Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

ကြယ်စုများပျောက်ဆုံးခြင်းနှင့်မွေးဖွားခြင်း

$
0
0
လက်ပံတောင်းတောင်ဆိုတာ
ကြေးနီပဲထွက်တာမဟုတ်ဘူး
အာဇာနည်တွေလဲထွက်တယ်။

ကြည့်လိုက်ကြ
တန်ဆောင်မုန်းလကပြည့်ပြီး
ကမ္ဘာကြီးကို အလင်းပေးထားပေမယ့်
ငရို့ ဆီကအမှောင်ကို ထွန်းညှိပေးခဲ့တာ
လက်ပန်တောင်းတောင်မှာလောင်သွားတဲ့
သံဃာ့အာဇာနည်တွေရဲ့အရေပြားတွေပဲ

သူတို့မှာ
သဝဏ်လွှာမလို
လက်ခုပ်သံမလို
ပန်းစည်းမလို
စင်မြင့်မလို
ဆုတံဆိပ်တွေမလိုဘူး။

အို -- ဖုံးထားတာတွေဖွင့်ကြည့်လိုက်
အသွင်ကူးပြောင်းရေးမှာ တကယ်ကူးပြောင်းသွားတဲ့အသွင်တွေက
တချိန်တုန်းက လင်းလက်ဖူးတဲ့ကြယ်တွေသာ။

(လင်းနွေးအိမ်) နိုဝင်ဘာလ ၂၉ ရက် ၂၀၁၂။
Photo..EMG



မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကန့်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ။

$
0
0
ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။

ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။ ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ အကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည်ဖျားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။

နောက်ပြီးတော့ တစ်ခဏနာ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တဲ့ နိုင်ငံရေးမျိုးလည်း ကျွန်မ မလုပ်ဘူး။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ကျွန်မ လုပ်သွားမှာ။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်
အကျိုးကို ကြည့်ပြီးတော့ လုပ်တဲ့အခါမှာ ကျွန်မမှာ အားနည်းချက်တွေရှိလို့ ဆိုရင်လည်း ၀ိုင်းပြီးတော့ ပြုပြင်ပေးကြပါ။ ကျွန်မ လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေကလည်း သေသေချာချာ စဉ်းစားပါ။ သဘောထားကြီးရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ အဓိကလိုအပ်ချက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပဲ။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့အကျိုးအတွက်အတူ စွမ်းဆောင်နိုင်ဖို့ကိစ္စဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူအားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့ လိုပါတယ်။ အဲ့ဒီလို ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ အခု ဒီဒေသမှာဖြစ်နေတဲ့အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့် ပုံစံနဲ့ ကျွန်မ ဖြေရှင်းချင်ပါတယ်။ အဲ့ဒီလို လုပ်တဲ့အခါ ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်း လျှောက်တဲ့အခါမှာ ပြည်သူတွေက ပြည်သူတွေရဲ့ ထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုဆိုတာ ပြည်သူအကြိုက် ရေတိုဆုံးဖြတ်ချက်လေးတွေ ချပြီးတော့ အဲဒီလို ပြည်သူရဲ့ ထောက်ခံမှုတွေ ဒီလိုမမှန်မကန်တဲ့ နည်းတွေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို ရမယ်ဆိုရင်လည်း ရေရှည်မှာ အကျိုးမရှိပါဘူး။ ကျွန်မစောစောကပြောသလိုပေါ့။ ပြည်သူတွေနဲ့ မှန်မှန်ကန်ကန်ဆက်ဆံမယ်။ ရိုးရိုးဖြောင့်ဖြောင့် ဆက်ဆံမယ်။

ကျွန်မရဲ့ဆုံးဖြတ်ချက်တွေ၊ ကျွန်မရဲ့ လုပ်တာကိုင်တာတွေကို ပြည်သူက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောနိုင်တယ်။ ကျွန်မရှင်းပြမယ်။ ကျွန်မတစ်ခုခုကို လုပ်တယ်ဆိုရင် ဘာဖြစ်လို့ လုပ်သလဲဆိုတာ ရှင်းပြမယ်။

အခုဒီဒေသမှာ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဖြစ်နေတဲ့ပြဿာနာဟာ ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်။ ကျွန်မတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့လိုရအောင် ကျွန်မကြိုးစားမယ်။ ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ် ဆိုတာကတော့ ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။ ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ်ဆိုလို့ရှိရင် အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်။

ဒီတော့ ကျွန်မက ပြည်သူကိုတစ်ခုပဲ တောင်းပန်ချင်ပါတယ်။ သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျွန်မဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မ တစ်ဖက်ကိုတော့ မေးကြည့်ပြီးပါပြီ။ လုပ်ငန်းရှင်တွေဘက်ကို တွေ့ပြီး သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ်။ ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ ဟိုဘက်ဒီဘက် အဖြေ နှစ် ခုကို ကြည့်ပြီးတော့ တတ်နိုင်သလောက် ပြေလည်အောင်လို့ ကျွန်မ ညှိပေးချင်တယ်။ အဲ့လို ညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား။

ကျွန်မတို့ဆီက နိုင်ငံသားတွေက အေးအေးချမ်းချမ်းနေချင်တယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေက အချင်းချင်းကြားမှာ စေတနာ မေတ္တာနဲ့ပဲ နေချင်တယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဒါ လူသားတိုင်းက ဒီလိုပါပဲ။ စေတနာမေတ္တာနဲ့ နေရတဲ့ ပတ်ဝန်းကျင်ဟာ အင်မတန်မှ အေးချမ်းပါတယ်။ ဒေါသတွေ ဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင်ဆိုတာ မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံကြီး အေးချမ်းဖို့ အတွက် ကျွန်မအစဉ်အမြဲပဲ ပြန်လည်ရင်ကြားစေ့ရေးလမ်းကို ကျွန်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလျှောက်တဲ့အခါမှာ ကျွန်မနဲ့အတူ ပြည်သူပါလာမှ ကျွန်မလုပ်ငန်းတွေမှာ အောင်မြင်နိုင်မှာပါ။
ဒါ့ကြောင့် ကျွန်မလမ်းမှာဆိုလို့ရှိရင် ပြည်သူတွေက ကြိုဆိုလေ့ရှိတယ်။ ကျွန်မ အင်မတန်မှ အားတက်တယ်။ အားတက်တယ်ဆိုတာ ကျွန်မကို ကျန်းမာပါစေလို့ ခေါ်နေလို့ မဟုတ်ဘူး။ အသက်ရာကျော်ရှည်ပါစေလို့ အော်နေလို့ မဟုတ်ဘူး။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ အသက်ရာကျော်တောင် ရှည်ပါ့မလားပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော ပြည်သူရဲ့ ထောက်ခံမှု ရှိရင်တော့ ကျွန်မတို့ လုပ်ငန်းတွေဟာ အောင်ခြေအများကြီှးရှိတယ်ဆိုတာ ကျွန်မအားတက်ရပါတယ်။
အဲဒီတော့ ခက်ခဲတဲ့အချိန်မှာ မိတ်ဆွေကောင်းဆိုတာ လွယ်ကူတဲ့အချိန် မဟုတ်ဘူး။ ကိုယ့်ဘက်ကနေပြီးတော့ ရပ်တည်ပေးတဲ့ အရာဟာ မိတ်ဆွေကောင်းပဲ။ ကျွန်မရဲ့ ပြည်သူတွေဟာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်တယ်လို့ ကျွန်မရိုးရိုးပဲ ပြောပါရစေ။ ကျွန်မအနေနဲ့လည်း ကျွန်မတို့ပြည်သူတွေအတွက် မိတ်ဆွေကောင်း ဖြစ်ချင်ပါတယ်။ ခက်ခဲတဲ့အချိန်မှာလည်း ရပ်တည်မယ်။ နောက်တစ်ခုက မိတ်ဆွေကောင်းဆိုတာ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံရတယ်။ ပြောဆိုရတယ်။ ကိုယ့်အကြိုက်ကို လိုက်လိုက်ပြောတဲ့သူဟာ မိတ်ဆွေကောင်းလို့ မထင်နဲ့နော်။ မှားလိမ့်မယ်။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက်ပြီးပြောတာဟာ မိတ်ဆွေကောင်းများရဲ့ အလုပ်မဟုတ်ဘူး။ တစ်ကယ့်မိတ်ဆွေကောင်းဆိုတာ ကိုယ့်ရဲ့ကောင်းကျိုးကို ရှေ့ရှုပြီးတော့ ပြောသင့်ပြောထိုက်တာကို ပြောမယ်။ ထောက်ပြသင့်တာကို ထောက်ပြမယ်။ အဲဒါမဟုတ်ဘူးလား။ ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ကျွန်မနဲ့ ပြည်သူကြာမှာ တစ်ကယ့်ကို ကောင်းမြတ်တဲ့ မိတ်ဆွေကောင်းတွေ ဆက်ဆံမှုတစ်ခု ဖြစ်စေချင်ပါတယ်။

အဲဒါကြောင့် တတ်နိုင်သလောက် ကျွန်မက ပြည်သူတွေနဲ့ တွေ့တယ်။ ပြောဆိုတယ်ဆိုတာဟာ ပြည်သူတွေနဲ့ ကျွန်မရဲ့ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်အောင်လို့၊ ကျွန်မတို့ကြားမှာ ကောင်းမွန်တဲ့ သံယောဇဉ်တွေ တည်ဆောက်နိုင်အောင်လို့ ကျွန်မတွေ့ဆုံတာပါ။ တစ်ကယ်လို့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့နိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် သန်း ၆၀ ကို ဘယ့်နှယ့်လုပ်သွားလို့ရမှာလဲ။ သိန်း ၆၀ ကို တစ်ယောက်ချင်း တစ်ယောက်ချင်း မတွေ့နိုင်တဲ့အခါကျတော့ ဒီလိုပဲ အစုလိုက်တွေ့ရတာပဲ။ ဒီလိုတွေ့ရတိုင်းလည်း ကျွန်မဝမ်းသာပါတယ်။
တစ်ခါတစ်လေ ခရီးသွားရင် စိတ်ဆိုးရတာတွေ အများကြီးရှိတယ်။ ပြည်သူတွေမဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့တွေ လုပ်ပုံကိုင်ပုံမဟုတ်လို့။ ဒါပေမယ့် အဲ့လို စိတ်ဆိုးရတဲ့အခါတောင်မှ ပြည်သူတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်မကို ကြိုဆိုတဲ့အခါ စိတ်ဆိုးတာတွေ ပြေရပါတယ်လို့ ပြောပြချင်တယ်။ ဒါကြောင့် ကျေးဇူးတင်ပါတယ်လို့။

အခုတော်တော်လေး မှောင်နေပြီဆိုတော့ နောက်ဆုံးအနေနဲ့ ကျွန်မတောင်းပန်ချင်တာရှိတယ်။ ဒီလိုမှောင်တဲ့အထိ စောင့်ရအောင်လို့ လုပ်ခဲ့တာကို ကျွန်မတောင်းပန်ပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့။ နံနက်တုန်းက မန္တလေးကနေ မုံရွာကိုလာတော့။ မုံရွာက ပြည်သူလူထုက အင်မတန်မှ သောင်းသောင်းဖျဖျ ကြိုဆိုတယ်။ တော်တော့ကို နောက်ကျသွားတယ်။ လမ်းမှာ ဖြေးဖြေးလေးပဲသွားဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်မဒီမှာ အရောက်နောက်ကျတယ်။ နောက်ကျတော့ လမ်းမှာ ကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျွန်မကောင်းကောင်း မနှုတ်ဆက်နိုင်ခဲ့ဘူး။ ဟိုဘက်က အလုပ်ချိန်းထားတာကို နောက်ကျမှာဆိုးလို့။ အဲ့ဒါကြောင့် လမ်းမှာ မနှုတ်ဆက်ခဲ့ရတဲ့ ရွာသူရွာသားတွေကို တောင်းပန်ပါတယ်။ အခုလို မှောင်တဲ့အထိ စောင့်ရတဲ့ ဒီကိုရောက်နေတဲ့ ပြည်သူအားလုံးကိုလည်း တောင်းပန်ပါတယ်လို့ ပြောပါရစေ။

နောင်ဆိုလို့ရှိရင်လည်း ကျွန်မတို့ အများကြီး အတူတူလုပ်ရဦးမယ်။ ဒီလို မျက်နှာချင်းဆိုင် မတွေ့နိုင်သည့်တိုင်အောင် ကျွန်မတို့နိုင်ငံ ကောင်းကျိုးအတွက်ဆိုတာ ကျွန်မတို့ အားလုံးအတူလုပ်ရမှာပဲ။ အဝေးက ဆက်သွယ်မှုနဲ့ ကျွန်မတို့ လုပ်သွားရမှာပဲ။ တစ်ချို့ကျတော့လည်း ကျွန်မရဲ့ ရှေးရေစက်အရ ပြန်ပြီးတော့ နီးနီးကပ်ကပ် ပြန်တွေ့ရတဲ့ လူတွေလည်း ရှိမှာပါ။ ဒီလိုနီးနီးကပ်ကပ် ပြန်ပြီးတော့ မဆုံနိုင်ဘူးဆိုရင်တောင် ဒီလို တစ်ချိန်တစ်ခါမှာ ကျွန်မတို့ဟာ အတူတူ နိုင်ငံရဲ့ ပြဿာနာကြီးအတွက် စဉ်းစားပိုင်ခွင့် အတူတူထိုင်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် ရတာကိုလည်း ကျွန်မရင်ထဲ အမြဲမှတ်သားထားပါတယ်။ ကျွန်မရင်ထဲမှာ ထိန်းသိမ်းထားပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။
EMG


ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်)၏ မိန့်ကြားချက်

$
0
0
"လုံးဝ မကျေနပ်ဘူး။ လုံးဝ သည်းမခံနိုင်ဘူး။ ဦးဇင်းတို့က သံဃာတွေကို အဲဒီကို ပို့ထားတယ်ဆိုတာ ပြည်သူလူထုကလည်း ၀မ်ပေါင်ကုမ္ပဏီကို အကြမ်းမဖက်အောင်၊ အစိုးရကလည်းပဲ ပြည်သူလူထုကို အကြမ်းမဖက်အောင် စောင့်ရှောက်တဲ့အနေနဲ့ ပို့ထားတာလေ။

စောင့်ရှောက်နေတဲ့ သံဃာတွေကို ရန်သူစခန်းတခုကို ဖြိုခွင်းသလို အဲဒီလို မီးလောင်ဗုံးတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီးတော့ အဲလိုလုပ်တော့ သံဃာတွေ အကုန်လုံးက ဒုက္ခသုက္ခတွေ ဖြစ်ကုန်တယ်။ ငြိမ်းချမ်းရေးအတွက်လာပြီး စောင့်ရှောက်နေတဲ့ သံဃာတွေကို ဒီလို ဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ မန္တလေး သံဃာထုတင်မကဘူး။ မြန်မာတနိုင်ငံလုံးရှိတဲ့ သံဃာထုကလည်း ၀ိုင်းဝန်းရှုံ့ချပြီးတော့ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ဦးဇင်းတို့ စီစဉ်နေပါတယ်။ ဒီလက်ချက်က ဘယ်သူလက်ချက်လဲဆိုတာ ဦးဇင်းတို့ စောင့်ကြည့်နေပါတယ်။ အဖြေအတိအကျ သိပြီဆိုရင် ဦးဇင်းတို့ ထိထိရောက်ရောက် တုံြ့ပန်သွားမယ်။ ဦးဇင်းတို့ ဆက်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။"

ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်)


ဆေးပေါင်းပျက်တဲ့ မနက်

လက်ပံတောင်းတောင်ကြေးနီသပိတ်မှာ၊ဒီလိုဗုံးအမျိုးအစားတွေသုံးတာလား?(ရုပ်/သံ)

$
0
0
ဗီယက်နမ် စစ်မြေပြင်က မီးစုန်းဗုံး Incendiary Bomb ဒဏ်ရာရ ခလေးငယ်..
ဗီယက်နမ်စစ်ပွဲက မီးစုန်းဗုံး Incendiary Bomb ဒဏ်ရာရ ခလေးငယ်..


လက်ပံတန်းတောင် ကြေးနီးမိုင်း ရပ်တန့် ရေး သပိတ် ဖြိုခွဲ မှု တွင် အဓိက တာဝန် ရှိသူများဒီမေးခွန်းတွေ အရင်ဖြေကြည့်ပေးပါ..

$
0
0
မီးလောင်ဗုံး မသုံးပါဘူး။ မီးခိုးဗုံးပဲ သုံးပါတယ်။ နိုင်ငံတကာ အထိကရုဏ်းနှိမ်နှင်းရေး စည်းကမ်းနဲ့ အညီ လုပ်ဆောင်ပါတယ်လို့ တာဝန်ရှိသူတွေက ပြောသွားတယ်။ အင်အားကို လိုတာထက် ပိုမသုံးပါဘူးလို့ ပြောတယ်။

မီးလောင်ဗုံး သုံး၊ မသုံး အထိ မငြင်းသေးဘူးထားဦး။ အဲဒီ စကားတွေထဲမှာပဲ အင်အားသုံး နှိမ်နှင်းတယ်ဆိုတာကို ဝန်ခံထားတယ်။ ဒီတော့ ပြောစရာရှိလာတယ်။

၁။ နိုင်ငံတကာ အထိကရုဏ်း နှိမ်နှင်းရေး နည်းဗျူဟာတွေထဲမှာ ... မနက် အာရုဏ်လင်းချိန် လူသူ အိပ်ကောင်းတုန်း ကာလမှာ အိပ်နေတဲ့ ဆန္ဒပြသူတွေကို ဝင်ရောက် တိုက်ခိုက်ရမယ်လို့ ပါလား။

၂။ နိုင်ငံတကာ အထိကရုန်း နှိမ်နှင်းရေး ဗျူဟာမှာ ... လက်နက်မဲ့ အကြမ်းမဖက် ဆန္ဒပြသူတွေကို ... ဗုံးတွေသုံးပြီး ဖြိုခွဲရမယ်လို့ ပါလား။

၃။ နိုင်ငံတကာ အထိကရုဏ်း နှိမ်နှင်းရေး နည်းဗျူးဟာ ဆိုကတည်းက စကားလုံးထဲမှာ "အထိကရုဏ်း နှိမ်နှင်းရေး" ဆိုတာ တိတိကျကျ ပါနေပြီ။ ခင်ဗျားတို့ ဝင်ပြီး အကြမ်းဖက် တိုက်ခိုက်တဲ့ အချိန်မှာ အထိကရုဏ်းတွေ ဖြစ်နေလို့လား။ ဆန္ဒပြနေသူတွေက ဘယ်အချိန်တုန်းက အထိကရုဏ်း ဖြစ်အောင် လုပ်ခဲ့ပါသလဲ။

၎။ ဥပဒေအရ ဖယ်ရှားရမယ် အရေးယူရမယ်ဆိုတိုင်း ... ခင်ဗျားတို့ကို ဥပဒေက ပြည်သူတွေအပေါ် အကြမ်းဖက်ခွင့် အခွင့်အရေး ပေးထားပြီးပြီလား။ ခင်ဗျားတို့က လက်နက်ရှိတိုင်း .. အလက်နက်မဲ့တွေကို ဥပဒေအရ ဆိုတဲ့ စကား တစ်လုံးလောက် သုံးပြီး လူတွေအပေါ် လုပ်ချင်တိုင်း လုပ်ခွင့်ရှိလား။ ဥပဒေအရ ဆန္ဒပြသူတွေကို ဖယ်ခိုင်းမယ်ဆိုရင်တောင် ...အခုလို ဗုံးတွေ သုံးစရာ လိုသလား။ အထိကရုဏ်း နှိမ်နှင်းရေး တပ်တွေ လိုအပ်လို့လား။ အခြားနည်းနဲ့ ဖြေရှင်းလို့ မရတော့ဘူးလား။

ဒီမေးခွန်းတွေ အရင်ဖြေကြည့်ပါဦး။

ကိုထိုက်


မုံရွာသပိတ်စခန်းအင်အားသုံးဖြိုခွဲမှုနှင့်ပတ်သက်ပြီးမန္တလေးတိုင်းဒေသကြီးရှိရဟန်းများနှင့်ဗကသအဖွဲ့ဝင်၂၅၀ကျော် ဆန္ဒထုတ်ဖော်လျက်ရှိ

$
0
0

မန္တလေးတိုင်းဒေသကြီးရှိရဟန်းများနှင့်ဗကသအဖွဲ့ဝင်၂၅၀ကျော် မှ ချမ်းအေးသာစံမြို့နယ်အိမ်တော်ရာဘုရားရင်ပြင်တော်တွင် မုံရွာသပိတ်စခန်းအင်အားသုံးဖြိုခွဲမှုနှင့်ပတ်သက်ပြီးဆန္ဒထုတ်ဖော်လျက်ရှိကြောင်းသိရသည်။

Yangon media group


သံဃာတွေ အကြမ်းဖက်ခံရမှုကြောင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကပ်လှူတဲ့ ဆွမ်းကို ငြင်းပယ်ခဲ့ကြ (ရုပ်/သံ)

$
0
0
သံဃာတွေကို အကြမ်းဖက်ခံရမှုကြောင့် စစ်ကိုင်းတိုင်း မုံရွာမြို့ ဇောတိကရွာမ စာသင်တိုက်တွင်း သီတင်းသုံးနေတဲ့ သံဃာအပါး ၁ထောင်ကျော်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကပ်လှူတဲ့ ဆွမ်းကို ငြင်းပယ်ခဲ့ကြပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး တင်မာဆွေ
DVB

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးမှ မုံရွာမြို့ ဇောတိကကျောင်း တိုက်ရှိ သံဃာတော်များအား ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ တွင် နေ့ဆွမ်း ကပ်လှူခဲ့ရာတွင် ကျောင်းတိုက် သံဃာတော်များက လက်ခံခဲ့ခြင်း မရှိကြောင်း အဆို
ပါကျောင်း တိုက်ရှိ ဆရာတော် ဦးပညာသာမိက ရန်ကုန်မီဒီယာ ဂရုပ်သို့ အတည်ပြု မိန့်ကြားသည်။

"ဦးသာအေးက နေ့ဆွမ်းလာကပ်တာကို ငြင်းဆန်လိုက်တာ မှန်ပါတယ်။ ဒါက ဒီကျောင်းတိုက်မှာရှိတဲ့ သဘောထားဆန္ဒပါ အဓိကကတော့ လက်ရှိဖြစ်နေတဲ့ လက်ပံတောင်းတောင်အရေးမှာ သူ့ဟာတာဝန်အရှိဆုံး လို့ယူဆတဲ့အတွက်ပါ''ဟု ဆရာတော် ဦးပညာသာမိက မိန့်ကြားသည်။

ဆရာတော် ဦးပညာသာမိက ဆက်လက်မိန့်ကြားရာတွင် ''နောက်ပြီး တကယ်ကြည်ညိုတဲ့ သဘောမဆောင်ဘဲ ပြယုဂ်သက်သက်လို့လဲ မြင်လို့ပါ။ ဦးဇင်းတို့ ဆေးရုံကိုသွားတော့ သံဃာတွေ အနာတရ ဖြစ်နေတာ ကြည့်ရတာ တကယ်စိတ်မကောင်းစရာပဲ " ဟု မိန့်သည်။

အဆိုပါဆွမ်းကပ်လှူခြင်းသည် ယမန်နှစ်မှ စာအောင်သံဃာများ အတွက် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲဖြစ်ပြီး ယင်းအစီအစဉ် ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ဦးသာအေးမှလည်း နှစ်စဉ်နီးပါး ဆွမ်းဆက်ကပ်လေ့ရှိကြောင်း သိရသည်။

ယင်းနေ့၏ နေ့ဆွမ်းဆက်ကပ်မှု ကို ကျောင်းတိုက်မှ တာဝန်ယူ ကာဘုံဆွမ်းဆက်ကပ်ခြင်းဖြစ်သာ ဆောင်ရွက်ခဲ့ကြောင်း ယင်းကျောင်းတိုက်မှ တာဝန်ရှိဆရာတော်ဂါရ၀ ကမိန့်ကြားခဲ့သည်။

"ဦးသာအေးက နှစ်တိုင်းနီးပါးကပ်တယ် ဒီနှစ်တော့ အောက်ငယ်သား သံဃာတွေ ရဲ့ သဘောထားဆန္ဒအတိုင်း ဆရာတော်ကြီးက ငြင်းလိုက်တယ် " ဟု ဦးပညာသာမိက ထပ်မံမိန့်ကြားသည်။

လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်ပွဲတွင် မုံရွာမြို့ ဇောတိက ကျောင်းတိုက် မှ ထိခိုက်ဒဏ်ရာရသည့် သံဃာတော် ၃၂ ပါးရှိပြီး ၁၆ ပါးမှာ မုံရွာမြို့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်ကုသမှု ခံယူနေကြောင်း သိရသည်။
 
yangon media group



နောင်လာမည့် မျိုးဆက်သစ်များအတွက် တို့တတွေပေးဆပ်ရမယ်

$
0
0

ဘဝဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်မှာ သေကြရမည် မဟုတ်ပါလား။

ဒီယုတ်မာဆိုသွမ်းတဲ့ အာဏာရှင်တွေက ဦးဇင်းတို့ကို ဒီလိုလုပ်လိုက်တယ် အခုတော့ ဦးဇင်း ဘဝမျက်လုံးကန်းလေပြီ၊ တော်သေးတာပေါ့ မျက်လုံးတစ်ဖက်က မိခင် ဆွေမျိုး ဆရာသမားကို မြင်ခွင့်ရှိလို့၊ ရွာကလူတွေက ငါဒီလို မျက်ကန်းဖြစ်သွားတယ်ဆိုတာ ခုချိန်ထိ မသိကြသေးပါဘူး။ သာသနာ့အတွက် သာသနာ့ဝန်ကိုထမ်းမယ်ဆိုပြီး ရဟန်းဝတ်ခဲ့တယ်။

ကံမကောင်းအကြောင်းမသင့်လေတော့ ဦးဇင်းမွေးဖွားတဲ့တိုင်းပြည်မှာ အာဏာရှင်တွေကြီးစိုးတယ်။ မရှိဆင်းရဲသားတွေကို နှိပ်ကွပ်တယ်၊ မရှိဆင်းရဲသားတွေရဲ့ ဆွမ်းကို ဦးဇင်းတို့က စားမိတော့ ဘာသာရေးကိုကျောခိုင်းကာ မရှိဆင်းရဲသားတွေဘက်က ရပ်တည်ပေးခဲ့တယ်။

ဒါပေမယ့် ဦးဇင်းတို့မှာ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မပါပါဘူး။ပထမရည်ရွယ်ချက်က တိပိဋကစာပေတွေကို သင်ယူပြီး မျက်လုံးအကန်းခံမည်။ဘာသာရေးမှာ ဘဝကို မြှပ်နှံမည်၊ အခုတော့ တိပိဋက စာပေတွေကောင်းကောင်းမတက်ခင်မှာ မျက်လုံးတစ်ဖက် ကန်းရလေပြီ၊ ဒီလို အများအကျိုးဆောင်ရွက်ရင် ဒီလိုအနှိပ်စက်ခံရသလား၊ဒါမှ မဟုတ် မြန်မာနိုင်ငံမှာရှိတဲ့ ရဟန်းတွေ
ကျိန်စာသင့်လေသလား၊

မြန်မာနိုင်ငံမှာ လူသန်း ၆၀ကျော်ရှိတယ်လို့ ဖတ်ဖူးတယ်။ရဟန်း သာမဏေ ဆယ်သိန်းခန့်ရှိတယ်လို့ ဖတ်ဖူးတယ်။ သန်း၆၀သောလူတွေ အခုကြေးနီးစီမံကိန်းမှာ ပါဝင်တဲ့ လူပေါင်းတစ်ထောင်မပြည့်ပါဘူး။

ရဟန်းသာမဏေက ဆယ်သိန်းရှိပေမယ့် အနည်းဆုံး သုံးရာကျော်ပါဝင်တယ်။လူပမာဏနှင့်ယှဉ်ရင် ရဟန်းတွေက များနေတယ်လို့ ဆိုလိုချင်တယ်။ဒီအရေးတော်ပုံကြီး အောင်မြင်ခဲ့ရင် ဦးဇင်းတို့က ဘာမှ ခံစားခွင့်မရှိတာသေချာပါတယ်။ဒါပေမယ့် လူတွေကတော့ ခေတ်တစ်ခေတ်မှာ ဒီလိုပွဲတွေကြုံတိုင်းခေါင်းတွေပေါ်ပေါက်ခဲ့တယ်။ လူသူရဲကောင်းကြီးတွေပေါ့။

ဦးဇင်းတို့ရဲ့ ဘဝ ပေးဆပ်မှု့သက်သက်ပါ။ဒီအရေးတော်ပုံမှာ ပြည်သူတွေက ခေါင်းဆောင်ကြီးတွေ ဝန်ကြီးတွေမဖြစ်ချင်နေပါ။ပြည်သူတွေ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရင်ကျေနပ်ပါပြီ။ အရေးတော်ပုံဖြစ်တိုင်း သေရေးရှင်ရေးဖြစ်တိုင်း ဘယ်သူဌေး ဘယ်သူကြွယ် ကုလား တရုပ်တွေပါဝင်လေ့မရှိပါဘူး။ မှန်ပါတယ်။ လူဆိုတာ ကိုယ့်ကြီးပွားမဲ့လမ်း အတားဆီးဖြစ်စေမယ့်၊အလုပ် ဘယ်လုပ်ရဲပါ့မလဲ။ ဘယ်လိုဖြစ်ဖြစ်ပေါ့လေ၊ မြန်မာနိုင်ငံဘုန်းကြီးဖြစ်နေတာ ဘယ်လောက်ပဲ စွန့်လွတ် စွန့်လွတ်၊ ဘယ်လောက်ပဲ ဒဏ်ရာရရ၊ အချိန်တန်ရင် ကိုယ်သွားရမယ့်လမ်းကိုသိပြီးသားပါ။

ဒါပေမယ့် ဦးဇင်းကတော့ ဆွမ်းတနပ်စာအတွက် သန်း၆၀သော လူထုအတွက် ဦးဇင်းမျက်လုံးတစ်ဖက်ကို ပေးဆပ်လိုက်ပြီ။

သန်း ၆၀သောလူထုကလည်း ဦးဇင်းလိုပေးဆပ်ဖို့ ကြောက်နေမယ်ဆိုရင် နောင်မှာ စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်က ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။

ခင်ဗျားဘဝတစ်ခုအတွက်တော့ လွတ်ချင်လွတ်မယ်။ ဒါပေမယ့် ခင်ဗျားရဲ့ သားသမီး နောင်လာမည့် မျိုးဆက်အတွက် ဘယ်တော့မှ လွတ်မှာမဟုတ်။ အဲဒါကြောင့် နောင်လာမည့် မျိုးဆက် အနာဂါတ်လူငယ်တွေအတွက် ဖခင်တွေ မိခင်တွေ အကိုတွေ ညီတွေ ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးကို တွန်လှန်တော်လှန်ကြပါစို့လို့ ဦးဇင်းက တိုက်တွန်းလိုက်ပါတယ်။

(မျက်လုံး တစ်ဖက်ပျက်စီးသွားသောရဟန်းရဲ့ကိုယ်စား ခံစားချက်ကို မျှဝေလိုက်ပါတယ်)

ထောက်စူး မှတ်ချက်။……ကျနော်မေလ်းထဲကို မြန်မာလိုရော ဘာသာပြန်ပြီးသားပါပို့လာလို့ CNN iReport မှာပါ မျှဝေလိုက်ပါသည်။ http://ireport.cnn.com/docs/DOC-888386 Ye Min Tun


သီတဂူဆရာတော်ဒေါက်တာ ရှင်ဥာဏိသရ ထိခိုက်ဒဏ်ရာရသံဃာတော်များအားကြည့်ရှုအားပေး

$
0
0
ဒီသင်္ကန်းကိုသေချာသိမ်းထားပါ ကမ္ဘာကျော်မဲ့သင်္ကန်းတွေဖြစ်ပါတယ် ငါ့မှာတောင်ဒီလိုသင်္ကန်းမရှိဘူး တန်ဖိုးဖြတ်လို့မရဘူး ဟုမိန့်တော်မူကာ မီးကျွမ်းနေတဲ့ သင်္ကန်းတွေကို သေချာစွာကြည့်ရှု့နေတော်မူပုံ။
သီတဂူဆရာတော်ကြီးမှ မုံရွာပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးအား ထိခိုက် ဒဏ်ရာရကြသော ရဟန်းရှင်လူပြည်သူများကိုအထူးဂရုစိုက်ရန် နှင့် ငွေကြေး နှင့် ဆေးဝါးများလိုအပ်ချက်တွေရှိပါကပွင့်ပွင့်လင်းလင်းပြောရန် မိန့် ကြားနေစဉ်ပုံ။
ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း.7days news

မဓုံဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။

ယဒါ စ ပစ္စတိ ပါပံ၊ အထ ဒုက္ခံ နိဂစ္ဆတိ။(ဗုဒ္ဓ)

မိုက်သောသူသည် အကြင်မျှလောက် မကောင်းမှုသည် အကျိုးမပေးသေး၊ ထိုမျှလောက် မကောင်းမှုကို ပျားသကာကဲ့သို့မှတ်ထင်၏၊ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏၊ ထိုအခါ၌ ဆင်းရဲသို့ ရောက်ရ၏။

The fool thinks it is sweet like honey, while the evil he has done is not yet matured. But when the bad he has done is matured, then the fool suffers misery.

"ဆရာတော် ကြီးက ဒဏ်ရာရတဲ့  သံဃာတော်တွေကို အားပေးစကားပြောသွားတယ်။လိုရင်းတိုရှင်း ပါဠိ စကားပြောသွားတယ်။အဲဒါက မှတ်သားစရာကောင်းတယ်။

လူမိုက်တို့ဟာ ကံအရှိန်ရှိနေသေးသ၍ ပျားသကာလို ချိုမြိန်နေတုန်းပါပဲလို့ အဓိပ္မာယ် ရတဲ့  ပါဠိစကားပါပဲ။ သံဃာတော်တွေရဲ့ဒဏ်ရာတွေကို ကြည့်ရှုပြီးတော့  ယမမင်းပေးတဲ့  ရေနဲ့ ပက်ဖျန်းခံခဲ့ရတာလို့  မိန့်ကြားခဲ့ပါတယ်။"


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွဲဖျက်ဆီးမှုအပေါ် အထက်မြန်မာပြည်သံဃာတော်များ၏ သဘောထားကြေညာချက်။

$
0
0
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွဲဖျက်ဆီးမှုအပေါ် အထက်မြန်မာပြည်သံဃာတော်များ၏ သဘောထားကြေညာချက်

၁။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာ (၂၉)ရက်နေ့၊ နံနက် (၃း၀၀)နာရီ အချိန်ခန့်မှ စ တင်၍ ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ၊ မီးလောင်ဗုံးများ၊ မီသတ်ပိုက်များ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွဲဖျက်ဆီးခဲ့သည်။

၂။ ထိုသို့ ဖြိုခွဲဖျက်ဆီးမှုများကြောင့် သံဃာတော်များနှင့် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရခြင်း (အချို့ပြင်းပြင်းထန်ထန်)၊ အဖမ်းအဆီးခံရခြင်းများရှိခဲ့သည်။

၃။ ယခုလုပ်ရပ်သည် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပထမဆုံးပြောကြားခဲ့သော ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ ဆိုသည့် မိန့်ခွန်းကိုလည်းကောင်း၊ လွှတ်တော်မှဆုံးဖြတ်ထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန်ဟူသည့် အချက်ကိုလည်းကောင်း လုံးဝဥပေက္ခာပြု စော်ကားကျူးလွန်ရာရောက်သည်။

၎။ ၎င်းအပြင် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေပါသည်ဆိုသော အစိုးရတစ်ရပ်အနေဖြင့် အတိတ်က စစ်အာဏာရှင် အစိုးရများ လုပ်ဆောင်ခဲ့သလို နောက်ကြောင်းပြန် လုပ်ဆောင်ချက်သဘောမျိုး သက်ရောက်နေဟု ထင်မြင်သည်။

၅။ သို့ပါ၍ အထက်မြန်မာပြည် သံဃာတော်များမှ အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ် တောင်းဆိုလိုက်သည်။

(က) လက်ပံတောင်းတောင်တွင် သံဃာတော်များနှင့် ပြည်သူများအပေါ် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်းစွာ အကြမ်းဖက်နှိမ်နှင်းမှုများ လုပ်ဆောင်ခဲ့ခြင်းကို အပြင်းအထန် ရှုတ်ချသည်။

(ခ) ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ သံဃာတော်များအား တရားဝင် ၀န်ချတောင်းပန်ရမည်။

(ဂ) အကြမ်းဖက်ဖြိုခွင်းမှုခဲ့မှုနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တာဝန်အရှိဆုံးဖြစ်သော ပြည်ထောင်စုအစိုးရမှသံဃာတော်များနှင့်ပြည်သူများ ကျေနပ် လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူ ဖြေရှင်းပေးရမည်။

(ဃ) အကြမ်းဖက်ဖြိုခွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိကြသော သံဃာတော်များနှင့်ပြည်သူများကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် တစ်စုံတစ်ရာနစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးရမည်။

(င) ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်ဆုံးပြန်လွှတ်ပေးရမည်။

အထက်မြန်မာပြည် သံဃာတော်များ
၃၀.၁၁.၂၀၁၂


လက်ပံတောင်းတောင်အကြမ်းဖက်မှုနှင့် ဒေသဖွံဖြိုးရေးလုပ်ဆောင်ပေးခြင်း မရှိသောကြောင့် ကြံ့/ဖွံ့ပါတီဆားလင်းကြီး လွှတ်တော်အမတ် အားပြစ်တင်ဝေဖန်

$
0
0
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၂/ပဇတ(နိုင်)၀၀၉၁၄၈
မဲဆန္ဒနယ်
ဆားလင်းကြီး

ယမန်နေ့ အာရုံဦးပိုင်းတွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ၂၄ နာရီ အမြဲတမ်းသပိတ်စခန်းများအား လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှအကြမ်း ဖက်နှိမ် နှင်းမှုတွင်ပါဝင်ပက်သက်မှု ရှိနေကြောင်းနှင့် ဒေသဖွံဖြိုးရေး များအား လာရာက်လုပ်ကိုင်ခြင်းမရှိသောကြောင့်ဆားလင်းကြီး မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်အားဒေသခံများ က ပြစ်တင် ဝေဖန် လိုက်သည်။

ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်သည် အကြမ်းဖက်နှိမ်နင်း ရန် ၅ နာရီ အလိုခန့်တွင် သပိတ် စခန်းများအား လာရောက်၍ ဒုတိယ အကြိမ်အသိပေးခြင်းနှင့်လာရောက်အကူအညီပေးခြင်းဖြစ်ကြောင်းပြောကြားသွားခဲ့ပြီးနောက် အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဒို့ဆားလင်းကြီးမြို့နယ်ကနေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးသန်းမြင့်အနေနဲ့ လွှတ်တော် အမတ် ဖြစ်သွားတဲ့ နေ့ကစပြီးဆားလင်းကြီးမြို့ နယ်ကို တစ်ခါတစ်ခေါက်မှာ လာရောက်ခြင်း မရှိပါဘူး၊ သူကူညီပေး တယ်ဆိုတာ သူ့စကားပေါ့လေ ၊အစ်မတို့ဒေသခံတွေအနေနဲ့က သူကူညီပေးတယ်ဆိုတဲ့စကားပြောလို့ သာကြားရတယ်၊ဘာတစ်ခုမှသူ့ အကူအညီကိုမရခဲ့တာတော့အမှန်ပါဘဲ” ဟုပင်မသပိတ်စခန်းတွင်အကြမ်း ဖက်နှိမ်နင်းစဉ်
သပိတ်စခန်းတွင်ပါဝင်ခဲ့သူ မဆန်းနွဲ့က ပြောကြားသည်။

၎င်းကပင်“ဒီလက်ပံတောင်းတောင်ကိစ္စကိုကူညီဖြေရှင်းခြင်းလဲမလုပ်ခဲ့ပါဘူး၊ကိုယ့်ဒေသကိုယ့်နယ်မြေမှာဘာတွေဖြစ်နေသလဲဘာတွေလုပ်ပေးသင့် သလဲ၊ဘာတွေဆောင်ရွက်ပေးသင့်သလဲ၊သူလွှတ်တော်အမတ်ဖြစ်စဉ်ကတည်းက လာရောက် ဆွေးနွေးခြင်းမျိုး မလုပ်ခဲ့ပါဘူး ၂၈ ရက်နေ့ည ၁၀ နာရီ တစ်ခေါက်ဘဲ လာရောက် ခဲ့ပါတယ်၊မနက်လင်းရင်တော့အဖြေသိမှာ ပါလို့ ပြောသွားပါတယ်” ဟုထပ်မံပြောကြားသည်။

အဆိုပါကိစ္စနှင့် ဆက်လျဉ်း၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်း ရန်အတွက် ပင်မသပိတ်စခန်းတွင် ပါဝင်ခဲ့သော ဒေါ်အေးဆိုသူက “မနက်လာမယ်ဆိုပြီးမလာခဲ့ပါဘူး၊ သူကူညီပေးမယ်ဆိုပြီးဘာမှလဲအကူအ ညီမရပါဘူး၊အန်တီတို့မှာမျက်ရည်တွေထွက်ပြီး၊ရေပါတ်တွေတိုက်၊ ထွက် ပြေးခဲ့ရတယ်၊ ဘာမှမမြင်ရဘဲနဲ့ထွက်ပြေးခဲ့ရပါတယ် ၊မျက်ရည် ယိုဗုံးတွေ ၊မီးလောင်ဗုံးတွေပစ်ခွဲပြီး နောက်လဲမရောက်လာပါဘူး ခုထဲလဲရောက် မလာခဲ့ပါဘူး၊” ဟုပြောကြားခဲ့ပြီးနောက် အကြမ်းဖက်မှုနှင့် ၄င်းတို့၏လွှတ်တော် ကိုယ်စားလှယ်ဆက်စပ်မှုရှိ နိုင်ကြောင်းကို“သူရောက် လာတဲ့၂၈ ရက်နေ့ ည ၁၀ နာရီနဲ့မနက်သုံးနာရီမှာ အကြမ်းဖက်ခံရတာတွေ ဆက်စပ်မှုရှိတယ် လို့ထင်ပါတယ်၊ ကူညီမယ်ဆိုပြီး သူပြောခဲ့တယ် ၊ဒါပေမယ့်ရောက်မလာ တဲ့အတွက် သူ့ကိုမသင်္ကာစရာတွေဖြစ်လာပါတယ်” ဟုစွပ်စွဲပြောကြားသည်။

“ဒီတောကလူတွေကိုကူညီချင်လို့လာတာပါ၊ဒီကလူတွေဒုက္ခရောက်မှာစိုးလို့ ဒုတိယအကြိမ် အသိပေးတာပါ၊ မနက်လည်းလာအုံးပါမယ်လို့ပြောသွားပါ တယ်၊ဒုတိယအကြိမ်လာ အသိပေးတာဆိုပေမယ့် ပထမအကြိမ်လာအသိ မပေးဘူးပါဘူး၊ဘာမှပြန်မပြောခဲ့ပါဘူး၊သူပြောတာဘဲနားထောင်ခဲ့တယ်။အဲဒီဦးသန်းမြင့်ကို ဒေသခံအကုန်လုံးကဖြုတ်ချချင်တာဘဲရှိပါတယ်၊ဖြုတ်ချဖို့လဲ ကြိုးစားပါမယ်။ပုလဲနယ်ကဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင် ကကူညီပြီး သူကဘာမှ မကူညီခဲ့တဲ့အတွက်ဖြုတ်ချချင်တာပါ၊ သူကလာပြောတဲ့အခါ မှာတာင် ဒေါနဲ့မာန်နဲ့ လာပြောခဲ့ပါတယ်” ဟု တောကျောင်းကျေးရွာနေ မဖြိုးဆိုသူက ပြောကြားသည်။

ရန်နိုင် (မြန်မာ့ခောတ်)


အလွဲများနဲ. ကျွန်တော်တို. နိုင်ငံ

$
0
0
အမိန်.ပေးတုန်းက အမိန်.ပေးတဲ့သူကပေးခဲ့ပြီး အခုလို ထိန်းမရသိမ်းမရ အရုပ်ဆိုးအကျည်းတန်စွာ ဖြစ်လာမှ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.ကို အသုံးချတာမျိုး အလွဲကြီးမဖြစ်စေချင်ပါ။ မနက်ဖြန် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.က တောင်းပန်လိုက်ရုံနဲ.အစိုးရဘက်က ဖြေရှင်းနည်းလို. ထင်မြင်ရင်တော့ အလွဲကြီးလွဲပြီးမှားပြီးရင်း မှားနိုင်ပါတယ်၊ ပြည်သူဟာ ရိုးသားပါတယ် သို.သော် မအပါ။
ဗုဒ္ဓဘာသာဝင်တို.ရဲ. အထင်ကရ တန်ဆောင်မုန်းလပြည့်နေ.ညမှာလက်ပန်းတောင်းသပိတ်စခန်း (၆) ခုကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲလိုက်တဲ့အခြေအနေဟာ ပြသာဒ်ကြီးမီးလောင်ခဲ့ပြီ။ အမည်မတပ်နိုင်တဲ့မီးလောင်ဗုံးမျိုးတွေ အသုံးပြုခဲ့တာကြောင့် မီးလောင်ဒဏ်ရာပေါင်းများစွာနဲ.ရဟန်းတော်တွေ ခံစားခဲ့ရပြီ။
တစ်နိုင်ငံလုံး သာမက နိုင်ငံတကာမှာပါ အရုပ်ဆိုးအကျည်းတန်ခဲ့ပြီ။လူထုလူတန်းစား အသီးသီးရဲ. ပြောစရာ၊ ကြောက်စရာ၊ အပြစ်တင်စရာအဖြစ်မျိုး ကြုံတွေ.နေရချိန်မှာ ယနေ.ည MRTV မှာလည်း ဆက်၍ဆက်၍အမှားတွေပြောနေတုန်း မနက်ဖြန်မှာ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.ကသံဃာတော်များကို တောင်းပန်ပွဲ ပြုလုပ်မယ်ဆိုပြီး ထပ်လွဲပြန်ရော။

ဒါဆိုရင် အခုလို ရက်ရက်စက်စက် လူမသိသူမသိ ညကြီးမင်းကြီးမှာအမည်မသိ မီးလောင်ဗုံးတွေနဲ.
ဖြိုခွဲခဲ့တာ စစ်ကိုင်းတိုင်းကရဲတပ်ဖွဲ.တွေပေါ့..အထက် အဆင့်ဆင့်က တာဝန်ရှိသူများ မသိဘူးပေါ့၊ အမိန်.တစ်စုံတစ်ရာ မပေးပဲ သူတို.လုပ်ခဲ့ကြတာပေါ့ လို.မေးစရာရှိလာပါပြီ။

ကျွန်တော်တို.နိုင်ငံမှာက တာဝန်ရှိသူတွေက တာဝန်မယူရဲခဲ့ကြတာကြာခဲ့ပါပြီ။ အခုလဲ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.က တောင်းပန်မယ် တစ်နိုင်ငံလုံးကိုထုတ်လွှင့်နေတဲ့ MRTV က ဥပဒေနဲ.အညီလုပ်တာပါ၊ လွဲနေပြန်ရော။

မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်အနေနဲ. တောင်းပန်ခြင်းဟာ ကောင်းမွန်တဲ့အပြုအမှုပါ။ မိမိရဲ. မသိလို.ဖြစ်စေ သိရက်နဲ.ဖြစ်စေ မှားယွင်းခဲ့ရင်တောင်းပန်ဝန်ချတာဟာ တရားတော်နဲ.အညီပါ။

သို.သော် ယခုဖြစ်ရပ်ရဲ. အတိမ်အနက်ကိုတော့ လေ့လာဖို.လိုအပ်ပါတယ်၊လွယ်လွယ်နဲ.ပြင်လို.ရတဲ့အမှားမျိုးလား၊ အဲဒီ့မှားယွင်းမှုမှာ တဖက်ကဘယ်လောက် ထိခိုက်ပျက်စီးဆုံးရှူံးမှုတွေရှိမလဲ၊ သုံးသပ်ဖို.တော့လိုတာပေါ့၊ ယခုဖြစ်ရပ်မှာ မျက်စိကွယ်သွားတဲ့သံဃာတော်တွေ၊ မျက်နှာတစ်ခုလုံးမီးလောင်ဒဏ်ရာနဲ. ပျက်စီးသွားတဲ့ သံဃာတွေ ဘက်ကကြည့်ဖို.မလိုတော့ဘူးလား။ တောင်းပန်ဝန်ချလိုက်ရုံနဲ. သူတို.တစ်တွေရဲ. ပျက်စီးဆုံးရှူံးမှုအသစ်ပြန်ဖြစ်သွား ပါ့ မလား စဉ်းစားဖို.လိုပါတယ်။

နောက်ပြီး နောင်အစဉ်အလာ အဆက်ဆက်မှာ အမှားကြီးတစ်ခု ကျူးလွန်ပြီးတိုင်း တောင်းပန်လိုက်ရင် ပြီးသွားမယ်ဆိုတဲ့ အစဉ်အလာ အလွဲကြီးတစ်ခုကို ပုံဖော်နေတာလား။

ယခုဖြစ်ရပ်မှာ ပေါ့ပေါ့တန်တန် တောင်းပန်လိုက်ခြင်းဆိုတာထက်စုံစမ်းရေးကော်မရှင်ဖွဲ.ပြီးအမှန်တရားအတိုင်း ဖော်ထုတ် အရေးယူမယ်ဆိုရင် လက်ရှိ နိုင်ငံရေးသိက္ခာပျက်စီးသွားတဲ့ အစိုးရအနေနဲ. ပြည်သူ.လက်ခံမှုကို ပြန်ရရှိနိုင်မှာဖြစ်ပါတယ်။ အမိန်.ပေးတုန်းက အမိန်.ပေးတဲ့သူကပေးခဲ့ပြီး အခုလို ထိန်းမရသိမ်းမရ အရုပ်ဆိုးအကျည်းတန်စွာ ဖြစ်လာမှ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.ကို အသုံးချတာမျိုး အလွဲကြီးမဖြစ်စေချင်ပါ။

နိဂုံးချုပ်အနေဖြင့် မနက်ဖြန် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.က တောင်းပန်လိုက်ရုံနဲ.အစိုးရဘက်က ဖြေရှင်းနည်းလို. ထင်မြင်ရင်တော့ အလွဲကြီးလွဲပြီးမှားပြီးရင်း မှားနိုင်ပါတယ်၊ ပြည်သူဟာ ရိုးသားပါတယ် သို.သော် မအပါ။ အခုလို လူပေါင်း(၅၀၀) လောက်စုဝေးနေတဲ့ ရဟန်းသံဃာတော် ရာနဲ.ချီပြီးရှိနေတဲ့ ၊ မီဒီယာအသီးသီးမှာ အထင်ကရ ဖော်ပြနေတဲ့ လက်ပန်းတောင်အရေးကို တိုင်းရဲတပ်ဖွဲ. အကြီးအကဲလောက်အဆင့်က ဆုံးဖြတ်ပြီး လုပ်ချင် သလိုလုပ်ခဲ့တာလို. မယုံကြည်နိုင်ကြပါဘူး။

ဒါဆိုရင် ငြိမ်းချမ်းစွာ လက်နက်မဲ့ ဆန္ဒဖော်ထုတ်နေတဲ့ ရဟန်းသံဃာနဲ.တောင်သူလယ်သမားပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းဖက်နိုမ်နင်းဖို. အမိန်.ပေးစေခိုင်းသူ ဘယ်သူလဲ၊ သူကိုယ်တိုင် ဘာကြောင့်မတောင်းပန်နိုင်တာလဲ ဘာကြောင့် တာဝန်မယူနိုင်တာလဲ မေးစရာတွေအများကြီး ပြည်သူ.ရင်ထဲမှာ ဖြစ်ပေါ်နေပါတယ်။

အဲဒီမေးခွန်းတွေဟာရဟန်းတော်တွေရဲ.ဒဏ်ရာအမာရွက်တွေနဲ.အတူ နောင်ခေတ်အဆက်ဆက်တန်ဆောင်မုန်း လပြည့်နေ.ရောက်တိုင်းသမိုင်းဝင်နေ.ဖြစ်သွားတော့မှာပါ။

ကျော်စွာမြင့် ( ၁၉၈၉-၁၉၉၂ ဗ.က.သ ) —


ပြင်းထန်စွာ ဒဏ်ရာရသွားတဲ့ ရဟန်းရှင်လူ လက်ပံတောင်းပြည်သူများအတွက်

$
0
0
ဘာများတတ်နိုင်ဦးပါမည်နည်းဆိုတာ မဟုတ်ပါဘူး ပြည်သူအနေနဲ့ စိတ်ပျက်နေရုံနဲ့မပြီးပါဘူး လုပ်နိုင်တာတွေ တတ်နိုင်တာတွေရှိနေပါတယ်ကျနော်တို့လုပ်နိုင်တဲ့အပိုင်းတွေရှိပါတယ်

၁. ဒဏ်ရာရသွားတဲ့ ရဟန်းရှင်လူ လက်ပံတောင်းပြည်သူများ အခု ဆေးဝါးအစားအသောက် လိုအပ်နေမှာသေချာပါတယ် တယောက်တည်းကနေ amount ပမာဏ အများကြီး လှူရမယ်မဆိုလိုပါဘူး တယောက်ကို အနည်းဆုံး ( ၁၀၀၀) လောက်တော့တတ်နိုင် မယ်ထင်ပါတယ်.. အဲလောက် ပမာဏ လေးကနေစလှူနိုင်ရင်တောင် မဆိုးပါဘူး...

၂. ပြည်သူတရပ်လုံး မြန်မာလူထုတစုလုံးဟာ လက်ပံတောင်းမှာရှိတဲ့ ရဟန်းရှင်လူပြည်သူတွေဖက်မှာအပြည့်အ၀ ရပ်တည်ပေးနေတယ်.. ကိုယ်နဲ့ထပ်တူကိုယ်ချင်းစာပေးနေတယ်ဆိုတာ သိအောင် သူတို့ဖက်ကနေ ရပ်တည်ပေးရင်း စိတ်ဓာတ်ခွန်အားပေးရပါမယ်...

၃. လူကိုယ်တိုင်မသွားရောက်နိုင်သူများဟာ သွားရောက်နေကြတဲ့အဖွဲ့အစည်း အသီးသီးကနေတဆင့် အလှူငွေများ ပစ္စည်းဆေးဝါးများ လှူဖွယ်ပစ္စည်းများကိုလူကြုံပါးထည့်ပေးခြင်းဖြင့် လက်ပံတောင်းပြည်သူများ ရင်ထဲမှာ အော်ငါတို့ချည်းပဲ မဟုတ်ပါလား ပြည်သူတွေငါတို့နဲ့အတူရှိနေပါလားဆိုတဲ့ စိတ်ဓာတ်အင်အားတွေရနိုင်မှာပါ..

ကိုင်းကျနော်တို့အခုပဲ စလုပ်ကြည့်ရအောင်ဗျာ လက်လှမ်းမှီသလောက် အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးကိုယ်နိုင်တဲ့ငွေကြေး လှူဖွယ်ပစ္စည်း ပမာဏတွေ လှူဒါန်းကြပါစို့လို့ ပြည်တွင်း ပြည်ပမှာ
ရဟန်းအာဇာနည် လူပုဂိုလ်အာဇာနည် အမျိုးကောင်းသား အမျိုးကောင်းသမီးများကို ကျနော်ကနေပြီး ဤနေရာမှ အနူးညွှတ် လေးလေးစားစား တိုက်တိုက်တွန်းတွန်းနဲ့ပန်ကြားပြောဆိုပါရစေလားဗျာ................
KN@shwe yi ........


အချိန်မရွေး ဒိုင်ကောက်စားလို့ ရနေတဲ့ မြန်မာနိုင်ငံ

$
0
0
ပြိုင်ဖက်မရှိ တဦးထဲ အာဏာပါဝါ နဲ့ စီးပွါးရေး လုပ်နေတဲ့ ဦးပိုင် ကုမ္မဏီကို သမ္မတ အဆင့်တောင် ထိလို့မရတဲ့ သဘောကို လက်ပံတောင်းတောင် မှာ အထင်အရှား တွေ့ရပါတယ်။

နိုင်ငံတကာ မီဒီယာ တွေနဲ့ တွေ့တိုင်း “ပြည်သူ့ဆန္ဒသဘောထား သာ အဓိက” ဆိုတဲ့ စကားလုံးကို နှုတ်ဖျားက မချတဲ့ သမ္မတကြီးက ဒီတခါတော့ ငြိမ်ချက်သား အကောင်းသား။

ဘယ်နိုင်ငံမှာမှ မကြားဖူးတဲ့ စစ်တပ် အပိုင်စား စီးပွါးရေး ကုမ္မဏီ ဆိုတာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်တဲ့ မြန်မာပြည်မှာ ရှိနေပါတယ်။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်း ဆိုတော့ လုပ်ချင်တိုင်းလုပ်လို့ရနေတာလဲ အဆန်းတော့ မဟုတ်။ ဒါပေမယ့်၊ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန် စစ်တပ်မှာ ကိုယ်ပိုင်စီးပွါးရေး ဆိုတာလဲ မရှိပါလားနော်။ လက်နက်တွေ ခေတ်မီပေမယ့် ပြည်သူကို လုပ်ချင်တိုင်း လုပ်လို့မရတာ ဘာကြောင့်ပါလိမ့်။ စနစ်ကွာတယ်လေ။

၂၀၀၈ အခြေခံ ဥပဒေ အရ ဆိုရင်တော့ မြန်မာ့မြေပေါ် မြေအောက် သယံဇာတ နဲ့ မြေထု၊ ရေထု၊ လေထု ကို နိုင်ငံတော်က ပိုင်ပါသတဲ့။ နိုင်ငံတော်ကို ဘယ်သူပိုင်သလဲ ဆိုတော့ နေပြည်တော် အစိုးရ ပိုင်ပါတယ်။ နေပြည်တော်အစိုးရကို ဘယ်သူပိုင်သလဲ ဆိုတော့ ဦးပိုင် ကုမ္မဏီ ပေါ့ဗျာ။ ဦးပိုင် ကိုတော့ တရုတ်က နဖါးကြိုးပြန်တပ်လိုက်ပြီ ဆိုရင်တော့... ဟူး.... ကောက်စားယုံပေါ့။ လက်ပံတောင်းတောင်
ကိစ္စမှာ အစိုးရ ၀န်ကြီးဌာနတွေ၊ အစိုးရ သတင်းမီဒီယာ တွေ၊ စစ်တပ်၊ ရဲ၊ အားလုံးက တက်ညီလက်ညီ ဦးပိုင် အကျိုးစီးပွါးကို ကာကွယ်ခဲ့ကြပါတယ်။ ဦးပိုင် အကျိုးစီးပွါးကို ပြည်သူ့အကျိုးစီးပွါး ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ ထုတ်ပြန်ငြေညာချက်က ရှက်လို့လားမသိဘူး မိနစ်ပိုင်းအတွင်း ပြန်သိမ်းလိုက်တာ တွေ့ရပါတယ်။

လက်နက်မဲ့၊ အကာအကွယ်မဲ့၊ ပြန်တိုက်ခိုက်သူ မရှိတဲ့ ဆန္ဒပြတောင်းဆိုမှု ကို လက်နက်အင်အားနဲ့ ညသန်းခေါင်း အိပ်မောကျချိန် ဖြိုခွင်းပြီး လူတွေ အများကြီးကို အနာတရ ဖြစ်စေတာ ဒီမိုကရေစီ နိုင်ငံတွေမှာ မရှိပါ။ ထိုင်း နဲ့ တောင် အဖရိကမှာ ဖြစ်တုန်းက ဆန္ဒပြတဲ့လူတွေအရင် လက်နက်တွေနဲ့ တိုက်ခိုက်လာလို့သာ ရဲက ပစ်တာပါ။

ဒီတော့ မြန်မာ ပြည်ဟာ ဘယ်နေရာ၊ ဘယ်ဒေသ မဆို အချိန်မရွေး ဦးပိုင်ရဲ့ အပိုင်စားမြေတွေ ဖြစ်နေပါတယ်။ ဦးပိုင် ကုမ္မဏီ က စစ်တပ်ကို နိုင်ငံတော် တာဝန်ယူစရာ မလိုအောင် ထောက်ပံ့သလား ဆိုတော့၊ အခုတလော လွတ်တော်ကနေ တပ်မတော် အသုံးစရိတ် မလောက်လို့ ဒီနှစ် အတွက် ဘက်ဂျက် တိုးတောင်းတဲ့ ကျပ်ငွေ သန်းပေါင်း xxxxxxxx နဲ့ အတူ အငြိမ်းစား ဗိုလ်ချုပ်တွေရဲ့ အလုပ်သမားကအစ နိုင်ငံတော် ဘက်ဂျက် သန်းပေါင်း xxxxxx ထည့်ပေးလိုက်ရ ပါသတဲ့။

ပညာရေး နဲ့ ကျန်းမာရေးမှာ ထပ်ဖြည့်တယ် ဆိုတာ လဲ တခါမှ မကြားဖူးတာ အမှန်ပါ။ ပြည်သူ သန်း ၆၀ ကို (တပ်မတော် မိသားစုက အစ) တိုက်ရိုက် အကျိုးတက်ရောက်တာ ပညာရေး နဲ့ ကျန်းမာရေး ဘက်ဂျက်တွေပါ။

ဒီတော့ မြန်မာပြည်ဟာ နေရာဒေသမရွေး၊ အချိန်မရွေး ဒိုင်ကောက်စားသွားနိုင်တဲ့ အနေအထားပါ။ ၂၀၀၈ အခြေခံ ဥပဒေ မပြင်သေးသ၍ပေါ့။

http://kachinduwa.blogspot.com/2012/11/blog-post_30.html



တရားဥပဒေစိုးမိုးရေးနှင့်အေးချမ်းသာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ လက်ပံတောင်းကြေးနီစီမံကိန်းနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံမေးမြန်းချက်(ရုပ်/သံ)

$
0
0
၃၀-၁၁-၂၀၁၂ နေ့လည် ၁း၃၀တွင် ၀င်းယူနတီ ဟော်တယ်တွင် တရားဥပဒေစိုးမိုးရေးနှင့်အေးချမ်းသာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သတင်းမီဒီယာများအား လက်ပံတောင်းကြေးနီစီမံကိန်းနှင့်ပတ်သက်သော ကိစ္စများကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်.
Video..Sun ny


အလေးပြုပါသည် (ရုပ်/သံ)

အကြမ်းဖက်မှုအား လက်ရှိအစိုးရက တာဝန်ယူရဲရမယ်ဟု ရွှေည၀ါ ဆရာတော်ဆို

$
0
0
တန်ဆောင်မုန်းလပြည့်နေ့တွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းများအား အကြမ်းဖက်နှိမ်နင်းမှုကို လက်ရှိအစိုးရမှ တာဝန်ယူရမည်ဟု ရွှေည၀ါဆရာတော်က ယနေ့ပြောကြား ခဲ့သည်။

ရွှေ့ည၀ါဆရာတော်သည် ယနေမုံရွာမြို့ ပြည်သူ့ဆးရုံသို့ ရောက်ရှိစဉ် ၌မြန်မာခေတ်သို့  ပြောကြားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်နှိမ်နင်းမှုကြောင့်ဆရာတော် သံဃာတော်များေ ဆးရုံသို့ ဆးဝါကုသရ၍ လာရောက်ခြင်းဖြစ် ကြောင်း သိရသည်။

“အခုဖြစ်တဲ့ဖြစ်စဉ်က မတရားမှုလို့ မြင်တယ်။ ဒါက မဖြစ်သင့်တဲ့ကိစ္စကြီးကို၊ ဒါမျိုးဖြစ်သွားတာက လက်ရှိအစိုးရနဲ့ လက်ရှိတာဝန်ရှိသူတွေက တာဝန်ယူရဲရမယ်။ တာဝန်ကိုယူပေးရမယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းပေးဖို့ အားလုံးက လိုလားနေကြ တယ်”
ဟု ရွှေညာဝါဆရာတော်က မြန်မာ့ခေတ်သို့ ကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ “ရေပတ်ပတ်ခြင်း ဆရာတော် သံဃာတော်တွေက မေတ္တာ သုတ်ရွတ်နေတယ်၊ ဒုတိယအကြိမ်ရေပါတ်ပြီးတဲ့အခါမှာ ဆရာတော်တွေကို ကျွန်တော်က ဓါက်ပုံဝင်ရိုက်တယ်၊အဲဒီအခါ တုံတုံတုံ ဆိုပြီးတော့ဘေးနားမှာ နို့ဆီဘူးလို အလုံးလေးတွေ ကျွန်တော့ဘေးကို ကြလာတယ်။ မီးလောင်ဗုံးဖြစ်တဲ့အတွက် ဘေးတစ်ခြမ်းရယ် မျက်နှာတစ်ခြမ်း ရယ်ခြေထောက်ထိသွားတယ်။ ပခုက္ကူအလယ်တိုက်က ဆရာတော်က မျက်လုံးထိသွားတယ်။ ဒါပေမယ့် ဘာမှမဖြစ်ဘူးဆိုဘူးဆိုပြီး တဲထဲဝင်သွားတယ်။ မေတ္တာသုတ် ဆက်ရွတ်တယ်၊”သပိတ်စခန်းအဖြစ်အပျက်များအား လက်တွေ့ကြုံတွေ့ခဲ့ရသူ ဦးကျော်စွာ ကပြောကြားသည်။

မြန်မာ့ခေတ်


လက်ပံတောင်းတောင်အကြမ်းဖက်မှုတွင် သုံးစွဲခဲ့သော မပေါက်ကွဲသေးသည့် မီးလောင်ဗုံးအား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ထံ အပ်နှံခဲ့သည့် မိုးကြိုးပြင်ရွာသူ မမြင့်မြင့်အေးနှင့်တွေ့ဆုံခြင်း

နိုင်ငံတော်သမ္မတရုံး၏ ယခု ဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပါဝင်ဆောင်ရွက်လိုသည့်ဆန္ဒမရှိပါကြောင်း ၈၈မျိုးဆက်ကျောင်းသားများသဘောထားထုတ်ပြန်

$
0
0
လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

စာအမှတ် - ၃၁/ ၂၀၁၂(၈၈)
ရက်စွဲ -၂ ၊ ဒီဇင်ဘာ၊ ၂၀၁၂
၂၈၄(က)၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း - ၀၁- ၅၇၇ ၆၅၆
Email - 88generation@gmail.com

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂ အရ ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုခဲ့ပါသည်။

သို့သော် ယခု ဖွဲ့စည်းလိုက်သည့် ကော်မရှင်တွင် ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် ပါဝင်ဆောင်ရွက်လိုသည့်ဆန္ဒမရှိပါကြောင်း အသိပေးအပ်ပါသည်။

၈၈မျိုးဆက်ကျောင်းသားများ။


Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>