည်း တရုတ်ပြည် သူ့သမ္မတ နိုင်ငံ ကုမ္ပဏီ တစ်ခုနောက်ကွယ်က ပါနေခြင်းကြောင့်လား ဆိုတဲ့ မေးခွန်းမျိုးကိုလည်း အစိုးရဘက် ကဖြေဖို့ အသင့်ရှိဖို့လိုပါလိမ့်မယ်။ အဓိကကတော့ ခြုံပြီး ပြောရရင် ဆန္ဒပြတဲ့ အကြောင်းအရာကို သဘောတူခြင်း မတူခြင်းကို ကျွန်တော်ပြောစ ရာမလိုဘူး။ ဘယ်ကိစ္စမဆိုဆန္ဒပြ တဲ့နည်း သပိတ်မှောက် တဲ့နည်းနဲ့ ဖြေ ရှင်းလို့မရပါဘူး။ ဒါကိုလည်းပြည်ူသူလူထုကလက်ခံလာအောင် စိတ် ရှည်လက်ရှည်နဲ့ရှင်းပြဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ စိတ်လိုက်မာန်ပါ နဲ့ နာသအငသညေူပ သွားရှင်းပြလို့မရဘူး။ နှစ်ဘက်စလုံးမှာ ကျွန်တော် သဘောတူခြင်း မတူခြင်း ဆိုတာမျိုးထက် အဓိကပြောချင်တာက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာမျိုးကို ဒီလို အကြမ်းနည်း သုံးပြီးဖြိုခွင်းတာမျိုးကို ကျွန်တော်လုံးဝလုံးဝ သဘောမတူပါဘူး" (ဦးကျော်မင်းဆွေ၊ အယ်ဒီတာချုပ် The Voice Weekly ဂျာနယ်)

"ဒါက လုံးဝမဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောချင် တယ်။ ဘာကြောင့်လဲဆိုတော့ အဓိကရုဏ်းကို ဖြိုခွင်းတဲ့ နေရာမှာ နည်းလမ်းမျိုးစုံရှိတဲ့ အထဲမှာ ဒီနည်း လမ်းမှာ သုံးစွဲတဲ့ လက်နက်ဟာ အင်မတန်မှ ပြင်းထန် လွန်းတဲ့ လက်နက်တစ်ခု ဖြစ်တယ်။ မီးလောင်ဗုံး ဆိုတာဟာ အဓိကရုဏ်း နှိမ်နင်းတဲ့သမိုင်းမှာ တစ်ခါမှ မကြုံခဲ့ဘူးတဲ့ လက်နက်ဖြစ်တယ်။ နောက် တစ်ခါကျတော့ သံဃာတော်တွေ အိပ်မောကျနေတဲ့ အချိန်မှာ သံဃာ တော်တွေကို အလစ်အငိုက် တိုက်ခိုက်တဲ့ သဘောမျိုး ဖြစ်တဲ့အတွက် ချုံခိုတိုက်ပွဲလို့ သံဃာတော်တွေ ဘက်က ပြောနေကြတာလည်း ကြားရတယ်။ ပြီးတော့ ဒါဟာ ရက်စက်စွာ နှိမ်နင်းမှုဖြစ်ပြီးတော့ နှိမ်နင်းမှုကြောင့် ငါးသိန်းအင်အား ရှိတဲ့ မြန်မာတစ်ပြည်လုံးက သံဃာ တော်တွေရဲ့
ဒေါသကို ပိုပိုကြီး ထွားလာအောင် ဆွလိုက်သလို ဖြစ်လို့  နှစ်ဖက်စလုံး အကျိုးမရှိတဲ့နည်းလမ်း ဖြစ်တယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ ဗကသကလည်း အေးချမ်းစွာ ဖြေရှင်းပါ။ အေးအေး ဆေးဆေး ညှိနှိုင်းတဲ့ ပုံစံနဲ့ ဖြေရှင်းပါ။ တောင်းဆိုချက်တွေကို တတ်နိုင်သမျှ လိုက်လျောပါ ဆိုတာ ကြေညာချက် သဘောထား ပေးထားတာ ရှိတယ်။ အဲဒါနဲ့ ဆန့်ကျင်ပြီး အခုလို လုပ်လိုက်တာကိုတော့ ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်"(ကျော်ကိုကို၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ)

"ကျွန်တော်တို့ ကတော့ ဒီလို အကြမ်းဖက်မှုကို လက်မခံဘူး။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အကြမ်း ဖက်တာတွေ လုပ်လာတယ် ဆိုရင် သူတို့ပြောတဲ့ လမ်းကြောင်းဟာ သံ သယဖြစ်စရာတွေ ဖြစ်လာ လိမ့်မယ်။ တွေ့ဆုံဖြေရှင်း အဖြေရှာဖို့ ကြိုးစား နေကြတာပဲလေ။ ဒီလို ဖြိုခွင်းတယ် ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် မလုပ်သင့်တဲ့ ကာလပေါ့ဗျာ။ မညီမျှမှုရဲ့ အဖြေရှာမှုကို ခေါင်းဆောင် တစ်ဦးကို ကြိုးစားခွင့် မပေးဘဲ ဖြေရှင်းတဲ့ သဘောပေါ့။ ကျွန်တော်တို့ ကတော့ ဒါကို ကန့်ကွက် ပါတယ်။ ဒီကိစ္စက ၂၀ဝ၇ ပုံစံမျိုးဖြစ်နေတယ်။ ဒီကိစ္စမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးပိုင်ဆိုတာ နိုင်ငံတော်နဲ့ ဘာမှ မပတ်သက်ဘူးလေ။  ဒီကိစ္စမှာ နိုင်ငံတော်မှာ အကျိုးရှိ တာလား။ တရုတ်ရဲ့ အကျိုးစီးပွား ကို ဦးတည်တာလားဆိုတာ ကျွန် တော်တို့ ပြန်သုံးသပ်ရမှာပေါ့။ တရုတ်ရဲ့ အကျိုးစီးပွားကတော့ တော်တော်လေး နေရာတော်တော် များများမှာရှိပါတယ်" (ဒေါက်တာ အေးမောင်၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ)

"ရုပ်ပျက် ဆင်းပျက် ကိုင်တွယ်မှု ကိစ္စလို့ မြင်ပါတယ်။ ဒီလို ကိုင်တွယ်တာဟာ ရက်စက်ရာ ရောက်လွန်းတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေကို အကာ အကွယ်မပေးဘဲနဲ့ တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေး နေတာကို ပြင်းပြင်းထန်ထန် ရှုံ့ချ ပါတယ်" (ကိုငယ်ပီး၊ ချင်းအမျိုးသားပါတီ အတွင်းရေးမှူး)
"ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာမယ်လို့ပဲ ပြောချင်ပါတယ်။ လောကမှာ ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် ကိုယ်ဆီပြန်လာမယ်။ ဒီလိုကိစ္စမျိုးတွေဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ ကမ္ဘာမှာမြင်လို့ မကောင်းတဲ့မြင်ကွင်းတွေ ဖြစ်တယ်" (နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ)

Eleven media group


↧

လက်ပံတောင်းတောင်အရေးဆန္ဒထုတ်ဖော်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဗကသမှတွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်နှင့်တွေ့ဆုံခြင်း

≪ Previous: မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်း လပြည့်နေ့ညတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းလိုက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် လက်သင့်မခံနိုင်ကြောင်း နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ တုန့်ပြန်
$
0
0
လက်ပံတောင်းတောင်အရေးနှင့် ဖမ်းဆီးအကျဉ်းသားလွှတ်ပေးရေးအတွက် ရန်ကုန်မြို့၊ပန်းဆိုးတန်းလမ်းမကြီး အ တွင်း အင်္ဂါနေ့က ဆန္ဒထုတ်ဖော်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဗဟိုကျောင်းသားသမဂ္ဂမှ တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်နှင့် တွေ့ဆုံမေးမြန်းမှုများအားတင်ပြပါသည်။

“အစိုးရတစ်ရပ်ကဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံကဖြစ်ဖြစ် စီမံကိန်းတွေလုပ်တယ်ဆိုတာက နိုင်ငံဖွံဖြိုးရေးအတွက်လုပ် တာ၊ပြည်သူဖွံဖြိုးရေးအတွက်လုပ်တာ၊ဒီစီမံကိန်းက ပြည်သူ့အကျိုးစီးပွားကြောင့်လုပ်တဲ့ စီမံကိန်းမှန်ရင် ပြည်သူတွေ အကျိုးစီးပွားဆုတ်ယုတ်နေတယ်၊ပြည်သူ့အကျိုးစီးပွားထိခိုက်ပျက်ပြားနေတယ်ဆိုရင် ရပ်ကိုရပ် ပေးရမယ်။ဝန်ကြီးတွေပြောနေကြတဲ့ တရုတ်ကိုကြောက်ရလို့မရဘူးဆိုတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုထိပြားလွန်းရာ ကြနေတယ်၊ဒါ မဖြစ်သင့်တဲ့ကိစ္စပါ၊နောက်တစ်ချက်က အစိုးရ ၀န်ကြီး တစ်ယောက်အနေနဲ့ လုံးဝကိုမပြောသင့်တဲ့ကိစ္စပါကျနော်တို့က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တယ်၊ ကိုယ့်အချုပ်အခြာအာဏာနဲ့ ကိုယ့်အခြေခံဥပဒေနဲ့အုပ်ချုပ်တာ ဆိုရင် ဘယ်နိုင်ငံမှ ဂရုစိုက်စရာမဟုတ်ဘူး၊ ကျွန်တော်တို့ ပြည်သူတွေရဲ့မျက်နှာဘဲကြည့်ရမယ်၊ဘယ်နိုင်ငံရဲ့မျက်နှာမှ ကြည့်စရာမလိုဘူး” ဟု ၄င်းက ပြောကြားခဲ့သည်။

ထို့အပြင် “ဒေါ်အောင်ဆန်းစုကြည်ကို လက်ပံတောင်းတောင်စီမံကိန်း သွားကြည့်စေချင်တယ်ဆိုတာက သူဆီ မှာ နဂိုစီစဉ်ထားတဲ့ အကြောင်းအရာရှိချင်ရှိလိမ့်မယ်၊သူ့စိတ်ထဲမှာလဲ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ရှိချင်ရှိလိမ့် မယ်၊ဒါပေမယ့် သွားကြည့်စေချင်တာက ဒီဒေသမှာပြောင်းရွှေ့ခံရတဲ့ ၂၆ ရွာကပြည်သူတွေ ဘာဖြစ်နေလဲဆို တာမြင်စေချင်တယ်၊အဲတော့ ကျွန်တော်တို့ ဘာလုပ်တယ်ဆိုတာသူနားလည်သွားလိမ့်မယ်၊သွားစေချင်တာက ပြည်သူ့ဘ၀ကို သူမြင်စေချင်လို့ပါ။ သူများအပြောနဲ့မီဒီယာမှာ တင်ထားတာလောက်နဲ့ သူ့စိတ်ခံစားချက်က အဲလောက်ထိမပြောင်းသွားနိုင်ဘူး၊ ကျွန်တော်တို့ မျှော်လင့်တာက သူကလုပ်ပေးနိုင်မယ်၊ သူလုပ်ပေးမယ် လို့ မျှော်လင့်တာမဟုတ်ဘူး၊သူပြည်သူရဲ့ဒုက္ခပြည်သူတွေရဲ့ ဆန္ဒကိုနားလည်သွားပါစေဆိုတဲ့ မျှော်လင့်ချက်ပဲရှိ တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင် သွားရောက်ခြင်းအပေါ် ၄င်းတို့၏မျှော်လင့်ချက် အားထပ်မံ ပြောကြားသည်။

မြန်မာ့ခေတ်


↧
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>